အခန်း ( ၁၁ )
မမထား ပြန်သွားပြီ ဖြစ်၏ ။ မောင်ဖေသော် သည် ပုတီး စိပ်ပြီး ပြီ ဖြစ် ၍ ရင်ပြင်တော် ပေါ် တွင် ဟိုလျှောက် ဒီလျှောက် လုပ် နေ၏ ။ လမ်းလျှောက် ရင်း ပါးစပ် မှ လည်း ဆီမန်း မန်း သလို ရွတ် နေ၏ ။
“ မမထား .. မမထား .. လက်ဖက်ရည် တိုက် တဲ့ မမထား .. မမထား .. ရေနွေးကြမ်း တိုက် တဲ့ မမထား ၊ မမထား .. နှော် .. နှော် ဆိုတဲ့ စကားလေး ထည့် ပြောတတ်တဲ့ .. မမထား ၊ မမထား ကျုပ် တော့ ဘယ်လို ဖြစ်သွားမှန်း မသိဘူး မမထား ”
ဟု တစ်ကိုယ် တည်း ရွတ်ဆို နေ စဉ် ..
“ မမထား ... မမထား ဒုက္ခ ပေးမယ့် မမထား ”
ဟု ရွတ်ဆို လိုက်သော ဦးစိန်မြသာ ၏ အသံ ကို ကြား ရလေ၏ ။ မောင်ဖေသော် သည် နောက်သို့ ဆတ်ခနဲ လှည့်ကြည့် လိုက်ပြီးလျှင်
“ ဒီလောက် တိုးတိုးလေး ရွတ် တာ တောင် ဦးစိန်မြသာကြီး က ကြား တယ် ။ တော်တော် ကို နား ပါးတဲ့ လူကြီး ပဲ ”
ဟု ပြော လိုက်လျှင် ဦးစိန်မြသာ က
“ နား ပါး တာ မဟုတ်ဘူးကွ အကင်း ပါ တာ ။ မင်း ကို ဟို သတ္တဝါမ က လက်ဖက်ရည် တိုက် လိုက် ၊ ရေနွေးကြမ်း တိုက် လိုက် နဲ့ တော် တော့် ကို ဒုက္ခ ပျိုးနေပြီ ။ အချိန်မီ ရပ်တန်း က မရပ်ရင်တော့ ငါးပါး မှောက်ရုံ မဟုတ်ဘူး ။ သံဃာစင် ပါ ပြုတ်ထွက် သွားလိမ့်မယ် ”
ဟု ပြော လေ၏ ။
မောင်ဖေသော် သည် ရယ် လေ၏ ။
“ လက်ဖက်ရည်လေး တစ်ခွက် ၊ ရေနွေးကြမ်းလေး တစ်ခွက် သောက် ရုံ နဲ့တော့ ဒီလောက် ဒုက္ခ ဖြစ်ဖို့ မရှိပါဘူး ”
ဟု ပြန်၍ ပြော လိုက်လျှင် ဦးစိန်မြသာကြီး က ..
“ မိုင် တစ်သောင်း ဝေးတဲ့ ခရီး ရဲ့အစ ဟာ ပထမ ခြေလှမ်းပဲ ကွ ။ အဲဒီလို ဘာမှ မဟုတ်တာလေးတွေ က စပြီး ပင်လယ်ကူး သင်္ဘော မှာ သုံး တဲ့ ကျောက်ဆူးကြိုးကြီး တွေ လောက် ကြီးတဲ့ အင်မတန် ခိုင်မာ တဲ့ သံယောဇဉ်ကြိုးကြီးတွေ ဖြစ် ကုန်တော့တာပဲ ”
ဟု ပြန်၍ ပြောလေ၏ ။
ထိုအခါ မောင်ဖေသော် က ..
“ ဒုက္ခပါပဲ ဦးစိန်မြသာ ရယ် ။ ဒီလို ဆို ရင် ကျုပ် က ဘယ် မိန်းမ နဲ့ မှ ကို စကား ပြောခွင့် မရှိတော့ဘူးလား ”
ဟု မေး လေ၏ ။
“ ဒီလိုရှိတယ် မောင်ဖေသော် ။ ကိုယ် က ‘ ချိပ် ’ လို့ သိ ထားရင် ‘ မီး’ နဲ့ မတွေ့တာ အကောင်းဆုံး ပဲ ။ တွေ့တာ နဲ့ အရည် ပျော်သွား မှာပဲ ။ ကိုယ့် ကိုယ် ကိုယ် သံမဏိ ဆိုရင်တော့ မီး နဲ့တွေ့ရုံ မဟုတ်ဘူး ။ မီး ထဲ ထည့် လည်း ဘာမှ မဖြစ်ပါဘူး ။ အဲဒီတော့ ကိုယ့် ဟာ ကိုယ် စဉ်းစားပေါ့ ကွာ ။ ကိုယ် ဟာ ချိပ် လား ၊ သံမဏိ လား သိအောင် လုပ် ၊ အဲဒီလို သိအောင် လုပ်တဲ့ နေရာမှာ ကိုယ့် ကိုယ် ကိုယ် အမှတ်တွေ ပို ပေးပြီး ချိပ် ဖြစ် ပါလျက် သံမဏိ လို့ တော့ မဆုံးဖြတ် နဲ့ ပေါ့ ကွာ ။ အဲဒီလို ဆုံးဖြတ်မိ လို့ ဒုက္ခ တွေ့ ရင်လည်း အခြား လူ တွေ့ မှာ မဟုတ် ဘူး ။ ကိုယ် ပဲ တွေ့ မှာ ”
ဟု ပြော လေ၏ ။
မောင်ဖေသော် သည် ခေါင်း ကို အနည်းငယ် ကုတ် လိုက် ပြီး နောက်
“ မှန်ပါတယ် ဦးစိန်မြသာ ၊ ကျုပ် ဟာ ချိပ် ပါ ပဲ ။ မီး နဲ့ တွေ့တာ နဲ့ အရည် ပျော် မှာ ပါ ။ အဲဒီတော့ မနက်ဖြန် မမထား လာ ရင် ဘယ်လို ပြောပြီး ခွာ ရမလဲ ၊ အကြံ ပေးပါဦး ”
ဟု ပြော လေ၏ ။
“ ဘာဖြစ်လို့ ရှည်ရှည်ဝေးဝေး စဉ်းစား နေရသလဲ မောင်ဖေသော် ရယ် ။ ကျုပ် ဟာ ဆရာကောင်း ၊ သမားကောင်း ထံ နည်းနာ ခံပြီး အထက်တန်း ဂမ္ဘီရ ပညာတွေ ကို လိုက်စား နေတယ် ။ မိန်းမတွေ နဲ့ မဆက်ဆံရဘူး ။ အဲဒါကြောင့် ဒေါ်ထားကြည် ၊ ကျုပ် ဆီ ကို မလာ ပါနဲ့ တော့ ။ အဲဒါနဲ့ ပတ်သက်လို့ ဒေါ်ထားကြည် မကျေနပ်လို့ စကား ပြောချင်တယ် ဆိုရင်တော့ ကျုပ် ကို မပြောပါနဲ့ ။ ကျုပ် ဆရာ ဦးစိန်မြသာ ဆို တာ လာ လိမ့်မယ် ။ သူ့ ကို ပြောပါ လို့ ပြောပြီး အဲဒီ မိန်းမ ပြောတာ ကို လုံးဝ နား မထောင်နဲ့တော့ ။ နေရာကနေ ရွှေ့ သွား ပေတော့ ။ သူ ပြောတာ နားထောင် မိ ရင်တော့ မလွယ်ဘူးကွ ။ မိန်းမ ဆိုတာ ပရိယာယ် များတယ် ။ အထူးသဖြင့် အဲဒီလို မိန်းမမျိုး က ပိုပြီး ပရိယာယ် များတယ် ။ မင်း လို မနူးမနပ် ကောင်လေးမျိုး ကို သားကောင် လို သဘော ထားပြီး တောကစား ထွက်လာတဲ့ လုဒ္ဒက မုဆိုး
ကွ ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က လည်း ..
“ စိတ်ချပါ ဦးစိန်မြသာ ၊ ကျုပ် ခင်ဗျား မှာ တဲ့ အတိုင်း ပြောပါ့မယ် ”
ဟု ဝန်ခံ လိုက်လေ၏ ။
ထို့နောက်တွင် ကား ဦးစိန်မြသာ သည် မောင်ဖေသော် လိုအပ်မည့် ပစ္စည်းများ ကို ဝယ်ခြမ်း ပေးပြီး နောက် ပြန် သွားလေ၏ ။
နောက် တစ်နေ့ နံနက် တွင် မောင်ဖေသော် သည် ပုတီး စိပ်နေ၏ ။ ပုတီး စိပ် ပြီးသည် နှင့် တစ်ပြိုင်နက် ဘေး သို့ ကြည့် လိုက်ရာ မမထား နှင့် အတူ မိန်းမ တစ်ဦး ကို ပါ တွေ့ ရလေ၏ ။ မမထား ၏ ရှေ့တွင် ခြင်းတောင်း တစ်လုံး ကို တွေ့ရလေ၏ ။ ခြင်းတောင်း ထဲ တွင် စားဖွယ်သောက်ဖွယ်များ ၊ ဓာတ်ဘူး များ ထည့်ထားသည် ကို လည်း သတိ ပြုမိ၏ ။
“ မောင်လေး ပုတီး စိပ်နေတာ အာရုံ ပျက် သွားမှာ စိုးလို့ ၊ မမထား တို့ နှစ်ယောက် အသံ ကို မထွက်ဝံ့ဘူး ။ မမထား ဖြင့် ချောင်း ဆိုးချင် တာ ကို အတော် အောင့် ထားရတယ် ။ အဲဒီ ဒုက္ခ က တော့ အတော် ကို ကြီးတယ် မောင်လေးရေ ။ နိုင်ငံခြား စကားပုံ ကတော့ အချစ် နဲ့ ချောင်းဆိုး တာ ကို တော့ အောင့် မထားနိုင်ဘူး တဲ့ ။ မမထား က တော့ ချောင်းဆိုး တာ ကို အောင့် ထားနိုင်တယ် ။ အချစ် က တော့ တစ်နေ့ က အထိ မတွေ့ဖူးသေး လို့ အောင့်နိုင် မအောင့်နိုင် မပြောတတ် ဘူး ကွယ် .. ဟိ .. ဟိ ”
ဟု ပြော လိုက်လေ၏ ။ ထိုအခါ မောင်ဖေသော် က ..
“ ကဲ ဒေါ်ထားကြည် ရေ ၊ ဘာတွေညာတွေ သွယ်ဝိုက်ပြီး ပြောမနေ တော့ဘူး ။ တည့်တည့် ပဲ ပြောမယ် ။ ကျုပ် ဟာ အထက်တန်း ဂမ္ဘီရ အတတ် ကို ဆရာသမားကောင်း ထံ မှာ နည်းနာ ခံပြီး သင်ယူ နေ တယ် ။ ကျုပ် ရဲ့ ဆရာ က ဦးစိန်မြသာ တဲ့ ။ သူ က ကျုပ် ကို ဂမ္ဘီရ လိုက်စားနေတုန်း မှာ ဘယ် မိန်းမ နဲ့ မှ ရင်းရင်းနှီးနှီး မနေရဘူး လို့ မနေ့က ခင်ဗျား ပြန်သွားချိန် မှာ အမိန့် ထုတ်တယ် ။ အဲဒါကြောင့် ခင်ဗျား ပြန် သွားပါတော့ ”
ဟု ပြော လိုက်လျှင် မမထား သည် စိတ် ဆိုးရမည့် အစား အလွန် ပွဲကျ စရာ ကောင်းသော ပြက်လုံး ကို ကြား လိုက်ရ သကဲ့ သို့ ‘ တဟားဟား ' ရယ် လေ၏ ။ ထိုသို့ ရယ်ပြီး နောက် အဖော် ပါလာသော မိန်းမ ဘက် သို့ လှည့် ၍ ..
“ ပက်ဂီ မောင်လေး ပြောတဲ့ ဦးစိန်မြသာ ဆိုတာ သိ လား ။ တို့ ရုံးမှာ အရင် စာရေးကြီး လုပ် သွားတဲ့ ကိုစိန်မြသာကြီး ကို ပြောတာ ။ ဦးနှောက် မကောင်း လို့ အလုပ် က အနားပေး ရ တာလေ ။ နောက်ပိုး ရူးကြီး ၊ တစ်ခါက သူ က ဒီနား မှာ ပုတီး စိပ် နေတယ် ။ အိုင် က လည်း သူ့ ဟာ သူ အရူး ပဲ ဖြစ်ဖြစ် ၊ အနှမ်း ပဲ ဖြစ်ဖြစ် ၊ ကိုယ် နဲ့ တစ်ရုံးတည်း လုပ်ခဲ့တာ ဆိုတော့ သနားပြီး သူ့ ကို လက်ဖက်ရည် တွေ ၊ ရေနွေး ကြမ်း တွေ တိုက် ခဲ့တယ် ။ နေ့တိုင်း လည်း ဒီလို တိုက်ပါ့မယ် လို့ တာဝန် ယူခဲ့တယ် ။ သုံးရက်မြောက် တဲ့ နေ့မှာပဲ အဲဒီ ငတကြီး က အိုင့် ကို ယီးတီးယားတား လုပ် လာ တော့တာပဲ ။ အဲဒီမှာ ကိုယ် လည်း စေတနာ နဲ့ မတန်တဲ့ ဟာကြီး ဆိုပြီး ကြိမ်းမောင်းပြီး သူ့ ကို မဆက် ဆံတာ ။ အဲ .. သူ က ကိုယ့် ကို မကျေနပ်ဘူး ။ ကိုယ် နဲ့ တွေ့တဲ့ အခါ တိုင်း မကြားတကြား ဆဲ သွားတယ် ။ မဟုတ်တမ်းတရားတွေ ပြော သွားတယ် ။ အခုလည်း ဒီ မောင်လေး ကို အိုင် က ကိုယ့် မောင်လေး အရင်း လို သဘော ထားပြီး ကျွေးမွေး တာ ကို ဒီ မသာကြီး က မကျေနပ်လို့ မဆက်ဆံရဘူးလေး ဘာလေး လုပ်တာ ”
ဟု ပြော လိုက်လျှင် မမထား နှင့် ပါလာသော “ ပက်ဂီ ” ဆိုသည့် အမျိုး သမီး က လည်း ..
“ ဪ ... စိန်မြသာ ဆို တဲ့ လူကြီး လား ။ အလကားဟာကြီး ပါ ကွယ် ။ ဘတ်စ်ကား ပေါ် မှာ ပက်ဂီ နဲ့ ဆုံဖူးသေးတယ် ။ ပက်ဂီ နား လာပြီး ပွတ်သီးပွတ်သပ် လုပ် လို့ သူ့ ရင်ဘတ် ကို တံတောင် နဲ့ တွက် ပြီး ဆုံးမ လိုက် ရသေးတယ် ။ ဒီမှာ မောင်လေး ။ မင်း နှယ် ကွယ် ။ ဒီလို အရူးအနှမ်းကြီး များ ဆရာ တင် ရသတဲ့ ကွယ် ။ ဘာမှ မဟုတ်ဘူး ။ ထား ကို သူ မရလို့ မစားရတဲ့ အမဲ သဲ နဲ့ ပက်တဲ့ သဘော လုပ်တာ ”
ဟု ဝင်၍ ပြောလေ၏ ။
မောင်ဖေသော် သည် ထို မိန်းမ နှစ်ဦး ပြော သော စကားများ ကြောင့် ဦးစိန်မြသာကြီး အပေါ် စိတ် ခု ၍ သွားလေ၏ ။ သို့ရာတွင် သူ ပေးခဲ့သော ကတိ အတိုင်း မမထား ပေးသော လက်ဖက်ရည် ကို မသောက်တော့ဘဲ ထိုနေရာ မှ ထွက် လာခဲ့လေ၏ ။ ထို မိန်းမ နှစ်ဦး လည်း ညှိုးငယ်သော မျက်နှာထားများ နှင့် ပြန် သွားကြလေတော့၏ ။ ၎င်းတို့ ပြန် သွားကြပြီး နာရီဝက်ခန့် အကြာတွင် ဦးစိန်မြသာကြီး ရောက် လာ၏ ။ မောင်ဖေသော်သည် ဦးစိန်မြသာကြီး ကို မြင်လျှင် မြင်ချင်း ..
“ ဒီမှာ ဦးစိန်မြသာ ခင်ဗျား ပြောတဲ့ အတိုင်း ဒေါ်ထားကြည် ကို ပြော လိုက်ပါပြီ ။ ဒါပေမယ့် သူတို့ ကလည်း ခင်ဗျား ရဲ့အကြောင်း ကို ခရေစေ့တွင်းကျ ပြော သွားကြတယ် ။ သူတို့ ဆိုတာ ဒေါ်ထားကြည် တစ်ယောက် တည်း မဟုတ်ဘူး ။ ပက်ဂီ ဆို တဲ့ မိန်းမ တစ်ယောက် လည်း ပါ လာတယ် ”
ဟု ပြော လိုက်လေ၏ ။
ဦးစိန်မြသာကြီး က ..
“ ခက်တော့တာပဲ မောင်ဖေသော် ရယ် ၊ ကိုယ် ပြောစရာ ရှိတာကို ပြောပြီး ထွက်ခဲ့ ။ သူ ပြောတာ ကို နား မထောင် နဲ့ လို့ အတန်တန် မှာ ခဲ့ပါတယ်ကွာ ။ ဘာလို့ နားထောင် ရ တာလဲ ”
ဟု ပြော လိုက်လေ၏ ။
“ ခင်ဗျား မှာ ခဲ့တာ ကျုပ် ရိပ်မိပါပြီ ။ သူတို့ ပြောတာ နားထောင် မိ ရင် ခင်ဗျား အကြောင်းတွေ ပေါ်မှာ စိုးလို့ မဟုတ်လား ”
ဟု ဆို ကာ မမထား ပြောခဲ့သော စကားများ ကို တစ်လုံးချင်း ပြန်၍ မောင်ဖေသော် က ပြောပြလေ၏ ။ ထိုအခါ ဦးစိန်မြသာကြီး က ...
“ ငါ မင်း ကို အတန်တန် ပြောခဲ့တယ် ။ အဲဒီ ကောင်မ ပြောတဲ့ စကား တွေ နား မထောင်ပါနဲ့ ဆိုတာ သံယောဇဉ် အမျှင်တန်း ပြီး ဆက် ထိုင် နေတာကိုး ကွ ။ လုပ်ကြံဇာတ်လမ်းတွေ ပြော တော့ တာပေါ့ ။ အဲဒါ တွေကို မင်း က တကယ် ထင် နေတာကိုး ။ အဲဒါတွေ ဟာ မဟုတ်က ဟုတ်က တွေ ဖြစ်တယ် ဆိုတာ အခုနေ ရှင်းလို့ မရဘူး ”
ဟု ပြော လျှင် မောင်ဖေသော် က ..
