အခန်း - ၃
◾ ထန်းတောမ နဲ့ လက်ဝါးကြီး
အထက်ပါ ထန်းတောမ မှာ ဦးကု,လားကြီး ၏ သမီး အကြီးမ ဖြစ်သည် ။ ဦးကု,လား ထန်းတက်သမား ဘဝ တွင် ထန်းပင်များ ကြား မွေးခဲ့ရ သော ကြောင့် တော သဘာဝ အရ အပြောင်အပျက် ခေါ်ရင်း “ ထန်းတောမ ” ဖြစ် လာရသည် ။ ဒုတိယ သမီး နာမည် က “ လက်ဝါးကြီး ” ဟု ခေါ်ရခြင်း အကြောင်းအရင်း မှာ သူမ က ငယ်ငယ်တည်း က အစားကြမ်း .. အအိပ်ကြမ်း သဖြင့် သူ့ မိခင် က တုတ် ရှာချိန် မပေးနိုင် ၊ နီးစပ်ရာ ကျောကုန်း ကို လက်သီးဖြင့် ထုရာ ၊ မဖြုံ သဖြင့် လက်ဝါး ဖြင့် ရိုက်သော အခါ မှ ငိုတတ် သော ကြောင့် လက်ဝါးကြီး ဟု ခေါ်ဆိုရင်း ကြီးသွားသည် အထိ လက်ဝါးကြီး ဖြစ် နေရတော့သည် ။
“ ထန်းတောမ ” က ခပ်အေးအေး ၊ ခပ်နုံနုံ ၊ “ လက်ဝါးကြီး ” က ခပ်စွာစွာ ၊ စွာလိုက်သမှ ထန်းပင် ပေါ် မှ ပြုတ်ကျပြီး ညာ ခြေထောက် က မသန် ၊ လက် တစ်ဖက် က ကွေး ကောက်ပြီး ၊ ၄င်း မသန်မစွမ်း က မကြာခဏ ရန်ဖြစ် ၊ နပန်းလုံး .. သူ က အထက် က ချည်းဖြစ်သည် ။ ကျောင်းစာ အား ဖြင့် သုံးတန်း ဖြစ်ပြီး “ ထန်းတောမ ” က နှစ်တန်း သာ တက်ခွင့်ရ သဖြင့် လက်ဝါးကြီး ပြော သမျှ အဟုတ် မှတ်၍ ယုံကြည်သည် ။
ဦးကု,လား က လည်း သူ့ သမီးတွေ လောက် ဒီ ရွာတွင် အချော အလှ မရှိ ။ ဘယ် ကာလသား မျှ နှင့် မှ သဘော မတူနိုင် ။ ဦးကု,လား ဇနီး က “ လက်ဝါးမ ” ၏ နောက် တတိယကလေး မွေးပြီး မီးတွင်း ထဲ ရောက် နေချိန် တွင် ထန်း တက်သော ဦးကု,လား လက် ထဲ မှ ထန်းရည်အိုး ပြုတ် ကျ ကာ သူ့ ဇနီး ခေါင်း ပေါ် တည့်တည့် ပြုတ်ကျပြီး ၊ သွေး လန့် ကာ ကလေး ရော လူကြီး ပါ သေဆုံး ခဲ့ရသည် ။ ဒါကို ဦးကု,လား က မသိ ။ မီးနေသည် ထန်းရည်အိုး သောက်ရမည်လား ဟု ဆူပူ ကြိမ်းမောင်း သည် ။ နောက်မှ သေဆုံးမှန်း သိသွားသည် ။ ဇနီး မသာ ကို တခြား နေရာ တွင် မသဂြိုလ် ဘဲ ၊ မိမိ လုပ်ကိုင်စားသောက် နေသော ထန်း တော မှာ ပင် မြေမြှုပ် သင်္ဂြိုလ် ရာ တွင်း တူးရင်း အင်္ဂလိပ် လား ၊ ဂျပန် လား မသိ မြှုပ်ထားခဲ့သော ရတနာ အချို့ ကို တွေ့ရှိပြီး ၊ နေ့ချင်း ညချင်း သူဌေး ဘဝ ကို ရောက်ရှိ သွားတော့သည် ။
“ တောက် သူ သာ စောစော သေရင် သူဌေး ဖြစ်တာ ကြာပေါ့ ”
◾ကျော်ထူး
📖 ပြုတ်မနူး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment