❝ ချစ်ပြုံး ❞
( ၁ )
မိုး သိမ်း လေပြီ ။ အတန်ကြာ ငြိမ်သက် သွားသော ညဈေး သည် မိုးတိတ် သွားသည်နှင့် ပြန်၍ ဆူပွက် လာ သည် ။ မိုး ရွာ စဉ် က အုပ် ထားသော မိုးကာစ တို့ ဖယ်သံ ၊ လက်ဖက်ရည်ဆိုင် တို့ မှ ဇာတ်ကားသံ ၊ တစ်ဦး ကို တစ်ဦး ခေါ်သည့် အသံ ၊ စားပွဲထိုးလေးများ ၏ အော်သံ ၊ ဆိုင်ကယ် လီဗာသံ တို့ သည် ဈေး အနှံ့အပြား မှ ပေါ်ထွက် လာ နေသည် ။ မိုး သည် ရေစုပ်အား ကောင်းသော တဘက် အား ရေ တွင် စိမ့် ၍ ညှစ်ချ လိုက်သည့် သဖွယ် အရှိန် ဖြင့် သဲသဲမဲမဲ ရွာခဲ့ သော် လည်း ဈေး ၏ ကွန်ကရစ် အခင်း ကို ကား ဗွက် ထ အောင် မစွမ်းဆောင် နိုင်ခဲ့ချေ ။ မိုးကြီး တစ်မိုး ၏ အရိပ်အခြည် အဖြစ် ဟိုမှ သည်မှ ဝပ်၍ ကျန်ခဲ့သော ရေအိုင်လေးများ သာ ချန်ထား နိုင်ခဲ့သည် ။ ရှေ့ တည့်တည့် တွင် ရှိသော ရေအိုင်လေး ကို အတန်ကြာ သည် အထိ ကိုဦး စိုက် ကြည့် နေမိသည် ။ ထိန်သော မီးရောင် ကြောင့် ရေအိုင်လေး သည် တလက်လက် ထ,နေသည် ။ နံဘေးဆိုင် မှ ကျလာဟန် တူသော ခရမ်းချဉ်သီး တစ်လုံး သည် ရေအိုင် လေး ၏ နှုတ်ခမ်း တွင် အဖော်မဲ့ နေရှာသည် ။ မီးရထားကောင် တစ်ကောင် သည် ခရမ်းချဉ်သီးတောင် ကို ကျော် ဖြတ် ရန် အားထုတ် နေသည် ။ သို့သော် မရ ။ ထို့ကြောင့် အားလျော့သွားဟန် ဖြင့် ခရမ်းချဉ်သီး လေး ၏ ဘေး မှ ဝိုက် ၍ သွားနေသည် ။ အေးစက်သော မိုးသက်လေ သည် ဈေး အတွင်း သို့ ကမူးရှူးထိုး ဝင်ချ လာ သဖြင့် အသင့် အနေအထား မရှိသော ဈေး ထီးတိုင် အချို့ ယိုင်လဲ ယိမ်းထိုး သွားသည် ။ ရေအိုင်လေး ၏ ညာဘက် နံဘေးတွင် ရှိနေသော တရုတ်ဆီးသီးပင်လေး သည် လည်း မိုး မိထား သော ခွေး တစ်ကောင် ပမာ သူ့ ကိုယ် မှ မိုးရေ တို့ ကို ခါချ လိုက် သည် ။ မိုး အတု ကြောင့် ရေအိုင်လေး သည် လှုပ်ခါ သွားသည် ။ ရေအိုင်လေး ထဲ တွင် ရေစိမ် နေသော မီးရောင် သည် လှိုင်း အထ တွင် အလိပ်လိပ် ဖြစ် သွားသည် ။ ကိုဦး အကြည့် ကို မလွှဲမိသေး ။ မတည်ငြိမ်ခြင်း ပြီးလျှင် တည်ငြိမ်ခြင်း ရောက်လာမည် ကို သူ သိသည် ။ ထို့ကြောင့် ရေအိုင်လေး ပြန်လည် ငြိမ်သက် သွားသည် အထိ စောင့် ကြည့် ချင်သေးသည် ။ ရေအိုင်လေး သည် တစ်စစ ငြိမ်သက် လာသည် ။ မီးရောင် သည် ရေအိုင်လေး ထဲ ပို၍ တောက်ပ လာသည် ။ သို့သော် မကြာ ။ ဆူပွက်သော အသံ နှင့် အတူ ဆိုင်ကယ် တစ်စင်း သည် ရေအိုင်လေး ၏ ခါးလယ် တည့်တည့် မှ ဖြတ်နင်း သွား သဖြင့် ရေအိုင်လေး သည် ပြန်၍ လှုပ်ခတ် သွားသည် ။ လှုပ်ခတ်မှု အရှိန် ပြင်း သဖြင့် နံဘေး တွင် ရှိသော ခရမ်းချဉ်သီးလေး သည် ပင် အနည်းငယ် ရွေ့ သွားသည် ။ ပြန့်ကျဲ သွားသော ရေ တို့ သည် မူလ နေရာ သို့ ပြန်၍ လာ နေကြသည် ။ မကြာမီ ရေအိုင်လေး ပြန် ဖြစ် သွားပေမည် ။ လှုပ်ခတ် နေရာမှ ပြန်၍ တည်ငြိမ် လာဦး ပေမည် ။ ကိုဦး ထပ် မစောင့်ချင်တော့ ။ ရေအိုင်ကလေး ထံ မှ အကြည့် ဖယ် လိုက်ကာ ခြင်း ထဲ မှ ကွမ်းရွက် တစ်ထပ် ကို ယူ၍ ရေ ဆွတ်ပြီး ခါ နေ လိုက်သည် ။
“ ပေးစမ်း ဟာ ကွမ်း တစ်ယာ လောက် ”
စူးရှသော ရေမွှေးနံ့ နှင့် အတူ နီရဲသော လက်သည်း တို့ သူ့ ရှေ့ ရောက်လာသည် ။ သူ မကြည့် ဘဲ သိ နေသည် ။ သူ့ ရှေ့ ရောက်လာသူ ၏ နှုတ်ခမ်း တွင် လည်း နီရဲသော နှုတ်ခမ်းဆိုးဆေး တို့ ရှိနေ ပေလိမ့်မည် ။
“ နင် ရောင်းရလား ၊ မိုး က ရွာ နေတော့
ကိုဦး ပြန် မဖြေဖြစ် ။ ခေါင်း ကို သာ ညိတ် ပြ လိုက် သည် ။ ပြီးလျှင် ကွမ်းရွက်ထပ် ထဲ မှ အတန်နု သော ကွမ်း တစ်ရွက် ကို ရွေးကာ ထုံး သုတ် လိုက်သည် ။ ကွမ်းသီး လေးစိတ် ခန့်ထည့်ကာ အာမွှေး အနည်းငယ် ပေါက် လိုက်သည် ။ အုန်းသီး မကြိုက်မှန်း သိ သဖြင့် မထည့်တော့ ။ အာမွှေးနံ့ သည် စူးရှသော ရေမွှေးနံ့ နှင့် ရောကာ ကိုဦး နှာခေါင်း ထဲ နယ်ချဲ့ နေသည် ။ ကိုဦး အသက် ကို အသာ အောင့် ထားလိုက်သည် ။ သို့သော် ရင် သည် မငြိမ် ။
“ ဆေး ပါးပါးလေး ထည့်ပေး ဟာ ၊ ဗမာဆေး ”
ကိုဦး မော့ ကြည့် လိုက်တော့ သူမ က ကြွပ်ရွ နေသော အပြုံး နှင့် အတူ မည်း နေအောင် ဆွဲခြစ် ထားသော မျက်ခုံး ကို ပင့် ပြသည် ။ ထူပျစ် သော မိတ်ကပ် တို့ နှင့် ညာဘက် ပါး သည် ပင် အတန်ငယ် တွန့်သွားသည် ။ ယာ ပြီး သော ကွမ်း ကို ပေး လိုက်တော့ သူမ သည် ချက်ချင်း ပင် ပါးစပ် ထဲ ထည့် ကာ ဝါးပစ် လိုက်သည် ။ မျက်လုံး ကို အသာ မှိတ်ကာ အတန်ငယ် ဝါးပြီး ကွမ်းတံတွေး ကို ဟန်ပါပါ ထွေး ချ လိုက်သည် ။ ဆေး ပါ လာ သော်လည်း မည်သို့မျှ ဖြစ်ဟန်မတူ ။
“ သွားတော့မယ် ဟာ ၊ ကျေးဇူးပဲ ”
ပေါင်ရင်း ထိ နီးပါး တိုကပ် နေသော စကတ် သည် တောင့်တင်း သော သူမ ၏ နောက်ပိုင်း ကို အသည်းအသန် ကာကွယ် နေဟန် တူသည် ။ ခြေ လှမ်း လိုက်တိုင်း လှုပ်ခါ သွားသော သူမ ၏ နောက်ပိုင်း သည် ည ကို မျှား ဖို့ အစာ ကောင်းကောင်း တစ်ခု ဖြစ်နေမည် မှာ အမှန် ဖြစ်သည် ။ ကိုဦး ၏ အကြည့် သည် သူမ ၏ လမ်းကြောင်း နှင့် ထပ်တူ ကျ နေ သည် ။ မကြာမီ သူမ ၏ နံဘေး တွင် သူမ ၏ အဖော် တစ်ယောက် ရောက် လာသည် ။ သူမ သည် ထို အဖော် ကို အား မပါသော လက်သီး ဖြင့် တစ်ချက် ထိုး လိုက်သည် ။ ဝါရွှေသော သူမ ၏ ဆံပင် သည် လှုပ်ယိမ်း သွားသည် ။ ကိုဦး သက်ပြင်းရှည် တစ်ခု ကို ချမိ လိုက် ပြန်သည် ။ လွန်ခဲ့သော ကာလများ မှ စ၍ သူ ချ မိသော သက်ပြင်းများ ကို မရေတွက်မိ တော့ ။ ရေတွက် ၍ လည်း နိုင်တော့မည် မဟုတ်ချေ ။
ဆိုင် သိမ်းရန် အတွက် ကိုဦး ပြင် လိုက်သည် ။ ဈေး အတွင်း မှ အချို့ ဆိုင်များ ပင် သိမ်းပြီး နေလေပြီ ။ ဆိုင် နှင့် များစွာ မဝေး သော လမ်းမကြီး ဆီ သို့ ကိုဦး လှမ်း ကြည့် မိ ပြန်သည် ။ ကားမှတ်တိုင် တစ်ခု ၏ နံဘေး တွင် သူ မကို မြင် နေရသည် ။ သူမ သည် သူမ ရောင်းကုန် ကို ည ထဲ တွင် စ၍ ခင်း နေလေပြီ ။ မည်သူ ဝယ်လေမည်နည်း ။ ကိုဦး မျက်လုံး အသာမှိတ် လိုက်တော့ မျက်ရည် အချို့ ရစ်ဝဲ လာ သည် ။ ဘယ်ဘက် ရင်အုံ သည် လည်း အောင့်တက် လာ သည် ။ အဝေး မှ သီချင်းသံ အချို့ လွင့် လာသည် ။ လေ မသင့်သေး သဖြင့် သိပ်မကြားရ ။ ည သည် လင်းထိန် နေ ဆဲ ။ သူမ သည် လည်း အလင်းရိပ် တွင် ရပ် နေဆဲ ။ ကိုဦး ပြန် ရန် ပြင် လိုက်တော့ လေသင့် လာ သဖြင့် သီချင်းသံ သည် ကြည်ကြည်လင်လင် ပင် ကိုဦး နားထဲ ဝင်လာ သည် ။ ဘာတဲ့ ၊ ချစ်ပြုံး နှင်းဆီ တစ်ပွင့် ကို မျှော်ကာ တလင့်လင့် ကြိုတင် မှန်းဆရွယ် တဲ့ ။ ကိုဦး လမ်းမကြီး ဘက် ထပ် မကြည့်တော့ဘဲ အိမ်ပြန် လမ်း ဘက် ကို သာ အတင်း လျှောက် လာခဲ့လိုက်သည် ။ ရင် ထဲ မှာ တော့ နာမည် တစ်ခု က မြား တစ်စင်း ပမာ နာနာကျင်ကျင် လာ လာ စိုက်နေ သည် ။ ဪ .... ချစ်ပြုံး ရယ် ။
••••• ••••• •••••
( ၂ )
ဤ ညဈေး တွင် ကိုဦး ကွမ်းယာဆိုင်လေး ဖွင့်သည် မှာ သိပ် မကြာသေး သော် လည်း သူမ နှင့် သိထားသည် မှာ အတော်ပင် ကြာခဲ့ပေပြီ ။ ထို ည က လူ ပါးသော လက်ဖက်ရည်ဆိုင်လေး ၏ ဘေးဖျားဆုံး ခုံ တွင် ကိုဦး တစ်ယောက် တည်း ထိုင် နေစဉ် သူမ ရောက်လာခြင်း ဖြစ်သည် ။ “ ထိုင်မယ်နော် ” ဟူသော ခွင့်တောင်း စကား ကို ကိုဦး မည်သို့မျှ ပြန် မဖြေရသေးခင် မှာ ပင် သူမ သည် ကိုဦး နံဘေး ခုံ တွင် ဝင် ထိုင် လိုက်သည် ။ မသိသော အမျိုးသမီး တစ်ယောက် ဖြစ် သဖြင့် ကိုဦး လန့် သွားမိသည် ။ ထို့ပြင် အခြား ဝိုင်း တို့ မှ မျက်လုံးများစွာ တို့ သည် သူတို့ ထံ ရောက်လာ သဖြင့် ကိုဦး ပို၍ နေရ ခက် သွားသည် ။ ထို့ကြောင့် နံဘေး မှ သူမ ကို မည်သူမည်ဝါ ၊ ဘာအတွက် ဟူ၍ ပင် မမေးတော့ဘဲ ပိုက်ဆံ အမြန် ရှင်း ကာ ကိုဦး ထ,ထွက် လာခဲ့ လိုက်သည် ။ အနည်းငယ် မျှ ပင် လှည့် ၍ မကြည့်မိတော့ ။
ပန်းရန်အဖွဲ့ ထဲ မှ သူငယ်ချင်းများ က ကိုဦး ကို ဝိုင်း လှောင် ကြသည် ။ “ ဘာမှန်းပင် မသိ ” ဟူ၍ ပြောမိ သဖြင့် စုတ် သပ် ကြသည် ။ “ ခါး လေးတော့ မဖက်ခဲ့ဘူး ” ဟူ၍ ဝိုင်း ကျပ် ကြသည် ။ ကိုဦး ထိုအခါမှ သဘောပေါက် မိသည် ။ ထိုအခါ မှ ပို၍ ထိတ်လန့်လာ မိသည် ။ ဆယ့်ရှစ်နှစ် ကျော် လာခဲ့ပြီ ဖြစ် သော်လည်း ကိုဦး သည် ခု အချိန် ထိ အ , နေ သေးသည် ။ ဆန့်ကျင်ဘက် လိင် တို့ နှင့် များစွာ မဆက်ဆံဖူး သဖြင့် လည်း ပို ဆိုးသည် ။ ငယ်စဉ်က ပထမ ဆုံး လုပ်ခဲ့ရသော လက်ဖက်ရည်ဆိုင် စားပွဲထိုး အလုပ် တွင် လည်း ကိုဦး တွင် မိန်းကလေး သူငယ်ချင်း မရှိခဲ့ ။ ဆိုင်ရှင် သူဌေးမကြီး နှင့် သာ ရံဖန်ရံခါ စကား ပြောဖူး သည် ။ သို့သော် ထိုစဉ် က လည်း အရမ်း ကြောက် နေခဲ့ရ သည် ကို ကိုဦး မှတ်မိ နေသည် ။ လက်ရှိ လုပ် နေသော ပန်းရန် အလုပ် တွင် လည်း မိန်းကလေး သိပ် မပါ ။ ပါသော သူတို့ မှာ လည်း ကိုဦး နှင့် မခင်ပေ ။ ထို့ကြောင့် နံဘေး တွင် ထိုသို့ မိန်းကလေး တစ်ယောက် ဘုမသိ ဘမသိ ရောက် လာသည် နှင့် ကိုဦး အလန့်တကြား ထ ပြေးလာခဲ့မိခြင်း ဖြစ်သည် ။
ထို ည က ကိုဦး တော်တော် နှင့် အိပ် မပျော် ။ ည အစော ပိုင်း က ကြုံခဲ့ရသော အဖြစ် ကို မျက်လုံး မှိတ် လိုက်တိုင်း မြင်ယောင် နေမိသည် ။ နံဘေး တွင် လာ ထိုင်ခဲ့သော မိန်းကလေး ၏ ပုံရိပ် ကို လည်း တွေးဆ နေမိသည် ။ ရှက်ရွံ့ ထိတ်လန့်မှု တို့ ကြောင့် ထ,ထွက်လာခဲ့ သော်လည်း ထို မိန်းကလေး ကို မူ ကိုဦး သေချာ မှတ်မိ နေသည် ။ “ ထိုင် မယ်နော် ” ဟူသော အသံ ကြောင့် လှည့် ကြည့်မိစဉ် က တွေ့ လိုက်ရသော ထို မိန်းကလေး ၏ မျက်နှာ ကို ကိုဦး အလွတ် နီးပါး ရနေသည် ။ မည်း နေအောင် ခြစ် ထားသော မျက်ခုံးကွေးကွေး အောက် မှ ကြည်လဲ့ လှပသော မျက်ဝန်း ။ ရဲ နေအောင် ဆိုး ထားသော နှုတ်ခမ်း ထူထူ ၊ ပေါ်လွင်သော နှာတံ ၊ ပြုံးတုံ့တုံ့ ဖြစ်နေသော မိတ်ကပ်ထူထူ မျက်နှာ သွယ်သွယ် သည် ကိုဦး မျက်လုံး ထဲ တွင် တဖျပ်ဖျပ် ပေါ်လာ နေ သည် ။ ထို ည က ဟိုဘက် ဒီဘက် လှိမ့်ရင်း နှင့် ပင် လင်းအားကြီး ခါ မှ ကိုဦး အိပ်ပျော် သွားခဲ့သည် ။
နောက်ရက် များ တွင် ညဈေး သို့ ကိုဦး မသွားဖြစ် တော့ ၊ အလုပ် ပင်ပန်း သဖြင့် ညတိုင်း စောစောစီးစီး အိပ်ရာ ဝင် ဖြစ်ခဲ့သည် ။ ထို့ပြင် ထို မိန်းကလေး မှာ မည်သို့ ခံစား နေလိမ့်မည် မသိသော် လည်း ကိုဦး အဖို့ မှာ မူ ထို မိန်းကလေး အား ထပ် တွေ့ မည် ကို တွေး၍ ကြောက် နေ မိသည် ။ သို့သော် ညဈေး တွင် မဟုတ်ဘဲ ထို မိန်းကလေး နှင့် ကိုဦး ထပ် တွေ့ ခဲ့သည် ။ ထိတ်လန့်မှု နှင့် အတူ တွဲ သိခဲ့သော မျက်နှာ ဖြစ် သဖြင့် မြင်မြင် ချင်း ပင် ကိုဦး မှတ်မိ လိုက်သည် ။ မိန်းကလေး သည် လည်း ကိုဦး ကို မှတ်မိ ဟန် တူသည် ။ ကိုဦး စိုက် ကြည့်သည် ကို မြင်သည် နှင့် ကိုဦး ကို ပြုံး ပြ လေသည် ။ ဟို ည က နှင့် ခြားနားစွာ ယခု မူ ကား ထို မိန်းကလေး ၏ မျက်နှာလေး သည် သန့်ရှင်း ကြည်လင် လွန်း နေ သည် ။ ထူပျစ်သော မိတ်ကပ် တို့ မပါ ၊ ရဲတွတ်သော နှုတ်ခမ်းဆိုးဆေး တို့ မပါ ၊ သနပ်ခါး ပါးကွက်ကျား ထူထူလေး နှင့် ပကတိ ရဲနေသော နှုတ်ခမ်းသား နှင့် မိန်းကလေး သည် ကိုဦး စိတ် ထဲ တွင် ကျက်သရေ ရှိလွန်း နေသည် ။
အမေး သည် အနည်းငယ် ဆိုးရွား သွားသည် ကို ကိုဦး သတိထား မိလိုက်သည် ။ သို့သော် လွန် နှင့် ပြီ ။ မိန်းကလေး သည် ထို မေးခွန်း အတွက် မည်သို့မျှ ခံစား လိုက် ရမည် မထင် ၊ မျက်ခုံး နှစ်ဖက် ကို အထက် သို့ ပင့် လိုက် သည် ။ ညာဘက် ပါးလေး သည် အနည်းငယ် တွန့် သွားသည် ။
“ ကျောင်း ပညာ က မရှိ ၊ ရုပ်ရည်လေး ကျတော့ အသင့်အတင့် ရှိနေတဲ့ မိန်းကလေး တစ်ယောက် အတွက် ကွမ်း ရောင်းတယ် ဆိုတာ နောက်ဆုံး ထား ရွေးချယ်သင့်ဆုံး အလုပ် တစ်ခုပဲ ဟ ”
မှာ ထား သော တစ်ထောင်ဖိုး ကွမ်းထုပ် ကို လှမ်း ပေး ရင်း မိန်းကလေး က ပြောသည် ။ ကိုဦး ငြိမ် နေမိသည် ။ ရင် ထဲ မှာ တော့ မငြိမ် ။ တစ်ခု ခု ကို ပြန် ပြောလိုက်ချင် သော် လည်း ဘာ ပြောရမှန်း မသိ ။ မိန်းကလေး က တော့ ထုံး ပေ သွားသော ကွမ်းခုံ အောက်ခံ ကို ရေစိုအဝတ် တစ်ခု ဖြင့် သုတ် နေသည် ။
“ ဟိုမှာ မြင် နေရတဲ့ ဆောက်လက်စ တိုက်ကြီး မှာ ငါတို့ အဖွဲ့ လုပ် နေကြတာ ။ နေ့တိုင်း ဒီ လမ်း က သွားရမယ် ထင်တယ် ။ နင်က ဆိုင် နေ့တိုင်း ဖွင့်လား ။ ည က သပြေကုန်း ကို လာသေးလား ”
စကားတွေ က အလောတကြီး ထွက် ကုန်သည် ။ မိန်းကလေး က ကိုဦး ကို တစ်ချက် ကြည့်လိုက်သည် ။ ပြီး “ မသိဘူး ” ဟူ၍ ပြော လိုက်သည် ။ ထပ် ပြောစရာ စကား ကိုဦး မှာ မရှိတော့ ။ ထို့ကြောင့် ကွမ်းဆိုင် ရှေ့ မှ အသာ ထွက် လာ လိုက်သည် ။ ဆိုင် နှင့် အနည်းငယ် ဝေး မှ နာမည် မမေးမိခဲ့သည် ကို သတိ ရ သည် ။ ထို့ကြောင့် ဆိုင် နာမည် ကို တစ်ချက် လှည့် ကြည့်မိသည် ။ မိန်းကလေး လည်း သူ့ ကို ကြည့်နေသည် ကို မြင်မိ သဖြင့် ကိုဦး ခပ်မြန်မြန် ပြန် လှည့် လိုက်မိသည် ။ ရင် ထဲ တွင် တော့ အတော်ပင် ဗလောင်ဆူ သွားသည် ။
ထိုနေ့ မှ စ၍ ကိုဦး ချစ်ပြုံးနှင်းဆီ ဟူသော သီချင်း ကို အမြဲ လိုလို ဆို နေမိသည် ။ လူကြားထဲ တွင် ကား အသံ ထွက် ၍ မဆိုရဲ ။ သူငယ်ချင်း တွေ စ,မည် ကို သူ ရှက်သည် ။ ထို့ကြောင့် တိုးတိုး သာ တေးသွား ကို လေချွန် တတ်သည် ။ သီချင်း ကို ဆိုရင်း မျက်လုံး မှိတ် ကာ သူမ ၏ မျက်နှာလေး ကို မြင်ယောင် တတ်သည် ။ ထို့ကြောင့် ကိုဦး မျက်နှာ သည် အမြဲ လိုလိုပင် ပြုံး နေတော့သည် ။ တစ်ရက် တွင် လည်း သီချင်း ကို လေ ချွန်ရင်း အင်္ဂတေ ခုတ် နေရာ မျက်နှာ အဖော် ကောင်း သဖြင့် ခြေထောက် ပြတ် မလို ဖြစ်သေးသည် ။ ကံကောင်း ၍ သာ ပေါက်တူး ဖြင့် ရှရုံ ရှ မိသည် ။ သူမ နှင့် လည်း ပို၍ ရင်းနှီး လာသည် ။ ကိုဦး ဟု ခေါ် လိုက်သော သူမ အသံလွင်လွင် ကို လည်း အပြုံး ဖြင့် ထူးတတ် လေပြီ ။ ညတွင် တွေ့သော အခါ တွင် လည်း ကိုဦး မရှက်တော့ ၊ မလန့်တော့ ။ ကွမ်းဆိုင် မဖွင့်သော ရက်လေးများ တွင် ကိုဦး တစ်နေကုန် နေ မဖြစ်တော့ ။ မသိသော တစ်နေရာ ရာ ကို လှမ်း ၍ မျှော်ငေး နေမိ တတ်သည် ။ ရင် သည် ပို၍ နာ လာ တတ်သည် ။ မိုး အုံ့သည် ကို မခံနိုင် ဖြစ် လာသည် ။ လူ ကြား ထဲ မှာ ပင် ချစ်ပြုံးနှင်းဆီ သီချင်း ကို အော်၍ ဆိုရဲ လာသည် ။ ည က မိုး ရွာ သဖြင့် ကျန်ခဲ့သော ရေအိုင်လေး ထဲ ကို ငုံ့ ကြည့်ကာ ကိုဦး တိုးတိုးလေး မေး လိုက်သည် ။ “ အချစ် ဆိုတာ ဘာလဲ ” ဟူ၍ ။ ရေအိုင်လေး က မဖြေ ။ ထို့ကြောင့် နံဘေး မှ အုတ်ခဲကျိုး တစ်ခုကို ယူ၍ ရေအိုင်လေး ထဲ သို့ ကောက် ပေါက်လိုက်သည် ။ ရေ အချို့ ကိုဦး ကို လာ စဉ်သည် ။ ရေအိုင်လေး နား မှ ကိုဦး ထွက်လာသော အခါ ရေအိုင်လေး သည် လှုပ်ခါ၍ ကျန်ခဲ့တော့သည် ။
••••• ••••• •••••
( ၃ )
ဘယ်ဘက် လက်ဖျံ တွင် ချစ်ပြုံး ဟူ၍ တက်တူး တစ်ခု ထိုး လိုက်သည် ။ သို့သော် မည်သူမျှ မမြင်စေရန် အတွက် ကိုဦး ဂရုစိုက် နေ မိသည် ။ တစ်ယောက် ယောက် မြင်သွားမည် ကို ကိုဦး အလွန် ရှက်နေမိသည် ။ ကိုဦး ရင် ထဲ တွင် ချစ်ပြုံး သည် ပို၍ အမြစ်တွယ် လာသည် ။ ထို အကြောင်း ကို မည်သူ့ ကို မျှ ကိုဦး ဖွင့် မပြောဖြစ် ။ ပြော လည်း မပြောရဲ ။ လှောင်ပြောင် တားမြစ်ကြမည် ကို ကိုဦး သိသည် ။ ဒါကို ကိုဦး လက် မခံနိုင် ။ ချစ်ပြုံး သည် ပင် လက်ခံနိုင် မည်လား ကိုဦး မသိ ။ မသိရဲသေးသော အရာ ကြောင့် ကိုဦး မသိချင် ယောင် ဆောင် ထားမိသည် ။ ပို၍ ပင်ပန်းရသည် ။
“ ငါ လည်း ညဈေး မှာ ကွမ်းဆိုင်လေး ဖွင့်မလားလို့ ”
တစ်ရက် သူမ နှင့် ဆုံ တုန်း ကိုဦး ပြောပြ မိသည် ။ သူမ က သေချာ နားထောင် နေသော်လည်း ဆိုးသည် ကောင်းသည် မည်သို့မျှ ပြန် မပြော ။
“ ငါ့ မှာ စု ထားတဲ့ ပိုက်ဆံ တွေ ရှိတယ် ။ လိုအပ်တာ တွေ တော့ နင် ကူ လုပ်ပေးပေါ့ ။ ထုံး ဖောက်တာ ဘာညာ လေ ”
“ ငါ လည်း ဖောက်ပြီးသား ထုံး ဝယ် သုံးတာ ”
သိပ် မကြာခင် မှာ ပင် ကိုဦး ကွမ်းဆိုင်လေး ဖွင့် ဖြစ် သည် ။ အသစ် ဖြစ် သဖြင့် အစ တွင် ပါး သည် ။ တယ်လီဖုန်း တိုင် ဆင်သော ကုမ္ပဏီ မှ အစ်ကို တို့ သာ ဝယ် တတ် ကြသည် ။ သပြေကုန်း သို့ လာသော ည များ တွင် သူမ သည် ကိုဦး ဆီ ကွမ်း လာ တောင်းစား တတ်သည် ။ ရောင်းကောင်း, မကောင်း မေး တတ်သည် ။ တဖြည်းဖြည်း နှင့် ကိုဦး ဆိုင်လေး နာမည် ရ လာသည် ။ ကိုဦး ပိုက်ဆံ ပို စုဖြစ် လာသည် ။ သူ့ တွင် စိတ်ကူး ထားသော အရာများ အကောင်အထည် ဖော် ရ ဖို့ ရှိ နေသည် ။ ရှစ်နှစ်သား ကတည်း က ထွက် လာ ခဲ့ရ သော ရွာ သို့ ပြန်ကာ ငယ်စဉ် က နေခဲ့သော ရွာဦး ဘုန်းကြီးကျောင်း တွင် အလှူအတန်းလေး လုပ် ချင်သည် ။ အဖေ ၊ အမေ တို့ ချန် ခဲ့သော အိမ်ဝိုင်းလေး တွင် အိမ်လေး တစ်လုံး ဆောက်ကာ ရွာ တွင် သေသည် အထိ နေ ချင်သည် ။ ချစ်သောသူ ကို ရွာ သို့ ခေါ် ကာ ရွာ မှာ အတူတူ လုပ်ကိုင် စားသောက် နေချင်သည် ။
အသက် ဆယ့်ရှစ်နှစ် က ပင် စ၍ သိခဲ့ ၊ ချစ်ခဲ့ ရသော သူမ ကို ခု အသက် နှစ်ဆယ့်တစ်နှစ် အထိ ကိုဦး ဖွင့် မပြော ဖြစ်သေး ။ ဖွင့် ၍ လည်း မပြောချင် တော့ ။ သူ့ ရင် ထဲ တွင် ရှိ နေသော ခံစားချက် ကို သူမ မြင်နေခဲ့ပြီ ဖြစ် သလို သူမ ရင် ထဲ မှ ဝေဒနာ ကို လည်း သူ သိ နေခဲ့လေပြီ ။ သို့သော် အခြေအနေ သည် ကိုဦး တို့ ထံ ဖြစ်မလာခဲ့ ။ အေးစက်သော ည လေ ထဲ တွင် အတူတူ ထိုင်ကာ ရောက်တတ်ရာရာ ပြော ကြသည် ။ ကြယ်ရောင် မျှ ပင် မမြင်ရသော ည မီးရောင် ထိန်ထိန် အောက် တွင် ကောင်းကင် ကို ပြိုင်တူ မော့ ကြည့်ဖြစ် ကြသည် ။ ပြောစရာ စကား ပြတ် သွားသော အခါ ပြိုင်တူ တိတ်ဆိတ် နေမိကြသည် ။ အမြဲလိုလို လိုသလို ဟ , ၍ ရသော ပါးစပ် သည် လိုအပ်သော စကား တစ်ခွန်း ကို ပြော ထွက်ဖို့ရာ မူ ခက်ခဲလွန်း နေ သဖြင့် ကိုဦး အံ့ဩ နေရသည် ။ ထို ည က သူမ အနည်းငယ် နေမကောင်း ဖြစ်နေသည် ။ သူ တိုက်သော ဆေး ကို သောက်ပြီး အဝေး အလင်း ထဲ သို့ ငေးရော် နေသော သူမ ကို ကြည့်ရင်း ကိုဦး ရင် ထဲ ဆို့တက် လာသည် ။
“ နင် တစ်ည ဘယ်လောက် ရ လဲ ”
“ ဘာ လုပ် မလို့လဲ ”
ကိုဦး အမေး ကို သူမ က ဘောက်ဆတ်ဆတ် ပြန် ဖြေ သည် ။ မကြိုက်မှန်း သိသော် လည်း ကိုဦး ဆက် ပြောမိ သည် ။
“ နင် တစ်ည ရတဲ့ ပိုက်ဆံ ငါ ပေးမယ် ဟာ ၊ နင် မလာနဲ့ တော့ ”
သူ့ အသံတွေ တုန် နေခဲ့သည် ကို ကိုဦး သတိထား မိသည် ။ အဝေးသို့ ငေး နေရာ မှ ကိုဦး ဘက် သို့ သူမ လှည့် လာသည် ။ ကိုဦး မျက်နှာ ကို သေချာ ကြည့် နေသည် ။ ကိုဦး လည်း သူမ ကို သေချာ ပြန် ကြည့် မိသည် ။ သူမ မျက်ဝန်း ထဲ တွင် မျက်ရည်စ တို့ ပြည့် လာသည် ။
“ နင် က သူဌေးလား ”
ကိုဦး မဖြေ ။ ခေါင်း ကို ငုံ့ လိုက်သည် ။ ညာဘက် ခြေထောက် ကို ဖိနပ် ထဲ မှ နုတ် ကာ ဖိနပ် ပေါ် တင် လိုက်သည် ။ ရင် သည် ပူပြင်း လောင်မြိုက်လွန်း လေစွ ။
“ ငါ နင့် ကို ချစ်တယ် ဟာ ၊ နင့် ကို ငါ လက်ထပ် ချင် တယ် ။ နင် နဲ့ အတူ နေချင်တယ် ။ ငါ့ ရွာ ပြန်ပြီး နင် နဲ့ အတူ နေပြီး ရွာ မှာ ပဲ လုပ်ကိုင် စားသောက် ချင်တယ် ။ ဒီမှာ ငါ မပျော်ဘူး ။ ဒီ နေရာ က ငါတို့ ဖို့ မဟုတ်ဘူး ၊ ငါ သိတယ် ”
သူမ ထံ မှ ဘာ အသံမျှ ထွက် မလာ ။ ခေါင်း ကို သာ အကြာကြီး ငုံ့ ထားသည် ။ ကိုဦး ရင် ထဲ ပို၍ ပူလောင် လာ သည် ။ သူမ ထံ မှ တစ်ခု ခု တော့ ကိုဦး ကြား ချင်သည် ။ တိတ်ဆိတ်ခြင်း သည် မကောင်း ။ လမ်းမကြီး ပေါ် မှ ကား တစ်စီး ဖြတ်သွားသည် ။ တိတ်ဆိတ် နေ သဖြင့် ကားသံ သည် အကျယ်ကြီး ဖြစ်နေသည် ။ အသံ ကုန် သွား သည် အထိ နား က လိုက် ၍ နားထောင် နေမိသည် ။ ကားလမ်းမကြီး သည် အတန်ကြာ ပြန်၍ တိတ်ဆိတ် သွားပြန်သည် ။
“ ချစ်ပြုံး ”
အားမရခြင်း များစွာ ဖြင့် ကိုဦး ခေါ် လိုက်မိသည် ။ သူမ သည် ခေါင်း ကို ပြန် မော့ လိုက်သည် ။ ပြီး လျှင် ကိုဦး ကို အတန်ကြာသည် အထိ ကြည့် နေသည် ။ ဘာ စကား မျှ မပြော ။ ခဏကြာ မှ ထ, လိုက်သည် ။
“ ငါ သွားတော့မယ် ဟာ ”
ကိုဦး မတားနိုင်ခင် မှာ ပင် ကိုဦး ရှေ့ မှ ထွက် သွား သည် ။ လမ်းမကြီး ပေါ် တွင် ကား တစ်စီး ဖြတ် သွား ပြန် သည် ။ ထိုင်ရာ မှ ကိုဦး မထဖြစ် သေး ။ ဘယ်ဘက် လက်ဖျံ မှ တက်တူးလေး ကို သာ လက် နှင့် အသာ ပွတ် နေလိုက်သည် ။ ကောင်းကင် တွင် လ ရှိသည် မှာ သေချာသည် ။ သို့သော် လ သာ ၊ မသာ က တော့ မသေချာပေ ။
••••• ••••• •••••
( ၄ )
တစ်ပတ် ပြည့် သည် အထိ သူမ သည် ပေါ် မလာ ။ ကွမ်းဆိုင် လည်း မဖွင့် ။ “ မှားသွားပြီ ” ဟူသော အသိ သည် ကိုဦး စိတ် ထဲ အလို လို ပင် ရောက် လာသည် ။ ထိုအခါ မှ ပို၍ နေထိုင်ရ ခက် လာသည် ။ ပို၍ နာကျင်လာ ရသည် ။ အချို့သော အမှန်တရား တို့ သည် လောကကြီး တွင် အဆင် မပြေလှသည် ကို ကိုဦး ကြုံရ လေပြီ ။ အဘယ်နည်း ။ နှလုံးသား မှ လာသော အရာ သည် အမှန်တရား တစ်ခု ပင် ဖြစ်သည် ဟု ကိုဦး ယုံကြည် ထားသည် ။ ထိုယုံကြည်မှု နှင့် အတူ သူမ ကို ချစ် ခဲ့သည် ။ ပိုင်ဆိုင် လိုခဲ့သည် ။ အပျော်မယ် တစ်ယောက် ဟူ သော အသိ ကို နှလုံးသား အမှန်တရား ဖြင့် ခြစ်ချ ရှင်းလင်း ထားခဲ့သည် ။ သူ တစ်ပါး ရင်ခွင် ထဲ တွင် ရှိနေသည် ကို သိ သော်လည်း မရွံ့ရှာ ရက် ။ မတတ်သာ ခဲ့ သော အခြေအနေ ကို သိထားခဲ့သည် နှင့် အညီ အံ ကို သာ တင်းတင်း ကျိတ် ထားခဲ့ရသည် ။ ဘဝ တစ်ခု ကို အတူ တည်ထောင်နိုင် ဖို့ လုံလောက်သော အရည်အချင်း သည် အဘယ်နည်း ။ ကိုဦး အော်ဟစ် မေးခွန်း ထုတ်ချင် နေမိသည် ။
မနေနိုင်တော့ သော တစ်ညနေ တွင် သူမ ပြောပြ ဖူး သော တောင်ပိုင်းမြို့ ဘက် သို့ ဆိုင်ကယ် တစ်စီး ဖြင့် ကိုဦး ထွက်လာခဲ့ လိုက်သည် ။ ရှည်လျားသော ကွန်ကရစ် လမ်းမကြီး များ ကို အပြင်းအထန် ဖြတ်သန်း နေရသည် မှာ ကြာ ညောင်းလှပေစွ ။ ဆိုင်ကယ်လီဗာ ကို အတင်း ဆွဲ ရင်း တယ်လီဖုန်းတိုင် မြင်သော လမ်းကြား တိုင်း ဝင် ရှာ ခဲ့သည် ။ “ အိမ် နား မှာ တယ်လီဖုန်းတိုင် ရှိတယ် ” ဟူသော သူမ စကား ကို မှတ်မိ နေ၍ ဖြစ်သည် ။ နေ ဝင် သွားပေပြီ ။ လမ်း မီးတိုင်များ မှ အလင်းရောင် သည် လမ်းမကြီး ပေါ် သို့ ပြန့်ကျဲ ကျ နေကြသည် ။ တဟူးဟူးတိုး နေသော လေအေးအေး ကြား မှာ ပင် ကိုဦး ချွေး ပြန် နေသည် ။ မြင် နေရသော ဖုန်းတိုင် ဘက် လမ်းဆီ ဆိုင်ကယ် ကို ချိုးချ လိုက် ရင်း “ တွေ့ပါ စေတော့ ” ဟူ၍ ကိုဦး ဆုတောင်း နေမိသည် ။ ပူပန် နေသော စိတ်များ ကြား မှာ ပင် လမ်းကြိုလမ်းကြား ၊ လူခေါင်ခေါင် အရပ် ထိ ကွန်ကရစ်လမ်းများ ရှိနေသည် ကို ကိုဦး စိတ် ထဲ အံ့အားတသင့် ဖြစ် နေမိသည် ။ တယ်လီဖုန်းတို င် ရှေ့ တွင် ရှိသော မီးတိုင် အောက် တွင် ဆိုင်ကယ် ကို ရပ်ကာ နံဘေး ရှိ အိမ်များ သို့ မျက်လုံး ကစား လိုက်သည် ။ “ လာ မိတာ မှားပြီ ” ဟူ၍ ပင် ကိုဦး တွေးမိလိုက်သည် ။ ကိုဦး မြင် နေရ သော အိမ် တို့ သည် လှပစွာ ဆောက်လုပ် ထားသော တစ်ထပ်တိုက် အိမ်ကလေးများ ချည်း ဖြစ် နေသည် ။ ဤ နေရာမျိုး တွင် တော့ ချစ်ပြုံး နေနိုင်လိမ့်မည် မဟုတ်ကြောင်း ကိုဦး သိ နေသည် ။ စိတ်ပျက် လက်ပျက် နှင့် မျက်နှာချင်း ဆိုင် အိမ် သို့ ကြည့် နေစဉ် မှာ ပင် ကိုဦး အလွန် အံ့အားသင့် သွား မိသည် ။
“ ချစ်ပြုံး ”
ဟုတ်ပေသည် ။ ကိုဦး ရှာ နေခဲ့သော ချစ်ပြုံး သည် ကိုဦး ကြည့် နေသော တိုက်လှလှလေး ရှိသော ခြံ ထဲ မှ ထွက် လာ လေပြီ ။ အံ့ဩလွန်းသော စိတ် ဖြင့် ကိုဦး အတန်ကြာ ဆွံ့အ နေမိသည် ။ သူမ သူ့ ဘေး ရောက်လာသည် အထိ
“ ချစ်ပြုံး နင် က.. ”
သူမ ထွက် လာသော ခြံ ကို လက်ညှိုး ထိုး ပြကာ ကိုဦး မေး လိုက်သည် ။ သူမ က နွမ်းနယ်သော မျက်နှာလေး ကို အသာ ပြုံး ကာ ကိုဦး ကို ကြည့်ရင်း ပြောသည် ။
“ ငါ့ ကို အထင်ကြီး သွားတာလား ။ အဲဒါ ငါ့ အိမ် မဟုတ်ပါဘူးဟာ ။ သူများ အိမ် ။ ပိုင်ရှင်တွေ က ဆောက် ပြီး မနေဘူးလေ ။ အိမ် ကို သော့ ခတ်ပြီး ဒီ အတိုင်း ထား ထားတာ ။ ငါတို့ က အိမ် ဘေး မှာ တဲလေး ထိုးပြီး နေကြ တာ ။ သူတို့ လာ မဖယ် မခိုင်းချင်းပေါ့ ”
သူမ လှမ်း ပြသော နေရာ သို့ ကိုဦး ကြည့် လိုက်မိ သည် ။ ဖြစ်သလို လုပ် ထားသော အဆောက်အအုံလေး ။ အဆောက်အအုံ ဟု ပြောရသည် မှာ ပင် အားနာစရာ ကောင်း လှသည် ။ ငှက်သိုက် က မှ သူ့ ထက် ခိုင်ခံ့ချင် ခိုင်ခံ့ပေဦး မည် ။ နံဘေး တွင် ကပ်လျက် ရှိသော တိုက်လှလှလေး ကို ခတ် ထားသော သော့ခလောက် က ပင် သူ့ ထက် တစ်ဖိုး ကြီးချင် ကြီး နေဦးမည် ။
“ နင် မလာတာ ကြာလို့ ”
“ ငါ အဲဒီကို ဖာ,လာ လုပ်တာလေ ။ ဈေး လာ ဝယ်ရတာ မဟုတ်ဘူး ကိုဦး ရဲ့ ”
ကိုဦး လက်သီး ကို ကျစ်ကျစ် ပါ အောင် ဆုပ်ထား မိ လိုက်သည် ။ သူ က သူမ ကို နေ့တိုင်း တွေ့မြင် ချင်နေ သည် ။ သို့တွက် ညတိုင်း လာစေ ချင်သည် ။ သူမ ဘဝ ကို တော့ မေ့လျော့ သွားမိသည် ။ ကိုဦး ဘာမျှ ပြော မထွက် တော့ ။ ဘာ ပြောရမည် ကို လည်း မသိတော့ ။ သူမ သည် လာချင်လှသည် မဟုတ်မှန်း သူ သိထားမိဖို့ ကောင်း သည် ။ တစ်ရက် လာ လျှင် သူမ ဘဝ တစ်ရက် နစ်နာ သည် ။ ဒါကို သူ မမြင်မိ ။
“ ငါ အဲဒီ သဘောမျိုး ပြောတာ မဟုတ်ပါဘူးဟာ ။ ဟို တစ်နေ့ က ငါ ပြောလိုက် လို့ နင် စိတ်ဆိုး နေမယ် ထင်လို့ ”
ဆိုင်ကယ် ကို ထောက်ကာ ဆိုင်ကယ် ပေါ် မှ ဆင်း လိုက်သည် ။ ပြီးလျှင် နံဘေး ရှိ ဓာတ်တိုင် ကို ကိုဦး အသာ မှီ လိုက်သည် ။
“ မကောင်းတဲ့ ကောင်မ တစ်ယောက် ကို ရည်းစား စကား ပြော တာ ကို က နင့် အမှားပဲ ကိုဦး ။ ငါ စိတ်ဆိုး လိုက် ရင် ဒါကြီးက ရယ်စရာကြီး ဖြစ် သွားမှာပဲ ။ ငါ က ဖာ .. ”
စကား မဆက်စေရန် ကိုဦး “ တော်တော့ ” ဟု အော်၍ တား လိုက်သည် ။ သူမ ကို ကိုဦး ချစ်သည် ။ ဘာဖြစ် နေနေ ၊ ဘာလုပ် နေနေ ။
“ ငါ နင့် ကို အရမ်း ချစ်တယ် ချစ်ပြုံး ၊ နင့် ဘာသာ ဘာဖြစ် နေနေ ။ နင် က အဲဒါမို့ လို့ ငါ မချစ်ရဘူး ဆိုတာ အဓိပ္ပာယ် မရှိဘူး ။ နင် က လည်း အဲဒါမို့လို့ နင် ချစ်နေ တဲ့ လူ ကို ပြန် မချစ်ရဘူး ဆိုတာလည်း အဓိပ္ပာယ် မရှိဘူး ဟာ ။ လူချင်း အတူတူပဲ ။ နှလုံးသားချင်း အတူတူပဲ ။ ချစ် တတ်တာ အတူတူပဲ ။ ဘဝပေး ကြောင့် အခြေအနေ မတူ တာပဲ ရှိတာ ။ အချစ် မှာ လူတန်းစား မရှိဘူး ၊ လူတိုင်း ကြီးကျယ်ခွင့် ရှိတယ် ”
ကိုဦး စာနာ ဒေါသ ဖြင့် အများကြီး ပြော ပစ် လိုက် သည် ။ သူမ ငို လေပြီ ။ သူမ ငို တော့ ကိုဦး ဘာ လုပ်ရမည် မှန်း မသိတော့ ။
“ ငါ လည်း တစ်ကောင်ကြွက် ပါ ဟာ ၊ မွေး ကတည်း က မိဘမဲ့ ။ ရွာဦး ဘုန်းကြီးကျောင်း မှာ ကပ် နေရတယ် ။ စာ သင်ချင်တယ် ။ စာ တတ်ချင်တယ် ။ ဒါပေမဲ့ သေစာ ရှင်စာ လောက် ပဲ တတ်ပြီး ကျောင်း ထွက် လိုက်ရတယ် ။ ဒီကို စားပွဲထိုး လာ လုပ်ရတယ် ။ နည်းနည်း အရွယ်ရ လာ တော့ ဆိုင် မှာ လာ သောက်တဲ့ ပန်းရန်ဆရာကြီး နဲ့ သိပြီး ပန်းရန် အလုပ် ထဲ ရောက်သွားတယ် ။ ခု နေ့ခင်း ပန်းရန် လုပ်တယ် ။ ည ဆို ကွမ်း ရောင်းတယ် ။ ရ သလောက် ပိုက်ဆံ စုတယ် ။ ငါ ငယ်ငယ် ကတည်း က ထွက်လာရတဲ့ ရွာ ကို ပြန်ချင်လို့ပဲ ။ ရွာ က လေ ကို ရှူ ချင်တယ် ။ ရွာ ထမင်း ၊ ရွာ ဟင်း ကို စားချင်တယ် ။ ရွာ က ရေ ကို သောက် ချင်တယ် ။ ငါ ဒီမှာ မပျော်ဘူး ။ အသက်ရှူ ကျပ်တယ် ”
သူ့ လေသံ သည် အတော် ပျော့ သွားလေပြီ ။ ချစ်ပြုံး ကား အငို တိတ်လေပြီ ။ မျက်ရည် ဖြင့် စို့လက်သော မျက်ဝန်း သည် မီးရောင် ကြောင့် ပို တောက်ပ နေ သလိုပင် ။
“ ငါ က ရော ဘာကောင်ကြီး မို့ လို့ လဲ ဟာ ”
နွမ်း နေသော မျက်နှာလေး နှင့် သူမ ကို မြင်နေရသည် မှာ ကိုဦး အဖို့ ပို ဝမ်းနည်း ရသည် ။ ဖြစ်နိုင် လျှင် သူမ ကို ထာဝရ ပြုံးပျော် နေစေချင်သည် ။
“ ဒီနေ့ အမေ့ ရက်လည် ပဲ ”
“ ဟင် ငါ့ ကို ဘာလို့ မပြောတာလဲ ၊ ဖုန်း ဖြစ်ဖြစ် ဆက် ပေါ့ ”
“ ငါ့ ဆီ မှာ ဖုန်း မရှိဘူး ၊ ဘယ်သူ့ ဖုန်းနံပါတ် မှ လည်း မရှိဘူး ”
ကိုဦး ဘာမျှ မပြောနိုင်တော့ ။ လေ တိုက် လာ သဖြင့် အေး လာသည် ။ တစ်ချက် တစ်ချက် လျှပ် လက် သွား သည် ။ မိုး ရွာဦး လေမည်လား မသိ ။
“ ငါ လည်း စာ သင်ချင်တယ် ။ စာ တတ်ချင်တယ် ။ နင့် လို ပဲ ။ ဒါပေမဲ့ ငါတို့ ဘဝတွေ က အခြေအနေ မပေးဘူး လေ ။ အမေ နဲ့ အလုပ် မျိုးစုံ လုပ်ခဲ့တယ် ။ မိန်းမသား ဝင်ငွေ ဆိုတော့ ဘယ်လောက် ရမှာမို့ လဲ ။ စားလောက် ရုံ ပေါ့ ။ နည်းနည်း အရွယ် ရ လာ တော့ ကွမ်းဆိုင် ဖွင့်တယ် ။ ငါ့ ဟာ မဟုတ်ပါဘူး ဟာ ။ လူ တစ်ယောက် ဖွင့်တာ ကို ငါ က မျက်နှာ ပြ ရောင်းပေး ရတာ ၊ ရောင်း ရ ရင် ရောင်း ရ သလောက် ငါ့ ကို ပေးတာပေါ့ ။ အမေ က ကျန်းမာရေး မကောင်းဘူး ။ ဆင်းရဲ တဲ့ ရောဂါ ပေါ့ ဟာ ။ အဲဒါ က နေ ကွမ်း တင် ဝါး ရတာ အား မရတဲ့ လူ တချို့ကြောင့် ငါ အဲဒီ ဘဝ ထဲ ရောက်ခဲ့ရတာပဲ ။ အမေ့ ကို တော့ တတ်နိုင် သလောက် ကု တာပဲ ။ ဒါပေမဲ့ ဒီနေ့ ရက်လည် လေ ။ ငါ လည်း နင် မြင်တဲ့ အတိုင်း ပဲ ”
ဟက်ခနဲ တစ်ချက် ရယ် ကာ သူမ သည် စကား ကို အဆုံးသတ် လိုက်သည် ။ သူ့ ကို ရပ်တည်ခွင့် ပေးသော လောကကြီး ကို လှောင်ချင် ဟန် တူသည် ။ ရပ်တည်ခွင့် ရ ပေမဲ့ ရပ်တည်လို့ မကောင်းတဲ့ နေရာမျိုး မှာ သူမ ရခဲ့သည် လေ ။ လှောင်ပါစေ တော့ ။
“ ငါတို့ ယူကြရအောင် ဟာ ချစ်ပြုံး ”
သူ ပြောသည် ကို မကြား သလို လုပ်နေ သဖြင့် ကိုဦး စိတ် မရှည်ချင်တော့ ။ ဖြစ်နိုင်လျှင် ပခုံး နှစ်ဖက် ကို ကိုင် ယမ်း ပစ် လိုက်ချင်သည် ။ အားနည်း နေပုံ ပေါက် နေသော သူမ ကြောင့် သာ လျှင် ကိုဦး သူ့ စိတ် ကို ချုပ်ထားရခြင်း ဖြစ်သည် ။
“ ဖြေလေ ချစ်ပြုံး ”
ကိုဦး ၏ ဘယ်ဘက် လက်ဖျံ တွင် ထိုးထားသော တက်တူး ကို သူမ သည် သေချာ စိုက် ကြည့် နေသည် ။ အခု မှ ပင် မြင်ဖူးသည် မှာ သူမ မျက်နှာ ကြည့်သည် နှင့် သိနိုင်သည် ။
“ စိတ်ကူး မယဉ်စမ်းပါနဲ့ ဟာ ”
လေသံဖျော့ဖျော့ ဖြင့် ပြောသည် ။ ကိုဦး အားတက် သွားသည် ။ သေချာ ထပ် ပြော လျှင် အဆင်ပြေ တော့မည် ကို သူ သိနေသည် ။
“ နင် သိလား ကိုဦး ၊ ဒီ နားလေး မှာ ဆို တိုက်တွေ ချည်းပဲ ။ ဆောက် ပြီးတော့ မနေကြဘူး ၊ သော့ခတ် ထား ကြတာ ။ ငါတို့ လို ဝင် နေတဲ့ သူတွေ ပဲ ရှိတာ ၊ အများကြီး ပဲ ။ ငါ သိပ် အံ့သြတယ် ၊ ဘာလို့များ မနေဘဲ နဲ့ ဆောက် ထားကြလဲ မသိဘူး ဆိုပြီး ။ ပိုက်ဆံ အရမ်း ပေါလို့ ထင်တယ် ။ တစ်ခါတလေ တော့ ကျေးဇူး တင်ရသေးတယ် ။ သူတို့ ခုလို ဆောက်ပြီး လာ မနေကြလို့ ငါတို့ ခုလိုလေး ကပ် နေနိုင်တာ ဆိုပြီး ”
သူ့ ရှေ့ တွင် ရှိသော လက်ကလေး ကို ကိုဦး ဆွဲယူ ကာ ကိုင် ထား လိုက်သည် ၊ လက်ကလေး က အေးစက် နေသည် ။ သူ့ ကို လည်း မော့ ကြည့် လာသည် ။ သို့ပေမဲ့ မရုန်း ။
“ ငါ ယောက်ျားတွေ ရဲ့ အကိုင်အတွယ် ကို အများကြီး ခံခဲ့ရတာပဲ ၊ ဒါပေမဲ့ နင် ခုလို ငါ့ လက် ကို ကိုင်ထားတာ ကို တော့ ငါ ရင်ခုန် မိတယ် ။ ပျော် လည်း ပျော်တယ် ”
သူမ လက် ကို ကိုဦး ပို ၍ ဖျစ်ညှစ် လိုက်သည် ။ သူ့ ရင် ထဲ မှ စကား တို့ လက် မှ တစ်ဆင့် သူမ ဆီ သို့ ကူးသွား စေ ချင်သည် ။
“ ဟိုမှာ ကြည့်လိုက် ချစ်ပြုံး ၊ မီးရောင်တွေ လင်းထိန် နေ တာပဲ ။ ငါ အဲဒီ မီးရောင်တွေ မြင်နေ ရ ရင် အရမ်း ဝမ်းနည်းတယ် ။ အဲဒါ ငါတို့ အတွက် မဟုတ်ဘူး လို့ လည်း အမြဲတမ်း ခံစားရတယ် သိလား ။ ငါ ဒီ အလင်းရောင် တွေ ကို မမက်ဘူး ။ ကွက်ကျားလင်း နေတဲ့ အလင်းရောင် အောက် မှာ ငါ မပျော်ဘူး ။ ခုချိန် ငါ့ ရွာလေး မှောင် နေမှာ ငါ သိတယ် ။ ငါ ငါ့ရွာလေး ရဲ့ အမှောင် အောက် မှာ ပဲ ကျောလုံလုံ နဲ့ အိပ် ချင်တယ် ။ အဲဒါ ငါ အဖြစ်ချင်ဆုံး အရာပဲ ဟာ ”
မိုး သည် ရွာလာ လေပြီ ။ မီး အလင်းရောင် ကို ဖြတ်သန်း လာ သဖြင့် မိုးစက်တို့ သည် လင်းလက် နေသည် ။ ရွှေရောင် တောက် နေသည် ။ သူတို့ နှစ်ယောက်လုံး မိုးရေ ဖြင့် စိုရွှဲ ကုန်သည် ။ သူမ လက် ကို ကိုဦး လွှတ် မထားသေး ။ ပို၍ တင်းတင်းပင် ဆုပ်ကိုင် ထားလိုက်သည် ။
◾လင်းနိုင်
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
ဧပြီ ၊ ၂၀၁၆
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment