ထုံးစံအတိုင်း နံနက်ခင်း နှင်းမကွဲ ခင် မှာ ပင် မြရီနွယ် နှင့် ဆုံမိနေပြီ ။
ထိုင်နေကျ ခုံလေးမှာ ထိုင်၍ အမောဖြေရင်း ထူးနိုင် က သူ ၏ အကြံအစည် ကို မြရီနွယ် ကို ဘယ်လို စ ပြောရမလဲ အကြံထုတ် နေသည် ။ အကြံ ကို အကြံထုတ်နေခြင်း ပင် ။ မြရီနွယ် က သူ့ ကို ကြည့်ရင်း
“ ငြိမ်လှချည်လား ၊ ဘာတွေ တွေးနေလဲ ”
ထူးနိုင် ပြန်၍ လှုပ်လှုပ်ရှားရှား ဖြစ် သွားသည် ။ နောက်တော့ “ မဖြစ် တော့လဲ အေးတာပဲ ” စိတ်ပိုင်းဖြတ်၍ ပြောစရာ ရှိတာ အမြန် ပြောလိုက် ရန်သာ ဆုံးဖြတ်ချက် ချလိုက်တော့သည် ။
“ နွယ် ”
မြရီနွယ် မော့ ကြည့်သည် ။ ထူးနိုင် က အားတင်းရင်း
“ ဒီကိစ္စ က ပြောဖို့ စောသေးမှန်း ကျွန်တော် သိပါတယ် ”
မြရီနွယ် က သူ့ ကို အထူးအဆန်း သဖွယ် ငေးကြည့် နေသည် ။ ထူးနိုင် က ရင်တထိတ်ထိတ် နှင့် မျက်လွှာ ချပြီး
“ အတူတူ နေလာတော့ ပိုပြီး သံယောဇဉ် ဖြစ်လာခဲ့တာလဲ ဖြစ်နိုင်ပါတယ် ”
မြရီနွယ် ငြိမ်သက် နေတုန်း ။ ထူးနိုင် က မြရီနွယ် ကို အသေအချာ ကြည့်ပြီး
“ ကျွန်တော် နွယ် နဲ့ အတူ နေချင်ပြီ နွယ် ”
“ အို ”
ကောင်မလေး ၏ ရှက်ကိုးရှက်ကန်း အသံ ။ နောက် ဆံပင် သပ်မလို ၊ အင်္ကျီစ ဆွဲမလို ဖြစ်နေသည် ။ ထူးနိုင် က ပြောလက်စ နှင့် မထူးတော့ပြီ မို့
“ အဲဒါ နွယ် ဘယ်လို သဘောရလဲဟင် ”
ရုတ်တရက် ထင်မှတ် မထားသော စကားမို့ မြရီနွယ် အနေ ခက်နေပုံ ရသည် ။ ဘာ စကားသံ မှ ထွက်မလာ ။
ထူးနိုင် က မြရီနွယ် လက် ကို ကိုင်ပြီး
“ အဲဒါ နွယ် ဘယ်လို သဘောရလဲဟင် ”
မြရီနွယ် ၏ မျက်နှာလေး ရဲနေသည် ။ နောက် အကြောင်းမဲ့ ဆံပင် ကို သပ်နေသည် ။ အတန်ကြာမှ ထူးနိုင် ကို မကြည့်ရဲ ကြည့်ရဲ ကြည့်ပြီး
“ ဟိုလေ ”
ထူးနိုင် နားစွင့် နေသည် ။ မြရီနွယ် က ပြုံးပြီး
“ မေမေ့ ကို လာ ပြောပါလားဟင် ”
“ ဟင် ”
ထူးနိုင် ခေါင်းနပန်း ကြီး သွားသည် ။ သူ ထင်သလို ဖြစ်မှ မဖြစ်လာ တာ ။ ထို့ကြောင့် ကမန်းကတန်း ဖြင့်
“ အဲ အဲလို မဟုတ်ဘူးလေ ၊ ဟိုလေ ကျွန်တော် ပြောတာက ”
မြရီနွယ် က သူ့ကို တအံ့တသြ ကြည့်သည် ။ ထူးနိုင် က သာ ဆက်၍
“ ကျွန်တော်တို့ ခိုးပြေးကြမယ်လေ ”
“ ဟင် ”
သူ့ စကား ကို မြရီနွယ် အံ့အားသင့် သွားပုံရသည် ။ နောက် မျက်လုံး ကလယ်ကလယ်နှင့်
“ ခိုးပြေးမယ် ”
“ အေးလေ ခိုးပြေးမယ် ”
သူ့ စကား ကို မြရီနွယ် က မျက်မှောင်ကြုတ်ပြီး ရှက်ကိုးရှက်ကန်း ဖြင့်
“ ဟာ ခိုးပြေးစရာ လိုလို့ လား ၊ မေမေ့ ကို လူကြီးစုံရာ နဲ့ လာ ပြောရင် ရတဲ့ ဟာကို ”
ထူးနိုင် မကြံတတ်တော့ ။ သူ ပြောတော့လဲ ဟုတ်နေတာ ကို ။ ထို့ကြောင့် ခေါင်းကုတ် အကြံ ထုတ်ပြီး
“ ဟာ လူကြီးစုံရာ နဲ့ ပြောနေ ကြာပါတယ် ၊ ကိုယ် က ဒီညတင် ခိုးပြေး ချင်တာ ”
“ ဟင် ဒီည ”
ထူးနိုင် ခေါင်း တဆတ်ဆတ် ညိတ်သည် ။ မြရီနွယ် က သာ မယုံကြည် နိုင်ဟန် ဖြင့်
“ ဒီ ဒီည အခု ည ”
မသေချာမှာ စိုး၍ အသေအချာ မေးသည် ။
“ ဟုတ်တယ် ၊ ဒီ ညပဲ ”
ထူးနိုင် က ခေါင်း သာ တွင်တွင် ညိတ်သည် ။ မြရီနွယ် က ထူးနိုင် ကို အသေအချာ လိုက် ကြည့်သည် ။
“ ဘာလို့ ဒီလောက် လောရတာလဲဟင် ”
“ မနေနိုင်လို့ ပါဆို ”
မြရီနွယ် ကြောင်ငေးပြီး ထူးနိုင် ကို ကြည့်နေသည် ။ ထူးနိုင် က သာ မျ က်နှာ ကို ရီဝေ၍ တွေ ထား၏ ။
“ မဟုတ်ဘူး လေ ၊ မေမေ တို့ ကို ပြောပြီး မိသားဖသား ပီပီ ”
“ မစောင့်နိုင်တော့လို့ ပါကွာ နော် ”
မြရီနွယ် ထူးနိုင် ကို ငေးကြည့်ရုံသာ တတ် နိုင်သည် ။ အတန်ကြာ မှ သက်ပြင်းချရင်း
“ စဉ်းစားမယ်လေ ”
“ စဉ်းစားဖို့ အချိန် မှ မရှိတာ ၊ ဒီည ဆယ်နာရီ လေ ”
မြရီနွယ် သက်ပြင်းချသည် ။ နောက် ခန္ဓာကိုယ် ကို မတ်လိုက်ပြီး
“ ဒါဖြင့် နေ့ခင်းကျ မက်ဆေ့ချ် ပို့လိုက်မယ်လေ ”
ထူးနိုင် ခေါင်းညိတ်ရုံ သာ တတ်နိုင်သည် ။ မြရီနွယ် က မတ်တတ်ရပ်ပြီး
“ သွားတော့မယ်နော် ”
ထူးနိုင် ဘာမှ မပြောဖြစ်တော့ ။ ရင်တထိတ်ထိတ် နှင့် ငေးကြည့်ရုံ သာ တတ်နိုင်၏ ။ ထုံးစံအတိုင်း က , ကြည့်ဖို့ ကြိုးစားရသေး၏ ။ သို့သော် မသေချာ၍ မက , သေး ။
နှင်းကွဲစ အချိန် တစ်ခု တွင် ဆုံနေကျ ဆိုင်၌ နတ်သမီး နောက် တစ်ပါး နှင့် တွေ့ဆုံပါသည် ။
သူဇာချို က ထုံးစံအတိုင်း အလိုက်သိစွာ သူ့ အတွက် ထမင်းကြော်တစ်ပွဲ နှင့် လက်ဖက်ရည် တစ်ခွက် မှာ ထားပေး၏ ။
ထူးနိုင် က ထမင်းကြော် ကို ပင် မစားဘဲ သူဇာချို ၏ အရိပ်အယောင် ကို ကြည့်သည် ။ ဒါကို ရိပ်မိသော သူဇာချို က
“ စားလေ ဘာဖြစ်လို့ လဲ ”
ထူးနိုင် မစားသေးဘဲ ဒီအတိုင်း ကြည့်နေသည် ။ သူဇာချို က ပြုံးပြီး
“ ဘာလဲ ဆေးခတ်ထားတယ် ထင်လို့ လား ”
ထူးနိုင် သူဇာချို့ကို ပြန်ကြည့်သည် ။ ပြောသင့် မပြောသင့် ချင့်ချိန်နေ ရသည် ။ တစ်ယောက် ကို ပြောထားပြီး နောက် တစ်ယောက် ကို ထပ်ပြော ဖို့ တွန့်ဆုတ် နေလေသည် ။
“ ဟို တစ်ယောက် က မသေချာရင်ရော ”
အတွေး က ဝင်လာပြီး ထိတ်ခနဲ ဖြစ်သွားရ၏ ။ ထို့ကြောင့် အား တင်းပြီး
“ ပြောစရာ ရှိလို့ ”
“ စားပြီး မှ ပြောလေ ”
ထူးနိုင် ယောင်ပြီး ဇွန်း ကို ကိုင် လိုက်သေး၏ ။ နောက်မှ သတိရပြီး
“ အရေးကြီးလို့ ပါ ”
သူဇာချို မျက်ခုံး ကို မြင့်တက်သွား၏ ။
“ ဟင် ဘာတွေ အရေးကြီးလို့ လဲ ၊ ငွေရေးကြေးရေး ကိစ္စလား ”
သူဇာချို က သူ ထင်တာ ပြောသည် ။ ဒါကို ထူးနိုင် က စိတ်ပြောင်းပြီး
“ ပိုက်ဆံပဲ ချေးလိုက်ရရင် ကောင်းမလား ”
ဟု ပင် စိတ်ပေါက် သွားသေး၏ ။
“ အင်း ပိုက်ဆံ ချေးရင် တစ်သောင်းမျိုး နှစ်သောင်းမျိုးတော့ ရမှာ ပဲ ”
ဟု တွေးနေမိသည် ။
နောက်မှ အားတင်းပြီး
“ အို ဟိုကိစ္စ အောင်မြင်ရင် ဒီကိစ္စ အသာလေး ”
ဟု စိတ်ပိုင်းဖြတ်ပြီး ခေါင်းခါကာ
“ မဟုတ်ဘူး ချို ရဲ့ ၊ အဲဒီထက် အရေးကြီးတယ် ”
သူဇာချို အံ့အားသင့် နေသည် ။
ဘယ်ကိစ္စမို့ ဘယ်လောက် အရေးကြီးမှန်း သူ မစဉ်းစားတတ် ။ ထူးနိုင် က သာ
“ ဟိုလေ ”
“ နာရေးလား ”
“ မဟုတ်ဘူး ၊ သာရေး ၊ အဲ ယောင်ကုန်ပြီ ၊ ဟိုလေ ”
စကား ကို မဆက်သေးဘဲ သူဇာချို အရိပ်အခြေ ကို ကြည့်လိုက်သေးသည် ။ အခြေအနေ ကောင်း နိုင်သည် ထင် မှ
“ တို့ တွေ ခိုးပြေးရရင် ကောင်းမလားလို့ ”
“ ဟင် ”
သူဇာချို မျက်လုံး ပြူးသွားသည် ။
သူ ထင်မှတ် မထားသော စကား ကြောင့် အံ့အားသင့် သွားပုံ ရသည် ။ အတန်ကြာသည် အထိ ထူးနိုင် ကို ကြောင်ကြည့်သည် ။ နောက်မှ သတိရဟန် ဖြင့်
“ ဟင် ဘာ ဘာလုပ်မယ် ”
ထူးနိုင် က ခေါင်းကုတ်ပြီး
“ ခိုးပြေးကြမယ်လေ ”
သူဇာချို မျက်မှောင်ကြုတ် သွား၏ ။ ပြီးနောက် သံယောင် လိုက်ပြီး
“ ခိုးပြေးမယ် ”
ထူးနိုင် ရယ်ကျဲကျဲ လုပ်ပြီး
“ အင်းလေ ”
သူဇာချို ခေါင်းကုတ်ပြီး
“ ဘာလို့ ခိုးပြေးမှာ လဲ ”
“ ဟိုလေ ”
ထူးနိုင် ရုတ်တရက် မဖြေတတ် ။ ဘာလို့ ခိုးပြေးမယ်မှန်း သူ ပင် ဂဃနဏ မှ မသိဘဲကို ။ နောက်မှ သတိရပြီး
“ ဟိုလေ သူဇာချို နဲ့ မခွဲနိုင်လို့ ပေါ့ ”
“ မခွဲနိုင်လို့ ”
သူဇာချို နားမရှင်း ဖြစ်နေပုံ ပေါ်သည် ။ ထို့ကြောင့် ခေါင်းကုတ်ရင်း
“ မခွဲနိုင်ရင် မခွဲနဲ့ လေ ၊ ဘာလို့ ခိုးပြေးမှာ လဲ ”
“ ဟာ ”
ထူးနိုင် ဘယ်လို ရှင်းပြရမှန်း မသိတော့ ။ ခိုးပြေးတာ က အခြား သူ အတွက်သာ ခက်တာ ။ သူတို့ အတွက်က သိပ် မှ မလိုတာ ။
“ ဟိုလေ ခိုးပြေးတယ် ဆိုတာ နှစ်ယောက် အတူ ပေါင်းဖို့ လေ ”
သူဇာချို ခေါင်းကုတ်သည် ။
“ နှစ်ယောက် အတူ ပေါင်းချင်ရင် အဒေါ် ကို ပြောလိုက်မယ်လေ ၊ မေမေတို့ နဲ့ ဆက်သွယ်ပြီး ”
“ ဟာ ကိုယ် က အခု ကို ပေါင်းချင်တာ ”
သူဇာချို မျက်မှောင်ကြုတ် ၍ ထူးနိုင် ကိုကြည့်သည် ။ နောက် ခေါင်းကုတ် ပြီး
“ အခု ပေါင်းချင်ရင် အဒေါ် ကို ပြောဖို့ က ”
ထူးနိုင် က နှုတ်ခမ်း စူပြီး
“ ခိုးပြေး ချင်တာ ၊ ဟင့်အင်း ဟင့်အင်း ခိုးပဲ ပြေးချင်တာ ”
သူဇာချို မျက်မှောင်ကြုတ်၍ ထူးနိုင် ကို ကြည့်သည် ။
“ ခိုးပြေးမယ် ”
“ အင်း ”
ထူးနိုင် နှုတ်ခမ်း ကို ထော် ထားသည် ။ သူဇာချို က အထူးအဆန်း သဖွယ် ကြည့်သည် ။
အတန်ကြာမှ ပြုံးပြီး
“ အင်း အဲဒီလို ခိုးပြေးရင် ပျော်တော့ ပျော်စရာကြီးနော် ”
“ ဟူး ”
ထူးနိုင် သက်ပြင်းချသည် ။ အလုပ် ဖြစ်ဖို့ ရာခိုင်နှုန်း က များ ပြီကိုး ။ သူဇာချို ကို ပြန်ကြည့်သည် ။ သူဇာချို က ဘာ တွေးပြီး ပြုံးနေသည် မသိ ။ အတန်ကြာမှ
“ ဘယ်တော့လဲဟင် ”
“ ဒီနေ့ ည ဆယ်နာရီ ”
သူဇာချို တွန့်သွားပြန်သည် ။
“ ဟင် မြန်လှချည်လား ”
သူ့ စကား ကို ထူးနိုင် က ပခုံး တွန့်ပြီး
“ မြန်မြန်ပဲ တို့ က စာကလေးမျိုး ”
“ ဘာ ”
“ မြန်တယ်လို့ ပြောတာ အဟိ ”
သူဇာချို နှုတ်ခမ်း ကိုက်ထားသည် ။ ပြီးမှ
“ ပြန်တော့မယ် ”
ထူးနိုင် မျက်လုံး ပြူး သွားသည် ။
“ ဟင် ခိုးရာ လိုက် မလိုက်က ”
သူဇာချို က ပြုံး၍ မတ်တတ်ရပ်ရင်း
“ အင်း မက်ဆေ့ချ် ပို့ လိုက်မယ်လေ ”
“ မက်ဆေ့ချ် ”
“ အင်း သွားပြီ ”
ထူးနိုင် တားချိန် မရလိုက် ။ သူဇာချို လှစ်ခနဲ လှည့် ထွက်သွားလေသည် ။
“ ဟာ ဒီ တစ်ယောက် လဲ မက်ဆေ့ချ် မက်ဆေ့ချ် တဲ့ ”
▢ အကြည်တော်
📖 နွယ်ချို
.
No comments:
Post a Comment