ထူးနိုင် ခပ်တည်တည် နှင့် ဆိုင် ထဲ မှ မြရီနွယ် နား ကပ်သွား၏ ။ ပြီး နောက် မသိချင်ယောင် ဆောင်၍ နံဘေး နား က ပစ္စည်း တစ်ခု ကောက်ကိုင်ကာ
“ ဝယ်ချင်တာ စုံပြီလား ”
မြရီနွယ် က လဲ သူ လိုချင်သည် များ ကြည့်ကာ
“ အင်း စုံပြီ ထင်တာပဲ ”
ထူးနိုင် က အံကြိတ်သံ ဖြင့်
“ အင်း ဒါဖြင့် ကိုယ် ဟိုဖက် မှာ လိုချင်တာလေး လိုက် ကြည့်လိုက်ဦးမယ် ”
“ ဟုတ် ”
ထူးနိုင် ခပ်တည်တည်နှင့် ဟိုကြည့် သလို ဒီကြည့် သလို လုပ်ပြီး သူဇာချို နား ကပ် သွားပြန်သည် ။ ပြီးနောက် အသံ တိုးတိုး ဖြင့်
“ ပြန်ချင် ပြောနော် ၊ ဝယ်စရာ ရှိသေးလား ”
သူဇာချို က တစ်ချက်သာ ဝေ့ကြည့်ပြီး
“ လိုချင်တာ ရှိမလားလို့ လိုက် ကြည့်နေတာ ”
ထူးနိုင် လဲ အသံ တိုးတိုး ဖြင့်
“ ကိုယ် လဲ လိုက် ကြည့်ဦးမယ် ”
ဆိုကာ မြရီနွယ် နား ကပ် သွားပြန်သည် ။
“ ရပြီလား ၊ တခြားဖက် သွားဦးမလား ”
“ အင်း ဒီမှာ ကြည့်ဦး မလားလို့ ”
“ ဒါဆို ကိုယ် လဲ လိုက် ကြည့်ဦးမယ် ”
ဆိုကာ သူဇာချို ဖက် ပြန် ကပ်သွားပြန်သည် ။
“ ဒီ ဆိုင်လေး က ဈေးဝယ် ကောင်းတယ်နော် ”
“ အင်း ဈေးလဲ ချို သား ”
“ ဒါဖြင့် ဆက် ရွေးနော် ”
ဤသို့ဖြင့် တစ်ယောက် တည်း အလုပ် ဖြစ်နေသော သူ့ ကို ကြည့် ၍ သူ ငယ်ချင်းများ က မနာလိုတော့ ။ ထို့ကြောင့်
“ ထူးနိုင် ”
အော်သံ ကြားတော့ ထူးနိုင် ခေါင်းနပန်း ကြီးသွား၏ ။ မြရီနွယ် ရော သူဇာချို ပါ ထူးနိုင် ကို ဝေ့ ကြည့် ကြသည် ။ ထူးနိုင် လဲ လန့်ပြီး
“ ဟာ သူငယ်ချင်း ငါ လာပြီ ငါ လာပြီ ”
ဆိုကာ ပြေးထွက် လိုက်သည် ။ အပြင် ရောက် မှ ယောင်ပြီး
“ ဟိတ် ”
နှစ်ယောက်လုံး သူ့ ကို ငေး ကြည့်နေသည် ။
“ ပြန်နှင့်တော့ နော် ၊ သူငယ်ချင်းတွေ ခေါ်လို့ ”
နှစ်ယောက်လုံး က တစ်နေရာ စီ မှ ခေါင်းညိတ် ကြသည် ။
ထူးနိုင် က တော့ ကော့ပြီး ထွက်လာလိုက်တော့သည် ။ သူငယ်ချင်းများ ကို ပင် မခေါ်တော့ ။
သူငယ်ချင်းများ က ပင် ကြောင်ပြီး ကျန်ခဲ့ရ လေသည် ။ ပြောသား ။ ထူးနိုင် က လူလိမ် မဟုတ် ။ လူလည် ။
••••• ••••• •••••
နှင်းငွေ့ က မပြယ်သေး ။
ထူးနိုင် နှင့် မြရီနွယ် တို့ ထိုင်နေကျ ခုံတန်း ၌ ထိုင်ပြီး အမောဖြေ နေကြသည် ။ အတန်ကြာမှ
“ မနေ့က ကိစ္စ ကို တောင်းပန်ပါတယ် ”
မြရီနွယ် က ထူးနိုင် ကို ပြန်ကြည့်သည် ။
“ ဘာကိုလဲ ဟင် ”
ထူးနိုင် ခေါင်းကုတ် ပြီး
“ ဟိုလေ ၊ ပလာဇာ မှာ သူငယ်ချင်းတွေ နဲ့ ကိစ္စ ”
မြရီနွယ် က ပြုံးသည် ။
“ ရပါတယ် ၊ ဘာဖြစ်လို့ လဲ ”
ထူးနိုင် က မြရီနွယ် ကို မလုံမလဲ ကြည့်သည် ။ မြရီနွယ် က သာ ပြုံးပြီး
“ သူငယ်ချင်းတွေ က ကိုထူး ကို အတော် ခင်တယ်နော် ”
ထူးနိုင် က သာ မလုံမလဲ ပြုံးပြီး
“ ဟုတ်တယ် ၊ သူတို့ အကူအညီ လိုရင် ကိုယ့် ဆီ ပဲ လာ ကြတာ အနိုင်ကျင့် နေကျလေ ၊ ဟဲဟဲ ဒါကြောင့် ”
မြရီနွယ် က မခို့တရို့ ပြုံးပြီး
“ ဟင်းဟင်း အခုတလော အတိုက်အခိုက်ကံ ပါလို့ လား မသိဘူး ၊ ပလာဇာ မှာ တောင် ကောင်မလေး တစ်ယောက် နဲ့ တိုက်မိသေးတယ် ၊ ဟင်းဟင်း ”
ထူးနိုင် မျက်လုံး ပြူး သွားသည် ။ သူ တိုက်မိခဲ့တာ သူဇာချို ကိုး ။ ထို့ကြောင့်
“ ဟင် အဲဒီ မိန်းကလေး ကို နွယ် သိလို့ လား ”
မြရီနွယ် က မျက်မှောင် ကြုတ်ပြီး
“ ဟင့်အင်း မသိဘူး ၊ ချောတော့ ချောချောလေးပဲ ”
ထူးနိုင် သက်ပြင်း ချ မိသည် ။
“ ကိုယ် က တစ်ခုခု ဖြစ်မှာ စိုးရိမ်လို့ ”
“ ကိုထူး က သိပ် လေးစားဖို့ ကောင်းတာပဲ ၊ လူတိုင်း အပေါ် အလိုလိုက်
တယ်နော် ”
ထူးနိုင် ဘဝင်မြင့် မလို ပင် ဖြစ်သွား၏ ။ မြရီနွယ် က ထူးနိုင် ကို ဖျတ်ခနဲ ကြည့်ပြီး
“ နွယ် တောင် မေမေ့ ကို ပြောပြထားသေးတယ် ”
“ ဟင် ”
ထူးနိုင် မျက်လုံး ပြူးသွားသည် ။
“ ဟင် ဟင် ဘာပြောလဲ ၊ နွယ့် မေမေ က ဘာပြောလဲ ”
နွယ် က ပြုံးပြီး
“ အိမ် ကို ဘာလို့ မခေါ်လာလဲ တဲ့ ၊ ကိုယ့် ရဲ့ အသက်သခင် ကို ထမင်းလေး ဘာလေး ဖိတ်ကျွေးပါလားတဲ့ ”
ထူးနိုင် သက်ပြင်းချ မိသည် ။ အခြေအနေ က အကောင်းဖက် မှာ ကိုး ။
“ အဲဒါ ကိုထူး ဒီ နေ့လယ် အားလားဟင် ”
ထူးနိုင် ဝမ်းသာသွားသည် ။
“ ဟာ အား အားပါတယ် ၊ ဘာလို့ လဲဟင် ”
“ အိမ် ကို ထမင်းစား ဖိတ်မလို့ ”
“ ဟာ အားနာစရာ ”
စကား အဖြစ် သာ ပြောရသည် ။ အမှန်တော့ ဝမ်းသာလုံးကြီး ဆို့နေပြီလေ ။ ကောင်မလေးလှလှလေး နှင့် ထမင်းလက် ဆုံ စားရမည် ကိုး ။ အနည်းဆုံးတော့ ထမင်း တစ်နပ်စာ သက်သာမည်လေ ။
“ အဲဒါဆို နွယ် အိမ် မှာ ဆယ့်တစ်နာရီခွဲ လောက် စောင့်နေမယ် နော် ၊ အိမ်ကို လာတတ်တယ် မဟုတ်လား ”
“ ဟုတ် ဟုတ် လာတတ်ပါတယ် ၊ လမ်း က မှ မခက်တာ ”
နွယ် ထ ရပ်လိုက်သည် ။
“ ဒါဖြင့် သွားပြီနော် ၊ နေ့ခင်း ကျမှ အိမ်မှာ ဆုံမယ် ”
ဆိုကာ ပြေးထွက် သွားလေတော့သည် ။ ထူးနိုင် ကတော့ ကြည်နူးစွာ ပြုံးရင်း ကျန်ခဲ့ရလေသည် ။ ပြီးမှ
“ ယာစ် ”
••••• ••••• •••••
နှင်းကွဲချိန် ။
ထူးနိုင် နှင့် သူဇာချို တို့ ဆုံနေကျ လက်ဖက်ရည်ဆိုင် မှာ ဆုံကြသည် ။
“ မနေ့က ကိစ္စ အားနာ လိုက်တာ ချိုရယ် ”
“ ဟင် ဘာကိစ္စလဲဟင် ”
ထူးနိုင် ခေါင်းကုတ်ပြီး
“ ဟိုလေ ပလာဇာ မှာ သူငယ်ချင်းတွေ ကိစ္စ ”
သူဇာချို က ရယ်ရင်း
“ ရပါတယ် ၊ ချို နားလည်ပါတယ် ၊ ချို က သူငယ်ချင်း သိပ် မရှိပေမယ့် အဲဒီလို သူငယ်ချင်း သိုက်သိုက်ဝန်းဝန်း နဲ့ သိပ် နေချင်တာ ”
ထူးနိုင် သက်ပြင်း ချမိသည် ။ ဒီ တစ်ယောက် ကလဲ အဆင်ပြေ နေတာကိုး ။
“ ဒါနဲ့ ပလာဇာ မှာ တိုက်မိသေးတယ်နော် ”
သူဇာချို က ရယ်ရင်း
“ ဟုတ်တယ် ၊ ဟုတ်တယ် ၊ တိုက်တော့ လဲ ကိုယ် အသာပဲ ၊ သူ ပဲ လဲကျ မလို ဖြစ်သွားတာ ”
“ သူ ဆိုတာ ”
“ တိုက်မိသွားတဲ့ ကောင်မလေး လေ ၊ အင်း ခပ်ချောချောလေးပဲ ”
ထူးနိုင် ယခုမှ နေသားထိုင်သား ကျသွားသည် ။ သူတို့ နှစ်ယောက် မသိတာ သေချာသွားပြီကိုး ။
“ ဒါနဲ့ နေ့လယ် အားလားဟင် ”
ရုတ်တရက် အမေးကြောင့် ထူးနိုင် လဲ ကြောင်ပြီး
“ ဟုတ်ကဲ့ အားပါတယ် ၊ ဘာကိစ္စ ရှိလို့လဲ ဟင် ”
သူဇာချို က ရှက်ကိုးရှက်ကန်း ပြုံးပြီး
“ ဟိုလေ အိမ် မှာ ထမင်းဖိတ် ကျွေးမလို့ ပါ ၊ ကိုနိုင် အားမှ ပါ ”
ထူးနိုင် ခေါင်း ကို ပျာပျာသလဲ ညိတ်ပြီး
“ အားပါတယ် ၊ စားပေးရမှာ ပေါ့ ၊ ဟဲဟဲ ”
စပ်ဖြဲဖြဲ လုပ်နေသေး၏ ။
“ ဒါဆို ဆယ့်တစ်နာရီခွဲ လောက် အိမ် လာခဲ့ပါလား ”
“ ဟမ် ”
ရုတ်တရက် ကြောင် သွားသေး၏ ။ ဒါကို သူဇာချို က
“ ဘာလဲ မအားလို့ လား ”
“ ဟာ အား အားပါတယ် ၊ ဘာမှ မရှိပါဘူး ၊ အားပါတယ် ၊ ဆယ့်တစ်နာရီခွဲ နော် ၊ ဟင်းဟင်း ”
ပျာပျာသလဲ နှင့် ပြန် ပြောမိသည် ။ စိတ်ထဲ တွင် တော့
“ တောက် ဒုက္ခပဲ ၊ ဟိုဖက် မှာ လဲ ဆယ့်တစ်ခွဲ ချိန်းထားမိ ပြန်ပြီ ၊ ပြဿနာ ပဲ ၊ ဘယ်လို ငြင်းရမှန်း မသိဘူး ”
နောက်မှ အရဲစွန့် ၍
“ ဟိုလေ အချိန် နည်းနည်း ရွှေ့လို့ ရမလားလို့ အဟဲ ”
သူဇာချို မျက်မှောင်ကြုတ် သွားပြီး
“ ဘာလဲ ချိန်းထားတာ ရှိလို့ လား ”
ထို အမေး ကို ထူးနိုင် ပျာပျာသလဲ ဖြစ်သွားပြန် ပြီး
“ ဟာ မရှိပါဘူး ၊ မရှိပါဘူး ၊ အားပါတယ် ။ ဟဲဟဲ အားပါတယ် ၊ လာခဲ့မှာ ပေါ့ ”
သူဇာချို သက်ပြင်းချ ရင်း
“ ဒါဆို ဆယ့်တစ်ခွဲနော် ”
ထူးနိုင် သူ့ နဖူး ကို သူ ဖောင်းကနဲ ရိုက်ချင်နေသည် ။ သို့သော် မအောင်မြင် ။ ခေါင်းညိတ်ခြင်း ဖြင့် သာ အဆုံးသ,တ်ရ၏ ။
▢ အကြည်တော်
📖 နွယ်ချို
.
No comments:
Post a Comment