အားလုံး ထူးနိုင် ဖွင့်ပြသော မက်ဆေ့ချ် ကို ကြည့်၍ ကြောင်ကုန်ကြသည် ။
“ ဟင် မင်း ဟာ က တစ်ချိန်တည်း တစ်ပြိုင်တည်း မက်ဆေ့ချ် ပို့ထား တာကြီး ၊ သွေးရိုးသားရိုး မှ ဟုတ်သေးရဲ့ လား ”
မိုးမောင် စကား ကို သိန်းစိုး က
“ ဟုတ်တယ်ကွ ၊ ဒီလောက် တိုက်ဆိုင်နေ မှ ဖြင့် မရိုးတော့ဘူးနော် ”
ထူးနိုင် လဲ ခေါင်းခါသည် ။
“ ငါ လဲ မစဉ်းစား တတ်တော့ဘူးကွာ ၊ နှစ်ယောက်လုံး က အဖြေ ပြန် ပေး နေတော့ ငါ လဲ ခေါင်းနပန်း ကြီးသွားတယ် ၊ ဒီလောက် တိုက်ဆိုင်နေ တာမျိုး ကတော့ ထူးခြားတယ်လို့ ဆိုရမှာ ပဲ ”
“ သူတို့ နှစ်ယောက် လုံးဝ မသိတာ သေချာလား ”
အောင်သက် အမေး ကို ထူးနိုင် က
“ သေချာတယ်လို့ ဆိုရမှာပဲ ၊ ဟိုကွာ ပလာဇာ မှာ တုန်း က မင်းတို့ လဲ တွေ့တာပဲ ”
အားလုံး ခေါင်းကုတ် ကုန်၏ ။ ပလာဇာ မှ အဖြစ်အပျက် ကို အားလုံး ကိုယ်တိုင် မြင်ခဲ့ရသည် ပဲ ။
“ အဲဒီတော့ မင်း ဘာဆက် လုပ်မလဲ ”
ထူးနိုင် သက်ပြင်းချကာ
“ ဟူး မတတ်နိုင်ဘူး ၊ နှစ်ယောက်လုံး ကို မပစ်ရက်တော့လဲ ပေါင်းကြည့်နေရမှာ ပဲ ၊ ပေါင်းလို့ မရတဲ့ တစ်ယောက် ကို တော့ နှုတ်ဆက်တာပေါ့ ”
အားလုံး ထူးနိုင် ကို ငေးကြည့်နေသည် ။ ဘာ အကြံဉာဏ် မှ မပေးတတ်တော့ ။ ထူးနိုင် ကတော့ ခပ်တည်တည်ပြင် မှင်ကြီး နဲ့ ရပ်နေ၏ ။ သူ့ မှာ လဲ က ရ အခက် ၊ စိတ်ညစ်ရ အခက် ။
••••• ••••• •••••
“ တီတီတီ ၊ တီတီ ”
မက်ဆေ့ချ် ဝင်သံ ။ ထူးနိုင် ဖွင့် ကြည့်လိုက်သည် ။
“ Where r u ”
သူဇာချို ထံ မှ ဖြစ်သည် ။ ထူးနိုင် စဉ်းစား မနေဘဲ နာမည် ပဲ ပြောင်း ကာ မြရီနွယ် ဆီ ပြန်ပို့လိုက်သည် ။
“ တီတီတီ တီတီတီ ”
သိပ်မကြာပါ ။ မြရီနွယ် ထံ မှ မက်ဆေ့ချ် ပြန် ရောက်လာသည် ။
“ အိမ်မှာ ပေါ့ ။ ဘယ်သွား မလို့ လဲ ”
ထူးနိုင် ထုံးစံအတိုင်း နာမည် ပြောင်း၍ ပြန်ပို့သည် ။ သူဇာချို ထံ မှ မက်ဆေ့ချ် ပြန်ရောက်လာသည် ။
“ Go to kantawgyi ”
နာမည် ပြောင်းသည် ။ ပြန် ပို့သည် ။
“ ကောင်းသားပဲ ၊ သွားတာပေါ့ ”
နာမည် ပြောင်းသည် ။ ပြန် ပို့သည် ။
ဤသို့ဖြင့် နှစ်ယောက်သား ကို ချိန်းမိလျက်သား ။
••••• ••••• •••••
အချစ် သည် စက်ဝိုင်း သဏ္ဍာန် ဖြစ်ပါက ထို စက်ဝိုင်း အတွင်း ပတ်ပြေး နေမိသူ သည် ခြေကုန်လက်ပန်း ကျခြင်း သာ ခံစားရ ပေလိမ့်မည် ။ လူတိုင်း သာ ချစ်နေရလျှင် ပင် ဘယ်မျှ ဝေးဝေး ဝေးကွာသည် ဟု မထင် ။ အနီးကလေး သာ ဖြစ် နေတတ်ကြ၏ ။ အချစ် သည် အမုန်း ကင်းစင် နယ်မြေ လဲ ဖြစ်ပါသည် ။
ချစ်မိပြီ ဆိုလျှင် မည်သူ့ မှာ မှ အပြစ် မရှိတော့ပါ ။ အချစ်စစ် ကို မည်သည့် စံနှုန်းနှင့် မှ တိုင်းဆ ၍ မရပါ ။ အချစ် သည် စစ်မှန်သော လူ့ဘောင် အဖွဲ့အစည်း ၏ တိုးတက်ရာ နယ်မြေ လဲ ဖြစ်ပါသည် ။
အချစ် သာ မရှိလျှင် လူသားမျိုးနွယ် မျိုးပွားခြင်း ပျက်သုန်းပြီး မျိုးတုံး သွားမည့် အန္တရာယ် ရင်ဆိုင်ရမည်သာ ။
ထို့ကြောင့် မြား နှင့် လိုက်လံ ပစ်ခတ်နေသော မြားနတ်မောင် မှာ ဘယ်သော အခါမှ အပြစ်ပေး ခံရခြင်းမျိုး မရှိပါ ။ အမှန်ဆို ဤမျှ လက်ကမြ င်းလှသော အနှီသူငယ် မှာ ထောင်ဒဏ်တစ်သက် လွတ်ရက် မရှိ အပြစ် ပေးခံရမည်သာ ။
ယခုလဲ မြားနတ်မောင် ၏ လက် ကမြင်းမှု နှင့် စက်ဝိုင်းသဖွယ် ရှုပ်ယှက်ခတ် ခဲ့သော အချစ်ရေး တစ်ခု မှာ -
“ ဟူး ”
ထူးနိုင် နဖူးက ချွေး ခြေမ ကျလု မတတ် ဖြစ်နေသည် ။ ကန်တော်ကြီး ထဲ ချစ်သူ နှစ်ယောက် ကြောင့် ဟိုဖက် လှည့် ပြေး ဒီဖက် လှည့် ပြေးနှင့် လျှာထွက်မတတ် ဖြစ်နေပေပြီ ။
တစ်ယောက် ယောက် ဆီမှာ ရေရှည်လဲ မထိုင်ရဲ ၊ ခဏလေး ထိုင်ပြီး
“ သူငယ်ချင်း တွေ့လို့ ”
“ Toilet သွားချင်လို့ ”
“ ခဏလေး ရေခဲမုန့် သွားဝယ်ပေးမယ် ”
“ တိုရှည် စားမလား ၊ ဗိုက်ဆာလို့ ”
စသည် ဖြင့် အကြောင်းပြပြီး ထထ ပြေးနေရတာလဲ အမော ။
နှစ်ယောက်လုံး အဆင်ပြေပြေ ချောချောမောမော ပြန်သွားချိန်မှာ တော့ ထူးနိုင် မှာ ချွေးတပြိုက်ပြိုက် နှင့် လျှာထွက်လု မတတ် ဖြစ်နေပေပြီ ။
ထူးနိုင် မတ်တတ်ပင် ကောင်းကောင်း မရပ်နိုင် ။ သူငယ်ချင်းများ ရှေ့ ၌ မတ်မတ်ပင် မရပ်နိုင်တော့ ။ ပါးစပ် ထဲ က အချွဲ ထွက်မတတ် နှင့် ကုန်းကုန်းကွကွကြီး ဖြစ်နေပြီ ။
“ ဝူး ပြေးလိုက်ရတာကွာ ၊ လူကို အသ,က်ထွက်မတတ်ပဲ ”
သူငယ်ချင်းများ က သူ့ ကို ငုံ့ကြည့်ကြသည် ။ သနားပုံ တော့ မပေါ် ။
“ ဟိုဖက် မှာ ကြာသွားရင်လဲ ဒီဖက် ကို အားနာရ ၊ ဒီဖက် ကြာသွားရင် လဲ ဟိုဖက် အားနာရနဲ့ ကွာ ၊ အားနာပြီး ပတ်ပြေး နေတာနဲ့ တင် လူ ကို လျှာထွက်ရော ”
သူ့ စကား ကို မိုးမောင် က
“ ဒါက မင်း ဒုက္ခ မင်း ရှာတာပဲကွ ၊ ဒီလောက် သာယာချင်ရင် ဒီလောက် တော့ ဒုက္ခခံရမှာ ပေါ့ ”
ထူးနိုင် က ပင်ပန်းကြီးစွာ သူ့ ခါး ကို သူ နှိပ်ပြီး
“ သာယာတာတော့ မှန်ပါတယ်ကွာ ၊ ဒါပေမယ့် ပင်ပန်းတယ်ကွ ”
အောင်သက် က ထူးနိုင် ကို ကြည့်သည် ။
“ အေးကွ ၊ မင်း ဒုက္ခ က လွယ်မယ်တော့ မထင်ဘူး ၊ ကြာရင် ပိုဆိုးလာ ဖို့ ရှိတယ်နော် ”
ထူးနိုင် က သက်ပြင်းချရင်း
“ ငါ လဲ အဲဒါပဲ စဉ်းစား နေတာကွ ၊ ကြာရင် ငါ ပိုဆိုး လာမယ်ထင်တယ် ”
သူ့ စကား ကို သိန်းစိုး က
“ ဒါဆိုလဲ မျက်စိ မှိတ်ပြီး တစ်ယောက် ကို ဖြတ် လိုက်လေ ”
ထူးနိုင် ခေါင်းကုတ်သည် ။
“ ဖြတ်ဖို့ ဆိုတာကလဲကွာ ၊ ဘယ်သူ့ ကို ဖြတ်ရက်မှာ လဲ ၊ နှစ်ယောက်လုံး က ရှယ်ခေါင်ထည်တွေ ချည်းပဲ ”
အားလုံး ခေါင်းကုတ် ကုန်၏ ။
မှန်ပေသည် ။ နှစ်ယောက်လုံး က မပစ်ရက်စရာချည်းသာ ။
“ မင်းတို့ လဲ ငါ့ ကို အကြံ ပေးကြပါဦးကွာ ၊ ဘယ်လို ဆက်လုပ်သင့်တယ် ဆိုတာ ”
စကားသံများ ခေတ္တ ရပ်သွားသည် ။ ဘာ ဆက် လုပ်ရမည် ကို စဉ်းစား နေကြပုံပေါ်သည် ။
ထူးနိုင် ကတော့ ဘာ အကြံဉာဏ် မှ ထွက်တော့ပုံ မပေါ် ။ အတန်ကြာ မှ သိန်းစိုး က
“ သူတို့ နှစ်ယောက် ကို တွေ့ ပေးလိုက်ရင်ရော ”
အားလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကြသည် ။ ထို အဖြေ ပေါ် စဉ်းစား နေကြဟန် တူသည် ။ အတန်ကြာမှ မိုးမောင် က
“ အဲဒါကတော့ မဖြစ်နိုင်ဘူး ထင်တယ် ၊ လူ တစ်ယောက် က ရည်းစား နှစ်ယောက် တစ်ပြိုင်တည်း ထားတယ် ဆိုတာမျိုးကို ဘယ်သူက မှ လက်ခံနိုင်မှာ မဟုတ်ဘူး ၊ ပါးတွေ ထ ချကုန်မှ ဖြင့် ”
“ မင်း ပြောတာ ဟုတ်တယ်“
ထူးနိုင် က ထောက်ခံသည် ။ မိုးမောင် က ဆက်၍
“ အဓိက,ကတော့ ဒီလို ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းတာ နဲ့ စာရင် တစ်ယောက် ယောက် က သူ့ အလိုလို နောက်ဆုတ် သွားတာက ပို ကောင်းလိမ့်မယ် ”
“ မင်း ပြောတာ ဟုတ်တယ် ”
အကြံတုံးဉာဏ်တုံး ထူးနိုင် က ထောက်ခံပြန်သည် ။
“ ဒါဆို ဘယ်လို လုပ်မလဲ ၊ ဘယ်သူ က ဘယ်လို အကြောင်း ဖြစ်ရင် နောက်ဆုတ်မလဲ ”
အောင်သက် ၏ အမေး ။ အားလုံး တွေးစရာ ဖြစ်ကုန်၏ ။ အတန်ကြာ မှ သိန်းစိုး က
“ ဒီလိုလုပ် ”
အားလုံး သိန်းစိုး ကို ကြည့်သည် ။ သိန်းစိုး က ခပ်တည်တည် ဖြင့်
“ နှစ်ယောက်လုံး ကို ခိုးကွာ ”
“ ဘာ ”
“ ဘယ်လို ”
“ ဘာ အကြံကြီးလဲ ”
အားလုံး အံ့အားသင့် ကုန်၏ ။ ထူးနိုင် က ကတုန်ကယင် ဖြင့်
“ ဟ မင်း ဟာ က နှစ်ယောက်လုံး ခိုးလို့ ဖြစ်မလားကွ ၊ အမှု ဖြစ်ကုန်မှာ ပေါ့ ”
သိန်းစိုး က ပြုံးသည် ။ ပြီးမှ
“ ဒီလိုကွ ”
အားလုံး နားစိုက် ထောင် ကြပြန်သည် ။
“ မင်း က သူတို့ နှစ်ယောက်လုံး ကို ခိုးရာ လိုက်ဖို့ ပြော ”
“ ပြောရင် ”
“ တစ်ယောက်ယောက် က တော့ မိသားစုကြောင့် စီးပွားရေးကြောင့် ကျန်းမာရေးကြောင့် စသည် ဖြင့် ကျန်ခဲ့မှာ သေချာတယ် ”
အားလုံး ခေါင်းညိတ် ကြပြန်သည် ။ သိန်းစိုး က အားတက်ပြီး
“ နှစ်ယောက်လုံး က အားအားယားယား နဲ့ မင်း ခိုးရာနောက် လိုက်နိုင် မယ်မထင်ဘူး ၊ အားနည်းချက် တစ်ခု ခုကြောင့် တစ်ယောက် ယောက် တော့ ကျန်ခဲ့မှာ ပဲ ”
“ ဒါဆို ”
“ လိုက်လာတဲ့ တစ်ယောက် နဲ့ အတည်တကျ ပေါင်းသင်းလိုက်ရုံပေါ့ကွာ ”
အားလုံး ငြိမ်သက်ကုန်၏ ။ အတန်ကြာမှ ထူးနိုင် က
“ ဟုတ်တယ် ၊ အဲဒီ အကြံ မဆိုးဘူး ၊ ခိုးမယ့် ရက် ကို လဲ သူတို့ ပြင်ဆင် ချိန် မရှိအောင် အမြန်ဆုံး လုပ်မယ် ၊ ဒါမှ သူတို့ တွေ မလိုက်နိုင်ဘဲ အကြပ် ရိုက်မှာ ”
“ နှစ်ယောက်လုံး က မလိုက်ဘူး ဆိုရင်ရော ”
အောင်သက် ၏ အမေး ။ ဒါကို ထူးနိုင် က
“ ဒါဆိုလဲ တစ်မျိုး ပြန် ကြံရတာပေါ့ကွာ ၊ ငါ ထင်တာတော့ တစ်ယောက် တော့ လိုက်မှာ သေချာတယ် ၊ သူဇာချို ပေါ့ကွာ ၊ အဲ မြရီနွယ် ရောပဲ ”
နှစ်ယောက်လုံး ကို လက် မလွှတ်ချင်သေး ။ ထူးနိုင် သူ့ ကိုယ်သူ ယုံကြည် နေသည် ။ ထို့ကြောင့် ရင် ကို မတ်၍
“ ကြာတယ်ကွာ ၊ မနက်ဖြန် ည မှာ ကို သူတို့ ကို ခိုးဖို့ ပြောမယ် ”
“ ဟင် ”
“ ဘယ်လို ”
သူငယ်ချင်းများ က ထူးနိုင် ကို ပါးစပ် အဟောင်းသား နှင့် ကြည့်သည် ။ ထူးနိုင် က ခိုင်မာဟန် ဖြင့် ရင်ကော့ နေတုန်း ။
“ မနက်ဖြန်ည ငါ အိမ်ထောင်ကျပြီ ”
▢ အကြည်တော်
📖 နွယ်ချို
.
No comments:
Post a Comment