“ ဘာပဲပြောပြော ဦးစိန်မြသာကြီး ရေ ။ အဲဒီ မိန်းမတွေ က လည်း အခြေအနေ ရှိတဲ့ မိန်းမတွေ ပါပဲ ။ သူတို့ ပြောတာ အပြည့်အစုံ မဟုတ်တာ တောင် တစ်စိတ်တစ်ဒေသ တော့ ဟုတ်နိုင်တယ် ”
ဟု ပြန်၍ ပြော လိုက်လျှင် ဦးစိန်မြသာကြီး သည် မျက်လုံး ပြူး ၍ သွားလေ၏ ။ ထို့နောက် ပါးစပ် မှ ခပ်တိုးတိုး စကား တစ်လုံး နှစ်လုံး ပြော လိုက်ပြီးလျှင် “ တောက် ” တစ်ချက် ခေါက် လိုက်လေ၏ ။ ပြီးလျှင် ဦးစိန်မြသာ သည် မောင်ဖေသော် အား
“ မင်း မျက်စိ မှိတ် ထိုင်ပြီး ပုတီး စိပ် နေ ။ ဘာကို ဆိုရမလဲ ဆိုတော့ အမှန်တရား ပေါ်ပေါက်ပါရစေ လို့ ဆုတောင်း ပြီး ပုတီး ( ၉ ) ပတ် ပြည့် အောင် စိပ် နေ ”
ဟု ပြော လိုက်သဖြင့် မောင်ဖေသော် လည်း ဦးစိန်မြသာ ပြော သည့် အတိုင်း မျက်စိ ကို မှိတ်၍ ပုတီး ကို စိပ် နေလေတော့၏ ။
ပုတီး ( ၉ ) ပတ် ပြည့်၍ မျက်စိ ကို ဖွင့် ကြည့် လိုက်သော အခါ ၌ ဦးစိန်မြသာကြီး မရှိတော့ပေ ။ သို့ရာတွင် မမထား နှင့် ပက်ဂီ သည် ၎င်း အနီး သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်၏ ။
“ ဒေါ်ထားကြည် ။ ခင်ဗျား လာ ပြန်ပြီလား ။ ကျုပ် ဆရာ က မိန်းမတွေ နဲ့ စကား မပြောရဘူး လို့ မှာ ထားတယ် ”
ဟု မောင်ဖေသော် က အသံမာမာ ဖြင့် ပြော လိုက်လေ၏ ။ ထိုအခါ မမထား က
“ အဲဒီ ကိစ္စ ကို တောင်းပန်ချင် လို့ လာ တာပါ ။ မမထား နဲ့ မမထား ရဲ့ သူငယ်ချင်း ဟောဒီ ပက်ဂီ ဆိုတာ က စောစောတုန်း က မောင်လေး ရဲ့ဆရာ ဦးစိန်မြသာ ကို မဟုတ်တမ်းတရားတွေ ပြော သွား ကြပါတယ် ။ အဲဒါကို လာပြီး တောင်းပန်တာပါ ။ ဦးစိန်မြသာ က မမ တို့ ပြောသလို လူစားမျိုး မဟုတ်ပါဘူး ။ မမ တို့ က လီဆည်ပြီး ပြော သွားတာပါ ။ မမတို့ က မောင်လေး နဲ့ ဦးစိန်မြသာကြီး ကွဲသွား အောင် လုပ် တာပါ ။ အဲဒါကို မယုံပါနဲ့ လို့ မမ တို့ ကိုယ်တိုင် လာ ပြီး ဖြေရှင်း တာပါ ”
ဟု ပြော ပြီးလျှင် မမထား နှင့် ပက်ဂီ တို့ သည် မောင်ဖေသော် အား ရှိခိုး ဦးချ ၍ ပြန် သွား ကြလေတော့၏ ။ မောင်ဖေသော် သည် စဉ်းစားရင်း ကျန်ရစ်ခဲ့လေ၏ ။
“ ဘယ်လို ဖြစ်တာလဲ ။ စောစော က တုန်း က သူတို့ က ဦးစိန်မြသာကြီး ကို အလကား လူကြီး ၊ တဏှာရူးကြီး လို့ ပြော သွားတယ် ။ အခု တော့ မဟုတ်ပြန်ဘူး တဲ့ ”
ဟု တစ်ကိုယ်တည်း ရေရွတ် နေလေတော့၏ ။ ထို့နောက် မောင်ဖေသော် သည် စေတီတော် ကို ညာရစ် လှည့်၍ ရှိခိုး ပြီးလျှင် ပေါက်ပေါက်ဆုပ် ၊ ကန်စွန်းရွက် စသည်များ ကို ဝယ်ကာ လိပ်ကန်ဘက် သို့ သွား၍ လိပ်များ ၊ ငါးများ ကို အစာ ကျွေး နေလေ၏ ။
ထိုအခါ၌ မှာ ပင် ဦးစိန်မြသာကြီး ရောက်ရှိ လာလေ၏ ။ ဦးစိန်မြသာကြီး က မောင်ဖေသော် ၏ ပခုံး ကို လက် ဖြင့် လှမ်း၍ ပုတ်ရင်း ..
“ ဒီနေ့ တော့ မင်းဆီ ကို နှစ်ခေါက် တိတိ ပြန်ပြီး လာ ရတာပေါ့ ကွာ ”
ဟု ပြော လိုက်လေ၏ ။
“ ဟို မိန်းမ နှစ်ယောက် လာ သေးတယ် ဗျ ။ ဦးစိန်မြသာကြီး ကို ပြော မိတာ မှား ပါတယ်တဲ့ ။ ဦးစိန်မြသာကြီး နဲ့ ကျုပ် အဆင်မပြေ ဖြစ် အောင် လုပ်ကြံလီဆည် ပြီး ပြော တာပါတဲ့ ။ အဲဒီလို ပြောပြီး တောင်းပန်ပြီး ကျုပ် ကို တောင် ကန်တော့ သွားတယ် ။ ဘာတွေ ဖြစ်ကုန်တာလည်း မသိဘူး ”
ဟု မောင်ဖေသော် က ပြောလေ၏ ။
“ တောက်ခေါက်သံ လေ ကွာ ။ မင်း အနေနဲ့ တစ်ခု သိ ထားဖို့က ကမ္ဘာ ပေါ် မှာ စိတ် ဆိုးရင် တောက် ခေါက်တတ်တာ တို့ မြန်မာ လူမျိုး တစ်မျိုးပဲ ရှိ တယ်ကွ ။ ဘယ်လို လူမျိုး မှ တောက် မခေါက် တတ်ဘူး ။ ငါတို့ မြန်မာလူမျိုး က တော့ အကျအန စိတ်ဆိုး ပြီ ဆိုရင် “ တောက် ” ကို မာန်ပါပါ ခေါက် တော့ တာ ပဲ ပေါ့ ။ အဲဒါ ငါတို့ လူမျိုး ရဲ့မူပိုင် အပြုအမူ ပဲ ကွ ”
ဟု ဦးစိန်မြသာကြီး က ပြော လိုက်လေ၏ ။
“ နေပါဦး ဦးစိန်မြသာ ရယ် ။ ခင်ဗျား က ဒီ က နေ တောက် ခေါက်တာ မမထား တို့ နှစ်ယောက် က ဟိုး အဝေးကြီး က ကြား ရ သတဲ့လား ”
ဟု မောင်ဖေသော် က မေး လိုက်လေ၏ ။
“ ရိုးရိုး လူ ခေါက် ရင်တော့ ဘယ် ကြားရမတုံးကွ ။ ငါ ရဲ့တောက်ခေါက် သံက သိဒ္ဓိဓာတ်တွေ ထည့်ပြီး ခေါက် လိုက်တာကွ ။ အဲဒီလို တောက် ခေါက် နိုင်အောင်လည်း အခု မင်း လေ့ကျင့် သလို ပဲ လေ့ကျင့် ခဲ့ ရ တာ ။ တစ်နေ့မှာ မင်း လည်း အဲဒီလို တောက် ခေါက်နိုင်မှာပါ ”
ဟု ဦးစိန်မြသာကြီး က ပြော လေ၏ ။ ထို့နောက် ၎င်းတို့ နှစ်ဦး သည် ဘုရားပရဝဏ် အတွင်း မှ ထွက်ကာ ဗိုလ်တထောင်ဆိပ်ကမ်း ဘက် သို့ စကား တပြောပြောဖြင့် လမ်းလျှောက် ကြလေ၏ ။
ဗိုလ်တထောင်ဆိပ်ကမ်း သို့ ရောက်လျှင် နှစ်ယောက်သား မတ်တတ် ရပ်လျက် စကား ပြောနေကြ၏ ။ လေ မှာ တဟူးဟူး တိုက်နေ၏ ။ ဦးစိန်မြသာ သည် လေတင် ဘက် မှ ရပ်နေ၏ ။ မောင်ဖေသော် ၏ နှာခေါင်း တွင် အမွှေးနံ့ တစ်ခု ကို ရ လေ၏ ။ ထို အမွှေးနံ့ ကို ရ သည့် တစ်ခဏ တွင် ရင်ထဲ ၌ အေးမြ သကဲ့ သို့ ခံစား ရ၏ ။
“ အမွှေးနံ့ ရတယ် ဦးစိန်မြသာ ရေ ။ နောက်ပြီးတော့ အဲဒီ အမွှေး နံ့ က လည်း ရှူရတာ ရင်ထဲ အေး သွားသလိုပဲ ။ ဘယ်က လာတဲ့ အမွှေး နံ့ လဲ မသိဘူး ”
ဟု မောင်ဖေသော် က ပြော လိုက်လျှင် ဦးစိန်မြသာ က ..
