◾စောနဒီ ( မြစ်ကြီးနား )
“ နင့် လို မိန်းမျိုး ကို ငါ ရခဲ့တာ ဟာ ငါ့ အတွက် ဘယ်တော့မှ ပြင်ဆင်လို့ မရတော့တဲ့ အမှား ပဲ ။ နောက်ဆုံး တော့ လမ်းဘေး က ကျောက်ခဲ တစ်လုံး ဟာ ဘယ်တော့ မှ ကျောက်ကောင်း တစ်ပွင့် မဖြစ်နိုင်ဘူး ဆိုတာ ငါ သိသွားပြီ ”
••••• ••••• •••••
နေရောင် ပူပူ သည် အိမ်ခန်းလေး အတွင်း သို့ ပူစပ်ပူလောင် နိုင်လွန်းစွာ ချင်းနင်းဝင်ရောက် လာကြသည် ။
နေရောင် သည် တစ်လောက လုံး ရှိ အပူများ သိမ်းထုတ် ထားသည် ဟု ပင် ထင်ရသည် ။ ပိတ် ထား သော ဝါးထရံတံခါး ကြား မှ ကျိုးတိုးကျဲတဲ တိုး ဝင်လာ သော နေအစက်အပြောက်လေးများ သည် ကပွဲ အတွင်း မှ မီးဆလိုက်များ သဖွယ် ပြောက်တိပြောက် ကျား ကခုန် လျက်ရှိ ကြသည် ။ မြငြိမ်း နေမကောင်း ဖြစ် နေ၏ ။ နာရီပေါင်း များစွာ အိပ်စက် ခဲ့သော ကျောပြင် သည် နာကျင်ပူလောင် နေပြီ ဖြစ်သည် ။ ထို ပူလောင်မှု ထက် မောင် ပြောခဲ့သော စကားလုံး အပူများ က နှလုံးသား တစ်ခုလုံး ပျက်ကြေသုဉ်း မတတ် ။ မောင့် ကို မြငြိမ်း အပြစ် မတင်ရက်ပါ ။ မောင် သည် သူမ အတွက် သာ အမြဲတမ်း ဦးစား ပေး ခဲ့သူ ဖြစ်သည် ။ မောင် ပြောခဲ့သော စကားလုံးများ မှာ တခြားသူ တစ်ယောက် အတွက် မြား တစ်စင်း လို အဆိပ်အတောက် ဖြစ်စေ မည် မှာ သေချာသည် ။
မြငြိမ်း အတွက်တော့ မောင် ပြောခဲ့သမျှ စကားလုံး တိုင်း ၊ ဝါကျ တိုင်း သည် သူမ အတွက် ဖြစ်သည်ကို မြငြိမ်း နားလည်ပါသည် ။
သို့သော် မြငြိမ်း ဝမ်းနည်းသည် ။ မောင် သည် ဘယ်သော အခါ က မျှ သူမ ကို ထိုသို့ အော်ဟစ်တကြီး ဆူပူ ကြိမ်းမောင်း ခဲ့သည် မဟုတ် ။ အကျိုးသင့် အကြောင်းသင့် ဆီလျော် အောင် ပြောဆိုတတ်သူ ဖြစ်ပြီး မောင့် ထံ မှ ဒေါသ ဆိုသည် အိမ်ထောင်သက် သုံးနှစ် အတွင်း ဘယ်သော အခါမှ မတွေ့ ခဲ့ရ ။ အခုလို မောင် ၏ ခက်ထန်လွန်းလှသော အပြုအမူ အပြောအဆို များ ကြောင့် မြငြိမ်း ဝမ်းနည်းမိ နေခြင်း ဖြစ်သည် ။
ပူလောင်ဝမ်းနည်းမှု နဲ့ အတူ ကိုယ်ခန္ဓာ သည် ပွင့်ဖတ်နုငယ်လေး တစ်ချပ် ပမာ နုံးရိနွမ်းလျ လာသည် ။ အားအင် ချည့်နဲ့ နေသည့် ကြား မှ ပင် အိမ်ထောင် ကျခဲ့သည့် နေ့ ကမှ မှတ်မှတ်ရရ ဝယ်ထား ခဲ့သော စားပွဲတင် နာရီ အဟောင်းလေး ကို လှမ်း ကြည့်မိသည် ။ နံနက် ရှစ်နာရီ ထိုးလေပြီ ။
ထိုခဏ ၌ပင် အသက် ရှူရသည် မှာ မွန်းကျပ် လာ သလို ခံစား လိုက်ရသည် ။ ခြေဆင်း ထိုင်ဖို့ လက် ကို အားယူ ၍ ထောက် လိုက်သည် ။ ဤမျှ အတိုင်းအတာ လေး လှုပ်ရှား လိုက်သည် နှင့် ပင် ခန္ဓာကိုယ် တစ်ခုလုံး ရှိ ကြွက်သားများ နာကျင် လာကြသည် ။ အမယ်အိုကြီး တစ်ယောက် ပမာ အားအင် ချည့် နေသော မိမိ ကိုယ် ကို မိမိ အားမလို အားမရ ဖြစ် နေမိသည် ။ ထို့ကြောင့် ခုတင် ပေါ် မှ ခြေဆင်း ၍ ငေးငေးငူငူ ထိုင် နေမိ၏ ။
ခပ်လှမ်းလှမ်း ပန်းပဲဖို မှ သံ ကို သံ နှင့် ထုခတ် သံ က အဆက်မပြတ် ထွက်ပေါ်လာကြသည် ။ နားစည် တစ်ခုလုံး ပဲ့ကြွေလု မတတ် သူမ ခံစား လိုက်ရ သည် ။ အပူရှိန် သည် ငြိမ်သက် နေသော လေထု ထဲ ၌ ပူလောင်စွာ ဖြန့်ကြက် ထားဆဲ ။
အဝေး မှ ပြေးလာသော မီးရထား တစ်စီး ၏ ဥဩသံ ကို ပျင်းရိလေးတွဲ့စွာ ကြားလိုက်ရသည် ။ လျှာခင် မကောင်းသည့် ရထား တစ်စီး ၏ အသံရှည် သည် ချွဲကပ် နေသော အသံရှည်ကြီး လို တဘူဘူ တဘော်ဘော် အော်လျက် ရှိ နေလေသည် ။ အထီးကျန် ဆန်နေရသည့် အထဲ အိမ်မြှောင် တစ်ကောင် ၏ စုတ်ထိုးသံ ကို မလိုလားလျက် ကြား နေရ ပြန်သည် ။
သူမ နံနက်စာ အဖြစ် ဘာမှ မစားရသေး ။ ဝမ်း ထဲ မှ ပူလောင် ဆူညံသော အသံဗလံများ က ခွေးအ များ လို အော်ဟစ် ဗလောင်ဆူ နေကြသည် ။ ဆာလောင် ငတ်မွတ် နေသော မျက်ဝန်းများ ဖြင့် စားပွဲဝိုင်းကလေး ဆီ လှမ်း ကြည့်လိုက်သည် ။ ခေါက်စားပွဲကလေး ကို အုပ်ဆောင်းနီနီလေး အုပ် ထားလျက် တွေ့ လိုက်ရ သည် ။ မောင် တစ်ယောက် သူမ အတွက် ဘာတွေများ ပြင်ဆင် ထားမည် မသိ ။
သူမ အားတင်း ၍ ခုတင် ပေါ် မှ ဆင်းလိုက်သည် ။ ကြမ်းခင်း နှင့် ခြေဖဝါး ထိ မှ ထိပါလေစ ။ မိုးပျံ ပူဖောင်းများ ပမာ ခန္ဓာ တစ်ခု လုံး ၊ စိတ်အာရုံတစ်ခုလုံး လေဟာနယ် ထဲ မျောလွင့် နေသည့် နှယ် ။ သူမ အိပ်မက် မက် နေခြင်း မဟုတ်ကြောင်း ဆာလောင်ငတ်မွတ်မှု က အော်ဟစ်ညည်းတွားပြ နေလေသည် ။
အုပ်ဆောင်း ဖွင့် လိုက်လျှင် အပူငွေ့ ပါသည် ဆိုရုံကလေး သာ ရှိတော့သည့် မျက်နှာပြင် တင်းရင်းနေ သော နွားနို့ တစ်ခွက် က သူမ ကို ဆီးကြို နေလေသည် ။ ပြီးတော့ အေးစက်ပျော့တွဲ နေပြီ ဖြစ်သည့် အီကြာကွေး ညိုညို တစ်ချောင်း ။ ထို့အပြင် သူမ သောက်သုံးရန် ဆေးဝါး တချို့ ကို စက္ကူ အဟောင်း တစ် စနှင့် ထုပ် ထား သည် ကို တွေ့ရသည် ။
မြငြိမ်း ပြုံး လိုက်မိ၏ ။ မောင် သည် မနေ့ ညနေ က သူမ နှင့် စကား အချေအတင် ပြောခဲ့ပြီး စိတ်ဆိုး ခဲ့ သော်လည်း သူမ အပေါ် ချစ်မြတ်နိုးဆဲ ဖြစ်ကြောင်း သိလိုက်ရသည့် အတွက် သူမ ပျော် သွားသည် ။ ထို့ကြောင့် အားအင် ပြန်လည် ပြည့်ဖြိုးလာသည် ဟု ခံစား လိုက်ရလေသည် ။
“ မြငြိမ်း နင် ပျင်းနေပြီလား ”
တစ်ဖက်ခန်း မှ မိဌေးကြည် က ကလေးငယ် ကို ခါးစောင်းခွ တင်၍ အခန်း ထဲ ဝင်လာသည် ။ ကလေး တစ်ယောက် အမေ မိဌေးကြည် သည် တစ်သားမွေး တစ်သွေးလှ လျက် ပင် ရှိလေသည် ။ လင်သေ မုဆိုးမ ဟု ပင် မထင်ရ ။
“ ဒီလိုပါပဲဟယ် ”
သူမ ဝတ်ကျေတမ်းကျေ ဖြေ လိုက်မိသည် ။ မိဌေးကြည် နှင့် တွဲသည် ကို မောင်မကြိုက် ။ အခုလို စကား ပြော နေသည် ကို သာ မောင် တွေ့ သွား လျှင် မနေ့ က လိုပဲ စိတ်ဆိုး နေဦးမှာ သေချာသည် ။
“ ပျင်း နေရင် ငါတို့ အခန်း လာခဲ့ပါလား ။ ဟို ကောင်မလေး တွေ လည်း ရောက်နေတယ် ။ အိမ် မပြည့်သေး လို့ နင့် ကို ကစား မလား လာ မေးတာ ”
“ တော်ပါပြီဟာ ငါ ကြာကြာ ထိုင် နိုင်မှာ မဟုတ်ဘူး ”
ထိုစဉ် မိဌေးကြည် က သောက်ရေအိုး ကို ဖွင့် ပြီး ကလေး ကို ရေခပ် တိုက်မည် ပြုသည် ။ သို့သော် ရေအိုး ထဲ မှာ ရေ က တစ်စက်ကလေး မှ မရှိ ။
“ ရေလည်း မရှိဘူး ”
“ အေးဟယ် ငါ လည်း နေမကောင်း ဖြစ်နေတာ နဲ့ ”
“ ဒါနဲ့ မြငြိမ်း ရယ် ငါ့ ကို ငါး ရာလောက် ချေးစမ်းပါ ”
“ ဌေးဌေး ရယ် ငါ့ မှ ဝင်ငွေ မရှိတာ ။ ငါ က လည်း နေမကောင်း ဖြစ်နေတော့ နင် မြင်တဲ့ အတိုင်းပဲ ။ အချဉ်ပေါင်းလှည်း တောင် ပြင်ရဦး မှာ ။ ရှေ့ခွေ ကောက် နေတာ မပြင်နိုင်သေးဘူး ရယ် ”
“ အမလေး ခို ဖြစ်သွားသလား မှတ်ရတယ် မြငြိမ်း ရယ် ။ ဒါနဲ့ နင် အဆင် မပြေလို့ ရှိရင် အအေးလိုင်း ပြန် ဝင်လိုက်ပါလား ”
မိဌေးကြည် က သူမ ကို ဆွယ် နေသည် ။ ထို အလုပ် ကို သူမ မလုပ်ချင်တော့ ။ အမှောင် ထဲ မှာ လက်ပစ် မကူးချင်တော့ပါ ။ တစ်နေ့ လုပ် တစ်နေ့စား အချဉ် ပေါင်း ရောင်းနေရသည့် ဘဝ ကို မြငြိမ်း ကျေနပ်တတ်ခဲ့ပြီ ။
“ တော်ပါပြီ ဟာ ဒီတစ်ခါ လိုင်းပူး မိရင်တော့ မောင် က ခွင့်လွှတ်မှာ မဟုတ်ဘူး ”
“ မြငြိမ်း က လည်း နင့် ယောက်ျား မသိအောင်ပေါ့ ။ လုပ်ချင် ရင် ငါ ဆက်ပေးမယ် ”
“ တော်ပါပြီ ဌေးဌေး ရယ် ။ မနေ့ က နေမကောင်း လို့ ဈေး မထွက်ဘဲ နေ နေတာ ။ ပျင်း လို့ နင် တို့ ဖဲဝိုင်း ထိုင် မိတာ မောင် သိတော့ တော်တော် စိတ်ဆိုး နေ တယ် ။ ငါ က လည်း ငါပဲ ။ ဖဲ မြင် ရင် မနေနိုင်ဘူး ။ ဖဲ မကစား ရ ရင် တောင် ဖဲမီးလှုံ လိုက်ရ မှ ။ ပို ဆိုးသွားတာ က မနေ့ က ဝိုင်းမှာ ငါ့ ကို ရိသဲ့သဲ့ ပြော နေတဲ့ နင့် ကောင် လေးတွေ နဲ့ တရုန်းရုန်း ရယ်မော နေတာတွေ့ တော့ ငါ နဲ့ မောင် စကား များကြတာ နင် တို့လ ည်း ကြားမှာ ပါ ။ ငါ အဲဒါတွေ မလုပ်ချင်တော့ပါဘူး ဟာ ”
“ ဘာလဲ န င့်ယောက်ျား ကို ကြောက်နေပြီလား ”
“ ဟင့်အင်း ချစ်တာ ”
မိဌေးကြည် ထွက် သွားတော့ သူမ တစ် ယောက်တည်း ကျန်ရစ်သည် ။ အဟောင်းသည် အသစ် မဖြစ်နိုင် သော်လည်း သူမ ၏ ဘဝသည် သစ်ရွက်စိမ်းများ လို ပြန်လည်စိမ်းစို တောက်ပ နေခဲ့ပြီ ဖြစ် သည် ။ ထိုသို့ သူမ ယုံကြည်လျက် ရှိသည် ။
••••• ••••• •••••
တပေါင်းနွေ က ပို၍ ပူလာသည် ။ အခန်း က ကျဉ်းရသည့် အထဲ တစ်ခန်း နှင့် တစ်ခန်း က ကပ် လျက် ။ အိမ်လခ က တစ်လ ငါးထောင် ပေးရသည် ။ အိမ်ခန်းများ က များပြားသည့် အပြင် အိမ်သာ ကို လည်း တစ်လုံး တည်း ဆောက်ပေး ထား သဖြင့် အိမ်သာ တက် လျှင် တန်းစီ စောင့် နေရသည့် ဒုက္ခ က လည်း မသေး ။ အိမ်ကြီးရှင်များ အတွက် အိမ်သာ တစ်လုံး သတ်သတ် ထား ရှိပြီး အမြဲတစေ အိမ်သာ ကို သော့ခတ် ထားတတ်သည် ။ နံနက် အိပ်ရာ ထချိန် ဆိုလျှင် အိမ်သာ ဘေးဒုက္ခ သည်များ ငုတ်တုတ် ထိုင်ပြီး အလှည့်ကျ စောင့်ကြရ သည့် မအီမသာ မျက်နှာများ မှာ အပြုံးအရယ် မရှိ ။ တက် တခေါက်ခေါက် နှင့် သာ ရှိကြရသည် ။
မောင် က တော့ ဤ တန်းလျားမျိုး ထဲ မှာ မနေ ချင် တော့ ကြောင်း မကြာခဏ ပြောဖူးသည် ။ ငွေကြေး အဆင်ပြေ လျှင် လုံးချင်းအိမ်ကလေး ငှား နေကြမည် ဟု စိတ်ကူးယ ဉ်တတ်သူ ဖြစ်သည် ။ အထူးသဖြင့် မြငြိမ်း ၏ သူငယ်ချင်း ကောင်မလေးများ နှင့် အခန်းချင်း ကပ် ပြီး နေရသည် ကို မောင် မနှစ်သက်ကြောင်း မြငြိမ်း သိသည် ။ မြငြိမ်း က တော့ မောင် နှင့် မတွေ့ရခင် ကတည်း က ဤ ပတ်ဝန်းကျင် ထဲ မှာ နေထိုင်ခဲ့ရ သူမို့ လား မသိ ။ ဤ တန်းလျားလေး ထဲ တွင် နေရသည် ကို ပျော်သည် ။ မောင် ပြောပြော နေသည့် “ မိန်းမပျက်ရပ် ကွက် ”ဆိုသည့် စကားလုံး ကို မြငြိမ်း ဘယ်တုန်း က မှ ချေပနိုင်စွမ်း မရှိခဲ့ပါ ။ ထို မိန်းမပျက်များ ကို မိန်းမပျက် များ က နားလည် ပေးကြသည် ။ ကူညီ ပေးကြသည် ကို မောင် သိမည် မဟုတ် ။ သို့သော် ယခု မောင် ၏ မြငြိမ်း ဖြစ်နေပြီ မို့လား မသိ ။ မောင့် စကားများ သည် အမှန် တရားများ နှင့် ယှက်တင် နေတတ်သည် ကို သူမ သတိ ပြုမိတတ် လာသည် ။ သို့သော် သူမ ၏ အပေါင်း အသင်းများ အကြောင်း မောင် ထိပါး ပုတ်ခတ် ပြော သည့် အခါတိုင်း မှာ ဘာကြောင့် မသိ အလိုလို မျက်ရည် ကျခဲ့ရသည် သာ ဖြစ်သည် ။
တစ်ကိုယ်ရေ တစ်ကာယသမား မောင် နှင့် မြငြိမ်း တို့ လက်ထပ်ခဲ့ကြသည် ကို မြငြိမ်း ၏ သူငယ်ချင်း တချို့ အံ့သြ ကုန်ကြသည် ။ တကယ်တော့ မောင် ၏ အခြေအမြစ် ကို မြငြိမ်း မသိ ။ မောင် ၏ ချမ်းသာခြင်း ၊ ဆင်းရဲခြင်း ကို မြငြိမ်း စိတ် မဝင်စား ။ တစ်နေ့လုပ် တစ်နေ့စား ဆိုက်ကားသမား မောင် ၏ တစ်နေ့ ဝင်ငွေ ဘယ်လောက် ရှိသည် ကို ယနေ့ အချိန်ထိ မေးမြန်းစပ်စုခဲ့ခြ င်းမရှိ ။ မောင် ပေးသမျှ ၊ မောင် အပ်သမျှ ကို သာ မြငြိမ်း သုံးစွဲသည် ။ သိမ်းဆည်းသည် ။
မောင် က တော့ ပြုပြင်ရေးသမား တစ်ယောက် ၏ သတ္တိဗျတ္တိ မျိုး ဖြင့် သူမ ကို လက်ထပ်ခဲ့ခြင်း ဖြစ် သည် ။ ထို့အတွက် မောင် သည် နောင်တ ရပုံ မရှိပါ ။ သူမ သက်ပြင်းတွေ အခါခါ ချ နေမိသည် ။ မောင် စိတ်ဆိုး နေ သဖြင့် နေ့လယ်စာ ထမင်းစား မလာ ခဲ့ခြင်း ဖြစ်မည် ။ နေ့လယ် တစ်နာရီခန့် အထိ အခန်းကျဉ်းကလေး ထဲ တောက်တဲ့ တစ်ကောင် လို တွယ်ကပ် နေရသည် ကို ငြီးငွေ့ လာသည့် အပြင် ဗိုက် က လည်း ဆာ လာသည် ။ ထို့ကြောင့် တစ်ခု ခု ထွက်စားရန် လမ်း ဘက် ထွက်ခဲ့သည် ။
သူမ ကို မြင်တော့ မိဌေးကြည် က လှမ်း အော်လိုက် သေးသည် ။
“ မြငြိမ်း အအေး သောက်မယ့်သူ ရှိတယ် ၊ နှစ်ပုလင်း တဲ့ ”
နှစ်ပုလင်း ဆိုသည် မှာ နှစ်သောင်း ကို ဆိုလိုခြင်း ဖြစ်သည် ။ အရင်လို ဘဝမျိုး ဆိုလျှင်တော့ ခါး လေး လှုပ် ၊ ဒူးလေး လှုပ်ပြီး နှံ့နေလိုက်မည့် ဖြစ်ခြင်း ။
အခုတော့ အရင် မြငြိမ်း မဟုတ်တော့ ။ မောင် ၏ မြငြိမ်း ဖြစ် နေလေပြီ ။
လှုပ်ရှားမှု များ လာသဖြင့် သူမ နေသာ သလို လို ရှိလာသည် ။ ခွေးလေခွေးလွင့် တစ်ကောင် က အမှိုက်ပုံး ကို နှုတ်သီး ဖြင့် ထိုး နေရာမှ အစာ ကို လုယူ မည့် ရန်သူ တစ်ယောက် ပမာ သူမ ကို မာန်ဖီ ပြနေသည် ။
အိမ်တန်းလျား နှစ်ခု ၊ သုံးခု ကို ကျော်လွန် တော့ လမ်းမကြီး ကို တွေ့ရသည် ။ မြို့ပြ ၏ အငွေ့အသက် ကို ယခုမှ ပင် ပြန်လည် ရရှိတော့၏ ။ ဓာတ်ဆီဆိုင် ၊ ခေါက်ဆွဲဆိုင် ၊ လက်ဖက်ရည်ဆိုင် နှင့် တယ်လီဖုန်းဆိုင် များ ဟိုနား သည်နား တွေ့ နေရသည် ။
အတန်ကလေး ကြာတော့ မုန့်ဟင်းခါးဆိုင် တစ်ဆိုင် ကို တွေ့သည် ။ မုန့်ဟင်းခါး တစ်ပွဲ ကို အချဉ် များများ ၊ ငရုတ်သီးမှုန့် များများ ထည့်၍ ချွေးသီးများ ကျ လာသည်အထိ အားရပါးရ စား လိုက်သည် ။ စား ပြီးသည် နှင့် မုန့်ဟင်းခါးဖိုး သုံးရာ ပေးလိုက်ပြီး အအမ်းငွေ နှစ်ရာ ကို အင်္ကျီရင်ဘတ် ကြား ထိုးထည့် ထားလိုက်သည် ။
ထို့နောက် လာလမ်း အတိုင်း ပြန်လှည့်လာခဲ့သည် ။
ငါးရာတန်လေး တစ်ရွက် ကို စားချင်တာ ဝယ် စား ဟု ဆိုတာ မောင် က ပေး ထားခဲ့ခြင်း ဖြစ်သည် ။ မိဌေးကြည် ကို ပိုက်ဆံ မရှိ ဟု ညာလိုက်ရသည့် အတွက် စိတ်တော့ မကောင်း ။ မိဌေးကြည် က ဖဲရိုက်ပစ်မည့် သူ ဖြစ်သည် ။ တခြား ကိစ္စ အတွက် ဆိုလျှင်တော့ ချေး ကောင်း ချေးလိုက်မိမည် ဖြစ်သည် ။ ဖဲ ကို တော့ မြငြိမ်း ဝါသနာ ပါသည် ။ သို့သော် သူမ သည် အရင် မြငြိမ်း မဟုတ်တော့ ။ မောင် ၏ မြငြိမ်း ဖြစ်နေလေပြီ ။
ထို့နောက် ပျော်ရွှင်စရာ ကင်းမဲ့ ခဲ့သော သူမ ၏ ဘဝ အကြောင်းစုံ ကို မောင့် အား မခြွင်းမချန် ဖွင့်ဟ မိခဲ့သည် ။ ထိုအချိန် က မောင် သည် သူမ ၏ ခိုလှုံစရာ ရင်ခွင် တစ်ခု အဖြစ် မတွေးတော မိခဲ့ပါ ။ မောင် က လည်း မိန်းမ တစ်ယောက် ၏ ရင်ခွင် ကို ပထမဆုံး ခိုလှုံ မိသည့် အဖြစ် ကို အရှက်အသည်း ကြီးစွာ ရင်ဖွင့် ပြခဲ့သည် ။
ထို့နောက် မောင် နှင့် မြငြိမ်း တို့ မကြာခဏ တွေ့ ဖြစ်ကြသည် ။ ပန်းခြံ တွေ မှာ ၊ မြစ်ကမ်းနား တွေ မှာ ခြေရာ များ ထပ် ခဲ့ကြသည် ။
အချစ် ဆိုသည် မှာ အသက်အရွယ် နှ င့်မဆိုင် ။ နှလုံးသားများ နှင့် သာ ဆိုင်သည် ။ မောင် ၏ စကားလုံး များ နောက် ၊ မောင် ၏ အမှန်တရား များ အောက် မြငြိမ်း ၏ ဘဝ အလင်းရောင် ကို တွေ့ ခဲ့ရလေသည် ။
“ ဒီ ဘဝ ကို စွန့်လွှတ်လိုက် မြငြိမ်း ။ ငါ တို့ သာယာတဲ့ ဘဝ တစ်ခု ကို တည်ဆောက်ကြရအောင်နော် ”
မောင် ၏ ဖြူစင်ရိုးသားသော နှလုံးသား ကို မြငြိမ်း ယုံကြည်သည် ။ သဘောထားကြီးစွာ တစ်ပတ်နွမ်းပန်း ကို မြတ်မြတ်နိုးနိုး တန်ဖိုး ထားခဲ့သော မောင့် ကို အသက်တမျှ မြငြိမ်း ယုံကြည် လိုက် ချင်သည် ။ မောင် နှင့် မြငြိမ်း လက်ထပ်ပွဲ တုန်း ကတော့ မင်္ဂလာခန်းမကြီး ထဲ မှာ သီချင်း တွေ ဖွင့် ၊ ရွှေပန်းငွေပန်း ကြဲ လို့ စည်ကားသိုက်မြိုက်ခဲ့သော မင်္ဂလာပွဲ တစ်ခု မဖြစ်ခဲ့ပါ ။ သတို့သမီး ဝတ်စုံ ကို ပင် ဝတ်ဆင်ခွင့် မရခဲ့ ပါ ။ ရပ်ကွက်ရုံး မှာ မောင် ၏ အပေါင်းအဖော် ဆိုက်ကားသမား တစ်ယောက် ကို သက်သေ ပြုကာ အကျဉ်းရုံး လက်ထပ် ခဲ့ခြင်း သာ ဖြစ်ခဲ့ရသည် ။
“ ဘာ တတ်နိုင်မှာလဲ မြငြိမ်း ရယ် ၊ ဖြစ်သမျှ အကြောင်း အကောင်းချည်း ပဲ ပေါ့ ။ တစ်ခု တော့ ရှိ တယ် ။ ဘယ်လောက်ပဲ မှားခဲ့ မှားခဲ့ ၊ အိမ်ထောင်သည် ဘ ဝမှာ သစ္စာ မမှား ဖို့ အရေးကြီးတယ် ။ အဲဒါ မြငြိမ်း နဲ့ မောင် တို့ ရဲ့ သစ်ရွက်စိမ်းလေး တွေ ပဲ ”
ထိုသို့ မောင် က ပြောခဲ့သည် ။ အသက် နှင့် ထပ်တူ သစ္စာ ရှိရမှာပေါ့ မောင်ရယ် ဟု တစ်ယောက်တည်း တွေး ရင်း အိမ် ပြန်လာခဲ့သည် ။
“ ဘယ်က ပြန်လာတာလဲ သစ်ရွက်လေး ”
သစ်ရွက်လေး လို့ ခေါ်သံ ကြားသဖြင့် သူမ အထိတ်တလန့် နောက် သို့ လှည့် ကြည့်မိသည် ။ သူမ တို့ နေထိုင်ရာ တန်းလျား ပိုင်ရှင် ဖြစ် နေလေသည် ။ မဟုတ်သေးဘူး ။
ခပ်သုတ်သုတ် ထွက် လာခဲ့သော သူမ ၏ ခြေလှမ်းများ က ကြောက်ရွံ့ခြင်း လား ၊ ရွံရှာခြင်း လား မြငြိမ်း မခွဲခြားတတ်တော့ပါ ။ ထို လူကြီး က တော့ ကြောင်ဖား တစ်ကောင် လို ရယ်မော ကျန်ခဲ့မှာ သေချာ သည် ။ ဟို အရင်တုန်း က တော့ မြငြိမ်း အတွက်တော့ အိမ်လခ အတွက် ခေါင်း ထဲ ထည့် ထားစရာ မလိုအပ် ခဲ့သည် ကတော့ သေချာသည် ။
အခုတော့ ... ။
အခုတော့ မောင် ၏ မြငြိမ်း ဖြစ် နေလေပြီ ။
••••• ••••• •••••
[ ၃ ]
ညစာ ထမင်း ကို ချက်ထား လိုက်ပြီး ကြက်ဥ ကို မွှေကြော် လုပ် ထားလိုက်သည် ။ ချဉ်ရည်ဟင်း ကြိုက် တတ်သော မောင့် အတွက် မိဌေးကြည် ဆီမှ ကန်စွန်းရွက်ချဉ်ရည်ဟင်း တစ်ခွက် တောင်း ထား လိုက်သည် ။ ည ခုနစ်နာရီ ထိုးသည် အထိ မောင်မလာသေး ။ ဘူတာ မှာ ရထား ကြို နေ၍ ဖြစ်မည် ။ ဤသို့ ရံဖန်ရံခါ မောင် တစ်ယောက် အိမ်ပြန် နောက်ကျ တတ်သည် ။
ထို့ကြောင့် သူမ တစ်ယောက် တည်း ထမင်း ခူး စားပြီး အိပ်ရာဝ င်ခဲ့သည် ။ ထို့နောက် သူမ ဘဝ အကြောင်း စဉ်းစား ရင်း မြငြိမ်း အိပ်ပျော် သွားသည် ။
ချောက်အိပ်မက်များ မက် ပြီး ထိတ်လန့်စွာ တစ်ရေးနိုး လာချိန်မှာတော့ မောင် မရှိ ။ သူမ ဘေးမှာ မောင် မရှိ ။ မောင် ပြန်မလာသေး ။ နာရီ ကို ကြည့်တော့ ၁၂ နာရီ အတိ ။
အိပ်ချင်စိတ် မရှိတော့ သဖြင့် မနက်ဖြန် ချဉ်ပေါင်းလှည်း ထွက်ဖြစ် လျှင် ဝယ်ရမည့်ပစ္စည်း စာရင်း ကို မြငြိမ်း ရေတွက် နေမိသည် ။ ထို့နောက် နောက် တစ်ကြိမ် အိပ်ရာ ထဲ ဝင်မိချိန် မှာ တော့ အထိတ်တလန့် တွေး မိလိုက်သည် ။ မောင် ပြန် မှ ပြန်လာပါ့မလား ။ မြငြိမ်း ကို မောင် ထားခဲ့ပြီ လား ။ ထိုသို့ စဉ်းစားမိ လိုက် သည် နှင့် မြငြိမ်း အိပ် မပျော်နိုင်တော့ ။
ပါးပြင် သည် ပူနွေးစိုစွတ် လာသည် ။ မြငြိမ်း ငို နေရပြီ ။
••••• ••••• •••••
နံနက် လင်း တော့ သူမ ၏ မျက်နှာ က မို့အစ် နေ သည် ။ အိပ်ရာ ထ ထချင်း မိဌေးကြည် ကို နှိုးသည် ။ မောင် ပြန်မလာတော့သည့် အကြောင်း ပြောပြရင်း မြငြိမ်း ငိုမိ ပြန်သည် ။
“ ဒီလောက်လေး နဲ့ နင့် အပေါ် နားလည် မပေးနိုင်တဲ့ ယောက်ျား ကို သံယောဇဉ် တွယ် မနေစမ်းပါနဲ့ ”
မိဌေးကြည် က ဘာမှ မခံစားရ သလို ပြောသည် ။
“ နင့် ရဲ့ သိလ္လာရီ ဘဝ ကို သာ ပျော်ပျော် နဲ့ နေ သွားလိုက်စမ်းပါ ။ သစ္စာ မရှိတဲ့ ယောက်ျား တစ်ယောက် ကြောင့် ဘဝပျက် ခဲ့ရပြီး နောက်ထပ် ယောက်ျား တစ်ယောက် ကြောင့် တော့ မျက်ရည် အကုန် မခံစမ်းပါ နဲ့ အေ ”
မြငြိမ်း ဘာမှ မပြောနိုင် ။ မျက်ရည်ကန် ကျိုး သည့် ပမာ ချုံးပွဲချ ငို နေမိပြန်သည် ။
သိလ္လာရီ ဆိုသည့် နာမည် ကို မိဌေးကြည် က ပေးခဲ့ခြင်း ဖြစ်သည် ။ ကရင်မ မိဌေးကြည် က ကရင် လို သိလ္လာရီ ၊ မြန်မာ လို သစ်ရွက်စိမ်း ဟု အဓိပ္ပာယ် ရသော သိလ္လာရီ အမည် ကို ပေးအပ်ခဲ့သည် ။ သိလ္လာ သည် သစ်ရွက် ၊ ရီ သည် စိမ်း ။ တကယ်တော့ မြငြိမ်း တို့ ဘဝ များ မည်သည့် အခါမျှ စိမ်းနိုင်တော့မည် မြငြိမ်း မသိ ။
“ နင့် ရုပ် ရှိပါသေးတယ် အေ ရယ် ”
မိဌေးကြည် ၏ စကားများ ဝင် လာပြီး မောင် ၏ အမှန်တရားများ က တွန်းထိုး ဝင်ရောက် လာကြ ပြန်သည် ။ အမှောင် ခေါ်သံများ နှင့် အလင်း အော်သံ များ မှ တစ်ခု ခု ကို သူမ ရွေးချယ်ရ တော့မည် ။
နောက် နေ့ရက်များ တွင် မောင့် ကို မြငြိမ်း မျှော် နေမိသေးသည် ။ သို့သော် မောင် ပြန် မလာခဲ့ပါ ။ ပေါ်လာ နိုး ၊ ပေါ်လာ နိုး ဖြင့် လက်ချိုး ရေတွက် ခဲ့ရသည့် အလွမ်းများ က မျက်ရည်နှင့် အိုင်ကျင်းဖွဲ့ နေခဲ့သည့် တိုင် မောင် သည် ပြန် ရောက် မလာခဲ့ပါ ။
“ နောက်ဆုံး တော့ လမ်းဘေး က ကျောက်ခဲ တစ်လုံး ဟာ ဘယ်တော့ မှ ကျောက်ကောင်း တစ်ပွင့် မဖြစ်နိုင်ဘူး ဆိုတာ ငါ သိသွားပြီ ”
မောင် ပြောခဲ့သည့် စကားလုံး များ က တစ္ဆေ တစ်ကောင် နှယ် ဝင်ရောက် နှောင့်ယှက်နေဆဲ ဖြစ်သည် ။
••••• ••••• •••••
[ ၄ ]
ချဉ်ပေါင်းတွန်းလှည်း ကို ပြင်ဆင်ပြီး ဈေးရောင်း ထွက်ဖို့ ပြင် နေသော မြငြိမ်း ကို မိဌေးကြည် က လှမ်း ပြောသည် ။
“ ကြိုးစားလှချည်လား သူငယ်ချင်း ရ ”
“ ကြိုးစားရမယ် ဟေ့ ၊ ကြိုးစားရမယ် ။ လ က ကုန်တော့ မှာ ၊ အိမ်လခ လည်း ပေးရတော့ မှာ ”
ထိုအခါ မိဌေးကြည် က ပြန် ပြောသည် ။
“ ဒါများအေ ”
••••• ••••• •••••
ချဉ်ပေါင်းတွန်းလှည်းလေး ကို တွန်းရင်း မောင့် ကို သတိရ မိသည် ။ ငွေမောင်းကလေး ကို တနောင်နောင် တီးရင်း ဘဝ ကို အဓိပ္ပာယ် ဖွင့်ဆို တတ် ခဲ့ပြီ ။ တနောင်နောင် တီးရင်း ဆိုက်ကားဆရာ တစ်ယောက်ယောက် ကို မောင်များ ဖြစ်နေမလား ဟု ကြည့် ကြည့် နေမိတာ လည်း အမော ။
အမှား ကို ပြင်ဆင် ဖြည့်စွက်ပြီး သစ္စာတရား စောင့်ထိန်းတတ်သည့် မိန်းမသား တစ်ယောက် ဖြစ်ဖို့ ကြိုးစား နေသော မြငြိမ်း အနား တွင် မောင် မရှိတော့ပါ ။ သစ္စာတရား ၏ ချိုမြိန်မှု ကို တွေ့ ရှိလိုက် ရ ချိန် အလွမ်း သည် ပိုမို ခါးသက် လာခဲ့သည် ။
သို့သော် မြငြိမ်း သည် အရင် မြငြိမ်း မဟုတ် တော့ ။ မောင် ၏ သိလ္လာရီမြငြိမ်း ဖြစ်နေ လေပြီ ။
လူ တစ်ယောက် အတွက် အမှန်တရား တပ်ဆင် ထားသည့် အလင်းတန်းများ ရရှိ ဖို့ အချိန် တစ်ခု လိုအပ်ကြောင်း မြငြိမ်း သိလိုက်ပြီဖြစ်သည် ။
ထို့ကြောင့် မြစိမ်း သည် မောင် ၏ သစ်ရွက်စိမ်းကလေး ဖြစ်သည် ။
◾စောနဒီ ( မြစ်ကြီးနား )
📖 ရွှေအမြုတေ မဂ္ဂဇင်း
ဇူလိုင်လ ၊ ၂၀၁၁
.
No comments:
Post a Comment