❝ ထိုရှေ့နေ ❞
ဘားလမ်း ဆိုသည် မှာ ဘာရက်စတာ ရှေ့နေများ ရုံးစိုက်ကြသည် ကို အကြောင်းပြုပြီး ဘားလမ်း ဟု ခေါ်တွင် ခဲ့ ဟန် တူပါသည် ။
ရုံးခန်း ဖွင့် ထားကြသည့် ရှေ့နေ ရှေ့ရပ် တို့ ၏ ဆိုင်းဘုတ်များ မှာ လည်း ဘယ် ကြည့်ကြည့် မြင်တွေ့ နေရပေသည် ။ တချို့ အဆောက်အအုံ အပေါက်ဝကြီးများ ၌ ဘယ်ညာ မျက်နှာစာ တစ်ခုလုံး တွင် ဆိုင်းဘုတ်ကလေးများ တစ်ခု အပေါ် တစ်ခု ထပ်မိ လု မတတ် ပြည့်နေအောင် ချိတ်ထားသည် ကို လည်း တွေ့ရပေသည် ။
တစ်ဖန် အတွင်း ဘက် ကို ဝင်ကြည့် ပြန်လျှင် လည်း အတွင်းနံရံ နှင့် လှေကား အတက် တစ်လျှောက်လုံး ဆိုင်းဘုတ်ကလေးများ ကို မြင်ရပြန်ပါသည် ။ အားလုံး ရှေ့နေ ၊ ဝတ်လုံ ဆိုင်းဘုတ်များ သာ ဖြစ်ကြပါသည် ။
ကျွန်တော် သည် မြူနီစီပယ်ရုံးကြီး တွင် ကျန်းမာရေးမှူး အဖြစ် အမှုထမ်း နေရ သူ ဖြစ်ပါသည် ။ နေ့စဉ်နေ့တိုင်း ဆိုသလို ဘားလမ်းကြီး အတိုင်း ကမ်းနားလမ်း မှ ခြေကျင် လျှောက် အလုပ် ဆင်းလေ့ ရှိသည် ။
ကျွန်တော် သည် ဘားလမ်း တစ်လျှောက် ရှိ ဆိုင်းဘုတ်ကလေး များ ကို အမြဲမပြတ် မြင်တွေ့ နေ ရ ပါသည် ။ ထို့ကြောင့် ဝတ်လုံ တော်တော်များများ ၏ အမည်များ နှင့်တကွ သူတို့ ၏ ဘွဲ့များ ၊ ဂုဏ်ထူးများ ကို ပါ နေ့စဉ် လမ်း လျှောက်ရင်း ဖတ် ရသဖြင့် မှတ်မိ၍ ပင် နေပါသည် ။
ကျွန်တော် ငယ်ငယ် က ထင်ခဲ့မိသည် မှာ ဘီအေ ဘွဲ့ ရသူများ သာ ဘီအယ်လ် ကို တက်ပြီး ရှေ့နေ ဖြစ်ကြရသည် ဟု ထင်ခဲ့ပါသည် ။ ယခု ဆိုင်းဘုတ်များ ကို ဂရုတစိုက် ဖတ်ကြည့် သည့် အခါမှ ဘီအေ ဘွဲ့ရ သူများ သာမက ဘီအက်စ်စီ ဘွဲ့ ရ တော်တော်များများ လည်း ဘီအယ်လ် အောင် ပြီး ရှေ့နေ လိုက် နေကြသည် ကို တွေ့ရသဖြင့် အံ့သြ သွား မိ ပါသည် ။
အချို့ ဆိုင်းဘုတ်များ မှာ ဒီဂရီဘွဲ့ များ ကို အထူး ရေးသားထားခြင်း မရှိကြပါ ။ ဦး … မည်သူ ။ အမိန့်တော်ရ ရှေ့နေ ဟု သာမန် သာ ရေးထား သည့် ဆိုင်းဘုတ်မျိုးများ လည်း တွေ့ရပါသည် ။ အချို့ သူ့ ထက် အတန် ငယ် အဆင့်မြင့်သည့် သဘော ကို ပြသရန်လော မဆိုနိုင်ပေ ။ ဦး ... မည်သူ အထက်တန်းရှေ့နေ ၊ သို့မဟုတ် ဝတ်လုံတော်ရ စသည် ဖြင့် ရေးသား ထားပုံမျိုး ကို လည်း ဖတ်ရှုရပေသည် ။
ထိုကဲ့သို့ အရေးအသား ကွဲပြား ခြားနားကြပုံ တို့ နှင့် ပတ်သက်၍ ကျွန်တော် သည် အတန် စိတ်ဝင်စား သလို ရှိလာပါသည် ။ ထို့ကြောင့် ရှေ့နေများ နှင့် ပတ်သက်၍ သိလိုသော အကြောင်းများ ကို စုံစမ်းမေးမြန်းခြင်း ၊ စပ်စုခြင်း မကြာခဏ ပြုလုပ် မိပါသည် ။ စုံစမ်းမေးမြန်း မိ သည့် အခါတွင် ကျွန်တော် ကိုယ်တိုင် ရှေ့နေ လုပ်ချင် စိတ်များ ပေါ် လာ ပါသည် ။ ရှေ့နေ လုပ်ချင်စိတ် ပေါက်လာရ ပုံ မှာလည်း အကြောင်း ရှိပါသည် ။
ယခု ကျွန်တော် ကျန်းမာရေးမှူး ဖြစ် နေပါသည် ။ လုပ်သက် ကလည်း နည်းတော့သည် မဟုတ်ပါ ။ လစာရင်း နှစ်ရာ မှ စ ခဲ့ပြီး ယခု ဆိုလျှင် လစာရင်း သုံးရာသို့ ရောက် ခဲ့သည် မှာ အတန် ကြာပါပြီ ။ ကျွန်တော် သည် နောက်ထပ် ရာထူး သော် လည်းကောင်း ၊ လစာ သော် လည်းကောင်း တိုးတက်နိုင်စရာ နည်းလမ်း လုံးဝ မရှိတော့ပေ ။
ကျွန်တော့် အသက် က လည်း ယခု လေးဆယ် က သီသီ ကျော် လာပြီ ။ သားသမီး က လည်း ငါးယောက် ရှိခဲ့ပြီ ။ သားအကြီး ယခု ဆယ်တန်း ဝင် တော့မည် ။ သူ အောင် ပြန်လျှင် ကောလိပ် သို့ ပို့ရမည် ။ သူ ကောလိပ် ရောက်ပြီး ဆက်တိုက် သူ့ အောက် တစ်ယောက် ကောလိပ် သို့ ပို့ ရပြန်ဦးမည် ။ ကလေး နှစ်ယောက် တစ်လ နှစ်ရာ မို့ ပို့ ရစေဦးတော့ ကျန် ကလေးများ နှင့် ကျွန်တော့် လစာကလေး နှင့် မည်ကဲ့သို့ သုံးစွဲ ရပါ ဟု တွေးတိုင်း ကျွန်တော် သည် ဇက်ပိုးကို ပု ပြီး ဆက် မတွေးရဲ ဘဲ ရပ် ၊ ရပ်ထား လိုက်ရပါသည် ။
“ အကယ်၍များ ပင်စင် ယူ ပြီးသည့် အခါများ တွင် ကလေး နှစ်ယောက် လောက် ကောလိပ် ပို့ ရပြန်ဦးမည် ဆိုပါက …. ”
စသည် ဖြင့် တွေး မိ လိုက်လျှင်ကား ဆိုဖွယ်ရာ မရှိတော့ပါ ။ တစ်ရေး နိုး လို့ အိပ် မပျော် လို့ တွေးမိပြီ ဆိုပါလျှင် ဇက်ပိုး မှ ချွေးများ တဒီးဒီး ကျ လာပြီး ရင်များ ပါ ခုန် ခုန်တက်လာတတ်ပါသည် ။
တစ်ခါတစ်ရံ တော့ လည်း ... “ ကိုယ့်အိုး နှင့် ကိုယ့်ဆန် တန်ရုံပဲ ” ဟု ဖြေ ပါသည် ။ ဆယ်တန်း အောင် ပြီး ရသည့် သင်တန်း ၊ ရသည့် အလုပ် ဝင် လုပ်ခိုင်းရမှာပဲ ဟု ဖြေပါသည် ။
သို့သော် ကိုယ် ကိုယ်တိုင် က ဆယ်တန်း လောက် သာ အောင်ခဲ့ ပြီး ရရာ သင်တန်း တက်ခဲ့မိသဖြင့် ကိုယ် ကိုယ်တိုင် လည်း မကြီးပွား ၊ သားသမီးများ ကို လည်း ကြီးမြင့်အောင် မလုပ်နိုင် နှင့် အတော် စိတ် ပျက် ခဲ့ရပြီ မဟုတ်လော ။ ကျွန်တော် ဆုံးရှုံး ရ သလို သားသမီးများ ပါ လိုက်လံ ဆုံးရှုံး ကြရတော့မည် လော ဟူ၍ များစွာ စိတ်ပူ မိရပါသည် ။
ထို့ကြောင့် ကျွန်တော် သည် နေ့စဉ် နှင့် အမျှ ဘားလမ်း အတွင်း မှ လမ်းလျှောက် လာတိုင်း ဆိုသလို ရှေ့နေ ဆိုင်းဘုတ်များ ဖတ်ရင်း ရှေ့နေ များ ကို လေ့လာ ရင်း ရှေ့နေအလုပ် ကို အတော် စိတ်ဝင်စားပြီး အားကျ လာမိခြင်းဖြစ်ပါသည် ။
ကျွန်တော် ရန်ကုန် ကို မပြောင်းရသေး ခင် က ပုသိမ်မြို့နယ် ၏ တစ်ခုသော ကျေးလက်ကျန်းမာရေး ဌာန တွင် ကျန်းမာရေးမှူး အဖြစ် အမှု ထမ်း ခဲ့ရပါသည် ။ ကျွန်တော် ပုသိမ်မြို့ပိုင်ရုံး ကို ရောက်တိုင်း ရှေ့နေ အဘိုးကြီး တစ်ဦး ကို တွေ့ တွေ့ နေရပါသည် ။ အဘိုးကြီး အသက် မှာ ရှစ်ဆယ် ကျော်ပါပြီ ။ ပိန်ပိန်သေးသေး ဖြစ်ပြီး အတော် တုန်တုန်ယင်ယင် ရှိ နေပါပြီ ။ သို့သော် ယခု ထက် တိုင် သူ အမှု လိုက်တုန်း ရှိ နေပါသည် ။ ထို ရှေ့နေ အဘိုးကြီး ၏ အကြောင်း ကို စုံစမ်း ကြည့် သော အခါ သူ ငယ်စဉ် က လျှောက်လွှာစာရေး လုပ်သည် ဟု သိ ရပါသည် ။ နောက် မြို့ပိုင် တစ်ဦး က တတိယတန်း ရှေ့နေ စာမေးပွဲ ဖြေရန် တိုက်တွန်း သဖြင့် စာမေးပွဲ အောင်ပြီး ရှေ့နေ ဖြစ် လာသည်ဟု သိရပါသည် ။
ထို အဘိုးကြီး ကို ကြည့်ပြီး ကျွန်တော် တော်တော်ကလေး အားကျ သွားပါသည် ။ ရှေ့နေတွင် ကန့်သတ်ချက် မရှိပါဘဲကလား ဟု စွဲစွဲမြဲမြဲ သဘော ပေါက် သွားပါသည် ။
ထို့ကြောင့်ပင် တစ်နေ့ နေ့ ကျွန်တော် ကိုယ်တိုင် ရှေ့နေ စာမေးပွဲ ကို ဖြေဆိုနိုင်အောင် လုပ်ဦးမည် ဟု ဆုံးဖြတ် ခဲ့ ပါသည် ။ ကျန်းမာရေးမှူး မှ ပင် ပင်စင် ယူ သော် ရှေ့နေ ဘဝ ဖြင့် မသေမချင်း စား သွားနိုင်မည် ဟု မျှော်လင့် ခြင်း ဖြစ်ပါသည် ။
••••• ••••• •••••
တစ်ခါက ကျွန်တော့် မိတ်ဆွေ တစ်ယောက် သည် အမ်အေ အောင်ပြီး နောက် ဘီအယ်လ် ကို ဆက် တက်ပါသည် ။ ဘီအယ်လ် အောင် ပါသည် ။ နောက် ဘီစီအက်စ် အကြီးတန်း ဖြေပြန်ပါသည် ။ ၎င်း ကို လည်း အောင် ပါသည် ။ ပထမ တက္ကသိုလ် တွင် လက်ထောက် ကထိက လုပ် ပါသေးသည် ။ ထိုရာထူး ဖြင့် သူ မကြိုက်သော ဒေသ တစ်ခု သို့ ပြောင်းရွှေ့ရ သဖြင့် ၎င်း ရာထူး မှ နုတ်ထွက် လိုက်ပါသည် ။ နောက် တစ်ဖန် နယ်ပိုင် ရာထူး တွင် ဝင် လုပ်ပြန်ပါသည် ။ ၎င်း ရာထူး ဖြင့် ဟိုပြောင်း ၊ သည်ပြောင်း ပြောင်း ရ ပြန်ပါသည် ။ ဤ အကြိမ် တွင် လည်း ထွက် လိုက်ပြန်ပါသည် ။
ယခု တော့ ထို မိတ်ဆွေ မှာ ဝတ်လုံ လိုက် နေပါသည် ။ တစ်နေရာ တည်း မပြောင်းရ ၊ မရွှေ့ရ နဲ့ နေရာ ကျ နေပါသည် ။
ကျွန်တော့် မိတ်ဆွေ ကို ကြည့်ပြီး ကျွန်တော် တော်တော် အားကျ သွားပါသည် ။
ကျွန်တော့် အမှုထမ်း ဘဝ တွင် ကား တခြား သူ များ မသွားချင်သည့် နေရာဒေသများ တွင် အတော်များများ ပြောင်း ခဲ့ရ ရွှေ့ ခဲ့ရ ပေသည် ။ တစ်စွန်းတစ်စ မျှ ထွက်ရဲ ဖို့ ဝေးစွ ထွက် ပစ်လိုက်မည် ဟုပင် လေသံ မတိမ်း ရဲပေ ။ ထို့ကြောင့် လည်း တစ်နေ့ နေ့တွင် မှ ရှေ့နေ စာမေးပွဲ ဖြေပစ် လိုက်ဦးမည် ဟူ၍ တေး ထားလိုက်ပါသည် ။
••••• ••••• •••••
ကျွန်တော် ဘားလမ်း ထဲ မှ လမ်းလျှောက် ၍ လာတိုင်း ရှေ့နေ နာမည်များ ပါ သည့် ဆိုင်းဘုတ် ကို ဖတ်ရှုရုံ မျှ မကပါ ၊ ရှေ့နေများ ကို လည်း တစေ့တစောင်း လေ့လာပါသည် ။ ခေါင်းပေါင်းကလေးများ ကို ကြော့နေအောင် စွပ်ထားတတ်ကြ ပုံ ၊ အယ်လ်ပါကား အင်္ကျီနက် ၊ စတစ်ဖြူ ကော်လံကလေးများ ပြောင်နေအောင် ကြွေတိုက်ထားကြ ပုံ ၊ တချို့တချို့ တွင် ဝတ်လုံအနက်ကြီး ကို လက် တစ်ဖက် က တင်၍ လမ်းသလားကြ ပုံ ၊ တချို့ တချို့ တွင် မိမိ နောက် မှ ကု,လားတစ်ယောက် ကို စာအုပ် ဧရာမကြီးများ ထမ်းခိုင်းပြီး ရှေ့မှ ခပ်ကြော့ကြော့ကလေး သွားတတ် ပုံ စသည်တို့က အစ လေ့လာ မှတ်သားမိပါသည် ။
သူတို့ ကို ကြည့်ရင်း ကျွန်တော် သာ ဆိုလျှင် ဘယ်ပုံ ဘယ်နည်း ဂိုက် ပေးမိလိမ့်မည် စသည်ဖြင့် လည်း တွေးမိရင်း တစ်ကိုယ် တည်း ကျိတ် ၍ ပြုံး မိပါသည် ။
နောက်ဆုံး ရှေ့နေ စာမေးပွဲ ဝင်နိုင်ရန် သာ ဟို စုံစမ်း ၊ သည် စုံစမ်း လုပ်ရင်း ရှေ့နေ တွေ့တိုင်း ဆိုသလို မနေနိုင် မထိုင်နိုင် မေးခြင်း မြန်းခြင်း ပြု မိလေ့ ရှိပါသည် ။
••••• ••••• •••••
ကျွန်တော် သည် ရာဇဝတ်ဌာန တွင် စောစောက အမှု မထမ်းခဲ့မိ သည် ကို ယခု မှ နောင်တ ရ နေမိပါသည် ။ ယခု ဆို လျှင် တတိယတန်း ရှေ့နေ စာမေးပွဲ လည်း မရှိတော့ပါ ။ ဘီအေ အောင်ပြီး မှ တစ်ဆင့် တက် ရသည့် ဘီအယ်လ် လည်း မရှိတော့ပါ ။ ရာဇဝတ် ဘက် ဌာန တွင် အမှုထမ်းခဲ့ မိ ပါ က အမှုလိုက် လုပ်သက် ခုနစ်နှစ် ဆိုလျှင် အထက်တန်း ရှေ့နေ စာမေးပွဲ ဝင် ဖြေခွင့် ရှိသည် ဟု သိ ရပါသည် ။ သို့မဟုတ် ရာဇဝတ် တရားသူကြီး လုပ်သက် ခုနစ်နှစ် ရှိ ပါ က လည်း အထက်တန်း ရှေ့နေ စာမေးပွဲ ဝင် ဖြေနိုင်သည် ဟု သိရပါသည် ။
ကျွန်တော် ကျန်းမာရေးမှူး လုပ်သက် ၁၀ နှစ် ကျော် ခဲ့ပြီ ဖြစ် သော်လည်း ရှေ့နေ စာမေးပွဲ ကို မဝင်နိုင်ပါဘဲကလား ဟူ၍ ကျွန်တော် စိတ် မကောင်း ဖြစ်မိပါသည် ။
သို့သော် ဥပဒေ အဓိကဘာသာ ယူပြီး ကောလိပ် တက် ရဖို့ က လည်း ကျွန်တော့် တွင် ကျန်းမာရေး အမှုထမ်း ရ သည် က လည်း တစ်ဖက် နှင့် မို့ စိတ် မကူးနိုင်တော့ပါ ။ မလွယ်ပါဘဲကလား မောင်မင်းဏီ ဟု သာ ညည်း မိပါသည် ။
နောက်ဆုံး မိတ်ဆွေ ရှေ့နေ တစ်ဦး ၏ အကြံပေးချက် ဖြင့်
လုပ်သားကောလိပ် တွင် အဓိကဘာသာ တစ်ရပ် ရပ် ကို ယူပြီးလျှင် ဘီအေ အောင် သည် အထိ တက်ရန် နှင့် ထို စာမေးပွဲ အောင် မှ အထက်တန်း ရှေ့နေ စာမေးပွဲ ဝင် ဖြေရန် နည်းလမ်း ပြောပြ သဖြင့် ထို နည်းလမ်း အတိုင်း လိုက်နာ ကြိုးစားရန် ဆုံးဖြတ် လိုက်ရပါတော့သည် ။
••••• ••••• •••••
ကျွန်တော် လုပ်သားကောလိပ် ကို လျှောက်လွှာ တင် ထား လိုက်ပါသည် ။ ဘီအေ အောင် သည် မအောင် သည် ထက် တစ်နေ့ ရှေ့နေ ဖြစ်ရမည် ဟု စိတ်ကူး ၍ မြူး နေမိပါသည် ။
နေ့စဉ် အလုပ် ဆင်း အလုပ် တက် တိုင်း ဤ ဘားလမ်း မှ လျှောက် ရသည် ကို ပင် ကိုယ့် ဘဝ အတွက် ဖြူးနေသော လမ်းကြီးပေတကား ဟု အတွေး ပေါက်ပြီး မြူး လျက် ရှိနေပါသည် ။ ထို အတွင်း တချို့ ရှေ့နေများ နှင့်ပင် မျက်မှန်း တန်း သလို လို ရှိနေပါသည် ။
မျက်မှန်း တန်း မိသည့် ပုဂ္ဂိုလ်များ အနက် ကျွန်တော် မျက်စိ အကျ ဆုံး ပုဂ္ဂိုလ် တစ်ဦး မှာ အသက် ရှစ်ဆယ် ထက် မငယ်ပုံ ရသော ခပ်ဝဝ ၊ အရပ် မြင့်မြင့် ၊ ဥပဓိရုပ် ကောင်းကောင်း နှင့် လူကြီး တစ်ဦး ဖြစ်ပါသည် ။
တစ်ခါတစ်ရံ လမ်းလျှောက် လာသည် ကို တွေ့ ရပြီး တစ်ခါတစ်ရံ လည်း အော်စတင်ကား အနက် ခပ်အိုအိုကလေး ပေါ် မှ ဆင်းဆင်းပြီး လာ တတ်သည် ကို တွေ့ ရတတ်ပါသည် ။
သူ့ ကို မည်သည့် အခါ မဆို ခေါင်းပေါင်း အနီရဲရဲ ၊ ပိုးလုံချည် အနီရဲရဲ နှင့် တိုက်ပုံအင်္ကျီ အနက် ကို ဝတ်ထားသည် သာ တွေ့ ရပါသည် ။
လွန်ခဲ့သည့် အနှစ် လေးဆယ်ကျော် လောက် က ဗြိတိသျှခေတ် က ရာဇဝတ်အမှုလိုက် အင်စပက်တော်ကြီးများ သည် ဤ ခေါင်းပေါင်း ၊ ဤ လုံချည် အနီရဲရဲများ နှင့် ကာကီကြူးနစ်ကုတ် ကို ဝတ်၍ တရားသူကြီးများ ၏ ရှေ့မှ အစိုးရ ဘက် က အမှုလိုက်လေ့ ရှိကြပုံ ကို ကျွန်တော် မြင်ယောင် လာပါသည် ။
ကျွန်တော့် အမေ ၏ တူ တစ်ယောက် ထို အဝတ်အစားမျိုး နှင့် ရိုက်ထား သည့် ဓာတ်ပုံ ကို ကျွန်တော် မှတ်မိနေပါသည် ။
ကျွန်တော် မျက်စိ ကျ နေသော အဘိုးကြီး မှာ ဗြိတိသျှခေတ် က အမှုလိုက် အင်စပက်တော်ကြီး ဟု ထင်ပါသည် ။ ပင်စင် ယူပြီးသည့် နောက် ရှေ့နေ လုပ်နေခြင်း သာ ဖြစ်ရမည် ဟု ကျွန်တော် အကဲ ခတ် မိပါသည် ။ ပင်စင် လစာ နှင့် အမှုလိုက်ခ နှင့် ဆိုလျှင် ဝင်ငွေ ခေလှမည် မထင်ပါ ။ ဒါကြောင့်လည်း အော်စတင်ကား ကို ဒရိုင်ဘာ နှင့် အကျ စီးနိုင်နေခြင်း ဖြစ်ရပါသည် ။ ကျွန်တော် အကဲ ခတ် လျှင် လွဲခဲပါသည် ။
ထို အဘိုးကြီး ကို ကျွန်တော် မျက်စိ ကျနေခြင်း မှာ လည်း အကြောင်း ရှိပါသည် ။ ကျွန်တော် ယခု အသက် လေးဆယ့်တစ်နှစ် ရှိပါပြီ ။ ကျွန်တော် ဘီအေ အောင် သော အခါ လေးဆယ့်ခြောက်နှစ် ရှိပါတော့မည် ။ တစ်ခါ ရှေ့နေ စာမေးပွဲ ဖြေပြီး သော အခါ ငါးဆယ် နား ကပ်နေပါတော့ မည် ။ ပင်စင် ယူ ပြီး မှ ရှေ့နေ လိုက် ရသော် ကျွန်တော့် မှာ ယခု ကျွန်တော် မျက်စိ ကျ နေသော အဘိုးကြီး ကဲ့ သို့ ဖြစ်လာတော့မည် မလွဲတည်း ဟု တွေးပြီး မျက်စိ ကျနေမိခြင်း ဖြစ်ပါသည် ။
••••• ••••• •••••
ဘားလမ်း နှင့် ကုန်သည်လမ်း ထောင့် တွင် ဟိန္ဒူ လက်ဖက်ရည် ဆိုင်ကြီး တစ်ဆိုင် ရှိပါသည် ။ ထို ဆိုင်ကြီး မှာ ရှေ့နေများ ၊ အမှုသည်များ နှင့် အခါမလပ် ဝင်ထွက် စည်ကားနေပါသည် ။
တစ်ခါတစ်ခါ ကျွန်တော် လည်း ထို ဆိုင် တွင် ဝင်ရောက်ပြီး လက်ဖက်ရည် သောက်လေ့ ရှိပါသည် ။
တစ်နေ့ ကျွန်တော် ထို ဆိုင် နား ရောက်သော အခါ ခေါင်း ငဲ့ ၍ အသိ ရှေ့နေ တစ်ဦး ဦး မြင်လျှင် ဝင် စကား ပြောရင်း လက်ဖက်ရည် သောက်မည် ဟု အောက်မေ့ ၍ ကြည့်မိပါသည် ။ အခန့်သင့် ပင် ကျွန်တော် မျက်စိ ကျ နေသော အဘိုးကြီး ရှေ့နေ ကို မြင် လိုက်မိပါသည် ။ သူ ဝတ်နေကျ အတိုင်း ခေါင်းပေါင်း အနီရဲရဲ ၊ အယ်လ်ပါကား တိုက်ပုံ အနက် ၊ ပိုးလုံချည် အနီရဲရဲ နှင့် တခြား ရှေ့နေများ ထက် ပို၍ ပေါ်လွင် နေပါသည် ။ သူ့ ရှေ့တွင် အမှုသည် နှင့် တူ သူ မိန်းမ တစ်ယောက် ၊ ယောက်ျား တစ်ယောက် တို့ ကို လည်း မြင်ရပါသည် ။ ခေါင်းချင်း ဆိုင်၍ အမှု အကြောင်း ပြော နေဟန် တူပါသည် ။ အဘိုးကြီး ၏ ဘေး တွင် စာအုပ် ထူထူကြီး နှစ်အုပ် ကို လည်း သားရေဖုံးကြီးများ နှင့် အခံ့သား မြင်ရပါသည် ။
ကျွန်တော် သည် လက်ဖက်ရည် မသောက်ချင် သော် လည်း ဆိုင် ထဲ သို့ ဝင်၍ အဘိုးကြီး နှင့် မျက်နှာချင်း ဆိုင် မကျတကျ တစ်နေရာ တွင် ဝင် ထိုင်ပြီး လက်ဖက်ရည် မှာ ပါသည် ။ လက်ဖက်ရည် သောက် ရင်း အဘိုးကြီး ကို လှမ်း၍ အကဲခတ်ပါသည် ။ အကြည့် ချင်း ဆုံလျှင် ကျွန်တော် က စ၍ မိတ် ဖွဲ့ရန် ရည်ရွယ်မိပါသည် ။
သူ့ ရှေ့ မိန်းမ တစ်ယောက် နှင့် လူ တစ်ယောက် တို့ မှာ ကျွန်တော် ဝင် လာ ကာ မှ ပို၍ အဘိုးကြီး ဘက် ငုံ့ပြီး စကားကို တိုးတိုးကလေး ပြော နေကြပါသည် ။ အဘိုးကြီး က တစ်ခါတစ်ခါ သာ သားရေဖုံးစာအုပ်ကြီး ကို လက်ဝါး နှင့် ပုတ်လိုက် ၊ ခေါင်းကို ငုံ့ လိုက် နှင့် ပါးစပ် က ခပ်တိုးတိုး ပြော နေပါသည် ။ အမှု အကြောင်း ဆိုသည် မှာ သိုသိုသိပ်သိပ် ပြောရရိုး ရှိတာ ကိုး ဟု ကျွန်တော် သဘော ပိုက်မိ ကာ သူတို့ ပြောသည် ကို စိတ် မဝင်စား သကဲ့ သို့ အမူအရာ လုပ် လိုက်ရပါသည် ။
ခဏ ကြာ လျှင် မိန်းမ နှင့် ယောက်ျား ဖြစ်သူ တို့ ထွက်သွား ကြပါသည် ။ ထိုအခါ မှ အဘိုးကြီး ထ မသွား ခင် စကား ပြော နိုင်ရန် ရည်ရွယ်၍ ကျွန်တော် က ပင် မျက်နှာချို သွေးပြီး အဘိုးကြီး နား ကပ်သွားမိပါသည် ။
“ ဆေးလိပ် သုံးဆောင်ပါဦး ခင်ဗျာ ”
ဟု ပြောကာ ကျွန်တော့် ခပေါင်းဘူးကလေး ဖွင့်ပြီး ရိုရိုသေသေ ပေး ပါသည် ။
“ သည်းခံပါ မောင် ... သည်းခံ ၊ ဦးကြီး က ဆေးလိပ် မသောက်ပါဘူး ”
ဟု လက် ကာ ရင်း ပြော ပါသည် ။
“ ဒါဖြင့် ဦး ရယ် .…. လက်ဖက်ရည် တော့ သုံးဆောင်ပါဦး ၊ ကျွန်တော် မှာ လိုက်ပါရစေ ”
ဟု ပြောပြောဆိုဆို ...
အဘိုးကြီး က ကာကာ ကု,လားကို လက် ကာ ပြီး ကု,လား စကား ဖြင့် လှမ်း ပြော လိုက်ပါသည် ။ ၎င်းကို ကျွန်တော် နားမလည်ပါ ။
“ ငါ မသောက်နိုင်တော့ဘူး ၊ စောစော က သောက်ထားတယ် ”
ဟု ပြောသလား မသိပါ ။
အဘိုးကြီး ကို ကျွန်တော် သဘော ကျ သွားပါသည် ။ ဤ လမ်း ၊ ဤ လက်ဖက်ရည်ဆိုင်များ မှာ ဘယ်နှစ်နှစ် ကျင်လည်ခဲ့ပြီနည်း ။ ကု,လားစကားများ ပင် မွှတ်၍ နေပေပြီ ။ တော်တော် လည်း လည်မည့် ပုဂ္ဂိုလ်ပေတည်း ။ ရာဇဝတ်မှုလိုက် သက်တမ်း အပေါင်း ၊ ရှေ့နေ သက်တမ်း ပါ ဆိုတော့ မလည်၍ မဖြစ်တော့ပြီ ဟု ဆိုရပေမည် မဟုတ်ပါလော ။
ကျွန်တော် သည် ကြာကြာ အချိန် မဆွဲနိုင်ပြီ ။ တော်တော် ကြာ လျှင် ရှေ့နေ ဆိုသည် မှာ အချိန် ကို ကြည့်၍ အလုပ် လုပ်ရသူ ဖြစ်သဖြင့် အဘိုးကြီး ထွက် သွားပေလိမ့်မည် ဟု တွေးမိပြီး ...
“ ဦးကြီး နာမည်ကလေး နဲ့ ဘယ်မှာ နေထိုင် သလဲ ဆိုတာ ကျွန်တော် သိ ပါရစေ ခင်ဗျာ ၊ အကြောင်း ရှိတဲ့ အခါ ကျွန်တော် ဆက်သွယ်နိုင်အောင် လို့ပါ ”
ဟု ကျွန်တော် က စ လိုက် မိပါသည် ။
ဤနည်းဖြင့် ကျွန်တော် သည် ရှေ့နေ သုံးလေးဦး ၏ နာမည် ရုံး လိပ်စာ ၊ အိမ် လိပ်စာများ သိခဲ့ပြီ မဟုတ်ပါလား ။
“ အေးကွာ .. ဟုတ်သားပဲ ၊ ဦးကြီး နာမည် က ဆရာဘကြီး တဲ့ ကွ နေတာ က တော့ ကျွန်းတောလမ်း ၊ အိမ်နံပါတ် ( ... ... ) မှာ ပါ ”
“ ဪ …. ဪ ၊ ဒါဖြင့် ဦးကြီး ဘားလမ်း ထဲ မှာ ရော ရုံးခန်း မဖွင့် ထားဘူးလား ဗျ ”
“ မဖွင့်ပါဘူးကွာ ၊ ဘားလမ်း ထဲ မှာ တော့ ရှေ့နေတွေ သာ ရုံးခန်း ဖွင့် ထားတော့ မပေါ့ ”
“ ဒါဖြင့် ဦးကြီး က ရှေ့နေ အမိန့်တော်ရ မဟုတ်လား ခင်ဗျာ ”
ဟု ကျွန်တော် က ဆက်၍ ရှည် လိုက်ပါသည် ။
“ မဟုတ်ပါဘူးကွာ ”
“ ဒါဖြင့် ဦးကြီး က ဘာ လုပ်တာပါလဲ ခင်ဗျာ ”
ဟု မနေနိုင်သဖြင့် မေး မိပြန်ပါသည် ။
“ ဦးကြီး က ဗေဒင်ဆရာ ကွ ။ အမှုသည် တွေ ၊ တရားခံ တွေ လွတ်ရာ လွတ်ကြောင်း ယတြာ တွေ ၊ ဓာတ် တွေ လုပ် လုပ် ပေး ရတာပေါ့ကွာ ”
ဟု ပြောပါသည် ။
ကျွန်တော် သည် ဦးကြီး လန့် သွားမည် စိုး သဖြင့် ကျွန်တော့် နဖူး ကျွန်တော် လက်ဝါး နှင့် မရိုက်မိရန် မနည်း ထိန်း၍ ထားလိုက်ရတော့ သတည်း ။
■ မင်းဏီ
📖 ထို
# ကိုအောင်နိုင်ဦး
.
No comments:
Post a Comment