“ ဘယ်က လာတဲ့ အမွှေးနံ့ လဲ ဆိုတာ နည်းနည်း စူးစမ်းလိုက်ကွာ ။ ငါ ဟောဟို တံတားဆိပ် က ကွမ်းယာဆိုင် မှာ ကွမ်း သွား စားလိုက် ဦးမယ် ”
ဟု ဆိုကာ ထွက် သွားလေ၏ ။
ဦးစိန်မြသာကြီး ထွက်သွားသော အခါ၌ မောင်ဖေသော် သည် အမွှေးနံ့ မည်သည့် အရပ် က လာသည် ကို စုံစမ်း ကြည့်လေ၏ ။ သို့ရာတွင် အမွှေးနံ့ သည် မရှိတော့ပေ ။
ဦးစိန်မြသာကြီး သည် ကွမ်းယာဆိုင် သို့ ရောက်လျှင် ကွမ်း တစ်ယာ မှာ ၍ စား၏ ။ အတော်အတန် ကြာ မှ ပြန် လာ ပြီးလျှင် ..
“ ဘယ်လိုလဲ မောင်ဖေသော် ။ အမွှေးနံ့ ဘယ်က လာ တာလဲကွ ”
ဟု မေး လိုက်လေ၏ ။
“ ဦးစိန်မြသာကြီး လည်း သွားရော အမွှေးနံ့ လည်း မရှိတော့ဘူးဗျ ။ အဲဒီတော့ ဘယ် က လာတယ် ပြောမလဲ ။ ဟော ... ဟော ပြောရင်း ဆိုရင်း အမွှေးနံ့ ရ ပြန်လာပြီဗျ ”
ဟု ပြောရင်း မောင်ဖေသော် သည် တစ်စုံတစ်ရာ ကို တွေ ၍ စဉ်းစား နေလေ၏ ။ ထိုသို့ စဉ်းစားပြီးနောက် ရှေ့သို့ တိုး သွား ပြီး လျှင် ဦးစိန်မြသာ ၏ လက် ကို ဆွဲယူ ၍ နမ်း ကြည့် လိုက်လေ၏ ။ ထိုသို့ နမ်း ကြည့် လိုက်ပြီး နောက် ..
“ ဒီ အမွှေးနံ့ က ဦးစိန်မြသာ ကိုယ် က ထွက် နေတာ ။ ဦးစိန်မြသာ ဆီ က လာတာ ။ ဒီလောက် ကောင်းတဲ့ ရေမွှေး ကျုပ် ဖြင့် မတွေ့ဖူးပါဘူးဗျာ ”
ဟု ပြော လိုက်လျှင် ဦးစိန်မြသာကြီး က ရယ်လေ၏ ။ ရယ်ပြီးနောက် ..
“ ရေမွှေး မဟုတ်ဘူး ငါ့ လူ ရေ ။ ကျင့်စဉ် ကွ ။ သူ တစ်ပါး ကို မညှဉ်းဆဲ ရဘူး ။ သူ တစ်ပါး ပစ္စည်း မခိုးရဘူး ။ လိမ် မပြောရဘူး ။ မေထုန်မှု ကို မပြုရဘူး ။ အဲဒီလို ရှောင်စရာ ရှိတာတွေ ကို ရှောင်ပြီး ကိုယ် အကြိုက် ဆုံး အမွှေးနံ့ တစ်ခု ကို သတ်မှတ်ပြီး ငါ့ ကိုယ် က အဲဒီ အမွှေးနံ့မျိုး ထွက် လာပြီ .. ထွက် လာပြီ ဆိုပြီး နေ့စဉ် တစ်နာရီ လောက် စိတ် ကို မဲတင်း ပေး ရတယ် ။ တစ်နှစ် လောက် လုပ် လိုက်ရင် လိုအပ်တဲ့ အခါ မှာ အဲဒီ အမွှေးနံ့တွေ ထွက် လာ တော့တာပါပဲ ။ အဲဒါဟာ ငါ တစ်ယောက် တည်း လုပ်မှ ရတာ မဟုတ်ဘူး ။ ဘယ်သူ လုပ်လုပ် ရတယ် ။ မင်း လုပ် လို့လည်း ရတယ် ။ နည်းစနစ် ကျရင် ရပါတယ် ။ ငါ့ ကို လည်း ငါ့ ဆရာ ဦးရွှေမြသာ ဆိုတဲ့ လူကြီး က သင် ပေးသွား တာ ”
ဟု ပြော လေ၏ ။ မောင်ဖေသော် ၏ စိတ် ၌ ဇဝေဇဝါ ဖြစ်နေ၏ ။
ဦးစိန်မြသာ သည် အမှန်တကယ် ပြော နေ သလော သို့မဟုတ် အလွန် ကောင်းသော ရေမွှေး ကို ဆွတ်ဖျန်းပြီး ကိုယ် မှ အမွှေးနံ့ ထွက် သကဲ့သို့ ပြောနေ သလော ဆိုသည် ကို မူ ဝေခွဲ၍ မရနိုင်အောင် ရှိလေ၏ ။ သို့ရာတွင် မောင်ဖေသော် စိတ် ၌ ..
“ ဦးစိန်မြသာကြီး က ငါ့ ကို အခြောက်တိုက် ကြွားလုံး ထုတ်စရာ မရှိ ပါဘူးလေ ။ သူ ပြောတာ ဟုတ်မှာပါပဲ ”
ဟု တွေး မိလေ၏ ။ ထို့နောက် ၎င်းတို့ နှစ်ဦးသည် စကား တပြော ပြော နှင့် ဗိုလ်တထောင်ဘုရား ဘက် ဆီ သို့ လျှောက်လာ ကြလေ၏ ။ ဘုရား သို့ ရောက်သော အခါ၌ မောင်ဖေသော် ပုတီး စိပ်နေကျ ချောင်ကလေး တစ်ချောင် တွင် နှစ်ယောက်သား ထိုင်ကြလေ၏ ။
“ ဒီလို မောင်ဖေသော် ရဲ့ ၊ မင်း အခု ရောက် နေတဲ့ အဆင့် ဟာ လမ်းဆုံလမ်းခွ ပဲ ကွ ။ ကြိုက်တဲ့ လမ်း ကို သွားလို့ ရပြီ ။ ရပ် ချင်လည်း ရပ် လို့ ရပြီ ။ အကောင်းဆုံး က တော့ သံပုံချိုင့် က ဘုန်းကြီးကျောင်း မှာ နေပြီး ကျောင်း လည်း အဲဒီ က တက် ၊ ကျောင်း က ပြီး တာနဲ့ တခြား မသွားနဲ့ ။ ဒီ ဘုရား မှာ လာပြီး အဓိဋ္ဌာန် လုပ်ပေတော့ ၊ ငါ လည်း ကူညီနိုင်သလောက် ကူညီမယ် ။ အဲဒါ ဘယ်လို သဘောရသလဲ ”
ဟု ဦးစိန်မြသာကြီး က မေးလေ၏ ။
“ ဦးစိန်မြသာကြီး ပြောတဲ့အ တိုင်း လုပ် ရမှာပါပဲ ။ ဒါပေမယ့် ကျောင်း က လည်း မဖွင့်သေးဘူး ။ အဲဒီ အတောအတွင်း မှာ ခရီး သွားချင် တယ် ။ ဘယ် ရယ်လို့ မဟုတ်ပါဘူး ။ ဒီ ဘုရား ထဲ မှာ ချည်း ရက်ရှည် လများ အဓိဋ္ဌာန် ဝင် လာတော့ စိတ် က နည်းနည်း ငြီးငွေ့ နေသလို ပဲ ။ အဲဒါကြောင့် အပျင်းပြေ သဘောမျိုး နဲ့ ခရီး ထွက်ချင်တာပါ ” ဟု ပြော လိုက်လေ၏ ။
“ တစ်ခုတော့ ပြော ရဦးမယ် မောင်ဖေသော် ရေ ။ ငါ့ မှာ လည်း တခြား ကိစ္စတွေ က ရှိသေးတယ် ။ ဒါကြောင့် ငါ လည်း သွားစရာ ရှိတာတွေ ကို သွား ရဦးမယ် ။ ခါတိုင်းလို မင်းဆီ ကို နေ့တိုင်း ရောက် ဖြစ်ချင် မှ ရောက်ဖြစ်တော့မှာ ။ မင်း အတွက် ၊ ကျောင်းစရိတ်တွေ ဘာတွေ လိုအပ်တာတွေ ကိုလည်း မင်း နေတဲ့ ကျောင်း က ဆရာတော် ဆီ မှာ ငါ အပ်ခဲ့မယ် ။ မင်း အနေ နဲ့လိုသလောက် ဆရာတော် ဆီ မှာ ထုတ် ယူပေတော့ ”
ဟု ဦးစိန်မြသာကြီး က ပြော လိုက်လေ၏ ။
“ ကျွန်တော် ခရီး သွားဖို့ ကိစ္စ ရော ဦးစိန်မြသာကြီး သဘော တူ ရဲ့လား ”
ဟု မောင်ဖေသော် က မေး လိုက်ရာ ဦးစိန်မြသာကြီး က ..
“ သဘော တူပါတယ် ငါ့ လူ ရယ် ။ ငါ့ အထင် နဲ့ ပြော ရရင်တော့ မင်း သွားမယ့် ခရီး ဟာ ကျိုက်ထီးရိုးဘုရား ဖြစ်လိမ့်မယ် ထင်တယ် ”
ဟု ပြော လေ၏ ။
“ အမှန်ပါပဲ ဦးစိန်မြသာ ။ကျိုက်ထီးရိုးဘုရား သွား ဖူးချင်စိတ်တွေ ပေါက် နေတယ် ။ ဦးစိန်မြသာကြီး ကို ခွင့် မတောင်းရ သေးလို့ မသွားရသေးတာ ”
ဟု မောင်ဖေသော် က ပြော လိုက်လျှင် ဦးစိန်မြသာကြီး က ၎င်း ၏ အိတ်ထဲမှ ငွေ ၂ဝဝ ကို ထုတ်၍ ..
“ ဟောဒီမှာ ဘုရားဖူး စရိတ် ”
ဟု ပေး လိုက်လျှင် မောင်ဖေသော် က မယူသေးဘဲ ..
“ များပါတယ်ဗျာ ။ တစ်ရာ ဆိုရင်ပဲ လောက်ရုံတင် မကဘူး ။ ပို တောင် နေပါပြီ ”
ဟု ပြော လိုက်ရာ ဦးစိန်မြသာကြီး က ..
“ ယူ မှာ ယူစမ်းပါကွာ ။ ဘုရားဖူး သွားရင်း နဲ့ အဖော်ကောင်းတွေ ဘာတွေ တွေ့ တော့လည်း ကိုယ့် မှာ ပိုက်ဆံ ပါ မှ ကွ ။ မပါရင် ကိုယ့် ဘက် က တာဝန် မကျေသလို ဖြစ် နေမယ် ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က ..
“ အဖော်ကောင်း တွေ့စရာ မရှိပါဘူးဗျာ ”
ဟု ပြန်၍ ပြော လိုက်လေ၏ ။ ထို့နောက် ၎င်းတို့ နှစ်ဦး လမ်းခွဲ ကြလေ၏ ။
မောင်ဖေသော် လည်း ဦးစိန်မြသာကြီး နှင့် လမ်း ခွဲပြီး နောက် သံပုံချိုင့် ဘုန်းကြီးကျောင်း သို့ မပြန်သေးဘဲ ကျိုက်ထီးရိုးဘုရားဖူး သွားရန် စီစဉ် ရ လေ၏ ။ တာမွေ ဗျိုင်းရေအိုးစင်ရပ်ကွက် တွင် ရှိသော ၎င်း ၏ ကျောင်းနေ ဖက်သူငယ်ချင်း ထံ သို့ သွားရာ ထို သူငယ်ချင်း က ၎င်းတို့ လမ်း ထဲ တွင် ဘတ်စ် ကားပိုင်ရှင် တစ်ဦး က ကျိုက်ထီးရိုးဘုရား သွားရန် လူ စု နေကြောင်း လိုက်ပါ လို က လိုက်၍ ပြောပေးမည် ဖြစ်ကြောင်း ပြော လေ၏ ။
မောင်ဖေသော် က လည်း လိုက်ပါမည် ဖြစ်ကြောင်း ပြောလေ၏ ။ ထို့ကြောင့် ၎င်း ၏ သူငယ်ချင်း က ဘုရားဖူး ထွက်မည့် ကားပိုင်ရှင် အား လိုက်၍ ပြောပေးရာ အသွား အပြန် ငွေ ( ၃၀ ) ကုန်ကျမည် ဆိုသဖြင့် ငွေ( ၃ဝ ) ပေး ခဲ့လေ၏ ။ ထို့ပြင် မနက်စောကြီး ထွက်မည် ဆိုသောကြောင့် သူ ၏ အိမ် တွင် လာ၍ အိပ်ရမည် ဟု ဆို၏ ။
ထို့ကြောင့် မောင်ဖေသော် လည်း ဘုန်းကြီးကျောင်း သို့ ပြန် သွား ပြီးလျှင် အဝတ်အစားများ ကို လွယ်အိတ် တစ်လုံး နှင့် ထည့်ကာ ညနေပိုင်း ၌ ဘုရားဖူးကား အိမ် သို့ သွား၍ အိပ် ရလေ၏ ။
နံနက် ( ၄ ) နာရီ ထိုးသော အခါ၌ ဘုရားဖူး ကားပိုင်ရှင် က ..
“ ကျုပ် အနေနဲ့ ဘုရားဖူး ခရီး ကို အခုလို ကား နဲ့ ထွက်တာ အခေါက် ပေါင်း မနည်းတော့ဘူး ။ သွားတဲ့ အခေါက်တိုင်း မှာ ခရီးသည် တွေ က ဟို နေရာမှာ မထိုင်ချင်ဘူး ။ ဟို လူ နဲ့ထိုင်ချင်တယ် ။ ပြတင်း ပေါက်ဘက် မှာ မနေချင်ဘူး တချို့ အေးတယ် ။ တချို့ က လည်း ပြတင်းပေါက် ဘက် မှာ နေချင်တယ် ။ ကွမ်းသမား မို့ ကွမ်းတံ ထွေး ထွေးချင်လို့ ပါ စသည်ဖြင့် ပေါ့ ဗျာ ။ အမြဲတမ်း ဖြေရှင်း ပေးနေရ တယ် ။ အခု တစ်ခေါက်တော့ ဒီလို မလုပ်တော့ဘူး ။ ခရီးသည် ၂၄ ယောက် ရှိတယ် ။ ထိုင်ခုံ က ၂၄ ခုံ ရှိတယ် ။ ခရီးသည် တိုင်း မဲ နှိုက် ရမယ် ။ ကိုယ် ပေါက်တဲ့ ခုံ မှာ ထိုင်ရမယ် ။ အဲဒါကို မလိုက်နာနိုင်ဘူး ဆိုရင်တော့ အခု တည်း က ပြန်ကြပါ ”
ဟု တင်းတင်းမာမာ ပြော လေတော့၏ ။
ခရီးသည်များ လည်း ထို စည်းကမ်း ကို လိုက်နာမည် ဖြစ်ကြောင်း ပြော ပြီးလျှင် မဲ နှိုက်ကြလေ၏ ။
မောင်ဖေသော် သည် အတက်အဆင်း လုပ်သော အပေါက် နှင့် အနီးဆုံး ထိုင်ခုံ တွင် မဲ ပေါက်လေ၏ ။ ထိုင်ခုံနံပါတ် မှာ ( ၇ ) ဖြစ်၏ ။ ထို့ကြောင့် ကားပိုင်ရှင် က ..
“ ဒီမှာ ငါ တူ ... ဟောဟို နံပါတ်ခုနစ်ခုံ မှာ သွားပြီး ထိုင်ပေတော့ မဆင်းနဲ့တော့ ။ ကား ထွက်တော့မှာ .. ”
ဟု ပြောလေ၏ ။
ခရီးသည်များ သည် တစ်ဦးချင်း မဲနှိုက် ၍ ပေါက်မဲ စာရွက်များ ကို ပြ ကာ ကားပေါ်သို့ တက် လာ ကြလေ၏ ။ မောင်ဖေသော် ဘေး ရှိ နံပါတ် ( ၈ ) ထိုင်ခုံ ကို မိန်းကလေး တစ်ယောက် က မဲပေါက် သဖြင့် လာ၍ ထိုင်လေ ၏ ။ ခရီးသည်များ စုံသော အခါ၌ ကားပိုင်ရှင် သည် အမွှေးနံ့သာခွက်ကြီး တွင် သပြေပန်း ကို နှစ်ကာ ထို သပြေပန်း ဖြင့် သူ ၏ ကား တစ်စီးလုံး ကို လိုက်၍ ရိုက်လေ၏ ။ ပါးစပ် မှ လည်း
“ အန္တရာယ်ကင်း ဘေးရှင်း အငြင်း မပွားရပါစေ နဲ့ ”
ဟု ကျယ်လောင်စွာ ရွတ်ဆို လေ၏ ။ ထို့နောက် ၎င်း က နာရီ ကို ကြည့်ပြီး လျှင် ..
“ ကဲ ဒရိုင်ဘာ ကိုအောင် ရေ ၊ အောင် အခါမှာ အောင် ကားကြီး ကို မောင်း ပေတော့ ”
ဟု ဆို လိုက်လျှင် ကားဆရာ သည် ဝူးခနဲ မောင်း ထွက် လေတော့၏ ။ ထိုသို့ မောင်း ထွက်လိုက်သည် နှင့် တစ်ပြိုက်နက် ခရီးသည်များ က လည်း “ အောင်ပြီ ၊ အောင်ပြီ ” ဟူ၍ မည်သည့် အရာ ကို အောင်မှန်း မသိဘဲ ဝိုင်းဝန်း အော်ဟစ် ကြလေတော့၏ ။
ကားကြီး မနှေးမမြန် မောင်းနှင် ၍ သွား နေပြီ ဖြစ်၏ ။ မောင်ဖေသော် ၏ နံဘေး တွင် ထိုင်၍ ပါ လာသော မိန်းကလေး မှာ ပရိတ်စာအုပ် ကို ဖွင့်၍ ပရိတ်ရွတ်ရင်း လိုက်ပါ လာလေ၏ ။
ဤသို့နှင့် မောင်းနှင် ခဲ့ ရာ ပဲခူးမြို့ ကို လွန်၍ ဘုရားကြီးလမ်းဆုံ အနီးသို့ ရောက်သော အခါ၌ ထို မိန်းကလေး သည် ပရိတ်စာအုပ်ကလေး ကို ပေါင်ပေါ်တွင် တင်၍ မျက်စိ ကို မှိတ်ကာ ရှည်လျားသော မေတ္တာပို့ တစ်ပုဒ် ကို ရွတ် နေလေ၏ ။
မော်တော်ကား သည် ဘုရားကြီးလမ်းဆုံ သို့ ရောက်သော အခါ၌ လယ်ယာဘက် သို့ ဆတ်ခနဲ ကွေ့ လိုက်လေ၏ ။ မိန်းကလေး ပေါင်ပေါ်တွင် တင် ထားသော ပရိတ်စာအုပ်ကလေး သည် ပေါင်ပေါ် မှ လျှော၍ ဘုတ်ခနဲ ကျသွားလေ၏ ။ မိန်းကလေး လည်း ယောင် ၍ ဗုဒ္ဓေါ ဟု အော် လိုက်လေ ၏ ။ မောင်ဖေသော် သည် မိန်းကလေး၏ ပရိတ်စာအုပ်ကလေး ကို ကောက်ယူ ၍ မိန်းကလေး ဘက် သို့ ပြန်၍ ပေးလိုက်လေ၏ ။ ထိုအခါ ထို မိန်းကလေး က ..
“ ကျေးဇူး တင်ပါတယ် ရှင် ။ ဒီ လမ်းဆုံ ရောက်ရင် ကား ဟာ အဲဒီလို ပဲ တစ်ဆစ်ချိုး ကွေ့ တတ်တယ် ဆိုတာ မြင့် သိပါတယ် ။ အဲဒါ ကို သတိ မေ့ပြီး စာအုပ် ကို ကိုင် မထားဘဲ ပေါင် ပေါ် မှာ တင်ရုံ တင် ထား မိ လိုက်တာ ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က ..
“ နာမည် က “ မြင့် ” တဲ့ လား ”
ဟု မေး လိုက်လေ၏ ။ ထိုအခါ ထို မိန်းကလေး က ခေါင်း ကို ဆတ်ခနဲ ညိတ် ပြလိုက်လေ၏ ။
“ ကျိုက်ထီးရိုးဘုရား ကို ဘယ်နှစ်ခေါက် တောင် တက် ပြီးပြီလဲ ”
မောင်ဖေသော် က မေး လိုက်ရာ ထို မိန်းကလေး က ..
“ ခုနစ်ခေါက် ရှိပြီ ။ ဒီ အခေါက် က ရှစ်ခေါက်မြောက် ပဲ ။ တစ်နှစ် တည်း ကို လေးခေါက် တက်ခဲ့တယ် ဆိုပါတော့ ။ ပြီးခဲ့တဲ့ နှစ် က လေး ခေါက် ၊ အခုနှစ် လေးခေါက် ဆို တော့ ရှစ်ခေါက် ပေါ့ ။ ဟိုး တစ်နှစ် က မြင့် အိပ်မက် မက်တယ် ။ အိပ်မက် ထဲ မှာ ပိတ်ဖြူစင်ကြယ် နဲ့ အဘိုးကြီး က ကျိုက်ထီးရိုးဘုရား ကို ( ၈ ) ခေါက် ပြည့်အောင် တက် ရမယ် တဲ့ ။ ( ၈ ) ခေါက် ပြည့်ရင် ပုဂ္ဂိုလ်ထူး နဲ့ တွေ့ ရမယ် တဲ့ ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က ..
“ ပုဂ္ဂိုလ်ထူး နဲ့ တွေ့ မတွေ့ တော့ မပြောတတ်ဘူး ။ ဖေသော် နဲ့ တော့ တွေ့ နေပြီ ”
ဟု ပြော လိုက်လျှင် မိန်းကလေး က .. “ ခစ် ” ခနဲ ရယ် လိုက်ပြီး ..
“ ဒီလိုဆိုရင် အဲဒီ ဖေသော် ဆိုတဲ့ လူ က ပုဂ္ဂိုလ်ထူး ဖြစ်ချင် ဖြစ်နေမှာပေါ့ ”
ဟု မိန်းကလေး က ရယ်သံလွင်လွင်ကလေး ဖြင့် ပြော လိုက်လေ၏ ။
မောင်ဖေသော် က ..
“ နေစမ်းပါဦး မြင့် ရယ် ။ အဲဒီ အိပ်မက် ထဲ မှာ တွေ့တဲ့ ဝတ်ဖြူစင်ကြယ် နဲ့ ပုဂ္ဂိုလ်ထူးကြီး က ကျိုက်ထီးရိုးဘုရား သွားရင် ဘာ လုပ်ရမယ် လို့ မှာ ထား သေးသလဲ ”
ဟု မေး လိုက်ရာ မြင့် ဆိုသော မိန်းကလေး က ..
“ အိပ်မက် ထဲ က ပိတ်ဖြူစင်ကြယ် နဲ့ အဘိုးကြီး က ပုဂ္ဂိုလ်ထူး နဲ့ တွေ့ ရင် ဘာ လုပ်ရမယ် လို့ တော့ မမှာလိုက်ပါဘူး ။ ဒါပေမယ့် အမေ က တော့ မှာ လိုက်တယ် ။ လမ်း မှာ တွေ့ တဲ့ ယောက်ျားလေးတွေ နဲ့ သိပ် မရော နဲ့တဲ့ ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က ..
“ သိပ် မညံ့ဘူး ”
ဟု ပြော လိုက်လေ၏ ။
“ အမယ်လေး .. ကိုဖေသော် က သာ မညံ့ဘူး ပြောတာ ။ ကျွန်မတို့ ရပ်ကွက် ထဲ မှာ ကျွန်မတို့ မိသားစု က အ,အ ဆုံး ၊ အတုံး ဆုံး ရှင့် ၊ အဲဒီ မိသားစု ထဲ မှာ ကျွန်မက ပိုပြီး တောင် အ , သေးတယ် ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က
“ နေစမ်းပါဦး ။ မြင့် က ဘယ် ရပ်ကွက် က တုံး ”
ဟု မေး လိုက်လေ၏ ။ ထိုအခါ မြင့် က သူ ၏ သွားတက်ကလေး ပေါ် အောင် ပြုံး လိုက် ပြီး လျှင် ..
“ ကျွန်မ က ကျောက်မြောင်းသူ ပါ ”
ဟု ပြော လိုက်လေ၏ ။
“ ဪ .. ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ”
ဟု မောင်ဖေသော် က ပြော လျှင် မြင့် က ..
“ ကျောက်မြောင်းသူ ဆိုပေမယ့် အခု ကျောက်မြောင်း မှာ မနေတော့ ဘူး ။ မအူကုန်းလမ်းကျယ် ကို ပြောင်း သွားတာ နှစ်နှစ် ရှိပြီ ။ အဲဒီ ကို ပြောင်းပြီး မှ ပိတ်ဖြူစင်ကြယ် နဲ့အဘိုးကြီး ကို အိပ်မက် မက် တာ ”
ဟု ပြော လိုက်လေ၏ ။
မောင်ဖေသော် နှင့် မြင့် ဆိုသော မိန်းမချောကလေး သည် တစ်လမ်း လုံး စကား ပြော ဖြစ်သွား၏ ။ လမ်း တွင် ကား ရပ်သော အခါ၌ လည်း မောင်ဖေသော် သည် လမ်းဘေး ချုံ အတွင်း သို့ ပြေးဆင်း ကာ ရှူးရှူး ပေါက် ရ၏ ။ ပြီးလျှင် ..
“ မြင့် ၊ အောက် မဆင်းဘူးလား ။ ဟိုမှာ တခြား မိန်းကလေးတွေ ဆင်း နေပါတယ် ”
ဟု သွား ၍ ပြော ရ၏ ။ စျေးဆိုင် ရှိသော နေရာများ ၌ ကား ကို ရပ်လျှင် လည်း မောင်ဖေသော် သည် ဈေးဆိုင် ၏ နောက်သို့ ပြေး သွား ၍ ရှူရှူ ပေါက်၏ ။ ထို့နောက် သကြားလုံး ဖြစ်စေ ၊ ဆီးပြား ဖြစ်စေ ဝယ်ယူ ကာ မြင့် အား ပေး၏ ။ ထိုအခါ မြင့် က လည်း ..
“ အို ကိုဖေသော်ကြီး က လည်း အားနာစရာကြီး ”
ဟု ဆိုကာ ပေးသမျှ ကို စား လေ၏ ။ ထို့နောက် ကား ထွက်သည် နှင့် တစ်ပြိုင်နက် နှစ်ယောက်သား တွတ်တွတ် ထိုး ၍ သွား လေတော့၏ ။
◾ မင်းသိင်္ခ
📖 မြနန်းနွယ်
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment