❝ ကျွန်းပိုင်ရှင်မ ❞
[ ကျွန်းပိုင်ရှင်မကြီး ဒေါ်ခင်စိုး ကို မြိတ် မှ ကော့သောင်း သို့ သွားသည့် အမြန်ရေယာဉ် ပေါ်မှာ ကျွန်တော် ဆုံတွေ့ ရခြင်း ဖြစ်သည် ။ သူ့ ကို ‘ ကျွန်းပိုင်ရှင်မကြီး ’ ဟု ချစ်စနိုး ကင်ပွန်း တပ် ထားကြသည် ။ ကပ္ပလီပင်လယ်ပြင် အတွင်း မြန်မာနိုင်ငံ တောင်ဖျား ရှိ ဝကျွန်း ပေါ်မှာ ကိုယ်ပိုင် ရွာကြီး တစ်ရွာ တည်ထားပြီး ရွာသူရွာသားများ ၏ ကျန်းမာရေး ၊ ပညာရေး ၊ လူမှုရေး ကို တာဝန်ယူ ပေးနေသူ ဖြစ်သည် ။
ရွှေဆွဲကြိုး တုတ်တုတ် ၊ ရွှေလက်ကောက် ထူထူ ငါးကွင်း ၊ ရွှေလက်စွပ် ပုလဲလုံး ကြီးကြီး ၊ စိန်နားကပ် ၊ ရွှေလက်ပတ်နာရီကြိုး ၊ နေကာမျက်မှန် အကောင်း စား ဆင်မြန်းထားသော ဒေါ်ခင်စိုး ( ၅၈ နှစ် ) က လက်ပွေ့အိတ်ကြီး ကို ကိုင်ထား သည် ။ လက်သည်းခြေသည်း ကို ပုလဲနှစ် ဆိုးထားသည် ။ မြင်ရုံ ဖြင့် လူကုံထံ မှန်း သိသာသည် ။
သူ တည် ထားသော ကျွန်း ပေါ် က ရွာ မှာ ဆေးရုံ တစ်ခု ရှိဖို့ ၊ အထက်တန်းကျောင်း တစ်ခု ဖြစ်လာဖို့ ဒေါ်ခင်စိုး စိတ်အား ထက်သန် နေသည် ။ ဒေါ်ခင်စိုး က အဏ္ဏဝါစိုး ကုမ္ပဏီ ထူထောင် ပြီး ဒါရိုက်တာ လုပ်နေသည် ။ သို့သော် သူ ကိုယ်တိုင် အတန်းကျောင်း မနေခဲ့ရပါ ။ ဘုန်းကြီးကျောင်း ထွက် သာဖြစ်ပါသည် ။ “ ဒေါ်ခင်စိုး လို ဘုန်းကြီးကျောင်းထွက်တောင် မှ ကုမ္ပဏီ ထောင်ပြီး ဒါရိုက်တာ လုပ်နိုင်သေးတာပဲ ၊ ကလေးတွေ စာသင်ဖို့ လိုသလား ” လို့ သူ့ သဘော သိချင်၍ ကျွန်တော် မေးပါသည် ။ ]
••••• ••••• •••••
ကျွန်မ က မြိတ်သူ ။ လွန်ခဲ့တဲ့ နှစ် သုံးဆယ် ကျော် က ပုလဲလုပ်ငန်း လုပ်ရင်း လှေ တစ်စင်း နဲ့ ကျွန်း ကို ရောက် သွားပြီး ကျွန်မ ရွာ တည်လိုက်တာ ။
၈ဝ ခုနှစ် က ဝကျွန်း ပေါ်မှာ ကျွန်မ ရွာ စ တည်တယ် ။ ၈၂ ခု မှာ အိမ်ခြေ သုံးဆယ် လောက် ၊ ၈၄ မှာ အိမ်ခြေ လေးငါးခြောက်ဆယ် လောက် ၊ ၈၅ မှာ အိမ်ခြေ တရာကျော် ဖြစ်လာတယ် ။
ကျွန်မ က အိမ်တန်းလျားတွေ ဆောက်ပြီး နေခွင့် ပေးတယ် ။ လခ သဘောမျိုး တစ်လ ပုဇွန် တစ်ပိဿာ ယူတယ် ။ ယခု တိုက်ခန်း လည်း ၁ဝဝ ကျော် ရှိသွားပြီ ။
ဝကျွန်း ကို ရောက်လာလို့ အလုပ် လုပ်ချင်တယ် ဆိုရင် ကျွန်မ က ငွေ စိုက်ပြီး လှေ ၊ ပိုက် ၊ စက် ထောင် ပေးတယ် ။ စားဖို့သောက်ဖို့ ငွေ ထုတ်ပေးတယ် ။ ပုဇွန် ဖမ်းပြီး ပြန် သွင်းရတယ် ။ တန်ဖိုး ကြေရင် အပိုင်ယူ ။ အချို့က နှစ်လသုံးလ နဲ့ ကျေတယ် ။ မလေးစားတဲ့ လူ ကတော့ တစ်နှစ် နဲ့ မကျေဘူး ။ အချို့ ကလည်း ပေးစရာ ကြွေး မပေးတော့ဘဲ ထွက်ပြေးတာလည်း ရှိတယ် ။ ကျွန်မ က ဘာမှ လိုက် မလုပ်ပါဘူး ။ နောက်ကျ ပြန်လာတဲ့ သူတွေ လည်း ရှိတယ် ။
ကျွန်မ က တစ်နှစ် နှစ်ခါ အလှူ လုပ်တယ် ။ ပုဆိုးတွေ ထဘီတွေ အင်္ကျီတွေ ၊ မိုးခါဆိုရင် မိုးကာအင်္ကျီ ၊ ခမောက်တွေ ပေးတယ် ။
တစ်ကျွန်းလုံး ရဲ့ ကျန်းမာရေး ၊ ပညာရေး ၊ လူမှုရေး အားလုံး ကျွန်မ က တာဝန် ယူထားတာ ။ ကျွန်းပေါ် မှာ ဆေးရုံ ဆောက် ထားတယ် ။ ဆရာဝန်တို့ နာ့စ်မတို့ ငှားချင်တယ် ။ ဆရာဝန် ကို တစ်လ သုံးသိန်း လောက် ပေးမယ် ။
ကျောင်း က လည်း လေးတန်းကျောင်း တော့ ဖြစ်ပြီ ။ ငါးတန်း ခြောက်တန်း ဖွင့်မယ် ။ ဆရာ ဆရာမ ငှား သင်မယ် ။ ဆယ်တန်းကျောင်း အထိ လုပ်ပေး ဖို့ ရည်ရွယ် ထားတယ် ။ နှစ်ထပ်ကျောင်း တော့ ဆောက်ပြီးပြီ ။ ကွန်ပျူတာ ကို ကျွန်မ မရိုက်တတ် ပေမယ့် အောက် ကလေးတွေ ကျ ရိုက်တတ်ရမှာပေါ့ ။ အခုဆိုရင် ကျွန်မ မှာ အီးမေးလ် ရှိတယ် ၊ ကွန်ပျူတာ ရှိတယ် ၊ အိုင်ပီစတား နဲ့ ချိတ် ထားတာ ။
ကလေးတွေ ပညာ နောက် မလိုက်ဘဲ ငွေ နောက် လိုက်မှာ စိုးတယ် ။ ငါးပုဇွန်လှေ အစု လိုက်မယ် ဆိုရင် ၁ဝဝဝ မှာ ၂ဝဝဝ ရနေပြီ ။ ငါးစု တစ်စု ရတာ ။ ငါးလှေ လိုက်နေတော့ ပညာရေး မလိုက်ချင်ဘူး ။ ပိုက်ဆံ လွယ်လွယ် ရတော့ လွယ်လွယ် သုံးမယ် ။ ( မျက်နှာချင်းဆိုင် ထိုင် နေတဲ့ ၁၂ နှစ်ခန့် အရွယ် လူငယ်ကလေး ကို ညွှန်ပြပြီး ) ဒီ အရွယ် နဲ့ ဆေးလိပ် သောက်မယ် ။
ကျွန်မ က လူငယ်လေးတွေ နောင်ရေး အတွက် ရင်လေးတယ် ။ စာ မတတ်တဲ့ လူတွေ များ လာရင် နောင် အခါမှာ အခက်အခဲ တွေ့မယ် ။ လူတွေ ရဲ့ အသိဉာဏ်တွေ က ထိုင်း ထိုင်းလာတယ် ။ ကျွန်မ အမျိုးသား ဦးစောကြင် နဲ့ ကျွန်မ နဲ့ က စိတ်သိကိုယ်သိ စာသင်ကျောင်း လုပ်ကြတာ ။ ကလေးတွေ ကို ကျောင်း နေ အောင် တွန်းအား ပေးတယ် ။ ဘယ်လို တွန်းအား ပေးတယ် ထင်သလဲ ။ ( ရယ်လျက် ) ကျောင်း မနေဘဲ ငါးလှေ လိုက်ရင် ကျောင်း ကို ရိုက်ပို့မယ်လို့ ပြောထားတာ ။
⎕ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
No comments:
Post a Comment