အခန်း - ၁၃
“ အဲဒါပဲ ငါ့ သား ... အဲဒါပဲ လူတွေ ရဲ့ မျက်လုံး ... လူတွေ ရဲ့ ပါးစပ်တွေ ဟာ သိပ် ကြောက်စရာ ကောင်း သလို ... သိပ် ချစ်စရာ လည်း ကောင်းတယ်ကွ .. မှတ်ထား ”
ဖြစ်ကြောင်းကုန်စဉ် ကို သိ သွားတဲ့ မျက်မှေး ဟာ မျက်လုံးလေး ပေကလပ် ပေကလပ် နဲ့ ထိုင် နေပြီး ဖြည်းညင်းစွာ မတ်တတ် ရပ် ကာ ဦးမျက်ပြူး ရှေ့ လက်နှစ်ဖက် ကို ယှက်ပြီး ...
“ သား မှားသွားပါတယ် ဖေဖေ ... ”
“ ကောင်းတယ် .. ကောင်းတာ မှ တော်တော်ကြီး ကို ကောင်းတယ် ... အကောင်းဆုံး ထဲ မှာ မှ .. အကောင်းဆုံး စကားလုံး ပဲ .. ကိုယ့် အမှား ကို ဝန်ခံရဲတာ .. ပြောရဲတာ ဟာ .. ”
ဆက် လာမည့် စကားလုံးတွေ ကို ကြိုတင် သိနေတဲ့ မျက်မှေး က ...
“ ဖေဖေ စီစဉ်ထားတာတွေ အဆင်သင့် ဖြစ်ပြီလား ဖေဖေ ”
“ ခေတ် အဆက်ဆက် ထဲ က ခုချိန် ထိ သက်ရှိထင်ရှား နေနိုင်ခြင်း ဟာ အဖေ ရဲ့ အရည်အချင်းပဲ ငါ့ သား .. ”
ထပ်ပြီး စကားကြော ဖြတ် ပြန်သည် ။
“ ဟုတ်ပါတယ် ... ဖေဖေ ရဲ့ အရည်အချင်း ... အစွမ်းအစ ကို သား သိပါတယ် ... ခု သား ပြောနေတာ ဖေဖေ ရဲ့ အစီအစဉ်တွေ အားလုံး အဆင်သင့် ဖြစ်နေပြီလား လို့ ... ”
“ လူတွေ ဟာ တစ်ယောက် နဲ့ တစ်ယောက် မတူကြဘူး လေ .. အားလုံး သာ တူ နေမယ် ဆိုရင် ခံစားမှု ရသ တွေ ဟာ ဘယ် လာ ပေါ်လွင် တော့ မလဲ ငါ့ သား ... ”
မျက်မှေး ဘက် ကို ချာခနဲ လှည့် ကာ ...
“ ဟုတ်တယ်နော် ... ဒီတော့ရယ် .. ရက် မကြာ သန်ဘက်ခါ မှာ ဖေဖေ ဘာ လုပ်မလဲ ဆိုတာ ... တီဗွီဖန်သားပြင် ပေါ် မှာ စောင့် ကြည့်ပါ .. ”
မျက်မှေး က ဖြည်းညင်းစွာ နဲ့ ဒူးထောက် ထိုင်ချ လိုက်ပြီး ...
“ တီဗွီ မှ မရှိတာ ဖေဖေ ရယ် ”
ဦးမျက်ပြူး က ဦးကျောက်လုံး လိုလို ၊ ဦးသိမ်းမောင် လိုလို ၊ ကောလိပ်ဂျင်ဦးနေဝင်း လိုလို ဖက်စပ် အိုက်တင် သုံးမျိုး နဲ့ ...
“ ရှိခြင်း ၊ မရှိခြင်း ဟာ လည်း လုပ်ဆောင်ချက် ပဲ ... တစ်နေ့ တာ သွားလာ ... လှုပ်ရှား ... ”
မျက်မှေး ဘာမှ ပြောနိုင်စွမ်း မရှိတော့ ။ အသာလေး ငုတ်လျှို ၍ လှေကား အတိုင်း အပေါ် ထပ် ကို တက် သွားသည် ။ ဦးမျက်ပြူး က တော့ မျက်လုံး စုံ မှိတ်၍ သူ့ သား ၏ နား ထဲ ဝင် အောင် ဘယ်လို ပြောရမလဲ ဟူသော သုံးသပ်ချက်တွေ နဲ့ စကားလုံးတွေ ရှာဖွေ ၊ တွေးတော ပြီး အောက်ထပ် ၌ တစ်ဦး တည်း အရူးကြီး ပမာ ကျန်ခဲ့ပါတော့တယ် ။
◾ကျော်ထူး
📖 ပြုတ်မနူး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment