❝ ဪ .. မိန်းမ မိန်းမ ❞
မကျင်လှ တစ်ယောက် သူ ၏ ယောက်ျား နှင့် အတူ ဈေးဝယ် ထွက်လေ၏ ။
ဈေး ထဲ သို့ အရောက် ငါးစင်ရိုင်းသည် အား တွေ့သော အခါ သူ ၏ ယောက်ျားအား
“ ယောက်ျား ၊ ငါးစင်ရိုင်း စားမလား ”
“ အေး ... စားမယ်လေ ”
“ ဝယ်လိုက်မယ်နော် ”
“ ဝယ်ပေါ့ ”
မကျင်လှ ငါးစင်ရိုင်းသည် ဘက် လှည့်ရင်း
“ ညီမလေး ငါးစင်ရိုင်း ဘယ်ဈေးလဲ ”
“ တစ်ဆယ်သား ၂၅၀ ”
ငါးစင်ရိုင်းသည် ခပ်တင်းတင်းပင် ပြန်ဖြေ၏ ။ မကျင်လှ သည် ငါးစင်ရိုင်းသည် ဘက် လှည့်ပြီး
“ ၃၀ သား ထည့်ပေး ”
“ ရမယ် ခဏလေး ”
မကျင်လှ ယောက်ျား ဘာမှ မပြော ။ ငါးစင်ရိုင်းသည်လေး မှ -
“ အစ်မ ၄၀ သား ယူပါလား ။ တစ်ထောင်ဖိုး လေ ”
“ မယူဘူး ၃ဝ သား ပဲ ထည့် ။ ငါတို့ က လင်မယား နှစ်ယောက် တည်း ”
“ ယူလိုက်ပါ အစ်မ ရယ် ”
“ ဟဲ့ ၃၀ သား ဆို ၃၀ သား ပဲ ထည့်လေ ၊ ငါ ပြော သလိုပဲ လုပ် ။ ရော့ ၇ဝဝ ယူ လိုက် ၅ဝ တော့ လျော့ပေး ”
“ ရှင် ”
ငါးစင်းရိုင်းသည် မျက်လုံး ပြူး သွားသည် ။
မကျင်လှ က -
“ ဟဲ့ ... ဘာလဲ ၊ မလျော့ဘူးလား ၊ အဲဒါ ဆို မယူတော့ဘူး ”
“ လျော့ပါတယ် အစ်မ ရယ် ၊ ယူသွား ယူသွား ”
မကျင်လှ ငါးစင်ရိုင်း အထုပ်လေး အား ဆွဲခြင်း ထဲ ထည့်၍ သူ့ ယောက်ျား နှင့် အတူ ဆက် လျှောက် လာစဉ် အဝတ်အစားတန်း သို့ အရောက် သူ ၏ ယောက်ျား အား လှည့်၍
“ ယောက်ျား အထည်လေး ကြည့်မယ် နော် ”
“ ကြည့်လေ ”
“ ညီမရေ ဒီ အင်္ကျီလေး ဘယ်လောက်လဲ ”
“ ၅ဝဝဝ ”
“ လျော့ ပါဦးလား ညီမ ”
“ ရောင်းဈေး ပဲ အစ်မ ”
“ ဪ … အေး အေး ၊ တစ်ထည် ပေး နော် ”
မကျင်လှ ယောက်ျား မှာ တော့ ဆွဲခြင်းတောင်းလေး အတွင်း မှ ငါးစင်ရိုင်းလေး အား မခို့တရို့ အပြုံးလေးဖြင့် တစ်ချက် လှမ်း ကြည့်မိ လိုက်လေတော့သည် ။
◾အောင်ဂျူး
📖 ဟာဟ ( ၁ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment