ရက် အတန်ကြာသော အခါ၌ သူတို့ သည် ရွှေတိဂုံဘုရား သို့ ပုတီး စိပ်ရန် သွား ကြ သော်လည်း အတူတကွ မစိပ်ဖြစ်ကြတော့ဘဲ တကွဲတပြား စီ မိမိ အစီအစဉ် နှင့် မိမိ ဆိုသလို သွား ကြလေ၏ ။ အဓိဋ္ဌာန် မပြည့်မီ နှစ်ရက် အလို ၌ သုံးဦးသား ဆုံ မိကြပြန်၏ ။ ထိုနေ့က ဖေသန်းမောင် သည် ချိုင့် တစ်လုံး နှင့် လက်ဖက်ရည် ဝယ် လာ၏ ။ လက်ဖက်ရည် သောက်ရန် ကြွေရည်သုတ် သံခွက်များ လည်း ပါ လာ၏ ။ ပုတီး စိပ်ပြီးသော အခါ၌ ဖေသန်းမောင် က ထို ခွက်များဖြင့် လက်ဖက်ရည်များ ငှဲ့ ၍ တိုက်လေ၏ ။ ထို့ကြောင့် ဆရာပါ က ..
“ ဖေသန်းမောင် မင်း အစီအစဉ် တယ် ကောင်းပါလား ”
ဟု ပြော လိုက်ရာ ဖေသန်းမောင် က ..
“ လက်ဖက်ရည် သောက် ရင်း စကား ပြောကြတာပေါ့ ဆရာ ရယ် ”
ဟု စကား စ လိုက်လျှင် မောင်ဖေသော် က ..
“ လက်ဖက်ရည် မတိုက် လည်း ပြော လို့ ရပါတယ် ”
ဟု ပြန်၍ ပြောလေ၏ ။ ဆရာပါ က လည်း ..
“ ဖေသော် ပြောတာ ဟုတ်ပါတယ် ဖေသန်းမောင် ရာ ။ အချင်းချင်း တွေ ပြောစရာ ရှိတာလည်း ပြော တာပေါ့ ။ လက်ဖက်ရည် တိုက် စရာ မလိုပါဘူး ။ ခုလို ဆိုတော့လည်း ကောင်းတာပေါ့ ကွာ ”
ဟု ပြော လိုက်လေ၏ ။ ထိုအခါ ဖေသန်းမောင် က ..
“ ဒီလို ရှိပါတယ် ဆရာ ၊ အခု ကျွန်တော် ပြောမယ့် စကား မှာ အပိုင်းကြီး ( ၃ ) ပိုင်း ပါဝင် ပါတယ် ။ အဲဒါက ဘာလဲ ဆိုတော့ အခု ကျွန်တော် တို့ ၃ ယောက် ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ် တစ်ခုလုံး အပေါ်မှာ သုံးသပ် တဲ့ အပိုင်း ၊ ပြီးတော့ မြနန်းနွယ် ဆိုတာ ဘယ်လို အရာ ဖြစ်တယ် ဆိုတာ စိစစ်တဲ့ အပိုင်း ၊ နောက်ဆုံး အပိုင်း ကတော့ သူ ညွှန်ပြတဲ့ လမ်းကြောင်း အတိုင်း ခရီး သွားဖို့ သင့်မ သင့် ဆိုတဲ့ အပိုင်း ကို ရုပ်လုံး ပေါ် လာတဲ့ အထိ ဆွေးနွေး ဖို့ ကိစ္စပါပဲ ။ အခု ကျွန်တော် တို့ ၃ ယောက် တွေ့ကြုံ နေရတဲ့ အဆင့် ဟာ ရုပ်လုံး မပေါ်ဘူး ။ ပုံရိပ် လောက် ပဲ ရှိတယ် ”
ဟု ပြော လိုက်လျှင် ..
မောင်ဖေသော် သည် ဆရာပါ ၏ မျက်နှာ ကို လှမ်း၍ ကြည့် လိုက်သည် ။ ဆရာပါ က မျက်လုံး ပြူး ပြလိုက်၏ ။ ထို့နောက် ဆရာပါ က ပင်
“ ဟုတ်ပါတယ် ဖေသန်းမောင် ၊ မင်း ပြောတဲ့ စကား ဟာ အဓိပ္ပာယ် ရှိ ပါတယ် ။ အဲဒီတော့ ဆက်ပြီး ပြောပါဦး ”
ဟု ပြော လိုက်လေ၏ ။ ထိုအခါ ဖေသန်းမောင် က ..
“ ကျွန်တော်တို့ သုံးယောက် စလုံး ဟာ မြနန်းနွယ် နဲ့ ပတ်သက် နေ ကြတယ် ။ အစဦးဆုံး ပတ်သက်တာ က ဖေသော် ပဲ ၊ ဖေသော် ကိစ္စ ကို ကျွန်တော် က မယုံဘူးလို့ ငြင်းဆို ခဲ့တယ် ။ အဲဒီ မယုံဘူး ဆိုတဲ့ ကျွန်တော့် ကို မြနန်းနွယ် က လာပြီး ပတ်သက် လိုက်တယ် ။ အဲဒီ အခါမှာ ကျန်တဲ့ လူတွေ က ကျွန်တော့် ကို ကြောင်တောင်တောင် ဖြစ် သွားပြီလို့ ထင် ကြတယ် ။ အဲဒီ အထဲ မှာ ဆရာ လည်း ပါတယ် ။ ဆရာ က ကျွန်တော်တို့ နှစ်ယောက် ကို လေ့လာတာ ၊ အဲဒီမှာ ဆရာ့ ကို ပါ မြနန်းနွယ် က ပတ်သက် လိုက်တယ် ။ ဘာ နဲ့ တူသလဲ ဆိုတော့ ဆိုးရွားတဲ့ ကျောက်ရောဂါ တစ်ခု လို ပဲ လာပြီး ပတ်သက် တာနဲ့ ရောဂါ ဟာ ကူး သွားတော့တာပဲ ။ အခု ကျွန်တော် တို့ သုံးယောက် ဟာ ရောဂါ စကား နဲ့ ပြော ရင်တော့ ကူးစက် ပျံ့နှံ့သွားပြီ ။ အခု ကျွန်တော် ပြော တာဟာ ဖြစ်စဉ် တစ်ခုလုံး ကို အကျဉ်း ချုံးပြီး သုံးသပ် ပြတာ မဟုတ်လား ”
ဟု ပြော လိုက်လျှင် ဆရာပါ က ..
“ ဟုတ်ပါတယ် တပည့်ကြီး ဖေသန်းမောင် ၊ မင်း ဟာ အတော် တော် တဲ့ ကောင်ပဲ ။ နောက် တစ်ခု ဆက်ပါဦး ”
ဟု ပြော လိုက်လေ၏ ။ ဖေသန်းမောင် သည် သောက်ပြီး သော ခွက်များ ကို ချိုင့် အတွင်း သို့ ထည့်ရင်း ..
“ မြနန်းနွယ် ဆို တာ ဘယ်လို အရာ ဖြစ်တယ် ဆိုတာ သုံးသပ်ဖို့ ပါပဲ ”
ဟု စကား စ လိုက်လေ၏ ။ ထိုအခါ မောင်ဖေသော် က ..
“ မင်း အခု ပြောတဲ့ အကြောင်းအရာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ် ”
ဟု အားတက်သရော ပြော လိုက်လေ၏ ။ ဖေသန်းမောင် သည် လက်ဖက်ရည်ချိုင့် ကို ဘေးတွင် ဖယ် ထားလိုက်ပြီး နောက်
“ မြနန်းနွယ် ဟာ လူ မဟုတ်တာ တော့ သေချာတယ် ။ ဥစ္စာစောင့် တို့ ၊ တစ္ဆေ တို့ ၊ သရဲ တို့ ဆိုတဲ့ မကောင်းဆိုးဝါး ၊ နာနာဘာဝ ထဲ က လည်း မဟုတ်ဘူး ။ မကောင်းဆိုးဝါး တွေ ဟာ အခုလို စိတ်ရှည် လက်ရှည် ပျံ့ပျံ့နှံ့ နှံ့ လူတွေ နဲ့ ပတ်သက်လေ့ မရှိဘူး ။ သူ ဟာ ဓာတ် တစ်ခု သို့မဟုတ် “ ဝေ့ဖ် ” တစ်ခု အဖြစ် နဲ့ ကျွန်တော် တို့ သုံးယောက် ကို ဆက်သွယ် နေတာ ။ ဒါပေမယ့် အဲဒီ “ ဝေ့ဖ် ” ဟာ ခိုင်မာကျစ်လျစ် တဲ့ ဝေ့ဖ် တစ်ခု ဖြစ်တယ် ။ အဲဒါကြောင့်လည်း ကျွန်တော်တို့ သုံးယောက် စလုံး ကို သူ ဟာ ခိုင်ခိုင်မာမာ ဆက်သွယ် လို့ ရ တာပေါ့ ”
ဟု ပြော လေ၏ ။
“ နေစမ်းပါဦး ဖေသန်းမောင် ရဲ့ ၊ မင်း ပြောတဲ့ ဝေ့ဖ် ဆိုတာက ဘာကို ပြော နေတာလဲ ”
ဟု မောင်ဖေသော် က မေး လိုက်ရာ ဖေသန်းမောင် က ..
“ ရေဒီယိုအသံလှိုင်း ဝေ့ဖ် ကို တော့ မင်း အနေနဲ့ သဘောပေါက်တယ် မဟုတ်လား ။ အဲဒါ ကို လည်း လက်ခံတယ် မဟုတ်လား ။ ဥပမာ ကွာ အင်္ဂလန် က လွှင့် လိုက်တဲ့ အသံလည်း ဒီ နေရာ မှာ ဖမ်းယူ လို့ ရတယ် ။ အိန္ဒိယ က လွှင့် လိုက်တဲ့ အသံလည်း ဒီ နေရာ မှာ ဖမ်းယူ လို့ ရတယ် လေ ကွာ ။ အဲဒီလိုပဲ လောကီပညာရပ် မှာ ဝေ့ဖ် တွေ နဲ့ လာ နေတာ ရှိတယ် ။ နတ် ပူးတာ တို့ ၊ စုန်း ပူးတာ တို့ ဟာ အကောင် လိုက်ကြီး လာ တာ မဟုတ်ဘူး ။ ဝေ့ဖ် အဖြစ် နဲ့ ဝင် ပူးတာ ။ ဒါကြောင့် နတ် တစ်မျိုး တည်း က နှစ် နေရာ မှာ ဝင်ပြီး ပူး နိုင်တာပေါ့ ။ သူ က ဝေ့ဖ် ကို လွှင့်ထုတ်လိုက်တာ ဆိုတော့ ဖမ်းလို့ ရတဲ့ နေရာ က ဖမ်း လိုက် ရင် သူ့ ဝေ့ဖ် ကို မိ နေတဲ့ သဘောပဲ ”
ဟု ပြော လေ၏ ။ ဆရာပါ သည် ဖေသန်းမောင် စကား ကို ခေါင်း တညိတ်ညိတ် ဖြင့် နားထောင် ရင်း ..
“ ဖေသန်းမောင် မင်း ပြောတာတွေ ဟာ သဘာဝ ကျပါတယ် ။ ငါ့ အနေ နဲ့ လက် လည်း ခံပါတယ် ။ တစ်ခုတော့ မေးမယ် ။ စုန်း ပူးတာ က လည်း စားချင် သောက်ချင် လို့ ပူးတာ ။ နတ် ပူးတာ က လည်း သူ့ ကို ပူဇော်ပသ စေချင် လို့ ပူးတာ ။ အခု မြနန်းနွယ် က ဘာ လုပ်ချင် လို့ တို့ ကို ဝေ့ဖ် တွေ ဝင် ပူးနေတာတုံး ”
ဟု မေး လိုက်ရာ ဖေသန်းမောင် က ..
“ ဆရာမော်ကက်တင် ရဲ့ စကား ကို ပြောရမယ် ဆိုရင် ”
ဟု စကား စ လိုက်ရာ မောင်ဖေသော် က ..
“ ဘာ ... ဘာ ... ဘာ ဆရာမော်ကက်တင် ဟုတ်လား ၊ ခေါင်း ပြောင်ပြောင် ၊ ပါးစပ် ပြဲပြဲ ၊ ဗိုက် ရွှဲရွှဲ ၊ စကား ပြော ရင် မျက်နှာ ကို မဲ့ရွဲ့ပြီး ပြော တဲ့ မော်ကက်တင် လား ၊ ငါ တွေ့ဖူးတယ် ။ ဘိုင်စကုတ် ထဲ က ဆိုက်ပတ် လုပ်တဲ့ မိန်းမ တစ်ယောက် နဲ့ ယူ ထားတယ် မဟုတ်လား ၊ အဲဒီ ဆိုက်ပတ် ကို မင်းသမီး ဖြစ်အောင် လုပ် ပေးမယ် ဆိုပြီး မကောင်းတဲ့ အောက်လမ်း အတတ်တွေ ဘာတွေ နဲ့ အစီအရင်လုပ်လို့ တစ်ခါ က အဖမ်း ခံ ရတယ် လို့ လည်း ငါ ကြားဖူးတယ် ။ မင်း သူ နဲ့ ပတ်သက် နေလို့လား ”
ဟု မေး လိုက်ရာ ဖေသန်းမောင် က ..
“ ဆရာမော်ကက်တင် နဲ့ ပတ်သက် လာ ရင် လူ တော်တော်များများ ဟာ အဲဒီ လိုပဲ မြင် ကြတယ် ။ အမှန်က ဒီလို မဟုတ်ဘူး ။ ဆရာ မော်ကက်တင် ဟာ လူတော် တစ်ယောက် ဖြစ်တယ် ။ ပြော စရာ ရှိရင် ပြတ်ပြတ်သားသား ပြောတယ် ။ လုပ်စရာ ရှိရင် ရဲရဲဝံ့ဝံ့ လုပ် တယ် ။ မင်း ပြောတဲ့ ဆိုက်ပတ် အမျိုးသမီး နဲ့ အိမ်ထောင် ကျ တယ် ဆိုတာ လည်း ဟုတ်တယ် ။ အဲဒီ အမျိုးသမီး ကို သူ က ချဉ်းကပ် တာ မဟုတ်ဘူး ။ အဲဒီ အမျိုးသမီး က သူ့ ကို ချဉ်းကပ်တာ ”
ဟု ပြော လေ၏ ။ ထိုအခါ မောင်ဖေသော် က ..
“ ဒီလိုဆို မင်း ကို တစ်ခုတော့ မေး မယ်ကွာ ။ တို့ ဆရာကြီး အဘမှည့် နဲ့ မင်း ဆရာမော်ကက်တင် ဘယ်သူ က ပို တော်သလဲ ၊ အဘမှည့် အကြောင်း လည်း မင်း သိတယ် ။ မင်း ဆရာ မော်ကက်တင် အကြောင်း လည်း မင်း သိတယ် ။ ပြောပါ ”
ဟု မေး လိုက်ရာ ဖေသန်းမောင် က ..
“ ဒါကတော့ကွာ ။ မင်း ကို ငါ ပြန်ပြီး မေးမယ် ။ မင်း မှာ ရှိတဲ့ မျက်လုံး နှစ်လုံး ထဲ က ဘယ် မျက်လုံးဟာ ပိုပြီး အဖိုးတန် လဲ ”
ဟု မေး လိုက်ရာ မောင်ဖေသော် က ..
“ နှစ်လုံး စလုံး အဖိုးတန်တယ် လေ ”
ဟု ဖြေ လိုက်လျှင် ဖေသန်းမောင် က ..
“ ဒီအတိုင်းပဲပေါ့ ကွာ ”
ဟု ပြန်၍ ပြော လေ၏ ။ ဆရာပါ က လည်း ခေါင်း ရှုပ် သွားပုံ ရ၏ ။ ထို့ကြောင့် ခေါင်း ကို တဗျင်းဗျင်း ကုတ်၏ ။ ထိုသို့ ကုတ်ရင်း
“ မောင်ဖေသော် ရေ မင်း ရဲ့ထင်မြင်ချက် ကို ရှေ့တန်း မထုတ်နဲ့ ဦး ကွ ။ ဖေသန်းမောင် ပြောချင် တာ လည်း ပြောပါစေဦး ။ ဝေဖန်တယ် ဆိုတာ ပြည့်ပြည့်စုံစုံ သိ ပြီး မှ ဝေဖန်တာ ပိုပြီး ကောင်းတယ် ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က
“ ကောင်းပါပြီ ဆရာ ”
ဟု ဝန်ခံလေ၏ ။ ထို့နောက် ဆရာပါ က ..
“ ဒီမှာ ဖေသန်းမောင် ၊ မင်း ရဲ့ ဆရာမော်ကက်တင် နဲ့ မင်း နဲ့ က ဘယ်တုန်းက တွေ့ကြတာတုံး ”
ဟု မေး လိုက်လေ၏ ။
“ သိပ်ပြီး မကြာသေးပါဘူး ဆရာရယ် ။ ပြောရမယ် ဆိုရင် မြနန်းနွယ် ဝေ့ဖ် ရောက်လာပြီး မှ ကျွန်တော့် ကို ကြောင်သွားပြီ ထင်လို့ ဆရာ ရှာ ရင်းနဲ့ ဆရာမော်ကက်တင် နဲ့ တွေ့ တာပါ ။ ဆရာကြီး အဘမှည့် ကို လည်း ကျွန်တော် လေးစားပါတယ် ။ ဒါပေမယ့် အဘမှည့် တို့ က လူကြီးပိုင်း ရောက်သွားပြီ ဆိုတော့ ဘာကိုပဲ လုပ်လုပ် ဖြည်းဖြည်းဆေးဆေး မှန်မှန် ပဲ လုပ်တာ ။ ဆရာမော်ကက်တင် တို့ က တော့ ဒီလိုမဟုတ်ဘူး ဆရာ ။ သိပ်ပြီး အားရစရာ ကောင်းတာ ။ လုပ်စရာ ရှိရင် ဒုန်းဒိုင်း လုပ်တတ်တယ် ။ မြနန်းနွယ် ကို သူ က ဥစ္စာစောင့် အောက်မေ့ လို့ ဖမ်းမယ် ၊ ဆီးမယ် စဉ်းစား သေး တယ် ။ ဖမ်း ပြီးရင် သိုက်တံခါး ကို ဖွင့် ခိုင်းပြီး သိုက် တူးမယ် လို့ တောင် ဆရာမော်ကက်တင် က စဉ်းစားတာ ။ ကျွန်တော့် ကို လည်း ခြေမန်းကွင်း တွေ ဘာ တွေ စွပ်ပြီး မြနန်းနွယ် ဝေ့ဖ် ကို ခေါ်ကြည့်တယ် ။အဲဒါကြောင့် လည်း ဆရာမော်ကက်တင် က မြနန်းနွယ် ဟာ ဥစ္စာစောင့် တွေ ၊ သရဲတစ္ဆေ တွေ ထဲ က မဟုတ်ဘူး တဲ့ ။ အလွန် ခိုင်မာ ထူးခြားတဲ့ ဝေ့ဖ် တစ်ခု ဖြစ်တယ်တဲ့ ”
ဟု ပြော လေ၏ ။ ထို့နောက် တွင် ကား ၎င်းတို့ သုံးဦး သည် လူစု ခွဲ ၍ ရွှေတိဂုံဘုရား ပေါ် မှ ဆင်း ခဲ့ကြလေ၏ ။
ဖေသန်းမောင် က ဆရာမော်ကက်တင် ဆီ သွားစရာ ရှိသည် ဆို ကာ မြောက်ဘက်မုခ် မှ ဆင်း ၏ ။ မောင်ဖေသော် နှင့် ဆရာပါ တို့ က အရှေ့ဘက်မုခ် မှ ဆင်း ကြ၏ ။ လမ်း တွင် မောင်ဖေသော် က ဆရာပါ အား ..
“ ဆရာ ဒီလို ရှိတယ်နော် ။ ဒီကောင် ပြောမယ့် အချက် ဟာ သုံးချက် အခု နှစ်ချက် ပဲ ပြော ရသေးတယ် ။ နောက်ဆုံး အချက် ဖြစ်တဲ့ မြနန်းနွယ် ပြတဲ့ လမ်းကြောင်း အတိုင်း ခရီး သွားသင့် ၊ မသွားသင့် ဆိုတာ ကို ဆွေးနွေး မသွားသေးဘူးနော် ”
ဟု ပြော လိုက်လျှင် ဆရာပါ က ..
