❝ ကံမကောင်းခြင်းသည် ကံကောင်းခြင်းပေတည်း ❞
“ အလှုဖိတ်စာ လာပို့တာ ၊ ဆက်ဆက် လာခဲ့နော် ”
“ ပာင် ခင်ဗျား ကိုယ်တိုင်ကြီး တကူးတက ဗျာ ”
“ လူရင်း လည်း လူရင်း ဆရာသမား လည်း ဖြစ်တာ မို့ အထူး ဦးစားပေးပေါ့ ဗျာ ”
ပွဲစားကိုကံမြင့် ကိုယ်တိုင် မော်တော်ဆိုင်ကယ်ကြီး နဲ့ ဗြီးခနဲ ပေါက်ချ လာပြီး ဖိတ်စာ ပို့ သွားလေ၏ ။ ဖတ် ကြည့် လိုက်တော့ တူတွေ သားတွေ ကို ရှင်ပြု ၊ သမီးကလေး ကို နားထွင်း ၊ သူ ကိုယ်တိုင် ဒုလ္လဘရပာန်း ဝတ်မည့် အစီအစဉ် ခင်ဗျာ ။ ဖိတ်စာ က လည်း ခံ့ညားသားနား ပါတယ် ။ ဖိတ်စာ တစ်စောင် ကျပ် ၁၀ဝ ကျော် လိမ့်မယ် ထင်တယ် ။
“ ပော ... တယ် ဟုတ်ပါလား ”
ကျွန်တော့် လက် ထဲ မှ ဖိတ်စာ ကို ယူ ဖတ် ကြည့် ပြီး နောက် သမီး က သတင်းပေး လေ၏ ။
“ သူများ တွေ တော့ ချမ်းသာ ပြီး ရင်း ချမ်းသာ ပဲ ပော့ ၊ နာမည် ကံမြင့် ဆို တဲ့ အတိုင်း
ကံ လည်း ကောင်းပါ့ကွာ ”
“ အဖေ ကော ထီ ထိုး ကြည့်ပါလား ”
“ ပာယ် ... ငါ က ကံ မကောင်းဘူးပာ သမီး ရ ”
အမှန်ပဲ ခင်ဗျာ့ ၊ ကျွန်တော် ကံ ကောင်းသူ မဟုတ်ပါ ၊ ကံတိုက် အလုပ် နဲ့ ကျွန်တော် နဲ့ လုံးဝ ကံ မစပ်ပါ ခင်ဗျာ ။ ကျွန်တော် ငယ်ငယ်တုန်း က ၁ဝ နှစ် ၁၂ နှစ်သား တုန်း က အင်းပေါက်ရွာ အနီး အင်ကြင်းပင် ဘုန်းကြီးကျောင်း တွင် နေရ လေ ရာ ဆရာတော် ခရီး ရက်ရှည် ထွက်သော အခါ ကျွန်တော်တို့ ကျောင်းသားကလေးများ ဖဲ ရိုက် ကြလေ၏ ။ မီးခြစ်ဆံ တမ်း ရိုက် ကြတာ ခင်ဗျာ့ ။ လေးငါးည မိုးအလင်း ဆက်တိုက် ရိုက် ကြတာ ဗျာ ။ သစ်သားမီးခြစ် တစ်ဘူး မှ ငါးပြား ပေးရတာ ဗျာ ၊ ဒါတောင် လေးငါးကျပ်ဖိုး ရှုံးတယ် ။ ရှုံး တဲ့ အပြင် ဆရာတော် က ပြန် အရောက် မှာ သတင်း ပေါက်ကြား သွားလို့ ကြိမ်လုံး နဲ့ ဆော် လို့ ကျော ကော့ အောင် ခံလိုက်ရပါသေးဗျာ ။
အဲသည် ကောင်းကျိုး မပေး တဲ့ ဖဲ ပဲ ခင်ဗျာ့ ။ ကျွန်တော် ရန်ကုန် မှာ အလုပ် ရ ၊ ဘော်ဒါ မှာ နေရ တော့ သူငယ်ချင်းတွေ စုပြီး ဖဲရိုက် ၊ ရှုံးပြန်တာပဲ ခင်ဗျာ ။
ထိုမှ တဖန် ၁၉၇၇ ခုနှစ် ရန်ကုန် မှ အောင်လံ ပြန် ရောက် ၊ ရန်ကုန် က အိမ်ကလေး ရောင်း လို့ ရ တဲ့ ငွေ နဲ့ နှမ်း တစ်တင်း ၂၄၅ ကျပ် နဲ့ နှမ်းတင်း ၂၀ဝ ဝယ် လှောင် ထားလိုက် ပါတယ် ။ ဝါဆို ၊ ဝါခေါင် နှမ်း လက်ကျန် ပြတ်ခါ နီး နှမ်း ရှား ချိန် မှာ ထုတ် ရောင်း လိုက်ပါတယ် ။ ဘယ် မတုံး တစ်တင်း ၁၅၅ ကျပ် မှ အနိုင်နိုင်ရယ် ဗျာ ။ သည် နှစ် ပဲတီစိမ်း ပေါ်စ က ပဲတီစိမ်း
ဝယ် ထည့် ထား လိုက် ပါတယ် ။ ရှုံးပြန်တာပဲ ဗျို့ ။ ရှုံး တာ မမှတ်သေးဘူး ၊ ၂၀၀၃ ခုနှစ် ဇန်နဝါရီ လဆန်း က ပဲစင်းငုံ တစ်တင်း ၆၂၀ဝ ကျပ် နဲ့ တင်း တစ်ရာ ဝယ် ထည့် ထားလိုက် ပါတယ် ။ ဖေဖော်ဝါရီ ၇ ရက် နေ့ ၉၀၀ဝ ကျပ် ဈေး ဖြစ်တော့ မရောင်းမိ ၊ လောဘ က တစ်သောင်း ကို မှန်း နေ သကိုးဗျာ့ ၊ တစ်သောင်း မရောက်ဘူး ဗျို့ ၊ ပြုတ်ပြုတ် ကျ လာ လိုက်တာ သည် နေ့ ( မတ်၂၀ ) တစ်တင်း ၅၅၀ဝ ပါတဲ့ ဗျာ ၊ ရှုံးပြန်ပြီ သည် တစ်ချီ ။
ပဲတောင့်ကလေး လှော် ရောင်း ပြန် တော့လည်း အခု မျက်ခုံး လှုပ် နေရတယ်ဗျာ ။ ဖောက်သည် ယူ ရောင်းတဲ့ လူ က နှစ်သိန်းဖိုး အကြွေး မဆပ်သေးလို့ ရမလား မရဘူးလား မသိသေးဘူး ဗျာ ။
“ အဲဒါ ကံကောင်းတာပေါ့ မောင် ရယ် ”
“ ပာာကွာ ... ဘယ်တုန်း က မှ ကံ မကောင်းတဲ့ ကောင် ကို ကံကောင်းတယ် လို့ မင်း ပဲ ပြောရက်ပလေကွာ ”
ကျွန်တော် က ကျွန်တော့် မိန်းမ ခင်မိငယ် ကို ပြန် ပက်တယ် ခင်ဗျာ ။
“ မိငယ် က ရွဲ့ ပြောတာ မဟုတ်ဘူး ၊ ဒဲ့ ပြောနေတာ ”
“ ဘယ်လိုကွ ”
“ တည့်တည့် ပြောတာပဲလေ ၊ မောင် က တစ်ကြိမ် မှ ကံ မကောင်းခဲ့ဘူး မဟုတ်လား ၊ အဲဒီတော့ မောင် တို့ မိငယ် တို့ က ကံ ကို ထိုင်စောင့် မနေတော့ဘဲ အလုပ် ကို ပဲ သဲမဲ လုပ် တော့ အမြဲ ကံ ကောင်း နေတယ်လေ ”
“ အေး အဲဒီလို ပြောတော့ လည်း ဟုတ်ပြန်တာပဲကွ ”
မိငယ် ပြောတာ အမှန်ပဲ ခင်ဗျာ့ ၊ ထီ လည်း မပေါက် ၊ ဖဲ လည်း မနိုင် ၊ ကုန်လှောင် လည်း ရှုံး ဘယ်ဘက် က မှ ပာန် မကျတော့ ကျွန်တော် တို့ မိသားစု ပာာ သေချာပေါက် ပိုက်ဆံ ရမယ့် အလုပ် ၊ မြေပဲဆားလှော်လေး ပဲ အမြဲ လှော်ခတ် နေကြတော့
နေ့စဉ် ဝင်ငွေ ရပြီး အမြဲ ကံ ကောင်း နေကြတယ် ခင်ဗျာ့ ။
ဪ ... ကံ မကောင်းခြင်းသည် ပင် လျှင် ကံ ကောင်း ဖို့ အကြောင်း ဖန် လာလေသည် တကား ။
အားလုံး ကံကောင်းကြပါစေ ။
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment