❝ လက်ဝဲသုန္ဒရ ၊ မဲဇာရွှေလီ နှင့် အော်ခက်စတြာ ❞
( ကိုရွှန်းမြိုင် - မြို့မ )
လက်ဝဲသုန္ဒရ နဲ့ မဲဇာရွှေလီ ဟာ သီချင်းရေးသူ မြို့မငြိမ်း ရဲ့ ကိုယ်တိုင်ရေး မူရင်း လက်ရေး မှာ ကို က နှစ်ခုလုံး ရဲ့ စာသားတွေ ရောထွေး တွေ့ရပါတယ် ။ ဒီ မူရင်းစာသား ကို လူထုဒေါ်အမာ ရဲ့ ပြည်သူချစ်သော အနုပညာသည်များ စာအုပ် မှာ မြို့မငြိမ်း ၏ မင်းလက်ဝဲသုန္ဒရ လက်ရေးမူ ဆိုပြီး တွေ့ရပါတယ် ။ စာရေးသူ လူထုဒေါ်အမာ ရဲ့ အယူအဆ တစ်စွန်းတစ်စ ကို လည်း ဖော်ပြ ထားပါတယ် ။ ကျွန်တော့် အစ်ကို သန်းအောင်ခိုင် ရဲ့ မြို့မငြိမ်း နှင့် သူ့ အနုပညာ စာအုပ် မှာ တော့ လက်ဝဲသုန္ဒရ သီချင်း ကို စာမျက်နှာ ၂၉၉ မှာ ဖော်ပြ ပါရှိပါတယ် ။ ဒီ သီချင်း ရဲ့ အောက်မှာ လက်ဝဲသုန္ဒရ သီချင်း အတွက် မူကွဲ မရှိ ဆိုပြီး မှတ်ချက် ပြုထားပါတယ် ။ ဒီ စာအုပ်များ ရဲ့ စာမျက်နှာတွေ ဟာ လက်ရှိ အခိုင်အမာ ရှိပြီးသား မို့ နှစ်ခုလုံး ကို လက်ခံ ထားကြရမယ် ။ အယူအဆ ကွဲလွဲ နေတာတော့ အမှန်ပဲ ။ ပြဿနာ တော့ ပြဿနာပဲ ။ ကျွန်တော် ဂီတ လိုက်စားမှု ၊ လေ့လာမှု နုစဉ် က ဒီလို ကိစ္စတွေ ကို အလေးအနက် သိပ် မထားတတ်ဘူး ။
အထက်ပါ ခေါင်းစီး အောက် မှာပဲ သီးသန့် ပိုင်းခြားပြီး စာရေးသူ အတွေ့အကြုံ အယူအဆ ကို တင်ပြပါ့မယ် ။ ဒါက အမှန်ပဲ ဆိုတာမျိုး မဟုတ်ပါဘူး ။ စာဖတ်သူများ ရဲ့ ကိုယ်ပိုင် အယူအဆ နဲ့ ဖြစ်နိုင်ခြေများ ကို စဉ်းစားရင်း လွတ်လွတ်လပ်လပ် တွေးခေါ် နားလည်ကြဖို့ပါပဲ ။
တကယ်တော့ လူထုဒေါ်အမာ ရဲ့ ပြည်သူချစ်သော အနုပညာသည်များ ထဲ က မြို့မငြိမ်း ရဲ့ မင်းလက်ဝဲသုန္ဒရ လက်ရေးမူ ဆိုတာဟာ မြို့မငြိမ်း ရဲ့ လက်ရေးမူ အစစ် ဖြစ်ပါတယ် ။ ဒီ စာသား သက်သေများ ဟာ လက်ဝဲသုန္ဒရ ကို ပြဿနာ လို့ ထင်ရ လောက်အောင် ရှုပ်ထွေးစေသလို သက်သေခံ အဖြစ်လည်း ရှင်းလင်း အဖြေ ပေးပြီးပြီ လို့ လည်း စာရေးသူ ထင်ပါတယ် ။ မြို့မငြိမ်း ရဲ့ သီချင်း ရေးသားမှု ၊ ရေးပေးမှု အလေ့အထ ကို နားလည်ရင် ပိုပြီး တောင် ရှင်းသွားပါမယ် ။
မြို့မငြိမ်း ဟာ စစ်ကြိုခေတ် မတိုင်မီ ကတည်း က ဓာတ်ပြားလောက စာရင်း ဝင် ဂီတစာဆို တစ်ယောက် ဖြစ်ခဲ့တယ် ။ ဒီထက် အခြေခံ ကျတာက မြို့မတူရိယာ အသင်းကြီး ရဲ့ ပင်တိုင် သီချင်းရေးသူ တစ်ဦး လည်း ဖြစ်တယ် ။ စီးပွားရေး ဓာတ်ပြား လုပ်ငန်းရှင်များ နဲ့ အကြောင်း သင့်ရင် ရေးပေးခဲ့တဲ့ ဓာတ်ပြား သီချင်းများ ရှိသလို သူ့ မြို့မအသင်း အတွက် လည်း ပွဲနေပွဲထိုင် ၊ ကြည့်ချင်ပွဲများ အတွက် စဉ်းစား ရေးသား ပေးရတာမျိုး လည်း ရှိတယ် ။
လူထုဒေါ်အမာ ရဲ့ ပြည်သူချစ်သော အနုပညာသည် စာအုပ် ထဲ က မြို့မငြိမ်း ရဲ့ လက်ရေးမူရင်း ဆိုတာ အထက်ပါ အယူအဆ ကို အပြည့်အဝ ထောက်ခံ နေသလိုပါပဲ ။ အငြင်းပွားဖွယ် ဖြစ်တဲ့ စန္ဒရား ကိုလှထွတ် နဲ့ မာမာအေး တို့ ရဲ့ လက်ဝဲသုန္ဒရ အသံသွင်း ခွေ ထွက်လာတဲ့ အခါ မြို့မ က ဆိုနေကျ ၊ ကြားနေကျ လက်ဝဲသုန္ဒရ နဲ့ စာသား ကွဲလွဲမှု တေးသွား ကွဲလွဲမှုတွေ ရှိလာတော့ ပရိသတ် ဇဝေဇဝါ နားမလည်ဘဲ ဖြစ်ခဲ့ကြတယ် ။ ကျွန်တော့် အတွေ့အကြုံလေးတွေ တင်ပြပါရစေ ။ ဒီ ဇဝေဇဝါ နားမလည် ဖြစ်ကြရတဲ့ အထဲ မှာ မြို့မငြိမ်း ရဲ့ လက်ရင်း တပည့်ကြီးများ ဖြစ်တဲ့ မြို့မ စင်ပေါ်မှာ ဒီ သီချင်း ဆိုနေဆဲ ဖြစ်တဲ့ ဦးသိန်းတန် ၊ ဦးဖူးအံ့ တို့ တောင် ပါ နေပါတယ် ။ မြို့မငြိမ်း သား ဖြစ်တဲ့ ကျွန်တော့် ကို “ အဲဒါ .. ဘယ်လိုလဲ မောင်ရွှန်း ” လို့ အမေး ခံခဲ့ရဖူးတယ် ။ အဲဒီ အချိန်က ကျွန်တော် ဂီတသက် နုသေးတော့ ကျွန်တော့် အဖြေ ကျေနပ်ဖွယ် မရှိ ၊ မရေလည်ခဲ့ဘူး ။ ပြီးတော့ တစ်ခါ က မြို့မစီးရီး ရန်ကုန် ကို သွား သွင်းရင်း တေးဥယျဉ် အသံသွင်း စတူဒီယို မှာ ဂီတစာဆို ကိုလေးလွင် နဲ့ တွေ့ တော့လည်း အမေး ခံရဖူးတယ် ။ “ ကိုရွှန်း ... ကိုလှထွတ် လက်ဝဲသုန္ဒရကြီး က ဘယ်လိုလဲ ” တဲ့ ။ ကျွန်တော် မှတ်မိ သလောက် အဲဒီတုန်း က ကျွန်တော့် တုံ့ပြန်မှု က “ ကိုလှထွတ် လည်း ပစ်စလက်ခတ် လုပ်တတ်တဲ့ သူ မဟုတ်ပါဘူး ။ စည်းကမ်းစနစ် ကြီးသူပါ ၊ တစ်ခုခု အခိုင်အမာရှိပါ လိမ့်မယ် ” လို့ အဖြေ ပေးခဲ့ဖူးတယ် ။
ဒီတော့ ပရိသတ် နား မလည်နိုင်အောင် ဖြစ်နေတဲ့ ကိစ္စ ကို သီချင်းရှင် မြို့မငြိမ်း မျိုးဆက် ကျွန်တော် အတွေ့အကြုံ အယူအဆလေးတွေ နဲ့ တင်ပြ ဆွေးနွေးပါမယ် ။ အဆုံးအဖြတ် ပေးတာ ပေးမှာ မဟုတ်ပါဘူး ။ မြို့မ ရဲ့ လက်ဝဲသုန္ဒရ က တော့ မြို့မ ကပဲ အရင်းခံ ဖြစ်ပါလိမ့်မယ် ။ ၁၉၆ဝ ခုနှစ် ပတ်ဝန်းကျင် လောက် က ကျွန်တော်တို့ မိသားစု နေထိုင်ရာ မန္တလေးမြို့ ၂၈ လမ်း ၊ ၈၀ နဲ့ ၈၁ လမ်းကြား တရုတ်တန်းအိမ် ၊ ကျွန်တော် နေတဲ့ နောက်ဖေးအိမ်လေး မှာ စန္ဒရား တစ်လုံး ရှိပါတယ် ။ ဓားတန်း ဦးသန့် ရဲ့ စန္ဒရား ပါ ။ မြို့မငြိမ်း ကတော် ကျွန်တော်တို့ အမေ ဒေါ်သန်း ရဲ့ အကူအညီ တောင်းခံမှုနဲ့ မြို့မငြိမ်း သီချင်းများ ရှာဖွေ တီးခတ် စုဆောင်း ၊ အသံသွင်းယူဖို့ ၊ စန္ဒရား သိမ်းမောင် လည်း တီးဖို့ ပို့ခဲ့ဖူး ပါတယ် ။ စန္ဒရားလေး ရှိတော့ မြို့မအသင်း အစောဆုံး စန္ဒရား ဆရာကြီး ဦးဘဒင် ( မြို့မ ဥက္ကဋ္ဌ လည်း လုပ်ခဲ့ဖူးပါတယ် ) နဲ့ သမီး မအေးမိ တို့ လည်း ရောက်ကြတယ် ။ မအေးမိ က အဆို ၊ ဦးဘဒင် အတီး နဲ့ မှတ်မိသလောက် မန္ဒာလီ သီချင်း ရဲ့ အဆိုအတီး ကို စတင် ကြားဖူးပါတယ် ။ ဒီ မတိုင်ခင် ကတော့ ဒီ သီချင်း ကို ဦးသိန်းတန် ရဲ့ မူးတူးတူး ရီဝေဝေ မိန်းမဆိုပေါက် နဲ့ လက်ဖျောက်ကလေး စည်း လိုက်ရင်း အဆို သက်သက် ကြားဖူးတယ် ။
ဒီ ခေါင်းစီး ရဲ့အောက် မှာ သက်ဆိုင်တဲ့ အချက် ကို ပြောချင်တာ တစ်ခု အတွ အဲဒီ အချိန်ဆီ ကျွန်တော် အတွေး ရောက် သွားပါတယ် ။ ကျွန်တော့် အိမ်ခန်းလေး ထဲက စန္ဒရား မှာ ဦးလေးဒင် ၊ လေးသိမ်း ( စန္ဒရား ကိုသိမ်းမောင် ) အပြင် ကိုအေးမောင် ၊ ကျွန်တော်တို့ အခေါ် ရွဲ့အေးမောင် ( မျက်စိတစ်ဖက် သာမန် မဟုတ်ဘဲ ချို့ငဲ့ နေလို့ ) ကို လည်း ပြန်လည် မြင်ယောင် မိပါတယ် ။ သူ့ ကို အဓိက ထား ပြောမှာပါ ။ ကိုအေးမောင် ဟာ မြို့မငြိမ်း စန္ဒရား လက်ထပ် သင်ပေးခဲ့တဲ့ တပည့်ရင်း ၊ ဆရာရင်း ပါ ။ ဉာဏ်ကောင်း ထက်မြက်တယ် ။ အနုပညာ ဗီဇ အား ကောင်းတယ် ။ မြို့မငြိမ်း ရဲ့ စန္ဒရား လက်စွဲ လည်း ဖြစ်ပါတယ် ။ မြန်မာသီချင်းကြီး ၊ သီချင်းခံ အခြေခံ ကောင်းကောင်းနဲ့ နိုင်ငံခြား စန္ဒရားကျုတာ စာအုပ်များ ကို ပြီးပြီးပြတ်ပြတ် တီးခဲ့သူပါ ။ သူတို့ ခေတ် က ခေတ်ဟန် ၊ ဗိုလ်ဟန် တေးသွားများ ကို Left Hand Accompaniment ဘယ်လက် တွဲအဖက် မှန်မှန် Bass , Rhythm , Chord တွေ ပေးပြီး တီးခတ်လေ့ ရှိပါတယ် ။ အဲဒီ ခေတ် က အနောက်တိုင်းဂီတ ၁၉၃ဝ - ၁၉၃၅ ခုနှစ် ပတ်ဝန်းကျင် ရဲ့ ကူးစက်လွှမ်းမိုးမှု အငွေ့အသက်ပါ Fox Trot နဲ့ Jazz စတိုင် တီးခတ်မှု တွေပါ ။ ကျွန်တော်တို့ နိုင်ငံ ခေတ်ဟောင်း ဓာတ်ပြား လောက မှာ ဆရာ အေဝမ်းခင်မောင် အများဆုံး တီးခတ် ခဲ့ပါတယ် ။
ကိုအေးမောင် ကို သတိရတာ က သူ နဲ့ ပတ်သက်တဲ့ သီချင်း တစ်ပုဒ် ကြောင့်ပါ ။ ကျွန်တော့် အခန်း က စန္ဒရား မှာ စုပေါင်း ဆိုတီး ဖြစ်ခဲ့ကြတဲ့ သီချင်းတွေ ကို Tape ( တိပ်ခွေ ) နဲ့ အသံ သွင်းခဲ့ကြတယ် ။ မေရှင် မူရင်း ဆိုတဲ့ “ မင်္ဂလာမောင်မယ် ” ကို အုပ်ကြီး ( ဒါရိုက်တာ ဝင်းဖေ ) ရဲ့ သြဇာမြောက်တဲ့ အသံဝါဝါကြီး နဲ့ ဆိုတဲ့ အခံ့အညား မင်္ဂလာမောင်မယ် သီချင်း လည်း ပါတယ် ။ မြို့မငြိမ်း သမီးလတ် ကျွန်တော့် အစ်မ အစ်မအေး က ပျို့မှတ်တမ်း ဆိုတယ် ။ ချစ်လွန်းတင် ဆိုတယ် ။ ဆေးကိုသန်းမောင် က မေတ္တာမိုးရေ နဲ့ နွယ်စိမ်း ဆိုတယ် ။ အတော် ကောင်းတယ် ။ မြို့မ က ဆိုက်ဆိုဖုန်း တူရိယာ မှုတ်သူ ဖြစ်ပြီး ဂီတ ကို အခြေခံတကျ နားလည်တော့ အသံ လည်း သိ ၊ မြို့မ က မို့ မြို့မဟန် လည်း သိသူပါ ။ ဒိုးတီး ကိုထွန်းရင် တို့ ၊ ဖွေးလက် ကိုဗစိန် တို့ ၊ ကိုညွန့်ဝေ တို့ ၊ ဆေး ကိုသန်းမောင် တို့ လည်း မြို့မငြိမ်း နဲ့ မြို့မ လက်ထွက်များ ဖြစ်ကြလို့ ဒီ သီချင်းများ ဆိုရာမှာ သူ့ အသံ ၊ သူ့ ဆိုဟန် နဲ့ ကောင်းကြတာချည်းပါပဲ ။ မဆီမဆိုင် အဆစ် အနေနဲ့ မိတ္ထီလာ က မန္တလေး ကို ရောက် နေတဲ့ မြို့မငြိမ်း တူမ ကျွန်တော့် ဇနီး မြမြ ( မြမြမိုး ) လည်း ကိုဘိုခင် ရဲ့ ၅၂၈ သီချင်း ပါ အသံ သွင်းဖြစ်ခဲ့ကြတယ် ။ ဒါတွေ ကို စန္ဒရား ကိုသိမ်းမောင် စန္ဒရား တီး ပေးပါတယ် ။ ပြောချင်တာ က ကျောက်မဲ ၊ သီပေါ မှာ အနေ များတဲ့ ရွဲ့အေးမောင် လည်း ဒီ ဆုံစည်းမှု မှာ ပါပြီး ကိုယ်တိုင် ဆိုတီး ဖြစ်တဲ့ မြို့မငြိမ်း ရဲ့ နန်းမြို့တော် နဲ့ လက်ဝဲသုန္ဒရ သီချင်း များ ဖြစ်ပါတယ် ။
ကိုအေးမောင် ဟာ တစ်ချိန် က မြို့မ အသင်းသား ပင်တိုင် စန္ဒရား ဆရာ တစ် ယောက် ဖြစ်ပြီး အကြောင်း တစ်ခုကြောင့် အသင်းပိုင် Clarinet ကို ရိုက်ချိုးခဲ့မိရာ က အသင်း နဲ့ အနေ ဝေးပြီး ကျောက်မဲ ၊ သီပေါ ဘက် ကို ရောက်ရှိသွားပါတယ် ။ ဒေသ ရဲ့ သဘာဝ အရ ဘိန်းသုံးစွဲမှု ရှိလာပြီး ဘဝ ပြဿနာ ခံစားချက် အဖုံဖုံ ကို ဘိန်းသုံးစွဲရင်း အဖြေ ရှာခဲ့တဲ့ အချိန်တွေ နဲ့ ကုန်လွန်ခဲ့ပါတယ် ။ မြို့မငြိမ်း ကွယ်လွန်ပြီး မန္တလေး ရှိ သူ့ ဆရာကတော် နဲ့ ကျွန်တော်တို့ မိသားစု ရှိရာ ပြန် လာပြီး ဘိန်းဖြတ်တယ် ။ မာစတာ ( ဆရာ ) အတွက် အကျိုးပြုနိုင်မယ့် ကျေးဇူးဆပ် လုပ်ငန်းတွေ လုပ်မယ်ဆိုတဲ့ ရည်ရွယ် ချက် နဲ့ပါ ။ သူ တီးခတ် သီဆိုတဲ့ သီချင်း နှစ်ပုဒ် အနက် လက်ဝဲသုန္ဒရ ဟာ ဒီ ခေါင်းစီး နဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ် ။ လက်ဝဲသုန္ဒရ ကို ကျွန်တော် တို့ နဲ့ နီးနီးကပ်ကပ် ရှိတဲ့ မြို့မအဆိုတော် ဦးသိန်းတန် ထံ မှ တစ်စွန်းတစ်စ ကြားဖူးခဲ့တယ် ။ ဦးသိန်းတန် က အသံ အတက်အကျ Pitch ကို လိုအပ်သလို ဆိုတတ်လို့ သံကျ Melody မှန်သော် လည်း သံရောက် Pitch လွဲ နေတာတွေကြောင့် လက်ဝဲသုန္ဒရ ဟာ သူ့ ရဲ့ အာလျှာ မှာ အနုပညာ မမြောက်ပါဘူး ။ သူ က လျှာသွက် အာသွက် စာပေါင်ပဲ့ပဲ့ အားနဲ့ မာန်နဲ့ ဟာသဆန် တဲ့ သီချင်းများ နဲ့ ပို လိုက်ပါတယ် ။ ဥပမာ - တကြိုက်ထဲကြိုက် ၊ ဘင်ဂျို ၊ လှကြစမ်းဗျာတို့ ၊ မေဓာဝီ ၊ ရှုမဝ လူပျိုသိုး ၊ အိုလံပစ် တို့လို သီချင်းမျိုးတွေပေါ့ ။
ကိုအေးမောင် ကတော့ ပင်ကို ပုံသဏ္ဌာန် ကိုက ခပ်အေးအေး ၊ အလွမ်း ဖက်လေ့ ရှိတယ် ။ စကားပြော နှေး တွေးဆ နေတတ်သူဖြစ်တယ် ။ သူတို့ ဆရာ ( မာစတာ ) ရဲ့ နေထိုင်ပြောဆိုမှု ဟန်ပန် ကို လည်း နှစ်သက်ကူးစက် ရယူလိုဟန် ရှိတယ် ။ သူ တင် မဟုတ်ပါဘူး ဆရာငြိမ်း တပည့်တွေ ကိုမြမောင် ၊ ကိုပေါ ၊ ကိုဘိုခင် ၊ ကလာရီနက် ကိုကိုလေး တစ်ယောက် တစ်မျိုး ဒီ သဘော သဘာဝ တွေ ကို တွေ့ရတတ်ပါတယ် ။ ကိုအေးမောင် ရဲ့ အနေအထိုင် မူဟန် နဲ့ မြို့မငြိမ်း ရဲ့ လက်ဝဲသုန္ဒရ သီချင်း ကိုယ်တိုင် တီးခတ် သီဆိုမှု ဟာ အလွန် လိုက်ဖက် ပါတယ် ။ စန္ဒရားကျူတာ တီးတဲ့ လက် ဖြစ်လို့ စန္ဒရား ခလုတ် ပေါ်က သူ့ လက်တွေ ဟာ လှုပ်ရှား တီးခတ်တယ် လို့ မထင်ရ လောက် အောင် စနစ်ကျ ညင်သာလှတယ် ။ လက်ဝဲသုန္ဒရ တီးခတ် သီဆို နေစဉ် မှာလည်း စန္ဒရားခလုတ်များ ပေါ် သီချင်းတေးသွား တီးကွက် ပုံဖော်ရင်း စာသား သဘော လက်ဝဲသုန္ဒရ ရဲ့ ဘဝထဲ အာရုံ စူးနစ် ဝင်ရောက် နေဟန် စန္ဒရား Finger Board ကို မကြည့်ဘဲ ခေါင်းမော့ ထား ကာ မျက်စိ မှေးပြီး ခံစား သီဆိုတယ် ။ အသံသွင်းယူ ခဲ့တဲ့ တိပ်ခွေ က မန္တလေးမြို့ ၁၉၈ဝ ခုနှစ် မီးဘေး မှာ ရုတ်တရက် ရွှေ့ပြောင်းရင်း ၊ အိမ်ရှေ့ ရေမြောင်း ထဲ ကျပြီး ပျက်စီး ခဲ့ရတယ် ။ မြို့မငြိမ်း လိုချင်တဲ့ မြို့မတီးဝိုင်း အတွက် ရည်ရွယ်ကန့်သတ် ထုတ်ရေး ပေးခဲ့တဲ့ လက်ဝဲသုန္ဒရ သီချင်း ဟာ သူ့ တပည့် ရင်း ကိုအေးမောင် က အနေနီး ကနဦး လက်ထပ်လို ဖြစ်တာကြောင့် Original ကို သူ လို့ပဲ ယူဆရင် သင့်မြတ်ပါမယ် ။ ဒါ ကျွန်တော့် ဂီတ အယူအဆပါ ။
စန္ဒရား ကိုလှထွတ် နဲ့ မာမာအေး တို့ရဲ့ လက်ဝဲသုန္ဒရ သီချင်း ကို ပြောရ အောင် ။ ဒီ သီချင်း ကို ပထမဆုံး ကျွန်တော် နားထောင်ရတာ က George ကိုကိုကြီး ( မြို့မချစ်သူ ) ရဲ့ မန္တလေး လျှပ်စစ်ပစ္စည်းကုန်တိုက် ( ယခု အင်းဝဘဏ်တိုက် နာရီစင်ထောင့် ) သူ့ မန်နေဂျာ အခန်း အပေါ်ထပ် မှာ သူ ဖွင့်ပြလို့ စတင် နားထောင်ခဲ့ ဖူးပါတယ် ။ အဲဒီ အချိန် မှာ အဲဒီကို ရောက်နေတဲ့ မြို့မ ဝန်းကျင် မှ မြို့မအသင်းသားများ ဖြစ်တဲ့ ဖွေးလက် ကိုဗစိန် ၊ ဆေး ကိုသန်းမောင် ၊ ကိုညွန့်ဝေ ၊ ကိုကောင်းညွန့် တို့ ရဲ့ မှတ်ချက်များ ကလည်း အသွားတွေ ၊ စာသားတွေ လွဲ နေတယ်ပေါ့ ။ နောက်ပိုင်း ကျွန်တော် ဂီတ လိုက်စားမှု ဝါလေး ရင့် လာတဲ့ အခါ မြင့်မြင့် ပျံတဲ့ ငှက် လို ဝေးဝေး ကို ဆန့်ထုတ် မြင်တတ်တဲ့ အလေ့အကျင့်ကောင်း ရလာခဲ့တယ် ။ ဒီ ဆောင်းပါး တစ်နေရာ မှာ ဂီတစာဆို ကိုလေးလွင် ရဲ့ အမေး ကို ကျွန်တော် တုံ့ပြန် ဖြေကြားခဲ့တဲ့ စန္ဒရားကိုလှထွတ် တီးခတ်တဲ့ လက်ဝဲသုန္ဒရ နဲ့ ပတ်သက်တာ ကို ပြောခဲ့ပါတယ် ။
ကိုလှထွတ် ဟာ တစ်ချိန်က မြန်မာ့အသံ ဝန်ထမ်း ဖြစ်ဖူးလို့ မာမာအေး ကလည်း ထို့နည်းတူ ဖြစ်လို့ မြန်မာ့အသံ ဓာတ်ပြားတိုက် မှာ မလွဲမသွေ ရှိနေမယ့် လက်ဝဲသုန္ဒရ အမည် မဟုတ်တဲ့ မူရင်း ဓာတ်ပြား အမည် မဲဇာရွှေလီ ဟာ သူတို့ အဖို့ အတွေ့အသိ ဦး ဟန် တူပါတယ် ။ လက်ဝဲသုန္ဒရ အနေ နဲ့ အမှတ်မှား အမည်တွင် တဲ့ သူတို့ နှစ် ဦးရဲ့ အနုပညာ ကြိုးပမ်းမှု ဟာ လေဘာတီ မမြရင် ဆိုတဲ့ မဲဇာရွှေလီ ဓာတ်ပြား ပါပဲ ။ လေဘာတီ မမြရင် က တေးသွားသံ ပီပီ စာသား ပီပီ ဟာဝေယံ ဂစ်တာ Rhythm များများ နဲ့ အတွဲအဖက် ပေး သီဆို ထားပါတယ် ။ လူထုဒေါ်အမာ ရဲ့ ပြည်သူချစ်သော အနုပညာ စာအုပ် မှာ ပါတဲ့ မြို့မငြိမ်း ရဲ့ Orginal လက်ရေး မူ မှ အောက်ဆုံးအပိုဒ် မှ စာသားတွေ တွေ့ရမှာပါ ။ ဒါပေမဲ့ သီချင်းရေးသူ မြို့မငြိမ်း က ဓာတ်ပြားသီချင်း အတွက် သီချင်း ကန့်သတ်ဖဲ့ထုတ် စီစဉ် ပေးလိုက်ပုံပါပဲ ။ ကျွန်တော့် အယူအဆပါ ။
မြို့မမူ လက်ဝဲသုန္ဒရ ကတော့ မူရင်း ရတုပုံစံ “ မဲဇာတောင်မြေ - ပွဲခါညောင်ရေ - သဲသာသောင်မြေ ” ဆိုတဲ့ သဘော နဲ့ ရတုအင်္ဂါ ညီ သလို သီချင်း ကို လည်း အပိုဒ်ခွဲ အချိုးညီ စီစဉ်ဟန် တူပါတယ် ။
ဒါက မြို့မမူ မြို့မ တီးခတ်တဲ့ လက်ဝဲသုန္ဒရ နဲ့ လေဘာတီမူရင်း ကို စန္ဒရား လှထွတ် နဲ့ မာမာအေး တို့ တီးခတ် သီဆို ထုတ်လုပ်တဲ့ မဲဇာရွှေလီ တို့ ကို ပြန်လည် တူးဆွ ရှင်းလင်း ယူဆချက်ပါ ။ မာမာအေး က “ လက်ဝဲသုန္ဒရ ” ခေါင်းစဉ် နဲ့ လည်း မြို့မ ကိုပေါ စီစဉ်တဲ့ စီးရီး တစ် ခုမှာ သီဆို ဖူးတယ် ။ ဒီတော့ နှစ်မူ စလုံး ကို သီဆိုဖူးတဲ့ သူ လည်း ဖြစ်တယ် ။ ဒါနဲ့ ပတ်သက်လို့ ၈ . ၆ . ၂ဝ၁၃ ခုနှစ် ၊ မန္တလေး မြို့တော်ခန်းမ ( ၁ ) မှာ ကျင်းပတဲ့ “ မာမာအေး တစ်ကိုယ်တော် ” ဖျော်ဖြေရေး အစီအစဉ် အတွက် မြို့မအသင်း မှာ တီးလုံးတိုက်စဉ် ကျွန်တော့် အစ်မ လို ဖြစ်တဲ့ သူ့ ကို “ ငါ့ အစ်မ ဒါလေးတော့ အကြောင်းသင့်တုန်း ရှင်းကြဦးစို့ ” လို့ ပူဆာခဲ့ပါတယ် ။
မြို့မလက်ဝဲသုန္ဒရ မူ မှာ စန္ဒရား ကိုအေးမောင် ရဲ့ တွေးတွေးငေးငေး ခံစားချက် နဲ့ သီဆိုတဲ့ နောက်ဆုံးပိုဒ် ပွဲညောင်ရေ စာပိုဒ် မှာ -
“ သည်ဆီရွှေနန်း ဖြောင့်တန်းမယ် သည်အနေ စိတ်မှာထင်မြင် ဦးတင်ပါ သဖျ ..” ဆိုတဲ့ စာပိုဒ် ၊ ဆိုသံ ၊ ဆိုဟန် ၊ ကိုယ်တိုင် တီးခတ် ၊ စန္ဒရား တွဲဖက်လိုက်ဟန် တို့ဟာ အကစား မက် အပျော် မက် တဲ့ ကျွန်တော် လို လူပျိုပေါက် အရွယ် တစ်ယောက်ရဲ့ ရင် ထဲ တောင် “ လွမ်းရသ ” ခံစားချက် ဟာ စူးနင့်ပင့်ဆို့ လောက်အောင်ပါပဲ ။
စန္ဒရား ကိုလှထွတ် နဲ့ မာမာအေး တို့ရဲ့ မဲဇာရွှေလီ သီချင်း မှာတော့ ကိုလှထွတ် ရဲ့ မြို့မငြိမ်း ရေးတဲ့ မူရင်း တေးသွား အပေါ် တေးသွား ရသ မပျက် သူ့ ရဲ့ စန္ဒရား လက်ကွက် ဖန်တီးမှု ဟာ အဲဒီ ခေတ် က နားဆင်သူ ကို ဖျတ်ခနဲ ညွတ်နူးရ လောက်အောင် ဖမ်းစား နိုင်ပါတယ် ။ စတင် နားထောင်ခဲ့ရ စဉ် ကပင် ကျွန်တော် အလွန် သဘောကျတယ် ။ သူ က လည်း သာမန် မဟုတ်တဲ့ နှစ်ဖက်ရ ဂီတသမား ။ မြန်မာမှ ကမ္ဘာ့ဂီတ ကို လှမ်း မျှော် လိုက်စားတတ် သူမို့ စန္ဒရား လက်ကွက်တွေ မှာ နှစ်လိုလက်ကြွယ် ခေတ်ဆန်တဲ့ မြန်မာ့ စန္ဒရားသံလေးများ ကို စီကာ ရီကာ ဂီတ ပုတီးကုံးလေးများ သဖွယ် ချစ်စရာ တီးကွက်များ ဖန်တီးတတ် သူပါ ။ စန္ဒရားကိုလှထွတ် လက်သံ ကို အာရုံစိုက်တော့ အဆိုတော် မာမာအေး အသံ မေ့ပြီး ၊ တစ်ဖန် မာမာအေး ရဲ့ အဆိုသံ ကို အာရုံစိုက် တော့ စန္ဒရား အကူအပံ့ ကို မေ့ရ ပြန်ပါတယ် ။
မာမာအေး က လည်း မာမာအေး ပါပဲ ။ လေဘာတီ မမြရင် ရဲ့ အဆိုသံ ၊ အဆိုဟန် ကို အထက်က နေရာမှာ ဖော်ပြထားပြီးပါပြီ ။ မာမာအေး ရဲ့ မဲဇာရွှေလီ ဆိုသံကတော့ အဲဒီ အချိန်က အရွယ်ကောင်း မို့ နုပျိုလတ်ဆတ် နားဝင်ပီယံ ဖြစ်လွန်းလှပါတယ် ။ ဒါပေမဲ့ ပိုထိမိ အားကောင်း နေတာက သူမ ရဲ့ အဲဒီ အချိန်က အရွယ် နဲ့ မလိုက်တဲ့ အနုပညာ ဖန်တီးမှုပါ ။ နုပျို ငယ်ရွယ်စဉ် အဆိုရှင် ဖြစ်ပေမဲ့ မဲဇာရွှေလီ မှာ အဝေးရောက် အပြစ်ဒဏ် ကျနေတဲ့ မင်းလက်ဝဲသုန္ဒရ ရဲ့ ခံစားချက် ကိုတော့ သူမ လည်း ဆို့ဆို့နင့်နင့် ဆိုနိုင်ပါတယ် ။ အသံသွင်း တိပ်ခွေ ၊ CD များ ရှိပြီးမို့ ကိုယ်တိုင် ခံစား နားဆင် လေ့လာ နိုင်ပါလိမ့်မယ် ။
လက်ဝဲသုန္ဒရ နဲ့ မဲဇာရွှေလီ ကို ကျွန်တော့် ရဲ့ မြို့မငြိမ်း မြန်မာသီချင်းများ MYOMA NYEIN MYANMAR CLASSICS သီချင်းစာအုပ် မှာ မူ နှစ်ခုလုံး ထည့် သွင်းမယ် လို့ ရည်ရွယ်ပါတယ် ။ ကျွန်တော့် ဂီတကျမ်း က Piano Pieces စန္ဒရားကွက် များ ဖြစ်လို့ ဒီ သီချင်း နှစ်ပုဒ် အတွက် Piano Pieces စန္ဒရားတီးကွက် လိုပဲ အဓိက ထားပါတယ် ။ တစ်ခု က လက်ဝဲသုန္ဒရ သီချင်း အနေနဲ့ မြို့မမူ ။ Chorus ပိုဒ်မှာတော့ Fox Trot Rhythm နဲ့ စွက်ဖက် တီးခတ်ပါတယ် ။ မဲဇာရွှေလီ သီချင်း မှာ တော့ ကိုလှထွတ် ရဲ့ စန္ဒရား လက်သံ ၊ စန္ဒရား လက်ကွက်များ ပါရှိပြီး မို့ ကွယ်လွန်သူ နောင်တော် ကြီး ကိုလှထွတ် အတွက် အသက်ရှင်ဆဲ ဂီတသမား ညီတော်မောင် တစ်ယောက် ရဲ့ ဂီတဂါရဝ မှတ်တမ်း တစ်ခု အဖြစ် ကြိုးပမ်းခြင်းပါ ။ ကျွန်တော့် Project မှာ နောင်တော်ကြီး ရဲ့ ကြည်နူး နှစ်လိုဖွယ် မဲဇာရွှေလီ သီချင်း ရဲ့ စန္ဒရားတီးကွက် ကို အခြေခံ ထား ပါတယ် ။ တချို့လည်း ကျွန်တော် တတ်စွမ်းသလို Computer Pianist ကျွန်တော့် အနေနဲ့ တီးခတ် ဖြည့်စွက်ပါတယ် ။
မြို့မငြိမ်း မြန်မာသီချင်း မှာ MYOMA NYEIN MYANMAR CLASSICS PROJECT ရဲ့ အဓိက ကို က မြို့မငြိမ်း ရဲ့ မြန်မာသီချင်းများ ကို နိုင်ငံတကာသုံး သင်္ကေတ ( Staff Notation ) နဲ့ ပြုစုကာ အသုံးချ ဂီတကျမ်းစာအုပ် နဲ့ ဂီတပညာရေး Music Education အတွက် ရည်ရွယ်တဲ့ CD ခွေ တစ်ခု ။
ယင်း ကျမ်းတွင် ပါသော တေးသီချင်းများ ကို Piano Piec eသဘောနဲ့ သော် လည်း ကောင်း ၊ မြို့မတူရိယာအသင်း ၏ မူဟန် နှင့် သော် လည်းကောင်း မြို့မငြိမ်း အာသီသ ဖြစ်တဲ့ Symphony တီးဝိုင်းပုံစံ နဲ့ တီးခတ်မယ့် “ ဂီတဖျော်ဖြေမှု ” Music Entertainment အတွက် CD ခွေ တစ်ခု ၊ ပေါင်း နှစ်ခွေ ပါပါ့မယ် ။
ဒီတော့ ကျွန်တော့် Project ဖြစ်တဲ့ မြို့မငြိမ်း မြန်မာသီချင်းဂီတကျမ်း မှာ Piano Piece ဟာ အဓိက ဖြစ်ပြီး တီးခတ်သုံးစွဲသူ Users စန္ဒရားဝါသနာရှင်များ အနေနဲ့ ဂီတကျမ်း ပါ ကမ္ဘာသုံး ဂီတသင်္ကေတ နဲ့ ရေးထားတဲ့ သီချင်းများ ကို ဖတ်ရှု တီးခတ် လေ့ကျင့်ပြီး တစ်ဦးချင်း လည်း Solo တီးနိုင်ပါမယ် ။ ကျွန်တော် Computer Pianist စန္ဒရား အစား လိုပဲ CD မှာ ပါတဲ့ Symphony တီးဝိုင်း ပုံစံတွေ နဲ့ တီးထားတဲ့ တီးဝိုင်းတွေမှာ ဝင်ရောက် တီးခတ် နိုင်ပါတယ် ။ မြို့မငြိမ်း ရဲ့ စာဆိုခံလလုံး ၊ မဲဇာရွှေလီ ၊ မေဓာဝီ ၊ မေတ္တာမိုးရေ စတဲ့ သီချင်းတွေ မှာ ပုံစံ အမျိုးမျိုး တွေ့နိုင်ပါတယ် ။
ဒီ ခေါင်းစီး အောက်မှာ မရှိဘဲ ကြားဖြတ် ပြောလိုတာ က စာဆိုခံလလုံး သီချင်းပါ ။ “ စာဆိုခံလလုံး ” အနေနဲ့ က ရှိသမျှ ၊ နားထောင်ခဲ့ ဖူးသမျှ အသံသွင်းခွေများ နဲ့ ပြင်ပ ကျွန်တော် ကြားဖူးသမျှ အတွေ့အကြုံများ အနက် အသင့်တော်ဆုံး အကြိုက်ဆုံး လို့ ဆိုရမယ့် မြန်မာတို့ ဧရာဝတီ စီးရီး က ရီရီသန့် အဆို နဲ့ ကိုရီနွယ် စန္ဒရား အတီး ကို ရွေးချယ်ထားပါတယ် ။ ကျွန်တော့် ရည်ရွယ်ချက် က စန္ဒရားအတီးပညာရှင် နောင်တော်ကြီး ကိုရီနွယ် ကို အမှတ်တရ သူ့ရဲ့ Piano Solo Pieces စန္ဒရား လက်စွမ်းပြ တီးကွက် များ ကို မှတ်တမ်းတင် ဂုဏ်ပြု လိုခြင်းပါ ။ ဒါပေမဲ့ ကျွန်တော့် ရဲ့ ဂီတရူးသွပ်မှု ဟာ မြို့မငြိမ်း ၊ ရွှေပြည်အေး တို့ က ကူးစက်လာတာ ဖြစ်တော့ နောင်တော်ကြီး ကိုရီနွယ် ကို စန္ဒရား အချီး နိဒါန်း Introduction မပြုစဉ် က ပင် Symphony ဟန် နဲ့ ဝိုင်းထဲ အရောက် ပို့ပေးပြီး မှ သီချင်းစ လက်စွမ်းပြ တီးခတ်စေပါတယ် ။ အနောက်နိုင်ငံ ဂီတပုံစံ ကတော့ စန္ဒရား ချည်း Piano Sonata လက်စွမ်းပြ ပုံစံ ဖြစ်ပါတယ် ။ ကျွန်တော်တို့ ယဉ်ကျေးမှု ၊ ကျွန်တော်တို့ ဂီတပုံစံ ကတော့ အတီး မှာ အဆို ပါပြီး အဆို မှာ အတီး ပံ့ပိုးမှ စာသား တေးသွား ရသမြောက်ကြတယ် ။ ဒါမျှမက Symphony တီးဝိုင်းသုံး တူရိယာပစ္စည်း ၊ တူရိယာပညာရှင် မရှိ မရ နိုင်တဲ့ ကျွန်တော်တို့ အဖို့ Computer က တူရိယာပစ္စည်း ၊ တူရိယာပညာရှင်တွေ ကြိုက်သလို တစ်ပြား မှ မပေးရဘဲ ခေါ်ယူပြီး ကျွန်တော်တို့ ရဲ့ ဝိုင်းဖွဲ့မှု Arungement ကို အသုံးချ တီးခတ်ကြတယ် ။ ကြီးကြီးကျယ်ကျယ် - မြန်မာ Piano Concerto လို့ ပြောရမလားပဲ ။ ဘယ်လိုပဲ ဖြစ်ဖြစ် စေတနာ စေ့ဆော်မှု နဲ့ ဂီတရူး တစ်ယောက် ရဲ့ ဂီတကြိုးပမ်းမှု လို့ မှတ်တမ်းတင်ပြု ပေးစေချင်တာလေး တစ်ခု ပါပဲ ။
မဲဇာရွှေလီ မှာတော့ စန္ဒရား ကိုလှထွတ် ရဲ့ အမှတ်ရဖွယ် လှလှပပ ချစ်စရာ စန္ဒရား တီးကွက်လေးတွေ ကို အခြေခံပြီး သူ့ကို လည်း အဆိုတော် မာမာအေး နဲ့ သီချင်းနိဒါန်း စန္ဒရားအဖြူး မစမီ ကတည်း က Symphony ဝိုင်းသံပေး စတင် ခဲ့ပါတယ် ။ စန္ဒရား လှထွတ် အသက် ပြန်ရှင်လာခဲ့မယ် ဆိုရင် သို့မဟုတ် ကျွန်တော် ရေးတဲ့ ကျွန်တော့် ဂီတကျမ်းပါ ဂီတသင်္ကေတ သူ့ စန္ဒရား တီးကွက် ကို တီးခတ်သူ User Pianist မည်သူမဆို ဖြစ်စေ တီးကြမယ် ဆိုရင် သီချင်း မစခင် သူတို့ လည်း မဲဇာရွှေလီ တောဆီ ကျွန်တော့် ရဲ့ စိတ်ကူးဖွဲ့ တီးလုံး များ နဲ့ အာရုံ ယူကြစေချင်တာပါ ။ မြို့မငြိမ်း လည်း ဒီလို စဉ်းစားမိကောင်းရဲ့ ပေါ့ ။ ကျွန်တော် ကြည်နူး ခံယူလိုတဲ့ ကိုယ့် ကိုယ် ကို အားပေးမှု မှာ ဓားတန်းဦးသန့် ၊ မြို့မငြိမ်း ၊ ရွှေပြည်အေး တို့ အသက်ရှင်စဉ် က ဖြစ်စေ ၊ တယော ကိုတင်ရီ တို့ ၊ ကျွန်တော် တို့ ... ဆိုတဲ့ ဂီတသမား အမျိုးအစားများ ဟာ Symphony ရူး အတော် ရူးခဲ့တယ် ။ ဒါကလည်း ရှားရှားပါးပါး ပါ ။ ဘာကြောင့်လဲ ဆိုတော့ ဒီ ရူးသွပ်လိုက်စားတဲ့ ဂီတ ပညာရွှေအိုး ဟာ ထမင်း မဖြစ်ခဲ့ဘူး ။ ဘဝ ရပ်တည်မှု ထမင်း စားဖို့တောင် အာမခံ မရှိဘူး ။ မြန်မာ့ဂီတ လောက မြန်မာဂီတသမား စစ်စစ်တွေ ဟာ ဒီ အာမခံချက်မဲ့ လမ်းခရီး ကို ခရီးရှည် လျှောက် ခဲ့ကြတယ် ။ သေတဲ့ အထိပေါ့ ။
ကျွန်တော်တို့ နိုင်ငံ နဲ့ ပတ်သက်လို့ Symphony Orchestra ဗဟုသုတလေး တွေ သတိရ မိတယ် ။ National Orchestra နိုင်ငံတော်သံစုံတီးဝိုင်း ကိစ္စပါ ပဲ ။ National Orchestra ကို စတင် ဖွဲ့စည်းပါ ၊ ဖွဲ့စည်းမယ် လို့ နိုင်ငံတော် အကြီးအကဲများ က နိုင်ငံအတွက် အလေးထား တန်ဖိုးထား ညွှန်ကြားခဲ့တယ် ။
နိုင်ငံ အတွက် ယဉ်ကျေးမှုရေးရာ ၊ ဂီတရေးရာ ကျေနပ် ဝမ်းသာစရာ စီမံချက် ပါ ။ ကျွန်တော့် ကို လည်း အစည်းအဝေး ဖိတ်လို့ တက်ရောက် ဖြစ်ပါတယ် ။ Symphony Orchestra မှာ ပါတဲ့ Wood Wind Instrument , Brass Instrument , String Instrument နဲ့ Percussive Instrument တူရိယာ ပစ္စည်း အမျိုးမျိုး ဟာ နိုင်ငံတော် သံစုံတီးဝိုင်း ဖြစ်လို့ နိုင်ငံတော် အဆင့် အနေနဲ့ မှာယူ ဝယ်ယူ နိုင်မှာမို့ နိုင်ငံ အတွက် အားရဝမ်းသာစရာကြီးပါပဲ ။ ဒီ အစည်းအဝေး ဖိတ်ကြား ခံရလို့ တက်ရောက်ရတဲ့ ကျွန်တော့် အနေနဲ့ ဝမ်းသာလိုက်တာလို့ အားရပါးရ ခံစားမိတယ် ။ ကျွန်တော့် အစ်ကို ( ကျွန်တော့် အထက် မြို့မငြိမ်း သားကြီး ) ကိုအောင်ခိုင် ( သန်းအောင်ခိုင် ) ရေးတဲ့ မြို့မငြိမ်း နှင့် သူ ၏ အနုပညာ စာအုပ် မှာ အလင်္ကာကျော်စွာ ဆရာ ရွှေပြည်အေး ရေးတဲ့ ဪ ... ကိုညိမ်း ... ကိုညိမ်း ... တကယ့်မြို့မငြိမ်း ဆောင်းပါး ကောက်နုတ်ချက် ပါရှိ ပါတယ် ။ ဒီ ဆောင်းပါး မှာ ဆရာရွှေပြည်အေး ရဲ့ Symphony ပီတိ နဲ့ ပတ်သက်ပြီး ဤသို့ ဖော်ပြဖူးပါတယ် ။
“ ဤအခါမှစ၍ ကိုညိမ်း နှင့် ကျွန်တော် တိုင်ပင်ဖော်တိုင်ပင်ဖက် ဖြစ်ပြီး အလွန်အမင်း ခင်မင်ရင်းနှီး အလုပ်ဌာနချင်း ခြားနား သော်လည်း နှစ်ယောက် အခါအခွင့် သင့်တိုင်း ပန်းဆိုးတန်း ရှိ ဝင်းဝင်းရုံ ( ယခင် စတားရုံ ) နှင့် မျက်နှာချင်းဆိုင် မှာ ထိုအခါ ( ဂေတီ ) ပျော်ပွဲစားရုံ၌ တွေ့ဆုံ စားသောက် ဂီတ အကြောင်း ဆွေးနွေးလေ့ ရှိကြပါသည် ။ သို့ကလို ဆွေးနွေးကြရင်း ကိုညိမ်း ၏ အူအသည်းနှလုံး နှင့် တူသော ဝမ်းတွင်း မှ မျိုသိပ်ထားသည့် စကားများ ကို ကြားရသည့် အခါ ကျွန်တော်မှာ အံ့အား သင့်လျက် နားထောင်ရင်း မှ ဟင်းခနဲ သက်ပြင်း ချလျက် ‘ ကိုညိမ်း ရာ ကျွန်တော့် အကြံနဲ့ တူလေခြင်းဗျာ ’ ဟု ထ၍ ဖက်မိပါတော့သည် ။ ထိုအကြံ ကား အခြား မဟုတ် ကမ္ဘာတစ်ခွင် ဗမာ ( Symphony ) တီးဝိုင်းကြီး ထည်ဝါစွာ ပေါ်ပေါက်လာရေး ဖြစ်ပါသည် ” ဟူ၍ဖြစ်၏ ။
ထပ်ဆင့်၍ ( ၁၉၂၅ - ၂ဝဝဝ ) ခုနှစ် မြို့မစိန်ရတု အထိမ်းအမှတ် ကျွန်တော် ပြုစုသော “ ကမ္ဘာသုံး သင်္ကေတ နှင့် မြန်မာ့မဟာဂီတ ၊ မြန်မာသီချင်း ” ဂီတကျမ်း တွ င်လည်း “ အဘ မြို့မငြိမ်းနှင့် ဆရာရွှေပြည်အေး တို့၏ အာသီသ ၊ ဆန္ဒခန့်ထည် ကြီးမားလိုက်ပုံက ရင်ချင်းဆက် တမျှ ထ၍ ဖက်ကာ တစ်ခုတည်းသော နှလုံးသားဖြင့် ၊ တစ်ခုတည်းသော ရည်မှန်းချက် ဖြစ်သည့် ...
“ မြန်မာ့ဂီတ အဆင့်မြင့် ခေတ်မီရေး နှင့် မြန်မာဂီတ သံစုံတီးဝိုင်းကြီး ပေါ်ပေါက် ရေးတည်း ဟူသော ကမ္ဘာ နှင့် ရင်ပေါင်တန်း လိုသော ၊ လူမျိုး၏ဂုဏ်သိက္ခာ ၊ လူမျိုး၏ ဂီတရေးရာ တိုးတက်မှုများ အတွက် အစီအမံကောင်းများ ၊ အစီအစဉ်ကောင်းများ ကို မျိုးဆက်အလိုက် ကြိုးစားနိုးကြားစေလိုသော ထပ်တူညီမျှ စေတနာ အဝဝ နှင့် အဆင့်ဆင့် ပန္နက်ချလိုခဲ့ခြင်းပင် ဖြစ်ပါသည် ” ဟူ၍ ဖော်ပြရေးသားခဲ့ဖူးပါသည် ။
ဒါက မြန်မာ့ဂီတလောက ရှေ့တန်း Pioneer လမ်းညွှန် ဂီတသမားကြီးများ ဖြစ်ကြတဲ့ ( စာရေးသူ က “ ရင်ချင်းဆက် ဂီတအမြွှာ ” လို့ အမည် ပေးချင်တဲ့ ) သူတို့ ကို “ Symphony အတွေးအစ မြို့မငြိမ်း နဲ့ ရွှေပြည်အေး တို့ က ” လို့ ဖော်ပြလိုခြင်းပါ ။
ကျွန်တော့် ကို ဖိတ်ကြား ခံရလို့ တက်ရောက်ခဲ့ရတဲ့ National Orchestra ပဏာမ အစည်းအဝေးကြီး ကတော့ ပြန်ကြားရေးဌာန မြန်မာ့အသံခန်းမ တစ်ခုမှာ ကျင်းပခဲ့ပါတယ် ။ ဦးစီးနာယက အနေ နဲ့ အဲဒီအချိန် က ပြန်ကြားရေးဝန်ကြီး ပဲပေါ့ ။ Symphony Orchestra ရဲ့ အင်္ဂါရပ်နဲ့ အညီ ရှိသင့် ရှိအပ် ရှိရမယ့် တူရိယာပညာရှင် Players အင်အားတွေ ချင့်တွက် ကြတယ် ။ Orchestra ဖွဲ့စည်းပုံ အတိုင်း ဘယ် တူရိယာပစ္စည်း အတွက် ဘယ်နှယောက် ၊ စုစုပေါင်း အင်အား ဘယ်လောက် ပေါ့ ။ Symphony ကြီး ရဲ့ အရည်အချင်း ကို မပြောနဲ့ဦး ။ အရေအတွက် အင်အား မှန်းရတာ ကို က ကျွန်တော်တို့ ကြည်နူး အားတက်ကြတယ် ။ ကျွန်တော်တို့ ဆိုတာက လူကြီးပိုင်း ဂီတသမားကြီးတွေ ဗိုလ်ကလေးတင့်အောင် တို့ ၊ ဂီတလုလင်မောင်ကိုကို တို့ ၊ လူလတ်ပိုင်း တယော ကိုတင်ရီ ၊ ရုရှားပြန် ကိုမောင်မောင် တို့ .. စသည် အများကြီး အပါအဝင်ပါပဲ ။ အဲဒီ အချိန် က ကျွန်တော်တို့ မန္တလေး မြို့မ တူရိယာအသင်းကြီး ရဲ့ ( ၁၉၂၅ - ၂၀၀၀ ) ခုနှစ်ပြည့် စိန်ရတုသဘင် အခမ်းအနား ကို ရန်ကုန် အမျိုးသားဇာတ်ရုံကြီး မှာ တင်ဆက် ပြီးစီးခဲ့တဲ့ အချိန် ဖြစ်ပါတယ် ။ ဗိုလ်ကလေးတင့်အောင် နဲ့ ဂီတလုလင်မောင်ကိုကို တို့ ကို လည်း ဖိတ်ကြားခဲ့လို့ တက်ရောက် အားပေးကြတယ် ။ ဗိုလ်ကလေးတင့်အောင် က မြို့မစိန် ရတုသဘင် ရဲ့ ဖျော်ဖြေမှု မှာ မြို့မ က တင်ဆက်တဲ့ ကမ္ဘာ့ဂီတခန်း နဲ့ ကမ္ဘာ့ဂီတဟန် တင်ဆက်မှု ကို National Orchestra နိုင်ငံတော် သံစုံတီးဝိုင်းဖွဲ့စည်းရေး ပဏာမ အစည်းအဝေး မှာပဲ လူကြီး တစ်ယောက် ရဲ့ ဂီတအမြော်အမြင် နဲ့ ဂုဏ်ပြု ပြောကြား ပါတယ် ။ မြို့မစိန်ရတုသဘင်ပွဲ ရဲ့ တင်ဆက်မှု မှာ တင် ၊ ငြိမ်း ၊ သိန်း ( နန်းတော်ရှေ့ ဆရာတင် ၊ မြို့မငြိမ်း ၊ ဦးဘသိန်း ) တို့ ရဲ့ မြို့မ ဂီတမဏ္ဍိုင် အခြေချ လျှောက်လှမ်းခဲ့ပုံ ကို တင်ပြတဲ့ တစ်ခန်းရပ် ပြဇာတ်လေး တစ်ပုဒ် ပါဝင် ခဲ့ပါတယ် ။
နိဒါန်းသဝဏ်လွှာ
( သို့မဟုတ် )
စိတ်ကူးယဉ် အိပ်မက် ထဲ က တကယ့် မြို့မ ... ဆိုတဲ့ ဂီတပြဇာတ်လေး ဖြစ်ပါ တယ် ။ ကျွန်တော် က ကျောရိုး ရေးပေးပြီး မြို့တော်မောင်ယဉ်အောင် က ပြဇာတ်ဟန် နဲ့ ဇာတ်အိမ်ဖွဲ့ ဝိုင်းဝန်းပံ့ပိုး ပေးပြီး ဖန်တီး တင်ဆက်ခဲ့ကြပါတယ် ။
မန္တလေးမြို့မ တူရိယာအသင်းကြီး ရဲ့ ၁၉၂၅ ခုနှစ် သန္ဓေတည် ပြီး သုံးနှစ် အကြာ ၁၉၂၈ ခုနှစ် မှာ ထုတ်ပြန်ခဲ့တဲ့ မြို့မတူရိယာအသင်း စည်းမျဉ်းဥပဒေ စာအုပ် မှာ ပါတဲ့ ရည်ရွယ်ချက် ( ၆ ) ခု ဖြစ်တဲ့ ...
( က ) မြန်မာသီချင်းကြီး သီချင်းခံများ ဆည်းပူးပြန့်ပွားရေး ၊
( ခ ) ကမ္ဘာသုံးတူရိယာများ လေ့လာသင်ကြားတတ်မြောက်ရေး ၊
( ဂ ) Music Note အမှတ်အသားပညာဖြင့် ရေးထားသော တူရိယာပညာကို ဆည်းပူးလေ့လာရန် ၊
( ဃ ) ကမ္ဘာ့ခေတ်မီ တူရိယာတီးဝိုင်းကြီး ဖြစ်မြောက်ရေး ၊
( င ) ရှေးမြန်မာ သီချင်းများ ကို ကျွမ်းကျင်သူများ နှင့် ညှိနှိုင်း၍ ကမ္ဘာသုံး ဖြစ်သော Music Note ပညာဖြင့် ကူးပြောင်း ရေးသားလေ့လာရန် ၊
( စ ) မြန်မာနိုင်ငံတော် အတွင်း တူရိယာ အသင်းများ က ဆက်သွယ်ပါလျှင် တတ်အားသမျှ အားပေး ကူညီရန်
...ဆိုတဲ့ အချက်များ ကို ကျောရိုး သဘောထားပြီး မြို့မဦးဘသိန်း ရဲ့ ( မြို့မသဝဏ် လွှာ ) နိဒါန်းသဝဏ်လွှာ ကို အခြေပြု တင်ဆက်တဲ့ နန်းတော်ရှေ့ ဆရာတင် ၊ မြို့မငြိမ်း ၊ ဦးဘသိန်း တို့ရဲ့ ဂီတရေးရာ အဆက်အနွယ် ၊ အဆက်အသွယ်များ ကို စိတ်ကူး ဖွဲ့ပြီး ဂီတပြဇာတ်တိုလေး အဖြစ် တင်ဆက်ခဲ့ကြပါတယ် ။
အဓိက ဇာတ်ကောင် အဖြစ် မြို့မငြိမ်း နေရာမှာ သူ့ မြေး ဖြစ်တဲ့ လူငယ် စန္ဒရားသမား ပါရမီရွှန်း ကို ထားပြီး တွဲဖက် ဇာတ်ကောင်များ အနေနဲ့ မြို့မငြိမ်း ရဲ့ တပည့် ကိုအေးမောင် ( ရွဲအေးမောင် ) အဖြစ် ... မောင်ငြိမ်းချမ်း ( စန္ဒရား - ပန်းချီဆရာကြီး ရာဟုလာ ရဲ့ သား ) ၊ ဦးရင်လေး အဖြစ် .. ရဲထွဋ်အောင် ( တယော ) ၊ ရွာစားကြီး စိန်တင်ဟန် အဖြစ် ... ဇော်မိုးအောင် ( စိန်တင်ဟန် ရဲ့ သား / ဒါးတောင် သံချောင်း ) ၊ ဦးဘသိန်း အဖြစ် မြို့မ တယောသမား မောင်ကိုကြီး တို့ က သရုပ်ဆောင် ပေးကြတယ် ။ ဂီတပြဇာတ် ဖြစ်လို့ ဇာတ်ဝင် ဇာတ်ကောင်တွေ ဟာ ဇာတ်လမ်း အရ တကယ် တီးတတ် ၊ တီးကြရတယ် ။
ပြဇာတ် စလျှင် စချင်းပဲ ကားလိပ် မဖွင့်မီ မြို့မငြိမ်း အဖြစ် သရုပ်ဆောင်သူ ပါရမီရွှန်း ရဲ့ စန္ဒရားလက်သံ နဲ့ ထွက်ပါတယ် ။ စန္ဒရားလက်သံ တီးလုံး ဟာ ကမ္ဘာ့ဂီတ ကို အခြေခံ မှာ မို့ ပါရမီရွှန်း တီးခတ်တဲ့ Franz Schubert ရဲ့ Impromtu Op.90-No.2 နဲ့ နိဒါန်း ပျိုးပါတယ် ။ ဒီ Schubert ရဲ့ Piano Piece စန္ဒရားတီးလုံး ဟာ သံစဉ် တစ်ခု ပြီး တစ်ခု ဆက်ဆက်ပြီး သီထားတဲ့ ဂီတပန်းကုံးကြီး လိုပါပဲ ။ တစ်နေရာရာ မှာ ထစ်ထစ်ငေါ့ငေါ့ ၊ တုံ့တုံ့ဆိုင်းဆိုင်း ဖြစ် လိုက်လို့ ကတော့ ပျက်ကရော့ ငါးပါးမှောက် တော့ မှာပါပဲ ။ ဒါပေမဲ့ ဒီ Schubert ရဲ့ စန္ဒရားတီးလုံး ကို အဲဒီ လူငယ်လေး ဟာ တီးလုံး တိုက်စဉ် အကြိမ်ပေါင်း များစွာ မှာ ရော ၊ ပွဲလယ် မှာ ရော ပညာရဲရင့် ပွဲလယ်တင့်ခဲ့ပါ
တယ် ။ ဒါကို ဗိုလ်ကလေးတင့်အောင် ကလည်း မြို့မစိန်ရတုသဘင် တင်ဆက်မှု မှာ ကြည့်ရှုအားပေးခဲ့ ရုံ မျှသာ မက National Orchestra နိုင်ငံတော် သံစုံတီးဝိုင်း ပဏာမ အစည်းအဝေး မှာ ကို ပဲ ချီးကျူးစကား ပြောရှာတယ် ။ လူငယ် ဂီတမျိုးဆက်တွေ ရဲ့ အနာဂတ် ဂီတလမ်း အတွက် မျှော်မှန်း အားပေးခဲ့ဟန် တူတယ် ။ အစည်းအဝေး တက်ရောက်ဖြစ်သူ ကျွန်တော့် အနေနဲ့ လည်း National Orchestra အတွက် တူရိယာပညာရှင် Players တွေ ရဲ့ အရေအတွက် ပြည့်စုံရုံ မျှ မက အရည်အသွေး ၊ အရည်အချင်းကောင်းများ လည်း ပြည့်မီဖို့ လိုအပ်ကြောင်း တင်ပြ ဆွေးနွေးဖြစ်တယ် ။
ကျွန်တော့် ဂီတပြဇာတ် အတွက် ဂီတသမား ဇာတ်ကောင် လူငယ် စန္ဒရားသမားလေး ဟာ Franz Schubcrt ရဲ့ Iriprontu ကို တီးခတ်နိုင်ဖို့ အချိန် နဲ့ လုပ်အား လေ့ကျင့်မှု ၊ ရင်းနှီး ကြိုးပမ်းခဲ့ ရတာဟာ ၁၂ နှစ် ကြာပါတယ် ။ ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်တော့ ကျောင်းဆရာ ဂီတသမား ကျွန်တော် လည်း အလုပ် မရှိ ၊ ကျောင်းနေ အရွယ် ကျွန်တော့် သား ပါရမီရွှန်း လည်း အလုပ်မရှိတော့ ကျွန်တော် တွေးမိခဲ့တယ် ။ Double Negative is equal to one Affirmative ဆိုတဲ့ သီအိုရီလေး ပါ ။ အလုပ် မဖြစ်တဲ့ “ အနုတ်နှစ်ခု ” ပေါင်းတော့ အကောင်း ဖြစ်လာမယ့် “ အပေါင်း ” သဘောလေး ပါ ။ အလုပ် မရှိတဲ့ ကျွန်တော် က သူ့ ကို စန္ဒရား သင်ပေးမယ် ။ အလုပ် မရှိတဲ့ သူ က စန္ဒရားတီးခတ် လေ့ကျင့် ပေါ့ ။ ဒီလိုနဲ့ မြို့မ စိန်ရတုသဘင် ၂၁ဝဝ ခုနှစ် မှာ တင်ဆက် တဲ့ ဂီတဇာတ်လမ်း ရဲ့ ဇာတ်ဝင်ဇာတ်ကောင် စန္ဒရားသမားလေး တစ်ယောက် ဖြစ်လာရဖို့ ၁၂ နှစ် ကြာ ရင်းနှီး ပြုစုခဲ့ရတယ်လို့ အဲဒီ အစည်းအဝေးကြီး မှာ ကျွန်တော် တင်ပြ ဖြစ်ခဲ့တယ် ။ ဒါ့အပြင် လက်ရှိ အခြေအနေ မှာ ယဉ်ကျေးမှု တက္ကသိုလ်များ လည်း ဖွင့်လှစ်ခဲ့ပြီး ဖြစ်လို့ Orchestra အတွက် Players အင်အား အရေအတွက် ရရှိဖို့ အရေးဟာ စီမံကိန်း နဲ့ ချမှတ်ဆောင်ရွက် ရင် ယဉ်ကျေးမှုတက္ကသိုလ်များ ဟာ ဂီတပျိုးခင်းများ ဖြစ်နိုင်ကြောင်း ကို လည်း တင်ပြဖြစ်ခဲ့ပါတယ် ။
ဒီ နိုင်ငံတော်ရဲ့ ယဉ်ကျေးမှုရေးရာ ကဏ္ဍသစ် ၊ ဂုဏ်သိက္ခာသစ် တစ်ရပ် အတွက် စတင် တည်ထောင်မယ့် နိုင်ငံတော် သံစုံတီးဝိုင်းကြီး ဖြစ်မြောက်ရေး အစည်းအဝေးကြီး မှာ နိုင်ငံတော်အကြီးအကဲများ က အရေးထား ၊ အလေးထား လမ်းညွှန်လို့ ဦးစီးနာယက ပြန်ကြားရေးဝန်ကြီး ရဲ့ သြဝါဒ အကြံပြု မိန့်ခွန်း ကတော့ ကျွန်တော်တို့ တစ်သက်တာ မမေ့နိုင် လောက်အောင်ပါပဲ ။
“ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ဆင်ဖင်နီ မဖြစ်တောင် ဆိတ်ဖင်နီ လောက် ဖြစ်အောင်တော့ ကြိုးစားကြမယ် ” ဆိုတဲ့ မိန့်ခွန်း ပါပဲ ။ ပြက်ချော်ချော် နိုင်တယ် ထင်ရပေမဲ့ အမြော်အမြင် ရှိသူ လူကြီး တစ်ယောက် ရဲ့ မြန်မာမှု သြဝါဒ ပါပဲ ။ “ သေးရာ က ကြီး ၊ နီးရာ က ဝေး ” ဆိုသလို ကြိုးပမ်း လျှောက်လှမ်း ကြမယ်ပေါ့ ။ Symphony ကြီး ဖြစ်ဖို့ အတွက် တိုက်ပွဲဝင်စိတ်ဓာတ် ကို ရဲရဲတောက် မြှင့်တင် ပေးလိုက်တာပါ ။ ဒီနေ့ Myanmar National Orchestra ကြီးဟာ Symphony အင်္ဂါရပ်နဲ့ အညီ အရေအတွက် သာ မက အရည်အချင်း ပါ တဖြည်းဖြည်း တိုးတက်လာပါပြီ ။
မတ်လ ၂ ရက်နေ့ ၊ ၂၀၁၃ ခုနှစ် မြန်မာ့ရုပ်မြင်သံကြား မှာ တင်ဆက်ခဲ့တဲ့ Myanmar National Orchestra ရဲ့ ကြိုးပမ်းမှု ဟာ သက်သေပါပဲ ။ နိုင်ငံခြားဂီတ ပညာရှင် Music Director and Conductor ဖြစ်တဲ့ Yoshi Kazu Suku Mura ဦးဆောင်မှု နဲ့ တီးခတ်တဲ့ နိုင်ငံတော် သံစုံတီးဝိုင်းကြီး ရဲ့ ခြေလှမ်းဟာ အတွေ့အကြုံအသစ်တွေ ၊ အတွေ့အကြုံကောင်းတွေ အတွက် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး လှမ်းကြွ ချီတက်စေခဲ့ပါပြီ ။ ဒီထက် ပိုမို အားရဖွယ် အနေ နဲ့ Fondamentus လို့ခေါ်တဲ့ ဂီတဆိုင်ရာ ပရောဂျက် တစ်ခု အနေနဲ့ ပြင်သစ်နိုင်ငံ မှ Mrs.Odile Perceau ဦးဆောင်တဲ့ သံစုံတီးဝိုင်း နဲ့ မြန်မာနိုင်ငံ မှ နိုင်ငံတော်သံစုံ တီးဝိုင်းအဖွဲ့ နှစ်ခု ရဲ့ ပထမအကြိမ် အဖြစ် ပူးပေါင်းတင်ဆက် မှု ကို နားဆင် လိုက်ရခြင်း ဖြစ်ပါတယ် ။ Handel , Bach နဲ့ Odile Perceau တို့ ရဲ့ String Orchestra တီးခတ်တင်ဆက်မှု ကို ၂၀၁၃ ခုနှစ် ၊ နိုဝင်ဘာ ၂၁ ရက် နေ့ မှာ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ နဲ့ မန္တလေး မှာတော့ နိုဝင်ဘာ ၂၃ ရက်နေ့ မှာ ခမ်းနား သိုက်မြိုက်စွာ ကျင်းပ ခဲ့ကြတယ် ။ ဒီ ဂီတအဖွဲ့ရဲ့ ဂီတပွဲ ဟာ ဆက်လက်၍ Angkor UNESCO/APSARA လို့ ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးကော်မတီ ရဲ့ နှစ် ၂ဝ ပြည့် အနေနဲ့လည်း ကမ္ဘောဒီယားနိုင်ငံ မှ Royal Ballet အဖွဲ့ရဲ့ ပူးပေါင်းမှု ဖြင့် ကမ္ဘောဒီးယားနိုင်ငံ Angkor Wat ကျောင်းတော်ကြီး မှာ လည်း ဒီဇင်ဘာ ၅ ရက်နေ့ နဲ့ ၆ ရက်နေ့ များမှာ ကျင်းပ သွားမယ်လို့ သိရပါတယ် ။ နိုင်ငံ အတွက် ယဉ်ကျေးမှု ရေးရာ နဲ့ ဂီတ အတွက် ဂုဏ်ယူစရာ တစ်ခု အဖြစ် ကြည်နူး ဝမ်းသာမိတယ် ။
မန္တလေးအမျိုးသားဇာတ် ရုံမှာ ကျင်းပတဲ့ပွဲမှာ Violin တီးခတ်သူ Anges Pykx Anne Celine Paloyan , Viola တီးခတ်သူ Helene Desaint နဲ့ Cello တီးခတ်သူ Edourd Sapey Triomphe တို့နဲ့ Le Quatudor Equilibres String Quartet တင်ဆက်မှု ဟာ နားထောင်ရခဲမျှ ဂီတ ခံစားမှု ရသ ဖြစ်စေခဲ့ပါတယ် ။ Composer , Conductor Mrs. Odile Perceu ရဲ့ မန္တလေး ဂီတပ ရိသတ်ကို နိုင်ငံကြီးသား ပီပီ နားထောင်တတ်စေဖို့ စေတနာ နဲ့ Hand Sign လက်အမူရာ ပြပြီး တောင်းပန် လမ်းညွှန်ပေးမှုတွေ ဟာလည်း နောက်နောင် ဒီလို ပွဲတွေမှာ နမူနာကောင်းများ ဖြစ်စေခဲ့ပါတယ် ။ ကျွန်တော် အပါအဝင် မန္တလေးဂီတ ပရိသတ်တို့ ဟာ ယဉ်ကျေးပြီး အဆင့်အတန်း မြင့်တဲ့ မန္တလေးသား နိုင်ငံကြီးသား ပရိသတ်များ ဖြစ်ကြဖို့ ဂရုပြုကြရပါမယ် ။
ပွဲ အပြီးမှာ ကျွန်တော့် ရဲ့ တူမတော် စောစန္ဒာဦး ( 1st Violin ) ရဲ့ မိတ်ဆက်ပေး မှုကြောင့် Mrs. Odile Perceau နဲ့ အချိန်ရစခိုက် ဂီတ စကားများ ပြောဖြစ်ခဲ့ တယ် ။ အဓိက အနေနဲ့ က မြို့မငြိမ်း ရဲ့ မြနန္ဒာ ( မန်းတောင်ရိပ်ခို ) သီချင်း ကို သူတို့ ရဲ့ တင်ဆက်မှု မှာ မြန်မာပရိသတ် အတွက် မြန်မာနိုင်ငံ ၊ မန္တလေး ကို ရောက်စခိုက် အမှတ်တရ ပျော်ပျော်ရွှင်ရွှင် Orchestra တစ်ခုလုံး တီးခတ်ဖျော်ဖြေ ခဲ့ကြပါတယ် ။ နားဆင်သူ ပရိသတ် ကို လည်း ပါဝင်သီဆို စည်းချက် လိုက်ကြဖို့ ဖိတ်ခေါ်တယ် ။ ကျွန်တော်နဲ့ Mrs. Odile Perceau ဂီတစကား ပြော ဖြစ်တာလည်း ဒီ အကြောင်းပါပဲ ။ အကြောင်းသင့် လို့ ကျွန်တော် က ကျွန်တော့် Laptop computer မှာ အဆင်သင့် ပါလာ တဲ့ မြနန္ဒာ ( မန်းတောင်ရိပ်ခို ) သီချင်း ကို ဖွင့်ပြ ဖြစ်ခဲ့တယ် ။ သီချင်း ဆုံးခါနီး Chorus မြနန္ဒာ ရေညိုညို အထိ နားထောင် အပြီး တပ်ဆင်ထားတဲ့ Ear phone ကို ချွတ်ကာ “ ငါ ဒီ သီချင်း ကို အမေရိကန် တစ်ယောက် ဆီ က ရတာ Your arrangement is much better ” လို့ ချီးမွမ်းခံရတယ် ဆိုတာ ထက် နိုင်ငံခြားသား ဂီတပညာရှင် တစ်ဦး ရဲ့ ကဲ့ရဲ့မှု မရှိလောက်တဲ့ မျက်နှာပေးလေး အတွက် ဂီတပီတိ ဖြစ်မိပါတယ် ။ ကျွန်တော့် ရဲ့ တုံ့ပြန်စကား အနေနဲ့ “ ဒါက ဖြစ်ကောင်း ဖြစ်ရပါမယ် ၊ ဘာကြောင့်လဲ ဆိုတော့ မြနန္ဒာ ဟာ မြန်မာသီချင်း ဖြစ်တော့ သူတို့ ထက် ကျွန်တော်တို့ က National Character ကိုယ့် အမျိုးသားစရို က်ကို ပို သိပါတယ်လို့ ။ မန္တလေးမြို့ရောက်စခိုက် ၊ မန္တလေးသား တစ်ယောက် အနေနဲ့ သူ မရဲ့တောင်းဆိုမှု အရ ကျွန်တော် Arrange လုပ်ထားတဲ့ မြနန္ဒာ Music Score ကို လည်း ကျွန်တော် ပြုစုထားတဲ့ မြန်မာ့မဟာ ကျမ်းစာအုပ် နှစ်အုပ် နဲ့ အတူ အမှတ်တရ လက်ဆောင် ပေးဖြစ်ခဲ့ပါတယ် ။ ဒီ မြနန္ဒာ Music Score ကို လည်း မြို့မငြိမ်း မြန်မာသီချင်းများ MYOMANYEINMYANMAR CLASSICS စာအုပ် မှာ ထည့်သွင်း ပါရှိပါတယ် ။
ရှေ့အဖို့ လည်း နိုင်ငံတော်အဆင့် ဖြစ်လို့ ဒီထက် ဒီထက် ပို ကျစ်လျစ် ၊ ပို ခိုင်မာ ၊ တိုးတက်ပြီး မျိုးဆက်မျိုးဆက်တွေ နှစ်ချီ ရင်းနှီးလိုက်ရင် လမ်းမှန်ပေါ် လျှောက်ရပြီ မို့ မြို့မငြိမ်း တို့ ရွှေပြည်အေး တို့ ဆိုတဲ့ ဂီတပညာရှင်ကြီးတွေ ရဲ့ ဆန္ဒ ၊ အာသီသ symphony တီးဝိုင်းကြီး ထည်ဝါစွာ ပေါ်ပေါက်လာရေး မျှော်လင့်ချက် ဟာ အသက်ဝင် လာပါပြီ ။ တူရိယာပညာရှင် Players တွေ လည်း အရေအတွက် မျှ မက အရည်အချင်း ပြည့်မီဖို့ပါ ကြိုးပမ်း နေကြပါပြီ ။ ဆရာကောင်း ၊ သမားကောင်းတွေ နဲ့ စနစ် မှန်မှန် ၊ အချိန်မှန်မှန် ကြိုးပမ်းလေ့ကျင့်ကြမယ် ဆိုရင် ကောင်းသထက် ကောင်း ၊ တိုးတက် သထက် တိုးတက် ပြည့်စုံလာမှာပါ ။
ဒါပေမဲ့ အချုပ် ပြောလိုတာက သူတို့လို Symphony ကြီးတွေ ဖြစ်ဖို့ ခဲယဉ်းပါလိမ့်မယ် ။ နိုင်ငံ ၊ လူမျိုးစရိုက် ယဉ်ကျေးမှု သဘာဝ ၊ ဂီတ အနုပညာ ၊ ဂီတ ပညာရှင် စတဲ့ အချက်အလက်တွေ အများကြီး ကိုက်ညီ ပြည့်စုံဖို့ လိုပါတယ် ။ အရှေ့တိုင်းနိုင်ငံကြီးများ ဖြစ်တဲ့ တရုတ် ၊ ဂျပန် ၊ ကိုရီးယား စတဲ့ နိုင်ငံတွေ လို National Character အမျိုးသားရေးလက္ခဏာ ပါတဲ့ ဂီတ ဖန်တီးနိုင်တဲ့ Orchestra ကြီးတွေ ကို နမူနာ ယူသင့်ပြီး ကျွန်တော် တို့ လည်း Myanmar Character မြန်မာ့ အမျိုးသားရေးဟန် ပါ တဲ့ ပုံစံ နဲ့ ၊ ဂီတစနစ် အမှန် ၊ ဂီတလေ့ကျင့် ကြိုးပမ်းမှု အမှန် ၊ ဂီတ အဆင့် အမှန် နဲ့ အဆင့်မီတဲ့ Myanmar National Orchestra မြန်မာ့နိုင်ငံတော် သံစုံတီးဝိုင်း ကြီး ဖြစ်လာစေရန် ဆန္ဒပြုကြရမှာပါ ။
▢ ကိုရွှန်းမြိုင် ၊ မြို့မ ၊
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
ဇူလိုင် ၂၀၁၄
No comments:
Post a Comment