“ ဟာ ”
လက်ဖက်ရည်ဆိုင် မှာ ကြို ရောက်နှင့် နေသော သူဇာချို ကို မြင်တော့ ထူးနိုင် ရင် တဒိတ်ဒိတ် ခုန်သွားသည် ။
သူ ရောက်နေသည် မှာ မည်မျှ ကြာပြီ မသိ ။ သူ့ ရှေ့က သောက်လက်စ လက်ဖက်ရည်ခွက် ပင် ထက်ဝက် ကျိုး လုပြီ ။ ထူးနိုင် အလျင်အမြန် ပြေး သွားပြီး သူဇာချို ရှေ့ ဝင် ထိုင်လိုက်ကာ
“ ရောက်နေတာ ကြာပြီလား ”
သူဇာချို က မော့ ကြည့်ရင်း ပြုံးရွှင်သော မျက်နှာ ဖြင့်သာ
“ ဟော ကိုနိုင် ထိုင်လေ ”
ထိုင်နေပြီ ဖြစ်သော်ငြား ထူးနိုင် နှုတ် မှ “ ဟုတ် ” ဆိုပြီး ပြန် ဖြေဖြစ်သေး၏ ။ နောက်မှ
“ ကြာပြီလားလို့ ”
သူဇာချို က မျက်မှောင်ကြုတ် ကြည့်ရင်း
“ မကြာပါဘူး ၊ အခုတင် ရောက်တာ ၊ ဘာ မှာ မလဲ ၊ မှာ လေ ၊ ဘာ စား တတ်မှန်း မသိလို့ မမှာ ထားဘူး ”
အလိုက်သိ သော မိန်းမပျို မို့ ရင်ခုန် ရင်း ကြည်နူးရ သေး၏ ။
“ ဟိတ် ညီလေး ၊ ပဲပလာတာ တစ်ပွဲ ၊ ကျဆိမ့် တစ်ခွက် ”
“ လာမယ် ဆရာ ”
လိုအပ်တာ ခပ်တည်တည် မှာ လိုက်သည် ။
“ ဒါနဲ့ သူဇာချို က ”
သူမ က ပြုံးရင်း
“ ချို လို့ ပဲ ခေါ်ပါ ”
ထူးနိုင် ခေါင်းညိတ်ပြီး
“ ချို က ဒီနား နေတာလား ”
သူမ က တစ်ဖက် စောင်းကြည့်ရင်း
“ အင်း မနေ့ က အက်ဆီးဒင့် ဖြစ်တဲ့ လမ်းချိုး နားမှာ သိပ် မဝေးပါဘူး ”
“ ဪ ”
ထူးနိုင် ရင်ထဲ အလုံးကြီး ကျသွားသည် ။
ဒါဆို မြရီနွယ် နှင့် သူဇာချို နေတာ တခြားစီ ပဲ ။ တစ်ယောက် နှင့် တစ်ယောက် သိစရာ အကြောင်း မရှိ ။ တစ်ယောက် နှင့် တစ်ယောက် အဆက် အစပ် မရှိနိုင်တာကိုပဲ ထူးနိုင် ပျော်နေမိ၏ ။
“ ဒါနဲ့ မနေ့ က ကောင်မလေး ရော ဘာဖြစ် သွားသေးလဲ ”
သိချင်စိတ် ဖြင့် မေးဟန် တူ၏ ။ ဒါကို ထူးနိုင် က
“ ဘာမှ မဖြစ်ပါဘူး ၊ နည်းနည်းတော့ လန့်သွားတယ်နဲ့ တူတယ် ”
သူဇာချို က ခေါင်းညိတ်ပြီး
“ သူ့ ခမျာ အူကြောင်ကြောင်လေး နဲ့ တူတယ်နော် ၊ ကား လာတာ ကို ကြောင်ကြည့် နေတယ် ”
ဒါမျိုး ဆိုတော့လဲ မြရီနွယ် ဖက် က ထူးနိုင် က မခံနိုင်ပြန် ။ ထို့ကြောင့်
“ အူကြောင်ကြောင် တော့ ဟုတ်ပုံ မရပါဘူး ၊ ရုတ်တရက် မို့ ဘာ လုပ်ရ မှန်းမသိ ဖြစ်သွားပုံရတယ် ”
သူဇာချို က စောင်း ကြည့်ရင်း ခေါင်းညိတ်သည် ။ ထူးနိုင် က သာ ခပ်တည်တည် နှင့် မှာ ထားသည် များ ကို စားသောက် နေလိုက်သည် ။
“ တော်သေးတယ် ၊ ကိုနိုင် ကယ်လို့ ပဲ ၊ နောက် မဟုတ်ရင် ချို့ ဘဝ က မ
တွေးရဲစရာပဲ ”
ထူးနိုင် ရင် ကို တောင် ပျာပျာသလဲ ကော့ရင်း
“ ကိစ္စ မရှိပါဘူး ၊ ကိုယ် က မျက်စိ ရှေ့ မှာ အမြင် မတော်တာ မြင်ရင် ကူညီနေကျပါပဲ ”
သူဇာနွယ် ပြုံး သွားသည် ။ ပြီးနောက် သူ့ ကို မူစစ ကြည့်ရင်း
“ ကိုထူးနိုင် တို့ လို စိတ်ထား ကောင်းတဲ့ သူ နဲ့ တွေ့လို့ ပေါ့ ၊ အေးလေ ကိုယ့် ကို အသက်အန္တရာယ် ဖြစ်အောင် ပြုခဲ့သူ နဲ့ တောင် အတူ လက်ဖက် ရည် သောက်နိုင်တာကိုပဲ ကြည့်လေ ၊ ဘယ်လောက် သဘောထား ပြည့်ဝ လဲဆိုတာ ”
သူတို့ တွေ ပြောမှ ထူးနိုင် သူ့ ကိုယ် သူ သူတော်စင် လိုပင် ထင်ထင် လာမိတော့၏ ။ အမှန်တော့ ခလုတ် တိုက်ပြီး တစ်ဖက်သား ကို သွား ပြေး ဖက်မိတာပဲ မဟုတ်လား ။ သို့သော် ဂုဏ်မဖော် လိုသော သူရဲကောင်း လို ခပ်ရို့ရို့ သာ ပနာ ယူ နေလိုက်သည် ။
“ ဒီလိုပါပဲ ၊ မနေနိုင်လို့ ပါ ဟင်းဟင်း ”
“ နေ့တိုင်း ဒီ ဆိုင်မှာ လာ ထိုင်တာပဲလား ”
ထူးနိုင် ဝေ့ ကြည့်ရင်း
“ အင်း ဆိုပါတော့ ၊ မနက် မနက် ကျွန်တော် က ကျန်းမာရေး ထ လုပ်ဖြစ်တယ် လေ ၊ ပြီးရင်တော့ အဆာပြေ ဒီ ဆိုင်မှာ ပေါ့ ”
သူဇာချို က မခို့တရို့ ပြုံးပြီး
“ အမှန်တော့ ချို လဲ ကိုနိုင့် လို ကျန်းမာရေး လိုက် လုပ်ချင်တယ် ”
ထူးနိုင် ပျာပျာသလဲ ဖြစ်သွားသည် ။ သူ နဲ့ အတူ သာ သူဇာချို ကျန်းမာရေး လိုက် လုပ်လျှင် မြရီနွယ် နှင့် က ထိပ်တိုက် တွေ့ သွားနိုင်သည် ။ ဒါဆို သူ နှစ်မဲ ရှိသည့် အနက် တစ်မဲ ကို လက်လွှတ်ရ ပေလိမ့်မည် ။ နှစ်မဲလုံး သူ လက် မလွှတ်ချင်သေး ။ မည်သို့ လွှဲရမည်ကို ဉာဏ်နီဉာဏ်နက် ထုတ် နေစဉ်မှာ ပင်
“ ဒါပေမယ့် ချို က အိမ် မှာ ပဲ စက် နဲ့ လုပ်ဖြစ်တယ် ”
ထူးနိုင် ဝမ်းသာ သွားပြီး
“ ဟာ ကောင်းတာပေါ့ ၊ အဲဒါ သိပ်ကောင်းတယ် ၊ အိမ် မှာ ဆိုတော့ လူ မမြင်ဘူးပေါ့ ”
သူဇာချို ပြုံး လိုက်ပြီး
“ ဒါပေမယ့် အိမ် ထဲ မှာ ကျန်းမာရေး လုပ်ပြီး မနက်စာ ကျတော့ အိမ် ထဲ မှာ မစားချင်ဘူးလေ ညည်းငွေ့ လို့ ”
ထူးနိုင် ပျော်သွားသည် ။
“ ဟုတ်တာပေါ့ ၊ အိမ် ထဲ မှာ ချည်းပဲ ဆို ဘယ် လန်းဆန်းတော့မှာ လဲ ၊ ဒီတော့ ကျန်းမာရေး လုပ်ပြီးရင်တော့ အပြင်မှာ ထွက် စားသင့်တယ် ”
သူ့ ထောက်ခံစကား ကို သူဇာချို က မခို့တရို့ ပြုံးပြီး
“ အစက သူငယ်ချင်းတွေ အသိတွေ အနီးနား မရှိတော့ ဆိုင် ထွက် ထိုင်ရတာ ခက်တယ် ၊ အခုတော့ ကိုနိုင် နဲ့ တွေ့ရတော့လေ ”
ထူးနိုင် ပို၍ ဝမ်းသာ သွားသည် ။
“ ဟာ ရပါတယ် ၊ ကျွန်တော် လဲ ကျန်းမာရေး လုပ်ပြီး ဒီ အချိန်ဆို မန က်စာ စားနေကျပဲဟာ ၊ လာခဲ့ပါ ၊ အဲဒါမှ မဟုတ် စိတ်ကြိုက် ဆိုင် တစ်ဆိုင် ရွေးပေါ့ ”
သူဇာချို မျက်လုံးများ အရောင် လက် သွားကာ
“ ဟာ ဒါဆို အဆင်ပြေတာပေါ့ ၊ ချို ကျွေးမှာ ပါ ၊ ချို့ ရဲ့ ကျေးဇူးရှင် ပဲ ”
ထူးနိုင် ပျာပျာသလဲ လက်ကာ ပြပြီး
“ ဟာ ရပါတယ် ၊ အဲဒီလို သဘော မထားပါနဲ့ ဗျာ ၊ နေရခက်လို့ ပါ ”
တကယ်လဲ သူ ခလုတ်တိုက် မှောက်လဲသည် ကို တွေးပြီး အနေရ ခက် နေမိသည် ။
“ ကဲ ဒါဖြင့် ချို သွားတော့မယ် ၊ ဩော် ကား နဲ့ လိုက်ဦးမလား ”
“ ရပါတယ် ၊ ဒီ အတိုင်း ပြန်မှာ ပါ ”
“ ဘာလဲ ကြောက်လို့ လား ”
“ အဲလို မဟုတ်ပါဘူး ”
နှစ်ယောက်သား ရယ်ဖြစ်ကြသည် ။ လမ်းခွဲကာ နီးမှ
“ ကိုနိုင် ”
“ ဟင် ပြောလေ ”
သူဇာချို ရှက်ကိုးရှက်ကန်း ပုံ ဖြင့်
“ ဟိုလေ ဖုန်းနံပါတ် ပေးထားလို့ ရ မလား ၊ အကူအညီ လိုတော့ ဆက်
ရတာပေါ့ ”
ထူးနိုင် ဝမ်းသာ သွားသည် ။
“ ဟာ ရတာပေါ့ ၊ ကျွန်တော် က စ ပြောရမှာ အားနာလို့ ”
“ ရပါတယ် ”
နှစ်ယောက်သား ဖုန်းနံပါတ်များ လဲ လိုက်ကြပြန်သည် ။
“ ဒါဖြင့် သွားပြီနော် ”
“ ဟုတ်ကဲ့ ၊ ကား ကို ဖြည်းဖြည်း မောင်းနော် ”
“ အင်းပါ ”
နှစ်ယောက်သား လမ်းခွဲ လိုက်ကြရ ပြန်သည် ။ ထူးနိုင် ၏ ရင် တစ်ခု လုံး လစ်ဟာ သွား သလို ခံစား နေရ၏ ။
••••• ••••• •••••
ပုံပြင် တစ်ပုဒ် သာ ဆိုလျှင် ထို ဇာတ်လမ်း မှာ သာယာနာပျော်ဖွယ် အတိ သာ ပြီး နေပေလိမ့်မည် ။
အချစ်ပုံပြင် ကို အရွယ် မရောက်သေးသော ကလေးများ က အစ ကြိုက်နှစ်သက်ကြပါသည် ။
အချစ်ပုံပြင် တို့ ထုံးစံ အတိုင်း ခံစားသူ သည် ချစ်တတ်သော အရွယ်
ရောက်ရန် မလို ။
“ သူတို့ နှစ်ဦး ချစ်ကြလေသတည်း ”
ဆိုသည် နှင့် ခံစားသူ မှာ ပြုံးရွှင်၍ ကျေနပ်ကြသည် ချည်းသာ ။ သို့သော် ပုံပြင် တို့ ၏ ထုံးစံ အတိုင်း ထိတ်လန့်ဖွယ် ၊ ကြောက်ရွံ့ဖွယ် ၊ အံ့ဩဖွယ်များ ပါရှိနေရန် လဲ လိုအပ်ပေလိမ့်မည် ။
အချစ်ပုံပြင်တို့ ၏ ထုံးစံ အတိုင်း ကြောက်ရွံ့ဖွယ် ၊ ထိတ်လန့်ဖွယ်များ အစား အံ့အားသင့်စရာများ ကို လူတွေ က ပို၍ လိုချင်တပ်မက်ကြလေသည် ။
▢ အကြည်တော်
📖 နွယ်ချို
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment