Showing posts with label ဆောင်ကြာမြိုင်မှတ်တမ်း. Show all posts
Showing posts with label ဆောင်ကြာမြိုင်မှတ်တမ်း. Show all posts

Sunday, December 5, 2021

ဆောင်ကြာမြိုင်မှတ်တမ်း 09


 “ အိုသာအိုသည် ၊ လူပျိုသာရကဲ ၊ ဘိုးအိုမီးလန် ၊ သူငယ်ပြန်သည် ၊ ဆယ်တန်သူ့ထက်ကဲလိမ့် ... ” 


          ◾ မန်လည်ဆရာတော်


❝ တံလျှပ်  ကို ရေထင်၍ ❞


တဏှာပေမ သမုဒယ တို့သည် မင်းတရားကြီးဘုရား အား လောဘ နှင့် ဒေါသ တို့ကို ဖြစ်ပွားစေခဲ့ပါလေသည် ။


မင်္ဂလာတရား ကို အလိုရှိသော သူတော်စင် တို့သည် ပစ္စုပ္ပန်တည့်တည့် ကိုသာ ရှုလေ့ရှိမှန်း ဘဝရှင်မင်းတရားကြီးဘုရား သိပါသည် ။ သို့ သိပင် သိ ငြားသော်လည်း အတိတ် ကို အတိတ် တွင် မထားနိုင်ခဲ့သဖြင့် ထိုအတိတ် မှ အရိပ် ၏ ဖမ်းစားမှုကြောင့် မင်းတရားကြီးဘုရား ရွှေစိတ်တော်ငြို အလိုတော်မကျ ဖြစ်နေရပါသည် ။


ဘောင်းတော်ညိမ့် လျှင် စိတ်တော် သိ ကြရသည့် ဝန်ကြီးများ ၊ အတွင်းဝန်များ ၊ လက်စွဲတော်ကြီးများ သည် မင်းတရားကြီးဘုရား ၏ အလို ဆန္ဒတော်တို့ကို အစွမ်းကုန် ကြိုးစား ဖြည့်စွမ်းကြဘို့ သူ့ ထက် ငါ

အလုအယက် လုံးပမ်းနေကြပါသည် ။ ထိုအဖြစ်မျိုးကို မလိုလားကြသော ကင်းဝန်မင်းကြီး ဦးကောင်း နှင့်

ရွှေပြည်ဝန်ကြီး ဦးဖိုးလှိုင် တို့က လက်စွဲတော်ကြီး ဦးရွှေမောင်ကြီး အား မင်းတရားကြီး ဘုရား ကို သတိတော်  မဆက်ရကောင်းလား ဟု ကြီမ်းမောင်း မာန်မဲနေကြပါသည် ။ စီးသော ရေကို ဆည်တန့်သည့်

ကန်သင်း သဘော နှင့် ဆူပူကြိမ်းမောင်းနေကြရပေမင့် ပညာရှိကြီးများ ပီပီ မင်းကြီးဦးကောင်း ရော ရွှေပြည်ဝန်ကြီး ဦးဖိုးလှိုင် တို့ပါ တားဆီး၍ ရမည် မဟုတ်ကြောင်း ကိုတော့ သိကြပါသည် ။


အနုသယ ကို ကိလေသာ က အပယ်ခံသည့် အဖြစ်ကား ရင်နင့်စရာ ကောင်းလှသည်ဟု ပညာရှိ

ဝန်ကြီးများ သိရှိကြသော်လည်း ပြင်းပြစွာ တောက်လောင်မြိုက်ဆဲဖြစ်သော  ကိလေသာ အပူမီး ကို

ရုတ်ခြည်း အေးငြိမ်းစေရန် မတတ်နိုင်ကြသေးပါ ။ တဖြည်းဖြည်းမှ အခါအခွင့်ကို ကြည့်၍ တင်လျောက်

ကြရန် တိုင်ပင်ထားကြပါလေသည် ။ အရိပ်သုံးပါး နားမလည်ပါ က မရဏလမ်း သို့ အချိန်မရွေး

ဖြတ်လမ်းက မြန်နိုင်သည့် အခါသမယပင် ဖြစ်ပါလေသသည် ။


ပင်းတလဲစား ဦးရွှေမောင်ကြီး လည်း ကင်းဝန်မင်း နှင့် ရွှေပြည်ဝန်ကြီး တို့ မကြာမကြာ မင်းတရားကြီးဘုရား  အတွက်နှင့် ပက်သက်၍ ဆူပူကြိမ်းမောင်းခြင်းခံရသည်က တကြောင်း ၊ ၎င်း ကိုယ်တိုင် စောင့်ရှောက် ထိန်းသိမ်းနေရသည့် ဆောင်တော်ကူးမှတ်တမ်းတွင် ပါဝန်နေသော မိဖုရားများ အဆောင်တော်ကူး ရက်များ  ပျက်ကွက် တိမ်းချောက်လာခဲ့သည်မှာ ၂ - လကျော် သုံးလ နီးပါးမျှ ရှိနေသည်ဟု တကြောင်းကြောင့်  မင်းတရားကြီးဘုရားအား တင်လျှောက် စူးစမ်းတော် မူရန် အခါအခွင့် ကို စောင့်နေဆဲတွင် နေ့ညီလာခံ အနားယူရာ ပန်းခုံတော် အုတ်တိုက်သို့ မင်းတရားကြီး ဝင်ရောက် ခစားပါလေသည် ။


မင်းတရားကြီးဘုရား အပါးတော် ရောက်ရှိပြီးနောက် ခြေတော်ဦးခိုက်ခါ ရွှေနားတော်သို့ တင်လျှောက်ပါသည် ။


“ မှန်လှပါ မင်းတရားကြီးဘုရား၏ ညစဉ်အဆာင်တော် ကူးမှတ်တမ်းအရ မိဖုရားများ၏ အဆောင်တော်သို့ မကြွချီမူဘဲ ရှိနေခဲ့သည်မှာ ရက်လပင်အတန်ငယ်ကြာညောင်း၍  ပျက်ကွက်ခြင်းရှိခဲ့သည်တို့ကို ကျွန်တော်မျိုးကြီး အား အလှည့်ကျ မိဖုရားများ အမေးတော် ရှိနေကြောင်းပါဘုရား ” 


“ ဟုတ်ပေသဗျ ၊ ဟုတ်ပေသဗျ ငါကိုယ်တော် မြတ်ကြီးရွှေစိတ်တော်တွင်းဝယ် ထူးခြားသည့် ချဉ်ခြင်းအာသာဓါတ်ကြောင့် မိဖုရားများ အဆောင်တော် နှင့် လမ်းစပြတ် နေရခြင်းပေကပဲ ငမောင်ကြီးရဲ့ ” 


“ မိဖုရားကြီးများ ရွှေနားတော် သို့  မည်သို့သော အကြောင်း ပြချက် ကို ကျွန်တော်မျိုးကြီး တင်ကြား

လျှောက်ထားရပါမည် မင်းတရားကြီးဘုရား ” 


“ သည်လိုပ ငမောင်ကြီးရ ငါ ကိုယ်တော်မြတ် စိတ်ဝမ်းတော်ဝယ် သိန္နီမင်းသမီးလေး ကိုသာ စွဲလမ်းတော် မူမိသည်ကြောင့် သိန္နီမင်းသမီးတော် နဲ့ ပဲ မွေ့လျော်နေမိတယ် ၊ ငမောင်ကြီး ရယ့် သိန္နီမင်းသမီးလေး ဟာ  အသက်ပင် ငယ်သော်လဲ ငါ ကိုယ်တော်မြတ်ကြီး အလိုတော်လိုက် အကြိုက်ဆောင်နိုင်ပေသဟဲ့ ” 


“ မှန်တော်မူပါသည်ဘုရား ၊ စိမ်းပေါင်းမုန့် နှင့် မုန့်ပျားသလက် တို့သည် ဆန့်မှုန့်ညက်ချည်းဖြင့် ပြုလုပ်ထားကြပါသည်ဘုရား ၊ ထို့အတူ  သုံးဆယ်နှစ် ကောဋ္ဌာသ အစုအဝေး ချင်း တူသည့် မိန်းမသားချင်းများ ဖြစ်ပါ၍ သိန္နီမင်းသမီးလေးဘုရား နှင့် အသျှင် ၏ မိဖုရားကြီး များလည်း တူညီကြောင်း ရွှေနားတော်   ဆက်သပါသည်ဘုရား ” 


“ ပြောမယုံ ကြုံဘူးမှ သိမဗျ ၊ ငမောင်ကြီး ရာ နင်က ငါ ကိုယ်တော်မြတ်ကြီး ကို တရားပြနေသည် ထင်ပ ” 


“ သည်းခံတော်မူပါဘုရား ၊ ကျွန်တော်မျိုးကြီး ဘဝရှင် မင်းတရားကြီးဘုရား ကို ကျောင်းထိုင် ကျမ်းတတ်ဆရာတော်ဘုရားကြီး ကို စာသင်ပြ ပေးနေသည့် ကျောင်းသားသူငယ်သဘောမျိုး မဟုတ်ရကြောင်းပါ ဘုရား ၊ ကျွန်တော်မျိုးကြီး တင်လျှောက်ရခြင်းမှာလည်း မိဖုရားကြီးများ ၏ မျက်မိန့်တော် ရှမည်ကို စိုးရိမ်နှောင်းလို့  ကြောင့်ကြတော် မူမိသည်ကြောင့်ပါဘုရား ” 


“ သဟာလိုဖြင့်  ရှိပေစေတော့ ၊ နင်မသိသေးသည် ဆိုသည်လဲ ပြောရမည်ပ ၊ လက်ထက်မင်္ဂလာပွဲ ဆင်နွှဲကာနီး  ညီတော်မင်းနန် ကို မြတ်စွာဘုသခင်ကိုယ်တော်မြတ်ကြီး ဂရုဏာထားတော်မူ၍ ချွတ်တော်မူရန် ခေါ်ဆောင်သွားစဉ် လမ်းခရီး  မျောက်မကြီး ကို ပြပြီး သတို့သမီး ဘဒ္ဒကလျာဏီမင်းသမီးလေး နဲ့ သည် မျောက်မ ဘယ်သူက လှသနည်း  ညီတော် ဟု အမေးတော် ရှိသည့်အတွက် ညီတော်  မင်းနန်စိတ်ဝယ် ဘုရားသခင်အပေါ်  စိတ်တော်ခုသွားသည်ဘဲ ငမောင်ကြီးရဲ့ ”  


“ မှန်လှပါ လူ့လောကဝယ် အလှကြွယ်သည် ဟု တင်စားနေရသည့် ဘဒ္ဒကလျာဏီမင်းသမီးလေး နှင့် မျောက်မ  နှိုင်းယှဉ်ပြသသည့် အတွက် ဘုရားသခင် ကိုယ်တော်မြတ်ကြီးအပေါ် ညီတော်မင်းနန် စိတ်ကွက်ရခြင်း ဖြစ်ပါသည်ဘုရား ” 


“ အိမ်း - အဲသည်အချိန် က ညီတော်မင်းနန် ဟာ ကလျာဏီမင်းသမီး ထက် ချောသည် ၊ လှသည် များ ကို မမြင်ဘူးသေးကဘဲ ငမောင်ကြီး ရဲ့ ၊ သဟာကြောင့် မျောက်မ နှင့် နှိုင်းရက်လေခြင်းဟု စွဲထင်တော်မူသည်ကို သိရှိလေတဲ့ မြတ်စွာဘုရားသခင် ဟာ ညီတော် မင်းနန် ကို နတ်ပြည် ခြောက်ထပ်ဆွမ်းခံခေါ် သွားတော်မူသည့် အခါကျမှ နတ်သမီးတွေကို  မြင်တွေ့တဲ့ ညီတော်မင်းနန် ဟာ နတ်သမီးတွေ ရဲ့ အလှကွန်ယက် မှင်သက်မိပြီး တွေဝေငေးနေတဲ့အခါ မေးတော်မူတဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို “ ဘဒ္ဒကလျာ ဟာ သည် နတ်သမီးများ နှင့် တုယှဉ်ပါလျှင် မျောက်မကြီး လိုသာ ဖြစ်ပါသည်ဘုရား ” ဟု တင်လျှောက်သည့် ပုံပမာအတိုင်း ငါ့ မိဖုရား တွေကိုလဲ သိန္နီမင်းသမီးလေး နှင့် ယှဉ်နှိုင်းကြည့်မိသည့် အကြောင်းအချက်ကြောင့် ဆောင်တော်ကူးရက် ပျက်ကွက်ရသည်ပ ငမောင်ကြီးရ ” 


မင်းတရားဘုရားလည်း ဦးရွှေမောင်ကြီး အား စိတ်ရှည်လက်ရှည် ရှင်းလင်းမိန့်တော်မူပါသည် ။ ကြားရသည့်စကားများကို  ဦးရွှေမောင်ကြီး လည်း သက်ပြင်းချရင်း ငြိမ်သက်စွာ နားထောင်ရန်မှတပါး အခြားမရှိပါ ။ မိကျောင်းမင်း  ရေကင်းပြသည့် အလား ၊ ဆရားတော်ကို စာချမိသော ကျောင်းသား သူငယ် ကဲ့သို့  နှုတ်ဆိတ်နေရပါလေသည် ။ မင်းတရားကြီးဘုရား  ဖြစ်ပျက်နေပုံ အလုံးစုံကို ရိပ်စားမိကြသော ပါးနပ်လိမ်မာလှကြသည့် မိဖုရားဖြစ်သော စိန်တုန်းမိဖုရား နှင့် ဆင်ဖြူမရှင် အလယ်နန်းမတော်ကြီး တို့ ခေါင်းချင်းရိုက် တိုင်ပင်နေသည် တို့ကိုလည်း ဦးရွှေမောင်ကြီး စဉ်းစားမိလာပါတော့သည် ။


စိန်တုန်းမိဖုရားကြီး ၏ အမြင်တွင် ဘဝရှင် မင်းတရားကြီးဘုရား သည် ရတနာပုံနေပြည်တော် နှင့် မင်းတရားကြီးဘုရား စိုးပိုင် အုပ်ချုပ်နေသော နယ်ပယ်ဒေသများမှ လာရောက်ဆက်သကြသော မင်းသမီးများ ၊ ကိုယ်လုပ်တော်မောင်းများ ၊ မြို့စား နယ်စား ၊ သူဌေး သူကြွယ် တို့၏  သမီးများအားလုံးတို့သည် ကုမ္မာရီ အရွယ်  ( ၁၆ ) နှစ်ကျော်တွေ ချည့်သာ ဖြစ်နေပေသည် ။ ယခု သိန္နီစော်ဘွားကြီးလာရောက်ဆက်သသည့် မင်းသမီးလေးမှာ တခြားတပါးသော  မိန်းမှများနှင့်  ရုပ်ရည်ရှုပကာ မည်သို့မျှ မထူးခြား ၊ မကွာခြားသောလည်း အရွယ်တော်မှာ  ကွာခြားနေပေသည် ။ ဂေါရီအရွယ်နှင့် ကုမ္မာရီဖြစ်နေပါသည် ။ ကုမ္မာရီများ သည် အသက်အရွယ်  အနည်းငယ်ကြီးလာသည့် အတွက် စဉ်းစားတတ်လာပေသည် ။ အရှက်လည်း ရှိမည် ၊ အကြောက်လည်း ရှိမည် ။ ဂေါရီအရွယ် သည် ကလေးမျှပင် ဖြစ်၍ အရှက်မရှိနိုင် ၊ မစဉ်းစားတတ်၍ စိုးရိမ်စိတ်ကြောက်လန့်စိတ်ကလည်း  ကင်းပေမည် ။ ထိုသို့နုငယ် သူကလေးများကို  ကြိုက်သလို ပုံစံသွင်းယူလျှင် လွယ်ကူပေမည် ။ သည်အကြောင်းများကြောင့် မင်းတရားကြီးဘုရား ရွှေစိတ်တော်တွင် ထူခြားသည်ဟု ထင်မှတ်တော်မူပေသည် ။ ထိုသို့ ထင်မှတ်တော်မူနေသည့် စိတ်ထားကို ကွဲပြားခြားနားသွားရန် ပြသနိုင်ဘို့ တခြားနည်းလမ်းများထက်   လွယ်ကူသော နည်းလမ်းမှာ ဂေါရီအရွယ်တိုင်း ဂေါရီ အတွေ့အထိ ဂေါရီအနူးအညံ့မျိုးရှိသည် ဆိုသည်ကို  ထင်ရှားသိတော်မူစေရန် ဂေါရီအရွယ် သမီးတော်လေးများကို ချည့်ဆက်သလေမှသာ မင်းတရားကြီးဘုရား သိန္နီ မင်းသမီးလေး အပေါ် စွဲလမ်းတမ်းတစိတ်လျော့ပါးသွားပေမည် ။ သည်အကြောင်းများကြောင့် မိဖုရားကြီးနှစ်ပါးတို့သည် နီးစပ်သော ရင်းနှီးသည့်  နောက်တော်ပါးများ လက်စွဲတော်ကြီးများတို့နှင့် တိုင်ပင်၍ ဂေါရီအရွယ်များ ဆက်သတော်မူရန် ကြံစည်နေကြခြင်းဖြစ်ပါလေသည် ။


သိန္နီမင်းသမီးလေး အပါးမှာပင် ရစ်တဝဲဝဲ အစွဲကြီးစွဲနေတော်မူသော ရောဂါတော်ကို ကုစားရန်အတွက် ငယ်ရွယ်နုနယ်သည့် သမီးကညာ ဆက်ရေး ပြဿနာ တရပ်ပေါ် ပေါက်လာပါသည် ။ ရွှေနန်းတော်ကြီးနှင့် နီးစပ်သော ဩဇာတိက္ကမ ရှိသူတို့သည် အသစ်အသစ်သော သမီးကညာဆက်သနိုင်ဘို့အရေးသည် ယခုအချိန်တွင်  သေရေးရှင်ရေးတမျှ အရေးကြီးသည့် ကိစ္ခထူးတရပ်ဖြစ်နေပါတော့သည် ။


တောကျွမ်းသော မုဆိုးတဦးသည် တောမြိုင်၏ အလယ်တွင် သူလိုချင်သော သားကောင်အား ကြိုက်ရာ လက်နက်ဖြင့် ဖြိုခွင်းကာ ရယူနိုင်သလို ရေမြေ သနင်းပြည့်ရှင်မင်း ဖြစ်သော မင်းတရားကြီးသည် လူ့သောက အတွင်းဝယ် သူလိုချင်သော အချစ်သားကောင်တို့၏  နှလုံးသားများကို အာဏာလက်နက်ဖြင့် ပစ်ခွင်းကာ  သားကောင်ရင်ကိုခွဲ၍ အသဲယူနိုင်သည်ဟု နားလည်ပြီးဖြစ်ကြပါလေသည် ။ ထို့ကြောင့်ပင် ရွှေညာဏ်ရှင် မိဖုရားကြီးများသည် မင်းတရားကြီးဘုရားအား ပရိယာယ်ဆင်၍ လမ်းသစ်ကို ညွှန်ပြ ကြချင်းဖြစ်ပါလေသည် ။


( ၂ )


မိုးတဖွဲဖွဲ ရွာသွန်းနေသော နေ့ဖြစ်၏ ။ တသုန်သုန်တိုက်ခတ်လျက်ရှိသော လေညှင်းညှင်းအောက်တွင်

ရတနာပုံနေပြည်တော်သည်  တိတ်ဆိတ်ငြိမ် သက်လျက်ရှိ၏ ။ လေဆော့သဖြင့် နန်းမြို့တွင်းမှ

အုန်းပင်ပျို တို့၏ အုန်းလက်ငယ်တို့သည် ဘယ်ယိမ်းညာယိုင်ကာ လေနုလှိုင်းနှင်းအတူ

လွင့်ပါးလှုပ်ရှားနေပါလေသည် ။  မိုးရေစိုစွတ်သဖြင့်  သစ်ပင်တိုင်းမှ အရွက်အဖူးအညွှန့်တို့သည် လမ်းဆန်းစိမ်းစို  သာယာနေသလိုပင် ရှိလာပါသည် ။


မိုးတစိမ့်စိမ့် တဖွဲဖွဲရွာသွန်းနေချိန်ပင် ဖြစ်လင့်ကစား မြင်းဒုန်းစိုင်းကာ နန်းမြို့တွင်းသို့

ဝင်ရောက်လာသော  မြင်းစီးသမားနှစ်ယောက်မှာ  ရွှေနန်းတော်ကြီးအတွင်း  ဝင်ရောက်ရမည့် တံခါးနီတော်အဝတွင်  ရပ်တန့်သွားပါသည် ။ တခါးနီတော် မှာ တခုတည်းသော အတွင်းသစ်တပ်မြို့သံခါး ဖြစ်၍ အစောင့်အကျပ် ထူထပ်လှသလို အစစ်အဆေး အမေးအမြန်းလည်း စေ့စပ်သေချာလှပါသည် ။ တံခါးမှူးဆီမှ ကျေနပ်ခွင့်ပြုချက်ရမှသာ နန်းတော်ကြီးအနီး ချည်းကပ်နိုင်ပေမည် ဝင်ရောက်နိုင်ပေမည် ။


မြင်းသည်တော်နှစ်ဦး မှာ လက်ဆောင်ပဏ္ဏာတော်  ဆက်အဖွဲ့၏ ရှေ့တော်ပြေးများ ဖြစ်ကြပါသည် ။ ပဏာဆက်အဖွဲ့  ဆိုက်ရောက်လာကြမည့် သတင်းတို့ကို  ရွှေနားတော်တင်ရန်အတွက် ရှေ့ပြေးအဖြစ် ရောက်ရှိလာကြခြင်းဖြစ၍  တံခါးနီတော်မှ  ဝင်ခွင့်ပေးလိုက်ပါသည် ။


မြင်းစီးယောက်ျား နှစ်ဦး အနက် တဦးမှာ ယခင်ကတည်းက နန်းမြို့အတွင်း နေထိုင်

ဝင်ထွက် သွားလာဘူးသူ ဖြစ်၍ အခက်အခဲမရှိဘဲ သူရဲဝန်  ဦးလုံး ရှိရာသို့ မေးမြန်းစုံစမ်းပြီး ယူဆောင်လာခဲ့သော သူ့တို့သခင် ၏ သဝဏ်လွှာကို သွားရောက်ပေးဆက်လိုက်ပါသည် ။

သူရဲဝန်မင်း ကလည်း သဝဏ်လွှာ ကို ဖတ်ရင်း ပြုံးလာပါသည် ။


“ ကဲ - ရှေ့တော်သို့  ယခု ဝင်ရောက်၍ တင်လျှောက်တော်မူမဗျာ ။  ကျုပ်နှင့်တပါတည်း သင်တို့ နှစ်ဦးပါ အခစားဝင်ကြသည်ပ ” 


ပြောရင်း ဦးလုံး က ဦးဆောင် ထွက်ခွာ သွားပါလေသည် ။ မင်းတရားကြီးဘုရား လည်း ဘောင်းတော်ဆောင် တွင် အနှိပ်တော်ဆက် ခံယူနေချိန်ဖြစ်ပါလေသည် ။  ဦးလုံး လည်း အဖေါ် နှစ်ယောက်နှင့်အတူ မင်းတရားကြီးဘုရား အား  ခစားရင်း လျှောက်တင်လေသည် ။


“ ဘဝရှင်မင်းတရားကြီးဘုရား ထံတော်မှောက်သို့ လက်ဆောင်ပဏ္ဏာတော် နှင့် သမီးကညာ ဆက်သရန် အမြင့်မြို့စားကြီး ဆိုက်ရောက်လာပါတော့မည့် အကြောင်း ရွှေနားတော်တင်လျှောက်ပါသည် မင်းတရားကြီးဘုရား” 


“ အမြင့် မြို့စားကြီး နဲ့ သက်ဆိုင်ရာ အဖွဲ့သားများ ရှေ့တော်သို့ ဝင်ရောက်ခွင့်ရှိစေဗျား” 


မင်းတရားကြီးဘုရား ပြန်ကြားတော်မူချက် အရ ဦးလုံး လည်းဆက်လက် တင်လျှောက်ပါသည် ။


“ မှန်လှပါ မိုးသက်လေများ ကျရောက်နေသည့်အတွက် ပဏ္ဏာတော်ဆက်အဖွဲ့ မှာ ဧရာမြစ်အနောက်ဘက် အာလောင်ဆိပ်ကမ်းဘက် တွင်  မိုးလေအငြိမ် စောင့်စားရင်း နားနေကြောင်းပါဘုရား” 


“ လေမိုးများ ငြိမ်သက်ချိန်စောင်းဆိုင်းပြီး မှ ကူးလာကြမည့်အကြောင်း နားတော်လျှောက်နှင့်ရန် မြင်းသည်တော်များသာ ရောက်ရှိလာကြောင်းပါဘုရား” 


“ သည်နှယ်ဖြင့်  အချိန်မဲ့အခါမဲ့တွင်မှ ရောက်ရှိလာကြမည့် ပဏ္ဏာတော် ဆက်အဖွဲ့အား လိုလေသေး မရှိစေရန် ငလုံး ပင် စီစဉ်ဆောင်ရွက်ပေးစေဗျား ” 


“ ဗျာဒိတ်တော်မြတ်အတိုင်း  စီမံ  ဆောင်ရွက်တော်မူပါမည် ဘဝရှင်မင်းတရားကြီးဘုရား ၊ ဂေါဝန်ဆိပ်ကမ်းသို့လည်း အကြိုတော်လွှတ်၍  ဆိုက်ကပ်လာမည့် ပဏ္ဏာတော်ဆက်အဖွဲ့လှေတော်ကိုလည်း သွားရောက်၍ ကျွန်တော်မျိုးကြီးကိုယ်တိုင် ကြိုဆိုပါမည်ဘုရား ” 


“ သဟာဖြင့် အမြင့်မြို့စားကြီး နှင့် နောက်တော်ပါ အဖွဲ့သားများ ကို နင့် အိမ်မှာဘဲ ဧည့်ဝတ်ပြုလိုက်ပါ ငလုံး ၊ သည်ညတာကို နန်းတွင်းရုပ်စုံအဖွဲ့ကို  ခေါ် ယူဖြေဖျော်စေရန် အမိန့်တော် မှတ်လိုက်တော်မူသဗျ ” 


“ ဝမ်းမြောက်လှပါသည် မင်းတရားကြီးဘုရား အမြင့်မြို့စားနှင့် အဖွဲ့သားများကိုလည်း

မင်းတရားကြီးဘုရား ဂရုဏာတော်ရှိသည့်အတိုင်း  ရုပ်စုံပွဲဖြင့်  ဧည့်ခံ၍ ပြုစုလိုက်ပါမည်ဘုရား ” 


“ ကောင်းလှသည်ဗျား ခရီပန်းလာရှာလာသူများကို လိုသ၍ ပြုစု ယုယပေးပါမှ အပန်းပြေပေမပေါ့ ငလုံး ရဲ့ အမြင့်မြို့ က လှည်းတတန် လှေတတန်နဲ့ လာရသည့် ခရီးကလဲ ပြင်းပေမဗျ ” 


“ မှန်လှပါ လှည်း ဖြင့် သုံးည နှင့် ၄ - ရက် ခရီးနှင်ပြီးမှ နေပြည်တော်  အနောက်ဘက် အာလောင်ရွာဆိပ်ကမ်း သို့ ရောက်ရှိနိုင်ပါသည်ဘုရား ” 


“ ငါကိုယ်တော်မြတ်ကြီး သည်  လွန်ခဲ့သော ဆယ့်ငါးနှစ်လောက် ဆီ က  မြင်းတော် နှင့် ရောက်ဖူးသည်ဗျ ၊ ခရီးတော် ဝေးရုံမကဘဲ သွားရေးလဲ ခက်ခဲသည့်နေရာတွေကဘဲ  ငလုံးရဲ့ ၊ ကဲ - နင် ဧည့်သည်တွေ ဝတ်ပြုဘို့ အစီအစဉ်  ပြုချေပေရော့ ” 


“ ဗျာဒိတ်တော်များ အတိုင်းပါဘုရား ” 


ဦးလုံး နှင့် မြင်းသည်တော် နှစ်ဦးလည်း မင်းတရားကြီးအား ကန်တော့လျက် ပြန်လည်ထွက်ခွာ သွားကြပါသည် ။ ထိုအခိုက်ဝယ် လောကတခွင်လုံး အမှောင်မိုးတို့  စိုးမိုးနေပါသည် ။ မိုးဖွဲမိုးပေါက် တဖျောက်တဖျောက်အောက်တွင်  ဦးလုံး တို့လည်း မြင်းကိုယ်စီစီးလျက် ရွှေနန်းမြို့တံခါးဆီသို့ ထွက်ခွာသွားကြပါသည် ။


(၃)


နံနက်ညီလာခံ စဲပြီးသည့်နောက်  ဦးရွှေမောင်ကြီး လည်း မည်သည့် တာဝန်မျှ မရှိသည်ဖြစ၍ တိုင်းတာမင်းကြီးဦးဖိုး အိမ်သို့  စစ်တုရင်ကစားကြရန် လိုက်ပါသွားပါသည် ။ တိုင်းတာမင်းကြီးဦးဖိုး ၏  နေအိမ်တော်မှာ တောင်ဥယျာဉ်တော် အဆုံး မင်္ဂလာ ရေကန်တော် ၏ အရှေ့တောင်ဘက် ကပ်လျက် ရှိသည်ဖြစ၍ ရွှေနန်းတော်နှင့် အနီးဆုံးဖြစ်ပါသည် ။ ( ဝန်ကြီးများ ၏ အိမ်များ အားလုံးထက် တိုင်းတာမင်းကြီးဦးဖိုး ၏ အိမ် သည် ရွှေနန်းတော်ကြီး နှင့် အနီးဆုံးဖြစ်ပါသည် ။ နေအိမ် နီးကပ် သလောက်လည်း တိုင်းတာမင်းကြီးဦးဖိုး မှာ ရှင်ဘုရင် ကို မျက်နှာလို မျက်နှာရ အလုပ်ဆုံး ဖြစ်ပါသည် ။ ထိုသည် ကို အကြောင်းပြု၍  သူတို့ ဝန်ကြီး အချင်းချင်း တိုင်းတာမင်းကြီး အား မကြားတကြား ဖြင့် သခင်အပါး ကပ်ဟောင်သည့် ခွေးဝဲစားတိုင်းတာ ဟု ပျက်ရယ်ပြုကြပါသည် ) ။


တိုင်းတာမင်းကြီး နှင့်  ဦးရွှေမောင်ကြီး တို့မှာ စစ်တုရင်ကစားရာတွင် လက်ညီလှသည်ဖြစ်၍ အကျိတ်အနယ် ကစားရလေ့ ရှိပါသည် ။ သူတို့နှစ်ယောက် စစ်တုရင်ကစားကြသည် ဟု အသံကြားကြသည် ဆိုပါလျှင် အနီးအပါးမှ  ဝါသနာ ပါရှိသူများ လာရောက်ကြည့်ရှု အတု ခိုးကြရသည့်အဖြစ်မျိုး ရောက်အောင် ကစားရာတွင် ကျွမ်းကျင်ကြပါသည် ။


အကျိတ်အနယ် ကစားကြရင်း က တိုင်းတာမင်းကြီး တွင် ရထားတစီး သာ ကျန်တော့၍  ဦးရွှေမောင်ကြီး မှာလည်း ဆင်တကောင် နှင့် စစ်ကဲ သာ ရှိပေတော့သည် ။ ဆင် - စစ်ကဲ နှင့် ရထား အကျိတ်အနယ် ကြဲရသည့် အဖြစ်မျိုးမှာ စစ်တုရင်ကစား ကျွမ်းကျင်သူများ အတွက် စိတ်ဝင်စားဖွယ် ကောင်းသလို  အူအသဲ တုန်ဘွယ်လည်း ဖြစ်ပါသည် ။  လောင်းကြေး မှာ မျက်နှာတွင် ထုံးခွေတမ်းပင်  ဖြစ်သော်လည်း သူတို့ ၏ အနိုင်မခံ အရှုံးမပေးသည့်  စိတ်ဓါတ်ကြောင့်  နဘေး ပရိသတ်မှာ တအုန်းအုန်း တဝုန်းဝုန်း သူ့ဘက် ကိုယ့်ဘက် အပြိုင်အားပေးနေကြပါသည် ။


ကင်းဝန်မင်းကြီး ဦးကောင်း က  ဦးရွှေမောင်ကြီး ဘက်မှ  နေလျက် အားပေးနေပါသည် ။  ခန်းပတ်မင်းကြီး နှင့် ရွှေပြည်ဝန်ကြီး  ဦးဘိုးလှိုင် တို့မှာ တိုင်းတာမင်းကြီး ဘက်မှ  အားပေးပါသည် ။ လူငယ်ပိုင်းမှလည်း ကြိုက်နှစ်သက်ရာ  ဘက်မှ အားတက်သရော ကူညီမြှေက်ပင့်ပေးနေကြပါသည် ။ ထိုစဉ် ဘဝရှင် မင်းတရားကြီးဘုရား ထံမှ ဦးရွှေမောင်ကြီး အား ချက်ချင်းအခစားဝင်ရန်  လာရောက် ခေါ်

ငင်သူ  မင်းစေလုလင် ရောက်ရှိလာသဖြင့် ဦးရွှေမောင်ကြီး က ပြောလိုက်သည် ။


“ တိုင်းတာမင်း တို့မှာ အကြံပိုင်လိုက်ပုံကတော့ မပြောပြချင်ပါဘူး မင်းကြီးတို့ဗျား ၊ ထုံးအခွေခံခါနီးတော့မှ မင်းတရားကြီးဘုရား နဲ့  ချိတ်ဆက်လုပ်ထားပီး ကျုပ် ကို  အခေါ် တော်ခိုင်းလိုက်လေသည်ဗျ ။ အမိန့်တော် ဆိုတော့  သွားရပေဦးမည်ပ ” 


“ အံမယ်လေး - မလေး  ကိုရင်ရွှေမောင် က သည်လို ပြောသာ  ကျုပ် ကို စော်ကားသည်ပ ၊ ကိုရင် ဘယ်လောက် သတ္တိရှိသည်လဲ ၊  ကျုပ် နှင့် စည်းစိမ်ချင်း ထပ်ပြီး  ပွဲဆက်ထိုးချင်သဗျ ” 


“ သည်းခံပါ တိုင်းတာမင်းကြီး ရဲ့ ၊ မင်းကြီးစည်းစိမ်ကိုလဲ အကျွန် မယူလိုပါ  အကျွန် အနေနဲ့ မင်းကြီးကို ထုံးသားရရုံနဲ့ဘဲ  ကျေနပ်ပါသည်ဗျ ”  


“ ကိုရင်ရွှေမောင် က  ဝါကြွားလှချည့် ၊ ကဲပါ ကြိုက်ကြေးထပ်ပြီး  တပွဲလောက်  စမ်းချင်သည်ပ ” 


အမျက်တော် ရှခံမည့်မအရေးမို့  အကျွန်  သွားဦးမည်ပ ၊  မင်းကြီး မကျေနပ်သေးသည် ထင်မိပါက မင်းကြီးရှိ စည်းစိမ်အပြင်  အိမ်သူ နဲ့ သမီး ပါ အဆစ်ထည့် ကြေးတိုက်ပီး  နောက်များမှ တပွဲတလမ်း စမ်းကြသည်ပ ” 


ဦးရွှေမောင်ကြီး လည်း ပြောဆိုရယ်မောရင်း  မင်းလုလင် နှင့် အတူ ဦးရွှေမောင်ကြီး စကား ကြားရသည့်အတွက်  စိတ်ဆိုးမာန်ဆိုး နှင့်  စစ်တုရင်ခုံကြီး ကို  ကိုင်ပေါက်ပစ်လိုက်ခါ တောက်ခေါက်ရင်း အံအားသင့်နေသော  စစ်တုရင်ပွဲကြည့်  နေသူများဘက် လှည့်ခါ  ကင်းဝန် အား ပြောကြားလိုက်ပါသည် ။


“ သည် ကိုရင်ရွှေမောင် တော့  နောက် ကျုပ် နှင့် စစ်တုရင်ထိုးရမှာ  ကြောက်သွားအောင် ကျုပ် အစွမ်းပြ

နှိမ်ထားမှဖြစ်ပေတော့မယ် ဦးကောင်းရဲ့ ” 


“ ဟုတ်ပေသည်ပ  မှတ်လောက်  သားလောက်အောင် ဆုံးမပေးပါမှ  သည် သူငယ် ငြိမ်သွားပေမည်ပေါ့  ခုတော့ ကိုဖိုး က အလျော့ပေးနေလို့လား မသိဘူး ကျုပ်တို့ မြင်ရသည့် အကြိမ်တိုင်း ကိုဖိုး မျက်နှာပေါ် ထုံးအပြည့်နဲ့  ချည့်ဘဲ ” 


ကင်းဝန်မင်း စကား အစတွင်  အနည်းငယ် ပြုံးယောင်သန်းလာသော ဦးဖိုး မျက်နှာတွင် ဦးကောင်း စကားဆုံး ကျမှ

သူ့ ဘက် လှည့်လာသည် ကို  ရိပ်မိသည့် အတွက် ပြန်ပြောလိုက်သည် ။


“ လာပြန်ပလား ကိုရင်ကောင်း က  သည်သူငယ် ကို ကျုပ် က  ဂရုမစိုက်လောက် အမှုမထားလောက်သည်ဟု အထင်မှတ်ပီး  ပေါ့ပေါ့တန်တန် ကစားသည်မို့  ထုံး အတို့ခံရသည်ပါ ”  


“ အော် သည်လိုလား ကိုရင်ဖိုး သည်လောက်တောင် အကြိမ်ကြိမ် ပေါ့ပေါ့တန်တန် သဘောထားနေသည့် အတူတူ  တသက်လုံးဘဲ  အလျှော့ပေးလိုက်ရင် ပီးသည်ပ  ကိုရင်ဖိုး ရယ် ” 


“ သင်း က ဝါကြွားလွန်းသောကြောင့်  ဆုံးမချင်သည် ကိုကောင်း ရဲ့  အလိုလိုက် အမိုက်စော်ကားဆိုသည်နှယ်ပ ” 


“ သဟာတောင် ကိုရင်ဖိုး က  စည်းစိမ်ချင်း ထပ်ပီး  အလိုလိုက်သေးသည်မို့  ကြေးစပ်နေသည်လား ” 


“ ဘယ်လိုဗျ ကိုရင်ကောင်း  ကျုပ် တကယ်ပြောနေသည် ကို သရော်သည်လား ကိုရင်ကောင်း

စမ်းချင်သပ ဆိုရင်  ကြိုက်ကြေးထပ်ပြီး ခု ကိုင်ပါ့ ” 


“ ကိုဖိုး ကလဲ ဒေါသကြီးလှချေလား ၊ လောင်းကစားခြင်း ဆိုသည်ဟာ ဘုရားလဲ မကြိုက် ၊ သံဃာလဲ မကြိုက်သည့် အလုပ် ဖြစ်သည်မို့  ကျုပ်တော့ မလောင်းရဲပါဘူး ၊  လောင်းကစားလေ့သူပီပီ လောင်းကစား သရဲနှင့်သာ  လောင်းပေရော့  တိုင်းတာမင်းကြီး ရဲ့ ” 


ကင်းဝန်မင်းကြီးဦးကောင်း ၏  စပ်ဖြဲဖြဲ မျက်နှာလေး နှင့် ပြောစကားကြောင့် ဘေးမှ ပရိသတ်များ

ရယ်မော လေ တိုင်းတာမင်းကြီး ဒေါသ ထလေ - တိုင်းတာမင်းကြီး ဒေါသ ထလေ ပရိသတ်များ

တဝါးဝါးနှင့် ညာ၍ ရယ်လေဖြစ်နေပါသည် ။


မင်းတရားကြီးဘုရား အပါးတော်သို့  ဦးရွှေမောင်ကြီး ရောက်ရှိသွားချိန်တွင် ဘမယာဿနဆောင် သည် အခစား  ဝင်ရောက်လာကြသူများ နှင့်  ပြည့်လု့ ခမန်းရှိနေပါသည် ။  မြင်တွေ့နေကျ မျက်နှာများ မဟုတ်သည်ကို  သတိပြုမိသော ဦးရွှေမောင်ကြီး အနေဖြင့် ဝေးလံသော  ဒေသမှ ကျေးတော်မျိုး ကျွန်တော်မျိုးများ ဖြစ်ကြောင်း  အလိုလို  နားလည်လာ ရပါလေသည် ။ မင်းတရားကြီးဘုရား အပါးအနီး ကပ်ခစားနေကြသော သူများအား  ဂရုစိုက်ကြည့်ပါမှ သရဲဝန်  ဦးလုံး နှင့် အတူ  အမြင့်မြို့စားကြီး ကို မြင်တွေ့ရပြီး အမြင့်မြို့စား နှင့်အတူ ပါသူများ  ဖြစ်နိုင်ကြောင်း ခန့်မှန်းမိပါသည် ။


ဦးရွှေမောင်ကြီး  ရောက်ရှိပြီး  မရှေးမနှောင်းပင် စိန်တုန်းမိဘုရားကြီး အခစားဝင်ရောက်လာပါသည် ။

မင်းတရားကြီးဘုရား လည်း  စိန်တုံးမိဖုရားကြီး ကို  ရှုစားတော် မူရင်းက မိန့်တော်မူသည်မှာ -


“ ကိုယ်တော်မြတ်ကြီး ကို သည်က အမြင့်  မြို့စားကြီး ပ  လက်ဆောင်ပဏ္ဍာတော်များ နှင့်တကွ  သမီးကညာပါ ဆက်သရန် ရောက်ရှိလာသည်ပ စုစု ရဲ့ ” 


“ မောင်မောင်ဘုရား ဘုန်းတော်ကံတော် ကြောင့် လက်ဆောင်ပဏ္ဍာများ နှင့် သမီးတော် လာရောက် ဆက်သကြသည် ကို ကြားသိရတော်မူ၍ ဝမ်းမြောက်လှကြောင်းပါ  မောင်မောင်ဘုရား ” 


“ အဲသည် သမီးတော်လေး ကို  ရွှေနန်းတွင်း ဓလေ့ထုံးတမ်းများ နှင့်  အပြောအဆို အနေအထိုင်များ

သင်ကြားပြသပေရန် စုစုကြီး ဆီ အပ်နှံတော်မူလိုသည်အတွက် အခေါ်တော် လွှတ်ရခြင်းပေကပဲ ” 


“ မောင်မောင်ဘုရား  အလိုတော်ရှိသည့်အတိုင်း သင်ကြားပြသပေးပါမည် ဘုရား ” 


“ သဟာဖြင့် ယခုပင် စုစုကြီး နဲ့အတူ အမြင့် သမီးတော်လေး ကို  ခေါ်ယူသွားပေတော့ ၊ စုစုကြီး ကဘဲ ကြည့်ရှုပြီး   လိုအပ်သည့်  လက်ဝတ် တံဆာဒွာရာများ ကိုလည်း  ရွှေတိုက်တော် မှ ထုတ်ယူပေးသနားတော်မူပါဘိ ” 


“ အမိန့်တော် အတိုင်း ဆောင်ရွက် ပါမည် မောင်မောင်ဘုရား ” 


 မိဖုရားကြီး လည်း ခြေတော်  ဦးခိုက်ခါ သမီးတော်လေး အား ခေါ်ဆောင်၍ ထွက်ခွါသွားပါတော့သည် ။ မင်းတုန်းမင်းကြီးဘုရား လည်း  ဦးလုံး နှင့် အမြင့်မြို့စားကြီး ဆက်သသည့် သမီးတော်လေး ကို  နန်းတွင်းရှိ  အစဉ်အလာပါရှိသည့်အတိုင်း ရွှေနန်းတော်အသုံးအနှုန်း ဓလေ့ထုံးစံ များကို သင်ကြားနိုင်ရည် အပ်နှံ ထားလိုက်ကြောင်း မိန့်တော်မူနေပါသည် ။ မင်းတရားကြီးဘုရား နှင့် ရပ်ရေးရွာရေးနယ်ပယ် ဒေသ အကြောင်းများ ပြောဆို လျှောက်တင်ကြပြီးနောက် ဦးလုံး နှင့် အမြင့်မြို့စားကြီး တို့ အဖွဲ့လည်း ပြန်လည် ထွက်ခွာသွားကြပါတော့သည် ။


ဘမယာသန ခန်းဆောင်အတွင်းရှိ  ဧည့်ပရိသတ်များ ထွက်ခွါသွားတော်မူလေတော့မှ

မင်းတရားကြီးဘုရား အပါးတော် တွင် ခစားလျက်ရှိသည့် ဦးရွှေမောင်ကြီး အား အမေးရှိတော် မူပါသည် ။


“ ငမောင်ကြီး ရဲ့ နင် ထိန်းသိမ်း စောင့်ရှောက်ထားသည့် ဆောင်တော်ကူး မှတ်တမ်း ထဲ တွင်  သိန္နီ

မင်းသမီးလေး ကို  နေ့စဉ် အလှည့် ပေးပြီး တခြား မိဖုရားတပါး နှင့်  တွဲဖက် အလှည့်ပေးတော်မူရင် ကောင်းလေမလား လို့  အကြံတော် ဆက်စမ်း ” 


“ ကျွန်တော်မျိုးကြီး မတင်လျှောက်တတ်သည်မို့  မင်းတရားကြီးဘုရား အလိုရှိရာ မိန့်တော်မူပါ ၊

ဆောင်တော်ကူးမှတ်တမ်းတင်ရန်  ကျွန်တော်မျိုးကြီး အသင့်ရှိ ကြောင်းပါဘုရား ” 


“ သည်နှယ်ဖြင့် သိန္နီမင်းသမီးလေး ကို  နေ့စဉ် စာရင်းတင်ရန် နှင့် မှတ်တမ်း တွင် ပါရှိသော အဆောင်ရ

နန်းရ  မိဖုရားရွှေတိုက် စာရင်းဝင် မိဖုရားများ နဲ့ တွဲဖက်၍ တနေ့တပါးကျ စာရင်း ပြုလုပ်စေဗျား ” 


“ မှန်လှပါ ဘယ်ကဲ့သို့ စတင်၍  မိဖုရားများ ကို အဦးအစထားရှိရမည် ကို မိန့်တော်မူပါဘုရား ” 


“ အဆောင်တော်ကူး ရက် စတင် ပျက်ကွက်ခဲ့သည့် နေ့ က အလှည့်ကျသည့် မိဖုရား ကို ဦးစားပေးခါ သိန္နီ

နှမတော်လေး နှင့် တွဲဘက်စေဗျား ” 


“ သင့်မြတ်တော်မူ၍ တရားမျှတလှကြောင်းပါ  မင်းတရားကြီးဘုရား ကျွန်တော်မျိုးကြီး ယနေ့ပင် စာရင်းသစ် ဖွင့်၍  အချိန်မနှောင်းမီ  မင်းတရားကြီးဘုရား ရွှေလက်တော်  အရောက် ဆက်သတော်မူပါမည်ဘုရား ” 


“ ကောင်းသည်ဗျ ကောင်းသည်ဗျ ၊  ငမောင်ကြီး စာရင်းကို ယနေ့ ဆက်သစေဗျား ” 


မင်းတရားကြီးဘုရား ဆိုမိန့်တော်မူပြီးနောက် မျက်နှာတော် လွှဲသွားပါသဖြင့် ဦးရွှေမောင်ကြီး လည်း ဦးခိုက်ကန်တော့ပြီးနောက် ပြန်လည် ထွက်ခွာလာခဲ့ပါတော့သည် ။


( ၄ )


ဘဝရှင် မင်းတရားကြီးဘုရား  ဆောင်တော်ကူးရက်များ  ဖေါက်လွှဲဖေါက်ပြန် ဖြစ်နေသည်တို့ကို အဆောင်ရနန်းရ  မိဖုရားကြီးများ အထဲတွင် မင်းတရားကြီးဘုရား အား  ပြောရဲဆိုရဲသည့် ဆင်ဖြူမရှင် မိဖုရား ရွှေနားတော် သို့ ပေါက်ကြားသွားပါသည် ။ ဆင်ဖြူမရှင် အလယ်နန်းမတော် မိဖုရားမှာ ဘကြီးတော်မင်းတရားကြီး နှလုံးသား ကို စားသုံးပြီး အရူးလုံးလုံးဖြစ်အောင် ပြုမူခဲ့သည့် နန်းမတော်မယ်နု မှ  ဆင်းသက်လာသော  အနွယ်ဝင် သမီးမိဖုရား ဖြစ်ပါသည် ။ ဘမျိုးဘိုးတူ ဆိုသည့်အတိုင်း မင်းတုန်းမင်းတရားကြီးဘုရား ကို ချွဲလွန်းနွဲ့လွန်းသည် ဟု  ရွှေနန်းတွင်းသူ နန်းတွင်းသားတိုင်း သိကြပါသည် ။


စိတ်မာန်လည်း အလွန်ကြီး၍  နေရာတကာတိုင်းတို့တွင် အနိုင်ယူလိုသော စိတ်ထားရှိသည်ဖြစ်ပါသည် ။ အခွင့်အရေး  ရယူနိုင်ရန်  မင်းတရားကြီးဘုရား အလိုလိုက်၍  အကြိုက်ဆောင်ရာတွင် ဆင်ဖြူမရှင် မိဖုရားကြီးကို မှီသော   မိဖုရား တပါး မှ မရှိပါ ။ ဆင်ဖြူမရှင်မိဖုရားကြီး သည် မင်းတရားကြီး ဘုရားအား မျက်နှာလို မျက်နှာရ ပြုလုပ်ဆောင်ရွက်ပေးသည်နှင့် အမျှ ရရှိလာသော အခွင့်အရေးနှင့် မျက်နှာသာပေး အရေးယူချင်းတို့ကိုလည်း အထူးခံခဲ့ရပေသည် ။  ထိုသို့  မင်းတရားကြီးဘုရား  မြှောက်စားတော်မူ၍ အရာခပ်သိမ်းသော ကိစ္စများကို တိုင်းတာမင်းကြီး  ဦးဖိုး တို့လို မင်းလိုလိုက် မင်းကြိုက်ဆောင်တတ်သော ဝန်ကြီးဝန်လေး များက သတင်းထူး ရှိပါက တင်လျှောက်တတ်လေ့ ရှိသဖြင့် အချို့သောကိစ္စဝိစ္စများကို ဘဝရှင်  မင်းတရားကြီးဘုရားထက် ဆင်ဖြူမရှင်မိဖုရားကြီး က အရင်ဦးပြီး သိနေတတ်ပါသည် ။


ဆင်ဖြူမရှင် မိဖုရားကြီး သည် မင်းတရားကြီးဘုရား အလိုတော်လိုက် အကြိုက် ကို ဆောင်ပေးသဖြင့်

ရရှိလာသော  အခွင့်အရေး နှင့် အာဏာများ ကို တပ်မက်တွယ်တာမှန်း မသိ  တပ်မက်တွယ်တာလာခဲ့ပါသည် ။ (မင်းတုန်းမင်းတရားကြီးပေးအပ်သော အခွင့်အရေး နှင့် အာဏာစည်းစိမ် တို့ ယစ်မူးရမှန်း အရသာခံစားရမှန်း သိနေသော ဆင်ဖြူမရှင် မိဖုရား သည် မင်းတုန်းမင်းတရားကြီးဘုရား မမာတော် မူချိန်တွင် လုပ်ကြံ သတ်ဖြတ်ခြင်း   ပြုလုပ်သည် ဟု တချို့ ရာဇဝင်ဆရာများ စွပ်စွဲခဲ့ပါသည် ။  သားတော်များ နှင့် မိဖုရားများ ။ ဝန်ကြီးဝန်လေး နှင့်    အရေးပါသူများ ကိုလည်း ဆင်ဖြူမရှင် မိဖုရား က ရနောင်မောင်တုတ် တို့အား သုတ်သင်ရန် စောင်းပါးရိပ်ခြေ အကြံပေးခဲ့သည်ဟုလည်း  ရှေးသူတို့  ပြောကြပါသည် ။  - စာရေးသူ )


အာဏာ နှင့် စည်းစိမ် ကို မက်မောသူ သည် အာဏာ နှင့်  စည်းစိမ် တည်မြဲရေး အတွက် ကျင့်ကြံအားထုတ်ကြသည် မှာ  ဓမ္မတာပင် ဖြစ်ပါသည် ။  မင်းတရားကြီးဘုရား သည် သန္နီမင်းသမီးလေး အား စွဲလမ်း တမ်းတနေသည့်အတွက် ဆင်ဖြူမရှင် မိဖုရားကြီး သည် စိုးရိမ်နှောင်းလို့ ကြောင့်ကြတော်မူခြင်း ဖြစ်ပါသည် ။ အကယ်၍သာ မင်းတရားကြီးဘုရား သည်  သိနီ္နမင်းသမီးလေး အား အဆောင်အနန်း တို့  ပေးသနားပြီး  မြှောက်စားလိုက်တော်မူခဲ့ပါလျှင် အသက်ငယ်သော မိဖုရားကလေး နှင့် ပြဿနာပေါ် ပေါက် ရှင်းလင်း နေရမည်ကို   စိုးရိမ်ပါသည် ။ ဆင်ဖြူမရှင်မိဖုရား လည်း အမြင့်မြို့စား ဆက်သသော သမီးတော်လေး စိန်တုန်းမိဖုရား ထံ အပ်နှံ၍  ရွှေနန်းတွင်းသုံး အလေ့အထများ ၊ အပြောအဆို အနေအထိုင်မှ စ၍ ကျွမ်းကျင်မှု ရှိ မရှိ  မကြာမကြာ  စုံစမ်းလေ့ရှိပါသည် ။ ရွှေနန်းတွင်း အလေ့အထ ၊ အယဉ်အကျေး ၊ အဖွယ်အရာများကို  ရွှေနန်းတော်နှင့် အဆက် ကင်းပြတ်နေသူများ ရွှေနန်းတွင်းသို့  အရောက်အပေါက် လုံးဝ မရှိသူများ အဘို့ အရာရာတိုင်းတို့တွင်  ထူးဆန်းနေသဖြင့် ချက်ချင်း တတ်မြောက်ရန် မလွယ်ကူပါ ။ အထူးသဖြင့် မိဖုရားလောင်းများ အဘို့  သာ၍ပင် ခက်ခဲပါလေသည် ။ ဘဝရှင် မင်းတရားကြီးဘုရား အလိုတော်လိုက်၍  အကြိုက် ကို

ဆောင်ရွက်ပေးရေး ကိစ္စမှာ လွယ်မယောင်နှင့် ခက်   တိမ်မယောင်နှင့် နက်သောပြဿနာဖြစ်နေပါတော့သည် ။


ဘဝရှင် မင်းတရားကြီးဘုရားသည်  ကာမစည်းစိမ် ခံစားစံစားရာတွင်  သူ မတူအောင် ကျွမ်းကျင်ပါသည် ။ ထိုသို့ သူ မတူအောင် ကျွမ်းကျင်စွာ  ခံစားစံစားတတ်သော  မင်းတရားကြီးဘုရား တွက် ပျော်တော်ဆက်ရန် သင်တန်း မပေးလျှင် မဖြစ်နိုင်ပါ ၊ ထိုသည်တို့ကြောင့်  မင်းတုန်းမင်း တရားကြီးဘုရား လက်ထက်ကျမှ မိဖုရား ဆယ်အိမ်ခေါင်း စနစ် အသုံးပြုလာခြင်းဖြစ်ပါသည် ။ ( မြန်မာမင်းဆက် အားလုံးထဲတွင် မင်းတုန်းမင်းတရားကြီး  လက်ထက်တော် တခုတည်းတွင်သာ ဆယ်ပါးခေါင်း  မိဖုရားကြီး ခန့်အပ်ထားရှိခဲ့ခြင်း ဖြစ်ပါသည် ) ။  တခုသော ညနေခင်း အချိန်တွင် စိန်တုန်းမိဖုရားကြီး အဆာင်တော် သို့ အလယ်နန်းမတော် ဆင်ဖြူမရှင်မိဖုရား ရောက်ရှိလာပြီး ...


“ ညီမတော် ရေ့ ၊ အမြင့်စား သမီးတော်လေး ကို  မိဖုရား တို့ တတ်အပ်သိအပ်သော ပညာရပ်များ ပြည့်စုံ လုံလောက်ရန် အချိန်တော် မည်မျှလောက် ကြာမည်ထင်သည်လဲ ညီမတော် ရဲ့ ” ဟု အမေးတော် ရှိလိုက်သည် ။


“ မှန်လှပါ ဆင်ဖြူမရှင် မမဘုရား ၊  အတတ်ပညာ ကုန်လုံကြွယ်ဝသည်  မဆိုသာသေးသည်လဲ

မင်းတရားကြီးဘုရား အပျော်တော်ဆက်ရန်  ဖြစ်နိုင်ကောင်းသည် ထင်မိပါသည် မမဘုရား ” 


“ သည်နှယ်ဖြင့် ညီမတော်ကိုယ်တိုင်  မောင်မောင်ဘုရား ကို  သည်ညတာ အမြင့်မင်းသမီးလေး နှင့် စံစားစေဘို့ ကြွလာတော်မူဘို့ အကြောင်း ရွှေနန်းတော်သွင်းစေချင်တယ် ညီမတော်စိန်တုန်း ရဲ ” 


“ ညီမတော် တင်လျှောက် ကြည့်ပါမည် မမဘုရား ၊ သဟာပေမင့် မမဖုရား တင်လျှောက်သည်လောက် အရေးတော်ရမည် မထင်မိပါ ” 


“ မဖုရားလည်း  အညီအတူ  ရွှေနားတော်သွင်းမည်ပ ၊ ညပွဲတော် စားသုံးတော်မူပြီးချိန် တင်လျှင် ကောင်းသည်  သဘော ရှိသည်မို့  ညီမတော်  စိန်တုန်း လည်း လာခဲ့  စေချင်သည်ပ ” 


“ ကောင်းလှပါသည် မမဘုရား ၊ အမြင့်သမီးတော် လုံခလေး ၏  ရုပ်ရည်သည် သိန္နီ သမီးတော်လေးလောက် အသားမဝါသော်လည်း ချောပုံလှပုံ သာသည်ဟု ညီမတော် ယုံမှတ်မိပါသည် မဖုရား ” 


“ မဖုရား လည်း သည်နှယ် ထင်သည်ပ ညီမတော် ရဲ့ ၊ ညိုချော  အပြောသွက်လျှင် မင်းတရားကြီးဘုရား

စွဲမက်တော်မူမည်ထင်ပ  စိန်တုန်း ညီမတော်ရဲ့ ” 


“ အပြောလည်း သွက်ပါသည် ၊ ပြုံးရယ်လျှင်လည်း သမင်မျက်လုံး ကဲ့သို့ မျက်လုံးတော်လေးများက အရောင်ထွက်လာတတ်ပါသည် ၊ သဟာပေမင့်  စိတ်ဆတ်ဟန်တော့  ရှိပါ၍ မကြာမကြာ  သတိတော်ပေး ဆက်ရပါသည် မမဖုရား ” 


“ ကောင်းလှပါပြီ ညီမတော်စိန်တုန်း ရေ့ မမဘုရား အမှာတော်ရှိသည့်အချိန်သာ ရောက်အောင် လာပေရော ” 


ဆင်ဖြူမရှင် မိဖုရားကြီး လည်း စိန်တုန်းမိဖုရားကြီး နှင့် မင်းတရားကြီးဘုရား အား အမြင့်သမီးတော်လေး နှင့်  အပျော်တော်ဆက်ရေး အတွက်  တိုင်ပင် နှီးနှော၍  အဆောင်တော် အလယ်နန်းမ သို့  ပြန်လည် ကြွချီသွားတော်မူပါလေသည် ။  စိန်တုန်းမိဖုရားကြီး လည်း  အမြင့်မင်းသမီးလေး

ရှိရာသို့  သွားတော်မူပြီး  မင်းတရားကြီး ဘုရား အား မည်ကဲ့သို့  ပြုစုယုယရမည် ဆိုသည်တို့ကို နောက်ဆုံးပိတ်အဖြစ် မှာကြား သွန်သင်တော် မူပါလေသည် ။


အမြင့်သမီးလေး အတွက် ဝတ်ဆင်ရန်အရောင် အသွေးစသည်တို့ကို  စိန်တုန်းမိဖုရားကြီး ကိုယ်တိုင် ရွေးချယ်ပေးပါသည် ။ ဘဲဖြူရွှေရေးစက် အနားပါထမီ ကြည်ပြာရောင် နှင့် လက်ရင်းလက်ဖျား အနားချုပ်ရိုး ရွှေဇာသတ်  ထိုင်မသိမ်းတရုပ်ဖဲကြီး  အင်္ကျီလက်ကြပ် ကြည်ပြာရောင် တူညီဝတ်စုံကို ဝတ်ဆင်စေရန် ရွေးချယ်ပေးပါလေသည်  ရွှေကျင်ခတ်ပုဝါပြာနုရောင် ပေါ် တွင် ဝတ်လစ်စလစ်ပုံများ ပန်းချီဆွဲထားသည့် ပုဝါနုနုကို  ခြုံရန်လည်း ညွှန်ပြပေးပါသည် ။


ဆံတော်ရှင် မယ်ခင် ကို လည်း စိန်တုန်း မိဖုရားကြီး ကိုယ်တိုင် အမြင့်သမီးလေး အတွက် အထူးတလည် လုံးတင်ဆံထုံးဆင်ယင် ထုံးဖွဲ့တော်မူရန်လည်း အမိန့်တော် ရှိပါလေသည် ။


သနပ်ခါးတော်ဆက် ရှင်ထွေး ကိုလည်း  မင်းတရားကြီးဘုရား  နှစ်သက်တော်မူသည့် တန့်ကြည့်တောင် ထွက် သနပ်ခါးမွှေး အပွေးထူထူ ကို ပုံတောင်ပုံညာ  ကျောက်ပြင်ဖြင့် သွေး၍ ဆက်သရန်လည်း

မှာကြားပြန်ပါလေသည် ၊ ဘယက်တန်ဆာ ဒွါတရာ များ ကိုလည်း စူးနိုင်ရှနိုင်သော အရာပစ္စည်းများ လုံးဝ မဝတ်ဆင်စေရန်လည်း သတိပေးပါလေသည် ။


စိန်တုန်းမိဖုရား လည်း အစစ ပြည့်စုံလုံလောက်အောင် စီမံပြီးစီးသည့်နောက် ဆင်ဖြူမရှင် မိဖုရား နှင့်အတူ မင်းတရားကြီးဘုရား ထံသို့  အခစား ဝင်ကြပါသည် ။


မင်းတရားကြီးဘုရား လည်း ညစာ ပွဲတော်ကြပြီးနောက် (၅ - နာရီ သာသာ)  နံ့သာဖြူနန်းတော် တွင် လေညှင်းခံရင်း နားနေအပမ်းဖြေတော်မူရာသို့ ကြွချီလာသော မိဖုရားကြီး နှစ်ပါး မြင်တော်မူသော မင်းတရားကြီးဘုရား လည်း  အမေးတော် ရှိပါလေသည် ။


“ သည်က  စုစုကြီး တို့  မလာစဘူး အလာထူး သည်က လျှောက်တင်တော်မူရန်  ရှိသည်ထင်ပ ” 


“ မှန်လှပါ မင်းတရားကြီးဘုရား အပမ်းတော်  ဖြေစေဖို့ ပျော်တော်ဆက်သရန်  အမြင့်မင်းသမီးလေး မှာ အဆင်သင့် ရှိနေကြောင်း မောင်မောင်ဘုရား  ရွှေနားတော် တင်လျောက်ရခြင်းပါ ” 


ဆင်ဖြူမရှင်  အလယ်နန်းမတော်ကြီး ၏  တင်လျောက်ချက် အပြီးတွင် မင်းတရားကြီးဘုရား လည်း

ပြုံးတော်မူရင်း -


“ သည်နှယ်ဖြင့် မောင်မောင်ဘုရား  အလိုတော် ရှိတဲ့အခါ ခေါ် မိန့်တော်မူမည်ပ နန်းမတော်ကြီး ရဲ့ ” 


မင်းတရားကြီးဘုရား ပြန်လည် မိန့်မြွက်ချက်အဆုံးတွင် စိန်တုန်း မိဖုရားကြီး သည် -


“ သည် အမြင့်သမီးလုံခလေး ကို  မောင်မောင်ဘုရား အပျော်ဆက်ရန် အဝတ်တော်များပင်လဲလှယ် နေပြီဖြစ်ပါသည်ဘုရား မှုံနံ့သစေခါ ဆင်ယင်ထုံးဖွဲ့ပြီးစီးလျက် အဆင်သင့် ရှိနေကြာင်းပါ  မောင်ကြီးဘုရား ” 


ဘဝရှင် မင်းတုန်းမင်းတရားကြီး သည်  အနည်းငယ် စဉ်းစားရင်း အားနာဟန် ရှိနေပါသည် ၊ မင်းတရားကြီးဘုရား သည် တဘက်သား ကို  လိုက်လျောတတ်သော သဘောရှိကြောင်း မိဖုရားများ နှင့် ရွှေနန်းတွင်းသူ နန်းတွင်းသား တိုင်း သိရှိနေကြသဖြင့် အားနာပါးနာ ဖြစ်သွားစေရန် ရည်သန်လျက် ဆင်ဖြူမရှင်  မိဖုရားကြီးကပင် ...


“ မောင်မောင်ဘုရား ကြွတော် မူလာလျှင် မည်ကဲသို့ ကြိုတော်မူ၍ မည်ကဲ့သို့  မောင်တော်ဘုရား ကို ပျော်တော်ဆက်ရမည် ကို  အမြင့်မင်းသမီးလေး က အားတက်သရော  လေ့လာစူစမ်းနေသည်ကို  မဖုရား လဲ သိရှိပါသည်ဘုရား ” ဟု တင်လျှောက်လိုက်သည့်အတွက်  မင်းတုန်းမင်းတရားကြီးဘုရား  အတန်ငယ် ငြိမ်သက်စွာ စဉ်စားရင်း  ခေါင်းတော်ညိမ့်လျက် ...


“ သည်လိုဆိုလျှင်  မောင်မောင်ဘုရား အမြင့်သမီးလေးထံ  သွားလိုက်မည်ပ ၊ အမြင့်သမီးလေး ကို စိန်တုန်းအဆောင်တော် တွင် မောင်မောင်ဘုရား တွေ့ဆုံနိုင်ရန်  စီစဉ်ထားနှင့်ပေတော့  စုစုကြီးများဗျား ” 


မင်းတုန်းမင်းတရားကြီးဘုရား မိန့်တော်မူပြီးသည်နှင့်  မိဖုရားကြီးနှစ်ပါး လည်း  ကြည်လင်သော အသံများနှင့်  ပြိုင်တူတင်လျှောက်ပါလေသည် ။ “ မောင်မောင်ဘုရား  မိန့်တော်မူသည့်အတိုင်း ပြည့်စုံစေပါမည်ဘုရား ” 


( ၅ )


သက်ကြီးခေါင်းချ ကြက်တွင်သံသည်  အထက်မိုးကောင်းကင်သို့  ပဲ့တင်ထပ်သွားပါသည် ။ လမိုက်သောည

ရက်ဖြစ်၍ မဲမှောင်နေသော အာကာသတခွင်တွင် ဟိုတစု သည်တစုဖြင့် တလက်လက်

အရောင်ထွက်နေသော ကြယ်စုကလေး တို့သာ  မြင်ရပါသည် ။


မင်းတရားကြီးဘုရား လည်း  မိဖုရားကြီးများ တိုက်တွန်းနှိုးဆော်တော်မူသည့်အတွက် အားနာမှု ဖက်ခါ သိန္နီမင်းသမီးလေး အဆောင်တော် ကူးသန်းနေကျချိန်တွင် သည်နေ့အဘို့ အမြင့်မင်းသမီးလေး ထံ

ကြွမြန်းတော်  မူခဲ့ခြင်း ဖြစ်ပါလေသည် ။


စိန်တုန်းမိဖုရားကြီး စံမြင်းရာ  အနောက်တော်ကြီး ရှိ  တောင်ဆောင်တော် သို့  ဝင်ရောက်တော် မူပါသည် ။ မင်းတရားကြီးဘုရား ကြွလာတော်မူမည့် အချိန်ကို  စောင့်ကြိုနေတော်မူသော စိန်တုန်းမိဖုရားကြီး လည်း မင်းတရားကြီးဘုရား ကို မြင်တော်မူသည် ဆိုလျှင်ပင် လျောင်းတော်မူရာ သလွန်ထက်မှ ဆင်းတော်မူပြီး လက်အုပ်ချီလျက် ကြာခြည်ယံအတွင်း ရှိ  သလွန်တော်ပေါ် စံစားတော်မူရန် တင်လျှောက်ပါသည် ။ မင်းတရားကြီးဘုရား  ထိုင်တော်မူပြီး၍  လက်ဖျစ်တတွတ်လောက်သော အချိန်ပိုင်းလေးအတွင်း အမြင့်မင်းသမီးလေး ရောက်ရှိလာပါသည် ။  ရွှေတိုင်တော် ( ရွှေပိန်းချဖရောင်းတိုင် )  အရောင်အောက်တွင် တွေ့မြင်ရသော  အမြင့်သမီးတော် အား  မင်းတရားကြီးဘုရား သည်  အခိုက်အတန့် စိမ်းစိမ်း

ရှုစားတော်မူရင်း  တပ်မက်စိတ်တို့  ယိုဖိတ်လာပါသည် ။ အမြင့်သမီးတော် မှာ  အသက်ပင် ငယ်ရွယ်သူ ဖြစ်သော်လည်း အလုံးအရပ်တော် မှာ  သိန္နီသမီးတော် ထက် အနည်းငယ် ဖွံ့ထွားဟန် တူပါသည် ။

အသားတော်မှာ ညိုသယောင် ရှိပေမင့် နုညက်ပုံ ရပါလေသည် ။


ဆင်ဖြူမရှင် မိဖုရား ၏ မျက်နှာပုံလို  ရှိသည် မှန်သော်လည်း  ခြေတော်ဦးခိုက်စဉ် တွေ့မြင်ရသည့် မျက်နှာတော် နုနုငယ်တွင် ခွက်ချိုင့်သော ပါးမို့နှစ်ဘက်ဘရှိသည့်အတွက်  မင်းတရားကြီးဘုရာ းသည် ဆင်ဖြူမရှင် မိဖုရားကြီး ထက် ပိုမိုကြက်သရေတော်  ရှိပေသည်ဟု စိတ်တော်တွင်းမှ ယှဉ်နှိုင်းမိပါသည် ။

ရှည်လျားသွယ်တန်းသည့်  ပေါင်တန်းတော်လေးများကြောင့် ကြွားကြွားဝင့်ဝင့်ဘရှိသော  စိန်တုန်းမိဖုရား ထက် ပိုမိုဟန် တူပါသည် ။


ကားသော တင် ကျဉ်သော ခါး ရှိသည့် တောင်နန်းဒေဝီ အဂ္ဂမဟေသီ စကြာဒေဝီ မိဖုရားခေါင်ကြီး ထက် အမြင့်သမီးတော် တွင်  မို့မောက်သော ရင် ရှိသည် ဖြစ်၍  တောင်နန်းမတော်  အဂ္ဂမဟေသီ  စကြာဒေဝီ မိဖုရားကြီး ထက်  သာလွန်တင့်တယ်ဟန်  ရှိပါသည် ။ ( တောင်နန်းဒေဝီ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး တွင် သားသမီး  ထွန်းကားခဲ့ပါ ) ။


သောက်ရှုးကြယ်အလား  စူးရှပြောင်လက်သော မျက်လုံးတော်များ အောက်ရှိ  ဖြောင့်စင်းသေးသွယ်ပေါ် လွင်သော  နှာတံတော် ရှိပါသည်  ပိပြားပါးလွှာသော  နှုတ်ခမ်းသား အစုတွင် ပြည်တန်ပတ္တမြားသွေး လို နီမြန်းတော် မူနေပြန်သည့် အမြင့်သမီးတော် သည်  မျက်နှာတော်  အချောအလှဆုံး ဖြစ်သော သရစိန်းမိဖုရားကြီး ထက်  ပိုမို သာလွန်လှပနေပြန်ပါလေသည် ။


ရော့ရဲ အိတွဲကျလျက်နေသည့် ၊ ( ရင်စည်း သို့မဟုတ် ရှေးခေတ် ချွေးခံ ) အတွင်းမှ ပြည့်ဝင်းသော အမောက်အမို့တို့မှာ နိမ့်တုံ  မြင့်တုံ နှင့်  ပုဇွန်ဆိပ်ငယ်လို ခုန်နေသည်ကို သတိပြုမိသော မင်းတရားကြီးဘုရား ရွှေစိတ်ဝယ် ဂရုဏာမိုးသွန်းဖြိုးတော့်မည်နှယ် ကြင်နာဆပွားနေမိပါသည် ။


မင်းတရားကြီးဘုရား သည် ဥမ္မာဒန္တီ အလှကို  မြင်တွေ့မိ၍  ဆင်တော်ပေါ် က ဂျွန်းပြန်ကျရသည့် သိဝိမင်းကြီး ကဲ့သို့၎င်း ၊ ပပဝတီ ကို  မြင်ရုံမျှဖြင့်  စွဲလမ်းတပ်မက်ခါ  ချစ်ဒုက္ခ အမျိုးမျိုး ခံရတော်မူရှာသော အလောင်းတော် ကုသမင်းကြီး ကဲ့သို့၎င်း ၊  ထေရ်ရဝါရ သူတော်စင်ရဟန်းကြီး  ဥပက သည်

မဆာဝါ ၏ အလှကွန်ယက် ဝဲဂယက် မှ မထွက်နိုင်အောင်  သမုဒယနှောင်ကြိုးဖြင့် ချုပ်နှောင်ရစ်ပတ်ခြင်းခံ ကျရသည့်  အဖြစ်တို့သည်  ယခု အမြင့်သမီးတော်လေး ကို  ရှုမြင်ရသော မင်းတရားကြီး

ဘဝ ဖြင့် ခြားနားတော့မည် မဟုတ်ကြောင်း ကို  စဉ်းစားမိပါသည် ။ ထို စဉ်းစားမိရင်း  ပြုံးတော်မူရာက မင်းတရားကြီးဘုရား သည်  သလွန်တော်အောက် တွင်  ခြေတော်ဦးခိုက်  ခစားနေသည့် အမြင့်မင်းသမီး

ရွှေလက်တော်ဆွဲတော်မူပြီး  သလွန်ပေါ် တက်စေရန်  မိန့်တော်မူစကား မြွက်ကြားပါသည် ။


“ သည် က အမြင့်မင်းသမီးနှမတော်လေး မောင်ကြီးဘုရား နှင့် သလွန်တော်ပေါ် အတူစံစားတော်မူမည်ပ ” 


သလွန်တော်ပေါ် သို့ တက်၍  ခပ်ခွာခွာ ထိုင်ရင်း အမြင့်သမီးတော်လေး မှာ ခေါင်းငုံ့ရင်း ခစားနေပါသည် ။ မျက်နှာတော် မြင်ရသည်မှာလည်း  ရှက်သွေးများ ဖြာလျက် အသားတော်များပင် တုန်နေပါသည် ။ မင်းတရားကြီးဘုရား  အမြင့် သမီးတော်လေး ကို  ရွှေလက် ဆွဲ၍  သလွန်တော်ပေါ် တင်လိုက်သည် ဆိုကတည်းက အနားတွင်  ခစားလျက်ရှိနေသည့် စိန်တုန်းမိဖုရားကြီး နှင့် အဆောင်တော် တွင်း မှ အထိန်းတော် အချော့တော်  မမများ အားလုံး တယောက်ပြီး  တယောက် အလျိုလျို ပျောက်ကွယ်ကုန်ကြပါသည် ။


ဘဝရှင်မင်းတရားကြီးဘုရား အပါး  အမြင့်သမီးတော် မှ တပါး  အခြား မည်သူ တဦးတယောက် မျှ မရှိတော့ပါ ၊ မင်းတရားကြီးဘုရား လည်း အမြင့်သမီးလေး ၏  လက်တော်နှစ်ဘက် ကို  ဆွဲယူဆုပ်နယ်လိုက်ပါမှ အမြင့်သမီးလေး ၏  ရွှေလက်တော်နှစ်ဘက်မှာ စမ်းကျ သီတာရေ တမျှအေးစက်နေသည်ကို တွေ့ရှိရပါသည် ။  ထို့ကြောင့်  မင်းတရားကြီးဘုရား သည် ငယ်စဉ်တောင်ကျေးကလေးဘဝ စလင်းမင်းသမီး နှင့်  နှစ်ကိုယ်တူ မေတ္တာမျှစဉ် အချိန်ကာလမှ  အဖြစ်အပျက်တို့ကို ပြန်လည် အမှတ်ရလာပါသည် ၊  ချစ်ချင်းမေတ္တာ တို့၏  အစေစားခံ  ဘဝမှ တဖြည်းဖြည်းချင်း ပြောင်းလွှဲလာသော မင်းတရားကြီးဘုရား သည် ၊  ချစ်ချင်းမေတ္တာ တို့ ကို  စေစားနိုင်သူ ဖြစ်အောင်နိုင်လာခဲ့သည် မှန်သော်လည်း ငယ်ချစ်ဟောင်း ကို အနှစ်တသောင်း မမေ့ကောင်း ဆိုသည့် စကား အလာတော် ရှိသည့်အတိုင်း စလင်းမင်းသမီးလေး နှင့်  ချစ်ကျွမ်းဝင် ရင်းနှီးခဲ့ပုံတို့ကို  ယနေ့တိုင်အောင် တွေးမိတိုင်း တသသနှင့် မမေ့နိုင့်ခဲ့ပါ ။


ထို မေ့မရသော စိတ် ၏ ဖြစ်ပေါ် ခံစားမှုနှင့် ယခု အမြင့်သမီးတော်လေးနှင့် တွေ့ကြု့ရသည့် ခံစားမှုတို့သည် ထပ်တူထပ်မျှ ဖြစ်လေရော့သလားဟုပင် မင်းတရားကြီးဘုရား သံသယ ရှိတော်မူလာပါလေသည် ။   သံသယစိတ်တို့ကြောင့် ပီတိစိတ်များ ဖြစ်ပေါ် ခံစားလာရသည် အတွက် မင်းတရားကြီးဘုရား ရွှေစိတ်တော်ဝယ် ကြည်နူးမိပါတော့သည် ။


“ နှမတော်လေး ရွှေနန်းတော်ကြီးပေါ် နေရသည်မှာ ပျော်တော်မူရဲ့လား နှမတော်လေးရဲ့ ” မင်းတရားကြီး ဘုရား အမိန့်တော် ရှိသည့်စကားကို အမြင့်မင်းသမီးလေး က နှုတ်မှပြန်လည် အဖြေကြားသော်လည်း ခေါင်းညိမ့်၍  အဖြေပေးပါသည် ။  မင်းတရားကြီးဘုရားလည်း စကားဖြင့် တုံ့ပြန်မတင် လျှောက်သည် ကို  မကျေနပ်နိုင်ဘဲ အမြင့်သမီးတော်လေး အား  ပွေ့၍  ပေါင်ပေါ် တင်တော်မူလိုက်ရင်း ...


“ မောင်ကြီးဘုရား မျက်နှာတော် မော်လို့  ဖူးစမ်းပါ့ နှမတော်လေး ငဲ့ ၊  သည်က နှမတော် ကို ရွှေမေတ္တာ ပိုတော်မူသည်ဗျ ”  


“ ဘဘဘုရား မျက်နှာတော် မော်ဖူးရန် မဝံ့ ကြောင်းပါဘုရား ” 


“ ကိုယ်တော်မြတ် ကို ဘဘ လို့  မခေါ် တော်မူလိုက်ပါနှင့် ၊ မောင်ကြီးဘုရား လို့ဘဲ ခေါ် စမ်းပ

နှမတော်လေးဗျား ” 


“ ဘဘဘုရား အလိုတော်အတိုင်း  ခေါ် တော်မူပါမည် ဘဘဘုရား ” 


အမြင့် သမီးတော်လေး ရှက်တော်မူ၍  စကားများ မှားတော် မူနေသည် ကို မင်းတရားကြီးဘုရား

သဘောတော်ကျ စိတ်ဝမ်းတော် ကြည်နူးလှသဖြင့် ဟက်တမော ရယ်ရင်း -


“ သည်က နှမတော်လေးကဖြင့် ဘဘုရားလို့  မခေါ် တော်မူလိုသည်မှ  ဘဘဘုရားချင်း နှုတ်ခွန်းတော်ထပ်ပြီး မိန့်တော်မူပေသည် က  မောင်ကြီးဘုရား ကို ချစ်တော်မူဟန်   ရှိသည်ပ နှမတော်လေးရဲ့ ” 


မင်းတရားဘုရား  ကျီစယ်တော်မူသော်လည်း အမြင့်သမီးတော်လေးမှာ မင်းတရားကြီးဘုရား ရင်ခွင်တွင်း ဦးခေါင်းသိုဝှက်ထားပြီး  တိတ်ဆိတ်ငြိမ်လျက်ရှိနေပါတော့သည် ။ အမြင့်သမီးတော်လေး မှာ ချွေးများ စိုရွဲနေအောင် ကြောက်အားတော် ပိုနေဟန် ရှိပါလေသည် ။


မင်းတရားကြီးဘုရား လည်း  ကြာခြည်ရံ အတွင်းမှာ လှောင်အိုက်နေသည် ဟု မှတ်ထင်တော် မူ၍ ကြာခြည်ရံ အပြင် သို့  ထွက်တော်မူလိုစိတ် ရှိလျှင် ထွက်ကြရန် မိန့်တော်မူသော်လည်း ရှက်သည့်အတွက် ခေါင်းခါရမ်း ငြင်းပယ်တော်မူပါသည် ။


တောကျွမ်းသော မုဆိုး သည်   တော်ကောင် ကို ပစ်ခတ်သတ်ဖြတ်တတ်ရုံသာမက ခြေရာခံ၍လည်း လိုက်တတ်ပါသည် ။ ထိုအတူ  ခြေရာခံနိုင်သလို  ပစ်ခတ်သတ်ဖြတ်ပြီးသည့်နောက် လှီးချွတ်ဖြတ်တောက်ရာတွင်လည်း  စနစ်ကျ မှန်ကန်စွာ ပြုလုပ်တတ်ပါသည် ။ သို့မှသာ လိုအပ်သော အကျိုးအမြတ် ရရှိအောင် ဆောင်ရွက်နိုင်ပေသည် မဟုတ်ပါလား ။


ဘဲဖြူရွှေရေးစက် အနားပါ  မိုးကောင်းကင် ကြည်ပြာရောင် ထမီလေး မှာ မည်သည့်အချိန်က သလွန်တော်အောက် ကျရောက်သွားသည် ကို အမြင့်သမီးတော်လေး မသိရှိလိုက်သော်လည်း နာကျင်မှုဝေဒနာ ခံစားလာရသည်ကိုတော့ သိလာပါသည် ။ သို့ဖြစ်၍  သွေးရူးသွေးတန်း ဖြင့် လုပ်မိလုပ်ရာကို လုပ်လိုက်လေသည် ။


“ အမလေး- မလေး ၊ လွှတ်စမ်းပါ့   လုံခလေးရ ၊ အမလေးလေး ” 


မင်းတရားကြီးဘုရား ပြင်းပြစွာ  အော်ဟစ်သံ ကြားရပါ ရပါသည် ။ မင်းတရားကြီး ၏ အောင်မြင် ခန့်ညားသော အသံတော် မှာ ရောင်ရမ်းအော်ဟစ်စဉ် အခိုက်အတန့်တွင်ပင် ကြည်လင်ပြတ်သားလှပါသည် ။ မင်းတရားကြီးဘုရား  ယအော်ဟစ်ညည်းညူသံ ကြားကြသော  စိန်တုန်းမိဖုရားကြီး နှင့် အထိန်းတော် အချော့တော်ကြီး များသည်  ကြာချည်ဆောင် အတွင်း သို့  အမောတကာ ပြေးလာကြပါသည် ။ စိန်တုန်းမိဖုရားကြီး လည်း ကြာခြည်ရံ ကို  လှစ်သင့် မသင့်  စဉ်းစား မနေတော့ဘဲ  ကြာချည်ရန် ကို မ ၍ အတွင်းသို့ ဝင်ရောက်သွားသည် တွင် မှောက်ရက် ငိုနေသော အမြင့်သမီးလေး နှင့် ရင်ဘတ်တော် ကို လက်ဖြင့် ဖိထားလျက် ဆောင့်ကြောင့်ထိုင်နေသာ  မင်းတရားကြီးဘုရား ကို တွေ့ရပါသည် ။


မင်းတရားကြီးဘုရား ရင်ဘတ်တော် ကို ဖိထားသော လက်ျာလက်ဖဝါး အောက် သို့ သွေးများ ယိုစီးလာသည် ကို တွေ့မြင်ရသည် ၌  စိန်တုန်းမိဖုရားကြီး လည်း ထိတ်လန့်တော် မူသွားပါသည် ။


“ မောင်မောင်ဘုရား ဘယ်သို့သော အကြောင်းရပ်ဖြင့် ရင်ဘတ်တော် မှ သွေးများ ယိုစီးလာတော်မူသည်လဲ ” 

စိုးရိမ်တကြီးဖြင့် မေးမြန်းတော်မူသော စိန်တုန်းမိဖုရားကြီး တင်လျောက်ချက်ကို ...


“ ကိုယ်တော်မြတ် ကို  အမြင့်သမီးတော် က  နာကျင်တော် မူ၍ ယောင်ယမ်းကိုက်လိုက်တော်မူသည့် အတွက်

ရင်ဘတ်တော် ပေါက်ပြဲသွားရသည်ပ စုကြီး ရ ” 


“ သယ့် မောင်မောင်ဘုရား  အလိုတော် ကို  ဆန့်ကျန်တော်မူရုံမျှမကဘဲ  မောင်မောင်ဘုရား ကို အနာတော် ရစေတဲ့  သည် သူငယ်မ ကို အပြစ်ဒဏ်ပေးတော်မူပါ မောင်မောင်ဘုရား ” 


“ စုစုကြီး ရဲ့ သည်ဟာကိုတော့ဖြင့် အပြစ်ပေးရန်  မသင့်လျော်ပေဘူး ၊  သူ့ ခမျာမှာလည်း မောင်မောင်ဘုရား ပြုလုပ်သည့်  နာကျင်မှုကြောင့် သွေးလန့်ပီး ယောင်ရမ်းကိုက်ခဲ လိုက်ခြင်းဖြစ်ပေမှာဘဲ စုစုရယ် - သည်းခံလိုက်ပါ့ ” 


“ ညီး ကို မောင်မောင်ဘုရား အား  မည်ကဲ့သို့  အပျော်တော် ဆက်ရမည် ကို သင်ကြားပေးထားခဲ့ပါလျက်ကနဲ့ သည်နှယ် ပြုမူပေသည်ကြောင့် ထီး နဲ့ မတန် နန်း မဆန်လှသည်ဘဲ ” 


“ ခွင့်လွတ်တော်မူပါ မမဖုရား ဖုရား ကျွန်မလည်း မင်းတရားကြီးဘုရား အလိုလိုက် အကြိုက်ဆောင်ပါသည် ။ မင်းတရားကြီးဘုရား ပြုမူချက်မှာ  ရှည်ကြာစွာ လက်ခံရန် မစွမ်းသာပါသဖြင့် သတိတော် ကင်းကွာ၍  မင်းတရားဘုရား ဘဘ ရင်ဘတ်တော် ကို  ယောင်ယမ်းငုံခဲ့မိပါသည်ဘုရား ” 


“ မောင်မောင်ဘုရား ကိုဘာကြောင့်  ဘဘ ဘုရားလို့ခေါ် သည်လဲ နန်းဓလေ့ အတတ်ပညာများ ကို တတ်မြောက်အောင် သင်ကြားပေးထားပါရက် နဲ့ သည်လောက် ထိုင်းပါလျှင် ထီနန်း နှင့် မတန်ပလေ ” 


စိန်တုန်းမိဖုရားကြီး လည်း  မင်းတရားကြီးဘုရား အဝတ်တော်များ ပြန်လည် ဝတ်ဆင်ပေးရင်း

အမြင့်မင်းသမီးလေး ကို  ဆူပူမာန်မဲနေပါသည် ။ မင်းတရားကြီးဘုရား  ရင်ဘတ်တော် မှ ကိုက်ခံရသော

ဒဏ်ရာမှ သွေးများကို အဝတ်ဖြူစဖြင့် သုတ်သင်ပေးနေပါသည် ။


အမြင့်သမီးလေး မှာ မျက်စိမျက်နှာ ပျက်လျက်နှင့် သူမ ၏ အဝတ်အစများ ကို ပြန်လည် ဆင်မြန်းနေပါသည် ။


“ မောင်မောင်ဘုရား အနာပေါက်ကု သမားတော်ဦးရှင်း ကို  အပင့်ခိုင်းချေမှ သင့်တော်မည် ထင်ကြောင်းပါ ဘုရား ” 


“ အချိန်မတော်ကြီး သွားရောက်ချေပင့်လောက်သည့်  အနာလည်း  မဟုတ်သော်ကြောင့် စိုးရိမ်နှောင်းလို့ ကြောင့်ကြတော် မမူပါနဲ့  စုစု ရဲ့ သည်ည အတွက် ဆံဝါးဖတ် မံ၍ ကြပ်စီးထားလျှင် ပြီးနိုင်သည်ပ စုစု ငဲ့ ” 


မင်းတရားကြီး မိန့်တော်မူ စကားကြားသည်နှင့်  စိန်တုံးမိဖုရားကြီး လည်း ဆန်တဆုပ်လောက် ယူခိုင်းရန် အမြင့်သမီးတော်လေး ဘက် လှည့်ကြည့်လိုက်သည်၌ အမြင့်သမီးတော်လေး အား မတွေ့ရတော့ပါ စိန်တုန်းမိဖုရားကြီး လည်း ကြာခြည်ရံ  အပြင် ထွက်၍ အပျိုတော်ကြီးများ ရှိရာသို့  သွားရောက်၍ ဆန် အနည်းငယ်မျှ ယူဆောင်ခဲ့ရန် ခိုင်းစေလိုက်ပါသည် ။


စိန်တုန်းမိဖုရားကြီး စေခိုင်းလိုက်သည့် ဆန် ရရှိသဖြင့် ဆန် တဆုတ်စာ ကို   မိဖုရားကြီး ကိုယ်တော်တိုင် ဝါး ၍ မင်းတရားကြီးဘုရား အနာအုံရန်  ကြာခြည်ရံ အတွင်း ဝင်သွားသည်တွင် အမြင့်သမီးတော်လေး ကိုယ်တိုင် မင်းတရားကြီးဘုရား အား ကြပ်စီးပေးနေသည် ကို  တွေ့ရှိရပါသည် ။  မိဖုရားကြီး အံဩဟန်ဖြင့် ကြည့်နေသည်ကို  မြင်တော်မူသည့်  မင်းတရားကြီးဘုရား သည်  “ အမြင့်သမီးတော်လေး က လိမ္မာသည် ဗျ စုစုကြီး ရဲ့ သူခမျာ ဆန် ကို  ယူလာတော်မူပြီး ကိုယ်တိုင် ဝါး၍ အုံပေးသည်ဗျ ” 


“ မှန်လှပါ အမိုက်အမဲလေး ကိုတော့ ဆုံးမပေးတော်မူ မှ သင့်တော်မည် ထင်မိကြောင်း ရွှေနားတော် လျောက်ပါသည် ဘုရား ” 


စိန်တုန်းမိဖုရားကြီး က  တင်လျှောက်သည်တွင် မင်းတရားကြီးဘုရား လည်း  ပြုံးရယ်တော်မူရင်း ...


“ လုံခမလေး  လိမ္မာရေးခြား ရှိလာစေရန် မောင်တော်ဘုရား ကိုယ်တိုင်  ကြိုးစားရမယ်ဗျ ။

သည် အရေးအတွက် စိတ်လေးနေတော်မူပါနဲ့  စုစု ရဲ့ ” 


“ မောင်ကြီးဘုရား ပေးလိုသည့် အပြစ်တော် ကို ခံယူရန်  အသင့်ရှိကြောင်းပါဘုရား ” ဟု အမြင့်မင်းသမီးလေး လျေက်တင်သည် ၌ မင်းတရားကြီးဘုရား လည်း အမြင့်သမီးတော်လေး နားသို့ ကပ်၍  လေသံဖြင့် တီးတိုးပြောလိုက်သည်ကို  စိန်တုန်းမိဖုရားကြီး မြင်လိုက်ပါသည် ။


မိဖုရားကြီးများ ပစ်လွှတ်လိုက်သော  မျှားချက် သည် မင်းတရားဘုရား အား  စူးဝင်လိုက်ရသည် ကိုတော့ မင်းတရားကြီးဘုရား သိရှာမည် မထင်ပါ ။ သို့ဖြစ်၍ တံလျှပ် ကို ရေထင်၍ ရွှေသမင် အလိုက်မှားတော့မည် ကို ကြံရာပါ မိဖုရားကြီး များ နားလည်သဘောပေါက်ကြပါတော့သည်တကား ။


( ၆ )


နံနက်ညီလာခံသဘင် သို့ တက်ရောက်ရန် လာသော ဦးရွှေမောင်ကြီး မှာ အရှေ့တော်ကြီးအတွင်း မင်းတရားကြီးဘုရား အမိန့်တော်ဖြင့် ဆင့်ခေါ် တော် မူ၍  ရောက်ရှိလာသော သမားတော်ကြီး   ဦးစံဝင်း နှင့် ဦးရှင်း တို့ကို တွေ့ရှိရပါသည် ။ သမားတော်ကြီးများထံ ချဉ်းကပ် စုံစမ်းသော်လည်း မင်းတရားကြီးဘုရား ဆေးတော် ဆက်ရန် လာရောက်ရမည်ကို  ဆင့်ခေါ် သည့် အတွက် အမြန် လိုက်ပါလာခြင်း ဖြစ်ကြောင်းမှ တပါး  အခြား မသိရ၍  ဦးရွှေမောင်ကြီး လည်း စဉ်းစားမိပါသည် ။  သမားတော်ဦးရှင်း နှင့် ဦးစံဝင်း တို့သည်  အနာပေါက် ကုရာတွင် ကျော်ကြား သည့် သမားတော်ကြီး များ  ဖြစ်ကြပါသည် ။ မင်းတရားကြီးဘုရား မည်သို့သော အနာတော်  ပေါက်ရလေသနည်း ။ ယမန်နေ့ ည ကညီလာခံတွင် အခစားဝင်ခဲ့သည့် အချိန်တိုင်အောင် ကောင်းမွန်စွာ ကျန်းမာစွာ ရှိနေပေသည် ။ မင်းတရားကြီးဘုရား အနာတော်အတွက်  ဆေးတော်ဆက်ရန် ဆင့်ခေါ် သည်ကိုလည်း  သမားတော်ကြီးများက ခိုင်မာစွာ ပြောကြားနေသည့် အတွက်  မင်းတရားကြီး ဆေးတော်ဆက်ရန် ဝင်ရောက်ကြမည့် သမားတော်ကြီးများနှင့်အတူ လိုက်ပါကြည့်ရှုရန် စောင့်စားနေပါသည် ။


မင်းတရားကြီးဘုရား နံနက်ပွဲတော်စား ကြပြီးနောက် သမားတော်ကြီးများ ဆေးတော် ဆက်ရန်

ဝင်ကြသည်တွင် ဦးရွှေမောင်ကြီး လည်း လိုက်ပါသွားခဲ့ပါသည် ။ ဆေးတော် ဆက်ကြရမည့်

သမားတော်ကြီး နှစ်ဦး လည်း  မင်းတရားကြီး အနာတော် ကို စစ်ဆေးကြည့်ရှုကြပါသည် ။  အနာ ကို

ကြည့်ရှုကြသူ သမားတော်ကြီး နှစ်ဦးစလုံး တဦးမျက်နှာ တဦးကြည့်လျက် အံ့ဩနေကြဟန်

ရှိသော်လည်း မင်းတရားကြီးဘုရား အား မည်သို့မျှ မတင်လျှောက်ဝံ့ကြ  မစူးစမ်းဝံ့ ကြဘဲ ရှိနေသဖြင့်

ဦးရွှေမောင်ကြီး ကပင် အလိုက်သိစွာ ကြားမှဝင်၍  –


“ မှန်လှပါ မင်းတရားကြီးဘုရား ၊  သမားတော်ကြီးများ အနေဖြင့်  အနာမသိ ဆေးမရှိ ၊ အနာမပိုင် ဆေးမကိုင် နှင့် ဆိုစကားအရ  အနာ ဖြစ်ရသည့် ဇစ်မြစ် ကို သိလိုကြဟန် တူကြောင်းပါဘုရား ” 


“ ဟုတ်ပေသဗျ ၊ သည် အနာက လူ ကိုက် သည့် အနာပေဘဲ သမားတော်ကြီးများ ဗျား ၊ ယမန့်နေ့ညဉ့် သန်းခေါင် အချိန်က အကိုက်ခံရခြင်းပ ” 


ဦးရွှေမောင်ကြီး ရော သမားတော်ကြီးများ ပါ အံ့အားသင့်နေကြပါသည် ။ ဆက်လက် မေးမြန်းစုံစမ်းရန်လည်း မင်းတရားကြီးဘုရား အနေဖြင့် ဖြေလိုမည်လည်း မထင်မိ ။ မေးမြန်းရန်ကလည်း အနာဖြစ်ရခြင်း အကြောင်းအရာမှာ ပြည့်စုံလုံလောက်နေပြီဖြစ်၍ ငြိမ်သက်စွာ လုပ်ဆောင်သင့်သည်ကို ဆက်လက် လုပ်ဆောင်နေကြပါသည် ၊ အနာပေါ် သို့ဆေးတော်တင် အဝတ်စီး ပေးကြပြီး မင်းတရားကြီးဘုရား အား  ခြေတော်ဦးခိုက်၍ ရှောင်ရန်  အစာ ၊  ပွဲတော် တည်ရမည့် ဓါတ်စာ တို့ကို တင်လျှောက်၍ သမားတော်ကြီးများ ပြန်လည် ထွက်ခွာသွားကြပါသည် ။


ဦးရွှေမောင်ကြီး တယောက် ထည်း  ကျန်နေရစ်လေတော့မှ  မင်းတရားကြီးဘုရား ကို ဦးခိုက်ပြီးလျှင် -


“ သည် အနာ မည်သူပြုမူ၍  မင်းတရားကြီးဘုရား  ခံစားရရှိသည်ကို  မိန့်တော်မူပါ ၊ သည် တရားခံ ကို ကျွန်တော်မျိုးကြီး  စစ်မေး အပြစ်တော်မူပါမည်ဘုရား ” 


မင်းတရားကြီးဘုရား လည်း အဖြစ်အပျက်များ ကို  စဉ်းစားမိသည့်အတွက်ပင်  ဖြစ်မည်လားမသိ ပြုံးတော်မူပါသည် ။ ၎င်းနောက်  လျောင်းတော်မူရာ သလွန်ညောင်စောင်း ဘေး  ရွှေကလပ် ပေါ် တွင် တင်ထားသည့် သမားတော်ငခဲ  ဆက်သခဲ့သည့် အင်္ဂဝုဒ္ဓိ ဆေးတော် ထည့်သည့်  စဉ့်ဘူး ကို လက်ညိုးထိုးပြတော်မူပြီး မိန့်တော်မူလိုက်သည် မှာ ...



“ နင် အရေးယူ အပြစ်ပေးချင်သည် ဆိုပ ၊ ငခဲဆေးတော် ဟာ  တရားခံ အစစ်အမှန် ပါ ၊ တောက်  –  မိစပ် ထံ

မသွားမီ အချိန် က သည် ဆေးတော်သာ စားသုံးထားပြီးသား ဆိုရင် ငမောင်ကြီး ရ ” 


           ပြီးပါပြီ


◾ချစ်စိန်လွင်


📖ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်မှတ်တမ်း


koaungnaingoo.blogspot.com


.

ဆောင်ကြာမြိုင်မှတ်တမ်း 08


 “ မိန်းမခရာ ၊ အပျိုပျံသင်း ၊ ရွှေရင်စိမ်းစိမ်းကို ၊

လက်ထိကျိန်းတယ်လို့ ၊ မသိမ်းဘဲလွှတ်ခဲ့သည် ...” 


             ◾   ဦးတိုး


❝ ဒူးတော် မဟုတ်သည် တဲ့ မယ်မယ်ဘုရားရေ ❞


ဆောင်းလေညှင်း က တဟူးဟူး တိုက်ခတ်နေပါသည် ။


“ အိုးဘို ”  လှေဆိပ် သို့  ဦးရွှေမောင်ကြီး တို့ ဆိုက်ရောက်ချိန်တွင် အရှေ့ လောကဓါတ် မှ ရောင်နီများဖြာသန်း လာပေပြီ နီမြန်းသော နံနက်ခင်း ၏ အလင်းရောင် နုတို့ ဖြင့် ကျွန် အရှင် နှစ်ပါး တို့အား ဆီးကြိုကြည်းနေသည်ဟု ထင်မှတ်ရပါသည် ။ မြောက်လေပြေ အသွေးတွင် ခြုံကြိုခြုံကြား မှ သယ်ယူဆောင်လာသည့် ခဝဲပန်းရနံ့ တို့က  ရှုရှိုက်သူတို့ အား လန်းဆန်းစေခဲ့ပါသည် ။


အလေ့ကျ သဘာဝအလျောက်ပေါက်ရောက်တတ်သော ခဝဲရိုင်းပင်လေးတို့ အချိန်မှန် ပွင့်ဖူး သီးကင်းတတ်ပုံ တို့ကို  အကြောင်းပြု၍ ရှေးစာဆိုစစ်လျင် ထောင်မှူးရှင်ထွေးညို စပ်ဆို ရေးသားခဲ့သည့် ခဝဲပန်း နှင့် တန်ဆောင်မုန်းလ ဘွဲ့ ကို ဦးရွှေမောင်ကြီး မှတ်မိသလောက် ရွတ်ဆိုမိပါသည် ။


ရွှေငုံခဝဲ ၊  ပွင့်ကျော်မြဲသား 

နှင်းပွဲပျဉ်းနီ ၊ သန်းပြီကြွမှု့

ဆောင်းသို့လုံဥ ၊ ရတုသာတုန်း 

တန်ဆောင်မုန်း ဟု ။


ပတ်ဝန်းကျင် သာယာမှုတို့ အောက်တွင် မင်းတရားကြီးဘုရား လည်း နှစ်ခြိုက်စွာ စက်တော်ခေါ်လျက်

ရှိပါသည် ၊ နိုးသည်အထိ စောင့်ဆိုင်းနေရပါလျှင် ရွှေနန်းတော်မြို့ တွင်း အဝင်အထွက် လွတ်လပ်မည် မဟုတ်သည်ကို သိရှိသော ဦးရွှေမောင်ကြီး သည် မင်းတရားကြီးဘုရာအား အသာအယာ နှိုးတော် မူလိုက်ပါသည် ။


မင်းတရားကြီးဘုရား အား  ရွှေနန်းတော်ကြီး ဆီ သို့ ပြန်လည် ပို့ဆောင်ပေးတော်မူရန် ညက အသင့် ရှိနေရစ်သော မြင်းများ ပေါ် သို့ ကုန်းနှီး ကို လှေတော်သား ကိုရင်အောင် အား တပ်ဆင်ခိုင်းလိုက်ပါသည် ။ မင်းတရားကြီးဘုရား လည်း ရွှေတချောင်းရေ ဖြင့် မျက်နှာသစ်တော် မူပြီးနောက် ဦးရွှေမောင်ကြီး နှင့်အတူ နန်းတွင်း သို့ ပြန်လည် ဝင်ရောက်တော် မူပါလေသည် ။ ဦးရွှေမောင်ကြီး လည်း အိပ်ချင်သော စိတ်များ ကို ချိုးနှိမ်မျိုသိပ်လျက် မင်းတရားကြီး အမိန့်တော်ဖြင့် သမားတော်ဦးခဲ အား ဆင့်ခေါ်ရန် မြင်း ကို ဆက်လက် အပြင်းနှင်းခဲ့ရပါသည် ။ မြင်းစီးရင်းပင် ငိုက်ငိုက်သွားရသည့် အတွက် မြင်း ပေါ်မှ လိမ့် မကျစေရန် အတော် သတိထား သွားရပါသည် ။ ငိုက်သည့် ဒဏ် ကို ကာကွယ်နိုင်ရန် လမ်းတွင် တွေ့ရှိသော ရေတွင်း အတွင်း ဝင်၍ လုံခလေး ထံမှ ရေပုံး ကို ခေတ္တ တောင်းယူ ငှားရမ်းပြီး မျက်နှာ သစ်ပါသည် ။ ရေအေးအေးဖြင့် မျက်နှာသစ်ပေးပါမှ အတော်လေး လန်းဆန်းလာပါသည် ။


ဦးရွှေမောင်ကြီး လည်း မြင်း ကို ဆက်လက် စီးနင်းသွားရာ မကြာမီ သမားတော် ဦးခဲ နေထိုင်ရာ မလွန်

ရပ်ကွက် အတွင်း သို့ ဆိုက်ရောက်လာပါသည် ။ ဦးရွှေမောင်ကြီး ဦးခဲ အိမ် ဆိုက်ရောက်ချိန် သမားတော်

ဦးခဲ မှာ အိပ်ရာမှ မနိုးသေး၍ အနှိုးခိုင်း မှ ထ လာပါလေသည် ။ ဦးရွှေမောင်ကြီး ကို မြင်လျှင် မြင်ခြင်း

သမားတော်ဦးခဲ က မေးလိုက်သည် ။


“ အသို့သော အကြောင်း ချင်းရပ်နှင့် လာဘိသနည်း ငမောင်ကြီး ရေ့၊ အကြောင်းထူးရှိပါ၏ လော ” 


“ မင်းတရားကြီးဘုရား ၏ အမိန့်တော်ဖြင့် ရွှေနန်းတော် သို့ ဆင့်ခေါ်ရန် စေလွှတ်လိုက်သည့် အကြောင်းနှင့် လာခဲ့ခြင်းပေဘဲ ငခဲ ရဲ့ ” 


“ ကောင်းလှပြီဗျား ၊ ရွှေနန်းတော် သို့ မဆင့်ခေါ်လည်း သည်နေ့ ရောက်ရှိ ခစားရမည့် နေ့မှန်း မသိဘဲ

မေ့လျော့နေဟန် တူပြီ ငမောင်ကြီး ရဲ့” 


“ ဟာ - ဟုတ်ပေသားကဘဲ ၊  သည်နေ့ အဖိတ်နေ့ မှန်း ငါ့ တို့ မသိကြရသည်မို့ ခုလို အပင်ပမ်းခံ လာရောက်နေစရာတောင် မလိုဘူး ၊  ခု ချိန်ထိ ငါ့ မှာ တမှေးမှ မမှိတ်ရသေး ၊ မင်းတရားကြီးဘုရား နောက်တော်ပါး က ခစား လိုက်ပါ နေရတာ အိပ်ချင်စိတ်တောင် ခုထိ မပြေဘူး ကိုရင်ငခဲ ရာ ” 


“ သေလိုက်စမ်းပါ့ ဝန်ကြီးဆယ်ယောက် ဆို သည်လို ကြိမ်တွယ်လိုက်ပေါ့ ငမောင် ရာ ၊ ကိုယ် အသုံးမကျလို့ ကိုယ့်ဟာကိုယ် ပမ်းတာ  ရင်နှစ်ခြမ်း ကွဲရုံ မကလို့ အသဲပင် ကျွမ်းပါစေ ၊ ဒို့ သမားတော်ကြီးများ အစုံအညီ ခစားရမည့်နေ့ ဆိုတာ တသီတင်းပတ် မှ သည် တရက်တည်း ရှိနေသည်ဟာဘဲ ငမောင်ကြီး ရယ် ” 


“ ငါတို့ ကြိမ်ဆဲလို့ ဝန်ကြီးတွေ သေပေမဲ့  တို့များ က ဝန်ကြီးဖြစ်မှာ မဟုတ်ပေဘူး ၊ သမားတော်ကြီး ဆယ်ယောက် သေရင်တော့ နင့် စည်းစိမ် နဲ့ အိုးအိမ် ကို ငါ က သိမ်းပိုက်ရမယ်ဗျား ၊ နင် မသေသမျှ ငါတော့ အေးအေး နေရမယ် မထင်ပါဘူး ၊ ဘာဘဲ အလိုရှိတသည် ဖြစ်စေ နင် နဲ့ပတ်သက်လာရင်တော့ မင်းတရားကြီး ဘုရား က ငါ့ ဘဲ အရင် ထောင်းမှာ ” 


“ သည်ဟာမျိုး ထင်ပါရဲ့၊ အောင်သွယ်ကောင်း လို့ အုတ်ကျောင်း ဆောက်ရ ဆိုတာလေ ၊ အရပ် က ခဲ နဲ့

ဝိုင်း ထုကြလို့ အုတ်တိုက် တလုံးစာ ရသွားတဲ့ အောင်သွယ်မျိုး ပ ” 


ဦးရွှေမောင်ကြီး နှင့် သမားတော်ကြီးဦးခဲ တို့မှာ သူငယ်ချင်း ပီပီ ရင်းရင်းနှီးနှီး တောင်စဉ်ရေမရ

လျှောက်ပြောကြရင်း နံနက်စာ ကို အတူ စားသောက်ကြပါလေသည် ။


စားသောက်ပြီးစီးသည့် နောက် မင်းတရားကြီး ထံတော်ပါး သမားတော်ဦးခဲ ရောက်ရှိလေမှ တာဝန် ကျေပွန်မည် ဖြစ်သည့် ဦးရွှေမောင်ကြီး မှာ ဦးခဲ အား အဝတ်အစားများ အမြန် လဲလှယ်စေပြီး  သူ နှင့် အတူ မြင်းတစီး ဖြင့် လိုက်ပါရန် ခေါ်ဆောင်သွားပါလေသည် ။


လမ်းတွင် မြင်းစီး ရင်း ယမန်နေ့ ညက အဖြစ်အပျက်များကို  ဦးခဲ အား တလုံးမကျန်  ဦးရွှေမောင်ကြီး က ပြောပြလေသည် ။ မိစပ် က ဒုတိယ ကနောင်မောင်တော် ဟု မင်းတရားကြီး အား ကင်ပွန်းတပ်လိုက်သည် ကို မခံချင်စိတ် ဖြစ်ပေါ်၍ သမားတော်ငခဲ နှင့် တိုင်ပင်ရန် အခေါ်တော် ရှိခြင်း ဖြစ်ကြောင်းကို ရှင်းလင်းပြပါသည် ။


ဦးရွှေမောင်ကြီး နှင့် ဦးခဲ တို့ရွှေနန်းတော်ကြီး ထဲ ရောက်ရှိချိန်တွင်နံနက်ညီလာခံ စချိန် နှင့်တိုက်ဆိုင်နေပါသည် ။ ဦးရွှေမောင်ကြီး သည် သမားတော်ဦးခဲ အား ပန်းခုံတော် အုတ်တိုက်တွင်းသို့ ပို့ဆောင်ခဲ့ပြီးမှ နံနက်ညီလာခံသဘင် ဆင်ယင်ကျင်ပသည့် မှန်နန်းဆောင် တွင်းသို့ ဝင်ရောက် ဖူးမျှော်ပါသည် ။ မင်းတရားကြီးဘုရား လည်း ဦးရွှေမောင်ကြီး ကို ညီလာခံသဘင် ပြုလုပ်နေဆဲ ဖြစ်၍ မြင်တော် မူသော်လည်း မမေးသေးဘဲ ညီလာခံ ဆက်လက်ကျင်းပ ပြုလုပ်ပါသည် ။ သီတင်းပတ် အတွင်း ညီလာခံ နောက်ဆုံးရက် ဖြစ်သည့်အတွက် အဘိတ်နေ့ ညီလာခံကို ဌာနဆိုင်ရာ ဝန်ကြီး ဝန်လေး အတွင်းဝန် စသည်ဖြင့် စုံညီစွာ တက်ရောက်ကြရပေသည် ။ တသီတင်းပတ် အတွင်း လုပ်ဆောင်ချက်များ တင်ပြ ညိုနှိုင်းချက်များ တောင်းခံဖြည့်စွက်ချက်များ ကို   ပြုလုပ်ကြရပါသည် ။ နံနက်ညီလာခံ မှ တင်ပြလာသော အချက်အလက်များ ပြဿနာများ ကို နေ့ညီလာခံ တွင် ဆုံးဖြတ်ကြရပေမည် နေ့ညီလာခံ တွင် မပြီးပြတ်ပါ က ညညီလာခံ တွင် ဆက်လက် လုပ်ဆောင်ရရိုး ထုံးစံရှိပါသည် ။


မင်းတုံးမင်းတရားကြီးဘုရား လက်ထက်တွင် သီတင်းနေ့တိုင်း  ညီလာခံရသည်မို့ အဘိတ်နေ့ညီလာခံများ သည် များသောအားဖြင့် အရေးတကြီး လုပ်ဆောင်ရမည့် ကိစ္စများ ပါဝင်လေ့ ရှိပါသည် ၊ ညီလာခံ စဲသည်နှင့် မင်းတရားကြီးဘုရား လည်း ဦးရွှေမောင်ကြီး ကို မေးမြန်းရာ ပန်းခုံတော်အုတ်တိုက် မှာ သမားတော် ဦးခဲ အား အစောင့်ထားခဲ့လေကြောင်း တင်လျှောက်သည်၌ မင်းတရားကြီး လည်း ပန်းခုံတော်အုတ်တိုက် သို့ ကြွမြန်းတော် မူပါလေသည် ။ မင်းတရားကြီးဘုရား ကြွမြန်းရာသို့ ဦးရွှေမောင်ကြီး လည်း အလိုက်သိစွာ နှင့် နောက်ပါးမှ  ခစားတော် မမူဘဲ နေရစ်ခဲ့ပေသည် ။


မင်းတရားကြီးဘုရား လည်း ပန်းခုံတော်အုတ်တိုက် သို့ ကြွမြန်းလာချိန် သမားတော်ကြီး လည်း

ဆီးကြိုတော်မူပြီး “ အမိန့်တော်မြတ် ကြောင့်  အခစားတော် ရောက်ရှိတော် မူကြောင်းပါ မင်းတရားကြီးဘုရား ” 


“ အိမ်း ခေါ်တော် ရှိလိုက်ရခြင်း မှာလည်း ငါ ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် ငယ်ကျွန်ရင်း သမားတော်ကြီး

ငခဲ အား ယုံကြည်စိတ်ထားသဖြင့် အားကိုးတော် မူရသောကြောင့်ပေဘဲ ” 


“ မှန်လှပါ ကျွန်တော်မျိုးကြီး မှာ မင်းတရားကြီးဘုရား အမှုတော် ကို သစ္စာရှိစွာ နှင့် ထမ်းရွက်ခဲ့သူ ဖြစ်ပါသည် ဘုရား ၊ ကျွန်တော်မျိုးကြီး အသက်စည်းစိမ် နှင့် အိုးအိမ် တို့ သည်ပင် မင်းတရားကြီးဘုရား အတွက် စွန့်လွှတ်ရန်   အသင့် ရှိပါသည်ဘုရား ” 


“ သည်လို အရးအခင်းကြောင့် မဟုတ်ပေဘူး သမားတော်ကြီးငခဲ ရဲ့ ၊ ငါ ကိုယ်တော်မြတ်ကြီး မှာ ငခဲ ပညာစွမ်းဖြင့် အကူအညီ ရယူလိုသော အကြောင်းချင်းရာ ရှိ၍  ဆင့်ခေါ်ခြင်း ဖြစ်ရပေသည် သမားတော်ကြီး ရဲ့” 


“ အလို ရှိရာ ကို မိန့်တော်မူပါ  မင်းတရားကြီးဘုရား ၊ ကျွန်တော်မျိုး အနေဖြင့် ပြုလုပ်၍ ဖြစ်သည်ကိစ္စ မှန်သမျှ

မင်းတရားကြီးဘုရား အတွက် ထိန်ချန်ထားချက် ရှိမည် မဟုတ်ကြောင်း အသက်ပေး တင်လျှောက်ဝံ့ကြောင်းပါဘုရား ” 


“ သည်လို  ငခဲ ရဲ့ ငါ့ ညီတော် ကနောင်အိမ်ရှေ့စံ အကြောင်း ငါ ကောင်းကောင်း သိသည်ပ ၊ ခြေခါး က အစ အူမ အထိ ဆိုသလို ငါ ကိုယ်တော်မြတ်ကြီး သိတော်မူတယ်လို့ ထင်မှတ်ယုံကြည်နေ တဲ့ ညီညီအိမ်ရှေ့စံ အကြောင်း ကို  ငါ ကိုယ်တော်မြတ်ကြီး ယမန်နေ့ ည က ဆန်းပြားသည့် ပြောင်းလွှဲမှုများ ကို သိခဲ့ရသည်ပ ” 


“ အမိန့် ရှိတော်မူပါဘုရား ထို ဆန်းပြားသည့်ပြောင်းလွှဲမှုများသည် အသို့သော အချင်းအရာများ

ဖြစ်ပါသည်ဘုရား ” 


“ ပြည်ကြီးပျော်ဘွယ်အရပ် မှ  မိစပ်ကြီး ဆိုလျှင် သမားတော်ကြီး ငခဲ သိမည် ထင်ပေသဗျ ၊ မယ်မင်း ဆီ

ရောက်ခဲ့လေတော့ မှ ပြောင်းလဲမှု အကြောင်း ငါ ကိုယ်တော်မြတ်ကြီး ကြားရပေတော့သည် ငခဲ ရဲ့” 


“ ထို အပြောင်းအလွှဲများ ကို  မင်းတရားကြီးဘုရား အားကျတော် မူတယ်လို့  မိန့်ဆိုတော်မူလိုပါသည်ဘုရား” 


“ ဘယ်နှယ် အားမကျဘဲ နေပါမည်လဲ ငခဲ ရယ် ၊ သည်လို ဖြစ်စေရအောင် ငခဲ ဘဲ ဆောင်ရွက် ပေးတော်မူတယ် မှတ်သဟဲ့ ” 


“ မှန်လှပါ ကျွန်တော်မျိုးကြီး ပင် ဆေးတော် စီရင်ပေးတော်မူရပါသည် ဘုရား ” 


“ အိမ်း သည်လို ဆေးတော်မျိုး တလက် ငါ ကိုယ်တော်မြတ်ကြီး အတွက် စီရင်ပီး ဆက်ရမယ် ဗျာ ၊

မြန်မြန် စီရင်ပြီး ဆက်သပေတော့ ” 


“ သည်ဆေးတော် ဆက်သရေး အတွက် လွယ်မရောင် နှင့် ခက်ခဲရတတ်ပါသည် ဘုရား ၊ အချိန်တော် အနည်းဆုံး ( ၆ ) လ ကြာပါမည် မင်းတရားကြီးဘုရား ( ၆ ) လ နှင့် မအောင်မြင်ပါလျှင် တနှစ် အထိ ကြာရှိတတ်ပါသည်ဘုရား” 


“ ညီညီ အတွက် ဆက်သသည့် ဆေးတော် တုန်းက ဘယ်လောက် ကြာသလဲ ငခဲ ရဲ့ သည်လောက်တောင်

ကြာလေသည်လား ”  


“ မှန်လှပါ ကနောင်ကိုယ်တော်ကြီး အတွက် ဆေးတော် စီရင်ချိန်မှာ အခါတော်သင့်လှသည်ဖြစ်၍ ၆ လ နှင့် အောင်မြင်ပါသည်ဘုရား ” 


“ သည်ထက် မြန်အောင် ကြံစည်၍ မဖြစ်ပေဘူလား ငခဲ ရဲ့ ငွေ နဲ့ ရွှေ နဲ့စက်ပြီး အသုံးပြု စီရင်လို့ကော မရပေဘူးလား ငခဲ ရဲ့” 


“ ဥစ္စာပစ္စည်းများ နှင့် စက်၍ အလဲအလှယ် ပြု မရနိုင်ကြောင်းပါ  မင်းတရားကြီးဘုရား အခါတော်သင့်ပါမှသာ

၆ လ  နှင့် ရနိုင်ကြောင်းပါဘုရား ” 


“ သဟာဖြင့် ရှိစေတော့ဗျား ဆေးတော်စီရင်ဘို့ ဘဏ္ဍာတိုက်တော်မှ အလိုရှိသမျှသမားတော်ကြီး

ထုတ်ယူသုံးစွဲခွင့် ရှိစေဗျား” 


“ ဆေးဘိုးဝါးခ ကုန်ကျရန်ကြောင်းမရှိပါ မင်းတရားကြီးဘုရား ၊ ကျွန်တော်မျိုးကြီး ကို မင်းတရားကြီးဘုရား

အလိုရှိတော်မူသော အရွယ်တော် ကိုသာ အမိန့်တော်မူပါဘုရား ” 


“ အလို - တယ်ပီး ထူးခြားလှပါကလား ဟရို့၊ ငါ ကိုယ်တော်မြတ် အလိုရှိရာ အရွယ်အစား ဖြစ်အောင် နင် စီရင်ပေးနိုင်တယ် ဟုတ်စ ” 


“ မှန်လှပါ ပြုလုပ်ပေးနိုင်ကြောင်းပါဘုရား ခန္ဓဗေဒကျမ်း နဲ့ ဘေသဇ္ဇ ဆေးကျမ်း အလိုအရ  အရွယ်တော် ကို

ရှိသင့်သည် ထက် ပိုမိုပါလျှင်လည်း ဘေးမကင်းတတ်ပါ ၊ အသက်အန္တရာယ်ပင် စိုးရိမ်ရပါသည်ဘုရား  -

ရောက်သင့်သည့် နေရာထက်လဲ ပို၍ မရောက်နိုင်ပါ ၊ မြင်း ဇက် နွား လက် လူ ချက် ဟု ဆေးပညာ

အလိုအရ ထိုနေရာများထက် ပို၍ မရောက်ရှိ နိုင်ပါ ၊ လိုသည်ထက် ပိုမို ပြုလုပ်ပါက ထိုသူ ကို သေဆေးကျွေးသည် နှင့် မခြားဘဲ  အာရုံကြောများ ပြတ်၍ အသက်သေဆုံးရမည် အမှန်ပါ မင်းတရားကြီးဘုရား ” 


“ သဟာဖြင့် ငါ့ ညီတော်ကနောင် အိမ်ရှေ့စံ ဘယ်လို ပြုမူသလဲ သူ့ ရဲ့ လုပ်နည်းလုပ်ဟန် သိရမှ

ပိုမို ကောင်းမည် ထင်ပါ့ ငခဲ ရ ” 


“ ဆေးတော်စီရင်ရမည့် သူ ၏  အရပ်အမောင်း နှင့် လိုက်၍ ပြုလုပ်လျှင်  အသင့်လျော်ဆုံးပါ ဘုရား ၊  အရပ်ရှည်သူ

ရှည်သင့်ပေသည် ၊  အရပ်ပုသူ မှာလည်း သူ့ အထွာနှင့် သူ သာ ကောင်းပါသည် ဘုရား ၊ ကနောင်အိမ်ရှေ့စံ

ကိုယ်တော်ကြီးမှာ သူ့ အထွာ နှင့် လက်နှစ်သစ် အစွန်းထွက် အတိုင်းအတာ  ပေးပါသည် ဘုရား ” 


“ သည်လို ဆိုလျှင် သင့်မြတ်လှပေသည် ၊ သမားတော်ကြီး ရေ့ ငါ ကိုယ်တော်မြတ် အတိုင်း

အတာ ကို လည်း ယခုပင် ပေးရမည်လား ” 


“ သင့်မြတ်လှပါသည် ဘုရား ၊ သည် ပုရပိုက် ပေါ် ရေးသားပေးတော်မူပါ ၊ အလျား နှင့် လုံးပါတ် ကို မင်းတရားကြီးဘုရား အနှစ်သက်ဆုံး နှင့် ဘေးအကင်းဆုံး အရွယ်တော် ဖြစ်စေပါလျှင် ကျွန်တော်မျိုးကြီး ဆောလျင်စွာ ဆေးတော် ပြုစုပါမည်ဘုရား ” 


မင်းတရားကြီးဘုရား လည်း  သမားတော်ကြီးငခဲ ဆက်သသော ပုရပိုက် နှင့်  ကန့်ကူဆံ ကိုင်ကာ စဉ်းစားရင်း ရေးလိုက်ဖျက်လိုက် နှင့် သုံးလေးကြိမ်မျှလောက် ပြုလုပ်ပြီးသည့် နောက်မှ ပုရပိုက် ကို သမားတော်ကြီး လက်သို့ ပေးအပ်လိုက်ရင်း ...


“ သည် ဆေးတော် ကို အောင်မြင် ချောမောစွာ နှင့် ဆက်သနိုင်လျှင် ငခဲ အတွက် ဆုတော် လာဘ်တော်များ

ပေးသနားတော်မူမဗျား ” 


မင်းတရားကြီးဘုရား လည်း  မိန့်တော်မူရင်း နေရာမှ ထတော် မူသဖြင့် သမားတော်ကြီးငခဲ လည်း

ခြေတော်ဦးခိုက်ရင်း ...


“ ကျွန်တော်မျိုးကြီး ကြိုးစား၍ ဆေးတော် ကို အမြန် ပြီးမြောက် အောင်မြင်စေရန် စီရင်၍ ဆက်သပါမည် မင်းတရားကြီးဘုရား ” 


ပန်းခုံတော် မှ ထွက်တော်မူသော မင်းတရားကြီးဘုရား အား တင်လျှောက်လိုက်ပါသည် ။


 ( ၂ )


တခုသော နံနက်ခင်းပိုင်း တွင် ဘီးရိုးလှည်း တစီး သည် ရွှေနန်းတော် မြို့ရိုး အတွင်း ရှိ ပင်းတလဲစား ဦးရွှေမောင်ကြီး အိမ်တော်ဝင်း အတွင်း ဝင်ရောက်လာလေသည် ။ နံနက်စာ စားရန် ပြုနေသော ပင်းတလဲစားကြီး သည် မစားသေးဘဲ ဘီရိုလှည်း ဆီသို့ ကြည့်နေမိပါသည် ။ ထိုသို့ ကြည့်နေဆဲ ဘီရိုလှည်း အတွင်းမှ စဉ့်ဘူးငယ် တခု ကို  ပိုက်လျက် ဆင်းလာသော သမားတော်ဦးခဲ ကို မြင်ရသည့် အတွက် ဝမ်းသာ အဲ့လဲ ခရီးဦးကြို ပြုသည့် အနေနှင့် ဦးခဲ ရှိရာသို့ ဆင်းသွားပါလေသည် ။


“ စောလှချည်လား သူငယ်ချင်းရာ ၊  ဘယ်ကို သွားမည့်ရည်ရွယ်ချက် ဖြင့် လာပေသနည်း ဆိုစမ်းပါ့ ” 


“ တခြားသွားစရာ မရှိပါဘူး ငမောင် ရာ ၊  မင်းတရားကြီးဘုရား ထံ သွားဘို့ဘဲ ၊ သဟာ့ပေမင့် မြို့ဝင် တံခါး မှာ အိပ်ဖန်တော်သား တယောက် နှင့် တွေ့ရ၍ စုံစမ်းကြည့်လိုက်တော့ နင် အိမ်ပြန် အိပ်သည် ဟု သိရ၍

ဝင်လာခဲ့ချင်းပေပေါ့ ငမောင် ရာ ” 


“ သည်လိုဆိုရင်လဲ မင်းတရားကြီး ထံပါး အခစား ဝင်ရင် ကျုပ်ပါ အတူ လိုက်စေချင်တဲ့ သဘောနှင့် အခေါ်လာသည် ထင်ပါ့ ” 


“ အတူ လိုက်လိုလဲ  အတူ သွားကြဘို့ပ ၊ နေရစ်ချင်သေးရင်လဲ သူငယ်ချင်း သဘောပေဘဲ ၊ ငါ့ အနေနဲ့ကတော့ နံနက်စာ ပွဲတော် မတည်မီ ဆေးတော် ဆက်သရမည် ငမောင်ကြီး ရ ” 


“ အလို  - အဘယ်သို့သော ရောဂါကြောင့် ဆေးတော် ဆက်ရမည်လဲ ငခဲ ရဲ့၊  မနေ့ကပင် မင်းတရားကြီးဘုရား ထံ  ငါ အိမ်ပြန်ခွင့် တောင်းလေတော့ မင်းတရားကြီးဘုရား ကပင်  ငခဲ ဆေးတော် အစားများသွားလေသလား  ငမောင်ကြီး ရဲ့ လို့ ကြည့်စားတော် မူသေးသဟ ” 


“ ဒါလို မဟုတ်ပေဘူး ၊ နင် တကယ် မသိသမို့ မေးသည်လား ငမောင်ကြီး ” 


“ မသိရိုး အမှန်ပါ ငခဲ ရာ  မင်းတရားကြီးဘုရား အရေးကိစ္စ နှင့် ပက်သက်ပြီး ဘယ်တုန်းကများ နင့် ကို ငါ သရော်ပြောင်ဘူးသည်လဲ ငခဲ ရဲ့” 


“ သဟာဖြင့် နင် မေ့လို့သာ ဖြစ်ရမည်ပ ၊ ငါ ယခု ဆက်သရမည့် ဆေးတော် သည် ထွားဆေးကြီး ပ ” 


“ ငါ့ အပြစ်ပ သူငယ်ချင်း ရ ၊ ငါ တကယ် မေ့နေမိပါ သဟ ငခဲ ရ ၊ သည် အကြောင်း ကို မင်းတရားကြီးဘုရား

မသိပါစေနှင့် ” 


“ အေးပ - ငမောင်ကြီး ရ သည်ဟာလဲ ငါ့ တို့ နင် တို့ ကိုယ်ရေးမှ မဟုတ်မူဘဲ အမှတ်ရချင် မှ ရပေမပေါ့ ၊ ငါ ကိုယ်တိုင်ကလဲ မင်းတရားကြီးဘုရား အတွက် တာဝန်ပေးအပ် ခန့်ထားသည့် တပည့်တပန်း က အချိန့်စေ့ ရောက်ကြောင်း ပြောကြားလေမှ ဆေးတော် စီရင်ရသည် ငမောင်ကြီး ရ ၊ နှစ်ရှည်လများ ကြာတော့လဲ တာဝန်လစ်ဟင်းရသည့် အတွက် မဟုတ်ပေမင့် ကိစ္စများမြောင် လူတို့ဘောင် အတွင်း

ရုန်းကန်လှုပ်ရှားရသသူများ အဖို့ မေ့လျော့ပေမည်ပ ” 


သဘာဝ ကျလှသော ငခဲ စကားကြောင့် ဦးရွှေမောင်ကြီး ခမျာလည်း ပြုံးရယ်လာနိုင်ခါ “ ငါ့ တို့ မင်း တို့ တတွေ ဟာ  မင်းတရားကြီးဘုရား ၏ လက်စွဲတော်ကြီးများ ဖြစ်ကြသော်လည်း အရာရာတိုင်းမှာ မင်းတရားကြီးဘုရား အတွက်  အလိုတော်ရှိသည် ဖြစ်ချင်မှ ဖြစ်ပေမည် ဆိုသော အသိကြောင့် ထမ်းရွက်သင့်သော တာဝန်ထက် ပိုမို မထမ်းရွက်မိဘို့ သတိရှိရ သည် မို့ မေ့သင့်သည့် ကိစ္စများမေ့ရသည် ပ ငခဲ ရ” 


“ ဟုတ်လိုက်လေ သူငယ်ချင်း ရယ် ဒါမှသာ  သစ္စာရှိသည် ။ ငယ်ကျွန်တော် ပီသပေမည်ပ - သဟာကြောင့် ငါ လည်း အလိုတော် ရှိမှသာ ပေးအပ်သည့် တာဝန်ကို  ဦးလည်မသုန် ထမ်းရွက်ပေးသည်ပ -  မင်းလိုလိုက် မင်းကြိုက်ဆောင်ရွက် သသူများ သည် မင်းမှုထမ်းကောင်း မဆိုသင့်ကြောင်း ငါ့ အမိ အဘ တို့ သင်ကြားခံ့ခြင်းလည်း ရှိခဲ့သည် ငမောင် ရဲ့” 


သူငယ်ချင်းနှစ်ယောက် လည်း စိတ်ဝမ်းကြည်နူးခြင်း အပြည့် ဖြင့် တဦး နှင့် တဦး ဘက်လှဲတကင်း ပြုခါ နံနက်စာ အတူတကွ ထိုင်၍ စားသောက်ကြပါသည် ။


( ထိုမှန်ကန်သော စိတ်ထား  ( ဖေါ်လံဖား ကင်းသည် )  မင်းမြှောင်စိုးကပ် စိတ်ဓါတ် မရှိသည့် အတွက် မင်းတုန်းမင်းတရားကြီး ဘဝနတ်ထံ ပြန်လွန်တော် မူပြီးသည့်နောက် ဦးရွှေမောင်ကြီး ကွက်မျက်ခြင်း ခံရသည့် တိုင်အောင်  သီဘောမင်း နှင့် စုဘုရားလတ် တို့ ဆက်လက် မြှောက်စားခြင်းကို ခံခဲ့ရပေသည် ။ )


သူငယ်ချင်း နှစ်ယောက်လည်း  လက်ရေတပြင်စီး စားသောက်ကြပြီးနောက် မင်းတရားကြီးဘုရား ထံ

ခစားရန် ထွက်ခွာသွားတော်မူကြပါလေသည် ။


မင်းတရားကြီး ထံတော် အပါး  ခစားရောက်ရှိသည်တွင်  မင်းတရားကြီးဘုရား ကပင် “ ငမောင်ကြီး နဲ့ သမားတော်ကြီး ငခဲ တို့ပါကလား  အလို စဉ့်ဘူးကြီး နဲ့ ဘာတွေများပေလဲ ” 


“ မှန်လှပါ မင်းတရားကြီးဘုရား အစီရင်ခိုင်းသည့် ဆေးတော်ပါ ဘုရား ၊ အောင်မြင်ပြီးစီးပါ သဖြင့် ပေးဆက်တော်မူရန် လာရောက်ခဲ့ရခြင်းပါဘုရား ” 


“ ငါ ကိုယ်တော်မြတ် အတွက်  ဆေးတော် ရကြောင်း ကြားသိရသောကြောင့် ဝမ်းမြောက်တော် မူပေသဗျ ” 


“ ဆေးတော် စီရင်ရာတွင်လည်း တကြိမ်တခါတည်း ဖြင့် အောင်မြင်တော် မူ၍ ဘုရား ကျွန်တော်မျိုးကြီး လည်း

ဝမ်းမြောက်တော် မူပါသည် မင်းတရားကြီးဘုရား ” 


“ သည် ဆေးတော် ကို  မည်ကဲ့သို့  မှီဝဲရမည် ကို တင်လျှောက်စမ်းဘိ ငခဲ ရ ၊ ဘယ်အချိန် သောက်သုံး

ရမည်လဲ - ငါ ကိုယ်တော် တိုင် မြှော်လင့်ထားသည် မှာ အတော်ကြာပေပြီ မဟုတ်လား ” 


“ ကျွန်တော်မျိုးကြီး ပေးဆက်တော် မူသော ဆေးအညွန်း အတိုင်းသာ သုံးဆောင်တော် မူပါ မင်းတရားကြီးဘုရား ” 


( ထို ဆေးနည်း မှာ  ယခု တိုင်အောင်  စာရေးသူ လက်ဝယ် ရှိပါသေးသည် ၊ ထုတ်ဖေါ်ရန် သင့် မသင့် စဉ်းစား ချိန်ဆရန် လိုအပ်သည် ဟု ထင်မြင်မိသဖြင့် စားသုံးပုံ နှင့် ဆေးဖေါ်ပုံ ကို အခိုက်အတန့် အား ဖြင့် လျှို့ဝှက်ထားပါသေးသည် ။ )


“ ဆေးတော် သောက်သုံးတော်မူပြီးသည့် နောက် အကျိုးအကြောင်း ဘယ်တော့မှ သိရမည်လဲ ငခဲ ရ ” 


“ မှန်လှပါ ။ ဆေးတော် ကို အညွှန်းအတိုင်း သုံးစွဲတော် မူပြီးသည့်နောက် သုံးရက်မြောက် သော အချိန်ကာလ မှ စ၍ တန်ခိုးတော် ပြပါလိမ့်မည် ။ ဤ ဆေးတော် သည် ချိန်ဆ ပြုပြင် စီရင်ထားသည်ကြောင့် ဘေးအန္တရာယ်  ဖြစ်စရာ အကြောင်း မရှိပါ မင်းတရားကြီးဘုရား” 


“ နင့် ဆေးတော် အတွက် လက်ဝတ်တော် ပတ္တမြားလက်စွပ် တကွင်း ၊ ရွှေစင်တဆယ် ( ပိဿာ ) နှင့် ငွေချိန်တရာ ပေးသနားတော်မူတယ်ဗျား ။ ငါ ကိုယ်တော်မြတ် စိတ်တိုင်းကျ တကယ် ဖြစ်လာပြီဆိုရင် ထပ်မံ မြှောက်စားတော်မူမဗျား ...” 


“ ဝမ်းမြောက်လှကြောင်းပါ ဘုရား ။ ကျွန်တော်မျိုးကြီး တတ်ကျွမ်းသော ပညာဖြင့် မင်းတရားကြီးဘုရား အတွက် ပူဇော်ခြင်း ဖြစ်ပါသဖြင့် ဆုတော်လာဘ်တော်များ ကို မမြှော်လင့်ကြောင်းပါ မင်းတရားကြီးဘုရား ” 


ဘဝရှင်မင်းတရားကြီးဘုရား လည်း သမားတော် ဦးခဲ တင်လျှောက်ချက် ကို ပြုံး၍ နားဆင်တော် မူရင်း ဦးရွှေမောင်ကြီး ဘက်သို့ လှည့်၍ အမိန့်တော် မှတ်တော်မူပါလေသည် ။


“ ဟဲ့  ငမောင်ကြီး ... ငါ ပေးသနားတော်မူတဲ့ ရွှေတော် ငွေတော်များ ကို ဘဏ္ဍာတိုက် မှ ထုတ်ယူပြီး

သမားတော် ငခဲ အိမ် အရောက် ပို့ပေးတော် မူစေဗျား” 


မင်းတရားကြီးဘုရား မျက်နှာတော် လွှဲတော်မူသွားသဖြင့် ဦးရွှေမောင်ကြီး နှင့် သမားတော်ကြီး  ဦးခဲ တို့လည်း

မင်းတရားကြီးဘုရား အား ဦးခိုက်လျက် ထွက်ခွာတော် မူခဲ့ကြပါသည် ။


( ၃ )


မင်းတုန်းမင်းတရားကြီးဘုရား သည် နံနက်ညီလာခံ ကျင်းပပြုလုပ်ရာ ညီလာခံ ခန်းမဆောင်မှ အရှေ့ဘက်ရှိ ပထမ ဇေတဝန်ဆောင်တော်ထဲတွင် မိဖုရားကြီးများ ၊ အခြွေအရံ သင်းပင်းများနှင့် စကားပြောနေသခိုက် ဦးရွှေမောင်ကြီး ဆိုက်ရောက်သွားပါသည် ။ ရှမ်းစော်ဘွား နှင့် တူသူ တဦး နှင့် ရှမ်းမငယ် ချောချော တယောက် ၊ ရှမ်းအမှုထမ်း တချို့ ပါရှိသော ဧည့်သည်တော် အဖွဲ့ တဖွဲ့လည်းခစားလျက် ရှိနေပါသဖြင့် ဦးရွှေမောင်ကြီး လည်း  မင်းတရားကြီးဘုရား ကို တိတ်ဆိတ်စွာ နှင့် ခစားနေပါသည် ။ မင်းတရားကြီးဘုရား လည်း  ဧည့်သည်တော်များဘက် လှည့်ရင်း ...


“ သိန္နီစော်ဘွားကြီး ရပ်ရွာနယ်ပယ် အေးချမ်းသာယာသည်များ ကြားရသည့်အတွက် ကိုယ်တော်မြတ်ကြီး

စိတ်ဝယ် ကြည်နူးခြင်း ဖြစ်မိပေသည်ဗျား ” 


“ ကမ္ဗောဇ ရှမ်းပြည် တလွှားရှိ  စော်ဘွားအားလုံး တို့ ၏ သစ္စာတော် ခံယူထားရှိသော ဘဝရှင် မင်းတရားကြီးဘုရား ၏ နေပြည်တော် သည် လက်နက်လူသူအင်အား တောင့်တင်းလှသည့်အတွက် နယ်ရှင် ၊ ပယ်ရှင်များကိုပါ  လိုလားလေးစားလာရခြင်း ဖြစ်ရပါသည် ။ ထိုသည်အတွက် မင်းတရားကြီးဘုရား ဘုန်းရိပ် ကံရိပ် ခိုလှုံကြရသူများ နယ်ပယ်များ အေးချမ်းရခြင်း ဖြစ်ကြောင်းပါဘုရား ” 


“ သင့်မြတ်လှပေတယ် ... စော်ဘွားကြီး ကိုလည်း ဘွဲ့တံဆိပ်တော်များ အပ်နှင်းပြီး ဆုတော်လာဘ်တော်များ ပေးသနားတော်မူရမယ်ဗျ” 


စော်ဘွားကြီး ကို မိန့်တော်မူပြီးသည် နှင့် တဆက်တည်း မင်းတရားကြီးဘုရား သည် ဦးရွှေမောင်ကြီး ဘက် သို့

လှည့်လျက် ...


“ ငမောင်ကြီး နားတော်ခံ မင်းထင်ကျော်ခေါင် ကို ဆင့်ဆို၍ နေ့ညီလာခံသဘင် တွင် သိန္နီစော်ဘွားကြီး နှင့် သမားတော်ကြီး ငခဲ ကို ဘွဲ့တံဆိပ်နာမတော်များ ခတ်နှိပ် ချီးမြှင့် သူကောင်းပြု၍ ဆုတော်လာဘ်တော်များ ပေးသနားရမည် ကို အစီအစဉ်ပြုပါ ... သမားတော် ငခဲ ထံလည်း ငမောင်ကြီး ပင်အချိန်မှီ မြင်းလျင် လွှတ်၍  အကြောင်းကြားပါဘိ ” 


“ ဗျာဒိတ်တော်မြတ် အတိုင်းပါ  ဘုရား ”  ဟု ဦးရွှေမောင်ကြီး လည်း မင်းတရားကြီးဘုရား အား ဦးခိုက်လျက် ဘွဲ့အပ်နှင်းရေး ကို စီစဉ်ဆောင်ရွက်ဖို့  ရှေ့တော် မှ ထွက်လာခဲ့ပါသည် ။ ဦးရွှေမောင်ကြီး အနေဖြင့် သူငယ်ချင်း ရောင်းရင်း ငခဲ ဘွဲ့တံဆိပ်တော် ထပ်မံ ချီးမြှင့်ခံရသည့် အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရပါသည် ။


xxxxx   xxxxx   xxxxx


သမားတော်  ဦးခဲ ဘွဲ့ ခြီးမြှင့်ရေး တွင် အခက်အခဲ တွေ့ရှိရကြောင်း နားတော်ခံမင်းထင်ခေါင် က ဦးရွှေမောင်ကြီး အား  ညည်းညည်းညူညူနှင့် ပြောကြားပါသည် ။ “ ကိုရင် ရွှေမောင်ကြီး ရ သမားတော် ဦးခဲ အတွက် ဘွဲ့တံဆိပ်  ဂုဏ်ထူးတော် ချီးမြှင့် ပေးသနားတော်မူဘို့က ခက်နေကပြီဘဲ ၊ ရွှေနန်းတော်အတွင်း အမှုထမ်းဘို့ ဘုရင်သမားတော် အဖြစ် အသိအမှတ် ရ ကတည်းက ဘိသက္ကရာဇရာဇ ဘွဲ့ ကို အပ်နှင်းရပေသဗျ ၊ နောက် တဆင့် ထက် တဆင့် တက်ပြီး ပညာသိဒ္ဒိ ဆိုသည့် အမြင့် ဆုံး ဆေးပညာဘွဲ့ထူး ကို ချီးမြှင့်တော် မူပြီးသားကဘဲ ” 


“ ကျုပ် လဲ မှတ်မိပါတယ် မင်းတရားကြီးဘုရား အလိုတော် အရ သူငယ်နာ အထူးကု အဖြစ် အသိအမှတ် ပြုပြီး

ဘေသဇ္ဇပါရဂူ ဘွဲ့ ခြီးမြှင့်တော် မူသည်ကို သိသည်ပ နားတော်ခံကြီး ရ” 


“ ဟုတ်လိုက်လေ ကိုရင်ရွှေမောင်ကြီး ရဲ့ အဆင့်ဆင့်ဘွဲ့တွေ တမျိုးပီး တမျိုး ရထားသည်က တကြောင်း ၊ အမြင့်ဆုံး ဆေးပညာဘွဲ့ အထွဋ်ထိပ်ဘွဲ့ထူးမျိုး ရရှိပြီး သသူ ကို ကျုပ်တို့ က ဘယ်လို နောက်ထပ် ဘွဲ့တံဆိပ်နာမံတော် ခတ်နှိပ်ရပေမယ် ဆိုက ကိုရင်ရွှေမောင်ကြီး ဘဲ  အကြံပေးစမ်း ပ ” 


“ သည်လို ဆိုရင်ဗျာ ရွှေလွှတ်တော် မှတ်တမ်း  ရွှေဘုံ နိဒါန်း ဗြဲတိုက်တော် မှတ်တမ်း တွေ ကို ကြည့်ရှုစစ်ဆေး

ဘွဲ့ပေးခြီးမြင့်ပုံ ကို လေ့လာလိုက်ရင် ပြီးစီးနိုင်မည် ထင်ရသည်ပ နားခံတော် မင်းထင်ကျော်ခေါင်ကြီး ရယ် ” 


“ ကျုပ် ကိုယ်တိုင် အပြန်အလှန် စစ်ဆေးပြီးကပြီမို့ ကိုရင် ရွှေမောင်ကြီး ဆီ အကူအပံ့ ယူရသည်ပ ကုန်းဘောင်ခေတ် တခတ်လုံးတွင်လည်း သည် လို အမြင့်ဆုံး ဘွဲ့ထူး ကို နှစ်ကြိမ် ခြီးမြင့်ခြင်း မရှိခဲ့ဘူးသေးပါ ယုတ်စွအဆုံး ရာဇဝင် တွင် မရှိသေးသမို့ မည်သို့မျှ မကြံတတ် မစီရင်တတ်အောင် ဖြစ်ရခြင်းကြောင့် ကိုရင်ရွှေမောင်ကြီး ထံမှ အကူအပံ ယူလိုသည်ကြောင့် အကြံတော်သစ် တောင်းခံရခြင်းပေကပဲ ” 


ဦးရွှေမောင်ကြီး လဲ နားတော်ခံ မင်းထင်ကျော်ခေါင် ထံမှ မည်သို့မှ မကြံတတ်အောင် ငခဲ အတွက် ဘွဲ့တံဆိပ်တော် ချီးမြှင့်စရာ မရှိသလောက် ဖြစ်နေရသည်ကို ကြားသိရသည့်အတွက် ဂုဏ်ယူချင်စိတ်များ ပင်  ပေါ်ပေါက်လာရပါသည် ။ ဘွဲ့တံဆိပ်တော် ခြီးမြင့်ရေး အတွက် ကျွမ်းကျင်လိမ္မာလှသူ မင်းထင်ကျော်ခေါင် ပင် မဖြေရှင်းနိုင်သည့် ပြဿနာ ကို မင်းတရားကြီးဘုရားထံ တင်ပြနေလျှင်လည်း မင်းတရားကြီးဘုရား ကိုယ်တိုင် မဖြေရှင်းနိုင်ဘဲ ဖြစ်နေမည်ကို ဦးရွှေမောင်ကြီး အတတ် သိပါလေသည် ၊ မိမိ နှင့် နားတော်ခံ မင်းထင်ကျော်ခေါင် တို့က ဝတ္တရားအရ လျှောက်တင်ပြန်ပါကလည်း မိမိတို့ နှစ်ယောက် အား ပြန်လည် တာဝန်ပေးမည် ဖြစ်ပါသည် ။ မင်းတရားကြီးဘုရား သည် မင်းကျင့်တရားဆယ်ပါး နှင့် အညီ အုပ်ချုပ်သူ ဖြစ်သဖြင့် ဌာနဆိုင်ရာ ပိုင်ရာ တို့ ထံမှသာ ကိစ္စတခု ကို အပြီးတိုင် ဆုံးဖြတ်လေ့ ရှိကြောင်း ဦးရွှေမောင်ကြီး သိရှိနားလည်ပြီး ဖြစ်ပါသည် ။


ငခဲ အား ဘွဲ့ခြီးမြှင့်ဘို့ အရေးအခင်းမှာ မပြီးမပြတ် ဖြစ်နေပါက မင်းတရားကြီးဘုရား ရွှေစိတ်တော် ငြို အလိုတော် မကျ ဖြစ်နေမည်လည်း စိုးနှောင့်ရသည် မို့ နားခံတော် မင်းထင်ကျော်ခေါင် အကြံပြုသည့်အတိုင်း ပညာ သိဒ္ဒိဘွဲ့ နှစ်ထပ်ကွမ်း ပေးရန် ဆုံးဖြတ်လိုက်ကြသည် ။


နေ့ညီလာခံ အခမ်းအနားတွင် ပင် ဘဝရှင်မင်းတရားကြီး ကိုယ်တော်တိုင် သမားတော်ကြီး ငခဲ အား ထူးထွေဆန်းပြားသည့် ဘေသဇ္ဇ အတတ် တွင် တဘက်ကမ်းခတ် တတ်မြောက်သူ ဖြစ်သည့် အတွက် ပညာ သိဒ္ဒိ ကျော်ခေါင် (ပညာ သိဒ္ဒိကျော်ခေါင် ) ဘွဲ့တံဆိပ်နာမံတော် ခပ်နှိပ် ချီးမြှင့်တော် မူရကြောင်း မိန့်တော်မူရင်း ဘွဲ့ချီးတော် မူပါလေသည် ။ ငခဲ ရရှိ  သော အဘိုးတန်ပစ္စည်း အမြောက်အများ ကိုလည်း လှည်းနှစ်စီးဖြင့် တိုက်ပို့ရပေမည် ။


နှမတော် နှင့် လက်ဆောင် ပဏ္ဏာများ ဆက်သတော် မူသော  စော်ဘွား အားလည်း ဘွဲ့တံဆိပ်တော် နှင့် ပတ္တမြားလက်ဝတ်တော် စသော ပိတ်အုပ် နှင့် ကတ္တီပါစ စိန့်တိုင်းပြည် ဖြစ် ဖဲကြီးလိပ် ပိုးစအုပ် အခြား ဆုတော်  လပ်တော် အများအပြား ပါဝင်လေသည် ။


သိန္နီစော်ဘွား ဆက်သသော နှမတော် မှာ ရုပ်ရည်ချောမောလှပ  ရိုးမှန်သော်လည်း အသက်အရွယ် နုငယ် လွန်းပုံ ရပါလေသည် ။ ကုမ္မာရီ မဖြစ်မှီ ဂေါရီ အရွယ် ၁၂  နှစ် သာ ရှိပေဦးမည် ဟု ဦးရွှေမောင်ကြီး အပါအဝင် မှုးကြီးမတ်ရာ  သေနာပတိကြီး များ အားလုံးလို ကပင် မှန်းဆပါလေသည် ။


ညီလာခံသဘင် နှင့် ဘွဲ့အခမ်းအနား ပြီးစီးသည်နှင့် ငခဲ ကို ပစ္စည်းများ စုဆောင်းပေးအပ်သည် တွင် “ ငမောင်ကြီး သည်နေ့ည တို့များ ငယ်ပေါင်းကြီးဘော်များတွေ နှင့် ရင်းနှီးသသူတွေ အားလုံး စုရုံးပြီး ပျော်ပျော်ပါးပါး သောက်စားကြဘို့ ငါ့ အိမ် လာခဲ့ စေချင်သကွာ” 


“ မင်းတရားကြီးဘုရား ထံတော် အခွင့် ပန်ပြီး လျှောက်ထားလို့ လာခွင့် ပေးခဲ့ရင် လာခဲ့မဗျ ” ဦးရွှေမောင်ကြီး လည်း ငခဲ ဘိတ်မန္တက ပြုချက် ကို ခြွင်းချက် ဖြင့် လက်ခံလိုက်ပါသည် ။ မင်းတရားကြီးဘုရား အား အကျိုးအကြောင်း   ပြောပြလျှောက်တင်သည်တွင် သွားခွင့်ပြုတော်မူ လိုက်ပါသည် ။ ဦးရွှေမောင်ကြီး လည်း နန်းမြို့တံခါး မပိတ်မှီ မြင်း စီး၍ သမားတော်ငခဲ အိမ် ရှိရာ မလွန်ရပ် သို့ သွားရောက် ပါတော့သည် ။


ဦးရွှေမောင်ကြီး ဆိုက်ရောက်ချိန်တွင် သမားတော်ဦးခဲ အိမ်မှ ထမင်းစားပွဲ တွင် မင်းပရိသတ် အတော် စုံလင်နေပေပြီ ၊  ကနောင်အိမ်ရှေ့စံ ကိုယ်တော်ကြီး သားတော်များ ဖြစ်သော ထန်းတပင်မင်းသား ၊ မလွန်မင်းသား တို့လည်း ပါဝင်ကြပေသည် ။ မြို့ဝန် ဦးသာအို ၊ လှေသင်းတွင်း ဝန်မင်း ၊  ရွှေပြည်ဝန်ကြီး ဦးဖိုးလှိုင် စသော ဦးခဲ နှင့် ရင်းနှီးသော အပေါင်းအသင်း များသာ ဖြစ်ကြပါလေသည် ။ အရပ်သူ အရပ်သားများ အတွက်လည်းအငြိမ့်ပွဲ တခုလည်း ကျင်းပ ပေးပါသည် ။


အကျွေးအမွေး များလည်း စုံလင်လှပါလေသည် ။ အသားကင် အမျိုးမျိုး အကြော် - အကင် - အလှော် - အပြုတ် - အပါင်း စသည့်ချက်ပြုတ်နည်း မျိုးစုံနှင့် အသားစုံ တို့ ကို တသီးတခြားစီ ဒေါင်းလန်းကြီးများဖြင့် အပြည့်အမောက် ထည့်ထားပါသည် ။ သောက်စရာ ယမကာ များတွင်လည်း သင်္ဘောအရက် ၊ ချက်အရက် ၊ ထန်းရည် ၊ ပေရည် ၊ ကဇော် စသည်တို့ကို  ဘူးများ ၊ ပုလင်းများ ၊  ဝါးကျည် များဖြင့် အလိုရှိ သလို သောက်သုံးနိုင်ရန်   ပြင်ဆင်ထားပါသည် ။ နှီးဖလားများဖြင့် ခပ်၍ အလိုရှိ သလို အဆင်သင့် သောက်သုံး နိုင်ရန် ဧည်းခန်းဒေါင့်တိုင်း ရှိ စင်များပေါ်တွင် တင်ထားပါသည် ။


ဦးရွှေမောင်ကြီး လည်း ဆင်ဝင်မှ ထွက်လျက် အငြိမ့်ပွဲ ကို ကြည့်ရင်း စိတ်လွတ်ကိုယ်လွတ် နှင့် သောက်စားပျော်ပါးနေပါသည် ။ ရွှေပြည်ဝန်ကြီး လည်း ဦးရွှေမောင်ကြီး ကို ကြည့်လျက် ကနောင်အိမ့်ရှေ့စံ ကိုယ်တော်ကြီး အား နံနက်ခင်းပိုင်း မှ စစ်ဘုရင်ထိုးပွဲ  အကြာင်း လျှောက်ထား ပြောကြားနေပါသည် ။ သမားတော် ဦးခဲ လည်း ဘေးမှ ထိုင်ရင်း တိတ်ဆိတ်စွာ နားထောင်နေပါသည် ။


ဦးရွှေမောင်ကြီး ၏ မထိတထိ နှင့် ကျီစယ်ချက် ကို မခံမရပ် နိုင်သော တိုင်းတာမင်းကြီး ဦးဖိုး စစ်တုရင် ခုံ ကို ချေထောက် ကန်ကျောက်ပစ်ပုံ ပြောပြရာ ကနောင် အိမ်ရှေ့ ကိုယ်တော်ကြီး မှာ လက်ခုပ်လက်ဝါး တီးခတ်တော် မူရင်း တဟားဟား နှင့် ရယ်မောတော်မူလေသည် ။ မင်းကြီး  ဦးကောင်း လည်း ဦးရွှေမောင်ကြီး ထွက်ခွာ သွားပြီး နောက်မှ တိုင်းတာ မင်း ကို ဆက်လက်၍ ထိုးပုံတွေကိုလည်း အသေးစိပ် တင်လျောက်နေပါသေးသည် ။


ကနောင် အိမ်ရှေ့စံ ကိုယ်တော်ကြီး သည် ပျော်ရွှင်ရွှတ်နောက်တတ်သူ ပီပီ ပျော်ရွှင်ရွှတ်နောက်ပုံ စကား ကြားရလျှင် အားရတော် မူလေ့ရှိပါသည် ။  ဦးဖိုး ကို သာသာ နှင့် အနိုင် စကား စစ်ထိုးနိုင်သူ ဦးရွှေမောင်ကြီး အား ခေါ်တော်မူ၍  ...


“ ငမောင်ကြီး  နောက်တခါ  တိုင်းတာမင်းကြီး ဦးဖိုး နှင့် နင် တို့ စစ်တုရင် ထိုးကြမယ်လို့  ချိန်းဆိုရင် ငါ ကိုယ်တော်မြတ်ကြီး ကိုလဲ အကြောင်းကြား လျှောက်တင်ပါ့ ၊ ငါ ကိုယ်တော်တိုင် လာရောက်

ရှုစားတော်မူမဗျား ”


“ မှန်လှပါ အခိုက်အတန့် မှာတော့ ကျွန်တော်မျိုးကြီး နဲ့ စစ်တုရင်ထိုး ဘို့  ဦးဖိုး အမှန် ငြင်းဆိုပါလိမ့်မည် ဘုရား ၊ တလကိုးသီတင်းလောက် ရှိပါလျှင် သူ စိတ်ပြေချောတဲ့ အခါကြမှ ကျွန်တော်မျိုးကြီး ချိန်းဆိုလို့ ရပါလိမ့်မည်ဘုရား ” 


“ အိမ်း ... သူ နဲ့ ငမောင်ကြီး တို့ စစ်တုရင် ထိုး တာ ကြည့်လို့ ကောင်းသလို စကား စစ်ထိုးတာလဲ

နားထောင် လို့ ကောင်းတဲ့ အကြောင်း မကြာ မကြာ ပြောဘူးသည်ပ ” 


“ ကျွန်တော်မျိုးကြီး က သူ့ ကို မရိ လျှင် သူ က ကျွန်တော်မျိုးကြီး ကို ကျီစယ်လေ့ ရှိပါသည် ဘုရား ၊

စိတ်ဆိုးအောင် ကျီစားမိပြန်ရင် လဲ တလကိုးသီတင်း တော့ စိတ်ကောက်ရိုး ထုံးစံလို ဖြစ်နေပါသည်ဘုရား ” 


“ လူကြီး ဆိုတော့ သူတို့ က နေရာတကာ အနိုင်ယူလိုတဲ့ သဘောပ ငမောင် ရာ ၊ ယုတ်မာတဲ့ စိတ်ထားတော့ ရှိပုံ မရပါဘူး ” 


“ ကနောင်ကိုယ်တော်ကြီး မိန့်တော်မူသည့် အတိုင်းပါဘုရား ၊ ကျွန်တော်မျိုးကြီး ကလဲ အမြဲတမ်း

အနိုင် ယူနေပါက နောင် ကစားဘို့ ခေါ်မရမည် စိုး၍ အရှော့ပေးရသည်များကို သူ မသိတော်မူဘဲ

ဂုဏ်ရောက်လေ့ ရှိပါသည်ဘုရား ” 


စကားတပြောပြော နှင့် သောက်ကြစားကြရာ သက်ကြီးခေါင်းချချိန် ရောက်သည်တွင် အိမ်ရှင် ဦးခဲ နှင့် ရွှေပြည်ဝန်ကြီး နှစ်ပါးသာ အရက် မသောက် တတ်ကြ၍ ကျန်လူ အားလုံး တုံးလုံး ပက်လက်နှင့်လဲနေကြပါသည် ။ ဦးရွှေမောင်ကြီး နှင့် ကနောင် ကိုယ်တော်ကြီး တို့မှာ တဦး နှင့် တဦး ဖက်လျက် ဆင်ဝင်ထက်တွင် လဲနေကြပါလေသည် ။ ရွှေပြည်ဝန်ကြီး က  ဦးခဲ အား  ကနောင်ကိုယ်တော်ကြီး ကို ဘယ်လို ပြန်ပို့ရမည် ကို  မေးစမ်းနေပါသည် ။  ဦးခဲ က အရေးမကြီးကြောင်း ။ သူ့ အိမ် တွင် သိပ်ထားလျှင် ဖြစ်နိုင်ကြောင်း ။ ကနောင်ကိုယ်တော်ကြီး မှာ သူ့ အိမ် တွင် မကြာမကြာ လာရောက် သောက်စားတတ် ၊ အိပ်စက်တော်  မူတတ်ကြောင်း  ပြောပြမှ ရွှေပြည်ဝန်ကြီး လည်း ခေါင်းတညိမ့်ညိမ့် နှင့် ကျေနပ်သွားပါသည် ။


အငြိမ့်ပွဲ မှာ သမားတော် ဦးခဲ ချီးမြှင့်ထားတော်သော ဆုတော်လာဘ်တော်များ ကြောင့် အစွမ်းကုန် ကပြ အသုံးတော်ခံနေသည် ၊ ပရိသတ်မှာလည်း ဩဘာသံမစဲဘဲ အော်ဟစ်အားပေးနေကြပါသည် ။ နံနက်လင်းလျှင်  ဦးရွှေမောင်ကြီး မှာ အရက်နာ ကျနေသေးသဖြင့် ခေါင်း မထူနိုင်သေးပါ  ။ ထို့ကြောင့် ဦးခဲ ၏ ဘီရိုလှည်း ဖြင့်  နန်းမြို့တွင်း မှ သူ့ အိမ် သို့ ပြန်ပါလေသည် ၊ အိမ် ရောက်ပြီး ရေမိုးချိုးကာ ပြန်အိပ်ပါလေသည် ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ဦးရွှေမောင်ကြီး အား သူ ၏ အမှာစကား အရ ငယ်ကျွန်လက်ဆွဲ ငဗိုက်ပြဲ လာရောက်၍ မရဲ တရဲ နှိုးပါသည် ။


ဦးရွှေမောင်ကြီး လည်း ငဗိုက်ပြဲ နှိုးလာလျှင် လာချင်း အိပ်ချင်သော စိတ်များကို  မျိုသိပ်ခါ ဝတ္တရားမပျက် ညီလာခံ တက်ရန် ပြင်ဆင်ရပေမည် ။ ဦးရွှေမောင်ကြီး အိပ်ရာမှ ထချိန် သည် နေမွန်းတည့်လုနီး အချိန်ဖြစ်ပါသည် ။ တံပူ ဖြင့် သွားများ ကို တိုက်၍  မျက်နှာသစ်ပြီး အဝတ်အစားလဲလှယ်နေစဉ် ထမင်း အပြင်ခိုင်းကာ တက်သုတ်ရိုက် စားပါတော့သည် ။


ဦးရွှေမောင်ကြီး နန်းတော် အတွင်း ရောက်၍ နေ့ညီလာခံ အချိန် အနည်းငယ် လိုသေး၍ မင်းတရားကြီးဘုရား စံနေတော်မူရာ  ဘောင်းတော်ဆောင်တွင် အခစား ဝင်ပါသည် ။ မင်းတရားကြီးဘုရား လည်း အခစား ဝင်လာသော  ဦးရွှေမောင်ကြီး အား ...


“ ငမောင်ကြီး ငါ ကိုယ်တော်မြတ်ကြီး အား သိန္နီစော်ဘွား ဆက်သတော်မူသည့် နှမတော်လေး ကို ရွှေနန်းတော်အတွင်း မှာ ရှိသည့် မြောက်ဥယျာဉ်တော် ဗုတ်တလုတ်ရေကန် စသည်တို့ကို လိုက်လံ ပြသရမည် နေ့ညီလာခံစဲချိန် တွင် တောင်ဥယျာဉ်တော် ရေကြည့်နန်းဆောင်တော် မှ ငါ ကိုယ်တော်မြတ်ကြီး အား စောင့်စားဖူးမြှော် စေရမည် ကို ငမောင်ကြီး အစီအစဉ် ပြု၍ လိုက်လံ ပြသရမည်ဗျား” 


“ မှန်လှပါ ဘဝရှင်မင်းတရားကြီးဘုရား ကျွန်တော်မျိုးကြီး အသျှင့်မိဖုရားလေး အား မည်သည့် မိဖုရားကြီး ထံမှ   ခေါ်တော်မူရမည် ကို အမိန့်တော် ရှိတော်မူပါမည့် အကြောင်း တင်လျှောက်ပါသည်ဘုရား” 


“ ဟုတ်ပေသဗျ အလယ်နန်းမတော် ဆင်ဖြူမရှင်မိဖုရားကြီး  အထံတော်တွင် ရွှေနန်းတော်ကြီး ထုံးတမ်း စဉ်လာ တတ်သိစရာများ ကို သင်ကြားဆုံးမပေးရန် အပ်နှံထားသည်ပ  ငမောင်ကြီး အား ငါ အမိန့်တော် မှတ်၍ ပြသရမည်ကို  တင်လျှောက်ခါ အချော့တော် အချီတော် နှစ်ပါး ထည့်ပေးရမည်ကိုလည်း  ပြောပ ၊ ငမောင်ကြီး ကလည်း ရေကန်တော် ဥယျာဉ်တော်များ အကြောင်း နှမတော်လေး ကို ရှင်းလင်း တင်လျှောက်ကြားရမည် ” 


“ ဗျာဒိတ်တော်မြတ် အတိုင်းပါဘုရား”  ဦးရွှေမောင်ကြီး မင်းတရားကြီးဘုရား အမိန့်တော် အတိုင်း ဆောင်ရွက်ရန် ဆင်ဖြူမရှင် မိဖုရားကြီးဘုရား ၏ အလယ်နန်းမဆောင် သို့ လှမ်းကြွပါလေသည် ။ မင်းတရားကြီးဘုရား အမိန့်တော်ရှိလိုက်သည့် အတိုင်း အလယ်နန်းမတော် ဆင်ဖြူမရှင်မိဖုရားကြီး ကို တင်လျှောက်သည်တွင်  အချီတော် အချော့တော် နှစ်ယောက် နှင့် အတူ ဦးရွှေမောင်ကြီး နောက်သို့ မင်းသမီးလေး ကို ထည့်လိုက်ပါလေသည် ။


ဦးရွှေမောင်ကြီး လည်း မြောက်ဥယျာဉ်တော်  အတွင်း သို့ လိုက်လံ ပြသရင်း သားတော် သမီးတော်များ

ကစားရာ ဂူများ လိုဏ်များ ပါ မကျန် ပို့ဆောင် ပြသပါသည် ။ တခုစီလဲ ရှင်းလင်းလျှောက်ထား၍

ရှုစားစေပါသည် ။ မြောက်ဥယျာဉ်တော် အတွင်း စုံစေ့အောင် ပြပြီးသည့်နောက် တောင်ဥယျာဉ်တော် အတွင်းသို့ ခေါ်ဆောင်သွားပါသည် ။  နေ့ညီလာခံ စဲချိန်တွင် မင်းတရားကြီးဘုရားအား တောင်ဥယျာဉ်တော်အတွင်း ဖူးမြော်ရန် အမိန့်တော် ပါရှိလာကြောင်း မင်းသမီးလေး အား တင်လျှောက်ပါသည် ။


တောင်ဥယျာဉ်တော်  အတွင်းမူ  ကျောက်ဂူ လိုဏ်ခေါင်းများ အရောက်တွင်  မင်းသမီးလေး ရွှေစိတ်တော်

ကြည်နူး၍ သီချင်းပင် ရှမ်းသံဝဲဝဲလေးဖြင့် သီဆိုပါသည် ။ ဦးရွှေမောင်ကြီး လည်း သီချင်းသံ ကြားရစဉ်

မသိမသာ  ပြုံးမိပါသည် ။ ဂေါရီ အရွယ် ရောက်ရုံမျှဖြင့် မိဖုရား ဖြစ်လာ၍ ကလေးစိတ် မကုန်သေးသော အဖြစ်ကို  ဦးရွှေမောင်ကြီး  နားလည်သွားပါသည် ။ အချော့တော် နှင့် အထိမ်းတော် မမများ ကိုပင် သီချင်း ဆိုရန် မိန့်တော်မူနေပါသေးသည် ။ တောင်ဥယျာဉ်အတွင်းရှိ ရေကြည့်စံနန်းတော် ပေါ်သို့ မင်းသမီးလေး အား ပို့ဆောင်ပေးပြီးနောက် ဦးရွှေမောင်ကြီး လည်း မလှမ်းမကမ်း မှ ခစားနေပါသည် ။


မင်းတရားကြီးဘုရား လည်း မရောက်တော် မူလာသေးသည် နှင့် ရေကြည်စံနန်းတော်လေး တဘက်အစွန်း အီတာလျံ ကျောက်ဖြူသား တို့ နှင့် ပြီးစီးသည့် သလွန်တော်ပေါ် တွင် မင်းသမီးလေး စံတော်မူရင်း ရွှေငါး ငွေငါး လေးများကို ရှုစားတော်မူနေပါသည် ။


ပဒုမ္မာ ကြာဖက်ကြီးများ ပေါ် သို့ တက်ချည်ဆင်းချည် နှင့် ရေထဲတွင် မြူးထူးပျော်ပါးနေသည့် ဖားကလေးများ ကိုလည်း တွေ့မြင်ရ၍ မင်းသမီးကလေး သည် ရွှင်မြူးနေပါသည် ။ အချီတော်ကြီးများ ဆက်သသော ရွှေဖလားကြီး အတွင်း မှ ငါးစာများကို နိုက်ယူပစ်ခတ် ကျွေးမွေးကာ အပျော်ကြီး ပျော်နေပါသည် ။ နေရောင်ခြည် အင်အားကြောင့် ပွင့်ကား ဝေဆာလာသော ပဒုမ္မာကြာဖြူ ပွင့်ကြီးများမှာလည်း အမွှေးရနံ ကို ထုံသင်းစေပါသည် ။  ညင်းလေသွဲ့သဖြင့် တနွဲ့နွဲ့ တယိုင်ယိုင် အိကာ လှုပ်ရှားနေသော ပွင့်ကြာချပ် တို့ကို ရေစို တဝက်မဆို နှင့် ဖြန်းပက်နေသကဲသို့  ရှိနေသည်ကို မြင်ရသူအား လှုပ်ရှားစေပါသည် ၊ အသဲယားစေပါသည် ။


ရေကြည့်စံနန်းတော် တခိုတွင် အလျှိုလျှို နှင့် ကြာဝတ်မှုံ အရည်အသွေး ကို သောက်သုံးလို၍ ပျံဝဲနေသော လိပ်ပြာစုံတွဲ ပိတုန်းမောင်နှံစုံတို့သည်လည်း ဖို  - မ သံပေးနေသယောင် မောင်နှံစုံ ယှဉ်တွဲ၍ ပျော်ပွဲကြီးခံနေသည်တို့ကို မြင်နေရသော မိဖုရားလေး စိတ်တော် တွင် ခံစားမှု ရှိနေပြန်ပါသည် ။ မကြာ မတင်သော  ကာလတွင် သူမ ၏ ကာမပိုင်လင်သား ဖြစ်သော မင်းတရားကြီးဘုရား ကြွလာတော် မူမည် ကို တွေးမိသော  မင်းသမီးလေး ၏ စိတ်တွင် မလှုပ်ရှားစဘူးသော စိတ် လှုပ်ရှားခြင်းမျိုး များ ဖြစ်ပေါ်လာရပြန်ပါသည် ။


ဘဝရှင်မင်းတရားကြီး နှင့် နောက်တော်ပါ လူပျိုတော်သား မင်းခယောကျာ်းများ ပါ အခမ်းအနားဖြင့် ကြွချီတော်မူ   လာသည် ကို  ရေကြည့်နန်းတော် အစွန်းမှ  ငါးစာ ဆက်သနေသော အချီအချော့တော်ကြီး များ မြင်တော် မူ၍  မင်းသမီးလေး ကို တင်လျှောက်ကြရာ မင်းသမီးကလေး မှာ ရှက်စနိုး အမူအရာဖြင့် ထိုင်ရ မလို ထရ မလို    ရှိနေသည်ကြောင့် ရေကြည့်စံနန်း အဝမှ ကြိုဆိုရန် အကြံတော် ပေးဆက်ကြသည်ကြောင့် မင်းသမီးလေး သည် ကြိုဆိုရန် ရှက်ရှက်နှင့် နန်းဝ သို့ ထွက်လျက်နေပါသည် လက်အုပ်ချီရင်း ခေါင်းငုံ့စင်းရင်းဖြင့် ကြိုဆိုနေရှာသည်ကို   မြင်ရသော အထိန်းတော် အချော့တော်ကြီးများ ပင် သနားသလို ရှိနေကြပါသည် ။


“ ကိုင်း မောင်မင်းများ ငါ ကိုယ်တော်မြတ်  မိမိထံပါး ရောက်လို့ လာချေပြီ ၊ အထိန်းတော် အချော့တော်ကြီးများ နှင့် ရေကြည်စံနန်းတော် အဝမှပင် ကြိုဆိုနေပေပြီ ၊ မောင်မင်းတို့ သင့်တော်ရာနေရာမှ ခစားကြပေရော့ ” 


မင်းတရားကြီး ဘုရားလည်း နောက်တော်ပါများ ကို  အနားတွင် မခစားစေလိုသော ဆန္ဒဖြင့် နှင်လွှတ်နေသည်ကို  ဦးရွှေမောင်ကြီး နှင့် အပျိုတော်ကြီးများ ပါ အလိုက်သိစွာ ခြေတော်ဦးခိုက်ရင်း ရှောင်ရှားပေးကြရန်  ထွက်ခွာခဲ့ကြပါသည် ။ မင်းတရားကြီးဘုရား လည်း ထွက်ခွာသွားသော ဦးရွှေမောင်ကြီး နှင့် အထိန်းတော်  လှမ်းလင့်၍ ကြည့်တော်မူရင်း သည်လို မှ သင့်ပေမည်ဟု စိတ်တော်တွင်း မှ အောက်မေ့ရင်း ပြုံးနေပါသည် ၊ ရေကြည်နန်းတော် ဝင်လျှင် ငံလင့်ကြိုဆိုနေရှာသော မင်းသမီးလေး လက်တော်ဆွဲရင်း “ မောင်ကြီး ဘုရား ကို စောင့်နေရသည်မှာ ကြာပီလား မိမိ ငဲ့၊ ရပ်တော်မူ၍ ညောင်းတော်မူလာရော့မယ်ပေါ့ ” ဟု ခေါ်ရင်း  ကျောက်သားသလွန် ပေါ် ပြောင်းရွေ့  စံနေတော်မူပါသည် ။


မင်းတရားကြီးဘုရား လည်း  မင်းသမီးလေး ရှက်စနိုး ဖြစ်နေသည်မှန်း ရိပ်စားမိသည့် အတွက် အရှက်တော်မှ  ပြေစေလိုသော  သဘောဖြင့် အတူယှဉ်တွဲစံနေသော မင်းသမီးလေး ကို ရွှေလက်တော် ဆွဲလျက် မင်းတရားကြီးဘုရား ရင်ခွင်တွင် ဝင်၍ အထိုင်ခိုင်းပါလေသည် ။


မင်းတရားကြီးဘုရား လည်း  မင်းသမီးလေး ရွှေစိတ်တော် ပြောင်းလွှဲ၍ အတင့်ရဲ လာစေရန်

ရည်သန်လျက် ၊ “ ပျော်တော်မူပါရဲ့လား မိမိ ငဲ့ အလိုရှိရာ မှန်သမျှ သည်နှုတ်တော် က မြွက်ဟလိုက်ပါက

မြန်မကြာ လိုတာ ရစေမည်ပ ”  မိန့်သံချိုချို ဖြင့် စတင် မိန့်ဆိုတော် မူလိုက်သော်လည်း တိတ်ဆိတ်မြဲ

တိတ်ဆိတ်လျက်ပင် ။


မင်းတရားကြီးဘုရား ထူးခြားသော အဆင်းသဏ္ဍာန်ကြန်အင်လက္ခဏာ တို့ဖြင့်ပြည့်စုံသော မင်းသမီးလေး ကို

ရှုစားရင်း ကြင်နာဆပွား သနားချစ်ခင်တော် မူလာမိပါသည် ၊ နုညက်ဝင်းဝါသော မင်းသမီးလေး

လည်ဂုတ်တော်လေးမှ  တွဲရ  ရွှဲ ကျလျက် ရှိသော မွှေးညင်း နုနုစိမ်းကလေးတို့သည် မင်းတရားကြီးဘုရား

သက်ပြင်းမှုတ်ထုတ်လိုက်တိုင်း လေဝယ်လွင့်ပါးလှုပ်ရှားနေပါသည် ။


ကြက်သရေအပေါင်း တို့ ၏ သခင် မြတ်နိုးချင်း တို့ ၏ အပေါင်းအရှင် ဖြစ်လေမည်လားဟုပင် သံသယစိတ်ဓါတ် ဝင်ရောက်လာအောင်ပင် မင်းတရားကြီးဘုရား  ရွှေစိတ်တော် တို့ကို လှုပ်ရှားလာစေပါသည် ၊ မင်းသမီးလေး ၏ မျက်နှာတော် ကို အဝေးမှသာ ရှုစားမြင်ခဲ့ဘူးလျက် ယခုမှာ အနီးကပ်ရှုစားမြင် တွေ့မိပါရသည်တွင် ခြောက်ဆယ် ကျော်သော  မိဖုရားကြီးအပေါင်း တို့ကိုပင် မေ့ချင်လာပါတော့သည် ။ ရှက်ရွံတော်မူချင်း အတွက် မျက်နှာတော် အငုံ့သား နှင့် ကြုံ့ကြုံ့ကလေး နေရှာသော မင်းသမီးလေး ကို မင်းတရားကြီးဘုရား က


“ ကျန်းမာတော်မူပါစ မိမိ ငဲ့ ရွှေမျက်နှာတော် အို  ဘာ အလိုတော်မကျ ဖြစ်ရသည်လဲ ” 


မင်းသမီးလေး သည် နဖူးတွေ့ ဒူးတွေ့ မတွေ့ဘူးသေးသမို့ ရှက်အားတော် ပိုပြီး ဘာကို ဘယ်ကဲ့သို့ လျှောက်တင်ရမည် ကို မသိပဲ ခပ်မဆိတ် နေတော်မူပါသည် ၊ တိတ်ဆိတ်ညိမ်သက်ခြင်းတို့သည် မင်း မိဖုရား နှစ်ပါးတို့ အကြား လွှမ်းမိုး  ခြယ်လှယ်နေပါလေသည် ။  မင်းသမီးလေး ၏  စိတ်တွင် မင်းတရားကြီးဘုရား သည် ကျန်းမာတော် မူလို့သာ သည် ဥယျာဉ်တော် သို့ ထွက်တော်မူလာနိုင်ခြင်း ကို သိပါရက်ကယ် နှင့်  အမေးတော် ရှိနေပါသည် ။ သည် အမေး ကို မည်သို့ ဖြေဆိုရမည်ကို မဝေခွဲတတ်အောင် ဖြစ်နေရပေသည် ။


ပြင်ပလောကတွင် ဆိတ်ညိမ်ခြင်းတို့ စိုးမိုးနေသည် ကို ဖြစ်သော်လည်း မင်းတရားကြီးဘုရား မှာ ယုယကြင်နာသော  စိတ်ထားဖြင့် မင်းသမီးလေးကိုယ်တော်လေး ကို ကိုင်ဖျစ်ရင်း ...


“ မောင်တော်ကြီး ဟာ ဘီလူးသဘက် ပမာ ကြောက်စရာကောင်းသည် လဲ မဟုတ်ပါကလား မိမိ ရာ ၊ ခုလို နှုတ်ဆိတ်တော် မူလေပြန်တော့ မောင်တော်ကြီး  စိတ်ပင်ပမ်းလှသည် မိမိ ရယ် ” ပြောရင်း ဆိုရင်း မင်းသမီးလေး ကို ပွေ့ဖက်ထားရာ မှ ကိုယ်တော် နံဘေး သို့ အသာအရာ ချရင်း မတ်တပ် ရပ်ပါသည် ။


အတွင်းစိတ်တို့မှာ လှုပ်ရှားရသောကြောင့်  ကိုယ်တော်မှာလည်း ဂဏာမငြိမ် ဖြစ်လာရသည်မို့ လမ်းလျှောက်ရန် ထခြင်း ဖြစ်ပါသည် ။ ရေကြည့်နန်းတော် အတွင်း အရှေ့မှ အနောက်သို့ မင်းတရားကြီးဘုရား ရွှေစိတ်တော်   ယောက်ယက်ခတ်နေသည့် အတွက် စင်္ကြံ လျှောက်ပါလေသည် ။ ထို အပြုမူကို မြင်ရသော မင်းသမီးလေး မှာ မင်းတရားကြီးဘုရား ရွှေစိတ်တော် အလိုတော် မကျ ဖြစ်သည်ဟု ထင်မှတ်မိရှာပါသည် ။


မိမိ ၏ နောင်တော် သိန္နီစော်ဘွားကြီး က မိမိ အား မင်းတရားဘုရားကြီး ထံ အလိုကြိုက် အလိုက်ဆောင်လျှင် မိမိ ဖြစ်လိုရာ ဖြစ်နိုင်မည် ။ စေတလုံး ကို အပိုင် ရနိုင်ပေသည် ။ မင်းတရားကြီးဘုရား ရွှေစိတ်တော်ငြို အလိုတော်  မကျခဲ့လျှင် သေလမ်းသို့ပင် မြန်းရပေလိမ့်မည် ဟူသော မှာကြားထားရှိခဲ့သော စကားတို့ကို သတိရလာသဖြင့် မင်းတရားကြီးဘုရား  ရွှေစိတ်တော်  မငြိုစေရန် တောင်းပန်လေမှ  သင့်ပေမည်ဟု တွေးမိသဖြင့်  မင်းတရားကြီးဘုရား စင်္ကြန်ကြွချီရာသို့ သွားရန်  မင်းသမီးလေး သည် ကျောက်ဖြူသား သလွန်တော်ပေါ်  မှ    ဆင်း၍ ရပ်လိုက်ပါသည် ။


မင်းတရားကြီးဘုရား စင်္ကြန်ကြွတော်မူရာ သို့ လျှောက်သွားတော် မူပြီးမှ မင်းတရားကြီးဘုရား ကို ဆီး၍ ဖက်လိုက်ပါသည် ။ စိုးရိမ်ကြောင့်ကြစိတ်ကြောင့် စွန့်စား လိုက်ရသော်လည်း မင်းသမီးကလေး မှာ

ရှက်စိတ်တို့ကိုတော့ မပယ်ရှားနီုင်သေးပါ ၊ ထိုကြောင့် နီမြန်းနေသော မျက်နှာတော်ကလေး ကို မင်းတရားဘုရား ၏ ရင်ခွင်တော် အတွင်းတွင် မြုပ်သွင်းထားပါလေသည် ။


မင်းတရားကြီးဘုရား လည်း ရှောင်တခင် ပြောင်းလဲလာသော မင်းသမီးလေး ၏ အပြုအမူကြောင့်

ဝမ်းမြောက်ဝမ်းသာ ဖြစ်လာပါသည် ။ “ မှာထား အလားသင့်” ဆိုသည့်အတိုင်း မညွတ်ခင် က ဆွတ်ချင်လှသော မင်းတရားကြီး ဘုရား မှာ မင်းသမီးလေး ကို ပွေ့ဖက်ဖျစ်ညစ်ရင်း နီမြန်းသော ပါးအစုံ၏ ဖေါဌဗ္ဗါရုံ ကို ပိုင်ပိုင်ကြီး သောက်သုံးလိုက်လေသည် ။


အတွေ့ထူးလှသော မင်းသမီးလေး ကြောင့် ကိုယ်တော်တွင် ရာဇအိန္ဒြေ ပင် ပျက်တော်မူမည် စိုးမိ၍ ကိုယ်တော် ကို  နောက်သို့ အနည်းငယ် ခပ်ရို့ရို့ ဆုတ်တော်မူပါသည် ။


မင်းသမီးလေး မှာ လည်း တသက်တာတွင် မကြုံဘူး မတွေ့ဘူးသေးသည့် အရသာထူးကြောင့် ရှက်ရ ကြောက်ရမည် ကိုပင် မေ့ပျောက်သလို  ဖြစ်သွားခါ မင်းတရားကြီး ဘုရားထံပါး ဇွတ်တိုးကပ်အသွား မင်းတရားကြီးဘုရား ကလည်း  နောက်ဆုတ်တော် မူ၍ မျက်နှာလွှဲတော်မူသည်ကို မြင်ရှာပါသည် ၊ မင်းသမီးကလေး စိတ်တွင် မင်းတရားကြီး ဘုရား ရွှေစိတ်တော်ငြိုး အလိုတော် မကျ ဖြစ်သွားပြီလား ဟု စိုးနှောင်ပူပန်တော် မူရင်း ငေးငိုင်ကာ ကြည့်နေမိပါသည် ။


မင်းတရားကြီးဘုရား တွင် ထူးသော ဖဿ အတွေ့ဓါတ် ရစ်ပတ်နှောင်ဖွဲ့ခြင်း ခံရသည့်အတွက် နုနယ်စဉ်အခါက တွေ့ကြုံခံစားရဘူလေသော တွေ့ကြုံခံစားမူမျိုး ကို ယခုတဖန် ပြန်လည်ခံစားနေရပါသည် ။ ရွှေစိတ်တော်ဝယ် ကြည်နူးမူကို  အရင်းပြု၍   ဖြစ်ပေါ်လာရသည်မို့ သဲလှိုက်ရင်ဖို မှုတို့ကပင် အတိတ်ဆီသို့ မင်းတရားကြီးဘုရား အား   ပြန်လည် ခေါ်ဆောင်သွားသည့်ပမာ ရွှေစိတ်တော်သည် လေကဲ့သို့  ပေါ့ပါးလာရပါသည် ။


နုနယ်ပျိုမြစ်သူတို့ ၏ အထိအတွေ့ သည် ဘဝ ကို စိုပြေလန်းဆန်းစေသည် ဟု ပင် မင်းတရားကြီးဘုရား မှတ်ထင်တော် မူမိပါသည် ။ ထိုသို့ မှတ်ထင်မိ စေတသိက် ကပင် မင်းတရားကြီးဘုရား အား အတိတ်သို့ ခေါ်ဆောင်သွားပါသည် ။ အနှစ် နှစ်ဆယ်ကျော်ကာလ မိဖုရား ဖြစ်မည့် ရွှေရင်သိမ်းသစ် စလင်းမင်းသမီးလေး နှင့် ချစ်ကြိုက်စဉ် ဘဝ က ...


“ တင့်လှပေဟန် ၊ ဘက်မရန်တည့် ၊  ခြောက်တန်နတ်ရွာ ၊  ဘုံကလာသို့ ၊  ပြာပြာလတ်လတ် ၊ မွတ်မွတ်ညက်ညက် ၊  ရွန်းရွန်းစက်မျှ ၊ ဝင်းဝင်းလက်ရောင်ရွှေ ၊  အခေါင်ပေတည့် တောင်နေနတ်ဟန် မြတ်သစ်ကြန်နှင့် ” 


ချီ သည့် တောင်ငူဘုရင် နတ်ရှင်နောင်  ရေးသီစပ်ဆိုတော် မူခဲ့သည့် ရူပကလျာဘွဲ့ ဖြင့်  လူပျို လှည့်ခဲ့သည့် အဖြစ်ကို မြင်ယောင်စေခဲ့ပါသည် ။ ငယ်ချစ်ဦးမို့ ရူးခဲ့ရသည် ဆိုသည့် အတိုင်း စလင်းမင်းသမီးလေး ၏ ညို့ဓါတ် ကွန်ယက်အတွင်း သက်ဆင်းခဲ့ရသည့် ခံစားမှု တို့ သည် ကိုယ်တော့် ဘဝတကွေ့ဝယ် မေ့မရစကောင်းသော  အရာတို့ ဖြစ်ပေသည် ။


ထိုစဉ်က မင်းတုန်းမင်းသားလေး ၏  သက်တော်မှာ ဆယ့်သုံးနှစ် မျှပင် ရှိပါသေးသည် ။ မင်းသား နှင့် သက်တူရွယ်တူ ရှိသော စလင်းမင်းသမီးကလေး မှာ နတ်သူဇာတမျှ လှသွေးတက်ကြွစ ဂေါရီရွယ် မေတ္တာတော် ကူးရှက် ခဲ့သည် တို့မှာ သတ္တလောက တွင် အလိုလားအပ်ဆုံးသော ဆုထူး ကို ဆွတ်ခူးရသည် ဟုပင် ထင်မိခဲ့ရပါလေသည် ။  ရွှေနန်းစည်းစိမ်ထက် ခင်မင်တွယ်တာ ထိုက်သော လောကစည်းစိမ် သုခ တခု ဟု ပင်  မင်းသားကလေး ထင်မှတ် စွဲလမ်းခဲ့ရပေသည် ။ အတိတ်တို့ ၏ အရိပ် ထုံးနှောင်ဖွဲ့မှု သည် မင်းတရားကြီးဘုရား အား  ချောက်ချား စေပါတော့သည် ။ ချောက်ချားခြင်း မှ မြစ်ဖျားခံလာသော ဖေါက်ပြားသော စိတ်ကို   မင်းတရားကြီးဘုရား ထိန်းချုပ် တားဆီးတော် မူဆဲ -


မင်းသမီးလေး  ငေးငိုင်ကာ  ရပ်ကြည့်နေတော် မူရင်း က  မင်းတရားကြီးဘုရား  ရွှေစိတ်တော်ငြို အလိုတော် မကျ ဖြစ်ရလေမည် ကို  အစိုးရိမ်ကြီး စိုးရိမ်တော်မူရှာသည့် အတွက် မင်းတရားကြီးဘုရား အား ခွင့်လွှတ်ပါရန် တောင်းပန်တိုးလျှိုးစေဘို့ အတွက် မင်းတရားကြီး ထံ တိုးကပ်ခါ ဖက်ပါတော့သည် ။


မင်းတရားကြီးဘုရား လည်း ပြန်လည် ပွေ့ဖက်တော် မူပါလေသည် ။ သို့ ပွေ့ဖက်ထားခြင်း ခံရသည်ကိုပင် အားမလို  အားမရဖြစ်၍ ပိုမို တိုးကပ်လိုသော ဆန္ဒ နှင့် မင်းသမီးလေး မှာ ရှေ့သို့ တိုးကပ်ပါသည် ။ သည်ထက် တိုးကပ်၍ မရပါ ၊ တိုးကပ်ဖက်ဘို့ ကြိုးစားလေတော့ မှ မင်းသမီးလေး သည် ရှေ့သို့ တိုး၍ မရတော့ဘဲ တစုံတခု က တားဆီး ခုခံနေသဖြင့် မိမိ အနား သို့ တိုးကပ်မှု ကို မလိုလား၍ ယခုကဲ့သို့ ပြုမူနေသလား ဟု စဉ်စားမိပါသည် ။


ထိုကြားမှ  တားဆီး ခုခံနေတော့သည့် အရာသည် အဘယ်သို့ အရာသည် အဘယ်သို့သော အကြောင်းနှင့် သူမ အား ဟန့်တား ထားရပါသနည်း ။


“ သည် ဒူးတော် ကို ဖယ်ပေးတော် မူပါ ဘုရား ” ပြောရင်း လက်ဖြင့် တွန်းဖယ်သည် တွင် မင်းတရားကြီးဘုရား လည်း ကိုယ်တော် ကို  အနည်းငယ် ရို့လျက် မင်းသမီးလေး နားသို့ လေသံ တိုးတိုး ဖြင့်ပြောလိုက်သည်၌ မင်းသမီးကလေး သည် ရှမ်းစကား ဖြင့် “ ဒူးတော် မဟုတ်သည် တဲ့ မယ်မယ်ဘုရားရေ ”  ထိတ်လန့်သော  အာမေဋ္ဋိတ် အသံ ကြားလိုက်ရပြီး မင်းတရားကြီးဘုရား ပွေ့ဖက်ထားသော  လက်အတွင်း ညွှတ်ခွေမေ့မျော ပျော့ကျသွားပါလေသည် ။


◾ချစ်စိန်လွင်


📖 ကုန်းဘောင်ခေတ်‌ေဆာင်ကြာမြိုင်မှတ်တမ်း


အပိုင်း ( ၅ )  ❝  တံလျှပ် ကို ရေထင်၍  ❞ ကို ဆက်လက် တင်ပေးပါမည် ။


koaungnaingoo.blogspot.com


.

Friday, December 3, 2021

ဆောင်ကြာမြိုင်မှတ်တမ်း 07


 မင်းတရားကြီးဘုရား လည်း ဦးရွှေမောင်ကြီး ပြုလုပ်သည့်အတိုင်း ဖြည်းညင်းစွာ ခုန်ချလိုက်ပါသည် ။ လက်ဖြုတ် ခုန်မချမှီ အချိန်လေးတွင်ပင် ဦးရွှေမောင်ကြီး က “ မင်းတရားကြီးဘုရား အုတ်ခုံ ကို ခြေတော်နှင့် ကန်စေ၍ ကိုယ်တော်ကွာစေမှ  ခုန်ချ ....” ဟု စကား မဆုံးမှီ လက် ဖြုတ် အချလိုက်တွင် မြေကြီး နှင့် အုတ်ခုံ ကင်းစနေရာသည် အုတ်များ ကို ဆင်ချေလျော သဘောမျိုး အဆုတ်အတက်များ ပြုလုပ်ထားပါသည် ။ ညီညွတ်မှု မရှိသော အုတ်ခုံ အဆုတ်အတက်ပေါ်တွင် နင်းမိတော် မူ၍ မင်းတရားကြီးဘုရား မှာ ကိုယ်ရှိန် မသတ်နိုင်ပဲ ဖင်ထိုင်ရက် လဲကျပါသည် ။


ခြေထောက်နှစ်ချောင်း မှာ မိုးသို့  ထောင်သွားသည် ။ မင်းတရားကြီးဘုရား ဝတ်ဆင်ထားသော ပုဆိုး မှာ မျက်နှာတော် ပေါ်သို့ တိုင်အောင် ဖုံးလွမ်းသွားသဖြင့် အောက်ပိုင်းမှာ ဗလာကျင်းလျက် ငယ်တော်ပါ မှာ အတိုင်းသား ပေါ်ထွက်နေပါသည် ။ ပုံပမ်းကို မြင်ရသူတိုင်း မရယ်ပဲ မနေနိုင်အောင် ဖြစ်ရမည်မှန်သော်လည်း မင်းတရားကြီးဘုရား ရှက်တော်မူမည် စိုး၍ ဦးရွှေမောင်ကြီး မှာ မရယ်ဝံ့ပါ ။


စပ်ဖြဲဖြဲ ဖြစ်နေသော မျက်နှာ ကို အပိုးသပ်လျက် မင်းတရားကြီးဘုရား အား ထူမပေးရန် အနားတိုးသွားသည်တွင် လဲကျရာမှ ထရပ်ရင်း ပုဆိုး ကို ပြင်ဝတ်ပါလေသည် ။ သည်တော့မှ ဦးရွှေမောင်ကြီး လည်း မင်းတရားကြီးဘုရား တွင် ပေကျံနေသော ဖုတ်များ ကို ခါပေးတော် မူလိုက်သည် ။


“ ကိုယ်တော် ဘယ်နေရာများ အထိနာသွားပါသေးသည်လဲ မင်းတရားကြီးဘုရား ” 


“ မနာကျင်ပေမဲ့ အရှိန်သတ် မရတာကြောင့် နောက်လန်လဲရသည် ။  နင့် တုပပေမဲ့ မရပါကလား

ငမောင်ကြီး ရ ” 


“ မှန်လှပါ ။  မင်းတရားကြီးဘုရား ကို ကျွန်တော်မျိုးကြီး အုတ်ခုံ ကို ကန်၍ ကိုယ်တော် ကွာစေမှ ခုန်ချတော်မူရန်  သတိတော်ဆက်ဆဲ  အရှင်ဘုရား ခုန်ချတော်မူသည့် အတွက် မညီညွတ်သော ဆင်ခြေလျှောပေါ်  ကျသွားသည့်အတွက် အရှိန်မထိန်းနိုင်ပဲ လဲကျသွားရခြင်း ဖြစ်ကြောင်းပါ မင်းတရားကြီးဘုရား ” 


“ အေး  ... ဟုတ်ပေသားဘဲ  ငမောင်ကြီး ရဲ့  ။  ငါ့ ချို့ယွင်းချက်ပေကပဲ ” 


“ ကျွန်တော်မျိုးကြီးများသည် က  မြန်မြန်ခွာကြမှ သင့်တော်မည် ထင်ကြောင်းပါ ။ ဗီဇနာ အနည်းငယ်အတွင်း မြို့တံခါးကြီးများ ပိတ်တော့မည် ဖြစ်ကြောင်းပါဘုရား ” 


“ သွားကြသည်ပ  ....  ငါ့ ရှေ့က နင် ဘဲ လမ်းပြပေတော့ ငမောင်ကြီး ရ ” 


မြင်းပေါ် သို့ ကိုယ်စီ တက်ကြပြီးနောက် ဆင်ဖြူနန်းတော်ရှေ့မှ ထွက်လျက် အရှေ့ဘက်သို့ ကွေ့ပြီး မြေစိုက်နန်းတော် ( ရွှေလွှတ်တော်ကြီး ) ရှေ့မှ ဖြတ်လျက် မြောက်ဘက် သို့  စီးနင်းသွားကြပါသည် ။ မင်းတရားကြီးဘုရား လည်း ဦးရွှေမောင်ကြီး နောက်မှ စိုက်စိုက်မကွာ လိုက်ပါစီးနင်းရင်း စိတ်တော်တွင်းဝယ် စဉ်းစားကြည့်မိပါသည် ။ ယခု သွားရမည့် အရပ် သည် ရွှေနန်းတော်ကြီး ၏ အနောက်တောင်ထောင့် ( စနေထောင့် ) အရပ်တွင် ရှိနေပါသည် ။ မည်သို့သော အကြောင်းဖြင့် မြောက်အရပ် သို့ စိုင်းနေကြသည်ကို တွေးတောနေမိပါသည် ။  သည်လိုနှင့် မြောက်ဘက်  နန်းမြို့ အထွက် ရေတော်တံခါး သို့ ရောက်ရှိလာပါသည် ။ မြို့ပြင် သို့  ဆက်လက် စီးနင်း ထွက်ခွာလာကြရင်း မင်းတရားကြီးဘုရား လည်း စဉ်းစားရင်း ဆိတ်ဆိတ် လိုက်ပါလာခဲ့ပါလေသည် ။


ရွှေနန်းမြို့တော် မြောက်ဘက်ပါး ရှိ အမရဋ္ဌာဏီ အရပ်မှ ဖြတ်သန်း၍ မြောက်စူးစူး သို့ ဆက်လက် စီးနင်းနေပြန်တော့သဖြင့် မင်းတရားကြီးဘုရား လည်း မနေနိုင်တော့သဖြင့် ဦးရွှေမောင်ကြီး ၏ မြင်း ကို အမှီလိုက်ရင်း ... “ ဟဲ့  ... ငမောင်ကြီး နင် ဘယ်ကို သွားမည်ကြောင့် မြောက်စူးစူး သို့ မြင်း နှင်နေရသနည်း ” ဟု အမေးတော် ရှိလိုက်သည် ။


“ မှန်လှပါ ။ ပြည်ကြီးပျော်ဖွယ် အရပ် ကို မင်းတရားကြီးဘုရား  သွားလိုသည် ဟု မိန့်တော်မူချက်ကြောင့် ပြည်ကြီးပျော်ဘွယ် အရပ်ဆီ ကို သွားရန် လာခဲ့ခြင်းဖြစ်ကြောင်းပါဘုရား ” 


“ ဟဲ့  ငမောင်ကြီး နင် ရူးနေသည်လား ။ ပြည်ကြီးပျော်ဘွယ် အရပ် သည် ရွှေနန်းတော်ကြီး ၏  အနောက်တောင်ဒေါင့် အရပ်တည့်တည့် တွင် ရှိသည်ကို နင် မသိသလော ။ အဘယ်အကြောင်း နှင့်  ဆန့်ကျင်ရာဒေသ သို့ ရှေ့ရှုလေဘိသနည်း ” 


“ သိပါသည် ဘုရား ။ ကျွန်တော်မျိုးကြီးသည်လည်း  ပြည်ကြီးပျော်ဘွယ် အရပ်သို့ မကြာမကြာ ရောက်ဘူးပါသည်ဘုရား ...ယခု သွားနေကြသည်မှာလည်း ပြည်ကြီးပျော်ဘွယ်အရပ် သို့ ဦးတည်လျက် သွားနေကြခြင်းပါ ဘုရား ” 


“ မြတ်စွာဘုရား ။ အနောက်တောင်အရပ် သို့ ခရီးထွက်ကြခြင်း ကို မြောက်အရပ် မှ လှည့်ခဲ့သည်အတွက် ငါ အသို့  နားလည်ရတော့အံ့နည်း ငမောင်ကြီးရဲ့ ” 


“ မင်းတရားကြီးဘုရား အမိန့်တော်မြတ် မှတ်တော်မူသည့်အတိုင်း ခွေးသံလည်း မကြားရ  ။

လူသံ လည်း  မကင်းကွာရသော လမ်းမှ သွားကြရန် စီစဉ်ရသည်မို့ မင်းတရားကြီးဘုရား စိတ်ဝမ်းတော် ချချ

ကျွန်တော်မျိုးကြီး နောက်တော် မှ လိုက်တော်မူပါ ဘုရား ။ မင်းတရားကြီး အမိန့်တော်အတိုင်း

ကျွန်တော်မျိုးကြီးများတို့ ပြည်ကြီးပျော်ဘွယ်အရပ် သို့ အရောက်နှင်းကြမည်ကို ထပ်မံ လျှောက်ထားရပါသည်ဘုရား ” 


မင်းတရားကြီးဘုရား လည်း တိတ်ဆိတ်စွာဖြင့် မြင်း ကို နှင်ရင်း ဦးရွှေမောင်ကြီး နောက်မှ တကောက်ကောက် နှင့် လိုက်ပါလေတော့သည် ။ သည်လိုနှင့် ဦးရွှေမောင်ကြီး တို့ ကျွန် ၊ အရှင် နှစ်ပါး တို့သည် မန္တလေးတောင်  အနောက်ဘက် ဘေးမှ ကပ်၍ မြောက်စူးစူး သို့ စီးနင်းနေကြပါသည် ။ မင်းတရားကြီးဘုရား ရွှေစိတ်တော် တွင် သိချင် မေးစမ်းချင်စိတ်များ တလိပ်လိပ် တက်လာခဲ့သော်လည်း ဦးရွှေမောင်ကြီး ၏ အစီအစဉ် ကို အစအဆုံး သိလိုတော် မူ၍  ခပ်မဆိတ် လိုက်ပါတော်မူခဲ့ပါသည် ။ သည်တကြိမ် ငမောင်ကြီး သည် မင်းတရားကြီးဘုရား အလိုတော် နှင့် ဆန့်ကျင်ခဲ့ပါလျှင် ခေါင်းဖြတ်သတ်ရန် အာဏာပါးကွက်သား တို့ လက်သို့ အပ်ရအံ့ဟု စိတ်တွင်းမှ   ကြုံးဝါးတော်မူပါလေသည် ။


ငမောင်ကြီး အနေဖြင့် မင်းတရားကြီးဘုရား အပေါ် ချစ်ခင်ရိုသေလေးစားခဲ့သူ ဖြစ်ပါသည် ။

မင်းတရားကြီးဘုရား အလိုတော် ကို လည်း ဆောင်ရွက်ပေးခဲ့သည်သာ ဖြစ်ခဲ့ပါလေသည် ။


သွားရောက်လိုရာ အရပ်သို့  ပို့ဆောင်ပေးမည် ကို သံသယ မရှိသော်လည်း ယခု သွားနေကြသည်မှာ ဆန့်ကျင်ဘက် အရပ် သို့  ဖြစ်နေပါ၍ မင်းတရားကြီးဘုရား အနေဖြင့် အတော် အစဉ်းစားရ ကြပ်နေပါလေသည် ။

မကြာပါချေ ....  ဦးရွှေမောင်ကြီး နှင့် မင်းတရားကြီးဘုရား တို့လည်း အိုးဘိုလှေဆိပ် သို့

ရောက်ရှိလာပါသည် ။ သည်တော့မှ မင်းတရားကြီးဘုရား လည်း ဦးရွှေမောင်ကြီး ၏ အစီအစဉ်

တစိတ်တဒေသ ကို ရိပ်စားမိတော် မူ၍ ပီတိ စိတ်ဖြင့်  .....


“ ငမောင်ကြီး  ... နင့် အစီအစဉ် သည် သူ မတူအောင် ကောင်းမွန်လှပါကလား  ဟရို့ ” ဟု အမိန့်တော် ရှိလိုက်သည် ။


“ မင်းတရားကြီးဘုရား အလိုတော်ကျ ဆောင်ရွက်ခြင်းသာ ဖြစ်ပါသည် ။ ဘုန်းတော်ကြီးသော မင်းတရားကြီးဘုရား စိတ်တော်ရွှင်မြူး ကြည်နူးစေမှုကို ပြုစုနိုင်ရန် သမာဒေဝ နတ်ကောင်း နတ်မြတ်များ အကြံတော် ဆက်သသည်ကြောင့် ယခုကဲ့သို့ စိတ်ကူးပေါက်လာရကြောင်းပါ  ဘုရား” 


“ ငမောင်ကြီး ငါ ကိုယ်တော်မြတ်ကြီးကို အမြှောက်အပင့်ကလေးနဲ့ တင်လျှောက်ပုံကို ထောက်ရလျှင် ဘာကိုများ အလိုတော်ရှိနေသည်လဲ  မသိပေကဘဲ ” 


“ မင်းတရားကြီးဘုရား ကျေးဇူးတော်ကြောင့် ကျွန်တော်မျိုးကြီးတွင် ပြည့်စုံ ကုံလုံနေပါသည် ။ ကျွန်တော်မျိုးကြီး မာချာရန်သာ ဆုတောင်းနေရပါသည် ။ ကျန်းမာမှသာ မင်းတရားကြီးဘုရား စေခိုင်းတော်မူသော တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း လျှောက်ထားဝံ့ပါသည် ဘုရား ” 


ဦးရွှေမောင်ကြီး တင်လျှောက်ချက် ဆုံးလေလျှင် ရေဆိပ်ဘေးမှ တဲငယ်တခုသို့ ဆိုက်ရောက်သွားကြပါလေသည် ။ တဲ အတွင်းမှ လူ တယောက် ထွက်လာသည့်အတွက် စကားစ ပြတ်သွား၍ ဦးရွှေမောင်ကြီး မြင်းဇက် ကို လာဆွဲသည့်အတွက် ဦးရွှေမောင်ကြီး က ...


“ ငါ့ မိတ်ဆွေကြီး မြင်းကိုသာ ယူလိုက်ပါ ” ဟု ပြောသည်ကြောင့် လူရွယ် လည်း

မင်းတရားကြီးဘုရား ၏ မြင်း ကို သွားယူပါလေသည် ။


ဦးရွှေမောင်ကြီး လည်း လူရွယ် အား ....


“ တို့များ အတွက် အဆင်သင့်  ဖြစ်ပြီလားကွယ်ရို့ ။ မှောင်စလဲ ပျိုးနေပြီမို့  မပြည့်စုံသေးလျှင်လဲ ပြည့်စုံအောင် အမြန်ပြုပါ့ ကိုရင်မောင် ရေ့ ” 


“ ပုဇွန်ဆိပ်ခုန်ကလေး တခုတင်ဘဲ  လိုပါတော့သည် မြို့စားမင်းကြီး ခင်ဗျား ... အစားအစာ နှင့်  မီးတိုင် ၊

မီးအုပ်ဆောင်းများလည်း လှေပေါ်တွင် အဆင်သင့်  ရောက်ရှိပြီးပါ့ ” 


ထို လူ့ စကား  ကြားသိရ၍  မင်းတရားကြီးဘုရား လည်း  ပွဲတော်ညစာ စားဖို့ သတိရလာပါသည် ။ ညစာ ပွဲတော်စာ ကို  ဦးရွှေမောင်ကြီး အသင့် စီစဉ်ထားသည့်အတွက် စိတ်ထဲမှ ကြိတ်၍ ကျေနပ်နေပါသည် ။ မင်းတရားကြီးဘုရား သွားလိုရာ ခရီး ကို အမိန့်တော်မြတ်အတိုင်း ရေလမ်းမှ  လှေဖြင့် ရွှေတချောင်း မှ စုန်ဆင်းသွားပါက ပြည်ကြီးပျော်ဘွယ်  အရပ် ကို အလွယ်တကူ နှင့် ရောက်ရှိနိုင်လေသည် ။ ယခု မိမိတို့ ရောက်ရှိနေသော နေရာသည် ကန်ပိုင်ရွာ လည်း မဟုတ်သဖြင့် မည်သည့် ရေဆိပ် ဖြစ်နေမည်ကို မင်းတရားကြီးဘုရား သိလိုတော် မူသဖြင့် ဦးရွှေမောင်ကြီး နားသို့ တိုးတိုး ကပ်မေးရာမှ “ အိုးဘို ” ဆိပ်ကမ်း မှန်း သိရပါသည် ။ အိုးဘို မှ ရွှေတချောင်း အတိုင်း စုန်ဆင်းသွားပါလျှင် ပြည်ကြီးပျော်ဘွယ် အရပ်သို့  တဗဟိုရ်ခွဲ သာသာ ( စက် တနာရီ ခန့် ) လောက်ဖြင့်  ရောက်ရှိပေမည် ။


( ယခု မန္တလေးမြို့ အလယ်မှ ဖြတ်သန်းစီးနင်းနေသည့် ရေသိုး ၊  ရေပုပ် ထုတ်သည့် ရွှေတချောင်း သည် မြန်မာမင်းများ လက်ထက်တော် အခါက ကူးသန်းရောင်းဝယ်ရေး အတွက် အသုံးဝင်သော ချောင်း တချောင်း ဖြစ်ခဲ့ပါသည် ။ အထက်အညာ နှင့် မတ္တရာမြို့ အခြေအရပ် နှင့် အောက်ပြည်ဒေသ တို့မှ လှေကြီးလှေငယ် တို့ဖြင့် တင်ဆောင်လာသော ကုန်စည်များကို မြို့တွင်းအထိ ဝင်ရောက် ဖောက်ကား ရောင်းဝယ်ကြပါသည် ။ ယခု ပဲခူးမြို့လယ် မှ ဖြတ်သန်းစီးဆင်းနေသော ပဲခူးချောင်း ကဲ့သို့ အသုံးဝင်လှပေသည် ။ ထို ရွှေတချောင်း ကို   အင်္ဂလိပ်များ  မြန်မာနိုင်ငံကို  သိမ်းပိုက်ပြီး  ၁၅ နှစ်ကျော်ကြာ ရေကြည်တံခါး မှ သင်္ဂဇာချောင်း အထိ ဖို့ပစ်ပြီး ရေသိုးမြောင်း အဖြစ် ပြောင်းလွဲလိုက်ပါသည် ။ )  ဗီဇနာ အနည်းငယ် အတွင်း သုတ်သုတ်ပြာပြာ နှင့် လူတစ်ယောက် မြူအိုး တအိုး နှင့် ရေတကောင်း တခု ကို ဆွဲလျက် ရောက်ရှိလာသည်၌ မောင်အောင် ဆိုသူ က လှေပေါ် သို့  အတင်ခိုင်းလိုက်ပါသည် ။


ကိုရင်အောင် က ..... “ မြို့စားကြီးခင်ဗျား  ... အားလုံး အဆင်သင့်  ရှိနေပြီမို့ သွားလိုက သွားနိုင်ကြပါပြီ ခင်ဗျား ”  ဟု ရိုသေစွာ  ကိုယ် ကို ကိုင်းညွတ်၍  ပြောသည်တွင် ဦးရွှေမောင်ကြီး လည်း မင်းတရားကြီးဘုရား ဘက် လှည့်လျက်  ... “  ကဲ ...  အဆင်သင့် ရှိပေပြီမို့  ကိုရင်ကောင်းမြတ် ရေ ကျုပ်တို့ ခရီးဆက်ကြမည်ပ ” ဟု ပြောလိုက်သည် ။


“ အိမ်း ...ကောင်းပြီ ... ဦးရွှေမောင်ကြီး သွားကြသည်ပ ”  ဟု ပြန်ပြောလိုက်သည် ။


လှေပေါ်တက်ရောက်ကြ၍  လှေဝမ်း အတွင်း မျက်နှာချင်းဆိုင် ထိုင်ကြပါသည် ။ ကိုရင်အောင် ဆိုသူမှာ ပဲ့ပိုင်း မှာ ထိုင်လျက် လှော်တက်ကို ကိုင်ခါ လှော်ခတ်ပါသည် ။ လှေထွက်လျှင် စားတော်အုပ် ကို မင်းတရားကြီးဘုရား ရှေ့တော် ချလျက် နှီးခွက်တွင်း သို့  ရေတကောင်း အတွင်းမှ  ထန်းရေများ ငှဲ့ခါ မင်းတရားကြီးဘုရား အား  ကမ်းလိုက်ပါသည် ။ မင်းတရားကြီးဘုရား လည်း လှမ်း၍ ယူလိုက်ပါသည် ။


“ သည်ဟာ  ဘယ်တော က ယူလာသည့် ထန်းရည် လဲ ဦးရွှေမောင်ကြီး ရဲ့” 


“ ကနောင်ကိုယ်တော်ကြီး တော ကပါ ... ယဉ်ပျံရွာ တွင် ယခုအချိန်လောက် ဆိုလျှင် ကနောင်အိမ်ရှေ့စံ နှင့် အဘော်တသင်းတို့  ပျော်ပွဲခင်းနေချိန်ပ ကိုရင်ကောင်းမြတ် ရဲ့ ” 


ပွဲတော်အုပ် အတွင်းမှ စားစရာများမှာ စုံလင်လှပါသည် ။ မင်းတရားကြီးဘုရား ကြိုက်တတ်သော ပဒပ်သားကင် လည်း ပါဝင်ပေသည် ။  သောက်ရင်း ၊ စားရင်း နှင့် ယစ်ရွှေရည် တံခိုးဖြင့် မင်းတရားကြီးဘုရား နှင့် ဦးရွှေမောင်ကြီး တို့လည်း ဆက်ရက်မင်းစည်းစိမ် ခံစားနေရပေပြီ ။ ရေကြည်တော် ပန်ဆက်တံခါးလှေဆိပ် တွင် အချိန်ဖြုန်းရင်း  ရပ်နား၍ ထမင်းစားသောက်ပြီး မှ ဆက်လက် စုန်ဆင်းကြပါသည် ။  မင်းတရားကြီးဘုရား လည်း  အသံဝါကြီးဖြင့် သီချင်း သီဆိုပါလေသည် ။


သူတို့ သီဆိုအော်ဟစ်သံကြောင့် တချို့ လှေများမှ ပေါင်းမိုး အပြင်သို့ ခေါင်းများ ပြူထွက်၍ ကြည့်သူ  ။ ကမ်းပေါ်မှ လက်ခုတ်တီး ၊ လက်ခေါက်မှုတ်၍ ဩဘာသံများဖြင့် မြိုင်ဆိုင်လှပေသည် ။ လှေသမား နှင့် မင်းတရားကြီးဘုရား တို့က သံပြိုင် သီဆိုကြ၍  ဦးရွှေမောင်ကြီး က ကွေးနေအောင် ကခုန်ရင်း လှေ ကို စုန်ဆင်းကြပါသည် ။ သီဆိုသည့် သီချင်းမှာလည်း  ရတနာပုံခေတ် ဆီ က အင်မတန် ရေပန်းစားသည့် ဇိုးခေါ် ကြူးကျော်  မန်းတောင် ရိုးပေါ် ပုဆိုးပေါင် ထမီပေါင် ကတ်ရိုက်ရအောင် ( ကျန်တာ ကို ထန်းရည်သောက် ဘိန်းရှုရအောင် ) ဆိုသည့် သီချင်းပင် ဖြစ်ပါသည် ။


သည်လိုနှင့် ဆောင်နန်းရိပ်သာလှေဆိပ် အရောက် ဦးရွှေမောင်ကြီး က လှေကို ရပ်တန့်စေပြီး  ...


“ သည်နေရာက ဆင်းကြစို့ ၊ ကိုရင်ကောင်းမြတ် ရေ ... ကျုပ်တို့  မိတ်ဆွေ အိမ် က သည် အနားတွင်

ရှိသည်ပ ” 


“ ကောင်းဗျာ .. ဦးရွှေမောင်ကြီး  သဘောအတိုင်းသာပ ။ ကျုပ်ကလဲ သည် အရပ်အနေတွေ မကျွမ်းကျင်ပေဘူး မှုတ်လား ” ဟု ပြောရင်း မင်းတရားကြီးဘုရား လည်း လှေပေါ် မှ ဆင်းပါလေတော့သည် ။ ဦးရွှေမောင်ကြီး လည်း မီးအုပ်ဆောင်း ကို ထွန်းညှိပြီး လှေပေါ် မှ ဆင်းလာပါသည် ။ ဆိပ်ကမ်းပေါ် တက်ရောက်ပြီးမှ မင်းတရားကြီးဘုရား လည်း ဦးရွှေမောင်ကြီး နားသို့ ရပ်၍ တီးတိုးလေသံဖြင့် “ ငမောင်ကြီး ရဲ့ သည်ကနေပြီး ဘာပြုမဲ့ ဆင်းရသည်လဲ သီရိပျော်ဘွယ် ဆိပ်ကမ်း အနောက် ဘောက်မဲ့ မစုံရသည်လည်း ” 


“ မှန်လှပါ ... လှေသမား မှာ  လှေသင်းဝန်မင်း ၏ သွေးသောက်ကြီး ဖြစ်ပါသည် ။ ကျွန်တော်မျိုးကြီး တို့ သွားလမ်း ၊ လာလမ်း ကို မသိစေချင်၍  ယခုကဲ့သို့  အောင်နန်းရိပ်သာ လှေဆိပ်မှ ဆင်းရခြင်းပါ  ။ ပြည်ကြီးပျော်ဘွယ် ဆိပ်ကမ်း မှာ လည်း တခေါ်လောက်သာ ဝေးပါတော့သည် မင်းတရားကြီးဘုရား ” 


“ ရှိပါစေတော့ ။ ဒို့များ အခု ဘယ်သို့  ဦးတည်ပြီး သွားမည်ဟု  ငမောင်ကြီး စိတ်ကူးရှိသည်လဲ ” 


“ မင်းတရားကြီးဘုရား တွေ့လိုတော် မူသည် ဆိုသည့် ကနောင်အိမ်ရှေ့စံ လက်သပ်မွေး ဂေါင်းမ မိစပ် ထံ

အရင် သွားကြမည် ဟု အကြံတော် ဆက်ပါသည်ဘုရား ” 


“ အေး ဟဲ့ .. နင်တို့တတွေ ပြောကြသည်ကြောင့်  မိစပ် ကို ငါ ကိုယ်တော် မြင်တွေ့လိုတော် မူသည် ငမောင်ကြီး ရဲ့ သူ ၏  အရည်အသွေး က အသို့  ရှိဘိသနည်း ...” 


“ မှန်လှပါ ... ရုပ်ရေရူပကာနိကာယ် ကတော့ဖြင့် ရွက်ကြမ်းရေကြို လူသားတိုင်း ရှိသင့် ရှိအပ်သော

ရုပ်အဆင်းမျှသာ ဖြစ်ပါသည်ဘုရား ။ မြန်မာ နှင့် မဂိုကုလားသွေး  စပ်နေသည်ကြောင့် အရွယ်တော်မှာ ကျားကိုးစီး စား မကုန်နိုင်အောင် တောင့်တင်းစိုပြေပါသည် ဘုရား ။  အတွေ့မှာ ပဉ္စပါပီ ရှုံး ၍ ကိုယ်တော် ညှိုးချုံး အောင် ဆွဲနိုင်သော သတ္တိထူး ရှိကြောင်း ဘုရားကျွန်တော်မျိုး  အကြိမ်ကြိမ် တွေ့ဘူး၍ သိကြောင်းပါဘုရား ” 


“ တယ် ... အပြောကတော့ ကြွယ်လှပါလား ကရို့  ... ငါ ကိုယ်တော်မြတ် နဲ့ တွေ့ချင်စမ်းပါဘိ  ။

ညီညီ ရဲ့ နောင်တော်မှန်း မိစပ် တော့ မသိစေရအောင် သတိတော့ ရှိရပေမဗျ ” 


“ ကနောင်အိမ်ရှေ့စံ လက်စွဲတော် မှန်ပါသော်လည်း ကနောင်ကိုယ်တော်ဘုရား ကိုတော့ မိစပ် က လက်မြှောက် အရှုံးပေးရသည် မို့ ကနောင်မင်းသားကြီး ရဲ့ ခိုင်းသည့် ကျွန် ထွန်သည့် နွား နှယ်  မိစပ် ကိုယ်တိုင်က စွဲလမ်းတမ်းတ နေရသည်ကိုတော့ မိစပ် ကိုယ်တိုင် ဝန်ခံခဲ့ကြောင်းပါ ဘုရား ” 


“ သည်လောက်တောင်မှပဲ ငါ့ ညီညီ က ယောက်ျားကောင်း  ပီသလေသလား ငမောင်ကြီး ရဲ့ ... ငါ ကိုယ်တော်မြတ် အနေဖြင့် မိစပ် နှင့် ယခုပင် တွေ့ချင်စမ်းပါဘိ ” 


သည်လိုနှင့် လျှောက်လာရင်း မိချောင်းတံတား ဆုံးလျှင် ပြည်ကြီးပျော်ဘွယ် အရပ် ဟု ခေါ်သော

ရတနာပုံခေတ် ပြည့်တံဆာရပ်ကွက် သို့  ဆိုက်ရောက်လာကြပါသည် ။ ဦးရွှေမောင်ကြီး လည်း  မီးအုပ်ဆောင်း

ကိုင်လျက် ဦးဆောင်ကာ မိစပ် တို့ အိမ်သို့ ရှေးရှု သွားပါလေသည် ။ မလှမ်းမကမ်း အရောက် မင်းတရားကြီးဘုရား က  လက်ညှိးထိုးတော်မူရင်း  ... “ ဟဲ့  .. ငမောင်ကြီး ရဲ့ ...ဟို လှုပ်လှုပ်  လှုပ်လှုပ် နဲ့ သူငယ်လေးတွေ ဟာ  လူပျိုတော်သားတွေ နဲ့  တူလေသလား ” သည်တော့မှ ဦးရွှေမောင်ကြီး လည်း ယစ်ရွှေရည် အရှိန်ကြောင့်  မှေးနေသော  မျက်စေ့နှစ်လုံး ကို  သေသေချာချာ ဖွင့်ကြည့်ပြီး “ မှန်လှပါ .... လူပျိုတော်သားများ ဖြစ်နိုင်ကြောင်းပါ ဘုရား ။ သူတို့ ဝတ်စားဆင်ယင်ပုံများမှာလည်း နန်းတွင်း လူပျိုတော် အဝတ်အစားသာ  ဖြစ်ကြောင်း ပါဘုရား ” ဟု တီးတိုး  တင်လျှောက်ရင်း  ဆက်လက်၍ .... “ ကျွန်တော်မျိုးကြီး သွားရောက် စုံစမ်းကြည့်ပါမည်ဘုရား .. မီးအုပ်ဆောင်း ကို  ယူတော်မူ၍ ဟောဟို သစ်ပင်ရိပ် မှ  စောင့်စားတော်မူပါဘုရား ” ဟု မီးအုပ် ကို  ပေးအပ်တော်မူပြီး ဦးရွှေမောင်ကြီး လည်း လူပျိုတော်သားများ ရှိရာသို့ ဦးတည်သွားပါလေသည် ။ လူပျိုတော်သားများ ထဲမှ  ဦးရွှေမောင်ကြီး ကို  သိကျွမ်းသူ ပါရှိနေသဖြင့် ထို လူပျိုတော်သားလေး ကပင် ... “ အလို  .. ပင်းတလဲစားကြီး ပါလား ။ အဘယ်သို့သော အကြောင်းကြောင့် သည်ကို  လာသည်လဲ ” 


“ ငါ့ တူကြီးများ လိုပ ။ ကျုပ် မိတ်ဆွေ တယောက် အညာ က  ရောက်ရှိလာသမို့  သူ့ အား   လိုက်လံ

ပို့ပေးရခြင်းပေပ ။ အတွင်းဆောင်တွင် အသူများ ရှိဘိသနည်း” 


“ မှန်လှပါ ... မက္ခရာမင်းသားကြီး ရှိတော် မူကြောင်းပါ  ။ ခုနကပင်  ပင်လယ်မင်းသား ( သန္နီမင်းသား  ) တို့ တတွေလည်း လာတော်မူသေးသည် ” 


“ အိမ်း .... ကောင်းသဗျာ  ... ကောင်းသဗျာ  ... ငါ့ တူကြီးများ ဘယ်အချိန်ထိ နေတော်မူမည်လို့များ

မင်းသားကြီး အမှာအကြား ရှိသည်လဲ ” 


“ သန်းခေါင်ယံ အချိန် ပြန်နိုင်ရန် ပြောကြားသံတော့ ကြားမိပါသည် ။ ညီတော် မလွန်မင်းသား

စံအိမ်တော်တွင် စက်တော်မူမည် ထင်ရကြောင်းပါ ပင်းတလဲစားကြီး ဗျား ” 


ထိုအခါ ဦးရွှေမောင်ကြီး လည်း ... “ တခြား အိမ်တွေ ရှောက်သွားပေဦးမယ်ဗျ ။ ငါ့ တူကြီးများ က တို့ များ သည်ကို လာကြောင်း မင်းသား ကို  မတင်လိုက်ကြပါ နှင့်  မင်းသားကြီး မှ တဆင့် သူတို့  ဘခမည်းတော် မင်းတရားကြီးဘုရား ကြားသိတော် မူလျှင် ကြိမ်းမောင်း ဆူပူ ၊ ရွှေစိတ်တော် ညူစူနေရင် အခစား

ခက်မဗျ ” ဟု ပြောလိုက်ရာ လူပျိုတော်သားများလည်း ကျေနပ်နှစ်သိမ့်ခြင်းဖြင့် လက်ခုတ်လက်ဝါးများပင် တီးခတ်ရယ်မောရင်း ကျန်ရစ်ခဲ့ကြပါသည် ။


မင်းတရားကြီးဘုရား စောင့်နေသော သစ်ပင်ရိပ်အောက် သို့ သွားရောက်ပြီး နှစ်ယောက်သား တီးတိုး ပြောဆိုကြပါသည် ။ သားတော်နှစ်ပါး နှင့် အခြွေအရံသင်းပင်းများ မမြင်မတွေ့ရလေအောင် ခေတ္တ ရှောင်ရှားနေပြီးမှ သူတို့ ပြန်ချိန်လောက်မှ  တခေါက်လာကြရန်  မင်းတရားကြီးဘုရား အလိုတော်ကျ ဆုံးဖြတ်တော်မူပြီး၍ လှေထားရှိခဲ့ရာသို့ ပြန်ကြပါလေသည် ။


“ ကျွန်တော်မျိုးကြီးများ လှေဆိုက်ကပ်ထားရာ အရပ် အရှေ့စူးစူး တခေါ်အကွာလောက်တွင် သမားတော် ငခဲ အိမ် ရှိပါသည်ဘုရား ။ ငခဲ အိမ်  စတည်းချပြီး  သန်းခေါင်ကျော် မှ သည်ကို ပြန်လာလျှင် မင်းတရားကြီးဘုရား အတွက်  ပင်ပမ်းတော်မူမည် မဟုတ်ကြောင်းပါ ဘုရား ” 


“ ရှိပစေ ... ငမောင်ကြီး ရဲ့ ... တို့များ လှေပေါ်တွင် စက်တော်ခေါ်ရင်း သန်းခေါင်ကျော် မှ ထသွားကြသည်ပ ။ ငခဲ အိမ် သွားနေပြန်ရင်လဲ ငါ ကိုယ်တော်ကြီး ယခုကဲ့သို့  ထွက်လာသည့် သတင်း အပြင်တွင် ပေါက်ကြားရပေမည်  မဟုတ်ပါလား ... ငမောင်ကြီး ရ ” 


“ မင်းတရားကြီးဘုရား အလိုတော်အတိုင်း ဖြစ်စေရပါမည် ဘုရား ။ လှေတော်ပေါ်တွင် နားနေလိုပါသည်ဆိုလျှင် လှေတော် ရှိရာ သွားကြရမည်ပါ ဘုရား ” 


ဦးရွှေမောင်ကြီး တို့ လှေပေါ် ပြန်ရောက်ချိန်တွင် လှေတော်သား  ကိုရင်အောင် မှာ တခေါခေါဖြင့်  ဟောက်၍ အိပ်ပျော်နေပေပြီ ။  ဦးရွှေမောင်ကြီး လည်း  မင်းတရားကြီးဘုရား ခေတ္တနားနေနိုင်ရန် လှေဦးပိုင်းတွင်

ရှင်းလင်းပေးပါသည် ။  မီးအုပ် ကို မင်းတရားကြီးကိုယ်တော် တိုင် မှုတ်လိုက်ပြီး   ...


“ ခုနှစ်စင်ကြယ် အမြီးထောင်ချိန်ရောက်လာရင်တော့ သန်းခေါင် အချိန်ပဲလို့ ပြောကြသည်ကို ကိုယ်တိုင်ကိုယ်ကျ ရှုစားရသည်ပ ငမောင်ကြီး ရ ” 


“ မှန်လှပါ  ... ဘေးလှေပေါ်မှ  လူများ ကြားကုန်ကြမည် စိုးလှပါသည် ။ တိုးတိုး မိန့်တော်မူပါရန် သတိတော် ဆက်ပါသည်  ဘုရား” 


မင်းတရားကြီးဘုရား လည်း  ခေါင်းညိမ့်ပြတော်မူရင်း တိတ်ဆိတ်စွာ နေတော်မူပါသည် ။ လှေပေါ်တွင် ပက်လက်လျောင်းတော်မူရင်း  သာယာကြည်လင်သည့် ကောင်းကင်ကို  ရှုစားရင်း နက္ခတ်တာယာများ ကို

ရှုစားပါသည် ။ တဆောင်မုန်းလပြည့် ၏ ကြည်လင်သော ကောင်းကင်ပြင်တွင် စုံလင်သော နက္ခတ်များကို တခုစီ တခုစီ စိတ်ဝင်စားစွာ စစ်ဆေးကြည့်ရှုနေမိပါသည် ။ ကောင်းကင်ဂြိုလ်နေ နက္ခတ်များကို မြင်၍

စန်းယှဉ်နက္ခတ်အရ လူတို့၏ စိတ်နေသဘောထားကို  ခန့်မှန်းနိုင်သော အတတ်ပညာများ အကြောင်းကိုလည်း စဉ်းစားမိလာပါသည် ။ ထိုမှတပါး ရက် ၊ လ ၊ ပတ် ၊ ဂဋီ ၊ ဝိဂဋီ စသည်တို့နှင့်တကွ နက္ခတ္တဗေဒဆိုင်ရာ ဂြိုလ်တာယာ တို့၏  အသွားအလာ တို့ အပေါ် အမှီပြု၍   ပြက္ခဒိန် တွက်ချက်ရသည်ကိုလည်း ဆင်ခြင်မိပါသည် ။


ပြက္ခဒိန် ပြုလုပ်ခြင်း သည် သက္ကရာဇ်  စတင်ပေါ်ပေါက်လာပုံ ၏ မြစ်ဖျားခံရာ အရပ်ဖြစ်ကြောင်း အကြောင်းတို့ကိုလည်း  တွေးခေါ်မိပါလေသည် ။ မြန်မာနိုင်ငံ သရေခေတ္တရာပြည် သုမုန္ဒမင်း လက်ထက် ဒေါဒေါရသ ကိန်းဖြိုတော်နှစ် သည် အိန္ဒိယပြည် “ သကမင်း ” နန်းတက်သော နှစ် ဖြစ်၍  ထို “ သကမင်း ” ကို အစွဲပြု၍  သကရန်ရေးထုံးပြုခဲ့ကြောင်း “ သံဒိဌဋီကာ ”  ကျမ်းတွင် တွေ့ရှိခဲ့သည်ကိုလည်း သတိရလာပေသည် ။  ကဝါလမိုင်း ခေါ်ကြသော ဟိန္ဒူ မဟာပိန်းနဲ အကြောင်းတွင် လူ့ပြည်ကနေ  လ ကို အကြောင်းပြု၍  ရက် ၊ လ များ   တွက်ဆသည် ။ နေ့ နှင့်  ည ကို ဖြစ်ချိန် သိကြားမင်း က  လူ့ပြည် သို့ ဆင်းသက်လာ၍ ခု ၊ နှစ် ၊ ရက်  များကို စီမံပေးခဲ့သည်ဟု ရှေးလူဟောင်းတို့ ယုံကြည်ခဲ့ပုံများကို အမှတ်ရစေပြန်ပါသည် ။


ငယ်စဉ်က သင်ကြားခဲ့ဖူးသော တာရာ ကိုးလုံး သဖြန်လေး ကို သတိရလာသဖြင့် တီးတိုး ဆိုငြီးမိပါတော့သည် ။


“ အာကာမှာ ရောင်ဝါငြီးလို့ ၊  ရွှေကျီးတဲ့  ဟင်္သာ ၊ ပုဇွန်ချိန် ဆံကျင် နှင့် ၊ တံငါဆင် သိန္ဓဝ ၊ ဗျိုင်းလှ

တာရာ ၊ သျှတ္တရာ ၊ ကျမ်းလာစကား ၊ ကဝိခံလိုက ။  တိမ်ညိုမှာ တာရာကိုး ကို ကျိုးလို့ မှတ်သား  ...” 


ထိုမှ တဆက်တည်း နက္ခတ် ( ၂ရ  ) လုံး ၏ ပုံသဏ္ဍန်များ ကိုပါ သင်ကြားခဲ့ရပြန်သည်ကို သတိရမိပါလေသည် ။


“ အာသာဝတီ ခြောက်လုံးညီတူပြီး မြင်းခေါင်းလို  ဘရဏီမှာ သုံးလုံးသာ ပမာရုံလောက်လို

( ခနောက်လို  ) ကျတ္တိကာ ကြယ်ခုနှစ်သွယ် ကြက်ငယ်စုသလို ဆယ်လုံးတညီ ရောဟဏီတူပြီး

ငါးကြင်းလို မိဂသီမှာ  သုံးလုံးသာ ဝေါဟာလိပ်ခေါင်း လို ၊ လိပ်လက်ခေါ်ကြ အန္ဒဧက တလုံးဆို

ပုဏ္ဏဖုသျှူး ငါးလုံးပြူး  နှိုင်းတုသင်္ဘောလို ၊  ငှက်ချေခံသွင်း ၊ ဆယ်လုံးမြင်း ခေါ်သွင်းဖုသျှဆို ၊  အဉ္ဋလိသ လေးလုံးရ  တုမျှခက်ရင်းလို  ” 


မင်းတရားကြီးဘုရား လည်း ကောင်းကင် ၊ နက္ခတ်တာရာများ ကို  တခုစီ တခုစီ  စာဆို နှင့် ညီ မညီ တိုက် မတိုက်  စစ်ဆေးရင်း အကာသနက္ခတ်သဘင် တွင် အတွေးနစ်မြုပ်နေဆဲ ဦးရွှေမောင်ကြီး လည်း မင်းတရားကြီးဘုရား အား  မလှမ်းမကမ်း မှ ထိုင်၍  ပြောင်းဖူးဖက်  ဆေးလိပ်ကြီး  တဖွားဖွားသောက်ရင်း စောင့်ရှောက်နေပါသည် ။ ဆေးလိပ် အရသာ ခံ၍ သောက်နေစဉ်  စကားဆူညံစွာ ပြောဆိုလာကြသော လူငယ်တသိုက် ကို မြင်မိ၍ လှမ်းကြည့်မိပါသည် ။ မက္ခရာမင်းသား နှင့် အပေါင်းပါ လူပျိုတော်သား တသိုက် ဖြစ်ကြဟန်တူပါသည် ။  သန်းခေါင်အချိန် တိုင်အောင် နေမည်ဟု ပြောခဲ့ကြသော သူတို့မှာ အဘယ့်ကြောင့် အစောကြီး  ပြန်လာဘိသနည်း ။ ယခုအတိုင်း ဆိုပါလျှင်  သန်းခေါင်အချိန်တိုင်ရန် တဗဟိုရ်တော့ လိုပေဦးမည် ။ သို့ဖြစ်၍  သူတို့ မည်သည့် နေရာ သွားသည် ကို သိရှိရန် အကဲခတ်မှ သင့်တော်ပေမည်ဟု အောက်မေ့ကာ မလှမ်းမကမ်းမှ လိုက်လံ ကြည့်ရှုရန် ထိုင်ရာမှ ထပါလေသည် ။


ဦးရွှေမောင်ကြီး တို့ ရပ်နားထားသော လှေတော်မြောက်ဘက် ဝါးသုံးလေးရိုက် အကွာရှိ တံတားလေးပေါ် ဖြတ်လျှောက်၍ အရှေ့ဘက်ကမ်း ကူးသွားကြသည် ကို မြင်ရသဖြင့် မလွန်မင်းသား  စံအိမ်တော်ဆီသို့ ဦးလှည့် မည်မှာ သေချာသလောက် ဖြစ်နေ၍  အသာအယာ ပြန်လှည့်ခါ မင်းတရားကြီးဘုရား အပါးသို့ တိုးကပ်သွားရင်း လေသံဖြင့် “ မင်းတရားကြီး ဘုရား သားတော်ကြီး မက္ခရာမင်းသားနှင့် အပေါင်းအပါ များ  မိစပ် ထံမှ ပြန်လာကြပြီ ဖြစ်၍ ကျွန်တော်မျိုးကြီးများ သွားရန် အခါတော်ရပါပြီဘုရား ” 


“ သေချာရဲ့လား ငမောင်ကြီး ရဲ့ စိတ်ဝမ်းတော်ချချ သွားနိုင်ခါမှ  သွားကြရင် မကောင်းပေဘူးလား ” 


“ မှန်လှပါ မင်းတရားကြီး ဘုရား  ကောင်းကင်မော့ ၍ နက္ခတ်တာယာများ ကို  စိတ်ဝင်စားစွာ ကြည့်ရှုတော်မူနေဆဲ မက္ခရမင်းသားကြီး တို့  အသိုက်မှာ သည်ကမ်း နံဘေး မှ ဖြတ်သန်းသွားသည် ကို မြင်မိပါသည် ဘုရား” 


“ သည်လို ဆိုရင်လဲ သွားကြသည်ပ  ငမောင်ကြီး ရ ” 


မင်းတရားကြီးဘုရား လည်း ပြန်လည်ဖြေကြားရင်း လှေတော်ပေါ် မှ ဆင်းခါ  ဦးရွှေမောင်ကြီး  အနားသို့ ရှောက်လာပါသည် ။  ဦးရွှေမောင်ကြီး လည်း  မီးအုပ် ကို ထွန်းညှိပြီး နောက် မင်းတရားကြီးဘုရား ရှေ့တော်မှ လမ်းပြရင်း  မိစပ် အိမ် သို့ လမ်းပြ ခေါ်ဆောင်သွားပါသည် ။


မိစပ် အိမ်ရှေ့ ရောက်သည်တွင် မီးညှိမ်း တံခါးပိတ် ထားသည်ကို တွေ့ရ၍  ဦးရွှေမောင်ကြီး သည် တံခါး ကို လက်ဖြင့် ပုတ်၍ နိုးပါသည် ။  တံခါးပုတ် နိုးသံကြောင့် အတွင်းမှ အရက်သံ ပါသည့် ယောကျာ်းတယောက် ၏ အာလေးရှာလေးသံ ဖြင့်  “ ဘယ်သူတွေတုန်းဗျာ - ကျုပ်တို့ သည်နေ့အဘို့ အနားယူ အိပ်စက်ကြပါပီ ” 


“ ပင်းတလဲစား ရွှေမောင်ကြီး လေ ၊  တံခါးဖွင့်စမ်းပါ့ ကိုရင် ကျုပ်မိတ်ဆွေ ဧည့်ကောင်း ပါသည် ကြောင့်လာခြင်းပ ”   


ထို ပြန်ကြားချက်ကြောင့်  မီးခွက် ထွန်း၍ တံခါးဖွင့်သံ ကြားရပြီး ရိုသေစွာဖြင့် -


“ အထဲကို ကြွကြပါဦးဗျာတို့ရာ ရှင်မိစပ်ကြီး တော့ ယနေ့အဘို့ ပင်ပမ်းနေသမို့ တခြား တပါးတို့ဖြင့်

ရှိပါလေရဲ့ ” 


“ သဟာပေမင့် မိစပ် နဲ့ တော့ ကျုပ်တို့  တွေ့ချင်သေးသပ ၊ ခေါ်ပေးစမ်းပါဘိ ကိုရင် ” 


ထိုသူလည်း အတွင်းသို့ ဝင်သွားပြီး ခဏအကြာ ထောင်ထောင်မောင်းမောင်း အသားဖြူဖြူ

မိန်းမတယောက် ထွက်လာပီး -


“ ဒီနေ့တော့ ကျွန်တော်မျိုးမ ကိုယ်တိုင် ဧည့်ဝတ် မပြုနိုင်သည့် အတွက် သီးခံပါ မြို့စားကြီး ရှင့် ၊

စိတ်တိုင်းကျ ဖြစ်စေရအောင် ကျွန်တော်မ ၏ တပည့်မလေးများဖြင့် ဧည့်ခံပါမည်” 


ဦးရွှေမောင်ကြီး လည်း ခါးကြား မှ ကတီ္တပါ ငွေအိပ်ကလေး ကို ထုတ်ယူပြီး  မိစပ် ရှေ့သို့  ပစ်ပေးလိုက်ခါ -


“ ကျုပ်နှမကြီး ပမ်းလှပေမယ် ဆိုတာ ကျုပ် သိပါသဗျ သာပေမင့် ကျုပ် မိတ်ဆွေ သူကြွယ်ကြီး ကတော့ မယ်မင်း ရဲ့ မွှေးရနံ ကြွယ်နေတဲ့ ဂုဏ်သတင်းကြောင့်  ကြီးစွာသော ချင်ချင်း ဖြစ်ပေါ်ရသည်မို့ ကျုပ် ကိုယ်တိုင် မယ်မင်း ထံ အရောက် လိုက်လံ ပို့ဆောင်ပေးရသည့် အတွက် သီးခံ ပြုစုစေချင်သကွယ် ” 


ဦးရွှေမောင်ကြီး စကား အဆုံးတွင် ရှင်မိစပ် လည်း ကတ္တီပါ အိပ်ရှုံ့လေး ကို လှမ်းယူပြီးဖွင့်ခါ လက်ဝါးပေါ်

သွန်ကြည့်လိုက်ရာ ရွှေစ - ငွေစ အတော်များများ တွေ့ရသည့်အတွက် ကြေနပ်နှစ်သက်သွားပုံ ရပါသည် ။


“ ကဲ - မောင်ကြီးများတို့ က ကျွန်တော်မျိုးမ ကို သည်လောက် အလိုတော်ရှိနေသည်ပ ဆိုရင်လဲ ဧည့်ဝတ်ပြုရ မည်ပ ၊ ကြွတော်မူပါ ” 


ဟု မင်းတရားကြီးဘုရား ထံ သို့ ချမ်းကပ်တွဲဘက်လျက် အတွင်းဆောင် သို့ ခေါ်ဆောင်  သွားပါတော့သည် ။


ဦးရွှေမောင်ကြီး ကို ဧည့်ဝတ်ပြုရန် အမျိုးသမီ သုံးလေးယောက် လာရောက် ခေါ်ငင်သော်လည်း ဆရာကောင်းတပည့် ပီပီ သူ့ တာဝန် မလစ်ဟင်းစေရန် ခေါင်းတွင်တွင် ခါ ညင်း ၍ လာသမျှ ကို နှင်လွှတ်ရှာပါသည် ။ ထိုသည့်ကြောင့် လဘက်ရေကြမ်းကရား နှင့် ထန်းလျက်ခဲ  - ပဲကြီးလှော် အမဲချောက်ဖုတ် တို့ဖြင့်  ကျွေးမွေးပါသည် ။ အငွေ့ တထောင်းထောင်း ထနေသော မြေကရားတွင်း မှ စဉ့်ပုကန်တွင်း သို့  ရေနွေးများ လောင်းငဲ့၍ ပေးကာ ဧည့်ဝတ်ပြုနေသော ကလေးမလေး ကို ဦးရွှေမောင်ကြီး သည် ကြည့်ရင်း မေးခွန်းများ တခုပြီး တခု  မေးမြန်း စပ်စုနေပါသည် ၊ အသက်အရွယ် အမည်နာမ မွေးဖွားရာဒေသ မည်ကဲ့သို့  ယခု အလုပ်အကိုင်မျိုး လုပ်ရကြောင်း ရောက်တတ်ရာရာ များကို မေးမြန်းနေပါသည် ၊ အနည်းငယ် အေးစပြုလာသော ညဉ့်နက်ချိန်တွင်  ရေနွေးသောက်၍ အမြီး စားရသည့်အရသာမှာ ထူးခြားလှပေသည်ဟု  ဦးရွှေမောင်ကြီး ယခု သတိပြုမိနေပါသည် ၊ စကားတပြောပြော နှင့် ရေနွေးသောက်နေသော ဦးရွှေမောင်ကြီး မှာ မည်မျှ ကြာသွားသည် ကိုပင် သတိမထား သောက်၍ ကောင်းဆဲ မင်းကြီးဘုရား နှင့် မိစပ် တို့  အခန်းတွင်း မှ  ထွက်လာကြသောအခါ ဦးရွှေမောင်ကြီး ထိုင်နေသော  ဝါးကွပ်ပြစ်ကလေး ပေါ် လာထိုင်ကြပါသည် ၊ ထို့မို့ကြောင့် ဦးရွှေမောင်ကြီး လည်းနေရာ ဖယ်ပေးပါသည် ၊ ရေနွေးကရားမှ  ရေနွေးပူပူလေး ကို ငဲ့၍ မင်းတရားကြီးဘုရား အား ပေးဆက်ရင်း -


“ ဘယ်နှယ့် ကိုရင်ကောင်းမြတ် ကြေနပ်နှစ်သိမ့်ခြင်း ရှိအောင် ကျုပ်နှမကြီး က ပြုစုရဲ့လား ” 


“ ဟုတ်သည်ပ ဦးရွှေမောင်ကြီး ရ  နာမည်ကြီး  သလောက် အတတ်ပညာ စုံလင်လှပါပေ  သဗျား - လူကောင် ကြီးသလောက်လည်း ပေါ့ပါးလှပေတယ် ”  


“ မြို့စားကြီး ရဲ့ အဆွေတော် က  ကနောင်မောင်မောင် အကြောင်း  တတွတ်တွတ် နဲ့  တမေးထဲ မေးမြန်းလှ

ချည့်လား မြို့စားကြီး ရဲ့” 


မင်းတရားကြီးဘုရား လည်း  ရှင်မိစပ် စကားကြောင့် ရှက်သလို  အရိပ်အရောင်များ မျက်နှာတော်ပေါ်တွင် ပေါ်ပေါက်လာပြီးနောက် -


“ ကျုပ်တို့ ကနောင်အိမ့်ရှေ့စံကိုယ်တော်ကြီး အကြောင်း နှမကြီး ထံမှ တဆင့်ကြား သိထားရတဲ့ မြို့စားကြီး က ပြောဘူးသည့်ကြောင့်  ကြုံကြိုက်သခိုက် သုတ စုဆောင်းသည့် ကျုပ် ဝါသနာကြောင့် မေးမြန်းရခြင်းပ နှမကြီး ရ ” 


“ နောက်ကို ရတနာပုံ  နေပြည်တော်  ရောက်သည့်အခါ  မြိုစားကြီး မပါလည်း  မိစပ် ထံကို မောင်ကြီး အချိန်မရွေး အလယ် လာနိုင်ပါတယ် ၊ မိစပ် လဲ မောင်ကြီး ကို  အနည်းငယ်တော့ ကျေနပ်သည်ပ ။ ကနောင် မောင်တော် နှင့် တော့ ယှဉ်တုလို့ မရနိုင်သည်မို့ ကနောင်မောင်တော်ဘုရား လိုတော့ မနှစ်သက်ပေဘူး မောင်ကြီး ရဲ့ ” 


မိစပ် ပြောသော စကားအဆုံးတွင်  မင်းတရားကြီးဘုရား  မျက်နှာတော်  ပျက်သွားသည်ကို

ဦးရွှေမောင်ကြီး ကွက်ကနဲ မြင်လိုက်ရပါသည် ။  မိစပ်လည်း သူ့ စကားကို သူ သဘောကျဟန်နှင့်

ရယ်မောသည်ကြောင့် မင်းတရားကြီး ဘုရား ရော ၊ ဦးရွှေမောင်ကြီး တို့ပါ အတူဝင်ရောက်

ရယ်မောကြပါသည် ။ ရယ်မောရင်း မှ မင်းတရားကြီးဘုရား သည် မျက်မှောင်ချီလျက်-


“ သည် နှမကြီး က မောင်ကြီး ကို  ကနောင်ကိုယ်တော် နဲ့ တုပ လို့ မရနိုင်သည်မို့ ကနောင် မောင်တော်ဘုရား လိုတော့  မနှစ်သက်ပေဘူး မောင်ကြီး ရဲ့ လို့ ပြောသည့် စကားကိုတော့ မောင်ကြီး နားမရှင်းလှပေဘူး နှမကြီး ရဲ့ ” 


“ သဘောက သည့်နှယ်ပ မောင်ကြီး ရယ် ၊ “ ခါကျင်ကောင် မာန်ဖီး တောင်ကြီး ဖြိုမဲ့ကြံ ခါးက မသန် ”  ဆိုသည့် စကားပုံ လိုပ ၊ မောင်ကြီး နှင့်  ပျော်ပါးရပေမဲ့  ခါကျင်ကောင် နှင့် တူသည့် မောင်ကြီး အတွက်  မိစပ် မှာ မပြေချော  ပေဘူး ” 


ခါကျင်ကောင် နှင့် အနှိုင်းခံရသော  မင်းတရားကြီးဘုရား စိတ်တွင်းဝယ် ခံပြင်းဟန် ရှိပေမင့် ပြန်လည် ပြောကြားသံ  မကြားရတော့ပါ ။  မိစပ် ကျွေးမွေးဧည့်ခံသည့်  အစားအသောက်များ ကို မင်းတရားကြီး ဘုရား လည်း  စိတ်မပါ့တပါ နှင့်  စားသောက်တော် မူရင်း  စကားပြောဆိုနေကြပါသည် ။


တဗဟိုလောက် ကြာသောအခါ နားနေတော်မူပြီးမှ နှုတ်ဆက်၍ လှေရပ်နားရာသို့  ပြန်ခဲ့ကြပါသည် ။

လှေဆီ အသွားတွင် မင်းတရားကြီးဘုရား ကပင် စတင်လျက် ...


“ ငမောင်ကြီး မနက်ဖန် နံနက်လင်းလျင်လင်းချင်း သမားတော်  ငခဲ ကို နင် ကိုယ်တိုင် ငါ့ ထံ  အခစား ဝင်ဘို့ တပါတည်း ဆင့်ခေါ်ခဲ့ရမည် ” 


“ အမိန့်တော်အတိုင်း ကျွန်တော်မျိုးကြီး ဆောင်ရွက်ပါမည် ။ အသို့သော အကြောင်းဖြင့် ချက်ချင်း

ဆင့်ခေါ်တော်မူရပါသနည်း  မင်းတရားကြီးဘုရား ” 


“ ငခဲ လာလျှင် သိရမည်ပ  ငမောင်ကြီး ရဲ့ ၊ နင် လဲ  မိစပ် နှင့် ပြောကြားသည့် စကားများ  ကြားသိနေသားနှင့် မေ့နေသည် ထင်ပ ” 


“ မှန်လှပါ ကျွန်တော်မျိုးကြီး မည်သို့သော အကြောင်းအရာဟု မခန့်မှန်းနိုင်ရအောင် ဖြစ်ရကြောင်းပါဘုရား ၊ မင်းတရားကြီး ဘုရား  မမိန့်တော်မူပဲနှင့် မသိနိုင်သည့်  အတွက် ကျွန်တော်မျိုးကြီး  စိတ်ဆင်းရဲလှပါသည်  မင်းတရားကြီးဘုရား ” 


“ တကယ် နားမပေါက်ရိုး မှန်ရင်တော့ ပြောရမည်ပ ၊ မိစပ် ပြောသည့်စကားကို နင် တကယ် မသိရှိဘူး ဆိုရမည်ကလဲ  နင့် ရှေ့တွင် ငါ ကိုယ်တော်မြတ်ကြီး အား  ခါကျင်ကောင် နှင့် တုနှိုင်းသည့် စကားကြောင့် နင် တို့ပင်  ရယ်မော ခဲ့ကြသေးသည်  မဟုတ်ပေလား ” 


“ သိတော်မူပါပြီဘုရား ... မင်းတရားကြီးဘုရားကို  ခါကျင်နှင့်ပမာပြု၍  သူ့ကိုယ်သူ တောင်ကြီးလို့တင်စားခဲ့ပါသည်ဘုရား“ 


“ ဟုတ်သည်ပ ငမောင်ကြီး ရာ ညီညီ ဟာ ငါ့ ထက် ဘယ်သို့သော အကြောင်းနှင့် အစွမ်းကောင်း  ရမည်လဲ ငါ ဟာ မင်းဧကရာဇ်  စစ်စစ်ဖြစ်သည့် အတွက် စွမ်းစွမ်းချင်းစွမ်းလျှင် ငါ သာ ညီညီကနောင် ထက် စွမ်းသင့်သည် မဟုတ်ပေဘူးလား  ငမောင်ကြီး ရဲ့ ” 


မင်းတရားကြီးဘုရား စကား  ကြားရသော ဦးရွှေမောင်ကြီး မှာ အခိုက်အတန့်  မည်သို့ လျှောက်တင်

ရမည်ကိုပင်မသိနိုင်အောင် မှင်သက်သွားသလို ဖြစ်လျက် အတန်ကြာ ဆိတ်ငြိမ်နေမိပါသည် ။

အလောင်းမင်းတရားကြီး ၏ အနွယ်တော် ပီပီ စိတ်ဓါတ်ပြင်းထန်ပုံ ရပါသည် ။ ဗိုလ်မထား ဟူသော

ပြင်းပြသည့် ဇာတိသွေး ဇာတိမာန် တို့သည် ဤလို နေရာမျိုးအထိပင် လိုက်လံ တိုင်းတာ ကြည့်ရှုနေပေသည် ။


မည်သို့ပင် ဖြစ်စေ ၊ သည်ကိစ္စ  သည်အကြောင်းတွေ အားလုံးသည် သူ နှင့် မည်မျှ မသက်ဆိုင် ၊ သူ နှင့် သက်ဆိုင်သည့် အရာကား  ဆရာကောင်းတပည့် ပီပီ အမှုတော် ထမ်းရာတွင် တုန်း ဆို တိုက် ကျား ဆိုလျှင် ကိုက် ရပေအံ့ ။


အတွေးကိုယ်စီ နှင့် ဆိတ်ငြိမ်စွာ လျှောက်လာကြသော ဆရာတပည့် နှစ်ဦး တို့မှာ လှေဆိပ်သို့ ရောက်ရှိလာသည် ကို ကိုရင်အောင် အား နှိုးစေလျက် လာလမ်း အတိုင်း ပြန်လည် ထွက်ခွာလာခဲ့ကြပါသည် ။


အာရုံတက်ချိန်ပင် ရောက်ရှိတော့မည်ဖြစ်သဖြစ်ပါသည် ။ သူ့တို့  “ အိုးဘို ” ဆိပ်ကမ်း ရောက်ရှိချိန် နှင့် အလင်းရောင် ထွက်ပေါ်ချိန် ကိုက်ညီ မှန်ကန်ခဲ့ပါလျှင် နန်းမြို့တော်အတွင်း သို့ ဝင်ကြရန်သာ ဖြစ်ပါတော့သည် ။


သို့ဖြစ်၍ ခရီး မဖင့်စေရန် ရေဆန် ဖြစ်၍ ဦးရွှေမောင်ကြီး လည်း   လှော်တက်တချောင်း နှင့် ရေဆန် ကို လှော်ခပ်ပေးပါသည် ။ ထိုအချိန် မင်းတရားကြီးဘုရား လည်း  ကိုယ်တော်လည်း ပန်း စိတ်တော်လည်း နွမ်း ဟန် ဖြင့် လှေပေါ်တွင် စက်တော်ခေါ်ရင်း လိုက်ပါတော်မူခဲ့ပါသည် ။ စက်တော်ခေါ်ရာမှ စွဲလန်းသော ဥပဒါန်ကြောင့်  ယောင်ရမ်းရင်း ရွှေနှုတ်တော်မှ   ဟစ်အော်လိုက်သော မင်းတရားကြီး ၏ စကားမှာ “ တောက် ”  “ ခါကျင်ကောင်တဲ့ ဟေ့ ” 


◾ချစ်စိန်လွင်


📖 ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်မှတ်တမ်း


အပိုင်း ( ၄ ) ❝ ဒူးတော် မဟုတ်သည် တဲ့ မယ်မယ် ဘုရားရေ ❞  ကို ဆက်လက် တင်ပေးပါမည် ။


koaungnaingoo.blogspot.com


.