“ အိုသာအိုသည် ၊ လူပျိုသာရကဲ ၊ ဘိုးအိုမီးလန် ၊ သူငယ်ပြန်သည် ၊ ဆယ်တန်သူ့ထက်ကဲလိမ့် ... ”
◾ မန်လည်ဆရာတော်
❝ တံလျှပ် ကို ရေထင်၍ ❞
တဏှာပေမ သမုဒယ တို့သည် မင်းတရားကြီးဘုရား အား လောဘ နှင့် ဒေါသ တို့ကို ဖြစ်ပွားစေခဲ့ပါလေသည် ။
မင်္ဂလာတရား ကို အလိုရှိသော သူတော်စင် တို့သည် ပစ္စုပ္ပန်တည့်တည့် ကိုသာ ရှုလေ့ရှိမှန်း ဘဝရှင်မင်းတရားကြီးဘုရား သိပါသည် ။ သို့ သိပင် သိ ငြားသော်လည်း အတိတ် ကို အတိတ် တွင် မထားနိုင်ခဲ့သဖြင့် ထိုအတိတ် မှ အရိပ် ၏ ဖမ်းစားမှုကြောင့် မင်းတရားကြီးဘုရား ရွှေစိတ်တော်ငြို အလိုတော်မကျ ဖြစ်နေရပါသည် ။
ဘောင်းတော်ညိမ့် လျှင် စိတ်တော် သိ ကြရသည့် ဝန်ကြီးများ ၊ အတွင်းဝန်များ ၊ လက်စွဲတော်ကြီးများ သည် မင်းတရားကြီးဘုရား ၏ အလို ဆန္ဒတော်တို့ကို အစွမ်းကုန် ကြိုးစား ဖြည့်စွမ်းကြဘို့ သူ့ ထက် ငါ
အလုအယက် လုံးပမ်းနေကြပါသည် ။ ထိုအဖြစ်မျိုးကို မလိုလားကြသော ကင်းဝန်မင်းကြီး ဦးကောင်း နှင့်
ရွှေပြည်ဝန်ကြီး ဦးဖိုးလှိုင် တို့က လက်စွဲတော်ကြီး ဦးရွှေမောင်ကြီး အား မင်းတရားကြီး ဘုရား ကို သတိတော် မဆက်ရကောင်းလား ဟု ကြီမ်းမောင်း မာန်မဲနေကြပါသည် ။ စီးသော ရေကို ဆည်တန့်သည့်
ကန်သင်း သဘော နှင့် ဆူပူကြိမ်းမောင်းနေကြရပေမင့် ပညာရှိကြီးများ ပီပီ မင်းကြီးဦးကောင်း ရော ရွှေပြည်ဝန်ကြီး ဦးဖိုးလှိုင် တို့ပါ တားဆီး၍ ရမည် မဟုတ်ကြောင်း ကိုတော့ သိကြပါသည် ။
အနုသယ ကို ကိလေသာ က အပယ်ခံသည့် အဖြစ်ကား ရင်နင့်စရာ ကောင်းလှသည်ဟု ပညာရှိ
ဝန်ကြီးများ သိရှိကြသော်လည်း ပြင်းပြစွာ တောက်လောင်မြိုက်ဆဲဖြစ်သော ကိလေသာ အပူမီး ကို
ရုတ်ခြည်း အေးငြိမ်းစေရန် မတတ်နိုင်ကြသေးပါ ။ တဖြည်းဖြည်းမှ အခါအခွင့်ကို ကြည့်၍ တင်လျောက်
ကြရန် တိုင်ပင်ထားကြပါလေသည် ။ အရိပ်သုံးပါး နားမလည်ပါ က မရဏလမ်း သို့ အချိန်မရွေး
ဖြတ်လမ်းက မြန်နိုင်သည့် အခါသမယပင် ဖြစ်ပါလေသသည် ။
ပင်းတလဲစား ဦးရွှေမောင်ကြီး လည်း ကင်းဝန်မင်း နှင့် ရွှေပြည်ဝန်ကြီး တို့ မကြာမကြာ မင်းတရားကြီးဘုရား အတွက်နှင့် ပက်သက်၍ ဆူပူကြိမ်းမောင်းခြင်းခံရသည်က တကြောင်း ၊ ၎င်း ကိုယ်တိုင် စောင့်ရှောက် ထိန်းသိမ်းနေရသည့် ဆောင်တော်ကူးမှတ်တမ်းတွင် ပါဝန်နေသော မိဖုရားများ အဆောင်တော်ကူး ရက်များ ပျက်ကွက် တိမ်းချောက်လာခဲ့သည်မှာ ၂ - လကျော် သုံးလ နီးပါးမျှ ရှိနေသည်ဟု တကြောင်းကြောင့် မင်းတရားကြီးဘုရားအား တင်လျှောက် စူးစမ်းတော် မူရန် အခါအခွင့် ကို စောင့်နေဆဲတွင် နေ့ညီလာခံ အနားယူရာ ပန်းခုံတော် အုတ်တိုက်သို့ မင်းတရားကြီး ဝင်ရောက် ခစားပါလေသည် ။
မင်းတရားကြီးဘုရား အပါးတော် ရောက်ရှိပြီးနောက် ခြေတော်ဦးခိုက်ခါ ရွှေနားတော်သို့ တင်လျှောက်ပါသည် ။
“ မှန်လှပါ မင်းတရားကြီးဘုရား၏ ညစဉ်အဆာင်တော် ကူးမှတ်တမ်းအရ မိဖုရားများ၏ အဆောင်တော်သို့ မကြွချီမူဘဲ ရှိနေခဲ့သည်မှာ ရက်လပင်အတန်ငယ်ကြာညောင်း၍ ပျက်ကွက်ခြင်းရှိခဲ့သည်တို့ကို ကျွန်တော်မျိုးကြီး အား အလှည့်ကျ မိဖုရားများ အမေးတော် ရှိနေကြောင်းပါဘုရား ”
“ ဟုတ်ပေသဗျ ၊ ဟုတ်ပေသဗျ ငါကိုယ်တော် မြတ်ကြီးရွှေစိတ်တော်တွင်းဝယ် ထူးခြားသည့် ချဉ်ခြင်းအာသာဓါတ်ကြောင့် မိဖုရားများ အဆောင်တော် နှင့် လမ်းစပြတ် နေရခြင်းပေကပဲ ငမောင်ကြီးရဲ့ ”
“ မိဖုရားကြီးများ ရွှေနားတော် သို့ မည်သို့သော အကြောင်း ပြချက် ကို ကျွန်တော်မျိုးကြီး တင်ကြား
လျှောက်ထားရပါမည် မင်းတရားကြီးဘုရား ”
“ သည်လိုပ ငမောင်ကြီးရ ငါ ကိုယ်တော်မြတ် စိတ်ဝမ်းတော်ဝယ် သိန္နီမင်းသမီးလေး ကိုသာ စွဲလမ်းတော် မူမိသည်ကြောင့် သိန္နီမင်းသမီးတော် နဲ့ ပဲ မွေ့လျော်နေမိတယ် ၊ ငမောင်ကြီး ရယ့် သိန္နီမင်းသမီးလေး ဟာ အသက်ပင် ငယ်သော်လဲ ငါ ကိုယ်တော်မြတ်ကြီး အလိုတော်လိုက် အကြိုက်ဆောင်နိုင်ပေသဟဲ့ ”
“ မှန်တော်မူပါသည်ဘုရား ၊ စိမ်းပေါင်းမုန့် နှင့် မုန့်ပျားသလက် တို့သည် ဆန့်မှုန့်ညက်ချည်းဖြင့် ပြုလုပ်ထားကြပါသည်ဘုရား ၊ ထို့အတူ သုံးဆယ်နှစ် ကောဋ္ဌာသ အစုအဝေး ချင်း တူသည့် မိန်းမသားချင်းများ ဖြစ်ပါ၍ သိန္နီမင်းသမီးလေးဘုရား နှင့် အသျှင် ၏ မိဖုရားကြီး များလည်း တူညီကြောင်း ရွှေနားတော် ဆက်သပါသည်ဘုရား ”
“ ပြောမယုံ ကြုံဘူးမှ သိမဗျ ၊ ငမောင်ကြီး ရာ နင်က ငါ ကိုယ်တော်မြတ်ကြီး ကို တရားပြနေသည် ထင်ပ ”
“ သည်းခံတော်မူပါဘုရား ၊ ကျွန်တော်မျိုးကြီး ဘဝရှင် မင်းတရားကြီးဘုရား ကို ကျောင်းထိုင် ကျမ်းတတ်ဆရာတော်ဘုရားကြီး ကို စာသင်ပြ ပေးနေသည့် ကျောင်းသားသူငယ်သဘောမျိုး မဟုတ်ရကြောင်းပါ ဘုရား ၊ ကျွန်တော်မျိုးကြီး တင်လျှောက်ရခြင်းမှာလည်း မိဖုရားကြီးများ ၏ မျက်မိန့်တော် ရှမည်ကို စိုးရိမ်နှောင်းလို့ ကြောင့်ကြတော် မူမိသည်ကြောင့်ပါဘုရား ”
“ သဟာလိုဖြင့် ရှိပေစေတော့ ၊ နင်မသိသေးသည် ဆိုသည်လဲ ပြောရမည်ပ ၊ လက်ထက်မင်္ဂလာပွဲ ဆင်နွှဲကာနီး ညီတော်မင်းနန် ကို မြတ်စွာဘုသခင်ကိုယ်တော်မြတ်ကြီး ဂရုဏာထားတော်မူ၍ ချွတ်တော်မူရန် ခေါ်ဆောင်သွားစဉ် လမ်းခရီး မျောက်မကြီး ကို ပြပြီး သတို့သမီး ဘဒ္ဒကလျာဏီမင်းသမီးလေး နဲ့ သည် မျောက်မ ဘယ်သူက လှသနည်း ညီတော် ဟု အမေးတော် ရှိသည့်အတွက် ညီတော် မင်းနန်စိတ်ဝယ် ဘုရားသခင်အပေါ် စိတ်တော်ခုသွားသည်ဘဲ ငမောင်ကြီးရဲ့ ”
“ မှန်လှပါ လူ့လောကဝယ် အလှကြွယ်သည် ဟု တင်စားနေရသည့် ဘဒ္ဒကလျာဏီမင်းသမီးလေး နှင့် မျောက်မ နှိုင်းယှဉ်ပြသသည့် အတွက် ဘုရားသခင် ကိုယ်တော်မြတ်ကြီးအပေါ် ညီတော်မင်းနန် စိတ်ကွက်ရခြင်း ဖြစ်ပါသည်ဘုရား ”
“ အိမ်း - အဲသည်အချိန် က ညီတော်မင်းနန် ဟာ ကလျာဏီမင်းသမီး ထက် ချောသည် ၊ လှသည် များ ကို မမြင်ဘူးသေးကဘဲ ငမောင်ကြီး ရဲ့ ၊ သဟာကြောင့် မျောက်မ နှင့် နှိုင်းရက်လေခြင်းဟု စွဲထင်တော်မူသည်ကို သိရှိလေတဲ့ မြတ်စွာဘုရားသခင် ဟာ ညီတော် မင်းနန် ကို နတ်ပြည် ခြောက်ထပ်ဆွမ်းခံခေါ် သွားတော်မူသည့် အခါကျမှ နတ်သမီးတွေကို မြင်တွေ့တဲ့ ညီတော်မင်းနန် ဟာ နတ်သမီးတွေ ရဲ့ အလှကွန်ယက် မှင်သက်မိပြီး တွေဝေငေးနေတဲ့အခါ မေးတော်မူတဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို “ ဘဒ္ဒကလျာ ဟာ သည် နတ်သမီးများ နှင့် တုယှဉ်ပါလျှင် မျောက်မကြီး လိုသာ ဖြစ်ပါသည်ဘုရား ” ဟု တင်လျှောက်သည့် ပုံပမာအတိုင်း ငါ့ မိဖုရား တွေကိုလဲ သိန္နီမင်းသမီးလေး နှင့် ယှဉ်နှိုင်းကြည့်မိသည့် အကြောင်းအချက်ကြောင့် ဆောင်တော်ကူးရက် ပျက်ကွက်ရသည်ပ ငမောင်ကြီးရ ”
မင်းတရားဘုရားလည်း ဦးရွှေမောင်ကြီး အား စိတ်ရှည်လက်ရှည် ရှင်းလင်းမိန့်တော်မူပါသည် ။ ကြားရသည့်စကားများကို ဦးရွှေမောင်ကြီး လည်း သက်ပြင်းချရင်း ငြိမ်သက်စွာ နားထောင်ရန်မှတပါး အခြားမရှိပါ ။ မိကျောင်းမင်း ရေကင်းပြသည့် အလား ၊ ဆရားတော်ကို စာချမိသော ကျောင်းသား သူငယ် ကဲ့သို့ နှုတ်ဆိတ်နေရပါလေသည် ။ မင်းတရားကြီးဘုရား ဖြစ်ပျက်နေပုံ အလုံးစုံကို ရိပ်စားမိကြသော ပါးနပ်လိမ်မာလှကြသည့် မိဖုရားဖြစ်သော စိန်တုန်းမိဖုရား နှင့် ဆင်ဖြူမရှင် အလယ်နန်းမတော်ကြီး တို့ ခေါင်းချင်းရိုက် တိုင်ပင်နေသည် တို့ကိုလည်း ဦးရွှေမောင်ကြီး စဉ်းစားမိလာပါတော့သည် ။
စိန်တုန်းမိဖုရားကြီး ၏ အမြင်တွင် ဘဝရှင် မင်းတရားကြီးဘုရား သည် ရတနာပုံနေပြည်တော် နှင့် မင်းတရားကြီးဘုရား စိုးပိုင် အုပ်ချုပ်နေသော နယ်ပယ်ဒေသများမှ လာရောက်ဆက်သကြသော မင်းသမီးများ ၊ ကိုယ်လုပ်တော်မောင်းများ ၊ မြို့စား နယ်စား ၊ သူဌေး သူကြွယ် တို့၏ သမီးများအားလုံးတို့သည် ကုမ္မာရီ အရွယ် ( ၁၆ ) နှစ်ကျော်တွေ ချည့်သာ ဖြစ်နေပေသည် ။ ယခု သိန္နီစော်ဘွားကြီးလာရောက်ဆက်သသည့် မင်းသမီးလေးမှာ တခြားတပါးသော မိန်းမှများနှင့် ရုပ်ရည်ရှုပကာ မည်သို့မျှ မထူးခြား ၊ မကွာခြားသောလည်း အရွယ်တော်မှာ ကွာခြားနေပေသည် ။ ဂေါရီအရွယ်နှင့် ကုမ္မာရီဖြစ်နေပါသည် ။ ကုမ္မာရီများ သည် အသက်အရွယ် အနည်းငယ်ကြီးလာသည့် အတွက် စဉ်းစားတတ်လာပေသည် ။ အရှက်လည်း ရှိမည် ၊ အကြောက်လည်း ရှိမည် ။ ဂေါရီအရွယ် သည် ကလေးမျှပင် ဖြစ်၍ အရှက်မရှိနိုင် ၊ မစဉ်းစားတတ်၍ စိုးရိမ်စိတ်ကြောက်လန့်စိတ်ကလည်း ကင်းပေမည် ။ ထိုသို့နုငယ် သူကလေးများကို ကြိုက်သလို ပုံစံသွင်းယူလျှင် လွယ်ကူပေမည် ။ သည်အကြောင်းများကြောင့် မင်းတရားကြီးဘုရား ရွှေစိတ်တော်တွင် ထူခြားသည်ဟု ထင်မှတ်တော်မူပေသည် ။ ထိုသို့ ထင်မှတ်တော်မူနေသည့် စိတ်ထားကို ကွဲပြားခြားနားသွားရန် ပြသနိုင်ဘို့ တခြားနည်းလမ်းများထက် လွယ်ကူသော နည်းလမ်းမှာ ဂေါရီအရွယ်တိုင်း ဂေါရီ အတွေ့အထိ ဂေါရီအနူးအညံ့မျိုးရှိသည် ဆိုသည်ကို ထင်ရှားသိတော်မူစေရန် ဂေါရီအရွယ် သမီးတော်လေးများကို ချည့်ဆက်သလေမှသာ မင်းတရားကြီးဘုရား သိန္နီ မင်းသမီးလေး အပေါ် စွဲလမ်းတမ်းတစိတ်လျော့ပါးသွားပေမည် ။ သည်အကြောင်းများကြောင့် မိဖုရားကြီးနှစ်ပါးတို့သည် နီးစပ်သော ရင်းနှီးသည့် နောက်တော်ပါးများ လက်စွဲတော်ကြီးများတို့နှင့် တိုင်ပင်၍ ဂေါရီအရွယ်များ ဆက်သတော်မူရန် ကြံစည်နေကြခြင်းဖြစ်ပါလေသည် ။
သိန္နီမင်းသမီးလေး အပါးမှာပင် ရစ်တဝဲဝဲ အစွဲကြီးစွဲနေတော်မူသော ရောဂါတော်ကို ကုစားရန်အတွက် ငယ်ရွယ်နုနယ်သည့် သမီးကညာ ဆက်ရေး ပြဿနာ တရပ်ပေါ် ပေါက်လာပါသည် ။ ရွှေနန်းတော်ကြီးနှင့် နီးစပ်သော ဩဇာတိက္ကမ ရှိသူတို့သည် အသစ်အသစ်သော သမီးကညာဆက်သနိုင်ဘို့အရေးသည် ယခုအချိန်တွင် သေရေးရှင်ရေးတမျှ အရေးကြီးသည့် ကိစ္ခထူးတရပ်ဖြစ်နေပါတော့သည် ။
တောကျွမ်းသော မုဆိုးတဦးသည် တောမြိုင်၏ အလယ်တွင် သူလိုချင်သော သားကောင်အား ကြိုက်ရာ လက်နက်ဖြင့် ဖြိုခွင်းကာ ရယူနိုင်သလို ရေမြေ သနင်းပြည့်ရှင်မင်း ဖြစ်သော မင်းတရားကြီးသည် လူ့သောက အတွင်းဝယ် သူလိုချင်သော အချစ်သားကောင်တို့၏ နှလုံးသားများကို အာဏာလက်နက်ဖြင့် ပစ်ခွင်းကာ သားကောင်ရင်ကိုခွဲ၍ အသဲယူနိုင်သည်ဟု နားလည်ပြီးဖြစ်ကြပါလေသည် ။ ထို့ကြောင့်ပင် ရွှေညာဏ်ရှင် မိဖုရားကြီးများသည် မင်းတရားကြီးဘုရားအား ပရိယာယ်ဆင်၍ လမ်းသစ်ကို ညွှန်ပြ ကြချင်းဖြစ်ပါလေသည် ။
( ၂ )
မိုးတဖွဲဖွဲ ရွာသွန်းနေသော နေ့ဖြစ်၏ ။ တသုန်သုန်တိုက်ခတ်လျက်ရှိသော လေညှင်းညှင်းအောက်တွင်
ရတနာပုံနေပြည်တော်သည် တိတ်ဆိတ်ငြိမ် သက်လျက်ရှိ၏ ။ လေဆော့သဖြင့် နန်းမြို့တွင်းမှ
အုန်းပင်ပျို တို့၏ အုန်းလက်ငယ်တို့သည် ဘယ်ယိမ်းညာယိုင်ကာ လေနုလှိုင်းနှင်းအတူ
လွင့်ပါးလှုပ်ရှားနေပါလေသည် ။ မိုးရေစိုစွတ်သဖြင့် သစ်ပင်တိုင်းမှ အရွက်အဖူးအညွှန့်တို့သည် လမ်းဆန်းစိမ်းစို သာယာနေသလိုပင် ရှိလာပါသည် ။
မိုးတစိမ့်စိမ့် တဖွဲဖွဲရွာသွန်းနေချိန်ပင် ဖြစ်လင့်ကစား မြင်းဒုန်းစိုင်းကာ နန်းမြို့တွင်းသို့
ဝင်ရောက်လာသော မြင်းစီးသမားနှစ်ယောက်မှာ ရွှေနန်းတော်ကြီးအတွင်း ဝင်ရောက်ရမည့် တံခါးနီတော်အဝတွင် ရပ်တန့်သွားပါသည် ။ တခါးနီတော် မှာ တခုတည်းသော အတွင်းသစ်တပ်မြို့သံခါး ဖြစ်၍ အစောင့်အကျပ် ထူထပ်လှသလို အစစ်အဆေး အမေးအမြန်းလည်း စေ့စပ်သေချာလှပါသည် ။ တံခါးမှူးဆီမှ ကျေနပ်ခွင့်ပြုချက်ရမှသာ နန်းတော်ကြီးအနီး ချည်းကပ်နိုင်ပေမည် ဝင်ရောက်နိုင်ပေမည် ။
မြင်းသည်တော်နှစ်ဦး မှာ လက်ဆောင်ပဏ္ဏာတော် ဆက်အဖွဲ့၏ ရှေ့တော်ပြေးများ ဖြစ်ကြပါသည် ။ ပဏာဆက်အဖွဲ့ ဆိုက်ရောက်လာကြမည့် သတင်းတို့ကို ရွှေနားတော်တင်ရန်အတွက် ရှေ့ပြေးအဖြစ် ရောက်ရှိလာကြခြင်းဖြစ၍ တံခါးနီတော်မှ ဝင်ခွင့်ပေးလိုက်ပါသည် ။
မြင်းစီးယောက်ျား နှစ်ဦး အနက် တဦးမှာ ယခင်ကတည်းက နန်းမြို့အတွင်း နေထိုင်
ဝင်ထွက် သွားလာဘူးသူ ဖြစ်၍ အခက်အခဲမရှိဘဲ သူရဲဝန် ဦးလုံး ရှိရာသို့ မေးမြန်းစုံစမ်းပြီး ယူဆောင်လာခဲ့သော သူ့တို့သခင် ၏ သဝဏ်လွှာကို သွားရောက်ပေးဆက်လိုက်ပါသည် ။
သူရဲဝန်မင်း ကလည်း သဝဏ်လွှာ ကို ဖတ်ရင်း ပြုံးလာပါသည် ။
“ ကဲ - ရှေ့တော်သို့ ယခု ဝင်ရောက်၍ တင်လျှောက်တော်မူမဗျာ ။ ကျုပ်နှင့်တပါတည်း သင်တို့ နှစ်ဦးပါ အခစားဝင်ကြသည်ပ ”
ပြောရင်း ဦးလုံး က ဦးဆောင် ထွက်ခွာ သွားပါလေသည် ။ မင်းတရားကြီးဘုရား လည်း ဘောင်းတော်ဆောင် တွင် အနှိပ်တော်ဆက် ခံယူနေချိန်ဖြစ်ပါလေသည် ။ ဦးလုံး လည်း အဖေါ် နှစ်ယောက်နှင့်အတူ မင်းတရားကြီးဘုရား အား ခစားရင်း လျှောက်တင်လေသည် ။
“ ဘဝရှင်မင်းတရားကြီးဘုရား ထံတော်မှောက်သို့ လက်ဆောင်ပဏ္ဏာတော် နှင့် သမီးကညာ ဆက်သရန် အမြင့်မြို့စားကြီး ဆိုက်ရောက်လာပါတော့မည့် အကြောင်း ရွှေနားတော်တင်လျှောက်ပါသည် မင်းတရားကြီးဘုရား”
“ အမြင့် မြို့စားကြီး နဲ့ သက်ဆိုင်ရာ အဖွဲ့သားများ ရှေ့တော်သို့ ဝင်ရောက်ခွင့်ရှိစေဗျား”
မင်းတရားကြီးဘုရား ပြန်ကြားတော်မူချက် အရ ဦးလုံး လည်းဆက်လက် တင်လျှောက်ပါသည် ။
“ မှန်လှပါ မိုးသက်လေများ ကျရောက်နေသည့်အတွက် ပဏ္ဏာတော်ဆက်အဖွဲ့ မှာ ဧရာမြစ်အနောက်ဘက် အာလောင်ဆိပ်ကမ်းဘက် တွင် မိုးလေအငြိမ် စောင့်စားရင်း နားနေကြောင်းပါဘုရား”
“ လေမိုးများ ငြိမ်သက်ချိန်စောင်းဆိုင်းပြီး မှ ကူးလာကြမည့်အကြောင်း နားတော်လျှောက်နှင့်ရန် မြင်းသည်တော်များသာ ရောက်ရှိလာကြောင်းပါဘုရား”
“ သည်နှယ်ဖြင့် အချိန်မဲ့အခါမဲ့တွင်မှ ရောက်ရှိလာကြမည့် ပဏ္ဏာတော် ဆက်အဖွဲ့အား လိုလေသေး မရှိစေရန် ငလုံး ပင် စီစဉ်ဆောင်ရွက်ပေးစေဗျား ”
“ ဗျာဒိတ်တော်မြတ်အတိုင်း စီမံ ဆောင်ရွက်တော်မူပါမည် ဘဝရှင်မင်းတရားကြီးဘုရား ၊ ဂေါဝန်ဆိပ်ကမ်းသို့လည်း အကြိုတော်လွှတ်၍ ဆိုက်ကပ်လာမည့် ပဏ္ဏာတော်ဆက်အဖွဲ့လှေတော်ကိုလည်း သွားရောက်၍ ကျွန်တော်မျိုးကြီးကိုယ်တိုင် ကြိုဆိုပါမည်ဘုရား ”
“ သဟာဖြင့် အမြင့်မြို့စားကြီး နှင့် နောက်တော်ပါ အဖွဲ့သားများ ကို နင့် အိမ်မှာဘဲ ဧည့်ဝတ်ပြုလိုက်ပါ ငလုံး ၊ သည်ညတာကို နန်းတွင်းရုပ်စုံအဖွဲ့ကို ခေါ် ယူဖြေဖျော်စေရန် အမိန့်တော် မှတ်လိုက်တော်မူသဗျ ”
“ ဝမ်းမြောက်လှပါသည် မင်းတရားကြီးဘုရား အမြင့်မြို့စားနှင့် အဖွဲ့သားများကိုလည်း
မင်းတရားကြီးဘုရား ဂရုဏာတော်ရှိသည့်အတိုင်း ရုပ်စုံပွဲဖြင့် ဧည့်ခံ၍ ပြုစုလိုက်ပါမည်ဘုရား ”
“ ကောင်းလှသည်ဗျား ခရီပန်းလာရှာလာသူများကို လိုသ၍ ပြုစု ယုယပေးပါမှ အပန်းပြေပေမပေါ့ ငလုံး ရဲ့ အမြင့်မြို့ က လှည်းတတန် လှေတတန်နဲ့ လာရသည့် ခရီးကလဲ ပြင်းပေမဗျ ”
“ မှန်လှပါ လှည်း ဖြင့် သုံးည နှင့် ၄ - ရက် ခရီးနှင်ပြီးမှ နေပြည်တော် အနောက်ဘက် အာလောင်ရွာဆိပ်ကမ်း သို့ ရောက်ရှိနိုင်ပါသည်ဘုရား ”
“ ငါကိုယ်တော်မြတ်ကြီး သည် လွန်ခဲ့သော ဆယ့်ငါးနှစ်လောက် ဆီ က မြင်းတော် နှင့် ရောက်ဖူးသည်ဗျ ၊ ခရီးတော် ဝေးရုံမကဘဲ သွားရေးလဲ ခက်ခဲသည့်နေရာတွေကဘဲ ငလုံးရဲ့ ၊ ကဲ - နင် ဧည့်သည်တွေ ဝတ်ပြုဘို့ အစီအစဉ် ပြုချေပေရော့ ”
“ ဗျာဒိတ်တော်များ အတိုင်းပါဘုရား ”
ဦးလုံး နှင့် မြင်းသည်တော် နှစ်ဦးလည်း မင်းတရားကြီးအား ကန်တော့လျက် ပြန်လည်ထွက်ခွာ သွားကြပါသည် ။ ထိုအခိုက်ဝယ် လောကတခွင်လုံး အမှောင်မိုးတို့ စိုးမိုးနေပါသည် ။ မိုးဖွဲမိုးပေါက် တဖျောက်တဖျောက်အောက်တွင် ဦးလုံး တို့လည်း မြင်းကိုယ်စီစီးလျက် ရွှေနန်းမြို့တံခါးဆီသို့ ထွက်ခွာသွားကြပါသည် ။
(၃)
နံနက်ညီလာခံ စဲပြီးသည့်နောက် ဦးရွှေမောင်ကြီး လည်း မည်သည့် တာဝန်မျှ မရှိသည်ဖြစ၍ တိုင်းတာမင်းကြီးဦးဖိုး အိမ်သို့ စစ်တုရင်ကစားကြရန် လိုက်ပါသွားပါသည် ။ တိုင်းတာမင်းကြီးဦးဖိုး ၏ နေအိမ်တော်မှာ တောင်ဥယျာဉ်တော် အဆုံး မင်္ဂလာ ရေကန်တော် ၏ အရှေ့တောင်ဘက် ကပ်လျက် ရှိသည်ဖြစ၍ ရွှေနန်းတော်နှင့် အနီးဆုံးဖြစ်ပါသည် ။ ( ဝန်ကြီးများ ၏ အိမ်များ အားလုံးထက် တိုင်းတာမင်းကြီးဦးဖိုး ၏ အိမ် သည် ရွှေနန်းတော်ကြီး နှင့် အနီးဆုံးဖြစ်ပါသည် ။ နေအိမ် နီးကပ် သလောက်လည်း တိုင်းတာမင်းကြီးဦးဖိုး မှာ ရှင်ဘုရင် ကို မျက်နှာလို မျက်နှာရ အလုပ်ဆုံး ဖြစ်ပါသည် ။ ထိုသည် ကို အကြောင်းပြု၍ သူတို့ ဝန်ကြီး အချင်းချင်း တိုင်းတာမင်းကြီး အား မကြားတကြား ဖြင့် သခင်အပါး ကပ်ဟောင်သည့် ခွေးဝဲစားတိုင်းတာ ဟု ပျက်ရယ်ပြုကြပါသည် ) ။
တိုင်းတာမင်းကြီး နှင့် ဦးရွှေမောင်ကြီး တို့မှာ စစ်တုရင်ကစားရာတွင် လက်ညီလှသည်ဖြစ်၍ အကျိတ်အနယ် ကစားရလေ့ ရှိပါသည် ။ သူတို့နှစ်ယောက် စစ်တုရင်ကစားကြသည် ဟု အသံကြားကြသည် ဆိုပါလျှင် အနီးအပါးမှ ဝါသနာ ပါရှိသူများ လာရောက်ကြည့်ရှု အတု ခိုးကြရသည့်အဖြစ်မျိုး ရောက်အောင် ကစားရာတွင် ကျွမ်းကျင်ကြပါသည် ။
အကျိတ်အနယ် ကစားကြရင်း က တိုင်းတာမင်းကြီး တွင် ရထားတစီး သာ ကျန်တော့၍ ဦးရွှေမောင်ကြီး မှာလည်း ဆင်တကောင် နှင့် စစ်ကဲ သာ ရှိပေတော့သည် ။ ဆင် - စစ်ကဲ နှင့် ရထား အကျိတ်အနယ် ကြဲရသည့် အဖြစ်မျိုးမှာ စစ်တုရင်ကစား ကျွမ်းကျင်သူများ အတွက် စိတ်ဝင်စားဖွယ် ကောင်းသလို အူအသဲ တုန်ဘွယ်လည်း ဖြစ်ပါသည် ။ လောင်းကြေး မှာ မျက်နှာတွင် ထုံးခွေတမ်းပင် ဖြစ်သော်လည်း သူတို့ ၏ အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓါတ်ကြောင့် နဘေး ပရိသတ်မှာ တအုန်းအုန်း တဝုန်းဝုန်း သူ့ဘက် ကိုယ့်ဘက် အပြိုင်အားပေးနေကြပါသည် ။
ကင်းဝန်မင်းကြီး ဦးကောင်း က ဦးရွှေမောင်ကြီး ဘက်မှ နေလျက် အားပေးနေပါသည် ။ ခန်းပတ်မင်းကြီး နှင့် ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင် တို့မှာ တိုင်းတာမင်းကြီး ဘက်မှ အားပေးပါသည် ။ လူငယ်ပိုင်းမှလည်း ကြိုက်နှစ်သက်ရာ ဘက်မှ အားတက်သရော ကူညီမြှေက်ပင့်ပေးနေကြပါသည် ။ ထိုစဉ် ဘဝရှင် မင်းတရားကြီးဘုရား ထံမှ ဦးရွှေမောင်ကြီး အား ချက်ချင်းအခစားဝင်ရန် လာရောက် ခေါ်
ငင်သူ မင်းစေလုလင် ရောက်ရှိလာသဖြင့် ဦးရွှေမောင်ကြီး က ပြောလိုက်သည် ။
“ တိုင်းတာမင်း တို့မှာ အကြံပိုင်လိုက်ပုံကတော့ မပြောပြချင်ပါဘူး မင်းကြီးတို့ဗျား ၊ ထုံးအခွေခံခါနီးတော့မှ မင်းတရားကြီးဘုရား နဲ့ ချိတ်ဆက်လုပ်ထားပီး ကျုပ် ကို အခေါ် တော်ခိုင်းလိုက်လေသည်ဗျ ။ အမိန့်တော် ဆိုတော့ သွားရပေဦးမည်ပ ”
“ အံမယ်လေး - မလေး ကိုရင်ရွှေမောင် က သည်လို ပြောသာ ကျုပ် ကို စော်ကားသည်ပ ၊ ကိုရင် ဘယ်လောက် သတ္တိရှိသည်လဲ ၊ ကျုပ် နှင့် စည်းစိမ်ချင်း ထပ်ပြီး ပွဲဆက်ထိုးချင်သဗျ ”
“ သည်းခံပါ တိုင်းတာမင်းကြီး ရဲ့ ၊ မင်းကြီးစည်းစိမ်ကိုလဲ အကျွန် မယူလိုပါ အကျွန် အနေနဲ့ မင်းကြီးကို ထုံးသားရရုံနဲ့ဘဲ ကျေနပ်ပါသည်ဗျ ”
“ ကိုရင်ရွှေမောင် က ဝါကြွားလှချည့် ၊ ကဲပါ ကြိုက်ကြေးထပ်ပြီး တပွဲလောက် စမ်းချင်သည်ပ ”
အမျက်တော် ရှခံမည့်မအရေးမို့ အကျွန် သွားဦးမည်ပ ၊ မင်းကြီး မကျေနပ်သေးသည် ထင်မိပါက မင်းကြီးရှိ စည်းစိမ်အပြင် အိမ်သူ နဲ့ သမီး ပါ အဆစ်ထည့် ကြေးတိုက်ပီး နောက်များမှ တပွဲတလမ်း စမ်းကြသည်ပ ”
ဦးရွှေမောင်ကြီး လည်း ပြောဆိုရယ်မောရင်း မင်းလုလင် နှင့် အတူ ဦးရွှေမောင်ကြီး စကား ကြားရသည့်အတွက် စိတ်ဆိုးမာန်ဆိုး နှင့် စစ်တုရင်ခုံကြီး ကို ကိုင်ပေါက်ပစ်လိုက်ခါ တောက်ခေါက်ရင်း အံအားသင့်နေသော စစ်တုရင်ပွဲကြည့် နေသူများဘက် လှည့်ခါ ကင်းဝန် အား ပြောကြားလိုက်ပါသည် ။
“ သည် ကိုရင်ရွှေမောင် တော့ နောက် ကျုပ် နှင့် စစ်တုရင်ထိုးရမှာ ကြောက်သွားအောင် ကျုပ် အစွမ်းပြ
နှိမ်ထားမှဖြစ်ပေတော့မယ် ဦးကောင်းရဲ့ ”
“ ဟုတ်ပေသည်ပ မှတ်လောက် သားလောက်အောင် ဆုံးမပေးပါမှ သည် သူငယ် ငြိမ်သွားပေမည်ပေါ့ ခုတော့ ကိုဖိုး က အလျော့ပေးနေလို့လား မသိဘူး ကျုပ်တို့ မြင်ရသည့် အကြိမ်တိုင်း ကိုဖိုး မျက်နှာပေါ် ထုံးအပြည့်နဲ့ ချည့်ဘဲ ”
ကင်းဝန်မင်း စကား အစတွင် အနည်းငယ် ပြုံးယောင်သန်းလာသော ဦးဖိုး မျက်နှာတွင် ဦးကောင်း စကားဆုံး ကျမှ
သူ့ ဘက် လှည့်လာသည် ကို ရိပ်မိသည့် အတွက် ပြန်ပြောလိုက်သည် ။
“ လာပြန်ပလား ကိုရင်ကောင်း က သည်သူငယ် ကို ကျုပ် က ဂရုမစိုက်လောက် အမှုမထားလောက်သည်ဟု အထင်မှတ်ပီး ပေါ့ပေါ့တန်တန် ကစားသည်မို့ ထုံး အတို့ခံရသည်ပါ ”
“ အော် သည်လိုလား ကိုရင်ဖိုး သည်လောက်တောင် အကြိမ်ကြိမ် ပေါ့ပေါ့တန်တန် သဘောထားနေသည့် အတူတူ တသက်လုံးဘဲ အလျှော့ပေးလိုက်ရင် ပီးသည်ပ ကိုရင်ဖိုး ရယ် ”
“ သင်း က ဝါကြွားလွန်းသောကြောင့် ဆုံးမချင်သည် ကိုကောင်း ရဲ့ အလိုလိုက် အမိုက်စော်ကားဆိုသည်နှယ်ပ ”
“ သဟာတောင် ကိုရင်ဖိုး က စည်းစိမ်ချင်း ထပ်ပီး အလိုလိုက်သေးသည်မို့ ကြေးစပ်နေသည်လား ”
“ ဘယ်လိုဗျ ကိုရင်ကောင်း ကျုပ် တကယ်ပြောနေသည် ကို သရော်သည်လား ကိုရင်ကောင်း
စမ်းချင်သပ ဆိုရင် ကြိုက်ကြေးထပ်ပြီး ခု ကိုင်ပါ့ ”
“ ကိုဖိုး ကလဲ ဒေါသကြီးလှချေလား ၊ လောင်းကစားခြင်း ဆိုသည်ဟာ ဘုရားလဲ မကြိုက် ၊ သံဃာလဲ မကြိုက်သည့် အလုပ် ဖြစ်သည်မို့ ကျုပ်တော့ မလောင်းရဲပါဘူး ၊ လောင်းကစားလေ့သူပီပီ လောင်းကစား သရဲနှင့်သာ လောင်းပေရော့ တိုင်းတာမင်းကြီး ရဲ့ ”
ကင်းဝန်မင်းကြီးဦးကောင်း ၏ စပ်ဖြဲဖြဲ မျက်နှာလေး နှင့် ပြောစကားကြောင့် ဘေးမှ ပရိသတ်များ
ရယ်မော လေ တိုင်းတာမင်းကြီး ဒေါသ ထလေ - တိုင်းတာမင်းကြီး ဒေါသ ထလေ ပရိသတ်များ
တဝါးဝါးနှင့် ညာ၍ ရယ်လေဖြစ်နေပါသည် ။
မင်းတရားကြီးဘုရား အပါးတော်သို့ ဦးရွှေမောင်ကြီး ရောက်ရှိသွားချိန်တွင် ဘမယာဿနဆောင် သည် အခစား ဝင်ရောက်လာကြသူများ နှင့် ပြည့်လု့ ခမန်းရှိနေပါသည် ။ မြင်တွေ့နေကျ မျက်နှာများ မဟုတ်သည်ကို သတိပြုမိသော ဦးရွှေမောင်ကြီး အနေဖြင့် ဝေးလံသော ဒေသမှ ကျေးတော်မျိုး ကျွန်တော်မျိုးများ ဖြစ်ကြောင်း အလိုလို နားလည်လာ ရပါလေသည် ။ မင်းတရားကြီးဘုရား အပါးအနီး ကပ်ခစားနေကြသော သူများအား ဂရုစိုက်ကြည့်ပါမှ သရဲဝန် ဦးလုံး နှင့် အတူ အမြင့်မြို့စားကြီး ကို မြင်တွေ့ရပြီး အမြင့်မြို့စား နှင့်အတူ ပါသူများ ဖြစ်နိုင်ကြောင်း ခန့်မှန်းမိပါသည် ။
ဦးရွှေမောင်ကြီး ရောက်ရှိပြီး မရှေးမနှောင်းပင် စိန်တုန်းမိဘုရားကြီး အခစားဝင်ရောက်လာပါသည် ။
မင်းတရားကြီးဘုရား လည်း စိန်တုံးမိဖုရားကြီး ကို ရှုစားတော် မူရင်းက မိန့်တော်မူသည်မှာ -
“ ကိုယ်တော်မြတ်ကြီး ကို သည်က အမြင့် မြို့စားကြီး ပ လက်ဆောင်ပဏ္ဍာတော်များ နှင့်တကွ သမီးကညာပါ ဆက်သရန် ရောက်ရှိလာသည်ပ စုစု ရဲ့ ”
“ မောင်မောင်ဘုရား ဘုန်းတော်ကံတော် ကြောင့် လက်ဆောင်ပဏ္ဍာများ နှင့် သမီးတော် လာရောက် ဆက်သကြသည် ကို ကြားသိရတော်မူ၍ ဝမ်းမြောက်လှကြောင်းပါ မောင်မောင်ဘုရား ”
“ အဲသည် သမီးတော်လေး ကို ရွှေနန်းတွင်း ဓလေ့ထုံးတမ်းများ နှင့် အပြောအဆို အနေအထိုင်များ
သင်ကြားပြသပေရန် စုစုကြီး ဆီ အပ်နှံတော်မူလိုသည်အတွက် အခေါ်တော် လွှတ်ရခြင်းပေကပဲ ”
“ မောင်မောင်ဘုရား အလိုတော်ရှိသည့်အတိုင်း သင်ကြားပြသပေးပါမည် ဘုရား ”
“ သဟာဖြင့် ယခုပင် စုစုကြီး နဲ့အတူ အမြင့် သမီးတော်လေး ကို ခေါ်ယူသွားပေတော့ ၊ စုစုကြီး ကဘဲ ကြည့်ရှုပြီး လိုအပ်သည့် လက်ဝတ် တံဆာဒွာရာများ ကိုလည်း ရွှေတိုက်တော် မှ ထုတ်ယူပေးသနားတော်မူပါဘိ ”
“ အမိန့်တော် အတိုင်း ဆောင်ရွက် ပါမည် မောင်မောင်ဘုရား ”
မိဖုရားကြီး လည်း ခြေတော် ဦးခိုက်ခါ သမီးတော်လေး အား ခေါ်ဆောင်၍ ထွက်ခွါသွားပါတော့သည် ။ မင်းတုန်းမင်းကြီးဘုရား လည်း ဦးလုံး နှင့် အမြင့်မြို့စားကြီး ဆက်သသည့် သမီးတော်လေး ကို နန်းတွင်းရှိ အစဉ်အလာပါရှိသည့်အတိုင်း ရွှေနန်းတော်အသုံးအနှုန်း ဓလေ့ထုံးစံ များကို သင်ကြားနိုင်ရည် အပ်နှံ ထားလိုက်ကြောင်း မိန့်တော်မူနေပါသည် ။ မင်းတရားကြီးဘုရား နှင့် ရပ်ရေးရွာရေးနယ်ပယ် ဒေသ အကြောင်းများ ပြောဆို လျှောက်တင်ကြပြီးနောက် ဦးလုံး နှင့် အမြင့်မြို့စားကြီး တို့ အဖွဲ့လည်း ပြန်လည် ထွက်ခွာသွားကြပါတော့သည် ။
ဘမယာသန ခန်းဆောင်အတွင်းရှိ ဧည့်ပရိသတ်များ ထွက်ခွါသွားတော်မူလေတော့မှ
မင်းတရားကြီးဘုရား အပါးတော် တွင် ခစားလျက်ရှိသည့် ဦးရွှေမောင်ကြီး အား အမေးရှိတော် မူပါသည် ။
“ ငမောင်ကြီး ရဲ့ နင် ထိန်းသိမ်း စောင့်ရှောက်ထားသည့် ဆောင်တော်ကူး မှတ်တမ်း ထဲ တွင် သိန္နီ
မင်းသမီးလေး ကို နေ့စဉ် အလှည့် ပေးပြီး တခြား မိဖုရားတပါး နှင့် တွဲဖက် အလှည့်ပေးတော်မူရင် ကောင်းလေမလား လို့ အကြံတော် ဆက်စမ်း ”
“ ကျွန်တော်မျိုးကြီး မတင်လျှောက်တတ်သည်မို့ မင်းတရားကြီးဘုရား အလိုရှိရာ မိန့်တော်မူပါ ၊
ဆောင်တော်ကူးမှတ်တမ်းတင်ရန် ကျွန်တော်မျိုးကြီး အသင့်ရှိ ကြောင်းပါဘုရား ”
“ သည်နှယ်ဖြင့် သိန္နီမင်းသမီးလေး ကို နေ့စဉ် စာရင်းတင်ရန် နှင့် မှတ်တမ်း တွင် ပါရှိသော အဆောင်ရ
နန်းရ မိဖုရားရွှေတိုက် စာရင်းဝင် မိဖုရားများ နဲ့ တွဲဖက်၍ တနေ့တပါးကျ စာရင်း ပြုလုပ်စေဗျား ”
“ မှန်လှပါ ဘယ်ကဲ့သို့ စတင်၍ မိဖုရားများ ကို အဦးအစထားရှိရမည် ကို မိန့်တော်မူပါဘုရား ”
“ အဆောင်တော်ကူး ရက် စတင် ပျက်ကွက်ခဲ့သည့် နေ့ က အလှည့်ကျသည့် မိဖုရား ကို ဦးစားပေးခါ သိန္နီ
နှမတော်လေး နှင့် တွဲဘက်စေဗျား ”
“ သင့်မြတ်တော်မူ၍ တရားမျှတလှကြောင်းပါ မင်းတရားကြီးဘုရား ကျွန်တော်မျိုးကြီး ယနေ့ပင် စာရင်းသစ် ဖွင့်၍ အချိန်မနှောင်းမီ မင်းတရားကြီးဘုရား ရွှေလက်တော် အရောက် ဆက်သတော်မူပါမည်ဘုရား ”
“ ကောင်းသည်ဗျ ကောင်းသည်ဗျ ၊ ငမောင်ကြီး စာရင်းကို ယနေ့ ဆက်သစေဗျား ”
မင်းတရားကြီးဘုရား ဆိုမိန့်တော်မူပြီးနောက် မျက်နှာတော် လွှဲသွားပါသဖြင့် ဦးရွှေမောင်ကြီး လည်း ဦးခိုက်ကန်တော့ပြီးနောက် ပြန်လည် ထွက်ခွာလာခဲ့ပါတော့သည် ။
( ၄ )
ဘဝရှင် မင်းတရားကြီးဘုရား ဆောင်တော်ကူးရက်များ ဖေါက်လွှဲဖေါက်ပြန် ဖြစ်နေသည်တို့ကို အဆောင်ရနန်းရ မိဖုရားကြီးများ အထဲတွင် မင်းတရားကြီးဘုရား အား ပြောရဲဆိုရဲသည့် ဆင်ဖြူမရှင် မိဖုရား ရွှေနားတော် သို့ ပေါက်ကြားသွားပါသည် ။ ဆင်ဖြူမရှင် အလယ်နန်းမတော် မိဖုရားမှာ ဘကြီးတော်မင်းတရားကြီး နှလုံးသား ကို စားသုံးပြီး အရူးလုံးလုံးဖြစ်အောင် ပြုမူခဲ့သည့် နန်းမတော်မယ်နု မှ ဆင်းသက်လာသော အနွယ်ဝင် သမီးမိဖုရား ဖြစ်ပါသည် ။ ဘမျိုးဘိုးတူ ဆိုသည့်အတိုင်း မင်းတုန်းမင်းတရားကြီးဘုရား ကို ချွဲလွန်းနွဲ့လွန်းသည် ဟု ရွှေနန်းတွင်းသူ နန်းတွင်းသားတိုင်း သိကြပါသည် ။
စိတ်မာန်လည်း အလွန်ကြီး၍ နေရာတကာတိုင်းတို့တွင် အနိုင်ယူလိုသော စိတ်ထားရှိသည်ဖြစ်ပါသည် ။ အခွင့်အရေး ရယူနိုင်ရန် မင်းတရားကြီးဘုရား အလိုလိုက်၍ အကြိုက်ဆောင်ရာတွင် ဆင်ဖြူမရှင် မိဖုရားကြီးကို မှီသော မိဖုရား တပါး မှ မရှိပါ ။ ဆင်ဖြူမရှင်မိဖုရားကြီး သည် မင်းတရားကြီး ဘုရားအား မျက်နှာလို မျက်နှာရ ပြုလုပ်ဆောင်ရွက်ပေးသည်နှင့် အမျှ ရရှိလာသော အခွင့်အရေးနှင့် မျက်နှာသာပေး အရေးယူချင်းတို့ကိုလည်း အထူးခံခဲ့ရပေသည် ။ ထိုသို့ မင်းတရားကြီးဘုရား မြှောက်စားတော်မူ၍ အရာခပ်သိမ်းသော ကိစ္စများကို တိုင်းတာမင်းကြီး ဦးဖိုး တို့လို မင်းလိုလိုက် မင်းကြိုက်ဆောင်တတ်သော ဝန်ကြီးဝန်လေး များက သတင်းထူး ရှိပါက တင်လျှောက်တတ်လေ့ ရှိသဖြင့် အချို့သောကိစ္စဝိစ္စများကို ဘဝရှင် မင်းတရားကြီးဘုရားထက် ဆင်ဖြူမရှင်မိဖုရားကြီး က အရင်ဦးပြီး သိနေတတ်ပါသည် ။
ဆင်ဖြူမရှင် မိဖုရားကြီး သည် မင်းတရားကြီးဘုရား အလိုတော်လိုက် အကြိုက် ကို ဆောင်ပေးသဖြင့်
ရရှိလာသော အခွင့်အရေး နှင့် အာဏာများ ကို တပ်မက်တွယ်တာမှန်း မသိ တပ်မက်တွယ်တာလာခဲ့ပါသည် ။ (မင်းတုန်းမင်းတရားကြီးပေးအပ်သော အခွင့်အရေး နှင့် အာဏာစည်းစိမ် တို့ ယစ်မူးရမှန်း အရသာခံစားရမှန်း သိနေသော ဆင်ဖြူမရှင် မိဖုရား သည် မင်းတုန်းမင်းတရားကြီးဘုရား မမာတော် မူချိန်တွင် လုပ်ကြံ သတ်ဖြတ်ခြင်း ပြုလုပ်သည် ဟု တချို့ ရာဇဝင်ဆရာများ စွပ်စွဲခဲ့ပါသည် ။ သားတော်များ နှင့် မိဖုရားများ ။ ဝန်ကြီးဝန်လေး နှင့် အရေးပါသူများ ကိုလည်း ဆင်ဖြူမရှင် မိဖုရား က ရနောင်မောင်တုတ် တို့အား သုတ်သင်ရန် စောင်းပါးရိပ်ခြေ အကြံပေးခဲ့သည်ဟုလည်း ရှေးသူတို့ ပြောကြပါသည် ။ - စာရေးသူ )
အာဏာ နှင့် စည်းစိမ် ကို မက်မောသူ သည် အာဏာ နှင့် စည်းစိမ် တည်မြဲရေး အတွက် ကျင့်ကြံအားထုတ်ကြသည် မှာ ဓမ္မတာပင် ဖြစ်ပါသည် ။ မင်းတရားကြီးဘုရား သည် သန္နီမင်းသမီးလေး အား စွဲလမ်း တမ်းတနေသည့်အတွက် ဆင်ဖြူမရှင် မိဖုရားကြီး သည် စိုးရိမ်နှောင်းလို့ ကြောင့်ကြတော်မူခြင်း ဖြစ်ပါသည် ။ အကယ်၍သာ မင်းတရားကြီးဘုရား သည် သိနီ္နမင်းသမီးလေး အား အဆောင်အနန်း တို့ ပေးသနားပြီး မြှောက်စားလိုက်တော်မူခဲ့ပါလျှင် အသက်ငယ်သော မိဖုရားကလေး နှင့် ပြဿနာပေါ် ပေါက် ရှင်းလင်း နေရမည်ကို စိုးရိမ်ပါသည် ။ ဆင်ဖြူမရှင်မိဖုရား လည်း အမြင့်မြို့စား ဆက်သသော သမီးတော်လေး စိန်တုန်းမိဖုရား ထံ အပ်နှံ၍ ရွှေနန်းတွင်းသုံး အလေ့အထများ ၊ အပြောအဆို အနေအထိုင်မှ စ၍ ကျွမ်းကျင်မှု ရှိ မရှိ မကြာမကြာ စုံစမ်းလေ့ရှိပါသည် ။ ရွှေနန်းတွင်း အလေ့အထ ၊ အယဉ်အကျေး ၊ အဖွယ်အရာများကို ရွှေနန်းတော်နှင့် အဆက် ကင်းပြတ်နေသူများ ရွှေနန်းတွင်းသို့ အရောက်အပေါက် လုံးဝ မရှိသူများ အဘို့ အရာရာတိုင်းတို့တွင် ထူးဆန်းနေသဖြင့် ချက်ချင်း တတ်မြောက်ရန် မလွယ်ကူပါ ။ အထူးသဖြင့် မိဖုရားလောင်းများ အဘို့ သာ၍ပင် ခက်ခဲပါလေသည် ။ ဘဝရှင် မင်းတရားကြီးဘုရား အလိုတော်လိုက်၍ အကြိုက် ကို
ဆောင်ရွက်ပေးရေး ကိစ္စမှာ လွယ်မယောင်နှင့် ခက် တိမ်မယောင်နှင့် နက်သောပြဿနာဖြစ်နေပါတော့သည် ။
ဘဝရှင် မင်းတရားကြီးဘုရားသည် ကာမစည်းစိမ် ခံစားစံစားရာတွင် သူ မတူအောင် ကျွမ်းကျင်ပါသည် ။ ထိုသို့ သူ မတူအောင် ကျွမ်းကျင်စွာ ခံစားစံစားတတ်သော မင်းတရားကြီးဘုရား တွက် ပျော်တော်ဆက်ရန် သင်တန်း မပေးလျှင် မဖြစ်နိုင်ပါ ၊ ထိုသည်တို့ကြောင့် မင်းတုန်းမင်း တရားကြီးဘုရား လက်ထက်ကျမှ မိဖုရား ဆယ်အိမ်ခေါင်း စနစ် အသုံးပြုလာခြင်းဖြစ်ပါသည် ။ ( မြန်မာမင်းဆက် အားလုံးထဲတွင် မင်းတုန်းမင်းတရားကြီး လက်ထက်တော် တခုတည်းတွင်သာ ဆယ်ပါးခေါင်း မိဖုရားကြီး ခန့်အပ်ထားရှိခဲ့ခြင်း ဖြစ်ပါသည် ) ။ တခုသော ညနေခင်း အချိန်တွင် စိန်တုန်းမိဖုရားကြီး အဆာင်တော် သို့ အလယ်နန်းမတော် ဆင်ဖြူမရှင်မိဖုရား ရောက်ရှိလာပြီး ...
“ ညီမတော် ရေ့ ၊ အမြင့်စား သမီးတော်လေး ကို မိဖုရား တို့ တတ်အပ်သိအပ်သော ပညာရပ်များ ပြည့်စုံ လုံလောက်ရန် အချိန်တော် မည်မျှလောက် ကြာမည်ထင်သည်လဲ ညီမတော် ရဲ့ ” ဟု အမေးတော် ရှိလိုက်သည် ။
“ မှန်လှပါ ဆင်ဖြူမရှင် မမဘုရား ၊ အတတ်ပညာ ကုန်လုံကြွယ်ဝသည် မဆိုသာသေးသည်လဲ
မင်းတရားကြီးဘုရား အပျော်တော်ဆက်ရန် ဖြစ်နိုင်ကောင်းသည် ထင်မိပါသည် မမဘုရား ”
“ သည်နှယ်ဖြင့် ညီမတော်ကိုယ်တိုင် မောင်မောင်ဘုရား ကို သည်ညတာ အမြင့်မင်းသမီးလေး နှင့် စံစားစေဘို့ ကြွလာတော်မူဘို့ အကြောင်း ရွှေနန်းတော်သွင်းစေချင်တယ် ညီမတော်စိန်တုန်း ရဲ ”
“ ညီမတော် တင်လျှောက် ကြည့်ပါမည် မမဘုရား ၊ သဟာပေမင့် မမဖုရား တင်လျှောက်သည်လောက် အရေးတော်ရမည် မထင်မိပါ ”
“ မဖုရားလည်း အညီအတူ ရွှေနားတော်သွင်းမည်ပ ၊ ညပွဲတော် စားသုံးတော်မူပြီးချိန် တင်လျှင် ကောင်းသည် သဘော ရှိသည်မို့ ညီမတော် စိန်တုန်း လည်း လာခဲ့ စေချင်သည်ပ ”
“ ကောင်းလှပါသည် မမဘုရား ၊ အမြင့်သမီးတော် လုံခလေး ၏ ရုပ်ရည်သည် သိန္နီ သမီးတော်လေးလောက် အသားမဝါသော်လည်း ချောပုံလှပုံ သာသည်ဟု ညီမတော် ယုံမှတ်မိပါသည် မဖုရား ”
“ မဖုရား လည်း သည်နှယ် ထင်သည်ပ ညီမတော် ရဲ့ ၊ ညိုချော အပြောသွက်လျှင် မင်းတရားကြီးဘုရား
စွဲမက်တော်မူမည်ထင်ပ စိန်တုန်း ညီမတော်ရဲ့ ”
“ အပြောလည်း သွက်ပါသည် ၊ ပြုံးရယ်လျှင်လည်း သမင်မျက်လုံး ကဲ့သို့ မျက်လုံးတော်လေးများက အရောင်ထွက်လာတတ်ပါသည် ၊ သဟာပေမင့် စိတ်ဆတ်ဟန်တော့ ရှိပါ၍ မကြာမကြာ သတိတော်ပေး ဆက်ရပါသည် မမဖုရား ”
“ ကောင်းလှပါပြီ ညီမတော်စိန်တုန်း ရေ့ မမဘုရား အမှာတော်ရှိသည့်အချိန်သာ ရောက်အောင် လာပေရော ”
ဆင်ဖြူမရှင် မိဖုရားကြီး လည်း စိန်တုန်းမိဖုရားကြီး နှင့် မင်းတရားကြီးဘုရား အား အမြင့်သမီးတော်လေး နှင့် အပျော်တော်ဆက်ရေး အတွက် တိုင်ပင် နှီးနှော၍ အဆောင်တော် အလယ်နန်းမ သို့ ပြန်လည် ကြွချီသွားတော်မူပါလေသည် ။ စိန်တုန်းမိဖုရားကြီး လည်း အမြင့်မင်းသမီးလေး
ရှိရာသို့ သွားတော်မူပြီး မင်းတရားကြီး ဘုရား အား မည်ကဲ့သို့ ပြုစုယုယရမည် ဆိုသည်တို့ကို နောက်ဆုံးပိတ်အဖြစ် မှာကြား သွန်သင်တော် မူပါလေသည် ။
အမြင့်သမီးလေး အတွက် ဝတ်ဆင်ရန်အရောင် အသွေးစသည်တို့ကို စိန်တုန်းမိဖုရားကြီး ကိုယ်တိုင် ရွေးချယ်ပေးပါသည် ။ ဘဲဖြူရွှေရေးစက် အနားပါထမီ ကြည်ပြာရောင် နှင့် လက်ရင်းလက်ဖျား အနားချုပ်ရိုး ရွှေဇာသတ် ထိုင်မသိမ်းတရုပ်ဖဲကြီး အင်္ကျီလက်ကြပ် ကြည်ပြာရောင် တူညီဝတ်စုံကို ဝတ်ဆင်စေရန် ရွေးချယ်ပေးပါလေသည် ရွှေကျင်ခတ်ပုဝါပြာနုရောင် ပေါ် တွင် ဝတ်လစ်စလစ်ပုံများ ပန်းချီဆွဲထားသည့် ပုဝါနုနုကို ခြုံရန်လည်း ညွှန်ပြပေးပါသည် ။
ဆံတော်ရှင် မယ်ခင် ကို လည်း စိန်တုန်း မိဖုရားကြီး ကိုယ်တိုင် အမြင့်သမီးလေး အတွက် အထူးတလည် လုံးတင်ဆံထုံးဆင်ယင် ထုံးဖွဲ့တော်မူရန်လည်း အမိန့်တော် ရှိပါလေသည် ။
သနပ်ခါးတော်ဆက် ရှင်ထွေး ကိုလည်း မင်းတရားကြီးဘုရား နှစ်သက်တော်မူသည့် တန့်ကြည့်တောင် ထွက် သနပ်ခါးမွှေး အပွေးထူထူ ကို ပုံတောင်ပုံညာ ကျောက်ပြင်ဖြင့် သွေး၍ ဆက်သရန်လည်း
မှာကြားပြန်ပါလေသည် ၊ ဘယက်တန်ဆာ ဒွါတရာ များ ကိုလည်း စူးနိုင်ရှနိုင်သော အရာပစ္စည်းများ လုံးဝ မဝတ်ဆင်စေရန်လည်း သတိပေးပါလေသည် ။
စိန်တုန်းမိဖုရား လည်း အစစ ပြည့်စုံလုံလောက်အောင် စီမံပြီးစီးသည့်နောက် ဆင်ဖြူမရှင် မိဖုရား နှင့်အတူ မင်းတရားကြီးဘုရား ထံသို့ အခစား ဝင်ကြပါသည် ။
မင်းတရားကြီးဘုရား လည်း ညစာ ပွဲတော်ကြပြီးနောက် (၅ - နာရီ သာသာ) နံ့သာဖြူနန်းတော် တွင် လေညှင်းခံရင်း နားနေအပမ်းဖြေတော်မူရာသို့ ကြွချီလာသော မိဖုရားကြီး နှစ်ပါး မြင်တော်မူသော မင်းတရားကြီးဘုရား လည်း အမေးတော် ရှိပါလေသည် ။
“ သည်က စုစုကြီး တို့ မလာစဘူး အလာထူး သည်က လျှောက်တင်တော်မူရန် ရှိသည်ထင်ပ ”
“ မှန်လှပါ မင်းတရားကြီးဘုရား အပမ်းတော် ဖြေစေဖို့ ပျော်တော်ဆက်သရန် အမြင့်မင်းသမီးလေး မှာ အဆင်သင့် ရှိနေကြောင်း မောင်မောင်ဘုရား ရွှေနားတော် တင်လျောက်ရခြင်းပါ ”
ဆင်ဖြူမရှင် အလယ်နန်းမတော်ကြီး ၏ တင်လျောက်ချက် အပြီးတွင် မင်းတရားကြီးဘုရား လည်း
ပြုံးတော်မူရင်း -
“ သည်နှယ်ဖြင့် မောင်မောင်ဘုရား အလိုတော် ရှိတဲ့အခါ ခေါ် မိန့်တော်မူမည်ပ နန်းမတော်ကြီး ရဲ့ ”
မင်းတရားကြီးဘုရား ပြန်လည် မိန့်မြွက်ချက်အဆုံးတွင် စိန်တုန်း မိဖုရားကြီး သည် -
“ သည် အမြင့်သမီးလုံခလေး ကို မောင်မောင်ဘုရား အပျော်ဆက်ရန် အဝတ်တော်များပင်လဲလှယ် နေပြီဖြစ်ပါသည်ဘုရား မှုံနံ့သစေခါ ဆင်ယင်ထုံးဖွဲ့ပြီးစီးလျက် အဆင်သင့် ရှိနေကြာင်းပါ မောင်ကြီးဘုရား ”
ဘဝရှင် မင်းတုန်းမင်းတရားကြီး သည် အနည်းငယ် စဉ်းစားရင်း အားနာဟန် ရှိနေပါသည် ၊ မင်းတရားကြီးဘုရား သည် တဘက်သား ကို လိုက်လျောတတ်သော သဘောရှိကြောင်း မိဖုရားများ နှင့် ရွှေနန်းတွင်းသူ နန်းတွင်းသား တိုင်း သိရှိနေကြသဖြင့် အားနာပါးနာ ဖြစ်သွားစေရန် ရည်သန်လျက် ဆင်ဖြူမရှင် မိဖုရားကြီးကပင် ...
“ မောင်မောင်ဘုရား ကြွတော် မူလာလျှင် မည်ကဲသို့ ကြိုတော်မူ၍ မည်ကဲ့သို့ မောင်တော်ဘုရား ကို ပျော်တော်ဆက်ရမည် ကို အမြင့်မင်းသမီးလေး က အားတက်သရော လေ့လာစူစမ်းနေသည်ကို မဖုရား လဲ သိရှိပါသည်ဘုရား ” ဟု တင်လျှောက်လိုက်သည့်အတွက် မင်းတုန်းမင်းတရားကြီးဘုရား အတန်ငယ် ငြိမ်သက်စွာ စဉ်စားရင်း ခေါင်းတော်ညိမ့်လျက် ...
“ သည်လိုဆိုလျှင် မောင်မောင်ဘုရား အမြင့်သမီးလေးထံ သွားလိုက်မည်ပ ၊ အမြင့်သမီးလေး ကို စိန်တုန်းအဆောင်တော် တွင် မောင်မောင်ဘုရား တွေ့ဆုံနိုင်ရန် စီစဉ်ထားနှင့်ပေတော့ စုစုကြီးများဗျား ”
မင်းတုန်းမင်းတရားကြီးဘုရား မိန့်တော်မူပြီးသည်နှင့် မိဖုရားကြီးနှစ်ပါး လည်း ကြည်လင်သော အသံများနှင့် ပြိုင်တူတင်လျှောက်ပါလေသည် ။ “ မောင်မောင်ဘုရား မိန့်တော်မူသည့်အတိုင်း ပြည့်စုံစေပါမည်ဘုရား ”
( ၅ )
သက်ကြီးခေါင်းချ ကြက်တွင်သံသည် အထက်မိုးကောင်းကင်သို့ ပဲ့တင်ထပ်သွားပါသည် ။ လမိုက်သောည
ရက်ဖြစ်၍ မဲမှောင်နေသော အာကာသတခွင်တွင် ဟိုတစု သည်တစုဖြင့် တလက်လက်
အရောင်ထွက်နေသော ကြယ်စုကလေး တို့သာ မြင်ရပါသည် ။
မင်းတရားကြီးဘုရား လည်း မိဖုရားကြီးများ တိုက်တွန်းနှိုးဆော်တော်မူသည့်အတွက် အားနာမှု ဖက်ခါ သိန္နီမင်းသမီးလေး အဆောင်တော် ကူးသန်းနေကျချိန်တွင် သည်နေ့အဘို့ အမြင့်မင်းသမီးလေး ထံ
ကြွမြန်းတော် မူခဲ့ခြင်း ဖြစ်ပါလေသည် ။
စိန်တုန်းမိဖုရားကြီး စံမြင်းရာ အနောက်တော်ကြီး ရှိ တောင်ဆောင်တော် သို့ ဝင်ရောက်တော် မူပါသည် ။ မင်းတရားကြီးဘုရား ကြွလာတော်မူမည့် အချိန်ကို စောင့်ကြိုနေတော်မူသော စိန်တုန်းမိဖုရားကြီး လည်း မင်းတရားကြီးဘုရား ကို မြင်တော်မူသည် ဆိုလျှင်ပင် လျောင်းတော်မူရာ သလွန်ထက်မှ ဆင်းတော်မူပြီး လက်အုပ်ချီလျက် ကြာခြည်ယံအတွင်း ရှိ သလွန်တော်ပေါ် စံစားတော်မူရန် တင်လျှောက်ပါသည် ။ မင်းတရားကြီးဘုရား ထိုင်တော်မူပြီး၍ လက်ဖျစ်တတွတ်လောက်သော အချိန်ပိုင်းလေးအတွင်း အမြင့်မင်းသမီးလေး ရောက်ရှိလာပါသည် ။ ရွှေတိုင်တော် ( ရွှေပိန်းချဖရောင်းတိုင် ) အရောင်အောက်တွင် တွေ့မြင်ရသော အမြင့်သမီးတော် အား မင်းတရားကြီးဘုရား သည် အခိုက်အတန့် စိမ်းစိမ်း
ရှုစားတော်မူရင်း တပ်မက်စိတ်တို့ ယိုဖိတ်လာပါသည် ။ အမြင့်သမီးတော် မှာ အသက်ပင် ငယ်ရွယ်သူ ဖြစ်သော်လည်း အလုံးအရပ်တော် မှာ သိန္နီသမီးတော် ထက် အနည်းငယ် ဖွံ့ထွားဟန် တူပါသည် ။
အသားတော်မှာ ညိုသယောင် ရှိပေမင့် နုညက်ပုံ ရပါလေသည် ။
ဆင်ဖြူမရှင် မိဖုရား ၏ မျက်နှာပုံလို ရှိသည် မှန်သော်လည်း ခြေတော်ဦးခိုက်စဉ် တွေ့မြင်ရသည့် မျက်နှာတော် နုနုငယ်တွင် ခွက်ချိုင့်သော ပါးမို့နှစ်ဘက်ဘရှိသည့်အတွက် မင်းတရားကြီးဘုရာ းသည် ဆင်ဖြူမရှင် မိဖုရားကြီး ထက် ပိုမိုကြက်သရေတော် ရှိပေသည်ဟု စိတ်တော်တွင်းမှ ယှဉ်နှိုင်းမိပါသည် ။
ရှည်လျားသွယ်တန်းသည့် ပေါင်တန်းတော်လေးများကြောင့် ကြွားကြွားဝင့်ဝင့်ဘရှိသော စိန်တုန်းမိဖုရား ထက် ပိုမိုဟန် တူပါသည် ။
ကားသော တင် ကျဉ်သော ခါး ရှိသည့် တောင်နန်းဒေဝီ အဂ္ဂမဟေသီ စကြာဒေဝီ မိဖုရားခေါင်ကြီး ထက် အမြင့်သမီးတော် တွင် မို့မောက်သော ရင် ရှိသည် ဖြစ်၍ တောင်နန်းမတော် အဂ္ဂမဟေသီ စကြာဒေဝီ မိဖုရားကြီး ထက် သာလွန်တင့်တယ်ဟန် ရှိပါသည် ။ ( တောင်နန်းဒေဝီ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး တွင် သားသမီး ထွန်းကားခဲ့ပါ ) ။
သောက်ရှုးကြယ်အလား စူးရှပြောင်လက်သော မျက်လုံးတော်များ အောက်ရှိ ဖြောင့်စင်းသေးသွယ်ပေါ် လွင်သော နှာတံတော် ရှိပါသည် ပိပြားပါးလွှာသော နှုတ်ခမ်းသား အစုတွင် ပြည်တန်ပတ္တမြားသွေး လို နီမြန်းတော် မူနေပြန်သည့် အမြင့်သမီးတော် သည် မျက်နှာတော် အချောအလှဆုံး ဖြစ်သော သရစိန်းမိဖုရားကြီး ထက် ပိုမို သာလွန်လှပနေပြန်ပါလေသည် ။
ရော့ရဲ အိတွဲကျလျက်နေသည့် ၊ ( ရင်စည်း သို့မဟုတ် ရှေးခေတ် ချွေးခံ ) အတွင်းမှ ပြည့်ဝင်းသော အမောက်အမို့တို့မှာ နိမ့်တုံ မြင့်တုံ နှင့် ပုဇွန်ဆိပ်ငယ်လို ခုန်နေသည်ကို သတိပြုမိသော မင်းတရားကြီးဘုရား ရွှေစိတ်ဝယ် ဂရုဏာမိုးသွန်းဖြိုးတော့်မည်နှယ် ကြင်နာဆပွားနေမိပါသည် ။
မင်းတရားကြီးဘုရား သည် ဥမ္မာဒန္တီ အလှကို မြင်တွေ့မိ၍ ဆင်တော်ပေါ် က ဂျွန်းပြန်ကျရသည့် သိဝိမင်းကြီး ကဲ့သို့၎င်း ၊ ပပဝတီ ကို မြင်ရုံမျှဖြင့် စွဲလမ်းတပ်မက်ခါ ချစ်ဒုက္ခ အမျိုးမျိုး ခံရတော်မူရှာသော အလောင်းတော် ကုသမင်းကြီး ကဲ့သို့၎င်း ၊ ထေရ်ရဝါရ သူတော်စင်ရဟန်းကြီး ဥပက သည်
မဆာဝါ ၏ အလှကွန်ယက် ဝဲဂယက် မှ မထွက်နိုင်အောင် သမုဒယနှောင်ကြိုးဖြင့် ချုပ်နှောင်ရစ်ပတ်ခြင်းခံ ကျရသည့် အဖြစ်တို့သည် ယခု အမြင့်သမီးတော်လေး ကို ရှုမြင်ရသော မင်းတရားကြီး
ဘဝ ဖြင့် ခြားနားတော့မည် မဟုတ်ကြောင်း ကို စဉ်းစားမိပါသည် ။ ထို စဉ်းစားမိရင်း ပြုံးတော်မူရာက မင်းတရားကြီးဘုရား သည် သလွန်တော်အောက် တွင် ခြေတော်ဦးခိုက် ခစားနေသည့် အမြင့်မင်းသမီး
ရွှေလက်တော်ဆွဲတော်မူပြီး သလွန်ပေါ် တက်စေရန် မိန့်တော်မူစကား မြွက်ကြားပါသည် ။
“ သည် က အမြင့်မင်းသမီးနှမတော်လေး မောင်ကြီးဘုရား နှင့် သလွန်တော်ပေါ် အတူစံစားတော်မူမည်ပ ”
သလွန်တော်ပေါ် သို့ တက်၍ ခပ်ခွာခွာ ထိုင်ရင်း အမြင့်သမီးတော်လေး မှာ ခေါင်းငုံ့ရင်း ခစားနေပါသည် ။ မျက်နှာတော် မြင်ရသည်မှာလည်း ရှက်သွေးများ ဖြာလျက် အသားတော်များပင် တုန်နေပါသည် ။ မင်းတရားကြီးဘုရား အမြင့် သမီးတော်လေး ကို ရွှေလက် ဆွဲ၍ သလွန်တော်ပေါ် တင်လိုက်သည် ဆိုကတည်းက အနားတွင် ခစားလျက်ရှိနေသည့် စိန်တုန်းမိဖုရားကြီး နှင့် အဆောင်တော် တွင်း မှ အထိန်းတော် အချော့တော် မမများ အားလုံး တယောက်ပြီး တယောက် အလျိုလျို ပျောက်ကွယ်ကုန်ကြပါသည် ။
ဘဝရှင်မင်းတရားကြီးဘုရား အပါး အမြင့်သမီးတော် မှ တပါး အခြား မည်သူ တဦးတယောက် မျှ မရှိတော့ပါ ၊ မင်းတရားကြီးဘုရား လည်း အမြင့်သမီးလေး ၏ လက်တော်နှစ်ဘက် ကို ဆွဲယူဆုပ်နယ်လိုက်ပါမှ အမြင့်သမီးလေး ၏ ရွှေလက်တော်နှစ်ဘက်မှာ စမ်းကျ သီတာရေ တမျှအေးစက်နေသည်ကို တွေ့ရှိရပါသည် ။ ထို့ကြောင့် မင်းတရားကြီးဘုရား သည် ငယ်စဉ်တောင်ကျေးကလေးဘဝ စလင်းမင်းသမီး နှင့် နှစ်ကိုယ်တူ မေတ္တာမျှစဉ် အချိန်ကာလမှ အဖြစ်အပျက်တို့ကို ပြန်လည် အမှတ်ရလာပါသည် ၊ ချစ်ချင်းမေတ္တာ တို့၏ အစေစားခံ ဘဝမှ တဖြည်းဖြည်းချင်း ပြောင်းလွှဲလာသော မင်းတရားကြီးဘုရား သည် ၊ ချစ်ချင်းမေတ္တာ တို့ ကို စေစားနိုင်သူ ဖြစ်အောင်နိုင်လာခဲ့သည် မှန်သော်လည်း ငယ်ချစ်ဟောင်း ကို အနှစ်တသောင်း မမေ့ကောင်း ဆိုသည့် စကား အလာတော် ရှိသည့်အတိုင်း စလင်းမင်းသမီးလေး နှင့် ချစ်ကျွမ်းဝင် ရင်းနှီးခဲ့ပုံတို့ကို ယနေ့တိုင်အောင် တွေးမိတိုင်း တသသနှင့် မမေ့နိုင့်ခဲ့ပါ ။
ထို မေ့မရသော စိတ် ၏ ဖြစ်ပေါ် ခံစားမှုနှင့် ယခု အမြင့်သမီးတော်လေးနှင့် တွေ့ကြု့ရသည့် ခံစားမှုတို့သည် ထပ်တူထပ်မျှ ဖြစ်လေရော့သလားဟုပင် မင်းတရားကြီးဘုရား သံသယ ရှိတော်မူလာပါလေသည် ။ သံသယစိတ်တို့ကြောင့် ပီတိစိတ်များ ဖြစ်ပေါ် ခံစားလာရသည် အတွက် မင်းတရားကြီးဘုရား ရွှေစိတ်တော်ဝယ် ကြည်နူးမိပါတော့သည် ။
“ နှမတော်လေး ရွှေနန်းတော်ကြီးပေါ် နေရသည်မှာ ပျော်တော်မူရဲ့လား နှမတော်လေးရဲ့ ” မင်းတရားကြီး ဘုရား အမိန့်တော် ရှိသည့်စကားကို အမြင့်မင်းသမီးလေး က နှုတ်မှပြန်လည် အဖြေကြားသော်လည်း ခေါင်းညိမ့်၍ အဖြေပေးပါသည် ။ မင်းတရားကြီးဘုရားလည်း စကားဖြင့် တုံ့ပြန်မတင် လျှောက်သည် ကို မကျေနပ်နိုင်ဘဲ အမြင့်သမီးတော်လေး အား ပွေ့၍ ပေါင်ပေါ် တင်တော်မူလိုက်ရင်း ...
“ မောင်ကြီးဘုရား မျက်နှာတော် မော်လို့ ဖူးစမ်းပါ့ နှမတော်လေး ငဲ့ ၊ သည်က နှမတော် ကို ရွှေမေတ္တာ ပိုတော်မူသည်ဗျ ”
“ ဘဘဘုရား မျက်နှာတော် မော်ဖူးရန် မဝံ့ ကြောင်းပါဘုရား ”
“ ကိုယ်တော်မြတ် ကို ဘဘ လို့ မခေါ် တော်မူလိုက်ပါနှင့် ၊ မောင်ကြီးဘုရား လို့ဘဲ ခေါ် စမ်းပ
နှမတော်လေးဗျား ”
“ ဘဘဘုရား အလိုတော်အတိုင်း ခေါ် တော်မူပါမည် ဘဘဘုရား ”
အမြင့် သမီးတော်လေး ရှက်တော်မူ၍ စကားများ မှားတော် မူနေသည် ကို မင်းတရားကြီးဘုရား
သဘောတော်ကျ စိတ်ဝမ်းတော် ကြည်နူးလှသဖြင့် ဟက်တမော ရယ်ရင်း -
“ သည်က နှမတော်လေးကဖြင့် ဘဘုရားလို့ မခေါ် တော်မူလိုသည်မှ ဘဘဘုရားချင်း နှုတ်ခွန်းတော်ထပ်ပြီး မိန့်တော်မူပေသည် က မောင်ကြီးဘုရား ကို ချစ်တော်မူဟန် ရှိသည်ပ နှမတော်လေးရဲ့ ”
မင်းတရားဘုရား ကျီစယ်တော်မူသော်လည်း အမြင့်သမီးတော်လေးမှာ မင်းတရားကြီးဘုရား ရင်ခွင်တွင်း ဦးခေါင်းသိုဝှက်ထားပြီး တိတ်ဆိတ်ငြိမ်လျက်ရှိနေပါတော့သည် ။ အမြင့်သမီးတော်လေး မှာ ချွေးများ စိုရွဲနေအောင် ကြောက်အားတော် ပိုနေဟန် ရှိပါလေသည် ။
မင်းတရားကြီးဘုရား လည်း ကြာခြည်ရံ အတွင်းမှာ လှောင်အိုက်နေသည် ဟု မှတ်ထင်တော် မူ၍ ကြာခြည်ရံ အပြင် သို့ ထွက်တော်မူလိုစိတ် ရှိလျှင် ထွက်ကြရန် မိန့်တော်မူသော်လည်း ရှက်သည့်အတွက် ခေါင်းခါရမ်း ငြင်းပယ်တော်မူပါသည် ။
တောကျွမ်းသော မုဆိုး သည် တော်ကောင် ကို ပစ်ခတ်သတ်ဖြတ်တတ်ရုံသာမက ခြေရာခံ၍လည်း လိုက်တတ်ပါသည် ။ ထိုအတူ ခြေရာခံနိုင်သလို ပစ်ခတ်သတ်ဖြတ်ပြီးသည့်နောက် လှီးချွတ်ဖြတ်တောက်ရာတွင်လည်း စနစ်ကျ မှန်ကန်စွာ ပြုလုပ်တတ်ပါသည် ။ သို့မှသာ လိုအပ်သော အကျိုးအမြတ် ရရှိအောင် ဆောင်ရွက်နိုင်ပေသည် မဟုတ်ပါလား ။
ဘဲဖြူရွှေရေးစက် အနားပါ မိုးကောင်းကင် ကြည်ပြာရောင် ထမီလေး မှာ မည်သည့်အချိန်က သလွန်တော်အောက် ကျရောက်သွားသည် ကို အမြင့်သမီးတော်လေး မသိရှိလိုက်သော်လည်း နာကျင်မှုဝေဒနာ ခံစားလာရသည်ကိုတော့ သိလာပါသည် ။ သို့ဖြစ်၍ သွေးရူးသွေးတန်း ဖြင့် လုပ်မိလုပ်ရာကို လုပ်လိုက်လေသည် ။
“ အမလေး- မလေး ၊ လွှတ်စမ်းပါ့ လုံခလေးရ ၊ အမလေးလေး ”
မင်းတရားကြီးဘုရား ပြင်းပြစွာ အော်ဟစ်သံ ကြားရပါ ရပါသည် ။ မင်းတရားကြီး ၏ အောင်မြင် ခန့်ညားသော အသံတော် မှာ ရောင်ရမ်းအော်ဟစ်စဉ် အခိုက်အတန့်တွင်ပင် ကြည်လင်ပြတ်သားလှပါသည် ။ မင်းတရားကြီးဘုရား ယအော်ဟစ်ညည်းညူသံ ကြားကြသော စိန်တုန်းမိဖုရားကြီး နှင့် အထိန်းတော် အချော့တော်ကြီး များသည် ကြာချည်ဆောင် အတွင်း သို့ အမောတကာ ပြေးလာကြပါသည် ။ စိန်တုန်းမိဖုရားကြီး လည်း ကြာခြည်ရံ ကို လှစ်သင့် မသင့် စဉ်းစား မနေတော့ဘဲ ကြာချည်ရန် ကို မ ၍ အတွင်းသို့ ဝင်ရောက်သွားသည် တွင် မှောက်ရက် ငိုနေသော အမြင့်သမီးလေး နှင့် ရင်ဘတ်တော် ကို လက်ဖြင့် ဖိထားလျက် ဆောင့်ကြောင့်ထိုင်နေသာ မင်းတရားကြီးဘုရား ကို တွေ့ရပါသည် ။
မင်းတရားကြီးဘုရား ရင်ဘတ်တော် ကို ဖိထားသော လက်ျာလက်ဖဝါး အောက် သို့ သွေးများ ယိုစီးလာသည် ကို တွေ့မြင်ရသည် ၌ စိန်တုန်းမိဖုရားကြီး လည်း ထိတ်လန့်တော် မူသွားပါသည် ။
“ မောင်မောင်ဘုရား ဘယ်သို့သော အကြောင်းရပ်ဖြင့် ရင်ဘတ်တော် မှ သွေးများ ယိုစီးလာတော်မူသည်လဲ ”
စိုးရိမ်တကြီးဖြင့် မေးမြန်းတော်မူသော စိန်တုန်းမိဖုရားကြီး တင်လျောက်ချက်ကို ...
“ ကိုယ်တော်မြတ် ကို အမြင့်သမီးတော် က နာကျင်တော် မူ၍ ယောင်ယမ်းကိုက်လိုက်တော်မူသည့် အတွက်
ရင်ဘတ်တော် ပေါက်ပြဲသွားရသည်ပ စုကြီး ရ ”
“ သယ့် မောင်မောင်ဘုရား အလိုတော် ကို ဆန့်ကျန်တော်မူရုံမျှမကဘဲ မောင်မောင်ဘုရား ကို အနာတော် ရစေတဲ့ သည် သူငယ်မ ကို အပြစ်ဒဏ်ပေးတော်မူပါ မောင်မောင်ဘုရား ”
“ စုစုကြီး ရဲ့ သည်ဟာကိုတော့ဖြင့် အပြစ်ပေးရန် မသင့်လျော်ပေဘူး ၊ သူ့ ခမျာမှာလည်း မောင်မောင်ဘုရား ပြုလုပ်သည့် နာကျင်မှုကြောင့် သွေးလန့်ပီး ယောင်ရမ်းကိုက်ခဲ လိုက်ခြင်းဖြစ်ပေမှာဘဲ စုစုရယ် - သည်းခံလိုက်ပါ့ ”
“ ညီး ကို မောင်မောင်ဘုရား အား မည်ကဲ့သို့ အပျော်တော် ဆက်ရမည် ကို သင်ကြားပေးထားခဲ့ပါလျက်ကနဲ့ သည်နှယ် ပြုမူပေသည်ကြောင့် ထီး နဲ့ မတန် နန်း မဆန်လှသည်ဘဲ ”
“ ခွင့်လွတ်တော်မူပါ မမဖုရား ဖုရား ကျွန်မလည်း မင်းတရားကြီးဘုရား အလိုလိုက် အကြိုက်ဆောင်ပါသည် ။ မင်းတရားကြီးဘုရား ပြုမူချက်မှာ ရှည်ကြာစွာ လက်ခံရန် မစွမ်းသာပါသဖြင့် သတိတော် ကင်းကွာ၍ မင်းတရားဘုရား ဘဘ ရင်ဘတ်တော် ကို ယောင်ယမ်းငုံခဲ့မိပါသည်ဘုရား ”
“ မောင်မောင်ဘုရား ကိုဘာကြောင့် ဘဘ ဘုရားလို့ခေါ် သည်လဲ နန်းဓလေ့ အတတ်ပညာများ ကို တတ်မြောက်အောင် သင်ကြားပေးထားပါရက် နဲ့ သည်လောက် ထိုင်းပါလျှင် ထီနန်း နှင့် မတန်ပလေ ”
စိန်တုန်းမိဖုရားကြီး လည်း မင်းတရားကြီးဘုရား အဝတ်တော်များ ပြန်လည် ဝတ်ဆင်ပေးရင်း
အမြင့်မင်းသမီးလေး ကို ဆူပူမာန်မဲနေပါသည် ။ မင်းတရားကြီးဘုရား ရင်ဘတ်တော် မှ ကိုက်ခံရသော
ဒဏ်ရာမှ သွေးများကို အဝတ်ဖြူစဖြင့် သုတ်သင်ပေးနေပါသည် ။
အမြင့်သမီးလေး မှာ မျက်စိမျက်နှာ ပျက်လျက်နှင့် သူမ ၏ အဝတ်အစများ ကို ပြန်လည် ဆင်မြန်းနေပါသည် ။
“ မောင်မောင်ဘုရား အနာပေါက်ကု သမားတော်ဦးရှင်း ကို အပင့်ခိုင်းချေမှ သင့်တော်မည် ထင်ကြောင်းပါ ဘုရား ”
“ အချိန်မတော်ကြီး သွားရောက်ချေပင့်လောက်သည့် အနာလည်း မဟုတ်သော်ကြောင့် စိုးရိမ်နှောင်းလို့ ကြောင့်ကြတော် မမူပါနဲ့ စုစု ရဲ့ သည်ည အတွက် ဆံဝါးဖတ် မံ၍ ကြပ်စီးထားလျှင် ပြီးနိုင်သည်ပ စုစု ငဲ့ ”
မင်းတရားကြီး မိန့်တော်မူ စကားကြားသည်နှင့် စိန်တုံးမိဖုရားကြီး လည်း ဆန်တဆုပ်လောက် ယူခိုင်းရန် အမြင့်သမီးတော်လေး ဘက် လှည့်ကြည့်လိုက်သည်၌ အမြင့်သမီးတော်လေး အား မတွေ့ရတော့ပါ စိန်တုန်းမိဖုရားကြီး လည်း ကြာခြည်ရံ အပြင် ထွက်၍ အပျိုတော်ကြီးများ ရှိရာသို့ သွားရောက်၍ ဆန် အနည်းငယ်မျှ ယူဆောင်ခဲ့ရန် ခိုင်းစေလိုက်ပါသည် ။
စိန်တုန်းမိဖုရားကြီး စေခိုင်းလိုက်သည့် ဆန် ရရှိသဖြင့် ဆန် တဆုတ်စာ ကို မိဖုရားကြီး ကိုယ်တော်တိုင် ဝါး ၍ မင်းတရားကြီးဘုရား အနာအုံရန် ကြာခြည်ရံ အတွင်း ဝင်သွားသည်တွင် အမြင့်သမီးတော်လေး ကိုယ်တိုင် မင်းတရားကြီးဘုရား အား ကြပ်စီးပေးနေသည် ကို တွေ့ရှိရပါသည် ။ မိဖုရားကြီး အံဩဟန်ဖြင့် ကြည့်နေသည်ကို မြင်တော်မူသည့် မင်းတရားကြီးဘုရား သည် “ အမြင့်သမီးတော်လေး က လိမ္မာသည် ဗျ စုစုကြီး ရဲ့ သူခမျာ ဆန် ကို ယူလာတော်မူပြီး ကိုယ်တိုင် ဝါး၍ အုံပေးသည်ဗျ ”
“ မှန်လှပါ အမိုက်အမဲလေး ကိုတော့ ဆုံးမပေးတော်မူ မှ သင့်တော်မည် ထင်မိကြောင်း ရွှေနားတော် လျောက်ပါသည် ဘုရား ”
စိန်တုန်းမိဖုရားကြီး က တင်လျှောက်သည်တွင် မင်းတရားကြီးဘုရား လည်း ပြုံးရယ်တော်မူရင်း ...
“ လုံခမလေး လိမ္မာရေးခြား ရှိလာစေရန် မောင်တော်ဘုရား ကိုယ်တိုင် ကြိုးစားရမယ်ဗျ ။
သည် အရေးအတွက် စိတ်လေးနေတော်မူပါနဲ့ စုစု ရဲ့ ”
“ မောင်ကြီးဘုရား ပေးလိုသည့် အပြစ်တော် ကို ခံယူရန် အသင့်ရှိကြောင်းပါဘုရား ” ဟု အမြင့်မင်းသမီးလေး လျေက်တင်သည် ၌ မင်းတရားကြီးဘုရား လည်း အမြင့်သမီးတော်လေး နားသို့ ကပ်၍ လေသံဖြင့် တီးတိုးပြောလိုက်သည်ကို စိန်တုန်းမိဖုရားကြီး မြင်လိုက်ပါသည် ။
မိဖုရားကြီးများ ပစ်လွှတ်လိုက်သော မျှားချက် သည် မင်းတရားဘုရား အား စူးဝင်လိုက်ရသည် ကိုတော့ မင်းတရားကြီးဘုရား သိရှာမည် မထင်ပါ ။ သို့ဖြစ်၍ တံလျှပ် ကို ရေထင်၍ ရွှေသမင် အလိုက်မှားတော့မည် ကို ကြံရာပါ မိဖုရားကြီး များ နားလည်သဘောပေါက်ကြပါတော့သည်တကား ။
( ၆ )
နံနက်ညီလာခံသဘင် သို့ တက်ရောက်ရန် လာသော ဦးရွှေမောင်ကြီး မှာ အရှေ့တော်ကြီးအတွင်း မင်းတရားကြီးဘုရား အမိန့်တော်ဖြင့် ဆင့်ခေါ် တော် မူ၍ ရောက်ရှိလာသော သမားတော်ကြီး ဦးစံဝင်း နှင့် ဦးရှင်း တို့ကို တွေ့ရှိရပါသည် ။ သမားတော်ကြီးများထံ ချဉ်းကပ် စုံစမ်းသော်လည်း မင်းတရားကြီးဘုရား ဆေးတော် ဆက်ရန် လာရောက်ရမည်ကို ဆင့်ခေါ် သည့် အတွက် အမြန် လိုက်ပါလာခြင်း ဖြစ်ကြောင်းမှ တပါး အခြား မသိရ၍ ဦးရွှေမောင်ကြီး လည်း စဉ်းစားမိပါသည် ။ သမားတော်ဦးရှင်း နှင့် ဦးစံဝင်း တို့သည် အနာပေါက် ကုရာတွင် ကျော်ကြား သည့် သမားတော်ကြီး များ ဖြစ်ကြပါသည် ။ မင်းတရားကြီးဘုရား မည်သို့သော အနာတော် ပေါက်ရလေသနည်း ။ ယမန်နေ့ ည ကညီလာခံတွင် အခစားဝင်ခဲ့သည့် အချိန်တိုင်အောင် ကောင်းမွန်စွာ ကျန်းမာစွာ ရှိနေပေသည် ။ မင်းတရားကြီးဘုရား အနာတော်အတွက် ဆေးတော်ဆက်ရန် ဆင့်ခေါ် သည်ကိုလည်း သမားတော်ကြီးများက ခိုင်မာစွာ ပြောကြားနေသည့် အတွက် မင်းတရားကြီး ဆေးတော်ဆက်ရန် ဝင်ရောက်ကြမည့် သမားတော်ကြီးများနှင့်အတူ လိုက်ပါကြည့်ရှုရန် စောင့်စားနေပါသည် ။
မင်းတရားကြီးဘုရား နံနက်ပွဲတော်စား ကြပြီးနောက် သမားတော်ကြီးများ ဆေးတော် ဆက်ရန်
ဝင်ကြသည်တွင် ဦးရွှေမောင်ကြီး လည်း လိုက်ပါသွားခဲ့ပါသည် ။ ဆေးတော် ဆက်ကြရမည့်
သမားတော်ကြီး နှစ်ဦး လည်း မင်းတရားကြီး အနာတော် ကို စစ်ဆေးကြည့်ရှုကြပါသည် ။ အနာ ကို
ကြည့်ရှုကြသူ သမားတော်ကြီး နှစ်ဦးစလုံး တဦးမျက်နှာ တဦးကြည့်လျက် အံ့ဩနေကြဟန်
ရှိသော်လည်း မင်းတရားကြီးဘုရား အား မည်သို့မျှ မတင်လျှောက်ဝံ့ကြ မစူးစမ်းဝံ့ ကြဘဲ ရှိနေသဖြင့်
ဦးရွှေမောင်ကြီး ကပင် အလိုက်သိစွာ ကြားမှဝင်၍ –
“ မှန်လှပါ မင်းတရားကြီးဘုရား ၊ သမားတော်ကြီးများ အနေဖြင့် အနာမသိ ဆေးမရှိ ၊ အနာမပိုင် ဆေးမကိုင် နှင့် ဆိုစကားအရ အနာ ဖြစ်ရသည့် ဇစ်မြစ် ကို သိလိုကြဟန် တူကြောင်းပါဘုရား ”
“ ဟုတ်ပေသဗျ ၊ သည် အနာက လူ ကိုက် သည့် အနာပေဘဲ သမားတော်ကြီးများ ဗျား ၊ ယမန့်နေ့ညဉ့် သန်းခေါင် အချိန်က အကိုက်ခံရခြင်းပ ”
ဦးရွှေမောင်ကြီး ရော သမားတော်ကြီးများ ပါ အံ့အားသင့်နေကြပါသည် ။ ဆက်လက် မေးမြန်းစုံစမ်းရန်လည်း မင်းတရားကြီးဘုရား အနေဖြင့် ဖြေလိုမည်လည်း မထင်မိ ။ မေးမြန်းရန်ကလည်း အနာဖြစ်ရခြင်း အကြောင်းအရာမှာ ပြည့်စုံလုံလောက်နေပြီဖြစ်၍ ငြိမ်သက်စွာ လုပ်ဆောင်သင့်သည်ကို ဆက်လက် လုပ်ဆောင်နေကြပါသည် ၊ အနာပေါ် သို့ဆေးတော်တင် အဝတ်စီး ပေးကြပြီး မင်းတရားကြီးဘုရား အား ခြေတော်ဦးခိုက်၍ ရှောင်ရန် အစာ ၊ ပွဲတော် တည်ရမည့် ဓါတ်စာ တို့ကို တင်လျှောက်၍ သမားတော်ကြီးများ ပြန်လည် ထွက်ခွာသွားကြပါသည် ။
ဦးရွှေမောင်ကြီး တယောက် ထည်း ကျန်နေရစ်လေတော့မှ မင်းတရားကြီးဘုရား ကို ဦးခိုက်ပြီးလျှင် -
“ သည် အနာ မည်သူပြုမူ၍ မင်းတရားကြီးဘုရား ခံစားရရှိသည်ကို မိန့်တော်မူပါ ၊ သည် တရားခံ ကို ကျွန်တော်မျိုးကြီး စစ်မေး အပြစ်တော်မူပါမည်ဘုရား ”
မင်းတရားကြီးဘုရား လည်း အဖြစ်အပျက်များ ကို စဉ်းစားမိသည့်အတွက်ပင် ဖြစ်မည်လားမသိ ပြုံးတော်မူပါသည် ။ ၎င်းနောက် လျောင်းတော်မူရာ သလွန်ညောင်စောင်း ဘေး ရွှေကလပ် ပေါ် တွင် တင်ထားသည့် သမားတော်ငခဲ ဆက်သခဲ့သည့် အင်္ဂဝုဒ္ဓိ ဆေးတော် ထည့်သည့် စဉ့်ဘူး ကို လက်ညိုးထိုးပြတော်မူပြီး မိန့်တော်မူလိုက်သည် မှာ ...
“ နင် အရေးယူ အပြစ်ပေးချင်သည် ဆိုပ ၊ ငခဲဆေးတော် ဟာ တရားခံ အစစ်အမှန် ပါ ၊ တောက် – မိစပ် ထံ
မသွားမီ အချိန် က သည် ဆေးတော်သာ စားသုံးထားပြီးသား ဆိုရင် ငမောင်ကြီး ရ ”
ပြီးပါပြီ
◾ချစ်စိန်လွင်
📖ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်မှတ်တမ်း
koaungnaingoo.blogspot.com
.
No comments:
Post a Comment