Wednesday, February 19, 2025

အစိန္တေယျ ( တီးလုံးသီးသန့် )

 

❝ အစိန္တေယျ ❞

( တီးလုံးသီးသန့် )


တေးရေး •• မုံရွာ ဦးလေးခန့်

တေးဆို   •• ဌေးဌေးမြင့်


        အစိန္တေယျ အပ္ပမေယျ အနန္တစကြာသတ္တ 

အတုမရှိသော ကျေးဇူးဂုဏ်တော်

အပေါင်းတည်ရာ ဖြစ်တော်မူသော

အရှင်ဝိပသီမြတ်စွာ ဘုရားကိုယ်တော်


        ဘုန်းတော် အနန္တ ကံတော် အနန္တ

ဉာဏ်တော် အနန္တ စကြဝဠာ ကမ္ဘာမိုးမြေ 

ဖြန့်ဖြန့်ကျိုးမျှ တန်ခိုးတော် အနန္တ နဲ့ ပြည့်စုံတော်မူသော

အရှင်သိခီမြတ်စွာ ဘုရားကိုယ်တော်


        လောကီမာန်ချိုင် နှောတိဉာဏ်ပိုင်

ပေါပြည့် လျှံကြိုင် လျှံကြိုင် ဗောဓိမဏ္ဍိုင်

ခန်းဝါပိုင် ငါးခိုင်မာန်မျိုး နှိမ်ပယ်ချိုးလို့

တန်ခိုးတော်သခင် 

အရှင်ဝိပသူ မြတ်စွာဘုရားကိုယ်တော်


         သီလာမြေထု မေယုသမ္မင်္တိံ ဝရဇိန်ပညာ

ထူးချွန်လွန်ကဲ သိမ်မွေ့နက်နဲ ခက်ခဲလှစွာ

တရားဒေသနာသခင် ဖြစ်တော်မူသော

အရှင်ကောက္ကုဿန်  မြတ်စွာဘုရားကိုယ်တော်


        သုံးလူ့ရှင်ပင် ကျွန်းထိပ်တင်

သောင်းခွင် စကြစဠာ နတ်ဗြဟ္မာတို့

ရှိခိုးကော်ရော် ဖူးမြော်ပါရ

အရှင် ကောဏဂုံ မြတ်စွာဘုရားကိုယ်တော်

 

          ဘဝသုံးပါး ဟုန်းဟုန်းသွားတဲ့

ရထားသံသရာ ယာဉ်စကြာ ဆိုတာ 

ဘယ်လိုဘယ်သို့ ဟောဖော်မြွက်

ဓမ္မစက်သခင် ဖြစ်တော်မူသော 

အရှင်ကဿပ မြတ်စွာဘုရားကိုယ်တော်


         သမ္ဘာလျှံကြိုင် ကမ္ဘာမဏ္ဍိုင် မြရောင်လှိုင်

ခန့်ခိုင်ထင်ရှား ဖြစ်တော်မူသော

အရှင် ဂေါတမ မြတ်စွာဘုရားကိုယ်တော်

           

     ( ဤ ခုနစ်ဆူကုန်သော 

မြတ်ဘုရားကိုယ်တော်အပေါင်းတို့သည်

ဤ မင်္ဂလာမဏ္ဍပ် ကျောင်းတော်အမှတ်ဖြင့်သာလျှင် ရွှေဖဝါး ရတနာ စကြာချလှမ်း ကြွမြန်းစံကြပါကုန်ဘုရား )

No comments:

Post a Comment