Wednesday, December 7, 2022

သားဇော


 

❝ သားဇော ❞

ယနေ့ ဦးသာမောင် တို့ အဖွဲ့ စခန်း ပြန် စော၏ ။ သူတို့ သစ်စခန်း သို့ ပြန် လာကြ ချိန် မှာ အနောက်ရိုးမ ထဲ နေဝန်း က မငုပ် မကျိုးသေး ။ အခါသမယ မှာ လည်း နွေလ ဖြစ် သဖြင့် လင်းလင်းထင်းထင်း ပင် ရှိသေး၏ ။

ထို့ကြောင့် သူတို့ အဖွဲ့ သည် သစ်စခန်း တဲ ထဲ မဝင်ကြသေးဘဲ စမ်းချောင်း နံဘေး တွင် ရေ ချိုးနေကြ၏ ။ ထိုစဉ် ဘမောင် တို့ အဖွဲ့ မှ စောလှသိန်း စခန်း ပြန် လာ သံ ကို ကြား ကြရသည် ။

“ မမလေး ကို တဲ့ လိုက်ခဲ့ .. ပိန်းမြောက်စဉ်အစီ နဲ့ ကရင်နီ ခေါင်ရည်သုံး ရှာကြ တောင်ကိုးလုံးပေါ် .. ရှုလိုက်ပြန်သော် ပြည်တော် နဲ့ မနီး .. ဟီး .. ဟီး ”

“ ဖထီး နင် ခေါင်ရည် ရ လာလို့လား ”

တစ်ခါ တစ်ခါ တွင် သင်းသတ် အပြန် ၌ စောလှသိန်း ချင်းရွာ ထဲ ဝင်ပြီး ခေါင်ရည်တွေ ဆွဲလာ တတ်သဖြင့် စံလှ က လှမ်း မေးလိုက်၏ ။

“ အေး ရခဲ့တယ် ကြီးကြီး ပဲ ၊ နင်တို့ လေးငါးယောက် တော့ သေး ပေါက် သောက် တောင် မကုန်ဘူး ”

စောလှသိန်း ချင်းရွာ က ထွေလာပြီ မှန်း သိသဖြင့် အားလုံး ဝိုင်း ရယ်ကြ၏ ။ စောလှသိန်း တွင် တကယ်ပင် ခေါင်ရည်အိုးကြီး တစ်လုံး ပါ လာ၏ ။

“ တို့ လဲ ဒီနေ့ စခန်းပြန် စောတာ နဲ့ အတော်ပဲ ကွ ၊ လာလာ အမော ပြေ တာပေါ့ ”

စမ်းချောင်း နံဘေး တွင် ချက်ချင်း ဝိုင်းဖွဲ့ကြ၏ ။ စံလှ က ဝါးကျည် လေး သွား ဖြတ်သည် ။ ခေါင်ရည်အိုး ကို အလှည့် ကျ စုပ် ကြ၏ ။ ရေ ကုန် သွား လျှင် သူတို့ ဘူးခါးရေဘူး ထဲ မှ ရေ ထပ် ဖြည့်ကြသည် ။

သည်လိုနှင့် သူတို့ စခန်း ထဲ ပြန် လာကြသောအခါ မှောင်ရီပင် ရှိနေလေပြီ ။ အကယ်၍ ယခု လို မြူခိုးယှက်ဝေ ရွက်ဟောင်း ကြွေ၍ တောင်လေ ဝေ့ဝိုက် နွေစရိုက် နွေသမယ သာ မဟုတ်ပါက စခန်း သည် မှောင်နှင့် မည်းမည်း ပင် ရှိလေမည် ။ သူတို့ မှာ တော ထဲ တောင် ထဲ နှစ်ရှည်လများ နေ ကြရသူများ ပီပီ တစ်ခါတစ်ခါ တွင် ဤသို့ပင် ခေါင်ရည် စုပ်ခြင်း တော အရက် သောက်ခြင်း နှင့် အလွမ်းပြေ အမောပြေ နေထိုင် တတ်ကြလေသည် ။

မနေ့ ညနေ က ခေါင်ရည် ဘယ်လောက် ထွေထွေ သည် မနက် မှာ တော့ ဦးသာမောင် တို့ အဖွဲ့ သည် တော တက် လာကြရပြန်၏ ။

စမ်းချောင်းလေး ကို ဖြတ်ကျော်ပြီး မနေ့ ညနေ က ခေါင်ရေ ဝိုင်းဖွဲ့ခဲ့ကြသော နေရာကို စံလှ က သတိတရ လှမ်း ကြည့်သည် ။

“ ဟာ ”

ဟု ပါးစပ် က ရုတ်တရက် အသံ ထွက်သွား၏ ။

စံလှ အသံ နှင့် အကြည့် ကြောင့် ဦးသာမောင် ရော ထွန်းရ ပါ စံလှ နည်းတူ မနေ့ ညနေက ခေါင်ရည် ဝိုင်းဖွဲ့ခဲ့ ကြသော စမ်းနဖူး သို့ အကြည့် ရောက်သွားကြ၏ ။ အားလုံး အံ့ဩသွားကြသည် ။

အကြောင်းမှာ မနေ့ က သူတို့ ခေါင်ရည် ဝိုင်း ဖွဲ့ ခဲ့ကြသော နေရာ တွင် ဒယီးဒယိုင် ဖြစ် နေကြသော ဝက်ဝံ သားအမိ သုံးကောင် ကို မြင် ကြရသဖြင့် ဖြစ်လေသည် ။

“ ဟာ , ဝံတွေ ၊ ဝံတွေ ”

ဟု ပြောပြီး စံလှ က စမ်းနံဘေး ရှိ ဝံများ ရှိရာသို့ ပြေးသွား၏ ။

“ ဟေ့ကောင် ဝံ ကုတ်မယ်နော် ဝံ ကုတ်မယ် ”

ဦးသာမောင် နှင့် ထွန်းရ တို့ ကလည်း စံလှ ကို သတိပေး အော်ပြောရင်း စံလှ နောက် လိုက်ကြ၏ ။ လူ သံ ကြား သွားသော ဝက်ဝံ သားအမိ သည် ဒယီးဒယိုင် နှင့် တောထဲ ဝင် ပြေးကြ၏ ။ သို့သော် အစသို့ပင် မရောက်သေး ၊ ဝံမကြီး က သုံးလေးခါ လဲ၏ ။ ဝံကလေး နှစ်ကောင် က မူ မနေ့ ညနေ က သူတို့ ဝိုင်းဖွဲ့ ခေါင်ရည် သောက်ခဲ့ကြသော နေရာများ ကို သာ လှည့်ပတ်ကာ ဒယီးဒယိုင် နှင့် အလဲလဲ အပြိုပြို ဖြစ် နေ၏ ။

သူတို့ အနား ကို ရောက် သွားကြသော အခါ ဝံမကြီး သည် အလဲလဲ အပြိုပြိုနှင့် တောထဲ ဝင် ပြေးသွား၏ ။ များစွာ မပြေးနိုင်သော ဝံကလေး နှစ်ကောင် ကို မူ ထွန်းရ နှင့် စံလှ တို့ က အတင်း လိုက် ဖမ်းကြ၏ ။

ဦးသာမောင် က ဝံမကြီး ကို သစ်ခုတ်ဓား နှင့် လှမ်း ပစ် သော်လည်း မထိပေ ၊ တော ထဲ ဝင် ပြေးသွား၏ ။

“ ဦးသာမောင် ကြည့်စမ်းပါဦးဗျ ၊ ဒီ ဝံကလေး နှစ်ကောင် ကစော်ဖတ် မူးပြီး ယိုင် ထိုး နေကြတာ ”

စံလှ နှင့် ထွန်းရ တို့က တစ်ယောက် တစ်ကောင် စီ ဖမ်းကိုင်ထားကြသော ဝံကလေး နှစ်ကောင် ကို ဦးသာမောင် အား ပုတ် ပြ၏ ။

မှန်သည် ရင်ဘတ်အဖြူကြား နှင့် ချစ်စရာပင် ကောင်းလှသော ဝံကလေး နှစ်ကောင် မှာ လူတွေ ကိုင်ထားသည့် ကြားထဲ က ယိုင်ထိုး နေကြ၏ ။

ထွန်းရ က သူ ကိုင် ထားသော အကောင်ငယ် ကို လွှတ် လိုက်၏ ။ သို့သော် လသားအရွယ် သာ ရှိ သေးသော ဝံကလေး မှာ လေးငါးလှမ်း သာ လျှောက် သွားပြီး လဲ ကျပြန်၏ ။

ထွန်းရ အကောင် လဲ ကျသည်ကို ကြည့်ကာ စံလှ ကလည်း သူ့ အကောင် ကို လွှတ် လိုက်ပြန်၏ ။ စံလှ အကောင် ကလည်း ထိုနည်းလည်းကောင်း လေးငါးလှမ်း သာ ဒယီးဒယိုင် လျှောက် သွားပြီး လဲ ပြန်၏ ။

ဦးသာမောင် နှင့် ထွန်းရ ၊ စံလှ တို့ မှာ ဝံကလေး နှစ်ကောင် ကို ကြည့် တဝါးဝါး ရယ် နေကြ၏ ။

“ မနေ့ ညနေ က တို့ လွှင့်ပစ်ထားခဲ့တဲ့ ကစော်ဖတ်တွေ ကို တဝ တီး ပြီး မူး နေကြတာကိုးကွ ဟား .. ဟား ”

မှန်၏ ။ သူတို့ ပစ်ထားခဲ့သော ခေါင်ရည်အိုးကြီး သည် အစိတ်စိတ် အမြွာမြွာ ကွဲပြီး ပြန့်ကျဲနေ၏ ။ ကစော်ဖတ်များ မှာ ဝံသားအမိ စား ပစ်သဖြင့် အစအန သာ ကျန်တော့သည် ။

“ ဝံမကြီး ကို ရှာ ရအောင်ဗျာ ဦးသာမောင် ၊ ဒီအတိုင်း ဆို ဝံမကြီး က ဝေးဝေးလံလံ ပြေးနိုင်မှာ မဟုတ်ဘူးဗျ ၊ ရရင် ညနေ ဝံသား နဲ့ တောအရက် မီးတောက် နဲ့ ဆို သိပ် လိုက်ပေါ့ ”

“ အေးဗျာ ဟုတ်တယ် ၊ အစ်ကိုကြီးသာမောင် လာဗျာ ဝံမ ရှာ ရအောင် ၊ မူးလို့ တွေ့ရင် သစ်ခုတ်ဓား နဲ့ အသေ သာ ပိုင်း လိုက်ဗျာ ”

စံလှ စကား ကို ထွန်းရ က လည်း ထောက်ခံ၏ ။ သို့နှင့် ဝံမကြီး ဝင် ပြေးသွားရာ တော ထဲ လိုက် ဝင်၍ ရှာ ကြ၏ ။

သို့သော် ဝံမကြီး ကို ကား ခြေရာ ပင် မတွေ့ရတော့ပေ ။

“ သစ်ပင် ပေါ် များ တက် ပုန်းနေလား မသိဘူးကွ ၊ အပေါ် ကိုလဲ ကြည့်ကြ ”

ဝံကလေး တစ်ကောင် စီ ကို ပိုက် ကာ ကုပ်ချောင်းကုပ်ချောင်း နှင့် တောတိုး ရှာနေကြသော စံလှ နှင့် ထွန်းရ တို့ ကို ဦးသာမောင် က ပြော၏ ။

“ ဝံသိုက်တွေ တော့ ဒီနား မတွေ့မိဘူး ကိုကြီးသာမောင် ”

သစ်ပင်ကြီးများ ပေါ် မော့် ကြည့်၍ ထွန်းရ က ပြော၏ ။

“ အသိုက် မဟုတ်ဘူးဗျ သစ်ခေါင်းတွေ ထဲ လဲ ဝင် ပုန်းချင် ပုန်းနေမှာ ၊ တစ်ခုတော့ သတိထားနော် ၊ ကျုပ် တို့ လက်ထဲ သူ့ သားတွေ ရှိနေတော့ သစ်ပင် ပေါ် က ခုန် ချပြီး ကုတ် မှာ စိုးရတယ် ၊ ဒီလို လသား အရွယ်တွေ ဆို ဝံမကြီး တွေ သိပ် ရန် လိုတာ ”

ဝံမကြီး ဝင် ပြေးသွားသော ပတ်ဝန်းကျင် တော ထဲ မှာ သူတို့ တစ်မနက်လုံး ရှာ ကြ၏ ။ ဝံမကြီး ၏ ခြေရာလက်ရာ ကို ပင် မတွေ့ရ ။ ဝံ ဆို သည် မှာ အပုန်းရှောင်လည်း အလွန် တတ်ပေရာ ဘယ်လို မှ ရှာ မရပေ ။

“ ကဲ, ဝံမကြီး ကို တော့ တို့ ရှာလို့ တွေ့မှာ မဟုတ်တော့ဘူး ကွ ၊ ဝံမကြီး က သာ တို့ ကို တစ်နေရာရာ က ချောင်း ကြည့်ချင် ချောင်းကြည့် နေမှာ ၊ ဒီတော့ ပြန် ကြမယ် ”

“ ပြန်တာက ဟုတ်ပါပြီ ၊ ဒီ နှစ်ကောင် ကို ရော ”

“ အေးကွ ၊ လသားလေး အရွယ် ဆိုတော့ မစားလောက် မသောက် လောက် နဲ့ ၊ သြော် , သတိ ရပြီ တောအုပ်ကြီး ဦးမြဆီ သွား ပေးကြရင် ကောင်းမယ် ၊ သူ က တိရစ္ဆာန်တွေ ဆို သိပ် ချစ်တတ်တာ မွေး ထား ပါစေလေ ၊ ကြီး မှ တောင်းပြီး သ -တ်စားကြတာပေါ့ ဟား .. ဟား ”

စံလှ စကား ကြောင့် ဦးသာမောင် ပင် ပြုံး သွား၏ ။

“ အေးကွ ဆရာမြ ကို သွား ပေးရင် တို့ ကို သိပ် ကျေးဇူး တင်မှာပါ ။ ကောင်းတယ် ကောင်းတယ် ဆရာမြ ကို သွားပေးလိုက် ၊ ရင်ဘတ်အဖြူကြားလေး နဲ့ ကောင်လေးတွေ က လဲ တကယ့် ချစ်စရာလေးတွေပါကွာ ”

စံလှ ၏ စကား ကို ခေါင်းဆောင်ဦးသာမောင် ကပါ သဘော တူ သဖြင့် တောအုပ်ကြီး ဦးမြ တဲ သွား ပေးထား၏ ။ ဦးမြ က လည်း အမှန်ပင် သူတို့ အား ကျေးဇူး တင်လေသည် ။

ညနေချမ်း တွင် ကစော်မူး ပြေ သွားသော ဝံကလေး နှစ်ကောင် ကို ဦးမြ က တောစာ ငှက်ပျောသီးတွေ ကျွေး နေ၏ ။ လောလောဆယ် သံကြိုး မရှိသဖြင့် အိပ်ရာလိပ် စည်း လာသော ပလတ်စတစ် ကြိုးတစ်ပင် ၏ အစ တစ်ဖက် စီ တွင် ဝံကလေးတစ်ကောင် စီ ကို ချည်ထားလေသည် ။

ဦးမြ ကျွေးသော ငှက်ပျောသီး ကို ဝံကလေး နှစ်ကောင် က ကောင်းကောင်း စား လို့ မရ ၊ ယဉ်ပါး နေသော မျောက် က ဆင်း ဆင်း လု၏ ။

ထိုအခါ ဦးမြ က အာနီ ဟု နာမည် ပေးထားသော မျောက်ကလေး ကို သံကြိုး အလေးကြီး နှင့် ခါး က ချည် ထားသည် ။ အာနီ က တခွီ ခွီ အော် နေ၏ ။ အာနီ ကား ဤ ဝံကလေး နှစ်ကောင် ကို စံလှ တို့ လာပို့သော မနက် ကပင် မျက်စောင်း တခဲခဲ လုပ်နေ၏ ။

“ ခုမှ ရောက် လာတဲ့ ညီလေးဝံငယ်တွေ ကို မဆော့နဲ့ နော် သား ”

ဟု ဦးမြ က ပြောသောအခါ ဟုတ်ကဲ့ တစ်ခု သာ ပြော တတ်သေးသော ကြက်တူရွေး က ကြား ဝင်၍ ဦးမြ အသံ ကိုကြား သည် နှင့် “ ဟုတ်ကဲ့ ” ဟု အော်၏ ။ စံလှ နှင့် ထွန်းရ တို့က ကြက်တူရွေး ကို ကြည့်ပြီး ရယ်ကြသည် ။

ကျွန်တော်တို့ ပြန်ပါဦးမယ် ဆရာကြီး ဟု စံလှ က ဦးမြ ကို နှုတ်ဆက် သောအခါ စကား တတ်နေသော သာလိကာ က

“ အိမ်း . . အိမ်း မိုး မချုပ်ခင် ပြန်ကြ ၊ နေတောင် အတော် နည်းသွားပြီ ”

ဟု ဆိုသောအခါ နှစ်ယောက် စလုံး မှာ အံ့ဩသော်လည်း ရယ်ကြရ ပြန်၏ ။ ဦးမြ က သူ့ သာလိကာကလေး ကို ပြုံးပြီး “ ဟဲ့ သား ဒါ မနက်ပါ သားရယ် ” ဟု ပြော ရသေးသည် ။

ယခုလည်း ဝံကလေး နှစ်ကောင် ကို ငှက်ပျောသီး ကျွေး နေသော ဦးမြ က

“ ကဲ , ငါ့ သားလေး နှစ်ကောင် က အချောလေးတွေ ကွ ၊ အာနီ နဲ့ တခြားစီ ပါ ၊ ကဲကဲ ငှက်ပျောသီး စား လိုက်ကြဦး ”

ဟု ဝံကလေး နှစ်ကောင် နှင့် စကား ပြောနေ၏ ။

ဤသည် ကို သူ့ဆီ လာသော တောခေါင်း ဦးကြည် က

“ ဟာ, ဝံပေါက်စနလေးတွေ ပါလား ၊ တောအုပ်ကြီး ဘယ်က ရထားတုံး ” ဟုမေး၏ ။

“ မနက်ကပဲဗျ ၊ စံလှ နဲ့ ထွန်းရ တို့ လာ ပေးသွားကြတာ ”

စံလှ တို့ တောတက်လမ်း ဘက် မှ ပြန် လာသော ဦးကြည် သည် ဦးမြ ၏ စကား ကို ကြား ရသောအခါ ညနေ က ထိုဘက်တောတန်း ဆီ တွင် ဝံတစ်ကောင် အီနေသံ ကြား ခဲ့ရသည် ကို ချက်ချင်း သတိ ရ သွား၏ ။ ဦးသာမောင် တို့ တောတက်လမ်း ဘက် တွင် တအီအီအော် နေသော ဝံ ညည်းသံ မှာ ယခု ဦးမြ ဆီ ရောက်နေသော ဝံကလေးများ ၏ အမေ ညည်းသံများလား ဟု လည်း တွေးမိလိုက်၏ ။

သို့သော် ဝံများ သည် တစ်ခါတစ်ခါ နေထိုင် မကောင်း လျှင် လည်းကောင်း ၊ မိတ်လိုက် လျှင် လည်းကောင်း ညည်းတတ် အီတတ် ကြသဖြင့် စောစောက များစွာ စိတ်မဝင်စားခဲ့ ။ ယခုလည်း အလုပ်ကိစ္စ နှင့် လာရသဖြင့် စံလှ တို့ ဤ ဝံကလေး နှစ်ကောင် ကို မည်သို့ မည်ပုံ ရလာခဲ့ကြကြောင်း ဆက် မမေးမိတော့ ။ ဦးမြ က လည်း အလုပ် ကိစ္စ သာ စကား ဆက် မေးလာ၏ ။

“ သစ်စိမ်းချောင်း ဘက် က ကိစ္စ က ဘယ့်နှယ်လဲ ”

“ ည ည ဝင်တာတော့ အမှန်ပဲ တောအုပ်ကြီး ၊ ပုဂ္ဂလိက ဆင်သမားတွေ လဲ ပါမယ် ထင်တယ် ၊ အဲဒါ ဒီည ထုတ်လုပ်ရေး က လူတွေ နဲ့ တိုင်ပင် ပြီး သွား စောင့်ကြမလို့ ”

“ ထုတ်လုပ်ရေး က လူတွေ ပါရင် ပို ကောင်းတာပေါ့ ”

“ ဟုတ်ကဲ့ ၊ အဲဒါ တောအုပ်ကြီး ဆီ က မောင်သန်း တို့ ညီအစ်ကို ကျွန်တော် ခေါ်သွားချင်လို့ ၊ ဒီမှာ တောအုပ်ကြီး တစ်ယောက် ထဲ များ ဖြစ်နေ ”

“ ရပါတယ် ဗျာ ၊ ဟဲ ဟဲ ကျုပ် က သေနတ်တစ်လက် နဲ့ တစ်သက်လုံး တော ထဲ နေလာတဲ့ သူပါ ၊ ခုဆို သားတွေသမီးတွေ က လဲ ဒီမှာ တစ်ပြုံကြီးပါ ၊ ဟော ခု ဒီမှာ သားသမီး နှစ်ယောက် တောင် အင်အား တိုး လာပြန်ပြီး ဟဲ ဟဲ မဟုတ်ဘူးလားကွ ဝံကလေးတို့ ရယ် နော် ဟား ဟား ”

မွေးထားသော တိရစ္ဆာန်များ ကို သားတွေသမီးတွေ ဟု ပြောပြီး အမြဲ လိုလို မူး နေတတ်သော တောအုပ်ကြီး ကို ကြည့်ကာ ဦးကြည် က ခေါင်း တညိတ်ညိတ် လုပ်နေ၏ ။

“ ဒါဆို ကျွန်တော် ပြန်မယ် တောအုပ်ကြီး ၊ ညနေ ထမင်း စားပြီးရင် သာ မောင်သန်း တို့ညီအစ်ကို ကို လွှတ် လိုက်ပါ ”

သူ့ ကြက်တူရွေး က “ ဟုတ်ကဲ့ ဟုတ်ကဲ့ ” ဟု အော် နေသလို သာလိကာ က လည်း ဦးကြည် ပင် စကား ဆုံးအောင် မပြောရသေး

“ အိမ်း .. အိမ်း ပြန် နေတောင် နည်းနေပြီ ” ဟု ဦးမြ ၏ သမရိုးကျ ဆိုရိုးစကား ကို မြည်တွန်နေ၏ ။ ဤသည် ကို သူတို့ အဖေကြီး ဦးမြ ကလည်း တပြုံးပြုံး နှင့် ။

ဦးကြည် မိမိ တဲ ဘက် သို့ ထွက်လာချိန်မှာ တောင်စွယ် တွင် နေကွယ်၍ မြူခြေတွေ ပြပြဆိုင်းကာ မိုး ချုပ်စ ပြုနေလေပြီ ။

မိုးချုပ် လာသည် နှင့် တစ်ပြိုင်နက် သစ်တဲဝန်းကျင် မွှားကောင် တို့ ၏ တစီစီ တအီအီ မြည် ကြသံတွေ မှာ ဆူညံ လာသည် ။

သည်နေ့ ဝံကလေး နှစ်ကောင် ရောက် နေသဖြင့် တောအုပ်ကြီး ဦးမြ ၏ တဲ ထဲ မှာ လည်း ဝံကလေးတွေ အီသံ နှင့် ကြက်တူရွေး သာလိကာ တို့ကို ဦးမြ စကား သင်ကြားနေသံ တို့ က ပို၍ ညံနေသည် ။ တစ်ချက်တစ်ချက် တွင် မျောက် အာနီ က လည်း တခွီးခွီး ထ အော် တတ်သေး၏ ။

သက်ငယ်ခေါင်းချ အချိန် မတိုင်မီပင် ဦးမြ သည် သူ့ သား ဝံကလေး နှစ်ကောင် ကို ချည်ကြိုးတန်းလန်း နှင့် ပွေ့ဖက်ကာ အိပ် ပျော် သွားလေသည် ။

ဦးမြ လန့် နိုး လာသည် ။ ဝံကလေး နှစ်ကောင် က တအီအီ ညည်း နေ ကြ၏ ။ အမှန်မှာ ဝံကလေး  ညည်း သံကြောင့် ဦးမြ နိုးလာခြင်း မဟုတ် ။ သူ အိပ်နေစဉ် သစ်တဲကဲလား ကို တစ်စုံတစ်ယောက် လာ တွန်းသံ လိုလို ကြားသဖြင့် လန့် နိုးလာ၏ ။ “ အဟမ်း အဟမ်း ” ဟု အသံ ပြုကာ မောင်သန်း တို့ လား ကွ ဟု ဦးမြ က မေးလိုက်၏ ။

ဦးမြ ထင် လိုက်သည်မှာ တောခေါင်း ဦးကြည် တို့ နှင့် သစ်စိမ်းချောင်း ဘက် လိုက်သွားသော မောင်သန်း တို့ညီအစ်ကို ပြန် လာကြပြီ ဟု ထင် လိုက်သည် ။ သို့သော် အပြင် က ထူးသံ မကြားရ ။ လူသံ သာ မဟုတ် စောစောက သူ့ နားထဲ ကြားမိသော ကဲလားတံခါး ကို တစ်စုံတစ်ယောက် လာ တွန်း နေသည် ဟု ထင်ရသော အသံပါ တိတ်သွား၏ ။

အာနီ ဆော့ တာလား ဟူသော အတွေး နှင့် အာနီ ကို လှမ်း ကြည့်မိ၏ ။ အာနီ သည် ထုတ်တန်းပေါ် ထိုင်ကာ ထရံ ကို မှီပြီး ငိုက်မျဉ်းနေ၏ ။ မျောက် ဆိုသော တိရစ္ဆာန် တွင် လူတွေ နားမလည် နိုင်သော အကျင့်တစ်ခု ည ည ကျလျှင် မြေပြင်ကို မကြာ မကြာ ဆင်း စမ်းတတ်ခြင်း ပင် ။ အချို့ကမူ ကမ္ဘာမြေကြီးများ ပြို ကျလေသလား ဟု စိုးရိမ်စိတ် နှင့် ဆင်းဆင်း စမ်း တတ် ကြသည် ဟု ဆိုကြသည် ။

ယခုလည်း မြေပြင် ကို သွားဆင်း စမ်းသော အာနီ သည် သူ့ အသံ ကြား သဖြင့် ထုတ်ပေါ်ပြန် တက်ကာ ငိုက်မျဉ်းယောင် ဆောင် နေသည်ဟု ဦးမြ ကထင်၏ ။ ယခင်က ဤသို့ ဆင်းဆင်း စမ်းသဖြင့် သူ ရိုက်နှက်ဖူးသည် ။ ထို့ကြောင့် သူ ပြန်အိပ်၏ ။

ဦးမြ အိပ် မပျော် တပျော် အချိန်တွင် တဲပြင် က ခြေသံလိုလို ကြား ရပြန်သည် ။ ဤတစ်ခါ အာနီ ပါ တခွီးခွီး ထအော် သဖြင့် ဦးမြ ပါ လန့် သွားသည် ။ အာနီ သည် ညအချိန် ၌ လူစိမ်း သူစိမ်း တစ်ယောက် ယောက် လာ လျှင် ဤသို့ပင်အော်၍ သတိ ပေး တတ်သည် ။ ဦးမြ နား စွင့် ထား၏ ။ အပြင် ကဝါးထရံ ကို တဖျစ်ဖျစ် နှင့် တစ်စုံတစ်ယောက် လာ ဖြဲ နေသည် ။ ဝံကလေး နှစ်ကောင် က ပါ တအီအီ အော် ၍ ထ ခုန်နေကြသောအခါ ဦးမြ မှာ ပို၍ လန့် သွားသည် ။ စိမ့်ကြီးမြိုင်ကြီး ထဲ ညကြီးမင်းကြီး ချွေး ပြန် သွား၏ ။

ခါတိုင်း ဤသို့ တစ်ခါမှ မဖြစ်ဖူး ။ ဦးကြည် တို့ အဖွဲ့ နှင့် သူ့ တပည့် နှစ်ယောက် ပါသွားသည် ကို သိသော မသမာသူများ သည် တဲ ထဲ တွင် သူ တစ်ယောက် တည်း နေမှန်း သိသဖြင့် လုပ်ကြံ ရန် လာ ချောင်းကြလေသလား ။ သူ့ အား နည်းအမျိုး နှင့် ချဉ်းကပ်ပေါင်းသင်းကြသော်လည်း အရောမဝင် အဖက် မလုပ်ဘဲ နေခဲ့သော မသမာသူများ ၏ မျက်နှာများ က ဦးမြ ၏ အမြင်အာရုံ ထဲ မှာ ချက်ချင်း ပေါ်လာကြသည် ။

အိပ်ရာဘေး မှ မီးစာ မှိန် ထားသော မီးအိမ် ကို ကမန်းကတန်း မီးငြိမ်း ပစ် လိုက်ရ၏ ။ သေနတ် ကို အလျင် ယူသည် ။ လက်နှိပ်ဓာတ်မီး ကို လက်တစ်ဖက် နှင့် ကိုင် သည် ၊ သို့သော် အသံ ကြားရာ ဆီ သို့ ချက်ချင်း ထိုး မကြည့်ရဲသေး ။

မတော်၍ ဓာတ်မီးတန်း အလင်းရောင် အတိုင်း သေနတ် နှင့် တည့်တည့် ချိန် ပစ် လိုက်လျှင် သူ့ ကို ထိ သွား နိုင်သည် ။ ယခင်က မသမာ သူများ လက်ချက် ဖြင့် ဤသို့ သေဖူးသူများ ကို သူ ကြား ဖူးထားသည် ။

ခေါင်းရင်း ထရံနား မှ ခြေသံ မကြားအောင် သူ ရွှေ့လာ၏ ။ အပြင် အမှောင် ထဲ မှ ဝါးထရံ ကို ဖြဲ ကာ ချောင်း ကြည့် ထားသော မသမာသူများ သည် လှံနှင့် တအား စွပ် ထိုး လိုက် မှာ လည်း စိုးရိမ်သွား၏ ။

ထို့ကြောင့် အိပ်ရာ မှ အသာအယာ ဖင်ရွှေ့ကာ ဧည့်ခန်း အလယ် သို့ ရွှေ့လာ၏ ။ မြေစိုက်တဲ ၏ မြေပြင် ကိုခြေ နင်းမိ မှ ဟိုဟိုသည်သည် ကြည့် ရ၏ ။ အမှောင် ထဲ တွင် ဖြစ်သော်လည်း နှစ်ရှည်လများ နေလာခဲ့သော မိမိ သစ်တဲ ဖြစ်သဖြင့် အခက်အခဲ မရှိပေ ။ အမှောင် ထဲ ၌ သူ သွားလိုရာ သို့ ရှောရှောရှူ ရောက်လာသည် ။

အပြင်မှ ဝါးထရံ ကို ဖြဲနေသံ သည် နေရာရွေ့သွား၏ ။ သစ်တဲ ဘေးဘက် မှ ရှေ့ဘက် သို့ ရောက်သွားသည် ။ မြေစိုက်တဲ ဧည့်ခန်းကွက်လပ် ထဲ ရောက်နေသော ဦးမြ နှင့် လည်း ပိုနီးလာ၏ ။

အတွင်း ထဲ မှ မျောက်အာနီ အော်သံ နှင့် ဝံကလေး နှစ်ကောင် အော်သံ က လည်း ကျွက်ကျွက်ညံလာ၏ ။

မသမာသူများ သည် သစ်တဲ ထဲ ဝင်ရန် အပေါက် ရှာ နေကြသည်ဟု ထင်၏ ။ စောစောက တစ်ခေါက်လည်း မောင်သန်း တို့ညီအစ်ကို တွေ ပြန် လာကြသည် ထင်၍ မေး ပြီးပြီ ၊ ခုလည်း တဲ ထဲ က တိရစ္ဆာန်တွေ ဒီလောက် အော် နေကြတာ ငါ နိုးနေပြီ ဆိုတာ သိလျက်နှင့် ဒီကောင်တွေ ငါ တစ်ယောက် တည်း ရှိ မှန်း သိလို့ အတင့်ရဲ လာကြပြီ ဒီတစ်ခါတော့ သူ သေ ကိုယ် သေ လုပ် ရတော့မှာပဲဟု ဦးမြ ဆုံးဖြတ် လိုက်သည် ။

အိပ်ရာဘေး မှ မီးစာ မှိန် ထားသော မီးအိမ် ကို ကမန်းကတန်း မီးငြိမ်း ပစ် လိုက်ရ၏ ။ သေနတ် ကို အလျင် ယူသည် ။ လက်နှိပ်ဓာတ်မီး ကို လက်တစ်ဖက် နှင့် ကိုင်သည် ၊ သို့သော် အသံ ကြား ရာ ဆီ သို့ ချက်ချင်း ထိုး မကြည့်ရဲသေး ။

ထိုအချိန်၌ပင် တောင်ဘက် တံခါးဝ နား မှာ မိုးတွင်း က မိုး ပက်၍ ရိဆွေးနေသော ဝါးထရံ မှာ ဖြိုးဖြိုးဖြောက်ဖြောက် မြည်ကာ ပွင့် ထွက်လာ၏ ။ညအမှောင်ပင် ဖြစ်သော်လည်း အပြင် က အလင်းကြောင့် မည်းခနဲ အရိပ် ကြီး တစ်ခု တဲထဲ တိုး ဝင် လာသည် ။ ဦးမြ မှာ ပို၍ ခေါင်းနားပန်း ကြီး သွား၏ ။

စက္ကန့်ပိုင်း အတွင်း မှာ ပင် ဦးမြ သည် ထို မည်းမည်း အရိပ်ကြီးကို ကဲ ၊ သေပေတော့ကွာ ဟု အော် လိုက်ရင်း သေနတ် နှင့် ဒိုင်းခနဲ လှမ်း ပစ်လိုက်၏ ။ နောက်တစ်ချက် ထပ် ပစ်ပြီး မှ လက်နှိပ်ဓာတ်မီး နှင့် ထိုး ကြည့် ဝံ့သည် ။

ထရံအောက် မြေပြင် ပေါ် တွင် သွေး အလိမ်းလိမ်း နှင့် လူးလှိမ့်ညည်း တွားနေသော ဧရာမ ဝက်ဝံမကြီး တစ်ကောင် ကို မြင် လိုက်ရသော အခါ ဦးမြ ၏ လက် ထဲ က သေနတ် မှာ မြေပြင် သို့ ရုတ်တရက် လွတ်ကျ သွားလေ သည် ။

အမှန်မှာ မနက် က စံလှ နှင့် ထွန်းရ တို့ ဖမ်းဆီးသွားကြသော သူ သားငယ် နှစ်ကောင် ကို ရှာရင်း ဝံမကြီး သည် သူ့ သားများ ရှိရာ ဦးမြ ၏ တဲ သို့ ရောက်လာခြင်း ဖြစ်၏ ။ ယခု သားဇော နှင့် လိုက်လာသော ဝံမကြီး ခမျာ မှာ ဦးမြ ၏ အထင်အမြင် လွဲမှားမှု ကြောင့် သေ သွားရရှာလေပြီ ။

◾ဖိုးကျော့

📖 ဒဂုန်မဂ္ဂဇင်း
      ၁၉၈၅ ခုနှစ် ၊ ဇူလိုင်လ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment