❝ ကိုပီတိ နှင့် ခွင်သစ် ❞
( ချစ်စရာ )
တပေါင်း တဲ့ ဟောင်းနွမ်းမှုတွေ ကြွေလွင့်ပြီး အသစ်အသစ် တွေ ဝံ့ကြွားဖို့ ချမ်းစိမ့်မှုတွေ နဲ့ ဗိုလ်ကျ စိုးမိုး လာခဲ့တဲ့ နှင်းစုတ် ... နှင်းပြက် ၊ နှင်းမိုက်တွေ တပေါင်းနေခြည် ရဲ့ တပ်လှန့် တွန်းထုတ်မှု အောက် မှာ မြူ လိုလို ... မင်းလွင် လိုလို ... တောင်ခိုး လိုလို နဲ့ နင်တို့ ဂယောင်ဂယင် ဘဝ ပြောင်းပြီး တဖြည်းဖြည်း ဂျောင်း ရ တော့မယ် ... သူပေး လူပေး အနွေးထည်လေး နဲ့ နင်တို့ စော်ကား သမျှ ငါ အံကြိတ် ခဲ့ရတာ ခု နင်တို့ အလှည့် ရောက်ပြီ ဟဲ့ ... ဘာ ငွေရည်ပုလဲဥ လဲ ... ဘာ ဟေမန္တ အပျိုမ ရဲ့ ပုဝါဖြူလွ လဲ ... ငါတို့ သဘင်သည်တွေ ကို နှာစေး ၊ ရင်ကြပ် ၊ ဒုက္ခ အထပ်ထပ် ပေးခဲ့တဲ့ ဆောင်းစုန်းမအို ရဲ့ မီးနေ ထမီစုတ်တွေ နင်တို့ ကို မျိုးဖြုတ် မယ့် တပေါင်း လာပြီဟေ့ နော် ... အော် ... လေခမြေသက် ဈာန် ဝိတက်သို့ ... သစ်ရွက်ရော်ရည် ဣန္ဒနီလေး တွေ တောင် ပင်ယံ ကိုင်းဖျား က ခုန်ချ ပြီး ကိုယ့် ကိုယ် ကို သ,တ်သေစ ပြုကုန်ကြပါပကော ၊ အဖူးအညွန့် ပုရစ်ဖူးတွေ တန်ခူး ကို ဝဲလ်ကမ်း လုပ်ကြရော့မယ် ။ ငါတို့ သဘင်သည်တွေ လဲ ပွဲငှားတွေ ပွဲခွင်တွေ ကို ဂွတ်ဘိုင် လုပ်ပြီး တာ့တာ ပြကြရတော့မယ် ... နှင်းထုတွေ ပါးလျ သွားသလို ပွဲချီ တွေ လည်း ကျဲ သွား တော့မယ် ။ ငါတို့ မီးဖိုချောင် က ကြွက်တွေ ၊ ပုရွက်ဆိတ်တွေ လည်း အလိုက် သိ စွာ ရွှေ့ကြ ၊ ပြောင်းကြ တော့မယ် တပေါင်း ရယ် ... နင့် ကို ဆက်ဆံ ရတာ အိတ်ခ်ျအိုင်ဗွီပိုး နဲ့ ချစ်သူ ကို လက်တွဲ ရ သလို အပျော် တစ်ဝက် တုန်လှုပ် ရင်မောမှု တစ်ဝက် ပါလား ... ။
တွေးရင်း ကိုပီတိ သက်ပြင်းမောကြီး တစ်ချက် ချ လိုက်တယ် ။ လမ်း ၈ဝ နဲ့ ၄၁ လမ်းထောင့် မှာ ရှိတဲ့ သဘင်သည်တွေ စုဝေးရာ ဦးတင်စော လက်ဖက်ရည်ဆိုင် ဟာ ကိုပီတိ ရဲ့ သက်ပြင်း ကြောင့် အပူလှိုင်း တစ်ခု ဖြတ်သွား သလို ဖြစ်မှာ သေချာတယ် ။ အနီး က စိန်ပန်း နဲ့ တယ်ပင် တွေ အရွက် ကြွေ နေကြပေမယ့် ... ၊ ကိုပီတိ မှာ ကြွေးဟောင်း မကျေဘဲ ကြွေးသစ်တွေ သာ ထပ်ပြီး ဝေ ဝေ လာတာ ကိုး ။ အသက် က ရွှေရတု ဝင် ကာစ အကြွေး က နဝရတ်ရတု ကျင်းပ နေပြီ ။ သိန်း ဆယ်ချီ နေတဲ့ အဲဒီ အကြွေးထုထည်ကြီး ကို တွေးတိုင်း ကိုပီတိ ရင်ပူ ၊ စိတ်မော ရ စမြဲ ။ အပေါင်းအသင်းတွေ က စပေါ် အသုံး ငွေ မေးလို့ ဒီ ကိန်းဂဏန်းကြီး ရွတ် ပြတိုင်း ရှက်စမြဲ ။ အပေါင်းအသင်း တွေ က လည်း အံ့ဩရ စမြဲ ။ အံ့ဩ ဆို ရတဲ့ ငွေ နဲ့ ရတဲ့ ဘဝ က ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေတာကိုး ။ ရိုးရိုးသားသား ဝန်ခံ ရ ရင် ကိုပီတိ ယုံလွယ်တယ် စာရင်းဇယား မရှိဘူး ရငွေ ၊ နှိမ်ငွေ မတွက်ဖူး ၊ ပေးသလို ယူတယ် ၊ သူ လိုတဲ့ ငွေရရင် ဖြူဖြူ ပေါ် မည်းမည်း တင်ရုံ မက လို့ ကတ္တရာ ပူ စိမ်ထားတဲ့ နီဂရိုးအလောင်း ပါ ဆင့်ဦး လှည့်မကြည့် တော့ဘူး ။ ဒီကြား ထဲ ဟို ကြိုသုံး ၊ ဒီ ဒါဏ်ငွေ ဆိုတဲ့ ကြားပေါက် ငွေ မမြင်ရဘဲ စာရင်းတင် သွားတဲ့ ဥစ္စာတွေ လည်း မနည်းဘူး ။ လုံးခနဲ ရတာလည်း မဟုတ် ၊ အငြိမ့်လောက ခြေချ တုန်းက သုံးထောင့် ငါးရာ ဆိုတဲ့ စပေါ်ငွေ ကို အဆင့်ဆင့် ထပ်ပေး ထပ်ယူ ပုခုံး အဆင့် ဆင့် ပြောင်း လာ လိုက်တာ အကြွေးလား မြောက်ပြီး အကြွေးလူပျို ပေါက် သန်သန်မာမာ ဖွံ့ဖွံ့ထွားထွားကြီး ကို ဖြစ် နေပြီ ၊ ဒုတိယ အကြိမ် ... ထပ်ပြီး ရိုးရိုးသားသား ဝန်ခံ ရရင် ကိုပီတိ လောင်း ကစား လုပ်တယ် ၊ ဝါသနာ ကြောင့် မဟုတ်ဘူး အဲဒီ အကြွေး ကို
ဖြတ်လမ်းနည်း နဲ့ ဖြေရှင်းချင် လို့ပါ ။ သိတော်မူတဲ့ အတိုင်း လောင်းကစား ဆိုတာ ဘယ်နှစ်ကြိမ်များ ထိုးသား ကား ဝယ်စီး ရတယ် ကြားဖူးလို့ လဲ ။ တစ်ခါ နိုင် ၊ နှစ်ခါ ရှုံး ၊ သုံးခါ ရေစုန်မျော ၊ လေးခါ ဘဝ ပျက် ၊ ငါးခါ ရနိုးနိုး နဲ့ ဆက် လိုက် ။ ငွေမျော စပေါ်ငွေ နဲ့ လိုက် ၊ စပေါ် မျော တော့ သူများ ဆီ က အတိုး နဲ့ ချေးငှား ပြီး လိုက် ။ ပြဿနာ ပေါ်တော့ အငြိမ့်ထောင်တွေ က စိုက် ။ ဒီလိုနဲ့ ပညာတတ် အတွေး အခေါ်သမား ရဲ့ ဦးခေါင်း ဟာ ငွေရှင် ရဲ့ ခြေစုံ ကို ဦးခိုက်ရ တော့ တာပါပဲ ၊ လောင်းကစားနည်းသစ် တွေ က လည်း ပေါ် လိုက်တာ မိရိုး ဖလာ ဂန္ထဝင် လောင်းကစား ဖြစ်တဲ့ ဖဲ တို့ ၊ လေးကောင်ဂျင် တို့ က အစ , မော်ဒန် လောင်းကစား ဖြစ်တဲ့ သုံးလုံး တို့ ၊ မန်းနီး ကွန်ပြူတာဂိမ်း တို့ အလယ် ၊ ပိုစ့်မော်ဒန် လောင်းကစား ဖြစ်တဲ့ နိုင်ငံခြားစလောင်း ဘောလုံးပွဲတွေ အဆုံး ကြိုက်ရာ ကို ရွေးပြီး ရှုံးနိုင်တဲ့ အထိ ။
တတိယ အကြိမ် အားနာစွာ နဲ့ ထပ်ပြီး ရိုးရိုး ဝန်ခံ ရရင် ကိုပီတိ ရဲ့ ဇနီး ဟာ လောင်းကစား ဟေ့ ဆိုရင် ဂေါတမီ ရှေ့ ထွက်မယ် ဘုရာ့ ဆိုတဲ့ အစား ထဲ က ပါ ။ အရင်း ငွေ နည်း ရင် ဆိုက္ကားဆရာ တွေ နဲ့ ကြွေ ပစ်မယ် ။ နည်းနည်း များ ရင် ပိုကာ ဒေါင်းမယ် ... ။ တော်တော် လေး ရှိရင် ဘောလုံးပွဲ လောင်းမယ် ။ ဒါ သူ့ ရဲ့ ဝါသနာ ပေး တာဝန်ပဲ ၊ ဒီဘက် နှစ်တွေ မှာ တော့ သူ့ တာဝန် ဟာ ချန်ပီယံလိဂ် တို့ ပရီးမီးယားလိစ် တို့ အပေါ် မှာ လုံးဝ နစ်မြုပ်သွားပြီ ၊ အေ - ဘီ - စီ - ဒီ ကို အစအဆုံး မရွတ်နိုင် ပေမယ့် သူ့ ပါးစပ် က ပြော လိုက်ရင် -
“ ယူအီးအက်ဖ်အေ ဖိုင်နယ် ရှိတယ် ဟေ့ ။ ဒီနေ့ နှစ်နာရီ က ချန်ပီယံလိဂ် ရှုံးထွက် ။ အိုးထရက်ဖို့ မှာလေ ဖာဂူဆန် က ဉာဏ် အများ ကြီး ၊ ရီးယဲမက်ဒရစ် တော့ အတော် ကန် ယူရမှာ သေချာတယ် တဲ့ ... စီးရီးအေပွဲ လား ၊ ပါးမား နဲ့ က အင်တာလေ ၊ ပါးမသာ ရိုက်ခရက်စပို နာ နေတယ် ၊ ဘားတစ်တူတာ ကလည်း ခြေစိမ်း နေတုန်း ... ”
ဆိုတာမျိုး တွေ ချည့် ၊ ဘောလုံးကစား ကို မမြတ်နိုးတယ် မြတ်နိုးတယ် ၊ မွေး ထားတဲ့ ခလေး နှစ်ယောက် ကို တောင် နာမည် ပြောင်း ပစ်တယ် ။ အကြီးကောင် ကို အိုဝင်ပီတိ ၊ အငယ်ခလေး ကို ဂျာရစ်ပီတိ ၊ နောင်များ ခလေး ထပ်မွေးရင် ဟက်စကီးပီတိ တို့ ဒီယော့ပီတိ တို့ များ မှည့်ဦးမလား မသိဘူး ၊ ဒါတောင် ဟိုတလော က ဒီ အကြောင်း ပြောမိတော့ ...
“ ကလေး နာမည် မှည့် ဖို့ က မွေးအောင် စောင့်ရဦးမှာ ဆိုတော့ ကိုကို ပဲ နာမည် ပြောင်း ပါလား ၊ ကိုပီတိ နာမည် က ရိုးတယ် ၊ သမီး ကြိုက်တဲ့ ဘောလုံးသမား သုံးယောက် လေ ရော်နယ်ဒို ရယ် ၊ ဘာတစ် ရယ် ၊ မင်ဒီယေတာ ရယ် အဲ ဒီသုံးယောက် ရဲ့ အဖျားဆွတ် နာမည် သုံးလုံး ပြောင်းပြီး မှည့်လိုက် ... ”
“ ဘယ်လို မှည့်ရမှာတုန်း ဟ .. ”
“ ဒို - ဘာ - မင် ... လို့လေ ”
“ တောက် - နင်နဲ့ ကျ မှ ငါ ခွေးအမြီးပြတ် ဖြစ်နေရပြီ - ထွီ ”
••••• ••••• •••••
တကယ့် ကို အမြီး ပြတ်တဲ့ ခွေးဖြစ်ရတာ အမှန်ပါ လျှာထွက် အောင် ပြေးရ လွှားရ ၊ ပိုက်ဆံ ရှာနေရတော့တာ ကိုး ။ ကစားသမား နဲ့ ငွေ အတူ နေခဲတယ်လေ ။
“ ကိုကို့ ဒီည အာဆင်နယ် နဲ့ ချဲလ်ဆီး လေ ဟတ်ဆယ်ဘိန်းကြီး တို့ အသင်း ၊ ချီယေးဗို နဲ့ ရိုးမား က လည်း ပေါက်ကြေး ချောင် လိုက်တာ ရှာပေးပါ ကိုကို ရယ် ။ နှစ်ပွဲစလုံး မသာပါးစပ် ထဲ က ပိုက်ဆံတွေ အချောင် နှိုက် ယူရုံပဲနော် ကိုကိုနော် လို့ ... ”
“ ဟို ဂျာနယ် က သေနာကောင် ရဲ့ ဆောင်းပါးကြောင့် ပါ ။ ဒင်း - လုပ်တာ နှစ်ခါ ရှိပြီ ။ စာရေး မစားဘဲ ဘောလုံးအသင်း ဆွဲချ လုပ်စား ဖို့ ကောင်းတယ် ။ ဒီ ပွဲ က သေချာပါတယ် ကိုကို ရယ် ။ ကိုကို က ရှာတတ်ပါတယ် ။ ပုံတိုပတ်စတွေ ပြောပြီး ထွန်းဦးစာပေ ကိုထွန်းဦး ဆီ က ချေး ရင် ချေး ။ ဒါမှ မဟုတ်ရင် အလှူသီချင်းစာသား တွေ လျှောက် ရေးပြီး ကိုကို့ သူငယ်ချင်း မန္တလေးသိန်းအောင် ဆိုတဲ့ ဆိုင်းဆရာ ဆီ က တောင်းတောင်း ရ နိုင်ပါတယ် ။ ယုတ်စွအဆုံး ဦးတင်စော လက်ဖက်ရည်ဆိုင် ထိုင် ပြီး ပွဲငှား လာတဲ့ သူများတွေ ကို ပွဲစားလုပ် ... လုပ် ... ”
••••• ••••• •••••
“ နည်းတဲ့ ပိုစတာကြီး မဟုတ်ဘူးဟေ့ ။ ရေးထားတဲ့ ပုံတွေ ကလဲ မိုက်တယ်နော် ။ ဒီ လူ က မန္တလေး မှာ ဈေး အကြီးဆုံး ပန်းချီဆရာ ကွ ”
“ ပွဲချီ များတဲ့ ဇာတ်မို့ ဈေးကောင်း တဲ့ ပန်းချီဆရာ ကို အပ်နိုင် တာဗျ ”
နံဘေး စားပွဲ က စကားသံတွေ ဟာ ကိုပီတိ ရဲ့ အတွေးတွေ ကို ဖယိုဖရဲ ဖြစ်သွားစေတယ် ။ လှမ်းပြီး အကဲခပ် လိုက်တော့ လူရည်သန့်သန့် လူလတ် သုံးယောက် လွယ်အိတ် ကိုယ်စီ နဲ့ ကံကြီး လိုက်တာ ။ ထိုင်နေကြ ပွဲစားတွေ မရောက်ခင် ကိုယ် နဲ့ တွေ့ ပေလို့ ကိုပီတိ ဆက်ပြီး နားစွင့် တယ် -
“ ဒီနေ့ သောကြာနေ့ ကွာ ။ ဘာပဲဖြစ်ဖြစ် တနင်္လာနေ့ တော့ သေချာအောင် လုပ်မှ ဖြစ်မယ်ကွ ရက် က သိပ် ကပ်လွန်းနေပြီ ”
ရွေ့ ... တိုင်းယက်တဲ့ သိုးမွေးစောင် ၊ ပေါင်ချင်တာ နဲ့ အရံ သင့် ဖြစ်နေပါပကော ။ လှုပ်ရှားလိုက်တော့ ပီတိ ။ ဒိထက် ကောင်းတဲ့ ဂွင် မရှိတော့ဘူး ။ ကပ်ပြီး ငှားတဲ့ ပွဲ ကြိုက်ဈေး ကို ရိုက်ပြီး တောင်းရုံ ပဲ ဟီဟိ ။ ဒါပေမယ့် ကိုယ် က ပွဲစား လုပ်နေကျ မဟုတ်တော့ ဘယ်လို လုပ်ပြီး ချဉ်းကပ်ရပါ့ ။ ဟယ် ထူးပါဘူး ဇွတ် ဝင်လုံးရတော့မှာပဲ ။
“ ဟဲ - ဟဲ စိတ်ဝင်စား နေကြတယ်ထင်တယ် ”
လူ သုံးယောက် မျက်လုံးတွေ ကိုပီတိ ဆီ ရောက်လာတယ် ။ ခပ်ငယ်ငယ် လူ က ခပ်တင်းတင်း နဲ့ -
“ ခင်ဗျား နဲ့ အဲဒီ ဇာတ်ဆရာ နဲ့ ခင် သလား ”
“ ဟာ ... ၊ ညီအစ်ကို လို နေတဲ့ မိသားစုပါ ခင်ဗျာ ၊ အလွန် ရင်းနှီးသပေါ့ ”
“ ကျေးဇူးပြုပြီး ပိုင်ရှင် ရှိ မရှိ စုံစမ်း ... ”
အကြီးဆုံး ပုဂ္ဂိုလ် ရဲ့ စကား မဆုံးခင် ကိုပီတိ လှစ်ခနဲ ပျောက်သွားတယ် ။
“ ဟဲ့ ပီတိ ၊ မောကြီးပန်းကြီး နဲ့ ဘယ် က ”
“ ပွဲဗျ အစ်ကို ၊ ပွဲ မှ ကပ်ပေါ်တဲ့ ပွဲ ၊ ရိုက် သာ ရိုက်ပေတော့ ။ ပွဲခ က တစ်သောင်း အထက် ပေးဖို့သာ စဉ်းစားထား ”
“ အဆင်သာ ပြေပါစေကွာ ၊ မင်း လိုသလောက် ပေးပါ - ”
ဇာတ်ဆရာ စကား မဆုံးခင် လှစ်ခနဲ ပြန် ပျောက်သွားပြန်တယ် ။ မကြာခင် လူ သုံးယောက် နဲ့ အတူ ဇာတ်အိမ် ထဲ ကို ရင် ကော့ပြီး ဝင်လာ ပြန်တယ် ၊ ဇာတ်ဆရာ က နေရာ ထိုင်ခင်း ပေးပြီး ခပ်ချိုချို မျက်နှာပေး နဲ့ -
“ ကိုင်း - အမိန့် ရှိပါခင်ဗျ ၊ ကျွန်တော် ဘယ်လိုများ ကူညီပေးရ မှာလဲ ”
“ ပိုစတာ က အတော် ကြီးတာ ကိုး ”
“ ဒီဖက် နယ် မှာ တော့ ကျွန်တော့် ဆိုင်းဘုတ် အကြီးဆုံးပါပဲ ၊ တစ်ပြလောက် က ကြည့်ရင် ကို ထင်းခနဲ ရှင်ခနဲပါပဲ ... ”
လူကြီး က ခေါင်း တညိတ်ညိတ် နဲ့ ပြုံးပြီး မေးတယ် ။
“ ဆိုင်းဘုတ် တင်တာ အတော် ကြာပြီလား ခင်ဗျ ”
ကိုပီတိ ဝင် ပြောတယ် ။
“ သုံးလ ကျော်ပြီ ခင်ဗျ ၊ အဲ ကျွန်တော် တောင် ပိုက်ဆံ ကြဲတုန်း က ဝင် လုသေးတဲ့ ဥစ္စာ ဟီးဟီး ကလေးတွေ တက်နင်း တဲ့ အနာတောင် မပျောက်သေးဘူး ဟီး .. ဟီး ”
“ ကဲ - ကဲ ၊ လာရင်း ကိစ္စလေး ပြောကြရအောင်ဗျာ ”
ခပ်ကြီးကြီး လူ က စကားဖြတ် လိုက်တယ် ၊ ကိုပီတိ ခုန် နေတဲ့ ရင် ကို ဖိရင်း နားစွင့် နေလိုက်တယ် ၊ ဘုရား - ဘုရား ပွဲ တည့်ပါစေ ၊ ပွဲခ ရပါစေ ၊ ဟဲ့ - ဇိုလာ တို့ ၊ ဟက်ဆယ်ဘိန်း တို့ ကြိုးစားနော် ။ ဟို အကောင် နင် နဲ့ ငါ နာမည် တူတယ်နော် ၊ ငါ့ ဘဝ ကို နင့် ခြေထောက် နဲ့ စောင့်ရှောက်စမ်း ။ ပီတိ နဲ့ ပီတစ် အသံထွက် တူတယ်ဟေ့ ၊ မင်းတို့ ဖို့ ငါ ရှာနေတာနော် ။
ခပ်ကြီးကြီးလူ က လည်ချောင်း ရှင်းပြီး
“ ကျွန်တော်တို့ စည်ပင်သာယာ က ဆိုင်းဘုတ်အခွန် ကောက်တဲ့ အဖွဲ့ ပါ ”
ဟိုက် - သွားပြီ ၊ ကွင်းလည်စက်ဝိုင်း က ကန် လိုက်တဲ့ ဖရီးကစ် မမျှော်လင့်ပဲ တွစ် နဲ့ ဂိုး ထဲ ဝင် သွားပါကကောလား ။ ဇာတ်ဆရာ ကို ကြည့် လိုက်တော့ လည်း ခိုးထုပ်ခိုးထည် နဲ့ မိထားတဲ့ မျက်နှာအိုလေး ငိုင်လို့ တွေလို့ ..
“ ခွင့်ပြုချက် မတောင်းခံပဲ ဆိုင်းဘုတ် တင်တဲ့ ဒဏ်ကြေး ရယ် ၊ ပြီးတော့ ကျသင့်တဲ့ သုံးလ အတွက် အခွန် ရယ် ၊ တနင်္လာနေ့ အမှီ လာ ပြီး ဆောင်လှည့်ပါ ခင်ဗျ ၊ သွားလိုက်ပါဦးမယ် ”
လူ သုံးယောက် ထ ပြန် သွားပေမယ့် ကိုပီတိ ခမြာ ကျောက်ချ ထား သလို ထ လို့ မရဘူး ၊ ပွဲခ မျှော်လင့်ချက်လေး လဲ နေလာ နှင်း ပျာက် သွေ့ခြောက်ပျက်လွင့် သွားခဲ့ပေါ့ ။
“ ဘဝတူ သဘင်သည် အချင်းချင်း ချောက်ချ ချင် ရင် ဒိပြင် နည်း တွေ အများကြီး ပါ ကွာ ၊ အခုလို လုပ်တာ က တော့ ... ”
ကျန်တဲ့ စကားစုတွေ ကို ကိုပီတိ မကြားတော့ပါဘူး ။ သူ့ အာရုံ ထဲ မှာ ချဲလ်ဆီးဘောလုံးအသင်း ကို လိုင်းနပ် ဆွဲ ညွှန်ကြားချက်တွေ ပေး နေတဲ့ သူ့ ဇနီး ရဲ့ ဟန်ပန်တွေ ရယ် ၊ အကြောင်းစုံ သိပြီးပြီမို့ ရယ်ချင် စိတ် ကို ကြိတ်မှိတ် အောင့်အီး နေရတဲ့ ဟက်ဆယ်ဘိန်း ရဲ့ မျက်ခွက်ကြီး ရယ် သာ အလှည့်ကျ ပေါ်နေပါတော့တယ် ခင်ဗျ ... ။
◾ချစ်စရာ
📖 ကိုပီတိ
No comments:
Post a Comment