“ ဘယ် ဆွေးနွေးမလဲ ကွယ် ။ မင်း က သူ့ ဆရာ မော်ကက်တင် ကို မကောင်းဘူး ပြောတော့ သူ က စကား အကုန်မပြောတော့ ဘဲ ပြန်ပြီး လျှို သွား တော့တာပေါ့ ”
ဟု ပြော လေ၏ ။
“ ဒီလို ဆရာ ရဲ့ ။ သူ ပြောတဲ့ မော်ကက်တင် ဆိုတာ အတော် ဆိုး တာ ။ အရင်တုန်း က ဆို ရင် အိမ်ရာ ရှိတာ မဟုတ်ဘူး ။ သင်္ချိုင်းတွေ မှာ လှည့်ပြီး နေတာ ။ အခုမှ အိမ် နဲ့ ရာ နဲ့ ဖြစ် သွားတာ ။ သူ့ ဆီ လာ တဲ့ လူတွေ ကို လည်း ညစ်ညမ်းတဲ့ ရေတွေ ဘာတွေ တိုက်ပြီး ဘုန်းကံ နိမ့်အောင် လုပ် ထားတာ ။ သူ့ ဆီ ရောက်ပြီး ရင် တော့ ပြန်ထွက် ဖို့ ခက် တယ်နော့် ။ အဲဒါ ဖေသန်းမောင် တစ်ယောက် က တော့ ဒုက္ခ လှလှကြီး တွေ့ တော့မယ် ။ အဲဒါကြောင့် ကျွန်တော် က သူ့ ကို သိ အောင် ပြောတာ ။ ဒါပေမယ့် သူ က သူ့ ဆရာ ဆို တော့ ကျွန်တော့် စကား နား မဝင်ဘူးပေါ့ ဆရာ ရယ် ”
ဟု ပြန် ပြောလေ၏ ။ ၎င်းတို့ နှစ်ဦး လည်း ရွှေတိဂုံဘုရား ခြေတော်ရင်း သို့ ရောက်သော အခါ၌ လမ်း ခွဲကြလေ၏ ။
ညနေပိုင်း သို့ ရောက် လျှင် ဆရာပါ သည် မောင်ဖေသော် ထံ သို့ ရေးကြီးသုတ်ပျာ နှင့် ရောက်လာ၏ ။
“ ဖေသော်ရေ ၊ ဖေသန်းမောင် တစ်ယောက် ဆေးရုံ ရောက်နေပြီ ။ တို့ နဲ့ လမ်းခွဲပြီး လင့်လမ်း ( ယခု ဓမ္မစေတီလမ်း ) ကုန်း ကို အဖြတ် မှာ ရန်သူ နဲ့ တွေ့လို့ ဓား နဲ့ အထိုး ခံ ရတယ်တဲ့ ။ အခု ဆေးရုံ မှာ သေတမ်းစစ်ချက် တောင် ယူထား ရပြီ ။ အဲဒါ ပုလိပ် ဘက် က သူ့ အိတ် ထဲ က စာရွက်စာတမ်းတွေ တွေ့လို့ ငါ့ ကျောင်း က မှန်း သိ တာ နဲ့ ငါ့ ဆီ ကို အကြောင်း ကြားတာ ၊ ငါ ဆေးရုံ ကို သွား ကြည့် ပြီးပြီ ။ အခု ထိ စကား မေး မရသေးဘူး ”
ဟု ရေးကြီးသုတ်ပျာ ဖြင့် ပြော လေ၏ ။
“ နေပါဦး ဆရာပါ ရဲ့ ။ ဖေသန်းမောင် မှာ ရန်သူ မှ မရှိဘဲ ဆရာပါ ရယ် ”
ဟု မောင်ဖေသော် က ပြော လိုက်လျှင် ..
“ ဘယ် က လာ ရန်သူ မရှိရမှာလဲ ။ ဟို ခေါင်းတုံး သုံးယောက် လေကွာ ။ ဒါပေမယ့် ခေါင်းတုံးတွေ တော့ မဟုတ်တော့ဘူး ။ ဆံပင်ရှည်တွေ နဲ့ ဖြစ် နေပြီ ။ ဖေသန်းမောင် က တို့ နဲ့ ခွဲပြီး လင့်လမ်း ကုန်းကလေး ကို ဖြတ်တာ ။ အဲဒီ ကုန်းကလေး က လည်း တောစပ် ကလေး လိုပဲ လေကွာ ။ သစ်ပင်တွေ ၊ ဘာတွေ နဲ့ ။ အဲဒီမှာ မျက်နှာချင်း ဆိုင် က လာ တဲ့ ဟို ကောင် သုံးကောင် နဲ့ တွေ့တာ ။ ဖေသန်းမောင် က မမှတ်မိဘူး ။ ဟိုကောင်တွေ က မှတ်မိတော့ အတင်း ဝင် ပြီး ဓား နဲ့ထိုး တာ ။ အဲဒါကို မလှမ်းမကမ်း က ပါ လာ တဲ့ အကြော်သည်ကြီး က တွေ့တော့ လန့်ပြီး အော် တာဟေ့ ။ အဲဒီ အကြော်သည်ကြီး ကြောင့် လူ သုံးယောက် နဲ့ တစ်ယောက် ဆို တာ ပုလိပ် က သိ ရတာ ။ ဒါပေမယ့် ဖေသန်းမောင် က စကား မပြောနိုင်တော့ဘူး ။ ငါ့ ဆီ ကို ပုလိပ် က အကြောင်း ကြား တော့ မှ ငါ က ပုလိပ် ကို ပြော ပြတာ ။ အဲဒီတော့ ဆေးရုံ ကို သွားမယ်ကွာ ”
ဟု ဆရာပါ က ပြော လိုက်လေ၏ ။
ထို့နောက် ဆရာပါ နှင့် မောင်ဖေသော် တို့ သည် ဆေးရုံ သို့ လိုက် သွား ကြလေ၏ ။ ဆေးရုံ သို့ ရောက်သော အခါ၌ ဖေသန်းမောင် ၏ ဆွေမျိုးများ လည်း ရောက် နေကြသည် ဖြစ်၏ ။ ဖေသန်းမောင် သည် သတိ ရ လာပြီ ဖြစ်၏ ။ သို့ရာတွင် စကားများ မပြောနိုင်ပေ ။ မောင်ဖေသော် ကို မြင် လျှင် အသံ ယဲ့ယဲ့ဖြင့် ..
“ ခေါင်းတုံးတွေ ငါ့ ကို ဓား နဲ့ထိုးတာ ။ အခု ဆံပင် ပေါက် နေကြပြီ ။ သူတို့ ဟာ မော်ကက်တင် အိမ် ကို အဝင် အထွက် ရှိ တယ် ။ ငါ က သူတို့ ကို မမှတ်မိ လို့ ပုလိပ် ဘက် ကို အဲဒီ အတိုင်း ပြော ပြ ”
ဟု ပြော ပြီးလျှင် ဆရာပါ ဘက် သို့ လှည့်ကာ လက်အုပ်ကလေး ချီ လိုက်၏ ။ ဆရာပါ နှင့် မောင်ဖေသော် သည် ဖေသန်းမောင် ကို ကြည့်၍ မျက်ရည်များ တတွေတွေ စီးကျ လာလေ၏ ။ မောင်ဖေသော် တို့ နှစ်ဦး သည် ထို အမှု ကို ကိုင်သော အရာရှိ အား အကျိုးအကြောင်း ကို ရှင်း ပြ လိုက် လေ၏ ။ ထို အရာရှိ လည်း မောင်ဖေသော် တို့ ပြောပြချက်များ ကို ရေးမှတ် ကာ မော်ကက်တင် အား ဖမ်းဆီး လိုက်လေ၏ ။ ထို့နောက် မော်ကက်တင် ကို စစ်ဆေးရာ မော်ကက်တင် ထံ မှ ဖေသန်းမောင် အား ဓား ဖြင့် ထိုးသတ်ခဲ့သော တရားခံပြေး သုံးဦး ၏ သဲလွန်စ ကို ရရှိ ခဲ့လေ၏ ။ ထို့ကြောင့် ရက်ပိုင်း အတွင်း ၌ ပင် ထို တရားခံပြေး သုံးဦး အား ဒလ ဘက် ၌ သွားရောက် ဖမ်းဆီးခဲ့သည့် သတင်း ကို ပုလိပ်အရာရှိ ထံ မှ ကြား ရလေတော့၏ ။ ဆရာပါ နှင့် မောင်ဖေသော် တို့ သည် ဖေသန်းမောင် ၏ အသုဘ တွင် ဝိုင်းဝန်း လုပ်ကိုင် ကြလေ၏ ။ အသုဘ ကိစ္စ ပြီး မှ သာလျှင် ၎င်းတို့ အိမ် သို့ အသီးသီး ပြန် သွား ကြလေ၏ ။ မောင်ဖေသော် သည် ကျောင်းဆောင် ၌ မနေတော့ဘဲ တာမွေ ဘက် တွင် အိမ်ခန်း တစ်ခန်း ငှားရမ်း၍ နေထိုင် နေပြီ ဖြစ်၏ ။ ဆရာပါ နှင့် မောင်ဖေသော် သည် နေ့စဉ် နေ့တိုင်း ဘုရား ကို အတူ တက်ကြ၏ ။ အတူတကွ ပုတီး စိပ်ကြ၏ ။ တစ်နေ့တွင် ဆရာပါ က ..
“ ဖေသော်ကြီး ရေ ၊ ဘာလိုလို နဲ့ ဖေသန်းမောင် သေတာ နှစ်လ ပြည့် သွားပြီ ကွ ၊ ဘာပဲဖြစ်ဖြစ် ဒီ ကောင် ရှိရင် အကြောင်းအရာ တစ်ခု ကို လေးလေးနက်နက် စဉ်းစားပြီး ဝေဖန် သုံးသပ် တတ် တယ်ကွ ။ ပြီးတော့ သူ ပြော သလို ဝေ့ဖ် ပဲ ခေါ်ခေါ် ၊ ဓာတ် ပဲ ခေါ်ခေါ် ၊ မြနန်းနွယ် နဲ့ ပတ်သက်တဲ့ ဓာတ်တွေ ပြတ် နေပါလား ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က
“ ဆရာ့ ကို ကျွန်တော် တစ်ခု ပြော ရဦးမယ် ။ မြနန်းနွယ် နဲ့ တွေ့ခါ နီး ရင် ကျွန်တော့် နား ထဲ မှာ အသံကလေး တိုးမျှင်မျှင်ကလေး တစ်ခု ကြား ရတယ် ။ အဲဒီ အသံ ကို အစ ပထမ ကျွန်တော် ကြိုးတပ် တူရိယာ တစ်ခု ကို တီးခတ် လိုက်တဲ့ အသံ လို့ ထင် နေတာ ။ ဒါပေမယ့် မဟုတ်ဘူး ဆရာ ။ ဥုမ် ဆိုတဲ့ အသံ ကို ရှည်ရှည်မျှင်မျှင် ဆွဲပြီး ဆို တဲ့ အသံ ပဲ ။ ဘယ်လောက် ရှည်သလဲ ဆိုရင် တစ် ၊ နှစ် ၊ သုံး ၊ လေး နဲ့ မှတ် ရင် ဆယ့်နှစ် အထိ ရောက် တယ် ။ အဲဒီ အသံလေး ကြား ပြီး မှ မြနန်းနွယ် ကို တွေ့ရတယ် ”
ဟု ပြော လိုက်လျှင် ဆရာပါ က ..
“ ဟုတ်ပြီ .. ဟုတ်ပြီ ။ ငါ လည်း ဒီလို ပဲ ကွ ။ အသံလေး တစ်သံ ကြား ရတယ် ။ တိုးတိုးလေး ကွ ။ ဘာ သံ မှန်း လည်း မသိဘူး ။ အဲဒီ အသံ ကြား ရင် ငါ သတိ လစ်သွားတယ် ။ ဟုတ်ပါပြီကွာ ။ ဟုတ်ပါပြီ ။ အခု မင်း ပြော မှ ပိုပြီး ရှင်းသွားတယ် ။ အဲဒီ အသံလေး မကြား ရ တာ ကြာ ပြီကွာ ။ အဲဒီတော့ လွမ်း သလိုလို ပဲ ”
ဟု ပြော လိုက်လျှင် မောင်ဖေသော် က
“ လွမ်းစရာ ရှိရင် ကျွန်တော် က လွမ်း ရမှာပါ ဆရာ ရယ် ”
ဟု ပြော လိုက် လေတော့ သတည်း ။
◾ မင်းသိင်္ခ
📖 မြနန်းနွယ်
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment