ထူးနိုင် ၏ တယ်လီဖုန်း မက်ဆေ့ ( ချ် ) များ ကို ကြည့်၍ အားလုံး အံ့အား သင့်ကုန်ကြ၏ ။
ထူးနိုင် က ရင်ကို ကော့၍ လမ်းလျှောက်ရင်း
“ ကဲ တွေ့တယ် မဟုတ်လား ၊ ငါ ဘယ်လောက် ပိုင်တယ် ဆိုတာ ၊ သူ့ ဆီ က ပို့တဲ့ ဟာ သူ့ ဆီ ပြန် ပို့လိုက်တယ် ၊ ဒါပဲ ဟဲဟဲ ”
အားလုံး ထူးနိုင် ကို ကြောင်ပြီး ပြန် ကြည့်ကြသည် ။ အတန်ကြာ မှ သိန်းစိုး က
“ ဟ ဒါ ပိုင်တာ မဟုတ်ဘူး ကွ ၊ ကိုယ့် ဒုက္ခ ကိုယ်ရှာတာ ”
“ ဘယ်လို ”
ထူးနိုင် မျက်လုံး ပြူး သွားသည် ။ ဒါကို မိုးမောင် က ဝင်၍
“ ဟုတ်တယ်လေ ၊ မြရီနွယ် ဆီ က မက်ဆေ့ ( ချ် ) ကို သူဇာချို ဆီ ပို့ ၊ သူဇာ ချို ရဲ့ မက်ဆေ့ ( ချ် ) ကို မြရီနွယ် ဆီ ပြန် ပို့တော့ နှစ်ယောက်လုံး ချိန်းပြီးလျ က်သား ဖြစ်သွားတာပေါ့ကွ ငတုံးငပျော့ ရဲ့ ”
“ အမ် ”
ထူးနိုင် မျက်လုံး ပြူး သွားသည် ။ နောက်မှ ကလယ်ကလယ် နှင့်
“ ဘယ်လို ဘယ်လို ငါ မရှင်းလို့ ”
ဒါကို အောင်သက် က
“ ဒီမှာ မြရီနွယ် က မင်း ကို ပလာဇာ ချိန်းတယ် ၊ ဒါကို မင်း က မြန်မာ လို မရေးတတ်တော့ သူဇာချို ဆီ ပြန်ပို့တယ် ၊ သူဇာချို က မင်း ကို ပလာဇာ လိုက်ခဲ့မယ် ဆိုပြီး ပြောတယ် ၊ ဒါကို မင်း က ဘာသာ မပြန် တတ်တော့ မြရီနွယ် ဆီ ပြန် ပို့တယ် ၊ အဲဒီတော့ တစ်ချိန်တည်း တစ်ပြိုင်တည်း ပလာဇာ မှာ မင်း ချိန်းပြီးသား မဖြစ်နေဘူးလား ”
“ ဟင် အဲလို ”
ထိုတော့မှ ထူးနိုင် လဲ သဘောပေါက် ပြီး ခေါင်းနပန်း ကြီးသွားကာ
“ အဲ အဲဒါဆို ငါ ငါသေပြီလားဟင် ”
သူ့ စကားကို အားလုံး က သံပြိုင် ဖြင့်
“ မသေသေးဘူး ၊ သေကာနီးသွားတာ ”
“ ဟမ် ”
ထူးနိုင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ ။ နောက်မှ ခြေ မကိုင်မိ လက် မကိုင်မိ ဖြစ်ပြီး
“ အဲ အဲဒါဆို ငါ ငါ ဘာလုပ်ရမှာ လဲဟင် ”
“ ဟ မင်း ချိန်းထားတာ တစ်ယောက် ကို ဖျက်ရမှာ ပေါ့ ”
ထူးနိုင် ခေါင်းကုတ် သွားသည် ။
“ အဲ အဲဒါတော့ မဖြစ်နိုင်ဘူး ထင်တယ် ၊ ဘာလို့ လဲ ဆိုတော့ နှစ်ယောက်လုံး နဲ့ ပထမဆုံး အကြိမ် ဒိတ် တာလေ ၊ တစ်ယောက် ယောက် ကို ဖျက် လိုက်ရင် ”
အားလုံး ထူးနိုင် ကို ကြည့်သည် ။ မိုးမောင် က
“ မဖျက်ရင် မင်း ဘယ်လို လုပ်မှာ လဲ ၊ နှစ်ယောက်လုံး ကို တွဲသွားမှာ လား ၊ အဲဒီတော့မှ နှစ်ယောက်လုံး မင်း ကို ချဉ်ပြီး ကလော်တုတ် သွားမှာ ”
ထူးနိုင် ခေါင်းကုတ်ပြန်သည် ။ အကြံ ထုတ် နေပုံရသည် ။
“ ဟိုလေ နှစ်ယောက်လုံး ကို လဲ တွဲ မသွားချင်ဘူး ၊ အဲဒီလိုလုပ် ”
ထူးနိုင် ၏ စကား ကို အားလုံး စိတ်ဝင်စား သွားကြသည် ။
“ မင်းတို့ အားလုံး ငါ့ကို ကူညီကြ ”
“ ဟင် ဘယ်လို ”
ထူးနိုင် က ရင် ကော့ပြီး
“ မနက်ဖြန် ကျရင် ပလာဇာ မှာ သူတို့ နှစ်ယောက် ကို တစ်နေရာစီ ခွဲ ထား လိုက်မယ် ”
အားလုံး စိတ်ဝင်စား နေကြသည် ။
“ မင်းတို့ က ငါ့ ကို သူငယ်ချင်း အဖြစ်နဲ့ ပဲ လာ နှုတ်ဆက်ပြီး ခေါ်ထုတ်ပေး ၊ ဥပမာကွာ ၊ သူဇာချို နဲ့ တွေ့ နေချိန်မှာ တစ်ယောက် က လာပြီး နှုတ်ဆက် ၊ ပြီးရင် အပြင် ခေါ်ထုတ်ပေး ၊ ဒါဆို ငါ က မြရီနွယ် ဆီ သွားမယ် ၊ မြရီနွယ်ဆီ ရောက်ရင်လဲ တစ်ယောက် က လာ ပြန်ခေါ် ၊ ငါ သူဇာချို့ ဆီ ပြန် သွားမယ် ၊ အဲဒီလို လုပ်ရင် မကောင်းဘူးလား ”
အားလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ကြသည် ။ အောင်သက် က ခေါင်းကုတ်ရင်း
“ အဲဒါဆို ပီပြင်ပါ့မလား ”
ဒါကို ထူးနိုင် က
“ မပီပြင်စရာ ရှိလို့ လား ၊ သူတို့ အချင်းချင်း တစ်ယောက် ကို တစ်ယောက် သိကြတာမှ မဟုတ်တာ ”
အားလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကြပြန်သည် ။ အပြော က တော့ ချောနေသည် ကိုး ။ အတန်ကြာ မှ
“ အေးလေ ၊ အဲဒါဆိုလဲ လုပ်ကြည့်တာပေါ့ ၊ ဒါပေမယ့် ပြဿနာ ဖြစ် လာရင် ငါတို့ နဲ့ မဆိုင်ဘူးနော် ”
ထူးနိုင် က ပိုင်ပိုင်ကြီး ပြုံးပြီး
“ စိတ်ချပါ ၊ ငါ့ ကိစ္စ ငါ တာဝန်ယူပါ့မယ် ၊ မင်းတို့ ဘာမှ မဖြစ်စေရဘူး ”
အားလုံး ခေါင်းညိတ် ကြသည် ။
“ ဒါဖြင့်လဲ စမ်း ကြည့်တာပေါ့ ”
ထူးနိုင် ဝမ်းသာသွားသည် ။ ထို့ကြောင့်
“ ဒါဆို လာထား ”
လက်ဝါးချင်းရိုက်သံ ဖြောင်းခနဲ ကြားရ၏ ။
••••• ••••• •••••
ဆယ်နာရီကျော်ကျော် ကတည်း က ထူးနိုင် တို့ လူစု ပလာဇာရှေ့ မယောင်မလည် နှင့် ရောက်နေသည် ။
အားလုံးက ရှေ့ လဲ မထွက်ရဲ ၍ ချောင်ကျသော နေရာ တစ်ခု တွင် ပုန်း နေရသည် ။
“ ဟေ့ကောင် မင်း ကောင်မလေးတွေ က လာရော လာမှာ လား ”
အောင်သက် က မေးသည် ။ ထူးနိုင် က
“ အသေအချာ ချိန်း ထားတာပဲကွာ ၊ လာမှာ ပါ ၊ စောင့်ကြည့်နေ ”
“ စောင့်ကြည့် နေရအောင် ငါတို့ က ဘာ သိလို့ ဘယ်သူ့ ကို စောင့်ကြည့်ရမှာ လဲ ”
ဟုတ်သား ။ ဒီကောင်တွေ က မြရီနွယ် ရော သူဇာချို့ ကို ပါ တွေ့ မှ မ တွေ့ဘူးကြတာ ။ ဒါကို ထူးနိုင် က
“ စိတ်ချပါကွာ ၊ ငါ ပြပါ့မယ် ၊ ဟော ဟိုမှာ လာပြီ ”
သူဇာချို ၏ ကားလေး ပလာဇာ ရှေ့ ထိုးဆိုက် လာသည် ။
“ အဲ အဲဒါ သူဇာချို တဲ့ ကွ ”
အားလုံးက ထူးနိုင် ညွှန်ပြရာ အငမ်းမရ ကြည့်ကြသည် ။
“ ဟာ အနိပ်ကလေး ပဲ ”
“ အေး အတော်လှတာ
သူတို့ စကားကို ထူးနိုင် က
“ အေး အဲဒါကြောင့် ငါ မပစ်ရက် ဖြစ်နေတာပေါ့ ”
“ ဟေ့ကောင် မပစ်ရက် ရင်လဲ သွားလေကွာ ”
အားလုံးက တွန်း လွှတ်သည် ။ ဒါကို ထူးနိုင် က
“ ဟာ နေဦးလေ ၊ နောက် တစ်ယောက် လာတာနဲ့ တိုးလို့ ဟုတ်ပေ့ဖြစ် နေဦးမယ် ”
သူဇာချို က ပလာဇာ ထဲ မဝင်သေးဘဲ ယောင်လည်လည် နှင့် လိုက်ကြ ည့်သည် ။ နောက် သူ့ စလင်းဘက် ( ခ် ) ထဲ မှ တယ်လီဖုန်း ထုတ်သည် ကို တွေ့ရ၏ ။
“ တီတီတီ တီတီတီ ”
ထူးနိုင် ဖုန်းမက်ဆေ့ချ် မြည်သံ ။
ထူးနိုင် မက်ဆေ့ချ် ကို ဖွင့် ကြည့်လိုက်သည် ။
“ I arrival to plaza ”
“ ဟေ့ကောင် မက်ဆေ့ ( ချ် ) ပို့တာကွ ၊ ပြန် ပို့ လိုက်လေ ”
မိုးမောင် စကား ။ ဒါကို ထူးနိုင် က ပြုံးပြီး
“ ဒီလို ပို့စရာ မလိုဘူးကွ ၊ ဟောမှာ ကြည့် ”
ဆိုကာ ထို မက်ဆေ့ချ် ကို ပင် မြရီနွယ် ဆီ လှမ်း ပို့လိုက်သည် ။ သိပ်မကြာပါ ။
“ တီတီတီ တီတီတီ ”
မက်ဆေ့ချ် ပြန်ဝင်လာသည် ။ မြရီနွယ် ထံ မှ ဖြစ်သည် ။
“ တို့ လဲ ရောက်ပြီ ၊ ခဏစောင့် ”
ထူးနိုင် က ဆရာကြီး ဟန် ဖြင့် ပြုံးပြီး
“ တွေ့လား ၊ ကိုယ် အားထုတ်စရာ မလိုပါဘူး ”
ဆိုကာ ထို မက်ဆေ့ချ် ကိုပင် ခပ်တည်တည် နှင့် သူဇာချို ဆီ ပြန် ပို့လိုက်သည် ။
သူဇာချို က မက်ဆေ့ချ် ကို ဖတ်ပြီး ပလာဇာ ထဲ ဝင်သွားသည် ကို တွေ့ရ၏ ။
သိပ် မကြာပါ ။ ကားလေး တစ်စင်း နှင့် မြရီနွယ် ရောက်လာပြန်သည် ။
“ ဟော ဟိုမှာ တွေ့လား ၊ အဲဒါက မြရီနွယ် တဲ့ ”
အားလုံး အငမ်းမရ ငေးကြည့်ရင်း
“ ဟာ ဒါလဲ အမှန်အကန်လေးပဲကွ ”
“ အေး ဒါလေးလဲ အတော်လှ ”
သူတို့ စကားကို ထူးနိုင် က
“ အဲဒါကြောင့် ဒါလေးလဲ လက် မလွှတ်ချင်တာပေါ့ကွ ၊ ကဲ ငါ သွားမ ယ် ၊ မင်းတို့ လဲ လူခွဲ ထား ပြောထားတဲ့ အတိုင်းနော် ”
အားလုံး ခေါင်းညိတ်ပြီး
“ စိတ်ချ ၊ မင်း သာ ပီပြင်ပါစေ ”
ထူးနိုင် က လက်မ ထောင်ရင်း
“ လူလည်ပါ ၊ ကဲ သွားပြီ ”
ထူးနိုင် ပြေးထွက် သွား၏ ။ ထိုတော့မှ အားလုံးလဲ လူစုခွဲရင်း
▢ အကြည်တော်
📖 နွယ်ချို
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment