အခန်း - ၄
◾ မျက်မှေး
ဘာ ခိုင်းခိုင်း အလွဲလွဲ အချော်ချော် ထန်းရည် မူး လာရင် မျက်လုံး က နဂိုက မရှိရတဲ့ ကြား ထဲ ပို၍ မှေး မှေးသွားသည် ။ အလုပ် အကိုင် က မယ်မယ်ရရ မရှိ ။ အသိဉာဏ် က ခေါင်းပါးသည် ။ မိန်းမ က လည်း လိုချင်သည် မှာ တစ်ပိုင်းသေ ။ မျက်ပေါက် က မှေးမှေး ၊ နဖူး က ပြောင်ပြောင် ၊ ခန္ဓာကိုယ် က ပိန်ပိန်သေးသေး ၊ ဗိုက် က ပူပူ ၊ လမ်း လျှောက် လျှင် လက် နှစ်ဖက် က နောက်ကျော တွ င်အမြဲ ကြက်ခြေခတ် လျှောက် တတ်သူ ။
ည အချိန် မတော် အပြင် မထွက်ရဲ ။ သူ က သရဲ ကြောက်တတ် ၍ မဟုတ် ။ ရွာက ကလေးတွေ က သရဲ ဟု ထင်ကာ ကြောက်ကြသော ကြောင့် မျက်မှေး မှ လွဲ၍ ကျန် လူများ ည ၈ နာရီ ကျော် လျှင် သွားလာ ခွင့် ရသည် ။ အဲဒီလောက် အထိ စန်း ပွင့်သူ ဖြစ်သည် ။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ အိမ် သို့ သွားရောက် လည်ပတ်ခွင့် မရှိရ ဟု အမိန့် ထုတ်ပြန် ထားသူ လည်း ဖြစ်သည် ။ အဘယ်ကြောင့် ဆိုသော် မွေးဖွား လာမည့် ကလေး မှာ သူ့ ပုံစံမျိုး စိတ် စွဲပြီး မွေးဖွားလာမည် ဟု အိမ်ထောင်ရှင် ယောက်ျားများ က ကန့်ကွက် ထားခြင်း ဖြစ်လေသည် ။
ဒီဘက် ခေတ် စကား အရ ပြောရ လျှင် သွား မရှိ လျှင် နေပါစေ ။ ကား ရှိဖို့ လိုတယ် ဟူသော စကား မှာ မျက်မှေး အတွက် ရယ်စရာ ဖြစ်သည် ။ မိန်းကလေး ဘက် မှ သာ တင်တောင်းတာ လက်ခံ .. သွား တင် မဟုတ် ၊ ကား တင် မဟုတ် ဧက ၂ဝဝဝ ကျော် လယ်ကွင်း ၊ နွား ခြောက်ရှဉ်း ၊ ဆန်စက် ၊ ဆီစက် ၊ ပျဉ်ထောင်အိမ် သုံးလုံး ၊ တတ်နိုင်လျှင် သူ့ အဖေ ဦးမျက်ပြူး ပါ ထည့် တောင်းမည် ဟု ရွာအနီး ချောင်းစပ်များ အားလုံး ကို စာ ရေးပြီး တွေ့တွေ့ သမျှ သော သစ်ပင် ၊ အုန်းပင်များ တွင် လိုက် ကပ် ထား လေသည် ။
ရွာ ကာလသားများ က ကောက် ရသော မိန်းကလေး ဓာတ်ပုံ ၊ ပြက္ခဒိန်ပုံများ ကို လည်း လာ ရောင်း သလောက် ဒိုင်ခံ ဝယ်သည် ။ ၄င်း အား ရည်းစားစာ ရေး ပေးခြင်း ဖြင့် အသက်မွေးဝမ်းကျောင်း တစ်ခု ကို လည်း လုပ်ကိုင်သည် ။ တစ်ခါ က လည်း ရှင်လိင်ပြန် ဝေါဟာရ ကို အသုံးချ ပြီး ရွာကာလသား တစ်ဦး က ဘုန်းကြီး ဝတ် ခိုင်းရာ မနည်း ပြန် ချော့ ၍ သင်္ကန်းချွတ် ခိုင်းရ တော့သည် ။ အဘယ်ကြောင့် ဆိုသော် ၄င်း နည်း ကို အသုံးချသော ရွာ ကာလသား ၏ နှမ ဘက် သို့ အရုဏ်ဆွမ်း ၊ နေ့ဆွမ်း ခံရုံတင် မကပေ ၊ ညနေစောင်း ပါ သွား သွား နေ သဖြင့် အခြေအနေ မကောင်းသော ကြောင့် သူ့ ဖခင် ကို အကျိုးအကြောင်း ပြော ပြပြီး ကိုရင် လူ ထွက် ခိုင်းရသည် အထိ ဖြစ်ရလေသည် ။
ဆရာတော်ဘုရား က လည်း
“ ဟဲ့ .. ကိုရင် မျက်ပြူး ညနေပိုင်း စာ မအံဘဲ ၊ ဘယ်ကြွကြွ သွားတာလဲ ”
ဟု မေးရာ ...
“ ကိုရင့် ဒကာမ ၊ မမယ်လှ အိမ် ပါ ဘုရား ”
“ ဟဲ့ ၊ မျက်ပြူး ညနေပိုင်း ဆွမ်းခံ လို့ မရဘူးလေ ”
“ ဆွမ်း မခံပါဘူး ဘုရား ၊ ဟိုဝှာ ခံတာပါ ဘုရား ”
“ ဘာ ၊ ဘာခံတယ် .. ပြန် ပြောစမ်း ”
“ ထန်းလျက် အလှူ သွား ခံတာပါ ဘုရား ... အရှင်ဘုရား က ထန်းလျက် ကြိုက်တယ် မဟုတ်လား ... ဘုရား ။ အဲဒါ အရှင်ဘုရား အတွက် အလှူ သွား သွား ခံတာပါ ”
“ နေစမ်းပါဦး ... မမယ်လှ လှူ လိုက်တဲ့ ထန်းလျက် တစ်ပိဿာ ကျော်ကျော် က ဘယ်ရောက်သွား လို့ တုံး ၊ ငါ့ ကျက်သရေခန်း ထဲ မှာ မဟုတ်လား ... ဟဲ့ .. ကျောင်းသား အောင်မင်းသိမ်း သွား ယူစမ်း .. ”
ကျောင်းသား အောင်မင်းသိမ်း သွား ယူမယ် အလုပ် မှာ ကိုရင်မျက်ပြူး က ...
“ သွား မယူနဲ့ တော့ ၊ မရှိတော့ဘူး ”
“ ဟေ ... ဘာ ဘာဖြစ်လို့ ထန်းလျက်တွေ ကုန်ရတာလဲ မျက်ပြူး ရဲ့ ၊ နင် ပဲ အခန်းသော့ ကိုင်တာ မဟုတ်ဘူးလား ”
ဆိုတော့
“ မှန်လှပါ ... နက်ကျားရယ် ဗိုက် ဆာလို့ သနားလို့ အကုန် ချ ကျွေး လိုက်ပါတယ် ဘုရား ”
အဲဒီ အချိန် မှာ ပဲ ကျောင်း အောက် က ခွေးမ နတ်ကျား ရဲ့ အသံ ကို ဆရာတော် ကြားလိုက်ရတယ် ။
“ ခွီး ရှဲ ရှဲ .. ခွီး ရှဲ ရှဲ ”
“ သွားပါပြီ ၊ သွားပါပြီ ခွေးမ တော့ ကလေးတွေ နဲ့ သား မခွဲရသေးဘူး ၊ ရင်ကျပ် လို့ သေတော့မယ် ... ဟဲ့ မျက်ပြူး ဘယ်နှယ့် လုပ်လိုက်တာတုံး ”
ဆိုတော့ မျက်ပြူး က လက်အုပ်တွေ ချီ ၊ မျက်ရည်တွေ ဝဲ ပြီး ၊
“ မှန်လှပါ ဘုရား .. ပေစိ က ပြောတယ် . . အဲဒီ ထန်းလျက် တွေ မြန်မြန် ကုန် မှ ဒကာမ မမယ်လှ ဆီ မှာ အလှူခံ လို့ ကောင်းမှာ ပါတဲ့ ဘုရား ... ဒါကြောင့် နတ်ကျားမ ကို မကုန် ကုန်အောင် ကျွေး လိုက်ရတာပါ ဘုရား ”
“ ဟေ ကောင်းရောကွာ ... မင်း နှာဘူး ထချင် တာ နဲ့ ငါ့ အကြောင်းပြ ... ထန်းလျက် ခဏခဏ အလှူခံ ထွက် ကြား က ငါ ခွေးလုံးလုံး ဖြစ်နေပြီ သွား .. ဟောဟို က တိုင် မှာ နင် ရော.. ပေစိ ရော သွားကပ် ... ဟဲ့ ကျောင်းသား ကြိမ်လုံး သွားယူခဲ့ ”
“ အရှင်ဘုရား .. အခု မရိုက်ပါနဲ့ဦး ဘုရား ... နောက်မှ ပေါင်း ရိုက်ပါဘုရား ”
ဆိုတော့ ဆရာတော် က ...
“ ဘာဖြစ်လို့ ငါ က ပေါင်း ရိုက်ရမှာလဲ ”
“ ညနေ ညနေ လေးနာရီ ထိုးတော့မယ် ဘုရား .. လေးနာရီ ထိုးရင် မမယ်လှ အိမ် ကို ကြွပါမယ် လို့ တပည့်တော် ပြောထားလို့ပါ ဘုရား ”
“ အံမယ် သေတာတောင် ဝမ်းကျ ရပ်မယ့်ကောင် မဟုတ်ဘူး ... ကိုင်း တဏှာရူး ထ ဦးမလား ဟင် ... နှာဘူးကျ ဦးမလား ဟဲ့ သင်္ကန်း က ဘယ့်နှယ် ရေတွေ စိုနေတာတုံး ”
လို့ ပြောတော့ တစ်ဖက်က တိုင် ကို ဖက် ထားတဲ့ ပေစိ က ..
“ အရှင်ဘုရား အဲဒါ ရေတွေ မဟုတ်ဘူး ... ကိုရင်မျက်မှေး သေးတွေ ပေါက်ချတာပါ ဘုရား ”
“ တောက် သင်္ကန်းတွေ စို ကုန်ပြီ ... ငါ့ ကျောင်း ပေါ် လည်း ပေ ကုန်ပြီ ... ကိုင်းကွာ ... ကိုင်းကွာ ”
တရွှမ်းရွှမ်း နှင့် ရိုက်သံ သည် ဆရာတော် အုန်းမောင်း ခေါက်သည့် အသံ ထက် ပင် သာ နေပါတော့သည် ။
◾ကျော်ထူး
📖 ပြုတ်မနူး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment