Friday, December 27, 2024

လက်ပွါး

 

❝ လက်ပွါး ❞
( မြကေခိုင် )

သူ့ နာမည် က လက်ပွား ။ နာမည် အရင်း က မျိုးကိုကို ။ ဒါပေမဲ့ သူ လူလား မြောက်လာ ကတည်း က အဲဒီ နာမည် ကို ဘယ်သူမှ မခေါ်ခဲ့ ။ အဲဒီတော့ သူ့ နာမည် အရင်း ကို မေးတဲ့သူ ရှိလာမှ ခက်ခက်ခဲခဲ ပြန် စဉ်းစားရတယ် ။ အမေ က တော့ သူ့ ကို သား လို့ ပဲ ခေါ်တယ် ။ သူများတွေ ခေါ် သလို လက်ပွား လို့ တော့ အမေ ဘယ်တုန်း က မှ မခေါ် ဘူး ။ ဒီ နာမည် ကို အမေ က ကြိုက်ပုံ မရဘူး ။ သူငယ်ချင်း တွေတောင် အမေ့ ရှေ့ ရောက်ရင် လက်ပွား လို့ မခေါ်ရဲကြ တော့ဘူး ။ လက်ပွား ရဲ့ လက်ရှိ အသက် က ၇ နှစ် ။ ဒုတိယတန်း တက် နေတယ် ။ သူ့ အသက် ၇ နှစ် အတွင်း မှာ သူစိမ်း အဆန်ဆုံး စကားလုံး က အဖေ ပဲ ။ သူ့ မှာ သူများတွေ လို အဖေ လို့ ခေါ်စရာ အဖေ မရှိ ။ မရှိတာ က အသာ ထားပါဦး ၊ အဖေ နာမည် တောင် ဒီ အသက်အရွယ် အထိ သူ မသိသေး ဘူး ။ ဘယ်သူ့ မှ လည်း သူ့ ကို ပြောမပြဘူး ။ အမေ က လက်ပွား ကို ချစ်ပေမဲ့ အဖေ့ နာမည် ဘယ်သူလဲ လို့ မေး မိရင် အမေ့ မျက်နှာမှာ လက်ပွား မသိတဲ့ အရောင် အမျိုး မျိုး ဖြတ်သန်း သွားတယ် ။ အဲဒါက ဝမ်းနည်းတာလား ၊ ဒေါသထွက်တာလား ၊ ရှက်တာလား ၊ မချင့်မရဲ ဖြစ်တာလား ဆိုတာ ကို လက်ပွား ဘယ် သိပါ့မလဲ ။ လက်ပွား သိတာတော့ အဲဒီလို မေးမိတာ နဲ့ တစ်ပြိုင်နက် အမေ ရဲ့ လက် က လက်ပွား ဗိုက်ခေါက်ကြော ကို ဆွဲ လိမ် ပြီးသားပဲ ။ မေး နေတုန်းများ အဘွား အနား မှာ ရှိရင် အဘွား က ပါ ခေါင်း ခေါက်ဦးမှာ ။ စိတ် မကြည်တဲ့ အချိန် ဆို ခေါင်း ခေါက် တာတင် မကဘဲ ခြေသလုံး မှာ အရှိုး ရာ အထပ်ထပ် ဖြစ်ဦးမှာ ။ လက်ပွား ရဲ့ အဘွား အကြောင်း ပြော ရရင် အဘွား က သူ သိတတ်စ ကတည်း က သူ့ ကို တယုတယ ပွေ့ပွေ့ ပိုက်ပိုက် မလုပ်တာပါပဲ ။ မြေး ရှစ်ယောက် ရှိတဲ့ အထဲ မှာ အဘွား မချစ်တဲ့ မြေး ဆိုလို့ လက်ပွား တစ်ယောက် သာ ရှိမယ် ထင်ပါတယ် ။ အဘွား က လက်ပွား ကို ဘယ် တော့ မှ စေ့စေ့ မကြည့် ။ စိတ် မထင် ရင် မထင် သလို ရိုက် ချင် ရိုက်သေးတာ ။ လက်ပွား က လက်ပွား ဆိုတဲ့ အတိုင်း ဘယ်ဘက် လက်မလေး က လက်အပွားလေး တစ်ခု အပို ပါတယ်လေ ။ ဒီ ကျွန်းကလေး တစ်ရွာလုံး မှာ လက်ပွား လိုက် ကြည့်မိသလောက် ဘယ်သူ မှ လက်ပွား လို လက် အပွား မပါကြဘူး ။ ဒါကြောင့်လည်း အဘွား ရှက် တာ နေမှာပေါ့ လို့ တွေး ကြည့်မိတယ် ။ အဘွား မှ မဟုတ်ပါဘူး ။ အမေ တော င်မှ ပဲ လက်ပွား ကို အရမ်း ချစ်ပေမဲ့ လက်အပွားလေး ကို တော့ မုန်းနေတာပါပဲ ။ လက်ပွား ဆို တဲ့ အသံ ကို တောင် မကြားချင်ဘဲ မုန်းနေတာ မဟုတ်လား ။

အဖေ့ နာမည် မေး လိုက်တာ နဲ့ အငို နဲ့ သာ အဆုံးသတ် ရတာမို့ လက်ပွား အဖေ့ ကို မသိချင်တော့ပါဘူး ။ အခု နောက်ပိုင်း လက်ပွား အဖေ့ ကို မမေးဘဲ နေမိတယ် ။ ဒါပေမဲ့ ဒုတိယတန်း စ တက်တော့ ကျောင်း လိုက် အပ်တယ် ။ ကျောင်း လာ အပ်ကြတဲ့ မိဘတွေ ကို ဆရာမ တွေ က အဖေ နာမည်တွေ မေး ကြတယ် ။ လက်ပွား လည်း အမေ့ အလှည့် ဘယ်တော့ ရောက်မလဲ လို့ အမေ့ နား က မခွာဘဲ စောင့် နေမိတယ် ။ အရိုက် ခံရတဲ့ အခါ ကြောက်တဲ့ စိုးရိမ်ပူပန်မှုမျိုး မဟုတ်ဘဲ ရင် ထဲ မှာ တဒိန်းဒိန်း နဲ့ မနေ တတ်အောင်ပါပဲ ။ အမေ့ အလှည့် ရောက်တော့ ဆရာမ က အမေ့ ကို သေချာ ကြည့်တယ် ။ ပြီးတော့ လိုအပ်တာတွေ အားလုံး မေးတယ် ။ သူ မမေးတာ က အဖေ့ နာမည် တစ်ခုပဲ ။ ဒီလိုနဲ့ အဖေ ဆိုတာ လက်ပွား နဲ့ လုံးလုံး မသက်ဆိုင်ဘူး ဆိုတာ သိလိုက်ရတယ် ။

“ ဟေ့ရောင် လက်ပွား ၊ အဖေ မရှိတဲ့ ကောင် ၊ မင်း ငါတို့နဲ့  မကစားနဲ့ ”

အဲဒီ အသံတွေ က လက်ပွား ကျောင်း စ တက် ကတည်း က ကြားခဲ့ရတဲ့ အသံတွေ ။ လက်ပွား မှာ သူငယ်ချင်း နှစ်ယောက် ပဲ ရှိတယ် ။ သူတို့ က လက်ပွား အတွက် တန်ဖိုး ဖြတ် မရတဲ့ ရတနာတွေ လိုပါပဲ ။ လက်ပွား ကို နားလည် ကြတယ် ။ အဖေ မရှိတာအတွက် သူ တို့ အပြစ် မတင်ကြ ဘူး ။ တခြား သူတွေ ပြော ရင် တောင် သူတို့ က လက်ပွား ဘက် က ကူ ပြော ပေးကြတယ် ။

ကျောင်း မှာ လက်ပွား အမေ ရဲ့ တူတွေ ၊ တူမတွေ တောင် မှ လက်ပွား ကို အဖက် လုပ်ကြတာ မဟုတ်ဘူး ။ သူတို့ က လက်ပွား နဲ့ အမျိုး တော်ရတယ် ဆိုတာ ကို တောင် ရှက်ရွံ့ နေကြပုံပါပဲ ။ အမေ က သားသမီး ငါးယောက် ထဲ မှာ အငယ်ဆုံး သမီး ၊ အမျိုးတွေ ထဲ မှာ လက်ပွား ကို ချစ် တာ ဆိုလို့ အမေ့ ရဲ့အစ်မ ၊ လက်ပွား ရဲ့ ကြီးတော် ပါ ပဲ ။ ကြီးတော် က တော့ လက်ပွား ကို တွေ့တိုင်း ချစ်ချစ်ခင်ခင် ရှိ ပါတယ် ။ တစ်ခါတစ်ရံ မုန့်ဖိုး ကို အဘွား မသိအောင် ပေး တတ်ပါတယ် ။  အဘွား က လက်ပွားတို့ သားအမိ ကို သူ့ အိမ် မှာ မလွှဲသာ လို့ သာ ထား ရပေမဲ့ နည်းနည်းလေး မှ သဘော ကျတဲ့ပုံ မရှိခဲ့ပါဘူး ။ အမေ က လည်း အဖေ မှ မရှိ တာ လက်ပွား ကို သူ တစ်ယောက်တည်း ဘယ်လို စောင့်ရှောက် နိုင်မှာလဲ ။ အမေ က အတန်းပညာ ၃ တန်း ပဲ တက်ခဲ့တယ် လို့ အမေ ပြောခဲ့ဖူးတယ် ။ လက်ပွား ကို ပညာ တတ်ကြီး ဖြစ်အောင် လုပ်ပါတဲ့ ။ တစ်ခါတလေ အမေ ငို တယ် ။ ဘာကြောင့် ငိုမှန်းတော့ လက်ပွား မသိဘူး ။ အမေ ငိုတဲ့ အခါ အမေ့ ကျောပြင်လေး ကို လက်အပွားလေး နဲ့ ပွတ် ပွတ်ပေးမိတယ် ။ အဖေ သာ ရှိရင် အမေ အခုလို ငိုရမှာ မဟုတ်ဘူး လို့ လည်း အဖေ့ ကို သတိရမိ သွားသေးတယ် ။ တွေးရင်း နဲ့ သူ့ အတွေး ကို အဘွား ကြားသွား မလားလို့ အဘွား ကို တစ်ချက်လှ မ်း ကြည့် လိုက်မိသေးတယ် ။ တော်သေးတယ် အဘွား က သူ့ မြေးတွေ နဲ့ စကားတွေ ပြောနေပေလို့ ။

တစ်ခါတလေ တော့ လည်း အမေ က လက်ပွား ကို ကောက် ရ လို့ မွေးစား ထားတာများလား လို့ လည်း စဉ်းစား မိတယ် ။ ဒါကြောင့် အဖေ မရှိတာပေါ့ ။ ဒါကြောင့်သာ အဖေ နာမည် မသိတာပေါ့ ။ အဘွား ပြော ပြောနေ တဲ့ ဗိုင်းကောင်းကျောက်ဖိ ပုံစံမျိုး နဲ့ အပျိုကြီး လုပ်နေခဲ့ တာ နေ မှာပေါ့ ။ လက်ပွား ကို မွေးစား မှ အမေ က ကလေး တစ်ယောက် အမေ ဖြစ်သွားပုံ ပါပဲ ။ လက်ပွား စိတ်ကူး ထဲ က အတွေးတွေ ကို အမေ့ ကို မေး ကြည့်ရင် ကောင်း မလား လို့ လက်ပွား တွေး ကြည့်တယ် ။ ဒါပေမဲ့ အမေ့ မျက်နှာ ပေါ် မှာ လက်ပွား နား မလည်နိုင်တဲ့ အမျိုးအမည် မသိတဲ့ ခံစားမှုတွေ ကို လည်း မမြင်ချင်တော့ပါဘူး ။

အမေ က လက်ပွား တို့ ကျွန်းကလေးရွာ မှာ မိုးရာသီ ကောက်စိုက်ချိန် ဆို ကောက်လိုက် စိုက်တယ် ။ လယ်ရှင် က ထမင်း ကျွေးတယ် ။ တစ်နေ့ ကို ၂ဝဝဝ ပေးတယ် ။ ဒီ အလုပ် က တကယ်တော့ ဘယ် သက်သာလိမ့်မလဲ ။ အမေ ခမျာ တစ်နေကုန် ရေထဲ မှာ ။ မျှော့တွေ လည်း အကိုက် ခံရသေးတယ် ။ ခြေသလုံးတွေ မှာ ဖြုတ် လို့ ခေါ်တဲ့ အကောင်သေးသေးလေး တွေ ဝိုင်း ကိုက်လို့ အဖုအပိမ့်တွေ က လည်း ဖြစ်နေ သေးတယ် ။ အမေ ကောက်စိုက် က ပြန် လာတိုင်း အမေ့ ခြေထောက်တွေ ကို ကြည့်ပြီး လက်ပွား စိတ် ဆင်းရဲရတယ် ။

နွေ အခါ ဆို အမေ က စပါးရိတ် ၊ ပဲနုတ် ၊ ပဲခူး စတာ တွေကို လုပ်သေးတယ် ။ နွေမိုးဆောင်း ဆယ့်နှစ်ရာသီ လုံး သာ ကုန် သွားတယ် ။ အမေ့ မှာ နားရတဲ့ လ ကို မရှိ ဘူး ။ ရာသီပေါ် အသီးအနှံ မရှိတဲ့ လ ဆို အမေ က ရွာ ထဲ မှာ အဝတ် လိုက် လျှော်သေးတယ် ။ ပြီးတော့ ရေထမ်း ရောင်းတယ် ။ အမေ က အမျိုးတွေ အားလုံးရဲ့ အပစ်ပယ် ခံပြီး လက်ပွား ကို မွေးစား ခဲ့လို့ သာ အမေ ဒီလောက် ပင်ပန်းဆင်းရဲ ဖြစ်နေတာလို့ အမေ အဝတ်လျှော်တဲ့ ဘေး မှာ ထိုင်ရင်း လက်ပွား အမေ့ ကို ပြော မိတယ် ။ အဲဒီတုန်းက အမေ က လက်ပွား ကို အကြာကြီးပဲ စူးစူးရဲရဲ စိုက်ကြည့် နေတာများ လက်ပွား အမေ့ ကို မကြောက်စဖူး ကြောက် တောင် ကြောက်မိတယ် ။ အကြာကြီး နေမှ အမေ က နင့် ကို ဘယ်သူ ပြောလဲ မွေးစားသား ဆိုတာ ။ နင် က ငါ့ သား ပဲလို့ အမေ က အက်ကွဲသံ နဲ့ အံ ကို တင်းတင်းကြိတ်ပြီး ဘယ်ဘက်လက်ပွားလေး ကို ကြည့်ရင်း ပြောတယ် ။ အမေ့ ကို ကြည့်လိုက်တော့ မိခင် စိတ်အပြည့် နဲ့ ရဲဝံ့ နေတာကို လက်ပွား တစ်သက် မှာ ဒီ တစ်ခါ ပဲ မြင်ဖူးသေးတယ် ။ အမေ ရဲ့ ယုံကြည်မှု အပြည့်နဲ့ အားမာန်တွေ ကို အမေ့ မျက်ဝန်း အတွင်း မှာ တွေ့ ရတယ် ။ ဒီလို အခက်အခဲတွေ ကြား မှာ လက်ပွား အတွက် ရဲရဲဝံ့ဝံ့ တိုက်ခိုက် ရဲတဲ့ အမေ့ ကို ပို တိုးလို့ ချစ်မိတယ် ။

တကယ်လို့ သာ လက်ပွား မှာ အဖေ သာ ရှိရင် အမေ ဒီလောက် ပင်ပန်းမှာ မဟုတ်ဘူး ။ အဖေ မရှိတဲ့ အတွက် အမေ က အဖေ့ တာဝန်ရော ၊ အမေ့ တာဝန်ရော ယူ ရတာ မဟုတ်လား ။ အမေ ပြောသလို လက်ပွား ပညာတတ်ကြီး ဖြစ်အောင် လုပ်မယ် ။ တစ်နေ့ ကျ ရင် လက်ပွားတို့ သားအမိ ကို အဖက် မလုပ်ကြတဲ့ အမျိုးတွေ ရှေ့မှာ ခေါင်းမော့ ရင်ကော့ ပြီး လမ်းလျှောက် ပြမယ် ။ ဒါက ဒုတိယတန်း ကျောင်းသားကြီး တစ်ယောက် ရဲ့ စိတ်ကူးယဉ် အိပ်မက် ။

တစ်ရက် အမေ အပြင်း ဖျားတယ် ။ အလုပ်တွေ ပင်ပန်းတာကြောင့် ရယ် ၊ အစားအသောက် ပုံမှန် မစားတာ ကြောင့် ရယ် အမေ ဖျားတာလို့  ရွာက သားဖွားဆရာမလေး က လက်ပွား ကို ပြောတယ် ။ အမေ နေမကောင်းတော့ လက်ပွား အမေ့ လက်ကို ဆွဲပြီး ဆေးခန်း သွားခဲ့တယ် ။ လက်ပွား တို့ ကျွန်းကလေးရွာ က ဆေးခန်းလေး က ဆယ့်နှစ်ပေ ၊ ပေနှစ်ဆယ် အကျယ် လောက် ရှိတဲ့ သွပ်မိုးပျဉ်ထောင်ကာအိမ်ကလေး ။ ရွာ ရဲ့ တစ်ခုတည်း သော အသက်ကယ် အိမ်ကလေး ။ မြို့တက် ဆေး ကုဖို့ မတတ်နိုင်သူတွေ အတွက် ကယ်တင်ရှင် အိမ်ကလေး ။ ဒီ အိမ်ကလေး ရဲ့ အရှင်သခင် ဆရာမလေး က တော့ ကျွန်းကလေးကျေးရွာ မှာ သူ့ ကျေးဇူး ကင်းတဲ့သူ မရှိသေး ။

အမျိုးတွေ ရော အဘွား က ပါ အမေ နေမကောင်း တာ သိလျက်နဲ့ အကျိုးအကြောင်း မေးမြန်းဖော် မရခဲ့ဘူး ။ သူတို့ မမေးတော့ ရော ဘာဖြစ်သလဲ ၊ အမေ့ မှာ လက်ပွား တစ်ယောက် လုံး ရှိသေးတယ် ။ အမေ့ လက် ကို ကျစ်ကျစ် ပါအောင် ဆုပ် လို့ သားအမိ နှစ်ယောက် ဆေးခန်း သွားပြ တယ် ။ အမေ က ယိုင်နဲ့နဲ့ ခန္ဓာကိုယ် ကို အားတင်း လို့ လျှောက် လာပုံပါပဲ ။ အမေ့ ကြည့်ရတာ ဖြူဖျော့ လိုက်တာ ။ ချက်ချင်းပဲ ခွေလဲ ကျတော့မယ့် အတိုင်း ။

တစ်ခါတစ်ရံ မှာ လူ တစ်ယောက် က ဘဝပေး အသိ ကြောင့် လက်ရှိ အသက် ထက် ပို ရင့်ကျက် နေတဲ့ အထဲ မှာ လက်ပွား လည်း ပါခဲ့ပုံရတယ် ။ အခု အမေ နေ မကောင်း တော့ လက်ပွား ပဲ လူကြီး လုပ် နေရတာလေ ။ ဆရာမလေး က ပြောတယ် ။ အမေ့ အတွက် ဆေး သွင်းဖို့ ရွာ မှာ မရှိလို့ မြို့ ကို လူကြုံ နဲ့ မှာရမယ် တဲ့ ။ ဘယ်လောက် ကျမလဲ ဆရာ မလို့ လက်ပွား မေးတော့ ငါးထောင် တဲ့ ။ သူတို့ သား အမိ မှာ ပါလာတာ က နှစ်ထောင် တည်း ရယ် ။ လူနာ စမ်းသပ် တဲ့ ခုတင် ပေါ်မှာ လဲလျောင်း ရင်း မော နေတဲ့ အမေ့ ကို တစ်ချက် ကြည့်လိုက်တယ် ။ ပြီးတော့ အမေ့ နဖူး က ချွေးစက်တွေ ကို ဘယ်ဘက် လက် အပွားလေး နဲ့ သုတ်လိုက် တယ် ။ အမေ က ဆရာမ နဲ့ လက်ပွား ပြောနေတဲ့ စကား တွေ ကို ကြားပုံ မပေါ် ၊ ဝေဒနာ ကို အပြင်းအထန် ခံစား နေရပုံပဲ ။ ခုနစ်နှစ် အရွယ် ကလေး တစ်ယောက် က ပိုက်ဆံ သုံးထောင် ကို ဘယ် ကနေ သွား ရှာရမလဲ လို့ သဲကြီးမဲကြီး စဉ်းစား နေတာကို ဆရာ မက သိပုံ မပေါ်ဘူး ။ အမေ့ ကို အားဆေးအရည် သွင်းပေးဖို့ အပ်တွေ ၊ ပိုက်တွေ ပြင်ဆင်နေတယ် ။

“ ဆရာမ အမေ့ ကို ခဏ အပ်ခဲ့မယ်နော် ။ သား ခဏ နေရင် ပြန်လာခဲ့မယ် ။ အမေ့ ကို သေချာ ဂရုစိုက်ပေးပါ နော် ဆရာမ ။ သား မှာ တွယ်တာရမယ့်သူ ဆိုလို့ တစ်ယောက် တည်း ပဲ ရှိတာပါ ဆရာ မရယ် ”

ပြော လည်း ပြော ၊ ဝဲ လာတဲ့ မျက်ရည် ကို အသာ သုတ် လို့ လက်ပွား ဆေးခန်းလေး ထဲ က ပြေးထွက် လာခဲ့တယ် ။ လမ်းမ ပေါ် ရောက်တော့ လက်ပွား ဘယ်သွားရမလဲ မသိ ။ အဘွားအိမ် ကို သွားပြီး ပြောရ မလား ။ အမျိုးတွေ ဆီ ကို သွားရမလား ။ ဟုတ်သားပဲ အမျိုးတွေ ဆို လို့ အမေ့ ကို ချစ်ခင်ပုံရတဲ့ အမေ့ ရဲ့ အစ်မကြီး ရှိသားပဲ ။ သူ့ ဆီ သွားရ မယ် ။ ရွာ ရဲ့ အနောက်ပိုင်း မှာ နေတဲ့ ကြီးတော် ဆီ သွားဖို့ လက်ပွား သုတ်ခြေတင် မိတယ် ။ လက်ပွား ဘဝ မှာ ပြေးခဲ့ သမျှ အခု အချိန်က အမြန်ဆုံး ပဲ ။ သူငယ်ချင်းတွေ နဲ့ လိုက်တမ်းပြေးတမ်း ကစား လို့ ပြေးတာ နဲ့ လည်း မတူဘူး ။ အမေ အမေ လက်ပွား ကို သံယောဇဉ် အရှိဆုံး လူသား တစ်ယောက် ။ လက်ပွား အတွက် အရာရာ ကို ရင်ဆိုင် နေရတဲ့ လူသား တစ်ယောက် ။ အဲဒီ တစ်ယောက် အတွက် လက်ပွား ပြေး နေတယ် ။ ဘဝ မှာ အလျင်မြန်ဆုံး သော အမြန်နှုန်းတွေ နဲ့ ပြေး နေတယ် ။

ကြီးတော် ၊ ကြီးတော် အကြောင်း ပြောရရင် သူ က အမေ့ ထက် ဆယ်နှစ် ကြီးတယ် လို့ အမေ ပြောဖူးတယ် ။ ဟုတ်မှာပါ ။ လက်ပွား ရဲ့ အစ်ကို ဝမ်းကွဲ ဖြစ်တဲ့ အစ်ကို လေး တောင် အမေ နဲ့ ငါးနှစ် ပဲ ကွာတယ် တဲ့ ။ ကြီးတော် မှာ သား နှစ်ယောက် ရှိတယ် ။ အစ်ကိုကြီး က ထိုင်း မှာ အလုပ် သွား လုပ်တယ်လို့ ကြီးတော် ပြောပြဖူးတယ် ။ လက်ပွား သိတတ်စ အရွယ် ကတည်း က အစ်ကိုကြီး မရှိဘူး ။ အစ်ကိုလေး နဲ့ အစ်ကိုကြီး က သုံးနှစ် ကွာ တဲ့ ။ ကြီးတော် က သားတွေ ကို တော်တော် ချစ်ပုံရတယ် ။ ငယ်ငယ် ကတည်း က အမေ အလုပ်တွေ မအား ရင် ကြီးတော် က သူ့ အိမ် ကို ခေါ်ပြီး လက်ပွား ကို ထမင်းကျွေး ၊ ရေမိုးချိုးပေး ၊ သနပ် ခါးလူးပေး နဲ့ လက်ပွား ကို လည်း အတော် သံယောဇဉ် ရှိတယ် ။ အားတဲ့ အချိန် မှာ သူ့ သားတွေ အကြောင်း ပြော နေရော ။

“ ကြီးတော် ရေ ... ကြီးတော် .... ”

အမောတကော နဲ့ ပြေး လာတဲ့ လက်ပွား ကို အစ်ကိုလေး က အိမ် ထဲ က ထွက် ကြည့်တယ် ။

“ အစ်ကိုလေး ကြီးတော် ဘယ်သွားလဲ ၊ အရေးကြီး လို့ပါ ။ အမေ လေ အမေ ... ဆေးခန်း မှာ တော်တော် နေ မကောင်းဘူး ။ အီး ဟီးဟီး ”

လက်ပွား ငိုရှိုက်သံ နဲ့ ဗလုံးဗထွေး ပြော လည်း ပြော ငို လည်း ငို နဲ့ လက်ပွား အိမ်ရှေ့ က ကွပ်ပျစ်လေး ပေါ် မှာ အရုပ်ကြိုးပြတ် ထိုင်ချ လိုက်တယ် ။ ကြီးတော် မရှိဘူး လို့ အစ်ကိုလေး က ပြောတော့ လက်ပွား အတွက် အားကိုးရာ ကောက်ရိုး တစ်မျှင် တောင် မရှိတော့ သလိုပါပဲ ။ ပိုက်ဆံ သုံးထောင် ဘယ်လို ရှာရမလဲ ။ အမေ့ ကို လည်း ထားခဲ့ရ သေးတယ် ။ အမေ သက်သာ မှ သက်သာရဲ့ လား ။

အစ်ကိုလေး က ကြီးတော် ပိုက်ဆံ ထား တတ်တဲ့ နေရာတွေ ရှာ ကြည့်လိုက်ဦးမယ် ပြောတော့ လက်ပွား ချက်ချင်း ထ ထိုင် လိုက်တယ် ။ ပြီးတော့ အစ်ကိုလေး နောက် ကနေ အိမ် ထဲ ကို အလျင်အမြန် လိုက် ဝင် သွား တယ် ။ အစ်ကိုလေး က ဘုရားစင် ပေါ် က ဘုရားစာအုပ် တွေ ကြား ထဲ လှန်လှော ရှာကြည့်နေတယ် ။ အစ်ကိုလေး က အဝတ်အစားတွေ ထည့် တဲ့ ဗီရို ထဲ မှာ လည်း အမေ ထား တတ်တယ် ဆိုလို့ လက်ပွား ဗီရို ထဲ ကို မွှေနှောက် ရှာဖွေ နေမိတယ် ။

အပေါ်ဆုံး ထပ် ကျ တော့ လက်ပွား အရပ် နဲ့ မမီတော့ ဘူး ။ အနား က ဖင်ထိုင်ခုံ အပုလေး ကို ပြေး ယူ လိုက်တယ် ။ အဲဒါလေး နဲ့ ပြီး အပေါ်ထပ် ကို ရှာ ကြည့်မိတယ် ။ အပေါ် ထပ် မှာ ကြီးတော် တို့ အဝတ်အစားအသစ် တွေ ထားတယ် ။ အဲဒီမှာ ကြွပ်ကြွပ်အိတ် နဲ့ ထုပ် ထားတဲ့ အထုပ် တစ်ထုပ် ကို တွေ့ တယ် ။ ဒီ အထဲမှာ များ ကြီးတော် ပိုက်ဆံ သိမ်းထား လေသလား ။ ခပ်မြန်မြန် ပဲ ဖွင့် ကြည့် လိုက်မိတယ် ။ အဝတ်အစား တချို့ နဲ့ ထည့် ထုပ် ထားတဲ့ ပိုက်ဆံ တစ်ထောင် တန် အသစ်ကလေး တစ်အုပ် နဲ့ ဓာတ်ပုံလေး တစ်ပုံ တွေ့ တယ် ။ အစ်ကိုလေး တို့ ရှင်ပြု တုန်းက ပုံပဲ ။ အစ်ကိုလေး ဘေး က ဘယ်သူပါလိမ့် ။ လက်ပွား တစ်ခါ မှ မမြင်ဖူး တဲ့ အစ်ကိုကြီးဆိုတာများလား ။ လက်ပွား ဓာတ်ပုံ ကို အနီးကပ်ပြီး သေသေချာချာ ကြည့် မိတယ် ။ လက်ပွား မျက်ဝန်း ထဲ မှာ အရောင် တချို့ လက် သွားတယ် ။ ပြီးတော့ တစ်ထောင်တန်အုပ် ထဲ က ပိုက်ဆံ သုံးထောင် ကို ခပ်မြန် မြန် ဆွဲ ထုတ် လိုက်တယ် ။ အစ်ကိုလေး ကို လည်း ပိုက်ဆံ သုံးထောင် ယူသွားတဲ့ အကြောင်း လှမ်း ပြောလိုက်သေးတယ် ။

အစ်ကိုလေး က မင်း အမေ ကို ငါ လိုက်ကြည့်မယ် ၊ ငါ့ ကို ခဏစောင့် ဆိုတဲ့ စကား ကို လက်ပွား မကြားတော့ ပါ ။ လမ်းမ ပေါ် မှာ လက်ပွား ရဲ့ ခြေလှမ်းတွေ က အလာ တုန်း က ထက် ပို သွက်နေတယ် ။ အခု ခြေလှမ်းတွေ က အားမာန်တွေ ပါတယ် ။ ပြီးတော့ ပိုက်ဆံ ကို တင်းတင်း ကျပ်ကျပ် ဆုပ်ထားတဲ့ ဘယ်လက် လက်ပွားကလေး က လည်း အရာရာ ကို ရင်ဆိုင်ဖို့ သတ္တိတွေ အပြည့် ။ လက်ပွား အမေ ဝမ်းသာအောင် ပြော ပြဖို့ စကားတစ်ခွန်း ရပြီ ။ အမေ က လက်ပွား ရဲ့ ဘယ်ဘက်လက်ကလေး ကြောင့် ရှက်ရွံ့ဝမ်းနည်း ရတာတွေ မဖြစ်စေရတော့ဘူး ။ လက်ပွား မှာ အဖော် ရပြီ ဆိုတာ အမေ့ ကို ပြောပြရမယ် ။ လက်ပွား တစ်ယောက် အမေ့ ကို ပြောပြမယ့် စကားသံတွေ က ရင် ထဲ မှာ ပဲ့တင်ထပ် နေတယ် ။

“ အမေ ရေ ၊ အစ်ကိုကြီး က သား လိုပဲ ဘယ်ဘက် လက်ကလေး က လက်ပွားလေး ဗျ ”

◾မြကေခိုင်

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      မေ ၊ ၂၀၁၇

No comments:

Post a Comment