🚩 ပေါက်တဲ့ လူ က အပြတ် ကြုံးသွားမှာပဲ
“ ပေါက်အောင် လုပ်နိုင်လား ၊ ချွန်အောင် လုပ်နိုင်ရဲ့လား ”
“ ဆရာ့ မေးခွန်းကြီး က ကြောက်စရာကြီးပါလား ”
“ ငါ့ ကို မကြောက်ပါနဲ့ ၊ မေးခွန်း ကို မကြောက်ပါနဲ့ ”
“ တကယ် ကြောက်စရာ ကောင်းတာက လူ့လောကကြီး ပါ ကွာ ၊ ကြောက်စရာ အကောင်းဆုံး က လူကွ ”
“ ဆရာ က တော့ လုပ်ပြီ ”
“ ဟင် မဟုတ်လို့လား ”
သည်နေ့ ကမ္ဘာ မှာ လူပေါင်း သန်း ၆ဝဝဝ ၊ အဲသည် လူတွေ ဘာလုပ် နေကြသလဲ ။
အဲသည် လူတွေ ဟာ လူတွေ အချင်းချင်း အသေအလဲ အကြိတ်အနယ် ပြိုင် နေကြရတာ ။
အရည်အသွေး တွေ ပြိုင်တယ် ။ ပညာတွေ ပြိုင်တယ် ။ ပိုင်ဆိုင်မှုတွေ ပြိုင်တယ် ။
မျက်နှာ ပေါင်းစုံ ၊ ဘက်ပေါင်းစုံ ၊ ဂွင်အမျိုးမျိုး မှာ စစ်မျက်နှာ အပြင်းအထန် ဖွင့်ပြီး ပြိုင်နေကြတာ ။
ဥပမာ ရုပ်ရှင်လုပ်ငန်း ၊
အနုပညာ လုပ်ငန်း မှန်ပေမဲ့ တကယ့် အရှိန်ပြင်းပြင်းကြီး နဲ့ ပြိုင်နေရတာ ။
ကမ္ဘာ့ ရုပ်ရှင်ပြိုင်ပွဲကြီး မှာ ကြည့် ။ တိုက်တင်းနစ် လို ကားကြီး က အကြီးအကျယ် ပေါက်သွား တယ် ။ ဝင်ငွေတွေ အရမ်း ရတယ် ။ သူ့ ကို လိုက် ပြိုင်ပေမဲ့ မပေါက်တဲ့ ကားကြီးတွေ ကျတော့ မမြတ် တဲ့ အပြင် ရှုံးတောင် ရှုံးသေးတယ် ။ ဒါက လုပ်ငန်းပြိုင်ပွဲ ။
ဟော ပုဂ္ဂလိက တစ်ဦးချင်း ပြိုင်ပွဲ ။
ဥပမာ ဘောလုံးသမား လောက ၊
ပြိုင်လိုက်ကြရတာ ။ လေ့ကျင့် လိုက်ကြရတာ ၊ အရိုးကျေကျေ အရေခန်းခန်း ၊ လဲကွဲကျိုးပဲ့ စုတ်ပြတ် ၊ ထိခိုက်ဒဏ်ရာရ ။
ဟော တစ်ကိုယ်တော် ပြိုင်ပွဲ မှာ အနိုင် ရလိုက်ပြီ ဆိုတော့ ၊
ကြည့်ဦး အကျိုးအမြတ်တွေ ။ အပြတ် အဝယ်ခံရတယ် ။ နာမည် ကြီးတယ် ။ အဲသည် နာမည် ရဲ့ နောက်က ကြော်ငြာတွေ လိုက် လာမယ် ။ ကုန်အမှတ် တံဆိပ်တွေ ထွက်လာမယ် ။ သည်အပေါ် က အဖိုးအခ ပိုက်ဆံတွေ ရဦးမယ် ။
ကြည့်လေ ဒေးဗစ်ဘက်ခမ်း ဆိုတဲ့ ဘောသမား ။
သောက်သောက်လဲ ဝင်ငွေတွေ ။
နည်းပညာလောက ကို ကြည့်ဦးမလား ။
ကွန်ပျူတာတွေ ဟာ့ဒ်ဝဲတွေ ၊ ဆော့ဖ်ဝဲတွေ ၊ ယာဟူး ဂူးဂဲ စတဲ့ ကုမ္ပဏီတွေ ။
အပြိုင် ဆော်ကြရတာ ။
ဆော် တော့ ပေါက် ၊ ပေါက်တဲ့ ကောင် က အကုန် ကျုံးယူ သွားမှာပဲ ။
တစ်ဦးချင်း ထဲ က ပဲ ဆရာဝန် တွေ ကို ကြည့်ဦး ။
ဆေးရုံ တွေ ကို ကြည့်ဦး ။ ဆရာဝန် တွေ က လည်း ထက်မြက်တယ် ၊ ဆေးရုံ တွေ က လည်း ပြောင်မြောက်တယ် ။ ခေတ်မီ နည်းတွေ လည်း ကုသနိုင်တယ် ဆို သည် ဆေးရုံ သည် ဆရာဝန်တွေ ပေါက်သွားတာပဲ ။
ပေါက်ရင် စားရတာပဲလေ ။
အဲသည်တော့ ဘာလုပ်ကြမလဲ ။
ပေါက်အောင် ချွန်အောင် လေ့ကျင့်မလား ၊ သင်ယူမလား ။ သူများ ထက် ငါးဆ ပေါက်ချင် ရင် သူများ ထက် ၁၅ ဆ ကြိုးစားရ လိမ့်မယ် ။
သူများ ထက် အဆပေါင်း ၁ဝဝ သာချင် သူများ ထက် အဆပေါင်း ၁၅ဝ လောက် ပို ကြိုးစားရလိမ့်မယ် ။
ရှေ့ က သွား မှာလား ၊ နောက် က လိုက် မှာလား ၊ ရှေ့ က သွားရင် ခေါင်းဆောင် ဖြစ်မယ် ။
နောက် က လိုက် နေရင်တော့
နောက်လိုက် ပဲ ဖြစ်မှာပဲ ။ ကြိုးစားတယ် ဆိုတာ က လည်း တစ်သက်လုံး မှေး လိုက် လာ နေပြီး သေခါနီး ကာ မှ ထ လုပ်လို့ မရဘူး ။
ထက်တုန်း မြက်တုန်း ငယ်ငယ်လေး ကတည်း က စိတ်ပါလက်ပါ ဇောက်ချ လုပ်မှ ရတာ ။
သူများ ခိုင်းလို့ လုပ်ရတာ ဟာ ကြိုးစားတာ မဟုတ်ဘူး ။ ခိုင်းလို့ လုပ်တာဟာ ခိုင်းဖတ် ဖြစ်သွားတတ်တယ် ။
ကိုယ်ထူကိုယ်ထ ကိုယ့် စိတ် နဲ့ ကိုယ် ကြိုးစား မှ ထိပ်ရောက်မှာ ။
ခိုင်း မှ ထလုပ် ၊ ခိုင်းဖတ်ဖြစ် ။
ပျင်း ပြီး အိပ်ငိုက် နေ ၊ မှေးလိုက်နေ ။
မှေးလိုက် နေ လို့ က တော့လား ၊ ဟား ဟား ။
အပြေးပြိုင်ပွဲ မှာ ရှေ့ဆုံး လူ က ပန်းဝင် သွားပြီ ။ အဆီအခဲ အသားတုံးကြီး ကို ရသွားပြီ ။ အသားကုန် စားဝါး ပစ်လိုက်ပြီ ။
အဲ နောက် က မှေးလိုက် ငေးငိုက် နေသူ က နောက်မှာ ကျကျန်ရစ်ခဲ့ပြီ ။
သူများတွေ အဆီ ကို စား အသား ကို စား နေတဲ့ အချိန်မှာ
မှေးလိုက် နေသူ က သူတစ်ပါး စားကြွင်းစားကျန် အရိုးအရင်းလေး ပဲ ကိုက်ရတော့ မှာ အရိုးအရင်း တောင် မှ ကြီးကြီးမားမား ဒုကြီးဗျက်ကြီး မဟုတ်ဘူး ။
အတောင်ပံဖျား က အရိုးလေး ၊ ငါးအမြီးဖျား က အရိုးကလေး ကို ကိုက်ခွာပြီး သွားရည်ကလေး နဲ့ လိမ့်ချရမှာ ။ ဘယ်လောက် အောက်တန်းကျသလဲ ။ သူ့ နောက်မှာ သူ့ အောက် မှာ ဘယ်သူမှ မရှိတော့ ဘူး ။ မကျန်တော့ဘူး ။
အရမ်း နောက်ကျသွားပြီ ဆိုရင်တော့ အရိုးကလေး တောင် ရမှာ မဟုတ်တော့ဘူး ။
သူများ စားထားတဲ့ အနံ့ကလေး ပဲ ရှူရတော့မယ် ။
အဲသည်တော့
ပေါက်အောင် လုပ်မှာလား ။
အနံ့ကလေး ပဲ ရှူမလား ။
လူငယ်များ ကြိုးစား ။
အရမ်း ကြိုးစားပါ ။
ကိုယ့် ကိုယ် ကို မညှာနဲ့ ၊ မညာနဲ့ ။
မောင်ချမ်းသာ
ကုမုဒြာ ဂျာနယ်
၈ စက်တင်ဘာလ ၂၀၀၆
No comments:
Post a Comment