❝ လူညံ့ သုံးယောက် ❞
တစ်ခါ တုန်း က ရွာ တစ်ရွာ မှာ အလွန် ကပ်စေးနဲ တဲ့ အဘိုးကြီး တစ်ယောက် ရှိသတဲ့ ။ သူ့ မှာ သမီး နှစ်ယောက် ရှိသတဲ့ ။ သမီး တွေ အရွယ် ရောက် နေပြီ ဖြစ်လို့ အိမ်ထောင် ပြု ဖို့ ကို စဉ်းစားကြပြီ ။ အဘိုးကြီး က လည်း သမက် ရွေးချယ်ပွဲကြီး စ ရပြီ ။ ဒါပေမဲ့ သူ က ကပ်စေးနဲ လွန်း သူ ဖြစ်တော့ တော်ရုံတန်ရုံ သမက်လောင်း တွေ ဟာ ( တော်ရုံတန်ရုံ သာ သုံးဖြုန်းတတ်သူ တွေ ဖြစ်ပေမယ့် ) အဘိုးကြီး နဲ့ အဆင် မပြေဘူး ပေါ့ ။
တဖြည်းဖြည်း နဲ့ တော့ အဆင် ပြေသွားပါတယ် ။
တစ်နေ့ မှာ အဘိုးကြီး က သမီးအကြီး ကို ခေါ်တယ် ။
“ သမီး အကြီး ၊ သမီး အတွက် သတို့သား လောင်း ရှာ တွေ့ပြီ ၊ ဒီ ကောင် က ဆီးသီး တစ်ဘူး ဝယ် ပြီး ရင် တစ်နေ့လုံး မှာ မှ ဆီးသီး တစ်ခြမ်း တည်း ကို ပဲ အရသာ ခံ ပြီး စားတဲ့ ကောင် တဲ့ ၊ တော်တယ် သမီး နဲ့ ပေးစား မယ် ”
နောက်တော့ သမီးငယ် ကို ခေါ်တယ် ။
“ သမီးငယ် ၊ ဒီ ကောင် က လုံချည် တစ်ထည် ကို ဝယ် ပြီးရင် ခြောက်ပိုင်း ခွဲ လိုက်တာ တဲ့ ၊ ပြီး ... ကု,လားတွေ လန်ကွတ်တီ ဝတ် သလိုပဲ ဝတ် တာ ၊ ဖေဖေ ဘဝင် ကျတယ် ၊ သမီး နဲ့ ပေးစားမယ် ”
အဲဒီလို နဲ့ သမီး နှစ်ယောက် ဟာ သူ တို့ ရဲ့ လင်ယောက်ျားတွေ နဲ့ လိုက် သွားရတယ် ။ ရက် မှ နေ့ လ တွေ ကူးတယ် ။ သူတို့ တွေ အားလုံး ပြန် ဆုံမယ့် နေ့ တစ်နေ့ ကို ရောက် လာတယ် ။ သူတို့ လူမျိုးတွေ ရဲ့ ရိုးရာ အတိုင်း မိဘ ၊ ယောက္ခမ ၊ ဆရာသမား စသူ တွေ ကို ကန်တော့ရတဲ့ နေ့ ပေါ့ ။
အဲ့ဒီ ကာလ ၊ အဲ့ဒီ နေ့ရက် ရောက်ခါနီး မှာ သမက်လောင်း နှစ်ယောက် ဟာ စိတ် ကသိကအောက် ဖြစ်ကြတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအတိုင်း သွား ကန်တော့ လို့ မရ ဘူးလေ ။ လက်ဆောင်ပစ္စည်းတွေ ပါ ရတယ် ။ များလေ ကောင်းလေပဲ ။ အစဉ်အလာ အရ ဆိုရင် အဲ့ဒီ ကန်တော့ပွဲ တွေ မှာ ကြက် ၊ ဝက် ၊ ဘဲ ၊ သစ်သီးဝလံတွေ နဲ့ အတူ အရက် ပါ ပါ ရတယ် ။ နောက် လက်ဆောင် တွေ ကို တော့ ထည့် ချင် သလို ထည့် ။
“ တစ်နှစ်လုံး ကုပ်ကပ် စုဆောင်းခဲ့ သမျှ ဒီ ပွဲ မှာ ပြန် ထွက် ရတော့မှာ လား ”
ကပ်စေးနဲ တဲ့ သမက် နှစ်ယောက် စလုံး ဟာ ဒီ ပြဿနာ ကို ဘယ်လို ကျော်လွှား မလဲ ဆိုတာ ကို အကြံ ထုတ် ကြတယ် ။ နောက်တော့ လည်း အဲဒီ နေ့ ကို ကြုံ ရတော့တာပါပဲ ။ ကပ်စေးနဲ တဲ့ ယောက္ခမကြီး ကို ကပ်စေးနဲ တဲ့ သမက် နှစ်ယောက် က ကန်တော့ ကြတယ် ။ ပြီး သူ ယူ လာ တဲ့ လက်ဆောင် ကို သမက်အကြီး က ထုတ် ပေးတယ် ။
“ ဒီ နှစ်တော့ ကျွန်တော့် စီးပွားရေး အဆင် မပြေ လှလို့ ကြက် ၊ ဝက် ၊ ဘဲ ၊ သစ်သီးသစ်နှံ နဲ့ အရက်ပြည့် တကောင်းအိုး တစ်လုံး ကို ပဲ ယူ လာနိုင်ပါတယ် ။ လက်ခံပါ ”
သူ ထုတ်ပေးတာ က အဲ့ဒါတွေကို ပုံ ဆွဲထားတဲ့ ခပ်ညံ့ညံ့ ပန်းချီကား တစ်ချပ် ။
အဘိုးကြီး ( ယောက္ခမကြီး ) က လက်ခံ ပါတယ် ။
သမက် အငယ် က လည်း ...
“ ကျွန်တော် ပေးနိုင်တာကလဲ အဲဒီလောက် ပါပဲ ”
ဒီလို ပြောပြီး အဘိုးကြီးရှေ့က ကြမ်းပြင် ပေါ် မှာ အဲ့ဒီ အရုပ်တွေ ကို ပဲ ဝှက် ယူလာတဲ့ မီးသွေးခဲ နဲ့ ဆွဲ ပြလိုက်တယ် ။
အဘိုးကြီး က လည်း ပြုံးပြုံးကြီး လက်ခံပါတယ် ။
ပြီးမှ ...
“ မင်းတို့ ရဲ့ သိတတ်မှု ကို ငါ ကလည်း တုံ့ပြန်ရမှာ ပေါ့ကွယ် ”
စကား အဆုံး မှာ လက်တွေ ကို လေ ထဲ မှာ အရက် ငှဲ့ တဲ့ ဟန် လှုပ်ရှား လိုက်တယ် ။ ပြီးတော့ သမက် နှစ်ယောက် ကို လည်း အရက် ခွက် ကမ်းပေး ဟန် ပြုတယ် ။ သမက် နှစ်ယောက် မှာ လည်း လှမ်းယူ ဟန် ပြုတယ် ။ မော့ သောက် ဟန် ပြု ရတာပေါ့ ။
အဲဒီ ကန်တော့ပွဲ က ပြန်လာချိန် မှာ သမက်အကြီး ဟာ စိတ် ထဲ မှာ မကောင်းဘူး ။
“ ဪ . . . ငါ့ ကိုယ် ငါ ကပ်စေးနဲ လှပြီ အောက်မေ့ တာ သူတို့ နှစ်ယောက် ကို မမီပါလားနော် ။ ငါ .. ငါ ... တော်တော် ညံ့တဲ့ ငါပါလား ”
သမက် အငယ်ဆုံး က လည်းစိတ် ထဲ မှာ တနုံ့နုံ့ နဲ့ ...
“ ဪ ... ငါ့ ကိုယ် ငါ ကပ်စေးနဲ လှပြီ အောက်မေ့တာ ၊ ယောက္ခမကြီး ကို မမီပါလားနော် ။ ငါ .. ငါ .. တော်တော် ညံ့တဲ့ ငါ ပါလား ”
နောက် တစ်နေ့ မနက် မှာ အဘိုးကြီး ရဲ့ သမီး နှစ်ယောက် ဟာ ငိုကြီးချက်မ နဲ့ အဘိုးကြီး ဆီ ကို ရောက်လာကြတယ် ။ အဘိုးကြီး မျက်လုံး ပြူး သွားတယ် ။
“ ဟဲ့ ... ဟဲ့ ... ဘာ ဖြစ် လာကြတာတုန်း ”
“ အဖေ့ သမက်တွေ ပေါ့ သမီးတို့ ကို ရိုက်တယ် ”
“ ဟေ .. ဘာကြောင့်လဲ ”
“ အဖေ့ ကြောင့် ပေါ့ ... ”
“ ဟ ... ဘာဖြစ်လို့လဲ ”
“ ည တုန်း က အဖေ သူတို့ ကို အရက် အများကြီး တိုက် လိုက်တာကိုး ။ အိမ် ပြန် ရောက်တော့ သူတို့ က မူးပြီး ရမ်းပြီး ကျွန်မတို့ ကို ရိုက် တော့တာပဲ ”
“ ဟေ ... ”
အဘိုးကြီး ရဲ့ မျက်နှာ က သံဝေဂ ကြီးစွာ ရသွားသလို ပါ ပဲ ။
“ ငါ ... ည က သူတို့ ကို အရက် အများကြီး တိုက် လိုက် မိသလား ၊ ငါ .. မကောင်းဘူး ။ ငါ .. မကောင်းဘူး ”
“ အဖေ မကောင်းတာတော့ မဟုတ်ဘူး ။ သူတို့ မကောင်းတာပါ အမှန် ဆို ရင် .. ”
“ သူတို့ က ဘာ ပြောသလဲ ”
“ သူတို့ က အဖေ့ ကြောင့် လို့ ပဲ ပြော တာပဲ ”
“ အဖေ မကောင်းဘူး သမီးတို့ ရယ် ... အဖေ မကောင်းဘူး ”
“ ဘာဖြစ်လို့လဲ အဖေ ရဲ့ ”
“ လေ ထဲ က ယူပြီး တိုက်တဲ့ အရက် ကို တောင် ဘယ်လောက် ကြီး တဲ့ ခွက် နဲ့ တိုက် လိုက် မိသလဲ မသိဘူး ။ ငါ့ ကိုယ် ငါ ကပ်စေးနဲ လှပြီ အောက်မေ့တာ .. ဪ .. ငါ .. ငါ ... တော်တော် ညံ့ တဲ့ကောင် ပါလား ။ အတော် ပါ သွားပြီပဲ ”
ပုံပြင် က တော့ ပြီးဆုံး သွားပါပြီ ။ ကျွန်တော် တို့ ကော သူတို့ လို ညံ့ ခဲ့ဖူးသလား ၊ ညံ့ ပြ နိုင်သလား ၊ စဉ်းစား ကြည့် ကြဖို့ပါပဲ ။
◾တာရာမင်းဝေ
📖 ဘယ်ဘက် လက်ထဲမှာ ဝှက်ထားတဲ့ ပုံပြင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment