Friday, February 23, 2024

ပြုတ်မနူး ( ၁ )


 အခန်း - ၁


သူ့ နာမည် က ဦးကု,လား ...


ဦးကု,လား ဆို၍ .. အသား မည်းမည်း .. သွား ဖွေးဖွေး ဟု မထင်လိုက်ပါနဲ့ ။ ဗမာလူမျိုး စစ်စစ် .. သူ့ ကို မွေးသော အချိန် တွင် ကျွန်တော်တို့ မြန်မာပြည် ကို အင်္ဂလိပ်မျက်နှာနီတွေ ဆုတ်ခွါစ ပြုချိန် ၊ ချစ်တီးကု,လားများ အပြေးအလွှား နဲ့ .. မြေကွက်တွေ ကို ဈေးကစား ရင်း ထွက်ပြေး နေရချိန် ဖြစ်၍ မိဘများ က ချစ်တီးကု,လား ဟု ခေါ်ရင်း ... ချစ်တီး ပြုတ်ပြီး ကု,လား ဟူသော နာမည် သာ ကျန်ခဲ့ရသည် ။


၄င်း နာမည် က ပေးရကျိုး နပ်ပါသည် ။ အဘယ်ကြောင့် ဆို သော် စိတ်ဓာတ် က ချစ်တီး နဲ့ မခြားပါ ။ လူမြင် သူမြင် ကောင်းအောင် စိတ်ပုတီး ကို လက် က မချ .. လူ က ခပ်ဝဝ ၊ အသား က ဖြူဖြူ ၊ ဟုတ်တာ ရော .. မဟုတ်တာ ရော လူများများ ရှိတဲ့ နေရာ သူ ရောက်လာ လို့ က တော့ ရောတောရှိ .. အာဘောင် အာရင်း သန်သန် နဲ့ ပြောဆို ပြီး .. အိမ်ရှင် က ချကျွေး သော လက်ဖက် ၊ ကွမ်း ၊ ဆေးလိပ် တစ်ခု မှ မကျန် အပြတ် နှံပြီး ၊ လူစုကွဲ မှ ထ ပြန်လေ့ ရှိသည် ။


သူ့ ကို ကလေး လူကြီးတွေ က ကွယ်ရာ တွင် သမား - ဝူဝါး ဟု ခေါ်ကြသည် ။ သမား ဟူသော အဓိပ္ပါယ် မှာ လူနာ တွေ ၏ အသက် ကို ကုသပေးသူ ဟု မှတ်ယူပြီး သမား ၏ နောက်လိုက် ဆေးလွယ်အိတ် ကိုင် သူ ကို ဝူဝါး ဟု ခေါ်ဆိုသည် ။ ၄င်း ဝူဝါး က လူနာရှင် ၏ မိဘ ၊ မောင်ဖွား ၊ ညီအစ်ကို မောင်နှမများ က လူနာ လာ ကြည့်ပေးသော သမား ကို ချကျွေး ဧည့်ခံသော လက်ဖက် ၊ ကွမ်း ၊ ဆေး အားလုံး ကို နောက်လိုက် က ပလုပ်ပလောင်း စားပြီး ဘေးပြော .. နံပြော ဝူဝါး .. ဝူဝါး နှင့် စကားပြော သော ကြောင့် သမား နဲ့ တွဲပြီး သမားဝူဝါးဟု ခေါ်ဆိုခြင်း ဖြစ်သည် ။


ဒါပေမဲ့ ဘယ်သူ ဘာ ပြောပြော .. ဘာဆိုဆို ဦးကု,လား က တော့ မမှု ။ မိဘ လက်ငုတ်လက်ရင်း လယ်စာရင်း ၊ လယ်ကွက်များ ကို များစွာ ပိုင်ဆိုင်ခွင့် ရထား သဖြင့် ဘုရား မသိ ၊ တရား မသိ ၊ သွားမြဲ ... စားမြဲ .. လာမြဲ မြဲ သုံးမြဲ ကို ဦးထိပ်ပန်ဆင် ထား သူ တစ်ဦး ဖြစ်လေသည် ။


မမြဲသော သင်္ခါရ ကို သူ မသိ .. သူ သိသည် က ၊ သူ့ သမီး ၊ အမိမဲ့ သား မဟုတ် အမိမဲ့ သမီး ခပ်ကြီးကြီး ( အသက်အရွယ် ကို ပါ .. ) ( စာကြွင်း ) အင်္ဂလိပ်မျက်နှာနီ ( အရက် သောက်ထားခြင်း ကို ဆိုလို ပါသည် ) ။


◾ကျော်ထူး


📖 ပြုတ်မနူး


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment