❝ ငါ မသေဘူး ရေ ကူးတတ်တယ် ❞
၂၀၀၃ ခုနှစ် မတ်လ ၁၄ ရက် နေ့ က အောင်လံမြို့ မြောက်ပိုင်း ရှေ့ဆောင်ပွဲရုံ သို့ ရောက်သော အခါ ... ။
“ ပာာ ... ပော့ကောင် ငစံ ၊ မင်း ဘယ်လို လုပ် လိုက်တာလဲ ”
“ အဆင် ပြောင်း မလို့လေ ကွာ ”
“ ဘယ်လို အဆင် ပြောင်း မှာလဲ ပာ ၊ လင်းစမ်းပါဦး ”
“ ဒီ အတိုင်း လက်မှိုင်ချ ပြီး ငုတ်တုတ် ထိုင် နေမယ့် အစား အဆင် ပြောင်းတာ ကောင်းလိမ့်မယ် ဆိုပြီး ဆော်လိုက်တာပဲကွာ ”
ထိုနေ့ က ပဲစင်းငုံ တစ်တင်း ၅၅၀ဝ ကျပ် ပေါက် လေ၏ ။ ၆၂၀ဝ နဲ့ ထည့် ခဲ့သော ပဲစင်းငုံအိတ် ၂၀ဝ ( တင်း ၃၀၀ ) ကို ဖိုးစံ သည် တစ်တင်း ၇၀ဝ အရှုံး ခံ ၍ ၅၅၀ဝ ကျပ် နှင့် ရောင်း လေသည် ။ ဖေဖော်ဝါရီ ( ၇ ) ရက် နေ့ က တစ်တင်း ၉၀၀ဝ ကျပ် ဖြစ်စဉ် က မရောင်းဖြစ် လိုက်ပါ ။
“ ဒီလိုကွာ ၉၀၀ဝ ဖြစ်တုန်း က မရောင်း မိ ၊ ခုတိုင်း ရောင်းမယ် ဆိုလည်း ရှုံး နေ ၊ ဒါပေမယ့် ခု လောလောဆယ် အရှုံးကို ကာ မိ ဖို့ ငါ အကြံ တစ်ခု ရတယ်ကွ ”
“ အဲ ... လုပ်စမ်း ”
“ အခု ... ငါ ဆီစက် ခပ်သေးသေး တစ်လုံး လည် နေတာ ရှိတယ် မဟုတ်လား ၊ အဲဒါကို အကြီး ဖြစ်အောင် လုပ်မယ် ၊ ဒါမှမဟုတ် အသေး တစ်လုံး ထပ် ဆင်မယ်ကွာ ၊ စက် တစ်လုံး တောင် ထပ် မှာပြီး နေပြီ ”
“ ပော ... တယ်ဟုတ်ပါလား ”
ကျွန်တော် သူ့ အကြံ ကို သဘောကျ သွား၏ ။ ဂိုထောင် ထဲ မှာ ကျဈေး နဲ့ ပိတ်မိ နေသော ပဲစင်းငုံများ ကို ထုတ် ရောင်းပြီး ငွေ ရပေါက် တစ်ခု ဖြစ်အောင် ဖန်ဆင်းခြင်း ဖြစ်လေ၏ ။ ဖိုးစံ ကား ကျွန်တော်တို့ အထဲ တွင် ဦးနှောက် အလွန် ပြေး သူ ဖြစ်ပါ၏ ။ ဖိုးစံ ကား ကျွန်တော့် အိမ် မှ မြေကြွက်များ ကဲ့သို့ အလွန် ဉာဏ် ကောင်းသူ ဖြစ်ပါ၏ ။ ကျွန်တော် သည် နှစ်စဉ် ဩဂုတ်လ မြေပဲတောင့် အသစ် ပေါ်သည် မှ စ၍ ပဲတောင့်များ ဝယ် ရသည် ။ မြေပဲတောင့် လှော် ၍ ရောင်းသည် ။ မြေပဲတောင့် အစိုများ ကို နေ လှန်း ရသည် ။ ပဲတောင့်များ နေ လှန်း သော အခါ ပထမ တစ်ရက် နှစ်ရက် ၁၀ - ၉ ရက် ထိ မြေကြွက်များ ရောက် မလာသေး ။ ၁၄ - ၅ ရက် လှန်း မိသော အခါ သူတို့ ရောက် လာပြီ ။ မြေပဲတောင့်များ ကို ဆွဲ စားကြလေပြီ ။ လူ လစ်ပြီ ဆိုပါ က ပဲလှန်းဖျာ ပေါ် တက်ပြီး ဗြောင် ချီ လေသည် ။ ပဲတောင့်များ သယ် လေသည် ။ ကြည့်စမ်း ။ ဖျာ အောက်နားလေး က မြေကြီး ထဲ မှာ သူ့ တွင်းဝ ဗျာ့ ။
ကျွန်တော် ပဲ လှန်းတာ သူတို့ ဘယ်လို သိပါလိမ့် ၊ နှာခေါင်း ခင်ဗျာ့ ၊ နှာခေါင်း က သိ သွားတာ ။ မြေပဲ ဆိုတာ ကြွက် အလွန် ကြိုက် တဲ့ အစာ ကလား ခင်ဗျာ ။ တော ထဲ မြေပဲခင်း မှာ ဆို တွင်းအောင်းပြီး မြေကြီး ထဲ က ပဲတောင့်တွေ ကို စား စား ပစ်ကြတာ ။
“ ကျွန်တော် ပဲ လှန်း ၊ သူတို့ ပဲ အနံ့ ရပြီ ဆို တော့ မြေကြီး ထဲ က နေ တွင်း ဖောက်ပြီး ပဲတောင့် ဆီ အရောက် လာကြတာ ဗျို့ ။ ဖျာ အောက် တည့်တည့် ကို ရောက် အောင် တွင်းဖောက် ထားတာ ။ တစ်ခါတလေ ပဲ လှန်း တဲ့ ဖျာ တောင် အောက် က နေ တဂျစ်ဂျစ် နဲ့ ကိုက် နေလိုက်သေး ဗျာ ။ မြေပဲ တွေ လှမ်း ပြီးပြီ ။ ပဲတောင့်တွေ ခြောက်ပြီ ၊ လေးတင်း ဝင် အိတ်တွေ နဲ့ ထည့် ချုပ် ၊ ထပ် ထား လိုက်ပြီ ၊ သံမံတလင်း ပေါ် မှာ ။ သိပ် မကြာဘူး ဗျို့ ။ သံမံတလင်း နှုတ်ခမ်း အစပ် မှာ ကြွက်ကျစ်စာ တွေ တွေ့ ရပြီ ။ ကြွက်တွင်း ရောက် လာပြီ ။ ဟိုး အဝေးကြီး က နေ သည် အရောက် ဖောက် လာတာဗျို့ ။ ညမှောင်မှောင် လူ အလစ် ၊ ခွေး အလစ် ၊ ကြောင် အလစ် မှာ လှစ်ခနဲ ထွက် လာပြီ ။ ကျွန်တော့် ပဲအိတ် တွေ ဖောက်ကြ ပြန်ပြီ ဗျာ ။ အမလေး သည် ကြွက် မလွယ်ပါလား နော် ။
ဖိုးစံ ကား ကျွန်တော့် မိတ်ဆွေ တရုတ်ကြီး လင်မယား နှစ်ယောက် ကဲ့သို့ ဘဝ ကို သတ္တိ ရှိရှိ ရင်ဆိုင် ရဲသူ ဖြစ်ပါ၏ ။
မှတ်မှတ်ရရ ၁၉၇၂ ခုနှစ် က ဗျာ ၊ ကျွန်တော် ကြည့်မြင့်တိုင် ညဈေးနား ကပ် နေတဲ့ ရေတွင်းကုန်း မှာ အိမ်ကလေး တစ်လုံး ဝယ်တယ် ၊ ပျဉ်ထောင် သွပ်မိုး အိမ်ကလေး ၊ ရေမီး အစုံ ၊ ငွေ တစ်သောင်း ပဲ ပေး ရတယ် ။ တစ်သောင်း ဆို လို့ ပေါ့သေးသေး မထင်နဲ့ ။ အဲသည် တုန်း က ရွှေ တစ်ကျပ်သား မှ ၄၀ဝ ရယ် ။ အိမ် ဝယ် ပြီး မကြာဘူး ဗျို့ ။ ည ၁၁ နာရီ လောက်ကြီး ကြည့်မြင့်တိုင် ညဈေးနား က တရုတ်ကြီး လက်ဖက်ရည်ဆိုင် မီး လောင်ပါလေ ရော ။ မီးသတ်ကားတွေ လေးဖက် လေးတန် က ညှပ် ပက် ၊ ကြည့်မြင့်တိုင် ညဈေး က ရေ လည်း ပေါ တော့ သူ့ ဆိုင် တစ်ဆိုင် ပဲ မီး သင့်တယ် ။ ဘေး အိမ်တွေ မကူးဘူး ဗျာ ။ နောက် နေ့ မနက် ကျ တော့ တရုတ်ကြီး လင်မယား မီးလောင်ပြင် မှာ ကုန်းကုန်းကွကွ ဟိုပာာ သည်ပာာ လိုက် ကောက် နေတာ တွေ့ရတာပဲ ။ သုံးလ လောက် ပဲ ကြာမယ် ထင်တယ် ။ မီးသင့် ထားတဲ့ တိုင် တွေ ထိုးထိုးထောင်ထောင် မည်းမည်းမှောင်မှောင် ကြား ထဲ မှာ တဲ ထိုးပြီး လက်ဖက်ရည်ဆိုင် ပြန် ဖွင့် နေပြီ ဗျာ ။ မကြာဘူးဗျို့ လက်ဖက်ရည်ဆိုင် အလုပ် လည်း ပြန်ပြီး တန်းမိ လာတယ် ။ မုန့်ဆိုင် မှာ ဆို လည်း ဖောက်သည်တွေ နဲ့ သီး နေပြီ ဗျာ ။ အာဂ လင်မယား ဗျာ ။ အလုပ် လုပ် ဖို့ လူ ဖြစ်လာတယ် လို့ များ ခံယူ ထား လေရော့လား မသိ ၊ အဲသည် မြင်ကွင်း ကို သည် နေ့ ထိ စိတ်မျက်စိ ထဲ မှာ မြင်ယောင် နေတုန်းပဲ ဗျာ ။
ဖိုးစံ ပာာ ကျွန်တော်တို့ ငယ်ငယ် က လက်ဆော့ ခဲ့ကြတဲ့ တောင်ပို့ က ခြကလေးတွေ နဲ့ လည်း တူတယ်ဗျာ ။
ကျွန်တော်တို့ ငယ်ငယ် က အောင်လံမြို့နယ် ၊ ဆက်ဆူဝရွာ မှာ နွား ကျောင်း ကြရတယ် ။ နွားတွေ လွတ်ထား ၊ လုပ်ခင်း ကိုင်ခင်း ထဲ ဝင် မစား အောင် လိုက် လှည့် ၊ တုတ်ကလေး လက် က ကိုင် ၊ ဓားမတိုလေး ခါး ထိုး လို့ ။ လယ်ကမ်းပါး က ခြတောင်ပို့ ဆို တာ တော့ ကျွန်တော့် တို့ နှိပ်စက် ခံဖို့ ဖြစ်တည် လာရ သလိုပဲ ။ ဟို ကောင် က ခေါက် ၊ သည် ကောင် က ထု ၊ ကျွန်တော်တို့ ပြန်ပြီ ဆို သူ့ ခမျာ တုံးလုံးပတ်ခေါက် ၊ မရှုရက်စရာ ဗျာ ။ အဲသည် နောက် နှစ်ရက် ၊ သုံးရက် ကြာ အဲသည် နေရာ ပြန် ရောက် ၊ အပေါက် တွေ ပိတ်ဆို့ ၊ အချွန်အတက် တွေ ထွက် ၊ ပောာ ပီပီပြင်ပြင် လှတပတ ၊ ခြတောင်ပို့ကလေး တစ်ခု ဖြစ်နေ ပြန်ပါပြီ ဗျာ ။
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment