Thursday, February 29, 2024

ပြုတ်မနူး ( ၁၄ )


 

အခန်း - ၁၄

လက်ဖက်ရည်ဆိုင် ထဲ ဝင် လာသော ကလေး ၊ လူကြီး အားလုံး စာရွက်လေးတွေ ကိုင် လာပြီး ဝိုင်းအုံ ကြည့် နေကြတာ ကို ကောင်တာ မှ ဆောင်းဟေကို နဲ့ အငယ်မ ဖြူဖြူကျော်ကု,လား တို့ နှစ်ဦး က တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ကာ “ ဘာလဲ ” ဟူသော အဓိပ္ပါယ် ဖွင့်ဆို လိုက်တယ် ။ အနား သွား ကပ် ကြည့် ပြန်ရင်လည်း ဖခင် ဦးကု,လား ရဲ့ ပါးစပ် ဆောင်းဘောက် ကို ကြောက်ရသေး ။

“ နှစ်လုံးချိုင်း နေမှာပေါ့ ဟာ ”

“ ဟဲ့ ... ငါတို့ ရွာ မှာ ဒိုင် မရှိဘူးလေ ... ထိုး တဲ့ လူ လည်း မရှိပါဘူး ကိုသားကြီး ရဲ့ နာရေး က လည်း ပြီး သွားပြီ ဥစ္စာ ”

“ အေးဟဲ့ ဘာများလဲ သိချင်လိုက်တာ ...”

ထိုစဉ် မှာ ပင် ချာတိတ် တစ်ယောက် က

“ အစ်မ .. ပါဆယ်တစ်ခွက် ချိုပေါ့ ”

မကြားသေး ။ အာရုံ က လူစုလူဝေး ဆီ ရောက် နေသည် ။ ဖွင့် ထား သည့် ကက်ဆက် ဆောင်းဘောက် က လည်း အကျယ်ကြီး ။

“ အစ်မ ... ပါဆယ် တစ်ခွက် ချိုပေါ့ ”

ဒါကို အဝေး က ကိုယ့် ထမင်း ကိုယ် စား အခမဲ့ ကူညီ စားပွဲထိုး နေ တဲ့ ဗလ က မြင် သွားပြီး ...

“ အညာသား ရေ ဟိုမှာ ပါဆယ် တဲ့ ဟေ့ ”

ကက်ဆက် ထဲ က အသံ ထက် နှစ်ဆ မြှင့် အော် လိုက်သော အသံ ကြားတော့ မှ ကမန်းကတန်း ညီအစ်မ နှစ်ယောက် က “ ဟဲဟဲ ပေစိ ... ပေး ပိုက်ဆံ ... တစ်ခွက် တည်း နော် ”

ပြောရင်း မျက်လုံး က ကလေးငယ် ၏ ညာလက် ထဲ မှာ ကိုင် ထားတဲ့ စာရွက်လေး ကို တွေ့ သွားပြီး လေသံတိုးတိုး နဲ့ ...

“ ပေစိ .. နင့် လက် ထဲ က ဟာလေး ခဏ ပေး ကြည့်စမ်း ”

မကြားစေချင် ကာ မှ ပေစိ က ...

“ ဒီ စာရွက်လား အစ်မ ရော့ ကြည့်လေ ” တဲ့

သူ အော် ပြောတော့ မှ လူတွေ ရဲ့မျက်လုံးတွေ က သူတို့ ညီအစ်မ ထံ ရောက် လာပြီး လူငယ် တစ်ဦး က ...

“ ဟဲ့ ရည်းစားစာ မဟုတ်ဘူးနော် .. ဆိုင်ဖွင့်ပွဲ တဲ့ ”

ဆိုင် ဖွင့်ပွဲ ဆိုတဲ့ စကားလုံး ဟာ ဘုရားရှိခိုး နေတဲ့ ဦးကု,လား ပါ ကြား သွားတယ် ။

“ ဘာ ဆိုင်ဖွင့်ပွဲ .. ဆိုင်ဖွင့်ပွဲ ”

“ ဘာဆိုင်လဲ ... ဘာဆိုင်လဲ ”

နှုတ် မှ တိုးတိုး ရွတ် ရင်း ဘုရားရှိခိုးတာ ကို နှုတ်ခမ်းသတ် ပြီး ဆိုင် ရဲ့ ကောင်တာ ကို လျှောက် လာ တော့ အကြီးမ ဆောင်းဟေကို က

“ အဖေ ဒီမှာ ကြည့်ပါဦး ... ဈေး ထဲ မှာ ရော ... သင်္ဘောဆိပ် မှာ ပါ ... ကောင်မလေး တစ်ယောက် မော်ဒယ်ဝတ်စုံ နဲ့ လိုက် ဝေ ပေး နေတာတဲ့ ...”

ဦးကု,လား က စူးစမ်းသော မျက်လုံး နဲ့ သမီး နှစ်ယောက် ကို ကြည့် လိုက်ပြီး ...

“ အေး ဘာတဲ့လဲ .. ဘာတွေ ရေးထားတာလဲ ”

အငယ်မ ဖြူဖြူကျော်ကု,လား က မဲ့ကာရွဲ့ကာ ဖြင့် ...

“ ဘာရမလဲ အဖေရေ ... နှစ်ထောင့်ခွန် ... နှစ်ထောင့်ရှစ် မှာ ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့် တစ်သောက်မြူးမယ့် မျက်ပြူး ရဲ့ လုံထီးလက်ဖက်ရည်ဆိုင် တဲ့ ”

စပြီ ။ တိုက်ပွဲ စ ဖို့ .. တိုက်ပွဲ ခေါ်သံ ။

“ ဘာ ... တစ်သောက်မြူးမယ့် မျက်ပြူး ရဲ့ လုံထီး လက်ဖက်ရည်ဆိုင် ဟုတ်လား ”

ဦးကု,လား ရဲ့ အသံ ဟာ တစ်ဆိုင်လုံး ကို လွှမ်းခြုံ သွားပုံရ တယ် ။ သောက် နေတဲ့ လူတွေ ရော ၊ မသောက်ရသေး တဲ့ လူတွေ ရော အားလုံး ခေါင်းထောင် ကြည့် ကုန်ကြတယ် ။

“ တိုးတိုး .. ပြောပါ ဖေဖေ ရယ် ”

“ ဟုတ်သားပဲ တိုးတိုး ပြော လည်း ဒီ စကား ဥစ္စာ ..”

ဦးကု,လား ဟာ ၃၇ မင်း တစ်ပြိုင်တည်း ဝင် ပူး သလို တစ်ကိုယ်လုံး တုန်နေပြီး ...

“ ဘာလို့ တိုးတိုး ပြောရမှာလဲ ... ဒီ ရွာ မှာ ကု,လား တဲ့ တစ်ကု,လား ပဲ ရှိတယ် ... ငါ့ လို စီးပွားပျက် အဲ ဖြစ်ချင် ရင် စောစောတည်း က ဆိုင် ဖွင့်ပါလား .. ခုတော့ သူများ ဖွင့်ပြီး မှ လည်း လိုက် ဖွင့်သေးတယ် ... ဖွင့်တော့ လည်း အခြားဟာ ဖွင့်ပါလားကွ ... ငါ့ သမီးတွေ ဥစ္စာ ကို မှ ရွေးပြီး လိုက် ဖွင့်တာ ... လူမဆန်ဘူးဟေ့ .. ”

နှစ်ယောက် က လည်း ရှက် လည်း ရှက် ဒေါသတွေ ဖြစ် လည်း ဖြစ် ။

“ ဟုတ်ပါ့တော် .. သူများ လက်ဖက်ရည်ဆိုင် ဖွင့် တိုင်း လက်ဖက်ရည်ဆိုင် လိုက် ဖွင့်ရတယ် လို့ .. ပြီးတော့ ဝေးဝေးလံလံ လည်း မဟုတ် ... အိမ်ချင်း ကပ်ရ က် ... ဒါ သက်သက် အကျင့် ယုတ် တာ ...”

သွားပြီ ။ စီးပွားရေး အရ ဖွင့်တာ မဟုတ် ။ တစ်နေ့ တစ်နေ့ သူများ ဆိုင် မှာ သွား ထိုင်ပြီး ညီမ နှစ်ယောက် ကို ငမ်းရတာ လူ သိ မှာ စိုး လို့ ။ လက်ဖက်ရည်ဆိုင်လေး ဖွင့် ပြီး သူတို့ နှစ်ယောက် ကို တစ်နေကုန် ထိုင် ကြည့်လို့ ရအောင် ဖန်တီး လိုက်တာ ။ ခုတော့ မပြေလည်ဘဲ .. မဟာရန်သူ တွေ ဖြစ် ကုန်ပြီ ။ အိမ် အပေါ် ထပ် ပြတင်းပေါက် က ချောင်း ကြည့် ရင်း မျက်မှေး ရင်တွေ တုန်လာတယ် ။

“ ဟေ့ ... ဒီ ရွာ မှာ ကု,လား တစ်ကု,လား ပဲ ရှိတယ်ကွ ”

လူငယ်တွေ အုပ်စု ထဲ က မကြားတကြား အသံ တစ်သံ ထွက်လာတယ် ။

“ တစ်ကု,လား မို့ လို့ ... သုံးကု,လား ဆိုရင် ဂျက်ကွင်းကင်း ပဲ ကွ ”

ဦးကု,လား အသံ ကြား ရာ ဘက်သို့ လှမ်း ကြည့် လိုက်တယ် ။ လူတွေ က များတော့ ဘယ်သူ ပြောမှန်း မသိ ..

“ ငါတို့ က ဗြောင်သမား... မယားငယ် မှန်း မသိ... တူမ မှန်း မသိ ... ခိုးကြောင် ခိုးဝှက် မလုပ်တတ်ဘူး ... ဟုတ်ပြီ ... အဲဒီ သတ္တိ ကို ကြိုက်တယ် ... ကု,လား ဆိုတဲ့ ကောင်  ကျော်နိုင် မလား .. ဆိုတာ စောင့်ကြည့် ... နက်ဖြန် လက်ဖက်ရည်ဖိုး လျော့မယ်ဟေ့ တစ်ဆင့် စကား ... တစ်ဆင့် ပြောလိုက် .. ”

အာဠါဝက ရော ၊ ဒေဝယက္ခ ရော ၊ ပုပ္ပါးမယ်တော် ရော ၊ အိုဗျာ ရှိရှိသမျှ ဒဿဂီရိ ရော ၊ ဘီလူးပေါင်းစုံ ဝင် ပူးပြီး ခုံတွေ ကို ဆောင့်ကန် ၊ ပန်းကန်လုံးတွေ ပစ်ခွဲ နေတုန်း စားပွဲထိုး ဗလ က ကမန်းကတန်း အခွေ ကုန် သွားလို့ ကက်ဆက် ထဲ ပြန် ထည့်လိုက်တဲ့ အခွေ ရဲ့ အသံ ကြား ရ တော့ မှ ဦးကု,လား ငြိမ်ကျ သွားတယ် ။ အခွေ က ထွက် လာတဲ့ အသံ က တော့ ..

“ အရှေ့ အရပ်၌ ရှိကြသော ... အနတ္တစကြာ .. အနတ္တ ... သတ္တဝါ ...”

ကြားရတော့ မှ

◾ကျော်ထူး

📖 ပြုတ်မနူး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment