❝ အညိုရယ် စဉ်းစားပါ ❞
တစ်နေ့ က ကျွန်တော့် ထံ သို့ စာတိုက် မှ စာ တစ်စောင် ရောက် လာ၏ ။ စာအိတ် မျက်နှာစာ ပေါ် မှ လက်ရေး ကို ကြည့် ၍ မိန်းကလေး လက်ရေး ဖြစ်သည် ကို အကဲ ခတ် မိ သည် ။ သည့် ထက် စာအိတ် ၏ လက်ဝဲ အောက် ထောင့် တွင် “ ညို ” ဟူ၍ ပီပီသသ ရေးထိုး ထားသော လက်မှတ်တို ကလေး က ထင်ရှား နေပေသည် ။
အလုပ် မှ ပြန် ရောက်စ ဖြစ်၍ စာ ကို ဖောက် မဖတ်နိုင် သေးဘဲ အင်္ကျီအဝတ်အစား လဲ ကာ ပူပြင်းသော နွေရာသီ ၏ ဒဏ် မှ သက်သာရာ ရလို ရငြား စားပွဲ ပေါ် မှ ယပ်တောင် ကို ဆွဲ ယူ၍ တဖျတ်ဖျတ် နှင့် ခပ် နေမိ၏ ။
အိမ် က ဒေါ်ကောက်ရိုး က မူ ကျွန်တော့် အရိပ်အကဲ ကို ခပ်လှမ်းလှမ်းမှ စောင့်၍ ကြည့် နေပုံ ရပါသည် ။ ကျောင်း က ပြန် လာသည့် ကလေးများ ကို ပင် ခါတိုင်း ကဲ့သို့ သူ ကိုယ်တိုင် မီးဖို ထဲ ဝင်ပြီး ထမင်း ခူးခပ် ကျွေးခြင်း မပြုတော့ဘဲ ကလေးများ ဘာသာ ခူးခပ် စားကြ ဟု တစ်ချက်လွှတ် အမိန့် ပေးလိုက်သံ ကို ကြား ရပါ၏ ။ ရောက်နှင့်နေသော ဟူ သည့် မိန်းကလေး ၏ ထံမှ စာပေါ်တွင် မူတည်၍ သူ ၏ မျက်နှာထား ကို တင်းမာ နိုင်သမျှ တင်းမာရန် အဆင်သင့် ရှိ နေပုံ ရ၏ ။ ကြမ်းပြင် ကို တဒုန်းဒုန်း မြည်အောင် ဆောင့်၍ နင်းရန် အတွက် ဖနောင့်များ ကိုလည်း ပြင် ထားဟန် ရ ပေသည် ။
ဒေါ်ကောက်ရိုး သည်လည်း မိန်းမ ပီပီ ဤ စိတ်မျိုး ရှိ အပ်သည် ဟု ကျွန်တော် မသိချင်ယောင် ဆောင် ကာ စာ အိတ် ကို အသာ ဆွဲ ယူ၍ ဖြည်းဖြည်းချင်း ဖွင့်လိုက်၏ ။ ပြီးမှ စာရွက်ပြာခေါက်ကလေး ကို ဆွဲ ထုတ်၍ ဖြန့် ဖတ်လိုက်မိ သည် ။
ဆရာရှင့် ...
ကျွန်တော့် ရင် ထဲတွင် အလုံး တစ်လုံး ကျ သွားရ၏ ။ အကြောင်းမူ ထိပ် မှ အညွှန်း ခေါ်သည့် တစ်ခါတစ်ရံ “ အစ်ကိုကြီး ရှင့် ” “ အစ်ကို ... ” “ ချစ်သောဆရာ ... ” စသည်များ ဖြစ် နေပါက ဤ နေ့ သည် ဒေါ်ကောက်ရိုး ထမင်း တစ်နပ် လျှော့ စားမည့် နေ့ ဖြစ်ကောင်း ဖြစ် သွားတတ်သောကြောင့် တည်း ။
ကျွန်တော် က စာ ကို ဆက်၍ ဖတ် လိုက်သည် ။
ဆရာ့ ထံ ကို အင်မတန် အရေးကြီးတဲ့ ကိစ္စ တစ်ရပ် မို့ ခုလို အကူအညီ တောင်း ရခြင်း ဖြစ်ပါတယ် ။ ဆရာ ညို့ ကို သိပြီး သားပါ ။ ညို တို့ အိမ် ကို ဆရာ သုံးခါ လောက် လာဖူး ပါတယ် ။ ပြီးတော့ ပေါ့ ဦးလေး ကိုသံဒိုင် နဲ့ ဆရာ ဟာ အလွန် ရင်းနှီးကြတာ မို့ ဆရာ့ ကို လည်း ဦးလေး တစ်ယောက် လို အားကိုးပြီး တိုင်ပင် တဲ့ သဘောပါပဲ ။
သည်တော့ မှ ကျွန်တော် ပြန်၍ တွေးရသည် ။ ကျွန်တော့် သူငယ်ချင်း ဖိုးသံဒိုင် သည် အင်ဂျင်နီယာ တစ်ယောက် ဖြစ်၏ ။ သုဝဏ္ဏမြို့သစ် ၊ ရန်ကင်း စသည့် နိုင်ငံပိုင် အဆောက်အဦများ ဆောက်လုပ်ရာ ၌ သူ သည် လည်း ဗိသုကာများ ထဲ တွင် တစ်ယောက် အပါအဝင် ဖြစ်ပါသည် ။ သူ့ မှာ တစ်ဖက်သတ် ချစ်ရသော ချစ်ဦးသူ တစ်ယောက် ရှိ ၏ ။ ဆယ်နှစ်ဆယ်မိုး ပိုးပန်း သော်လည်း ချစ်ဦးသူ က သူ့ မကြိုက် ဘဲ မိဘ ပေးစားသည့် ကျောင်းဆရာကလေး နှင့် လက် ဆက်သွား၏ ။ ထို့ကြောင့် ဖိုးသံဒိုင် အဖို့ နာမည်က ' စီး ' သည် ။ ' ကံမခိုင်သည့် သံဒိုင် ' ဟု အပေါင်းအဖော်များ က ခေါ်စမှတ် ပြုကြသည် ။ ကျွန်တော် က မူ သံဒိုင် သည် တိုက်တာ အဆောက်အဦဗိမာန် ကိုသာ လျှမ်းလျှမ်းတောက် ဆောက် နိုင်သော်လည်း ချစ်ဗိမာန် ကို မူ ဖြစ်မြောက် အောင် မဆောက်နိုင် ဟု မှတ်ချက် ချခဲ့ဖူး၏ ။
သံဒိုင့် အိမ် မှာ ကျောက်မြောင်း မြို့သစ်လမ်း တွင် ရှိ ၏ ။ သူ့ အိမ် သို့ ကျွန်တော် မကြာခဏ သွားရောက် စား သောက်သည့် အခါများ တွင် အိမ်ရှိ သူ့ တူမလေးများ နှင့် တွေ့ရှိဖူးပါ၏ ။ သို့သော် ကျွန်တော် ၏ မေ့တတ်သော အမှတ်တမဲ့ နိုင်လှသော ဉာဉ်ကြောင့်ပင် မည်သူမည်ဝါ ဟူ၍ လူ နှင့် နာမည် ကို တပ်အပ် မှတ်ခဲ့ခြင်း မရှိပေ ။
အညို ဆိုသည့် မိန်းကလေး မှာ သံဒိုင့် အိမ် ရှိ ကောင်မ လေးများ ထဲ မှ အသား ညိုသည့် တစ်ယောက် ယောက် ပဲ ဖြစ်ရမည် ဟု ကျွန်တော် ယေဘုယျ အားဖြင့် တွေး ထင်လိုက် မိ၏ ။ ကျွန်တော် တို့ မြန်မာလူမျိုး ဆိုသည် မှာ ပညတ် သွား ရာကို ဓာတ်သက် က ပါ ကြသည်မို့ပင် ။
အညိုကလေး က သူ့ စာ တွင် ဆက်လက် ဖော်ပြထား ပြန်၏ ။
“ ဒီတော့ လိုရင်း ကို ပြောရရင် ညို့ မှာ အိမ်ထောင် ရေး ပြဿနာ နဲ့ ရင်ဆိုင် နေရပါတယ် ။ အိမ် က မိဘ တွေ က ညို့ ကို အထက်တန်းစာရေးကြီး တစ်ယောက် နဲ့ လက်ထပ်ဖို့ သဘော တူ ကြပါတယ် ။ အဲဒီ လူ ရဲ့ နာမည် က တော့ ကိုဘတင် ပါ ။ ကိုဘတင် ဟာ ညို တို့ မိဘတွေ အပေါ် မှာ သည်းခံတယ် ၊ လုပ်ကျွေး သမှု ပြုတယ် ၊ အသောက်အစား ၊ အပျော်အပါး လည်း ကင်းတယ် ။ ပြီးတော့ ညို့ ကိုလည်း အင်မတန် အလို လိုက် ရှာပါတယ် ။ ဘေးပတ်ဝန်းကျင် က တောင် မှ မရသေးဘူး ၊ ရပြီး ရင် ဘတင် တစ်ယောက် တော့ ညို့ ကို အသေ ကြောက် ရမှာ လို့ ဝေဖန် ကုန် ကြတဲ့ အထိပါပဲ ။
“ ဒါပေမဲ့ ဆရာ ၊ ညို ဟာ ကိုဘတင်ကြီး ကို ချစ် လို့ မရတာ အမှန်ပါပဲ ။ ညို့ မှာ ချစ်သူ ရယ် လို့တော့ မဟုတ်သေး ပေမယ့် ပြန်ပြီး ချစ်နိုင်တဲ့ သူ တစ်ယောက် ရှိနေပါတယ် ။ ဆရာ နား ရှုပ်သွားပြီလား ။ ဒီလိုပါ ။
ဆရာ့ တပည့် လို ၊ ညီ လို နေတဲ့ ကိုသက်နွယ် လေ ။ သူ ဟာ စာရေးဆရာ တစ်ယောက် ပဲ မဟုတ်လား ။ သူ့ စာ တွေ ဖတ်ပြီး ညို ဟာ သူ့ ကို စွဲလမ်း တမ်းတ နေမိပါ တယ် ။ မိန်းကလေး တန်မဲ့ အရှက်မရှိ ရေးတယ် လို့ မယူဆ ပါ နဲ့ဆရာ ။ ကိုသက်နွယ် ဟာ ဆရာ နဲ့ ညို တို့ အိမ် ကို လိုက် လာရင်း ညို နဲ့ ခင်မင်သွားပြီး ညို့ ကို ချစ်တယ် ဆိုတဲ့ စာ တစ်စောင် ပေး ခဲ့ ဖူးပါတယ် ။ ဒါပေမဲ့ ညို ချက်ချင်း စာ မပြန်တာ ကို စိတ်ကောက် သွားသလား မသိပါဘူး ဆရာရယ် ။ နောက်ထပ် အိမ် ကို တောင် ပေါ် မလာတော့ဘူး ။ ခုလို အိမ် က နေရာ ချတော့မယ် ဆိုတော့မှ ညို ဟာ ကိုသက်နွယ် ဆီ ကို စာ ပြန်ချင် စိတ် ပေါက်ပြီး ပြန် မိပါတယ် ။
“ ဒါနဲ့ ကိုသက်နွယ် က ဒီလို ဆိုရင် သူ့ ဆီ ကို ဆွေးနွေး ရအောင် လာ ဖို့ မှာပါတယ် ။ သူ့ လိပ်စာ က တော့ ဆရာ့ အိမ် ကိုပဲ ပေး ထားပါတယ် ။ ဆရာ့ ကို လည်း ပြောပြီးသားပါ လို့ ဆို ပါတယ် ။ လာတွေ့ ကြရမယ့် ရက် က လာမယ့် လဆန်း ခြောက်ရက် စနေ နေ့ ပါပဲ ။
“ ဒါကြောင့် ဆရာ့ အနေ နဲ့ ညို ဟာ ကိုသက်နွယ် ကို လာပြီး တွေ့ဖို့ သင့် မသင့် ဆိုတာရယ် ၊ တကယ် လို့ အိမ်ထောင် ပြုဖို့ ဆုံးဖြတ်လိုက်တဲ့ အခါမှာ ကိုဘတင် နဲ့ ကိုသက်နွယ် တို့ နှစ်ဦး အနက် ဘယ်သူ့ ကို ရွေးချယ်သင့်တယ် ဆိုတာ အကြံ ပေး စေချင်ပါတယ် ။
“ တစ်နည်းအားဖြင့်တော့ ဘယ်သူ့ ကို ယူ ရင် ညို့ ဘဝ ရှေ့ရေး ဟာ ဘယ်လို ဖြစ်လာလိမ့်မယ် ဆို တာ ကို လည်း ရှေ့ဖြစ် ဟော စေချင်ပါတယ် ။ ပညာ ဉာဏ် ကြွယ်ဝ တဲ့ ဆရာ့ လို စာရေးဆရာ တစ်ယောက် ကို ဗေဒင်ဆရာ လို လည်း သဘော ထားလို့ ညို့ ရှေ့ဖြစ်ကလေး ကြည့် ခိုင်းတာပါနော် ။ အမှား ပါ ရင် လည်း ခွင့်လွှတ်ပါ ဆရာ ... ”
ကလေးမ က စာ ၏ အဆုံး တွင် ကျွန်တော့် ကို ပါ ဟာသ လုပ် ထားပေသည် ။ စင်စစ်တော့ ညို ဆိုသည့် ကလေးမတို့ အရွယ် သည် မည်သည့်အရာကို မဆို လက် တည့် စမ်း လိုကြသည့် အရွယ်ပင် ဖြစ်သည် ဟု ကျွန်တော် ယူဆ မိ၏ ။ စိတ်ကူးယဉ် လောက ထဲသို့ တိုးဝင်ကာ ဘဝ လက်တွေ့ ကို ရှာဖွေ လိုကြသည် ဟု လည်း ထင်မိသည် ။
ကျွန်တော် သည် စာ ကို ဒုတိယအကြိမ် ပြန်၍ ဖတ်ရ ၏ ။ မိန်းကလေး တစ်ယောက် ထံ မှ လာသည့် စာ ကို နှစ်ခါ ပြန်၍ ဖတ် နေသည့် အတွက်ကြောင့် စာ ထဲ ၌ မျက်စိရော ၊ စိတ်ပါ အာရုံ ဝင် နေခိုက် မှာ ပင် တစ်ဖက် မှ နား က ဆေးလိပ် ပြာခွက် ကို ကြမ်းပြင် ပေါ် သို့ ဂွမ်ခနဲ ချလိုက်သံ ကြား မိလိုက် ၏ ။ ဒေါ်ကောက်ရိုး ဒေါပွ လေ ပြီလော ။
ဒေါ်ကောက်ရိုး အနား တွင် ဆေးလိပ်ခွက် ၊ တံခါး ထောက် ၊ အနှိပ်သည်ဘု စသည် တို့ က အမြဲ ရှိတတ်ပါ၏ ။ ထို့ကြောင့်လည်း ယခုလို အချိန် မျိုး တွင် ဆေးလိပ်ခွက် စစ်ဆင်ရေး ၊ အနှိပ်သည်ဘု စစ်ဆင်ရေး ၊ တံခါးထောက် စစ်ဆင်ရေး တို့ ကို ကျွန်တော့် မှာ ခံစစ် ပြုနိုင်အောင် နား ရော ၊ မျက်စိ ပါ “ လျင် ” ရမည် ဖြစ်ပါသည် ။
စာ ကို ဖတ်၍ ဆုံးသည် တွင် စားပွဲ ပေါ် သို့ ပြန် ချထား လိုက်တော့မှ ခပ်လှမ်းလှမ်း က ဒေါ်ကောက်ရိုး ၏ အသံ က ခပ်ပြတ်ပြတ် ပေါ်လာသည် ။
“ ဘယ်က စာ မို့ ဒီလောက် ဖတ်နေရတာလဲ ”
“ သက်နွယ် စာပါ ကွာ ” ဟု ကျွန်တော် က လေပျော့ ဖြင့် ဖြေ ရသည် ။ ဒေါ်ကောက်ရိုး သဘော ကျ ဟန် မတူ ။
“ ဟင် ... လိပ် တပ်ထားတာ က ရှင့် နာမည် ၊ အထဲ က သက်နွယ် စာ ၊ ဘယ်လို ဟာ တုံး ”
“ ရော့ ရော့ မင်း ဟာ မင်း ပဲ ဖတ်ကြည့် ”
မရဲ သော်လည်း ပြေးခဲစေ ဟု စာအိတ် ကို ခေါက်၍ သူ့ ထံ သို့ ခပ်ဆတ်ဆတ် လှမ်း ပစ် ပေးလိုက်သည် ။ ဒေါ်ကောက်ရိုး က စာ ကို အစ မှ အဆုံး တစ်နာရီ မိုင်ခြောက်ဆယ် နှုန်း ဖြင့် ဖတ် ပစ်လိုက်ပြီး “ အင်း ... ဓားခုတ်ရာ လက်ဝင် မလျှိုနဲ့ဦး ” ဟု အဓိပ္ပာယ် များစွာ ပါသော စကား ကို ဆိုလေ သည် ။
ထို ညနေ မှာ ပင် ကျွန်တော် ရေမိုး ချိုးပြီးသည် ၌ သက်နွယ် ရောက်လာ၏ ။ အဆင် သင့်ပြီ ။
“ ကဲ ... ဖိုးသက် ထိုင်ဦး ၊ ရော့ ဒီ စာ ဖတ်ကြည့် ”
သက်နွယ် အား ကောင်မလေး ထံ မှ စာ ကို ဖတ်ခိုင်း လိုက်ရ၏ ။ သက်နွယ် သည် စာ ကို ဖတ် နေရင်း တစ်စုံတစ်ခု ကို မျက်မှောင် ကုတ် ၍ စဉ်းစား နေဟန် ရှိ၏ ။
“ ဘယ်က အညို လဲ ဆရာ ... ”
ဟု သူ က ဖျပ်ခနဲ မေး သည် ။
“ သေပါတော့ ဟာ ”
ကျွန်တော့် နှုတ် မှ လွှတ်ခနဲ ထွက်သွားရ၏ ။ သူ ကိုယ်တိုင် ရည်းစားစာ ပေးခဲ့ပြီး မှ သူ ပေးခဲ့သည့် ကလေးမ ကို မသိ ဟု ဆို ချေပြီ ။ စိတ်ချ ရပါပေသည် တကား ။
“ မင်း ငါ နဲ့ ကျောက်မြောင်း ကို လိုက် လာတုန်းက သံဒိုင့် အိမ် မှာ တွေ့တဲ့ အညို လေကွာ ၊ မင်း ပဲ ချစ်ပါတယ် လို့ စာ ရေး ပေးပြီး ... ချီး မှ ပဲ ... ခု မေ့ ပြီလား ”
သက်နွယ် သည် ကျွန်တော် မကျေမနပ် ဖြစ်သွားပုံ ကို ရိပ်မိ သွားသဖြင့် စကား ကို လျှော ချ လိုက်၏ ။
“ ဪ .. အညို တွေ က များလို့ ဘယ်သူများ လဲ လို့ မေး မိတာပါ ဆရာ ၊ သူ့ ကို တော့ ကျွန်တော် သိပါတယ် ။ သူ့ စာ ထဲ မှာက ညို လို့ တစ်လုံး တည်း ရေး လေတော့ ရုတ်တရက် မမှတ်မိလို့ပါ ။ သူ့ နာမည် အပြည့်အစုံ က ခင်ဝင်းညို တဲ့ ဆရာ ... ”
“ အေးကွာ .. ခင်ဝင်းညို ပဲ ဖြစ်ဖြစ် အညို ပဲ ဖြစ်ဖြစ် အဲဒီ မိန်းကလေး ကို မင်း တကယ် ယူ နိုင်မှာလား ၊ ယူ နိုင်ရင် တွေ့ကြဖို့ ငါ ခွင့်ပြုမယ် ။ မယူနိုင်ဘဲ အနှောင့်အယှက် သက်သက် ဆိုရင်တော့ ငါ ဒါမျိုး မလိုလားဘူး ၊ သူ့ မှာ အိမ် က အခြေတကျ နေရာ ချပေးမယ့် ကိစ္စ ရှိနေပြီ ၊ မင်း စဉ်းစား ... ”
ကျွန်တော် ၏ ခပ်ပြတ်ပြတ် ပြောလိုက်သော စကား ကြောင့် သက်နွယ် အတန်ကြာ ၍ စဉ်းစား နေပုံ ရပါ သည် ။
ဤနေရာ၌ သက်နွယ် အကြောင်း ကို ပြော ရပါဦး မည် ။ သက်နွယ် သည် ကျွန်တော် တို့ ရွာ မှ ဖြစ်၏ ။ အသက် မှာ မူ ကျွန်တော့် ထက် ဆယ်နှစ် ခန့် ငယ် ပေသည် ။ ကိုးတန်း အောင် ပြီး၍ ဆယ်တန်း ဖြေရန် ရန်ကုန် တွင် အလွတ်ပညာသင် ကျောင်း တက်စေဖို့ ကျွန်တော့် ထံ သို့ သူ့ မိဘ က အပ် လိုက်သည် ။ ကျောင်း တက်၍ သုံးလ လောက် မှာပင် ကျွန်တော် ဝတ္ထု များ စမ်း ရေးကြည့်၏ ။ ညတိုင် အိမ်ထဲ ၌ ကျွန်တော် စာ ရေးနေလျှင် သူ လည်း အိမ်ရှေ့ တွင် တကုပ်ကုပ် နှင့် စာ ရေးလေတော့သည် ။ သို့သော် သူ့ စာမူ ကို တစ်အိမ် တည်း နေသူ ကျွန်တော့် အား မည်သည့် အခါမျှ ပြလေ့ မရှိ ပေ ။ “ ကျွန်တော် ရေးထားတာ ပြင် ပေးပါ အစ်ကို ၊ တည်း ဖြတ်ပေးပါ ဦး ” ဟု လည်း ဘယ်အခါ မျှ မပြောခဲ့ ။ “ ဒီလ ဘယ် မဂ္ဂဇင်း အတွက် ကျွန်တော် ဘာ ရေးထားတယ် ။ ဘယ်နေ့ က ပို့တယ် ” စသည် ဖြင့် လည်း မဆို ဘူးခဲ့ ။ စာပေ ပြဿနာ ၊ ဇာတ်လမ်းအကြောင်း စသည်တို့ ကိုလည်း မဆွေးနွေးဘူးခဲ့ ။
ထို့ကြောင့် အညို ( ခေါ် ) ခင်ဝင်းညို က ဆရာ့ တပည့် ကိုသက်နွယ် ဟု ရေးသော်လည်း ကျွန်တော် က မူ သက်နွယ် သည် ကျွန်တော် ၏ တပည့် မဟုတ်ပါချေ ဟု သာ အခိုင် အမာ ငြင်း ရ မလို ဖြစ်နေ၏ ။ အလားတူ ကျွန်တော် သည် လည်း သက်နွယ် ၏ ဆရာ မဟုတ်ပါလေ ။ သူ့ ဟာ သူ ကျွန်တော့် အိမ် မှာ နေရင်း ကြိုးစား ကာ တတ်မြောက်သွား ပြီး နာမည် ရ လာ သူ ဖြစ်ပါသည် ။
သက်နွယ် သည် ကျွန်တော့် ကို မူ အတော်ပင် လေးစားရိုသေ ၏ ။ အသက်အရွယ် ချင်း ကလည်း ဦးလေး နှင့် တူ တစ်မျှ ရှိကြ၍ ဖြစ်၏ ။ သူ့ မိဘ မှာ နွမ်းပါးသည် ဖြစ်၍ သူ့ အား မထောက်ပံ့ နိုင် ၊ အလားတူပင် သူ ကလည်း သူ့ စာမူခ ရ သမျှလေးဖြင့် ဝမ်းခါး ရုန်းကန် နေရသဖြင့် မိဘ ကို မပံ့ နိုင်ခဲ့ ။
တစ်ခါက သူ့ အပေါင်းအဖော်များ က ရုံးတွင် အလုပ် သွင်း ပေးမည် ။ လခ တစ်ရာ့ငါးဆယ် က စ၍ ရမည် ဆိုသည် ကိုလည်း လက် မခံခဲ့ ။ ယခုသော် သူ့ အပေါင်းအဖော်များ မှာ လခ သုံးရာကျော် ကိုယ်စီ ဖြစ်၍ အိမ်ထောင်များ ပင် ကျ ကုန်ကြပေပြီ ။
သက်နွယ် မှာ ထာဝရ ဘိုင် ကျ နေတတ်၏ ။ ကျွန်တော်က သူ့ အရိပ်အကဲ ကို ကြည့်၍ ငွေ လိုသလား ဟု မေး သော် “ နေပေစေ အစ်ကို ၊ ဒီနေ့ ဘယ်တိုက် က စာမူခ ဘယ်လောက် ရမယ် ... ” စသည် ဖြင့် ပြောပြီး ထွက် သွား တတ်၏ ။ အပြင်တွင် သူ့ အပေါင်းအဖော်များ ၏ ရုံးများ သို့ ဝင်၍ ထမင်း ကျွေးခိုင်း ၊ ဆေးလိပ် တိုက် ခိုင်း လုပ် ပြီးသော် လမ်းစရိတ် မှ အစ တောင်းပြီး ပြန် တတ်၏ ။ ဤနည်းဖြင့် သူ့ မှာ ပြေလည် နေသည် ကို ကျွန်တော် သိပါသည် ။ သက်နွယ် သည် ဤနှယ် သူ့ ဘဝ သူ ကျိတ်မှိတ် ၍ ရုန်းကန်နေ သူ ဖြစ် ရာ တကယ်တမ်း အိမ်ထောင် ပြုတော့မည် ဆိုလျှင် အလုပ်အကိုင် တစ်ခုခု ရှာ ရပေမည် ဟု ကျွန်တော် ယူဆမိ ၏ ။ ထို့ကြောင့်ပင် သူ့ ကို မေးရ ပြန်သည် ။
“ မင်း... အညို့ ကို တကယ် ချစ်သလား ”
“ ချစ်ပါတယ် အစ်ကို ။ သူ့ ဆီက ဘာ စာမှ မပြန်လို့ ကျွန်တော် ရှေ့ မဆက်တာပါ ။ ခုလို သူ့ စာ ဖတ်ရတော့ ကျွန်တော် သူ့ ကို ယူ ရဲပါတယ် ” ဟု အသံ မြည်လာ၏ ။
“ ကဲကွာ .. ဒီလို ဆို ရင် လောလောဆယ် မင်း အလုပ် တစ်ခု ခု ရှာ ပေတော့ ။ လစဉ် ဝင်ငွေ မှန်တဲ့ အလုပ် တစ်ခု ရရင် တစ်ဖက် က မင်း ဝါသနာ ပါတဲ့ စာ လည်း ရေးရင်း အဆင် ပြေ တာပေါ့ ”
သက်နွယ် သည် ကျွန်တော့် စကား ကို စဉ်းစားနေပြီး မှ “ ဟာ .. အစ်ကိုရာ ကျွန်တော် လခစား မလုပ်ချင်ဘူး ” ဟု ဆိုလေသည် ။
“ ဟ ... ကောင်ရ ၊ လခစား မလုပ်လို့ မင်း စာရေး တဲ့ အလုပ် က မင့် ဝမ်း တစ်ဝမ်း တောင် မှ ကျောင်း လို့ ပြေလည် ရဲ့လား ၊ မိန်းမ ယူတယ် ဆိုတာ လွယ်တာ မှတ်လို့ ၊ နေ စရာ အိမ်ခန်း ရှိရမယ် ၊ စားဖို့ ပေးနိုင်ရမယ် ၊ ဝတ်ဖို့ ဆင်နိုင် ရမယ် ၊ ဘယ်မလဲ မင့် မှာ အစီအစဉ်တွေ လုပ်နိုင်မယ့် အင်အား ... ”
သက်နွယ် အနည်းငယ် ငိုင် သွား၏ ။ ကျွန်တော်တို့ တကယ် ဆွေးနွေးနေကြတော့ မှ ပင် ဒေါ်ကောက်ရိုး မှာ အထင်အမြင် မှန်သွားဟန် ဖြင့် ..... “ သမီး ရေ ... မေမေ သနပ်ခါး သွေးထားမယ် ၊ ရေ မြန်မြန် ချိုး ဟေ့ ” ဟု ဆို ကာ အပေါ်ထပ် သို့ တက် သွားတော့၏ ။ ကျွန်တော့် အပေါ် ဒေါ်ကောက်ရိုး စိတ် ပြောင်း ပေပြီ ။
“ ကျွန်တော့် ဘဝ ကို အနုပညာ ထဲ မှာပဲ နစ်မြုပ် နေချင် တယ် အစ်ကို ။ လခစား ဆိုတာ လွတ်လပ်တာ မဟုတ်ဘူး ၊ လူ မလွတ်လပ် သလို အတွေးအခေါ် လည်း လွတ်လပ် မှာ မဟုတ်ဘူး ။ လွတ်လွတ်လပ်လပ် နေရတဲ့ ဘဝ ကို ပဲ မက် မောတယ် ။ ဒါကြောင့် ကျွန်တော် အနုပညာ နဲ့ ရင်းနှီးလို့ ရ တဲ့ ငွေကြေး နဲ့ ကျွန်တော် အညို့ ကို ထားမယ် အစ်ကို ”
“ မင်း တကယ် စဉ်းစားပြီး ပြောပါ ဖိုးသက် ရာ ၊ မဂ္ဂဇင်းဝတ္ထု ဆို တာလည်း မင်း မှန်မှန် ရေး နိုင်တာ မဟုတ်ဘူး ၊ လုံးချင်းဝတ္ထု လည်း မင်း တစ်နှစ် ဘယ် နှစ်ပုဒ် ထွက် နိုင်လို့ လဲ ၊ ဒီလိုချည်း ဝတ္ထုများများ ထွက်မှ ငွေများများ ရမယ်ဆို တဲ့ ရည်ရွယ်ချက် နဲ့ တွန်းဖိပြီး ရေးရင် မင်း စာတွေ ဟာ ဇွတ် ရေး ရတဲ့ စာတွေ ဖြစ်ပြီး အသက် ပါ သင့်သလောက် ပါ မှာ မဟုတ်တော့ဘူး ။ ကြာတော့ ကုန်ကြမ်း မရှိရင် ကုန်ချော မထွက် သလိုပဲ မင်း ခေါင်း ထဲ မှာ ရေးစရာ ခန်းသွား လိမ့်မယ် ”
ကျွန်တော် က ခပ်ရှည်ရှည် ပြောမိ၏ ။ သက်နွယ် က ငြိမ်သက် နေရာ မှ ကျွန်တော့် ကို စိုက်ကြည့်နေပြီး ...
“ လခစား လုပ်ရင် စာရေး ပျက် သွားမယ် ထင်တယ် အစ်ကို ”
“ မဟုတ်တာပဲကွာ ၊ ငါ က မင့် ကို လခစား အတင်း လုပ်ခိုင်းနေတဲ့ အကြောင်းရင်း က မင်း ရဲ့ အိမ်ထောင် မှာ ဒီလောက် ဒီမျှ ဆိုတဲ့ လစဉ်ဝင်ငွေ ကို ပုံသေ တွက်ပြီး စား သောက်နေထိုင်ရေး မှာ ဘဝ အာမခံချက် ရှိနေစေချင် လို့ပဲ ။ စာရေး တဲ့ အလုပ် က လခစား နဲ့ မဆိုင်ပါဘူး ကွာ ၊ လခစား ရိုးရိုး မပြောနဲ့ အရာရှိကြီး တွေ တောင် စာရေး ချိန် ရ သေးတာ ပဲ ၊ နေ့လယ် ရုံး အလုပ်လုပ် ၊ ကိုယ်ပိုင် အချိန်ကျတော့ စနေ နေ့ တစ်ဝက် ၊ တနင်္ဂနွေ အားရက်တွေ တစ်ပြုံကြီးပဲ ” ဟု ထပ်၍ ရှင်း ပြရပါသည် ။
သို့တိုင်အောင် သက်နွယ် မှာ သူ့ ဇွဲ ကို လျှော့ချပေး လိုဟန် မရှိပါ ။ ခပ်အင်အင် လုပ် နေပါသည် ။
“ ကဲ ... ဘယ်လိုလဲကွာ ၊ ငါ က ဒီ စာ ကို ပြန် ရဦးမှာ ၊ မင့် ဆုံးဖြတ်ချက် ပေါ် မှာ တည်ပြီး ပြန်ရေးရမယ်ကွ ” ဟု ထပ်၍ ပြော လိုက်တော့ မှ သက်နွယ် က အပြီးအပိုင် စဉ်းစား လိုက် ဟန်ဖြင့်
“ ကျွန်တော် ဘယ်နည်း နဲ့ မှ လခစား မလုပ်နိုင်ဘူး အစ်ကို ၊ စာရေးဆရာ ဘဝ နဲ့ ပဲ ... ”
ကျွန်တော်သည် စွပ်ကျယ် ကို လက်မောင်း လိပ် တင် လိုက်ပြီး ချွေး သုတ်မိ၏ ။ ထို့နောက် သက်နွယ် အပါး မှ ထ ကာ စာရေးစားပွဲ တွင် ထိုင် လိုက်သည် ။ ပြီးလျှင် ခင်ဝင်းညို ( ခေါ် ) အညို့ ထံ သို့ စာ ရေး ပြန်လိုက်ရ၏ ။
အညို
ပေးစာ ကို ရပါတယ် ။ ဗေဒင်ဆရာ တစ်ယောက် အနေ နဲ့ ဟောပါ လို့ ဆိုထားလို့ ဟောစာတမ်း ထုတ်လိုက် တော့မယ် ။ အညို ဆိုတော့ အင်္ဂါသမီး ပေါ့ ။ နေတဲ့ အရပ် က ကျောက်မြောင်း ဆိုတော့ ဆရာ နေတဲ့ အရပ် က စမ်းချောင်း မို့ ဆရာ့ နေရာ က တွက် ရင် အညို့ နေရပ် ဟာ အရှေ့ ၊ အညို နေရာ က တွက်ရင် ဆရာ့ နေရပ် က အနောက် ။ ဒီ လ မှာ အင်္ဂါ ဟာ ဝါရမိတ္တုရက် ကို ရှောင် ရမယ် ။ နဂါး ဟာ အရှေ့အရပ် ကို လှည့် လို့ အင်္ဂါသမီး ဖြစ်တဲ့ အညို ဟာ စနေနေ့ မှာ အနောက် အရပ် ကို မသွားကောင်းလို့ ပါပဲ ...... ။
◾ကောက်လှိုင်း
📖 မြဝတီမဂ္ဂဇင်း
၁၉၈၈ ၊ သြဂုတ် ၊
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment