Wednesday, December 11, 2024

နွယ်ချို ( ဇာတ်သိမ်း )


 ဒူးမတိုက်နဲ့ မခိုက်နဲ့ တော်ရေ ၊ ငါ့မောင်ကြိုက်မှ 

ငါ့ယောင်းမဟေ့ ၊

ဗွေးတုတ်ရေ ၊ အရေးလုပ်ဖို့ ငါမမြင်သလေ 

ကြောက်ရင်လဲ နောက်ဆုတ်နေ 

ချွေးသုတ်ရင်လေ ကစားနေတုန်းသာ ၊ 

အရှုံးပေးလိုက်တော့လေ


•••  ••••  ••••  ••••


ထူးနိုင် မင် ကောင်းကောင်း နှင့် လေချွန်ပြီး ဝင် လာသည် ။


“ နွယ်ချို ရေ ကိုယ် ပြန် လာပြီဟေ့ ”


ထူးနိုင် ၏ အသံစာစာ ။ အတွင်း မှ ပြန် ထူးသံ မကြားရ ။ ထူးနိုင် ခြေလှမ်း တန့် သွား၏ ။ စိတ် ထဲ ထင့်ခနဲ ဖြစ်မိသေး၏ ။


“ နွယ်ချို ရေ ”


“ ဟော”


အိမ်ပေါ် ထပ် မှ နွယ် ရော ၊ အိမ်အောက်ထပ် မှ ချို ပါ ထွက်လာ၏ ။ ထူးနိုင် က နှစ်ယောက်လုံး ကို ခပ်တည်တည် ပြုံး လိုက်သည် ။ ပြီးနောက် သူ့ ပြော သလို ကိုယ့် ပြောသလို နှင့်


“ လာမယ် နော် လူနာ ညည်း နေသလား ဝင်ကြည့် ဟင် ”


သူ့ စကား မဆုံးလိုက် ။ နွယ် နှင့် ချို နောက် မှ လိုက် ထွက်လာသော အမျိုးများ ။


“  ဟာ ”


ထူးနိုင် လန့် သွားသည် ။ နောက် ကတုန်ကယင် ဖြင့်


“ ဟင် ဒါ ဒါတွေက ”


“ ကိစ္စ ရှင်းဖို့ စောင့် နေတာလေ ၊ လာခဲ့ ”


“ ဟာ သေပြီ ၊ သေပြီ ”


အခြေအနေ ရိပ်မိပြီး ထူးနိုင် ထွက်ပြေးဖို့ အလှည့်


“ အွန့် ”


ဘယ်က ဘယ်လို ရောက်နေမှန်း မသိသော လူထွားကြီး နှစ်ယောက် က သူ့ ကုတ် ကို အပိုင် ဆွဲ ထားကြသည် ။


“ ဘယ် ပြေးမလို့ လဲ ကောင်လေး ၊ ဒါမျိုးတော့ မရဘူး ” 


“ ဟင်းဟင်း ဒီလောက်တော့ မလွယ်ဘူးလေ ကြိုသိ ”


ထူးနိုင် ယက်ကန်ယက်ကန် ဖြစ်နေသည် ။ မျက်လုံးတွေ လဲ ပြာဝေ နေ၏ ။


“ ဟာ ဒါ ဒါတွေက ”

 

အားလုံးက ဖြည်းဖြည်းချင်း သူ့ ထံ တိုး လာကြသည် ။ မြရီနွယ် ၏ သဘော ကောင်းသော အမေ လဲ ပါ သလို ၊ သူဇာချို ၏ သဘောထား ပြည့်သော အဒေါ်  လဲ ပါသည် ။


“ ကဲ ဒီကိစ္စ ကို ဘယ်လို ရှင်းမလဲ ပြော ”


ထို စကားသံ ကြားသည် နှင့် နဂိုချောင် ဒူးကြီး ပို ချောင်သွား သယောင် ။ ထူးနိုင် ကတုန်ကယင် ဖြင့်


“ ဒါ ဒါက ဟိုလေ ၊ ကျွန်တော် လဲ နှစ်ယောက်လုံး ကို ချစ်မိတော့ ဂလု ”

 

စကားတွေ က ရုတ်တရက် မထွက်နိုင် ။ အားတင်း၍ ဆက် ရသေးသည် ။


“ အဲ အဲဒါ နှစ်ယောက်လုံး ကို တစ်ပြိုင်တည်း ခိုး ခိုး ”


အားလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ကြသည် ။ ဒါကို မြရီနွယ် ၏ အမေ က


“ ကဲ ဖြစ်ပြီးတာလဲ ဖြစ်ပြီးပြီ ဆိုတော့ သူဇာချို ဒေါ်ဒေါ် က ဘယ်လို ဆုံးဖြတ်ချင်လဲ ပြောပါ ”

 

သူ့ အမေး ကို သူဇာချို့ အဒေါ် က လဲ လက်ပိုက် ပြီး


“ အို အို ဒါက ကလေးတွေ ကိစ္စပဲ ၊ ကလေးတွေ ဘယ်လို လုပ်ချင်သလဲ ပေါ့ ၊ ဒါပါပဲ ”


လေ က အေးသည် ။ မြရီနွယ် အမေ က လဲ ခပ်အေးအေး ပင် ။


“ သမီးတို့ ရော ဘာလုပ်ချင်လဲ ၊ မေမေတို့ ကို ပြော စိတ်တိုင်းကျ ဖြစ် စေရမယ် ”


မြရီနွယ် က သူ့ လက်ဖဝါး ကို သူ ပွတ်ပြီး


“ ဘာ လုပ်ချင်လဲ ဆိုတော့ ”


ထူးနိုင် မျက်လုံး ပြူး သွားသည် ။ 


“ နွယ် နွယ် ကိုယ် ကိုယ် လေ ”


သူ့ စကား မဆုံးလိုက် ။ ပါးပြင် ပေါ် ကျလာသော ပန်းလက်ဖဝါး ။


“ အဲဒီ ကို,ကိုပဲ ဟောဒီလို ”


“ ဖြောင်း ”


“ အောင်မလေးဗျ သေပါပြီဗျ ”


ကုတ် ကို ဆွဲထား၍ ထွက်ပြေး ၍ လဲ မရ ။ ဒူး က လဲ ချောင် နေ၍ မပြေး နိုင် ။ ဒါကို မြရီနွယ် က သူဇာချို ဖက် လှည့်၍


“ ချို က ရော ”


သူဇာချို က ပြုံး ၍ ရှေ့ ထွက် လာပြီး


“ ချို က လဲ နွယ့် လို ပေါ့ နွယ် ရဲ့ ”


လက်လွှဲ လိုက်တာသာ မြင်သည် ။ 


“ ချို ကိုယ် ကိုယ် ”


“ ဖြောင်း ”


“ အောင်မလေး သွား ကျွတ်ပါပြီဗျ ”


ထူးနိုင် ၏ အော်သံ ။ ဒါကို မြရီနွယ် တို့ အမေ က ရှေ့ထွက် လာပြီး 


“ ညံ့လိုက်တဲ့ ကလေးတွေ ပဲ ၊ သမီးတို့ နှစ်ယောက်လုံး မှတ်ထား ၊ ယောက်ျားတစ်ယောက် ကို မကျေနပ်လို့ ရို-က်ရင် ပါး မရိုက်နဲ့  ၊ အသံကျယ်ပြီး လူ ကြားတယ် ၊ ပတ်ဝန်းကျင် ဆူညံတယ် ၊ ဒီမှာ ကြည့် မေမေ ပြမယ် ”


ဆိုကာ ထူးနိုင် ၏ ကုတ် ကို ဆွဲလိုက်သည် ။


“ ဒီမှာ ကြည့် ၊ ဒီလို ကုတ် ဆွဲလိုက်ရင် သူ့ ကို ပါးရို-က်မယ် ထင်မယ် ”  


“ ဟင် ဟင် ဘယ်လို ”


ထူးနိုင် ဟိုက လုပ်သမျှ မျက်လုံး ပြူး၍ ကြည့် နေရလေသည် ။ 


“ ဟောဒီမှာ ကြည့် ၊ ဟောဒီလို လက် ရွယ်လိုက် ”


ဟိုဘက် လက် ရွယ်သည် ။


“ မလုပ် မလုပ်နဲ့ လေ ”


ထူးနိုင် လန့်ပြီး ခေါင်း ကို နောက်ဆုတ်သည် ။


“ ဟော တွေ့လား ၊ ခေါင်း ကို နောက် ဆုတ်ပြီ ၊ အဲဒီ အချိန်ကျမှ ဟောဒီ မှာ တွေ့လား ၊ ဖိနပ်ဒေါက် ”


အားလုံး လိုက် ကြည့်ကြသည် ။


ထူးနိုင် ပါ လိုက် ကြည့် မိသည် ။ ဖိနပ်ဒေါက် က ချွန်မြနေသည် ။ ဖိနပ် နံပါတ် က ရှစ် ။


“ အဲဒီ ဖိနပ်ဒေါက် နဲ့  ၊ သူ့ရဲ့ ပေါင်ခွကြား ကို ဟောဒီလို အား နဲ့ ဆောင့်ကန် ”


“ ယာစ် ”


“ ဖောင်း ”


“ အိ ”


ထူးနိုင် ခြေ ခွင်ကျပြီး အသံပင် မထွက်နိုင် ။ ချက်ကောင်း ကို မှ ထိချက် က ပြင်းလွန်း၍ နားထင်ကြော ထောင်သည် အထိ မျက်လုံးကြီး ပြူး ။ မျက်နှာကြီး မဲကာ သားရည်တွေ တွဲပြီး ငြိမ် နေသည် ။ အတန်ကြာ မှ 


“ အောင်မလေး ကွဲပါပြီ ၊ အသည်း အသည်းတွေ ကွဲပါပြီဗျ ဟီး ”  


ဒါကို သူဇာနွယ် ၏ အဒေါ် က လဲ အားကျပြီး


“ အစ်မကြီး ပြတာ သိပ် မရှင်းဘူး ၊ ဘယ်လို ”


ဟိုကလဲ စိတ်ကောင်းသည် ။


“ ဪ ဒီမှာလေ ညီမ ရဲ့  ၊ ဟောဒီမှာ ကုတ် ကို လှမ်းဆွဲ ”


ပြောသည့် အတိုင်း လုပ်သည် ။ ကုတ် ဆွဲသည် ။ ထူးနိုင် မှ ယက်ကန်ကန် နှင့် လည် ပါနေသည် ။


“ အငိုက် မှာ ပါးရို-က်ဖို့ လက်ရွယ် ၊ အဲဒီမှာ လက် ကို ရှောင်ဖို့ သူ မော့တာနဲ့  ”


တကယ်ပဲ ထူးနိုင် ယောင်ပြီး လက် ကို ရှောင်ရန် အမော့ ။


“ မလုပ် မလုပ်နဲ့ ”


ထင် တာ က အပေါ် ထိ တာ က အောက် ။


“ ယာစ် ”


“ ဖောင်း ”


“ အိစ် အိစ် ”


ဟိုက ခေတ်မီတော့ ဒေါက်ဖိနပ် က ပို ချွန်ပါသည် ။ ထူးနိုင် မေးကြော တွေ ဆွဲပြီး အံကြိတ် ထားရသည် ။ မကြိတ် ၍ မဖြစ် ။ တက်သွား တာ မှ ပါးစပ်က ပြန် ခုန် မထွက်အောင် မနည်း စေ့ထားရသည် ။ ဒူး နှစ်ဖက် ကလဲ ပို ချောင်ပြီး အထဲ ကို ပြန် ခွင်နေသည် ။ ဒါကို ကုတ် က ဆွဲ မ လိုက် လျှင် ရုပ်သေး လို မြောက်မြောက် ပါ လာသေး၏ ။


“ အစ်မ အစ်မ ကျွန်မ သိတာ ဒီလို ”


“ အေး ပြောပါဦး ညီမလေး ”


အရေး ထဲ ပညာ ဖလှယ် နေကြသေး၏ ။ ထူးနိုင် က အံကြိတ်ပြီး စိတ်ဝင်စားစွာ လိုက် ကြည့်သေး၏ ။


နှုတ်မှ လဲ


“ ဟင် ကျန် ကျန် သေးတာလား ဟင် ”


“ ကျန်တာပေါ့ကွယ် ”


“ ဟောဒီလို ကုတ် ဆွဲပြီး အငိုက်မှာ အရှိုက် ကို ဟောဒီလို ဒူးနဲ့ ”


“ ယာစ် ”


“ ဒုတ် ” 


“ အွတ် ”


ထူးနိုင် ခံရချက် ပြင်းပြီး စကားပင် မထွက်နိုင်တော့ ။ အတန်ကြာ မှ လည်ချောင်းသံကြီး နှင့်


“ အောင်မလေး သေ သေပါပြီ ၊ သေပါပြီ ” 


ဒါကို နောက် တစ်ယောက် က လဲ


“ အဲဒီ နည်းက ဟောင်း နေပြီ ညီမ ရဲ့  ၊ အဲဒါနဲ့ တွဲ သုံးရတာ ရှိတယ် ”


“ ဟုတ်လား ဘယ်လိုလဲ ”


“ အဲလို အရှိုက် ကို ဒူး နဲ့ တိုက်ပြီး သူ ကွေးသွားပြီ ဆိုရင် အနောက်ဖက် ကို လှည့် လိုက် ၊ ဟဲ့ လှည့် ပေးစမ်း ”


ကုတ် က ကိုင်ထားသူများ က လှည့် ပေး၏ ။ ထူးနိုင် က အရုပ် တစ်ခု လို လည်ပြီး လှည့် သွား၏ ။


“ အဲ အဲဒီမှာ တွေ့လား ၊ အနောက် က ဆို အနေတော် ဖင် က ကုန်းနေပြီ  ၊ လေးဆယ့်ငါး ဒီဂရီ ဟုတ်လား ၊ မြင်လား ၊ အဲဒီတော့မှ ခြေလှမ်း ကို ငါး လှမ်းလောက် ဆုတ် ၊ ဟောဒီမှာ တွေ့လား ၊ ဖိနပ်ဦး အချွန် ၊ အဲဒါနဲ့ ဟော ဒီလို ပြေးပြီး အားနဲ့ ”


ပြေး လာသော ခြေသံ ကြားရ၏ ။ နောက်


“ ဖောင်း ”


“ ဇွပ် ”


“ အား ”


ထူးနိုင် ၏ မခံမရပ် နိုင်သော အော်သံ ။ မျက်ရည်တွေ တွဲ နှပ်တွေ ရွှဲ ပြီး 


“ အောင်မလေး ပွင့် ပွင့်ပါပြီဗျ ၊ ပွင့်သွားပြီဗျ ”


အားလုံးက ဖနောင့် ထောင်ပြီး မြောက်ကြွမြောက်ကြွ ဖြစ် နေသော ထူးနိုင်ကို ကြည့်သည် ။ ထူးနိုင် က သာ


“ မတော် မတော်ပါဘူး အဒေါ်တို့ ရဲ့ ဟီး ”  


သူ့ အော်သံ ကြားသည် နှင့် မိဘမောင်ဘွားများ က


“ ဟဲ့ ကလေးတွေ ၊ ဟိုမှာ အော် နေပြီလေ ၊ လူ ကြားလို့ တောင် မကောင်းဘူး ၊ ခုန သင် ပေးထားတာ လုပ်လေ ”


“ ဟုတ်ကဲ့ မေမေ ”


“ ဟုတ်ကဲ့ ဒေါ်ဒေါ် ”


“ နွယ် အရှေ့ပိုင်း တာဝန် ယူလိုက် ”


“ ဟုတ် ၊ ချို အနောက် ကို ထိပါစေ ”


“ စိတ်ချ ၊ ဖိနပ်ဦး မှာ စတီး ကပ်ပြီး သံချွန်လေးတွေ ထည့်ထားတာ ” 


“ ဒီက ဖိနပ်ဒေါက် ကလဲ သံခွာပါ နွယ် ရဲ့ ကဲ ”


“ ဟင် နွယ် နွယ် ကိုယ်နော် ကိုယ် ”


ထူးနိုင် က အခြေအနေ ရိပ်မိပြီး ဒူး ကို ခွင် ပေါင် ကို စေ့ပြီး ဘာမှ မလုပ် ရသေးခင် ကုန်း ရှောင်သည် ။ သို့သော် သူ့ အန္တရာယ် ကို သူ မမြင် ။ တကယ့် အန္တရာယ် က အနောက်က


“ ဟိုင်းယား ”


ပြေးလာသော ခြေသံ ။ သူ မျက်လုံး ပြူးသွားသည် ။


“ ဟင် ချို ချို မလုပ် ”


တားမြစ် စကား ။ မမီတော့ ။ ပေါင်ခွကြား မြောက်တက် လာသော ဒေါက်ဖိနပ် အနက် ။


“ ယာစ် ”


“ ဖောက် ”  


“ ဇွပ် ”


“ အု ”


မည်သို့ လုပ်လိုက်သည် မသိ ။ ထူးနိုင် မှာ နားထင်ကြောကြီး ထောင်ပြီး မျက်လုံးတွေ ပါ နီရဲသွားသည် ။


“ အားလားလား ”


ညည်းညူသံ ပင် တိုးတိုးလေး ။ ချက်ကောင်း ထိ သွား၍ ညည်းရမှာ ပ င် ရှက်သွားပုံ ပေါ်သည် ။ မတော်ရာ ကို ပြန် စမ်း ကြည့်နေစဉ်မှာ ပင် လှပ သော မျက်နှာလေး ။


“ နွယ် နွယ်ရယ် ”


ပြုံးပြုံးလေးမို့ နာ ပေမယ့် ခဏတော့ သည်းခံ လိုက်သေးသည် ။ အနောက် က ထိထား၍ လူ က ကော့ကော့လေး ဖြစ်နေ၏ ။


ဒါကို နွယ် က


“ ချို ရေ ”


“ ရှင် နွယ် ”


“ တစ်ယောက်တည်း နဲ့ အလုပ် ဖြစ်တဲ့ နည်း စဉ်းစားမိလို့ ”


“ ဟုတ်လား ၊ ဘယ်လိုလဲ ”


နှစ်ယောက်သား အတိုင်အဖောက်တွေ ညီ နေသည် ။ အနောက် မှ အမေ နဲ့ အဒေါ် က လဲ ပန်းခြံ ထဲ ဆုံတွေ့ကြ သလိုပင် ။ ခုံတန်းလေး မှာ အေး အေးဆေးဆေး ထိုင်ပြီး


“ ဥပုသ် စောင့်တော့ ဘယ်ကျောင်း စောင့်လဲ ” 


“ ရပ်ကွက် မြောက်ဖက် က ကျောင်းလေး လာခဲ့ပါလား ” 


ဆိုပြီး တရားဓမ္မအကြောင်း တွေ ဆွေးနွေး နေ၏ ။


“ တို့ ကတော့ အင်္ဂုလိမာလဇာတ် အကြိုက်ဆုံးပဲ ၊ လက်ညှိုး ဖြတ်တာ ”


ထို စကား ကြားတော့ ထူးနိုင် ထ အော်မိသည် ။


“ လက်ညှိုး ၊ လက်ညှိုး နဲ့ တူတာလေးတောင် မရှိတော့ပါဘူးဗျာ၊ ဟီး ဟီး ”


သူ့ ငိုသံ လဲ ကြားရော မြရီနွယ် အမေ က


“ ဟဲ့ နွယ် ကလေး ငိုနေပြီ လုပ်ပါဦး ”


ဆိုတော့ ဟို က လဲ


“ ဒီမှာ ကြည့် ချို ”


“ ဟုတ်ကဲ့ နွယ် ”


ဟို က လဲ တကယ် ကြည့်သည် ။ ထူးနိုင် ပင် ကြောင်ပြီး လိုက် ကြည့်မိသည် ။


“ ဟောဒီလို မျက်နှာချင်းဆိုင် ဆိုရင် ဟောဒီ ညို့သကျည်း ကို ဒေါက်ဖိနပ် နဲ့ ဟောဒီလို ဆောင့်က,န် ”


“ ဒုတ် ”


“ အား ”


ရုတ်တရက် ခံလိုက်ရ၍ ထူးနိုင် ခြေတပေါင်ကျိုး နှင့် ခုန်ဆွခုန်ဆွ ဖြစ်ပြီး အနောက် လှည့်သွားသည် ။ 


“ အားလားလား ၊ ကျိုး ကျိုးပါပြီ ၊ ညိုသားကျီး ကျိုးပါပြီ ”


သူ လဲ တစ်ဖက် လှည့် သွားရော နွယ် က


“ တွေ့လား ၊ ခြေတပေါင်ကျိုး နဲ့ ဟိုဖက် အလှည့်မှာ ဟောဒီလို ဖိနပ်ဦး နဲ့ ပြေးပြီး ”


“  ဂျွတ် ”


“ အုဖ် ”


ထူးနိုင် တစ်ကိုယ်လုံး ကော့တက် သွားပြီး အံကို ကြိတ် ထားမိသည် ။ အော်ချင်တာ တောင် မအော်အား ။ မေးကျောကြီး ထောင်ပြီး ကွ နေမိသည် ။ ဒါကို သူတို့ က


“ နွယ်ရေ ”


“ ရှင် ချို ”


“ ဒီ ပုံစံမျိုး မှတ်မိသွား လောက်အောင် ရှေ့နောက် ရှယ် တင်လိုက်ရ အောင် ”


“ ကောင်းတာပေါ့ ချို ရဲ့ ၊ ကဲ တစ် နှစ် သုံး ”


ပြိုင်တူ ပြေးလာသော မိန်းကလေး နှစ်ယောက် ။ ထူးနိုင် မျက်စိမှိတ် ၍ အလိုလို နေရင်း လက်မြှောက် လိုက်မိသည် ။ မျက်နှာ ပေါ် ၌ လဲ မျက်ရည် ၊ နှပ် နှင့် ဇောချွေးများ နှုတ် မှ တိုးတိုးလေး ညည်းမိသည် ။


“ နွယ်ချို ”  


ထို့နောက်


“ ဖောင်း ”


“ ဒု ”


“ ဇု ”


“ အု ” 


လူ က လေပေါ် အတောင့်လိုက်ကြီး မြောက်တက် သွား၏ ။ ဒေါက်ဖိနပ်နှစ်ရန် က လဲ သူ နှင့် အတူ လေ ထဲ လွင့်ပါ လာသည် ။ ဖိနပ်နံပါတ်တွေ က အတူတူ ။ အနီ တစ်ဖက် ၊ အနက် တစ်ဖက် ။ အမျိုးအမည် မဖော်ပြ တတ်သော ခံစားမှုမျိုး သူ ခံစားရ၏ ။ အသေအချာ ကြည့်မိမှ လေထဲ လွင့်ပါလာ သော ကြက်မောက်သီး နှစ်လုံး ။ ဘယ်က ဘယ်လို လေထဲ လွင့်ပါလာမှန်း သူ မစဉ်းစားတတ် ။ သိလိုစိတ် နှင့် လေ ထဲ သူ လိုက် ဖမ်းကြည့်သည် ။ သို့သော် မမီတော့ ။ လူ က လေထဲ အကျ ။ ကြက်မောက်သီး အတက် မို့ လက်လှမ်း မမီ ။ သို့သော် မပြီးသေး ။ ဘယ်က ဘယ်လို ရောက်လာမှန်း မသိ သော ကျီးကန်းနှစ်ကောင် က ထို ကြက်မောက်သီး ကို ထိုးသုတ် သွားသည် ။


“ အား အား ”


ထူးနိုင် မျက်လုံး ပြူးပြီး


“ ဟာ ပါ , ပါသွားပြီ ”


သူ့ အော်သံ ကို အမြင်ကတ် ၍ ထင့် ။ ကျီးကန်း တစ်ကောင် က သူ့ မျက် နှာပေါ် ပလစ်ခနဲ အင်အင်း ပါချ သွား သေး၏ ။


ရလိုရငြား လက် နှစ်ဖက် ဆန့် ပျံ ကြည့်သေး၏ ။ မရတော့ ။ အတောင့် လိုက်ကြီး ပြန်ပြုတ် ကျလာသည် ။


“ ဖောက် ဖောက် ”


ဘာတွေ ပြုတ်ကျ ကုန်သည် မသိ ။ ကြည့် လိုက်တော့ ကြက်မောက်သီး အခွံ နှစ်ခု ။ ထူးနိုင် မျက်လုံး ပြူး သွားသည် ။


“ ဟင် အစေ့ အစေ့ မရှိတော့ဘူး ”


အစေ့များ က ကျီးကန်းတွေ ဝါး သွားပြီ ။ ထူးနိုင် မျက်ရည် ပြိုက်ခနဲ ဖြစ်သွားသည် ။ ကျီးကန်းချေး ပေနေသော မျက်နှာ ကို ပင့်သုတ် လိုက်သည် ။ သူ့ ဘာသာ သူ ပြန် စမ်းသည် ။


“ သေချာသွားပြီ ”


အစေ့လွတ် ကြက်မောက်သီး နှစ်လုံး ။ ဝါးခနဲပင် လန့် မအော်မိ ။ နှမြောတသ ကြီးစွာဖြင့် ကြိတ်၍ သာ ရှိုက် နေမိသည် ။ အမြတ်တနိုး ထားရာ ရှာမတွေ့တော့ ။ ကျီးကန်းစာ ဖြစ်လိမ့်မည် ဟု ဘယ်သောအခါ မှ မတွေးမိခဲ့ ။


မျက်စိ က တော့ ပယ် နေလေပြီ ။


“ ဒုတ် ”


“ အွတ် ”


“ ပေါင် ကွေးသွားပြီ ၊ ကွေးသွားပြီ ၊ ဟိုဖက် လှည့် ”


“ ဟဲ့ အနောက် နည်းနည်း ဆုတ်ပါဦးဟဲ့ ”


“ ဟုတ် အန်တီ ”


“ ပြေး ”


“ ယား ”


“ ဇု ”


“ အား အား အား ”


သိပ်တော့ မခံစားရတော့ ။ အစေ့လွတ် သွားပြီကို ။


ဤသို့ဖြင့် ... ...


•••  ••••  ••••  ••••


ငါတို့ ယောက္ခမနိုင်နိုင် 

ချက်ကောင်းကိုကိုက်ထားပိုင်

နင်တို့ သားမက်တော့ ရှုံးရှုံး 

အမွေးကတုံးနဲ့ ကိုယ်တုံးလုံး


•••  ••••  ••••  ••••


တောမှီ ရသေ့ တစ်ပါး ရှိပါသည် ။ သူ့ ကို မတ်ရပ်ရသေ့ ဟု ခေါ်ပါသည် ။


ဘယ်တော့ မှ ထိုင်လျက် မမြင်ဘူးကြ ။ မြင်သည့် အခါတိုင်း မတ်တတ် သာ မြင်ကြရ၏ ။ တစ်ခါတစ်ရံ ကင်းမြီးကောက် ထောင်လျက်ကြီး လဲ တွေ့ရပါသည် ။


တစ်ခါတစ်ရံ လဲ ခါး လောက် ထိ ရေ စိမ်ပြီး ကြည်နူး နေတတ်ပါသည် ။


အချို့က ယောဂကျင့်စဉ် ဟု ဆိုကြပါသည် ။


ထို ရသေ့ သည် ဘယ်သော အခါ မှ မြို့ဖက် ခြေဦး မလှည့် ။ တော ၌ သာ လှည့်လည်၍ နေတတ်ပါသည် ။


ကြည်ညိုသူများ ကန်တော့ လျှင် ပင် ထွက်ပြေး တတ်ပါသည် ။ သူ ၏ ပြေးပုံ မှာ လဲ ထူးဆန်း ပါသည် ။ ရပ်သော အခါ မသိသာ သော်လည်း ပြေးလျှင် ခြေနှစ်ဖက် မှာ တစ်ဖက် နှင့် တစ်ဖက် အတော် ခြား၍ ကား နေ တတ်ပါသည်  ။


မတ်ရပ် ရသေ့ မှာ တွေ့ရခဲသည် မှာ မှန်ပါသည် ။ သို့သော် တော ထဲ မှာ တော့ ထို ရသေ့ ရှိကြောင်း လူတိုင်း ယုံကြည်ကြပါသည် ။


လေးစားစွာ ကြိုးစားလျက်


🥴 အကြည်တော်


      ( ပြီး ပါ ပြီ )


📖 နွယ်ချို


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment