❝ သခင်စိုး နှင့် တွေ့ခြင်း ❞
ရန်ကုန်မြို့၌ ဩဂုတ်လထဲတွင် ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာအဓိကရုဏ်းသည် တော်တော်ပင် အေးသွားလေသည် ။
ဈေးဆိုင်ကနားများ ပြန်ဖွင့်ကြ၏ ။ မွတ်စလင̶်က̶̶ု̶̶လ̶̶ာ̶̶း̶ နှင့် မြန်မာဗုဒ္ဓဘာသာတို့၏ ဆက်သွယ်ရေး
မှာ တင်းမာခက်တရော်နေသေးသော်လည်း တစ်ဖက်နှင့်တစ်ဖက် ရန်မူရန် အားမထုတ်ကြ ။ ဟိန္ဒူ
̶က̶̶ု̶̶လ̶̶ာ̶̶း̶များကား မြန်မာဗုဒ္ဓဘာသာတို့နှင့် အလွန်းသင့်စေရန်များအတွက် ဟိန္ဒူ-ဗုဒ္ဓဘာသာဆိုင်
ဟူသောဆိုင်းဘုတ် ဆွဲတင်ခြင်းကို လည်းကောင်း ၊ ဘုန်းကြီးများအား ဆွမ်းကွမ်းလှူဒါန်းခြင်းကို
လည်းကောင်း ၊ တွေ့နိုင်လေသည် ။ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာအဓိကရုဏ်းကို အကြောင်းပြုပြီး ဗမာဗမာချင်း
ရိုင်းပင်းရေး ၊ ဗမာဈေးဆိုင်များတည်ထောင်၍ ဗမာများ ကာကွယ်ရေး စသော ဝံသာနုလုပ်ငန်းများ
တိုးတက်လာလေသည် ။ ကူးသန်းရောင်းဝယ်ရေး၌ ဗမာတို့သည် ̶က̶̶ု̶̶လ̶̶ာ̶̶း̶များထက် ရပ်ကွက်တကာမှာ လိုလိုပင် သမဝါယမအသင်းဆိုင်များ ပေါ်ပေါက်လာခဲ့ပေသည် ။ အလုံ ၊ ကြည့်မြင်တိုင်
ရေကျော် စသော ရပ်ကွက် များသာမက စကော့ဈေးထဲမှာပင် ဗမာဆိုင်များနှင့် သမဝါယမအသင်း
ဆိုင်များ ပေါ်ပေါက်လာခဲ့ပေသည် ။ ဤအတောအတွင်း တက္ကသိုလ် သမဝါယမအသင်း သည်လည်း ထိုးထွက်ကြီးပွားလာခဲ့လေသည် ။
နယ်များမှာကား အဓိကရုဏ်းများ ဖြစ်ပေါ်နေဆဲဖြစ်၏ ။ နယ်များမှာ အဓိကရုဏ်းကို စစ်ပုလိပ်တို့၏ သေနတ်ဖြင့် နှိမ်နင်းပစ်သည်သာ များလေသည် ။
ဩဂုတ်လ ၂၆ ရက် နေ့က ဥပဒေပြုလွှတ်တော်တွင် ညွန့်ပေါင်းအစိုးရအား အယုံအကြည်မရှိ အဆိုသွင်းရာ နန်းရင်းဝန် ဒေါက်တာဘမော် က “ အဓိကရုဏ်း ငြိမ်ဝပ်ပိပြားအောင် သင့်လျော်မည် ထင်သလို စီမံရန် ကျွန်ုပ် အာဏာပေးသည် ” ဟု နယ်အရာရှိများအား အမိန့်ထုတ်ထားကြောင်း ဖွင့်ဟ
ပြောလေသည် ။
ယင်းသို့သော ပစ်ခတ်မှုများကြောင့် လူ ၅၅ ယောက် သေ၍ ၁ဝ၈ ယောက် ဒဏ်ရာ ရရှိလေသည် ။
သေသူ ၅၅ ယောက်အနက် ဗမာ ၅၂ ယောက်နှင့် ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ၃ ယောက် ဖြစ်လေသည် ။
အယုံအကြည်မရှိ အဆိုတွင် ဒေါက်တာဘမော် ၏ ညွန့်ပေါင်းအစိုးရသည် ၆၆ မဲ ရရှိ၍ အတိုက်အခံ
မှာ ၆၁ မဲ ရလေသည် ။ အစိုးရကို ထောက်ခံသူတို့အနက် က̶̶ု̶̶လ̶̶ာ̶̶း̶ ၁၂ မဲနှင့် အင်္ဂလိပ် ၉ မဲ ပါလေသည် ။ အဓိကရုဏ်းကို မဖြစ်မီက မတားဆီးခဲ့ဘဲ ဖြစ်လာသောအခါမှ အရမ်းပစ်ခတ်နှိမ်နင်းသော
ညွန့်ပေါင်းအစိုးရ၏ ပေါ်လစီကို အင်္ဂလိပ်နှင့် ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ဓနရှင်ကြီးများက ထောက်ခံကြောင်း
ထင်ရှားပေ၏ ။
ဩဂုတ်လထဲတွင် အချိန်ရလျှင်ရချင်း မမြင့်ဦး ထံသို့ သွားတွေ့ကာ အဓိကရုဏ်းတုန်းက ကိုယ်တွေ့
အဖြစ်အပျက် များကိုလည်းကောင်း ၊ ကြားမြင်ခဲ့သည်များကို လည်းကောင်း ပြောပြလေသည် ။
မမြင့်ဦး မှာကားအဓိကရုဏ်း တစ်ချိန်လုံး အပြင်မထွက် ၊ ကျောင်းဆောင်အပြင်သို့ လမ်းလျှောက်ရန်ပင် မထွက် ။ အဓိကရုဏ်းဆိုတာ ကြားသာ နေရသည် ၊ သတင်းစာမှာသာ ဖတ်နေရသည် ၊
အဓိကရုဏ်း၏ ဒဏ်ရာဒဏ်ချက် ဆို၍ အဓိကရုဏ်းဖြစ်စက သူ့ သူငယ်ချင်း နေ့ကျောင်းသူ
မခင်ဆွေ သည် ရန်ကုန်မြို့တွင်းရှိ အိမ်သို့ မပြန်နိုင်သဖြင့် သူ့ ခုတင်ပေါ်မှာ ညသိပ်လိုက်ရသည်သာ ရှိခဲ့လေသည် ။ ထို့ကြောင့် ကျွန်တော်က ကိုယ်တွေ့များကို ပြောပြသောအခါ အထူး စိတ်ဝင်စားစွာ နားထောင်လျက်နေပေသည် ။ ကျွန်တော်က မမြမှီ အစရှိသော ̶က̶̶ု̶̶လ̶̶ာ̶̶း̶ ကြား မှ ဗမာများကို
ကယ်ဆယ်ရပုံ ပြောပြသောအခါ ဝိုင်းစက်သော သူ့မျက်လုံးများတွင် ကျွန်တော့်အား အံ့ဩကြည်ညိုသော အရောင်များ သမ်းနေသည်ဟု ကျွန်တော်ထင်ပေးသည် ။
“ မမြမှီဆို တာ သိပ်ချောသလား ''
“ ဟုတ်တယ် သိပ်ချောတယ် ''
“ အရွယ်ကလည်း တင်သလား ''
“ ဟုတ်တယ် တင်တယ် ။ ဒီလို နာတာရှည်ရောဂါသည် လင်နဲ့ နေရတာ သူ့ခမျာ ဝဋ်ဆိုက်နေတာပဲ ” ဟု ကျွန်တော်က သနားကရုဏာစကားများ ပြောလိုက်သောအခါ မမြင့်ဦး ကား
ပြုံးလိုက်ပြီး -
“ သူကတော့ ဒီလို ထင်ချင်မှ ထင်မှာပေါ့ ။ သောတ္ထိသေန ကို သမ္ဘူလ ပြုစုသလို ပြုစုနေရလို့ ပါရမီ
ဖြည့်နေရတယ်လို့ ထင်ချင် ထင်မှာပေါ့ ဟဲ ဟဲ ''
ကျွန်တော်လည်း လိုက်ရယ်လေသည် ။ စိတ်ထဲက မမြင့်ဦး ၏ သဘောထားကို ချီးကျူးနေမိလေသည် ။
“ အားရင် မမြမှီ ဆီ သွားလည်ရအောင် ၊ သူက အလည်လာပါလို့ ဖိတ်ထားတယ် ''
“ တစ်နေ့ သွားတာပေါ့ ၊ နောက် ကျွန်မ ချိန်းမယ်လေ ''
ထိုအတောအတွင်း ကျွန်တော်သည် ဦးဖေ တို့ ခြံသို့ သွားရန်လည်း ဝတ္တရား မပျက်ပါ ။
ဒေါ်ဌေးကြည် က ဆီး၍ လောကွတ် ကောင်းလိုက်သည် ။
“ အမယ်လေး အန်တီတို့ဖြင့် စိတ်ပူလိုက်ရတာ ၊ အန်တီ့ တူကလေး ̶က̶̶ု̶̶လ̶̶ာ̶̶း̶ တွေရဲ့ရန်နဲ့ လွတ်မှ
လွတ်ပါ့ မလားလို့ ။ အိမ်ကို လူလွှတ်မေးမယ် လုပ်ပြန်တော့ သွားရဲ လာရဲတဲ့ လူကလည်း မရှိ ၊
ဒရိုင်ဘာကလည်း မအားဘူး ''
ဦးဖေ က -
“ အိုင်ဆေး ကောလိပ်ကျောင်းသားတွေ တပ်ထွက်ပြီး ရန်ကုန်ထဲ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ တွေ ချဖို့ သွားတုန်းက
မောင် ပါသေးသလား ''
ထိုအခါ ကျွန်တော်သည်အဓိကရုဏ်းအတွင်းက ကိုယ်တွေ့အဖြစ်အပျက် များ ၊ ကြားရ မြင်ရသမျှ
များကို ပြောပြရပြန်လေသည် ။ ဦးဖေ တို့ ဇနီးမောင်နှံ ၊ ဝင်နီ တို့ ညီအစ်မ သာမက အခြား အိမ်သူ
အိမ်သားများပါ စုဝေးလာရောက်၍ နာထောင်ကြလေကုန်သည် ။ ကျွန်တော် ပြောအပြီးတွင်
ဦးဖေ က -
“ အိုင်ဆေး ကိုယ်တော့ ̶က̶̶ု̶̶လ̶̶ာ̶̶း̶- ဗမာ အဓိကရုဏ်းအတွင်းမှာ သည့်ပြင်ဟာ ဘာမှ ဝမ်းမနည်းဘူး ။
မဂိုလမ်း သွားပြီး ပရာတာ နဲ့ ခဘတ် မစားနိုင်တာဘဲ ဝမ်းနည်းတယ် ။ သောက်ကျိုးနည်း ဆိတ်သားမှာတော့ မွတ်စလင် ̶က̶̶ု̶̶လ̶̶ာ̶̶း̶တွေ ကို ဘယ်သူမှ မမီဘူးဟေ့ ''
ဒေါ်ဌေးကြည် က ပြုံးလိုက်လေသည် ။
“ မင်း အန်ကယ်လ်ကတော့ အစားပဲ တွေးနေတာကွယ် ။ အန်တီတို့မှာဖြင့် ပူစရာ အမျိုးမျိုး ကိုယ့်အိမ်သူ အိမ်သားတွေတွက်သာ မကဘူး ၊ ကိုယ့် တူတွေ ၊ ဆွေမျိုးတွေ မိတ်ဆွေတွေ အတွက်လည်း ပူရတာပဲ ။ ဘယ်မှာ အစားတွက် ပူနေနိုင်ပါ့မလဲ ''
အော် - ဦးဖေ နှင့် ဒေါ်ဌေးကြည် ဖက်ပဲ ဖက် မိသေးတာ ။ ဦးဖေ က အစား ၊ ဒေါ်ဌေးကြည် က စကား ။
ကျွန်တော် သည် သူတို့နှစ်ဦးအား တစ်လှည့်စီကြည့်ကာ ငြိမ်နေလိုက်လေသည် ။
စက်တင်ဘာလ ၁၂ ရက်နေ့က စပြီး ရန်ကုန်မြို့၌ ̶က̶̶ု̶̶လ̶̶ာ̶̶း̶-ဗမာ အဓိကရုဏ်း အသစ်တစ်ဖန်
ဖြစ်ပွားလာပြန်လေသည် ။ ကျွန်တော်တို့ ဗမာများဘက် မှ ကြားရသည်ကား ̶က̶̶ု̶̶လ̶̶ာ̶̶း̶များ အလွန်
ချည်းသာတည်း ။
̶က̶̶ု̶̶လ̶̶ာ̶̶း̶များက မော်တော်ဘတ်စ်ကားများကို ခဲနှင့် ဆီးပေါက်သည်ဟု လည်းကောင်း ၊ ၂၄ လမ်းထိပ်တွင် ကျူလယာ ̶က̶̶ု̶̶လ̶̶ာ̶̶း̶များက ဗမာတစ်ယောက်ကို လှံနှင့် ထိုးသတ်လိုက်
သည် ဟုလည်းကောင်း ကြားရလေသည် ။
သို့သော် ဤအကြိမ်တွင်အဓိကရုဏ်းသည် များစွာ ကြီးထွားပြန့်ပွားခြင်း မဖြစ်နိုင်တော့ချေ ။
အကြောင်းမူကား တို့ဗမာအစည်းအရုံး ခေါင်းဆောင်မှုဖြင့် မျိုးချစ်လူငယ်အပေါင်းသည်
အဓိကရုဏ်းကို စနစ်တကျ ဆန့်ကျင်လာကြသောကြောင့်တည်း ။
စက်တင်ဘာလဆန်းစ တစ်နေ့သော် ကျွန်တော်သည် စကော့ဈေးရှိ မြန်မာပိုင် ဆန်းကဖေးတွင်
မိတ်ဆွေ ကိုအေးငွေ နှင့်တကွ လက်ဖက်ရည်သောက်လျက် နေလေသည် ။ ကျွန်တော်တို့ ထိုင်ကြသော စားပွဲမှာ အခန်းလေးများ၏ အပြင်ဘက်တွင် ဖြစ်သည် ။ ကျွန်တော်တို့ စားပွဲနှင့် ဘေးတိုက်
စားပွဲတစ်ခုတွင် အသားအရေ ခပ်ပြည့်ပြည့် ၊ ဗလကောင်းကောင်း နှင့် လူတစ်ယောက်သည် ထိုင်၍
စားပွဲပေါ်မှာ စာအုပ်ကြီးတစ်အုပ် ဖွင့်ချကာ စာဖတ်နေသည် ။ သူ့ဗိုလ်ကေမှာ ခပ်တိုတို ဖြစ်၏ ။
မျက်နှာမှာ နီစပ်စပ် ဖြစ်၏ ။ သူသည် တစ်စုံတစ်ရာ စားရန် မှာထားဟန် ရှိ၏ ။ စားပွဲထိုး ̶က̶̶ု̶̶လ̶̶ာ̶̶း̶က
သူ့ရှေ့သို့ ကြက်သွန် နှင့် သခွားသီး ပန်းကန်တစ်ခု လာချလေသည် ။ သူသည် ပန်းကန်ထဲသို့
ငံပြာရည် လောင်းထည့်ပြီးနောက် ခရမ်းချဉ်သီးဆော့စ်ကို လောင်းထည့်၏ ။ ခရမ်းချဉ်သီးဆော့စ်
မှာ နည်းနေသဖြင့် အသစ်ပုလင်းယူခဲ့ရန် တောင်းလေသည် ။ ထိုအခါ စားပွဲထိုးက အင်တင်တင်
လုပ်နေရာ ဆိုင်ရှင် ဦးထွန်းရင် ကိုယ်တိုင် ဆော့စ်ပုလင်းသစ်ကို ယူလာပြီး ပေးလေသည် ။ သို့ကလို
ဦးထွန်းရင် ကိုယ်တိုင်က အရေးတယူ ဆော့စ်ပုလင်း လာပေးသောကြောင့် ကျွန်တော်တို့သည်
ထိုသူ့အား ပို၍ ဂရုစိုက်ကာ ကြည့်နေမိလေသည် ။
ထိုသူသည် ပန်းကန်ထဲသို့ခရမ်းချဉ်သီးဆော့စ်များကို ခပ်များများ လောင်းထည့်ပြီးနောက်
ကြက်သွန် ၊ သခွားသီးများကို ခက်ရင်းနှင့်မွှေပြီး သည်အတိုင်း စားနေလေသည် ။ စားရင်း
စာအုပ်ကို သဲသဲမဲမဲ ဖတ်နေလေသည် ။
သူ့ကိုကြည့်ရင်း သူဟာ ဘယ်သူများ ဖြစ်ပါလိမ့်ဟု တွေးနေမိလေသည် ။ ကြက်သွန်တစ်ပန်းကန်
ကုန်သွားသောအခါ တက်ဘုန်းကြီး ကိုသိန်းဖေ ရောက်လာပြီး သူ့ဆီကို တန်းသွားလေသည် ။
ကိုသိန်းဖေ သည် သူနှင့် မျက်နှာချင်းဆိုင်၍ ထိုင်လိုက်လေရာ ကျွန်တော်တို့ကို မြင်သွားလေသည် ။
“ ဟလို ကိုတင်ထွန်း တို့ပါလား ၊ ဒီကိုလာပါ ရဲဘော် ၊ စကား ပြောရအောင် ''
ကျွန်တော်တို့ နှစ်ယောက်သည် သူတို့ စားပွဲသို့ ကူးသွားကြလေသည် ။ ထိုအခါ ကိုသိန်းဖေ က -
“ ဒါက သခင်စိုး လေ တွေ့ဖူးပြီလား ၊ သခင်စိုး ဟောဒါကောလိပ်ကျောင်းသား ကိုတင်ထွန်း တဲ့ ၊
ဘယ်သူတဲ့ ရဲဘော်နာမည် ၊ ဆောရီးဗျာ မေ့နေလို့ ''
“ အေးငွေ ''
ကျွန်တော်တို့မှာ သခင်စိုး ၏ အကြောင်းကို ကြားဖူးနေလေပြီ ။ သူ၏ စာအချို့ကိုပင် ဖတ်ဖူးနေလေပြီ ။ ထို့ကြောင့် ' မှာထား အလားသင့် ' ဆိုသလို တွေ့ရသဖြင့် ဝမ်းသာကြပေသည် ။
စားပွဲထိုးက ဆိတ်သားချော့ပ် လာချသည် ။ သခင်စိုး က ကြက်သွန် ထပ်တောင်းပြီးနောက်
ကျွန်တော်တို့ ဘက်သို့ -
“ ခင်ဗျားတို့ ကောလိပ်ကျောင်းသားတွေ တပ်ဖွဲ့ပြီး မြို့ထဲ ̶က̶̶ု̶̶လ̶̶ာ̶̶း̶တွေကို ထွက်ချဖို့ လုပ်နေတုန်းက ခင်ဗျားတို့ ပါသေးသလား ” ဟု ကောက် မေးလိုက်သည် ။
“ ဟုတ်ကဲ့ ၊ ထွက်ချဖို့ လိုက် မယ်လို့တော့ မရည်ရွယ်ပါဘူး ။ တပ်စုတဲ့ နေရာကိုတော့ ရောက်သွားပါသေးတယ် ''
“ အေးဗျာ ကောလိပ်ကျောင်းသားတွေ ခွေးဇာတ် မခင်းမိတာ တော်သေးတာပေါ့ ။ ဒီမှာ လူမျိုးရေး
အဓိကရုဏ်းတို့ ၊ ဘာသာရေး အဓိကရုဏ်းတို့ဆိုတာ နို်င်ငံချဲ့ဓနရှင်ကြီးတွေ့ရဲ့ အဆိပ်ဖြေဆေး
ပဲဗျ ။ တစ်နည်းပြောရရင် ဘွိုင်လာကြီး မပေါက်ကွဲရအောင် ထားရတဲ့ ဆေ့ဖ်တီးဗဲလ်တ် ပဲဗျ ''
ကျွန်တော်တို့က ဘာမျှပြန်မပြောဘဲ သူ့အပြောကိုသာ နားစွင့်နေကြသည် ။ သူသည် ဆိတ်သားကို ကိုက်ဖဲ့စားပြီးနောက် ဆက်ပြန်လေသည် ။
“ ရေနံမြေ ပစ္စည်းမဲ့ အလုပ်သမားတွေက အင်္ဂလိပ် ဓနရှင်ကြီးတွေကို သပိတ်မှောက်ပြီး တိုက်နေကြတယ် ။ တောင်သူလယ်သမားတွေက သီးစားခ ၊ အတိုး ၊ မြေခွန်တော် တိုက်ပွဲတွေ ဆင်နေကြတယ် ။
တို့ဗမာအစည်းအရုံးကြီး က ဒီတိုက်ပွဲတွေ ခေါင်းဆောင်ပြီး နယ်ချဲ့စနစ်လက်အောက်က လွတ်အောင် တိုက်နေကြတယ် ။ ဒီလို အင်္ဂလိပ်ဓနရှင်ကြီးတွေကို ဝိုင်းတိုက်နေကြတဲ့အခါမှာ ဓနရှင်ကြီးတွေဟာ ကျုပ်တို့ရဲ့အာရုံတွေ လမ်းပြောင်းသွားအောင် ̶က̶̶ု̶̶လ̶̶ာ̶̶း̶- ဗမာ အဓိကရုဏ်းကို ဖန်တီးပေးတာပဲ ။
̶က̶̶ု̶̶လ̶̶ာ̶̶း̶လည်း အင်္ဂလိပ်ကျွန် ၊ ဗမာလည်း အင်္ဂလိပ်ကျွန်ပဲ ။ ကျွန် - ကျွန်ချင်း ခွက်စောင်း
ခုတ်နေမှ အင်္ဂလိပ်ဟာ ဆက်ပြီး အုပ်စိုးသွားနိုင်မှာ ကိုးဗျ ။ ဟုတ်တယ် မဟုတ်လား ကိုသန်းဖေ ''
သူသည် ကိုသိန်းဖေ အား သို့ကလို မေးလိုက်ခြင်းမှာ သူ့ကို ထောက်ခံရန် လူရှာခြင်း ဖြစ်သည်သာမက ကိုသိန်းဖေ ပါ ဝင်စကားပြောအောင် ဖိတ်လိုက်ခြင်းဖြစ်ဟန် တူသည် ။ ကိုသိန်းဖေ အား ဝင်ပြောစေပြီး သူကား ဆိတ်သားများကို ကိုက်ဖဲ့စားသောက်နေလေသည် ။
ကိုသိန်းဖေ က အင်္ဂလိပ် တို့သည် ̶က̶̶ု̶̶လ̶̶ာ̶̶း̶တွေကို သွင်းလာပုံနှင့် အင်္ဂလိပ် လုပ်ထားသော လူဝင်လူထွက် ဥပဒေအကြောင်းကို ပြောနေလေသည် ။ သခင်စိုး ၏ ဆိတ်သားပန်းကန် ကုန်လေပြီ ။
ဆိတ်သားကုန်တော့မှ သူမှာထားသော ကြက်သွန်ပန်းကန် ရောက်လာလေသည် ။ သူသည်
ကြက်သွန်ပန်းကန်ထဲသို့ ယခင်နည်းတူ ငံပြာရည် နှင့် ခရမ်းချဉ်သီးဆော့စ်တို့ကို လောင်းထည့်ပြီး
သည်အတိုင်း စားနေပြန်လေသည် ။ သူစားစဉ် ကိုသိန်းဖေက စကားဆက်ပြောနေပေ၏ ။
“ ̶က̶̶ု̶̶လ̶̶ာ̶̶း̶- ဗမာ အဓိကရုဏ်းဖြစ်လာတော့ ဘယ့်လောက် ပစ္စည်းတွေ ပျက်စီးဆုံးရှုံးသလဲ ကြည့် ။
ဘယ့်လောက် လူတွေသေသလဲ ကြည့် ။ ခုထိ အဓိကရုဏ်းမှာ လူ ၁၆၅ ယောက် သေပြီး ဒဏ်ရာရသူ
၈၁၈ ယောက် ဖြစ်တယ် ။ ဒါဟာ စာရင်းကောက်ရသလောက် ဖြစ်တယ် ။ အစိုးရက ဘယ်သူ့ နာနာ နှိပ်စက်သလဲ ကြည့်ဦး ။အဓိကရုဏ်း အကြောင်းပြုပြီး သခင်တွေ အများကြီးကို ဖမ်းတယ် ။
ဘိုကလေးက တို့ဗမာအစည်းအရုံး အတွင်းရေးမှူး သခင်ရှိန် အဖမ်းခံရတာ ကြည့်ပါလား ''
ကိုသိန်းဖေ က လက်ဖက်ရည်သောက်နေသည် ။ သခင်စိုး က ပြောပြန်လေသည် ။
“ အချုပ်မှာတော့ ဓနရှင်စနစ်ရှိနေရင် လူမျိုးရေးအဓိကရုဏ်းတို့ ဘာသာရေးအဓိကရုဏ်းတို့ဆိုတာ
ရှိမှာပဲ ။ ဘာဖြစ်လို့လဲဆိုတော့ ဓနရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ကြတဲ့ ပစ္စည်းမဲ့များ ၊ အလုပ်သမားများ ၊ ဆင်းရဲသားများကို လမ်းလွဲရောက်အောင် တမင်ဖန်တီးပေးရတယ် ။ သွေးခွဲပေးရတယ် ။
ဒီတော့ ကျုပ်တို့က သွေးခွဲမခံဖို့ အရေးကြီးတယ် ။ လမ်းလွဲမရောက်ဖို့ အရေးကြီးတယ် ။
ဦးလည်မသုန် ဓနရှင်စနစ်ကို အမြစ်ပါဖြုတ်ပစ်ဖို့သာ လိုတယ် ။ ဒါမှ လူမျိုးရေးအဓိကရုဏ်းတွေ
ဘာတွေ ချုပ်ငြိမ်းပပျောက်သွားမှာပဲ ''
ထိုအတွင်း သူငယ်တစ်ယောက်ဝင်လာပြီး သခင်စိုး နှင့် ကိုသိန်းဖေ တို့အား ကိုနု က အခေါ်လွှတ်သည်ဟု ပြောလေသည် ။
သူတို့သည် ခပ်မြန်မြန်စားသောက်ကြသည် ။ သခင်စိုး က သူ့စာအုပ်ထဲတွင် ညှပ်ထားသော
တို့ဗမာအစည်းအရုံးမှ ထုတ်ပြန်ကြေညာသည့် ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာတို့သည် အဓိကရုဏ်းကိုရှောင်ရှား၍
သင့်မြတ်စွာနေကြရန်နှင့် နယ်ချဲ့အင်္ဂလိပ်ကို ညီညွတ်စွာ တိုက်ထုတ်ရန် စာတမ်းအချို့ကို
ကျွန်တော်တို့အား ပေးလေသည် ။ ကိုသိန်းဖေ ကမူ နဂါးနီစာအုပ်အသင်း ကြော်ငြာစာရွက်များနှင့်
အသင်းဝင်ပုံစံများကို ပေးလေသည် ။ ထို့နောက်သူတို့သည် ဆန်းကဖေးအနီးတွင် တည်ရှိသော
နဂါးနီ စာအုပ်အသင်းတိုက်ထဲသို့ ဝင်သွားကြလေသည် ။ ကိုနု ကား ' နဂါးနီ ' စာအုပ်အသင်းကို
တည်ထောင်ပြီး ကိုယ်တိုင် ဦးစီးလုပ်ကိုင်လျက် ရှိလေ၏ ။
ကျွန်တော်သည် ကိုသိန်းဖေ ပေးခဲ့သော နဂါးနီစာအုပ်အသင်း ကြော်ငြာစာကို ဖတ်နေလေသည် ။
နဂါးနီစာအုပ်အသင်း
ဗမာပြည်တွင် ဆင်းရဲခြင်း ၊ ရောဂါထူခြင်း ၊ ပညာမဲ့ခြင်းများ ထူပြောနေလေရာ
ထို မကောင်းဆိုးရွားသုံးပါးကို ပယ်ဖျောက်နိုင်သောပညာနှင့် ပယ်ဖျောက်ပြီးလျှင်
လူတိုင်းလူတိုင်း၏ လွတ်လပ်ရေး ၊ တိုးတက်ရေး ၊ ငြိမ်းချမ်းရေးကို အခြေခံကာ
ခေတ်သစ်တစ်ခု တည်ထောင်နိုင်မည့် ပညာများကို နဂါးနီစာအုပ်အသင်းက
ပေးလျက်ရှိပြီ ။
သင်သည် အသင်းသားအဖြစ်ဖြင့် ဝင်၍ ထိုအသင်း၏ တာဝန်များကို ဝိုင်းဝန်း
ကူညီ ဆောင်ရွက်ပါလော့ ။
ကျွန်တော်သည် တို့ဗမာအစည်းအရုံးက ထုတ်ဝေသော အဓိကရုဏ်းဆန့်ကျင်ရေး စာတမ်းကို
ကမာရွတ် သခင်များနှင့် ရပ်မိရပ်ဖတို့၏ အကူအညီဖြင့် ထပ်မံရိုက်နှိပ်ပြီး တစ်ဆင့်ဝေငှလေသည် ။
ကောလိပ်ကျောင်းမှာ လည်းကောင်း ၊ ကမာရွတ်မှာလည်းကောင်း ၊ နဂါးနီ စာအုပ်သင်း ကြော်ငြာများ ဝေပြီး အသင်းသားစုလေသည် ။ အလုပ်အကိုင်မရှိသော ကိုကြွယ် ၊ ပုံနှိပ်တိုက် ဒုတိယဖိုမင်
ဦးလေးမြင့် ၊ ပင်စင်စားဝန်ထောက်ကြီး ဦးဖေ ၊ မြန်မာစာဂုဏ်ထူးတန်း မမြင့်ဦး စသော မိတ်ဆွေများ
ကိုပင် စတင်၍ နဂါးနီစာအုပ်အသင်းဝင် အဖြစ်သို့ သွတ်သွင်းရပေသည် ။
မကြာမီ နဂါးနီစာအုပ်အသင်းမှ ကိုသိန်းဖေ ရေးသော ̶က̶̶ု̶̶လ̶̶ာ̶̶း̶- ဗမာတိုက်ပွဲ စာအုပ်ကလေး ထွက်ပေါ်လာလေသည် ။ ကိုထွန်းအေး ၊ ကိုထွန်းရွှေ ၊ ကိုထွန်းအုံ ၊ သခင်တင်မောင် ၊ ကိုအောင်ဆန်း ၊
ကိုဘဟိန်း ၊ သခင်ထိန်ဝင်း ၊ ကိုနု နှင့် ကိုဗဆွေ တို့က ထိုစာအုပ်ငယ်ကို ထောက်ခံ၍ တာဝန်ပူးတွဲ
ယူကြောင်းကို တွေ့ရသည် ။ ကမာရွတ်၌ မြန်မာပိုင် ကုန်စုံဆိုင်ဖွင့်ပွဲတစ်ခုရှိရာ ကျွန်တော်၏
ဆော်ဩချက်အရ ဆိုင်ရှင်က ထိုစာအုပ်ကလေးများကို ဝယ်၍ ကြွလာသော ပရိသတ်အား ဝေငှ
လေသည် ။
ကျွန်တော်ကား အတော်တိုးတက်လာပြီဟု ဆိုနိုင်ပါသည် ။ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် သခင်
လိုလားသူ ဖြစ်ခဲ့သည် ။ ဆုတ်ကန်ဆုတ်ကန် နှင့် သခင်နောက်လိုက် လုပ်ခဲ့သည် ။ ဝါးလုံးခေါင်း
လသာသည့်ပမာ တစ်ယောက်ချင်း နှစ်ယောက်ချင်း သခင်တရား ဟောခဲ့သည် ။ ယခုမှာမူ
တက်ကြွသော သခင်ဝါဒဖြန့်သမား ၊ စည်းရုံးရေးသမား ဖြစ်လာလေပြီ ။ အစက ̶က̶̶ု̶̶လ̶̶ာ̶̶း̶- ဗမာ
အဓိကရုဏ်းကို မကြိုက်သော်လည်း ဘာမျှ မလုပ်တတ်ဘဲ လက်ပိုက်ကြည့်နေခဲ့ရသည် ။ နောက်
တစ်ဆင့် ̶က̶̶ု̶̶လ̶̶ာ̶̶း̶များအကြားတွင် အနေကျပ်နေသော ဗမာများကို ဝင်ကယ်ခဲ့သည် ။ ယခုတော့
̶က̶̶ု̶̶လ̶̶ာ̶̶း̶-ဗမာ အဓိကရုဏ်းကို စနစ်တကျ ဆန့်ကျင်ဖြိုဖျက်နေလေပြီ ။
ကျွန်တော်ကား အတော်တိုးတက်လာပြီဟု မဆိုနိုင်ပါ သလော ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment