Wednesday, February 22, 2023

တောသားကြီး ( ၅ )


 ကျွန်တော်တို့ ရွာ‌တွေ မှာ ပဒိုင်းသီး စား တာ သိပ် အဆန်း‌တော့ မဟုတ်ပါဘူး ။ သူငယ်ချင်း အချင်းချင်း ‌နောက်‌ပြောင်ပြီး သူ စားမယ့် အစားအစာ‌တွေ ကွမ်းယာ‌တွေ ထဲ ပဒိုင်းသီး ထည့်‌ ကျွေးပြီး သူ ရူး သွားရင် အားလုံး ဝိုင်း ရယ်ကြတယ် ။ တချို့လူကြီး‌တွေ က တစ်နှစ် ကို တစ်ခါ ပဒိုင်းသီး စားကြတယ် ။ ပဒိုင်းသီး ဟာ ‌သွေးလည်ပတ်မှု ကို မှန်ကန်‌ စေတယ် ၊ တစ်ရက် ရူး ပြီးရင် ‌ခေါင်း ရှင်းပြီး ကြည်လင် သွားတယ်လို့ ဆိုကြပါတယ် ။


ရွာ ထဲ မှာ ဦးတင်‌အောင် ဆိုတဲ့ လူ ရှိတယ် ။ သူ ဆိုရင် တစ်သက်လုံး ‌ဆေး မစားခဲ့ဖူးဘူး ။ တစ်နှစ် တစ်ခါ ပဒိုင်းသီး‌ တော့ မှန်မှန် စားတယ် ။ စားတဲ့‌ နေ့ ဆို အိမ် တိုင် မှာ ကြိုး နဲ့ ချည်ပြီး ချုပ် ထား လိုက် ။ ‌နောက်‌နေ့ ကျရင် လွှတ်လိုက် ။ Good ပဲ ဆိုပဲ ။ သန် တာ က လည်း နွား တစ်‌ကောင် ငယ်ငယ် ကတည်း က မ မ , လာတယ် ဆိုတဲ့ လူမျိုး ။


အဲ ... ဒါ‌ပေမယ့် မိန်းမ က ‌တော့ ‌ကြောက် သဗျ ။ ဘယ်‌လောက်ထိ ‌ကြောက်ရသလဲ ဆို မိန်းမ က ‌လေ တက်ပြီး “ ‌အေ့ ”ကနဲ ဖြစ်တာ‌တောင် သူ့‌ ခေါ်တယ် ထင်ပြီး အိမ်‌ပေါ်‌ ပြေး‌ ပြေး တက်ရတာ အ‌မော ။ ‌နောက်ပြီး သူတို့ နှစ်‌ယောက် က ဝန်ထမ်း‌ဟောင်း‌တွေ ၊ ဝန်ထမ်း သဘာဝ ပင်စင် စားပြီး အနားယူ လာကြတာ ။ အသက်‌ တော့ ကြီးရှာပြီ‌ ပေါ့ ။ သူ့ မိန်းမ က ဦးတင်‌အောင် ထက် ရာထူး ကြီးတယ် ဆိုပဲ ။ ဒါ‌ကြောင့် ဦးတင်‌အောင်ကြီး က သူ့ မိန်းမ ကို မဟားဒယား ကျွတ်‌ နေတာ‌ပေါ့ ။


နှစ်‌ယောက် လုံး က တပ်မ‌တော် ထွက် ဝန်ထမ်း‌ဟောင်း‌တွေ ဆို‌တော့ စစ်သားစိတ် မ‌ပျောက်ချင် ကြဘူး ။ သူတို့ အိမ် မှာ အမြဲတမ်း စစ်မိန့်သံ‌တွေ ကြား‌ နေ ရတယ် ။


“ ခြင်‌ထောင် ထဲ ဝင်ခွင့်ပြုပါ ”


“ အမြန် ... ဝင် ”


“ နား ခွင့်ပြုပါ ”


“ ဆက် ... လုပ် ..... ဆက် ... လုပ် ”


“ ဆက် လုပ်ခွင့်ပြုပါ ”


“ တန်း ... ရပ် ”


စသည်ဖြင့်‌ ပေါ့ ဗျာ ။ ‌နော့ ။ အမိန့်သံ နဲ့ ‌အော် ကြတာ ။


ည‌နေ‌ စောင်းပြီ ဆို ရင်လည်း ဦးတင်‌အောင်ကြီး ရဲ့ သီချင်းသံ ကြားရပြီ ။ သီချင်း က မ‌ပြောင်းဘူး ... တစ်ပုဒ်တည်း ပဲ ... ဘာတဲ့ ။


“ ချစ်သည်း‌လေး မှာ ရှိတယ် ... ကိုကြီး က သိတယ် ... ချစ်သည်း‌လေး ဝှက် ထားတယ် ... အစ်ကိုကြီး ‌တွေ့ လိုက်တယ် ... ချစ်သည်း‌လေး မှာ ရှိမယ် ”


တစ်မျိုး မထင်နဲ့ဦး ။ လာမယ် ... ဘာမှ မဟုတ်ဘူး ။ “ စုဘူး‌လေး စုထားတယ် ” ဆိုတဲ့ ‌မေဆွိ ရဲ့ သီချင်း ကို သူ့ ဘာသာ သူ ပြန် စပ်ထားတာ ၊ ဆက် ဦးမယ် ။


ဘာ ထင်‌ နေလို့လဲ ။ ဘာမှ မဟုတ်ဘူး ။ ဦးတင်‌အောင်ကြီး အရက် ဖိုး‌ တောင်း‌ နေတာ ။ ဟိုက အရက်ဖိုး မ‌ပေးချင် လို့ ခါး ကြား ထဲ ပိုက်ဆံ လိပ် ထားတာ ။ အဲဒါကို ‌တောင်း‌ နေတာ ။ မသိရင်‌တော့ တစ်မျိုးကြီး‌ ပေါ့ ။ သိ‌တော့လည်း အဲ ... တစ်မျိုးကြီးပါပဲ ‌လေ ။ အဲ ... လိုက် ဆို ကြည့်ပါလား ။


“ ချစ်သည်း‌လေး မှာ ရှိတယ် ... အစ်ကိုကြီး က သိတယ် ... ချစ်သည်း‌လေး ဝှက် ထားတယ် ... အစ်ကိုကြီး ‌တွေ့လိုက်တယ် ... ချစ်သည်း‌လေး မှာ ရှိတယ် ... မင်း ဝှက်ထားတာ ရှိမယ် ... ကိုကို‌ လေ ... သိတယ် ... လျှို့ဝှက်ချက်‌တွေ ရှိမယ် ... အရက်ဖိုး‌ တော့ ‌ပေးဦး ကွယ် ”


ဟမ် ... ဆိုရတာ ကို စီး‌ နေတာပဲ ။ ‌ခွေ ထုတ် စားရင် ကိုကို ကာလသား အရက်သမား‌တွေ အ‌တော် ကြိုက်မယ် ။ ‌တောက် ... ခွင် က ငြိ ပြန်ပြီ ။


အဲ ... ကိုယ့် လူ က အဲဒီလို ဗျ ။


‌နောက် တစ်‌ယောက် ရှိ‌သေးတယ် ။ သူ့ လို ပဲ ။ နာမည် က ဦး‌ရေပြား ... တဲ့ ။


ဦး‌ရေပြား က ရွာ မှာ နာမည်ကြီး လူမိုက် ဗျ ။ ကျွန်‌တော်တို့ ရွာ ကို စ‌ ရောက်တဲ့‌ နေ့ မှာ ပဲ ... ထန်း‌တော ထဲ က ဦး‌ရေပြား ရဲ့ ဆဲသံ ကို ကြား ရတယ် ။


“ ‌ဟေ့ ... ဦး‌ရေပြား တဲ့ ကွ ၊ သတ္တိ ရှိတဲ့‌ ကောင် ထွက်ခဲ့ ... မင်း တို့ ထက် မိုက်လို့ မင်းတို့‌ ခေါင်း အထက် က ဦး‌ရေပြား ဆိုပြီး မှည့် ထား တာ ။ ဦး‌ရေပြား တဲ့ ကွ ... ‌ခေါင်း‌ ပေါ် မှာ ဘာမှ အတင် ခံတာ မဟုတ်ဘူး ။ ဘယ်‌ကောင် ဦး‌ရေပြား‌ ပေါ် တင်ချင်လဲ ... ထွက်ခဲ့စမ်းပါ ... ‌နောက်‌ ပေါက်တဲ့ ဆံပင်‌မွှေး က ဦး‌ရေပြား ထက် အရပ် ရှည် ချင်လို့ က‌တော့ အားလုံး ကို ရိတ်ပစ်လိုက်မယ်ကွ ။ ‌ရေပြား ကို ‌ကြောလို့ မရဘူး ”


စသည်ဖြင့် ဓား တယမ်းယမ်း နဲ့ စိမ်‌ခေါ်‌ နေတာ ။ အားလုံး က လည်း ဦး‌ရေပြား ကို ငြိမ်ပြီး ကြည့်‌ နေ ရတယ် ။


“ ဟင် ... ဘယ်‌ကောင် မှ သတ္တိ မရှိ‌တော့ဘူးလား ။ ဦး‌ရေပြား ကွ ဘယ်‌ကောင် မှ အတင် ခံတာ မဟုတ်ဘူး ... လာခဲ့ကြ‌လေကွာ ... ထွက်ခဲ့ပါ‌တော့လား ... ဦး‌ရေပြား တဲ့‌ နော် ”


ဆိုပြီး ‌အော် ‌နေတယ် ။


အဲဒီ အချိန် မှာ ပဲ ...


“ ဟိတ် ”


ဆိုတဲ့ အသံ ကြား ရတယ် ။ ကြည့် လိုက်‌တော့ မိန်းမကြီး တစ်‌ယောက် ။ အဲဒီ မိန်းမကြီး ကို မြင်‌တော့ ဦး‌ရေပြား ကျုံ့ဝင် သွားတယ် ။ မိန်းမကြီး က တစ်ချက် ပဲ ပြူး ကြည့်ရင်း ...


“ လာခဲ့စမ်း ”


ဆိုပြီး ထွက် သွားတယ် ။ 


အဲဒီ‌တော့ မှ တစ်‌ယောက် က ...


“ ဗျို့ ဦး‌ရေပြား ၊ ခင်ဗျား ခုန က ‌ပြော‌ တော့ သူများ ‌ခေါင်း အထက်မှာ ‌နေချင် လို့ ဦး‌ရေပြား လို့ မှည့်ထား တာဆို ... အခု ဘယ်လို ဖြစ်တာလဲ ”


ဆို‌တော့ ဦး‌ရေပြား က မျက်လုံး‌လေး ကလယ်ကလယ် နဲ့ ... 


“ မလုပ်နဲ့ကွ ... သူ့ ကို‌ တော့ ‌ကြောက် ရတယ် ၊ သူ က ငါ့ အထက် မှာ ရှိတာကွ ” တဲ့ ။


ပထမ‌ တော့ မရှင်းဘူး ၊ သူ့ အထက် မှာ ဘာ ရှိ‌သေးလဲ ‌ပေါ့ ။ အ‌သေအချာ ‌မေး ကြည့်‌တော့မှ ...


“ ငါ က ဦး‌ရေပြား ဆို‌ပေမယ့် ... ငါ့ မိန်းမ က ‌ဒေါ်‌ဘောက် တဲ့ ... ။ အဲဒါ‌ကြောင့် ‌ဒေါ်‌ဘောက် ကို ဦး‌ရေပြား က ‌ကြောက်‌ နေရတာ ‌ပေါ့ ” 


တဲ့ ။ ‌ကောင်း‌ရော ။


သူ နဲ့ တွဲ‌ဖော် ဆိုးဖက် က ဦးဆယ်ပြား ။ သူတို့ နှစ်‌ယောက် က ‌သေ‌သေချာချာ လည်း တည့် တာ မဟုတ်ဘူး ။ ‌ပြော ရ ရင် မတည့် အတူ‌နေ‌ တွေ‌ပေါ့ ။


အဲဒီ ဦး‌ရေပြား ၊ ဦးဆယ်ပြား ဆိုတာ အဆို‌ကောင်း‌ တွေ ဗျ ။ သူတို့ နှစ်‌ယောက် က နယ်လှည့် ဆက်ဆံ‌ရေး က ဇာတ်အဖွဲ့ မှာ နှစ်ရှည်လများ က ခဲ့ တယ် ဆိုလား ။ ဒါ‌ကြောင့် အဆို‌ ကောင်းတာ ။ သူတို့ က ဆို ၊ “ ဝိတ် ” ဆံသ က ကို‌ဇော်ဝင်း က မယ်ဒိုလင် နဲ့ တီး လို့ က‌ တော့ ထ‌ ထောင် မထ ချင်ဘူး ။


     •••••   •••••   •••••   •••••


ကြုံ လို့‌ ပြောရဦးမယ် ။


“ ဝိတ် ” ဆံသ က ကို‌ဇော်ဝင်း အ‌ကြောင်း ။


အမှန်‌တော့ သူ့ ဆံသဆိုင် နာမည် က “ ဝင်း ” ဆံသ ဗျ ။ ဒါ‌ပေမယ့် ကို‌ဇော်ဝင်း က ဝိတ် သမား ။ ဗလကြီး က လည်း အယ် ထွက်‌ နေတာ ။ ‌နောက်ပြီး သူ ဆံပင် ညှပ်ရင် ညှပ်တဲ့ လူ ရဲ့ ‌ခေါင်း ကို မကြည့်ဘူး ဗျ ။ သူ့ လက်‌မောင်း ကို ပဲ မှန် ထဲ ညှစ်ညှစ် ပြီး ကြည့်‌ နေတာ ။ ဒါ‌ကြောင့် ဆံပင် အညှပ် ခံ တဲ့ လူ က ကိုယ် ညှပ်‌စေ ချင်တဲ့‌ နေရာ ကို သူ့ ကပ်‌ကြေး ရှိရာ ထိုး ထိုး‌ ပေးရတယ် ။ နား ထင် ဆို နားထင် ။ လည်ကုပ် ဆို လည်ကုပ်‌ ပေါ့ ။ ကိုယ့်‌ ခေါင်း အထိုး မှားရင် နာပြီ သာ မှတ် ။ သူ က ‌ခေါင်း ကို လုံးဝ စိတ်ဝင်စားတာ မဟုတ်ဘူး ။ မှန် ထဲ က သူ့ လက်‌မောင်းကြီး ကိုပဲ သူ စိတ်ဝင် တစား ကြည့်‌ နေတာ ။ သူ့ လက်‌မောင်း ပဲ သူ စိမ်‌ပြေန‌ပြေ ညှစ်‌ နေတာ ။ ဒါ‌ကြောင့် သူ့ ဆိုင် မှာ ညှပ်ရင် ဘို‌ကေ လို့‌ ခေါ်တဲ့ ‌ရှေ့ တစ်လက်မ ‌နောက်‌ ပြောင် တစ်မျိုး ပဲ ရတယ် ။


ဒါမို့လဲ ကျုပ် တို့ ရွာ က လူ‌တွေ ဆို မြို့ တက် ရင် မလုပ်မဖြစ် လုပ်ကြတာ သုံးမျိုး ရှိတယ် ။ ဆံပင် ညှပ်မယ် ၊ ရုပ်ရှင် ကြည့်မယ် ၊ ‌ခေါက်ဆွဲ‌ကြော် စားမယ် ။ ဒီ သုံးမျိုး မလုပ်မဖြစ် လုပ်ကို လုပ်ကြတယ် ။ ရွာ မှာ အဲဒါ‌တွေ မှ မရှိတာ ။


ရုပ်ရှင်ရုံ မရှိဘူး ၊ ‌ခေါက်ဆွဲ‌ကြော်ဆိုင် မရှိဘူး ၊ ဆံပင်ညှပ်ဆိုင် ဆို လို့ ကို‌ဇော်ဝင်း ရဲ့ “ ဝင်း ” ဆံသ‌ ခေါ် “ ဝိတ် ” ဆံသ တစ်ဆိုင် ပဲ ရှိတယ် ။ ဒါ‌ကြောင့် မြို့ တက်သူ အားလုံး အဲဒီ သုံးမျိုး မလုပ် မဖြစ် လုပ်ကြတယ် ။


ကို‌ဇော်ဝင်း က လည်း တကယ့် ကို‌ဇော်ဝင်း ပဲ ။ သူ ဆံပင် ညှပ်လို့ နား‌ ဒေါက် တိ ရင် သိပ် အသည်း ယား ဖို့ ‌ကောင်း တာ ဗျ ။ သူ့ ကတ်‌ကြေးကြီး က မျက်လုံး တည့်တည့် က‌နေ တုန်တုန် တုန်တုန် နဲ့ ဝင် လာတာ ၊ အဲဒါကို ကိုယ် က ‌ရှောင် လိုက်ရင် စိတ် ဆိုး‌ သေးတယ် ။ သူ့ ဗလကြီး နဲ့ ‌ခေါင်း ဖမ်းပြီး အတင်း တည့်တယ် ။ ပြီးရင် အဲဒီလိုပဲ တုန်တုန် တုန်တုန် နဲ့ ပြန် ဝင် လာတယ် ။ ကပ်‌ကြေး က လည်း ဂပ် ဂပ် ဂပ် နဲ့ ဗျ ။ မျက်လုံး နား‌ ရောက် မှ ‌ကွေ့ပြီး နားထင် ဘက် လှည့် သွားတာ ။ အဲဒီ‌တော့မှ သက်ပြင်း ချ နိုင်တယ် ။


ဘာလို့ တုန်‌ နေတယ် ထင်လဲ ။ သူ့ ကြွက်သား ကို အပီ ညှစ်‌ နေလို့ ဗျ ။


◾အကြည်တော်


📖 တောသားကြီး


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment