Thursday, February 2, 2023

အသက်ကလေးရယ် တဲ့ ရှည်စေလို


 

❝ အသက်ကလေးရယ် တဲ့ ရှည်စေလို ❞

ကျွန်တော် ငယ်ငယ်တုန်း က အမေ နဲ့ ခင်မင် ရင်းနှီးတဲ့ ဗေဒင်လက္ခဏာ ဆရာကြီး တစ်ဦး ရှိ တယ် ။ ဦးလှဖေ တဲ့  ။ သူ က ကျွန်တော်တို့ မွေး ဇာတာ တွေ ကို ဖွဲ့ ပေးတယ် ။ ကျွန်တော် အရွယ်ကလေး ရ လာတော့
တစ်သက်တာ ဟောစာတမ်း ရေး ပေးတယ် ။ ငယ်ငယ် က တော့ ကွန်မြူနစ် မို့ သိပ် စိတ် မဝင်စားခဲ့ဘူး ။ ဒါပေမဲ့ လူ ဆိုတာ က ကိုယ့် အကြောင်း ကိုယ် သိ အောင် ကြိုးစား နေတာမို့ နည်းနည်းတော့ စိတ်ဝင်စားတာ ဝန်ခံ ရ မှာ ပါ ။ အထူးသဖြင့် ကိုယ့် ကောင်း ကွက်ကလေး တွေ ပေါ့ ။ မှတ်မိ နေသေး တာ က အဲဒီ ကြိုတင် ဟောစာတမ်း မှာ -

“ ပရိယတ္တိ မှာ ထူးချွန်တဲ့ ဘုန်းကြီးရဟန်း ဖြစ် ချင် ဖြစ် ၊ မဖြစ်ရင် သဘင်သည် ဖြစ်လိမ့်မ ည် ” တဲ့  ။ ဒီ ဟောစာတမ်း မှန်ကန် ခဲ့ပါတယ် ။ ကျွန်တော် က အနုပညာသည် တစ်ယောက် ဖြစ်လာခဲ့တယ် မဟုတ်လား ။ ခြုံ ပြောရင်တော့ သဘင်သည် ပေါ့လေ ။ ဘုန်းကြီးရဟန်း ဖြစ် ချင် ဖြစ် ဆိုတဲ့ နေရာ မှာ လည်း ကျွန်တော် ငယ်ငယ် က ခြုံစောင်ကြီး ပတ် ပတ်ပြီး ဘုန်းကြီး ဝတ်တမ်း ကစား သတဲ့  ။ အမေ က တော့ ( ရိုးရိုး ပြောရရင် ) ဘုန်းကြီး လုပ်စေ ချင် တာပါ ။ အရွယ်ကလေး မတောက် တခေါက် မှာ တော့ အင်ဂျင်နီယာ ရောဂါ တက် ပြန်ရော ။

စက်မှုလက်မှု ကျောင်း ပြောင်းမယ် လုပ်တော့ ( ကျွန်တော် က စာ တော်ပါတယ် ) အမေ က ဆရာဝန်လိုင်း လိုက် ဖို့ ပြောခဲ့ ပါသေးတယ် ။ “ သူများ ဖင် မကိုင်ချင်ဘူး ” ငြင်း သတဲ့  ။

နောက် တစ်ခု ဦးလှဖေ ဟောခဲ့ တာ လည်း မှတ်မိနေသေးတယ် ။

“ အစိုးရ မင်းများ  ၊ ရဟန်းသံဃာတော်များ လူကြီးသူမ များ ချစ်ခင်ရတဲ့ သူ ဖြစ်မည် ” တဲ့ ။ အဲဒါလည်း မှန် သင့် သလောက် မှန်တယ် ပြောရမယ် ။ အထူးသဖြင့် ဒီနေ့ အထိ သံဃာတော်များ နဲ့ လူကြီးမိဘများ ချစ်ခင်တာ ကို ခံရ နေပါတယ် ။ ဒီ နေရာ မယ် ဘုန်းကြီးရဟန်းသံဃာတွေ ချစ်တာ ကို ခဏ ထားပြီး
သက်ကြီးမိဘ ၊ လူကြီးသူမတွေ ချစ်တာ ကို ပဲ ကွက်ပြီး ပြောချင် ပါတယ် ။ ဘာလဲဆိုတော့ “ တုံ့ပြန် ကျေးဇူး ” ပါပဲ ။ “ တစ်ဦးမေတ္တာ တစ်ဦး မှာ ” လို့ လည်း ပြော လို့ ရ ပါတယ် ။ မေတ္တာ ရောင် ပြန် ပေါ့လေ ။ မှန် ပေါ့ ။ ကျွန်တော် ဟာ ဘာကြောင့် မှန်း မသိ ။ ငယ် ကတည်း က ဘိုးဘွားမိဘတွေ ကို အလွန် သံယောဇဉ် တွယ် ခဲ့ ပါတယ် ။ အမေ ရဲ့ အဒေါ်  “ ဘွားဘွားသိန်း ” ဆိုတာ ရှိတယ် ။ ကျွန်တော့် ကို ငယ်စဉ် က ထိန်းကျောင်း ခဲ့တာပါ ။ အဲဒါ အဘွားသိန်း အိမ် လာရင် လာ ၊ မလာရင် ဟိုး မြို့ စွန်က သူ့ အိမ် ကို အမေ က လိုက် ပို့ ပေး ရတယ် ။

အဖေ က ည လူ ၊ ညပိုင်း အလုပ် လုပ် တာ ။ အမေ က နေ့လူ တစ်နေကုန် ကျောင်း သွား နေရ တာ ။ အဲဒီတော့ အဘွားသိန်း လက် ပေါ် ကြီး ရ တာပေါ့ ။ ပြီးတော့ အဖေ ဟာ ကျွန်တော်တို့ ငယ်ငယ် က ' ပဒေသာ ' မဂ္ဂဇင်း ထုတ် တော့ ဆရာသော်တာဆွေ ၊ ဆရာဗန်းမော်တင်အောင် ၊ ဆရာသခင် တင်ဦး ၊ ဆရာအောင်လင်း ၊ ဆရာ တာရာ တို့ ဟာ ကျွန်တော့် ကို ချီဟယ် ပိုးဟယ် နေကြတာပါ ။ ကျွန်တော် က မည်းမည်းဝဝ ဆို တော့ “ ဝက်ကြီး ” ဆိုပြီး ချစ်ကြပါတယ် ။ ကျွန်တော် က လည်း နောင် အခါ စာပေနယ် ဝင် တော့ ရွယ်တူ စာပေသမားတွေ ထက် သက်ကြီးဂုဏ်ကြီး ဆရာကြီးတွေ နဲ့ ပဲ ပေါင်း ပါ တယ် ။ ပေါင်းပါတယ် လို့ လူပါး ဝ တတ ပြော ရ တာ က ဆရာကြီးတွေ က လည်း ကျွန်တော့် ကို သူငယ်ချင်း ပေါင်း ပေါင်းကြ လို့ ပါပဲ ။ အရက် သောက် တတ်တဲ့ ဆရာကြီးတွေ နဲ့ အတွဲ များ ခဲ့ တာလည်း တစ်ပိုင်း ပါတာ ပေါ့လေ ။

ကိုင်း ... ။ ပြောချင်တာ က အနီးစပ်ဆုံး လူကြီးသူမတွေ နဲ့ ထိတွေ့ ဆက်ဆံ ရပုံကလေး တွေ ပါ ။ အထူးသဖြင့် ကွယ်လွန်ခါ နီး ဇရာ ဖိစီးချိန်တွေ အကြောင်း ပါ ပဲ ။

အဖေ ဟာ အိမ်ထောင်ရေး ပြုပြင်ရေး ၊ စာရေးဆရာ ဖြစ်ပေမယ့် အိမ်ထောင်ရေး ကံ မ ကောင်းပါဘူး ။ ဇရာ အရွယ် ရောက်လာတဲ့ အခါ တစ်ယောက် တည်း ဝင်ဒါမီယာ မှာ သွား နေပါတယ် ။ မျက်စိ မကောင်း နား က လေး တာကြောင့် ထီးထီးကြီး နေရှာတာ ကို ကျွန်တော် ကရုဏာ  သက် ပါတယ် ။ ဒါကြောင့် အဖေ နဲ့ လိုက် နေခဲ့ ပါတယ် ။ ပြုစု ရ တယ် ဘာတယ် တော့ အစ ပိုင်း မှာ သိပ် မရှိပါ ဘူး ။ ကြီးကျယ်တဲ့ ရောဂါ မှ မရှိ ဘဲ ကိုး ။

( ၇၀ ) ကျော် လာ တော့ စ ဖောက် လာပါတယ် ။ ပထမဆုံး ဖြစ်တာ က ကျောက်ကပ်ရောဂါ ပါ ။ ဆီး မသွားနိုင် လို့ ဆီးချူပိုက် ထိုး ထည့်တဲ့ အခါ “ သားရယ် နာလိုက်တာ ” ဆိုပြီး တဆတ်ဆတ် တုန် နေတဲ့ လက်ကလေး နဲ့ ကျွန်တော့် လက် ကို ကိုင်ပြီး မျက်ရည် ကျ ရှာ ပါတယ် ။ ဖေဖေ မျက်ရည် ကျတာ ဒီ တစ်ခါပဲ မြင်ဖူးပါ ရဲ့ ။ ဒါနဲ့ ဆေးရုံ တင် ရ ပါတယ် ။ အဖေ့ ကို ပြုစုကုသ ခွင့် ရတာကို ပဲ ကျွန်တော့် မှာ ကျေးဇူး တင် ဝမ်းမြောက် ရ ပါ သည်  ။ ရယ်စရာ ပြောရဦးမယ် ။ ခွဲဖို့ စိတ်ဖို့ အတွက် သွေး လိုအပ်တော့ ညီအစ်ကိုတွေ သွေး လှူ ကြဖို့ စီစဉ်ပါတယ် ။ ဒါကို သိတော့ အဖေ က ...

“ ဟေ့ ... ဝဏ္ဏ နဲ့ ဗလ သွေး မလှူနဲ့ ဒီကောင် တွေ အရက်သမားတွေ ၊ ငါ့ ကိုယ် ထဲ အယ်လ်ကိုဟော တွေ ဝင် ကုန်မယ် ”

ဆိုပြီး အတည် လိုလို ကျီစယ် သလို လို ပြော ပါတယ် ။

ဘာပဲ ပြောပြော ဆေးရုံ မှာ ရော အိမ် ရောက် တော့ ပါ လူအား ငွေအား နဲ့ ကျွန်တော် ပြုစုကုသ ခွင့် ရခဲ့ပါတယ် ။ ကျွန်တော် က အရက်သမား ဆို တော့ အနီးကပ် ပြုစု ခွင့် တော့ မရပါဘူး ။ အဖေ က အရက် နံ့ မခံနိုင်ဘူး ကိုး ။ ဒီတော့ အနီးကပ် ပြုစု ခွင့် ကို “ အေးဘုံ ” ရ ပါ တယ် ။

အသက် ကြီး လာရင် ရောဂါ ဆိုတာ ဆက်တိုက် ဝင် တော့တာ ပါ ။ အဖေ ဟာ ကျောက်ကပ် ရောဂါ ပျောက်တော့ မျက်စိရောဂါ ဖြစ် ပြန်ပါတ ယ် ။ ဒီ တစ်ချက် တော့ ကံ ဆိုးပါ ရော ။ ဖြစ်တာ က  ‘ ရေတိမ် ’ ပါ ။ ‘ ရေတိမ် ’ ဆိုတာက သိ သိ ချင်း ကု ရ ပါတယ် ။ မ ကု ရင် မျက်စိ ကွယ် ပါ ရော ။ အဖေ က ကံဆိုး ကံကောင်း နှစ်ခု ဖြစ် တာ ။ ရေတိမ် ဖြစ်ရင် ကိုက်ခဲ ပါတယ် ။ မခံရပ် နို င်ပါဘူး ။ ဒါပေမဲ့ အဖေ့ ရေတိမ် က မျက်စိ ယား ယံ တာ ပါ ။ လုံးဝ မကိုက် ခဲ့ပါဘူး ။ ဒီတော့ သူ့ ဘာသာ သူ မျက်စဉ်းတွေ ခတ် ၊ မျက်စိဆေးတွေ သောက် ပါတယ် ။ ခြံ တစ်ဝင်း ခြား မှာ ဒေါက်တာ အေးထွန်း ( မျက်စိအထူးကု ) ရှိ နေပါလျက် ကယ် နဲ့ သွား ပြဖို့ ပြော ရာမှာ တင်းခံ နေပါတယ် ။ နောက်ဆုံး ဆေးရုံ တက်တော့ မျက်စိ တစ်ဖက် ကွယ် နေပါပြီ ။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော် ကုသ ပေး ခွင့် ရ လိုက် ပြန်ပါတယ် ။ နောက် တော့ အင်း နောက်ဆုံး တော့ အဆုတ်ရောဂါ ဖြစ်လာ ပြန်ပါတယ် ။ အဆုတ်ကင်ဆာ တဲ့  ။ ဆေးလိပ် သောက်တဲ့ ဒဏ်တွေ ပေါ့လေ ။ ဒါဟာ အဖေ ရဲ့ နောက်ဆုံး ရောဂါဆိုး ပါပဲ ။ အိမ် မှာ လ ည်း အိပ်ရာ ထဲ လဲတယ် ။ ဆေးရုံ မှာ လည်း ခုတင် ပေါ် က မထ နိုင်ဘူး ။ နောက်ဆုံး “ ငါ့ အမေ နဲ့ ငါ့ အစ်မ သေတဲ့ နေရာ မှာ သေချင်တယ် ” ဆို လို့ သင်္ကန်းကျွန်း က ကျွန်တော့် လက် ပေါ် ကွယ်လွန် ပါတယ် ။ ဖြေနိုင်တာ က မသေခင် ပြုစု ခွင့် ရ လိုက် တာ ပါပဲ ။ ဒီနေရာ မှာ လည်း ရယ်စရာ လေး ပြောချင် ပါ သေးတယ် ။ ၁၉၇၀ ကျော် ကျော် ကျွန်တော် စာပေထုတ်ဝေရေး လုပ် တော့ အဖေ့ ပုံတူ ပန်းပုရုပ် နဲ့ စာအုပ် မျက်နှာဖုံး လုပ်ချင် ပါတယ် ။ စာအုပ် က “ သာဓု လူပါးဝတ ယ် ” ။ ပန်းပုဆရာ က ဆန်နီညိမ်း ။ အဲဒါ ပန်းပုရုပ် ပြီးတော့ ဆန်နီ က အား မရဘူး ၊ တစ်ခု ခု လို နေတယ် ဆိုပြီး နောက်ဆုံး အဖေ ရဲ့ ဂန္ထဝင် ငယ်ထိပ်ပိုင်း ကို တိခနဲ ဖြတ် ချ လိုက် တော့တယ် ။

အဲဒီအခါ အဖေ က - “ ခွေးမသားတွေ ငါ မသေခင် တောင် ငါ့ ငယ်ထိပ် ဖြတ်တယ် ။ ငါ သေရင် ဘယ်နေရာ ဖြတ်ကြမလဲ မသိဘူး ” လို့ နောက် ပါတယ် ။

စကား နောက် တရား ပါတယ် ဆိုရ မှာ ပါ ပဲ ။

အဖေ ကွယ်လွန် တော့ ကျွန်တော် က အုတ်ဂူ သွ င်းပါတယ် ။ အုတ်ဂူပုံစံ ကို ဆန်နီညိမ်း က ပဲ ထုတ် ပါတယ် ။ အုတ်ဂူ အောက် ခြောက် စတုဂံပုံ ပေါ် မှာ အမိုး လို ခုံးခုံး လုပ်ပြီး ဆရာ သာဓု ရဲ့ စာပေ ၊ ရုပ်ရှင် နဲ့ နိုင်ငံရေးသမား ဘဝ ကို ရည်မှန်းပြီး အမိုးခုံး ကို သုံးပိုင်း ပိုင်း ပါတယ် ။ မူလ ရည်ရွယ်ချက် က သုံး ဘဝ လို့ ဖြစ်ပေမယ့် အဖေ ပြောဖူး တဲ့ “ ငါ့ ဘယ်နေရာ ဖြတ်ကြဦးမလဲ ” ဆိုတာလေး ပြေး သတိရပြီး ဆန်နီ နဲ့ ကျွန် တော် မျက်ရည် ကျ ရပါတယ် ။ ဘာပဲဖြစ်ဖြစ် အဖေ ကွယ်လွန် တဲ့ အထိ လိုလေသေး မရှိ ပြုစုနိုင် တာ ကုသိုလ်တွေ အများကြီး ရပါတယ် ။ မကွယ်လွန်ခင် က လည်း လုပ်ကျွေး နိုင်ခဲ့ ပါတယ် ။ ထူးထူးခြားခြား ကုန်ကျ တာ ကတော့ အဖေ့ ကို မော်တော်ကား နှစ်စီး ဝယ်ပေး နိုင်ခဲ့တာ ပါ ပဲ ။

ကောင်းပြီ ။ အမေ ။

အမေ့ ကို ကျေးဇူး ဆပ်ခဲ့ ရပုံတွေ က တော့ လူ ရယ်စရာများ ဖြစ် နေမလား မသိပါဘူး ။ အနေ ဝေး တော့ အနီးကပ် မပြုစုခဲ့ရဘူး ။ အမေ က လ ည်း ကျန်းမာရေး အလွန် ကောင်းတာ ကလား ။ ဒါပေမဲ့ အမေ့ မှာ အကျင့်သီလ တစ်ခု ရှိတယ် ။ မုန့်ဖိုးပဲဖိုး ခဏခဏ တောင်းတာပါပဲ ။ ဘာ မဟုတ်တဲ့ ငွေကြေးလေး ပါ ။ သူ စားဖို့ မုန့်လေး ပဲလေး ဝယ် ကျွေး ရတယ် ။ ပေးရတဲ့ မုန့်ဖိုး က တော့ လှူ ပစ်တာ များ တယ် ။ လှူတယ် ဆို လို့ ကြီးကြီးကျယ်ကျယ် ကျောင်းဇရပ် ဆောက် တာ မျိုး မဟုတ်ပါဘူး ။ ခြံ ထဲ က လူငယ်တွေ ၊ အလုပ်သမား ဆင်းရဲသားတွေ ၊ ဆွေဆိုးမျိုးဆိုး တွေ ကို ပေးချင် ကမ်းချင် ရုံပါ ။ သူ ပေးချင်ကမ်းချင် ရင် ကျွန်တော့် ဆီ ပိုက်ဆံ လှမ်း တောင်းတတ် သလို ဆွေဆိုးမျိုးဆိုး တွေ သူ့ ဆီ လာ ရင် လည်း ကျွန်တော့် အိမ် လမ်းညွှန် တတ်ပါတယ် ။ ပေး လိုက် ကမ်းလိုက် ပေါ့ လေ ။ လမ်းဘေး ဈေးသည် တွေ ခေါ်ပြီး လို သော် ရှိ ၊ မလိုသော် ရှိ ဝယ်တယ် ။ ဈေး မဆစ်ဘူး ။ ကျွန်တော့် ကို ပိုက်ဆံ ရှာခိုင်းတ ယ် ။ ပြီးတော့ သူ ရဲ့ ခြံ ထဲ က အလုပ်သမား သား သမီးတွေ ကျွေး ပစ်တယ် ။ ပြီးတော့ ပြော သေး တယ် ။ လမ်းဘေး ဈေးသည် ဆိုတာ နေပူ မိုးရွာ ရှောင် မနေဘဲ ထမင်း ရှာ စား ရတာ ။ သူတို့ ကို ဈေး မဆစ်တာ ဟာ လှူတာပဲ တဲ့  ၊ အဲသလို ပဲ ခြံ ထဲ က အလုပ်သမားတွေ ကို ကျွေးတာ မွေးတာ ဟာလည်း လှူတာပဲ တဲ့  ။

တစ်ခါတလေ ( မကြာခဏ ) အများ စား လို့ ရတဲ့ ချဉ်ရည်ဟင်း တို့ လို ပဲဟင်း တို့ လို အိုးကြီး နဲ့ ချက်ပြီး တစ်ခြံ လုံး လျှောက် ဝေတယ် ။ ရယ်စရာ ထပ် ပြောရ ဦးမယ် ။ အဲသလို အမေ ပဲဟင်း လိုမျိုး လှူတဲ့ အခါ ခြံ ထဲ ဆွမ်း ကြွ တဲ့ ဘုန်းကြီး တွေ ဒုက္ခ ရောက် တော့တာ ပဲ ။ ဒါပေါ့ အိမ်တိုင်း က အမေ့ ပဲဟင်း ပဲ ပြန် လောင်း ကြတာ ကို ။ ဒါ လေး ဝတ္ထု ရေးဖူး ရဲ့  ။

စကား က လည်း တတ်တယ် ။ တစ်ခါသား တေးသံရှင်ဇေယျာပွင့် က သူရို့ ပိုင် “ ရွှေပုစွန် ” မုန့်တွေ နဲ့ အမေ့ လာ ကန်တော့တယ် ။ အဲဒါ ဆု တွေ ဘာတွေ ပေးပြီး -

“ သားဇေယျာ ရယ် မုန့် အကောင်းတွေ မပေး ပါ နဲ့ သားတို့ စက်ရုံ က ပိုတဲ့ အကျိုးအပဲ့တွေ ပဲ ပေးပါ ။ အဘွားကြီး ဆို တော့ မုန့် လှတာလည်း မမြင် ရ တော့ဘူး ။ ဝါး ဖို့ သွားတွေ လည်း ကျဲ ကုန်ပြီ ၊ အရသာ ရှိရင် ပြီးတာပဲ ”

အဲသလို လည်း ပြောလိုက် ရော ဇေယျာပွင့် မှာ သဒ္ဓါတွေ ပိုပြီး မုန့်အကောင်းစား တွေ လစဉ် မပြတ် ပို့တော့ တာ ပါပဲ ။

ကျွန်တော် ကံကောင်းသွား တာ က အမေ့ ကို အဖေ့ လို ပဲ မျက်စိရောဂါ ကု ပေး နိုင်ခဲ့တာပါ ။ အမေ လည်း ရေတိမ် ပါ ပဲ ။ ဒါပေမဲ့ ကိုက်တာ ခဲတာ ဖြစ်တော့ အဖေ့ လို ကံ မဆိုးဘူး ။ စာရေးဆရာ ဒေါက်တာရဲနိုင် က လည်း မျက်စိပါရဂူ ဆို တော့ အချိန်မီ ကုသ ပေးနိုင် ခဲ့တယ် ။ ဆရာ က အစစ တာဝန် ယူခဲ့တာပါ ။ ဘာပဲဖြစ်ဖြစ် အဲဒီတုန်း က လည်း လူအား ငွေအား နဲ့ ကျွန်တော် ပြုစု ခွင့် ရခဲ့ပါတယ် ။

“ ငါ့ သား က အမေ့ မျက်စိ ကုပေးတော့ သား ဟာ အမြင် ရှင်းတဲ့ စာရေးဆရာ ဖြစ်ပါစေ ” လို့ ဆုတောင်း ရှာပါတယ် ။

ဒါပေမဲ့ ... အမေ မီးစာကုန် ဆီခန်းတဲ့ အခါ မှာ တော့ ကျွန်တော် သိပ်ပြီး မပြုစု ရ ပါဘူး ၊ အ တူနေ မင်းလူ က အစစ တာဝန် ယူပါတယ် ။

သူ့ ဇနီး စန်းစန်းအောင် ဆိုရင် ချေးသေး က အစ တာဝန် ယူ ပါတယ် ။ အေးဘုံ က တော့ အရံ ပေါ့ ။ ကျွန်တော် က တတ်နိုင်သမျှ ကူ ပါတယ် ။ မိတ်ဆွေ ပါရဂူ နဲ့ ပြပေးရုံ လောက်ပါ ။ အဓိက ကျေးဇူး ဆပ်နိုင် တာ ကတော့ လေ ဖြန်းပြီး မသွားနိုင် မလာနိုင်တဲ့ အမေ့ ကို နေ့တိုင်း သွားပြီး စကား ပြောတာ ပါ ပဲ ။
စကား ပြောရုံလေးများ လို့ တော့ မထင်ကြပါ နဲ့  ။ လူတွေ မှာ အသက် ကြီး လာ ရင် အရေးကြီး ဆုံး က စကားပြော ဖော် ပါ ။ ဒီ ကျေးဇူးလေး တော့ ကျွန်တော် ဆပ် ဖြစ် ပါတယ် ။ နေ့တိုင်း အမေ့ ဆီ သွားပြီး ဆယ့်ငါးမိနစ် လောက် စကား ပြော ၊ သူ ပြောတာ နားထောင် ပေး လုပ်ပါတယ် ။ အဲဒီ အတွက် အမေ က လည်း အား ရင် ခေါ် ခေါ် နေတတ် ပါရဲ့ ။

အမေ ဆုံးခါ နီး တော့ ကျွန်တော် ပြောခဲ့တဲ့ စကားလေး က ...

“ အမေ ... လမ်းဘေးဈေးသည် တွေ ဆီ က ဈေး မဆစ် ဘဲ ဝယ် ဝယ်ပြီး ခြံ ထဲ က အလုပ်သမားတွေ ကို ပေး ပေး ပစ်တာ မှတ်မိရဲ့ လား ” လို့ ဖြစ်ပါတယ် ။ ဒီ အချိန်မှာ တရား စကား မပြောဖြစ်ပါဘူး ။ အမေ က ကျွန်တော့် ထက် တရား ပြည့် သူ မို့ ပါပဲ ။ သူ့ ရဲ့ ကုသိုလ် ဒါနလေး ပြန် အမှတ် ရအောင် လို့ ပါ ။

ဘာပဲပြောပြော အမေ ကွယ်လွန်တော့ ဖြေ နိုင်ခဲ့ပါတယ် ။ အစစ တာဝန်ယူ ကြတဲ့ မင်းလူ တို့ လင်မယား ကို ကျေးဇူး တင် သလို ကိုယ့် ကို ယ် ကိုယ် လည်း ရှာကြံ ကျေးဇူး တင် မိတာ အမှန်ပါပဲ ။

ဟော ... ခုတော့ အေးဘုံ အမေ ( ယောက္ခမကြီး ) အိမ် ရောက် နေပါပြီ ။ သက်တော် က ( ၉၆ ) ။ သက်တော် ပြော ရတာ က သီလရှင်ကြီး မို့ ပါ ။ လွန်ခဲ့တဲ့ ( ၁၃ ) နှစ် လောက် ကတည်း က ခြံမြေအိမ် တွေ ရောင်း ၊ သားသမီးတွေ အမွေ ခွဲ ပေးပြီး သီလရှင် အပြီး ဝတ် လိုက်တာပါ ။
ဝတ်စ က တော့ သူ့ အိမ်လေး ကျောင်း လုပ်ပြီး နေခဲ့ တာပါ ။ နောက်ပိုင်း အသက် သိပ် ကြီး သွားတော့ သားသမီးတွေ အိမ် တစ်လှည့် စီ ကျောင်း အမှတ် နဲ့ နေ နေပါတော့တယ် ။

( ၉၆ ) နှစ် သာ ဆိုတယ် ခါး ကုန်း သွားတာ က လွဲ လို့ သတိ တစ်ချက် မပျက်သေးဘူး ။ မျက်စိ ၊ နား ကောင်းတုန်း ။ ရောဂါ ကြီးကြီး ကျယ်ကျယ် မရှိဘူး ။ ပြောရင် ယုံမလားပဲ ။ သူ့ ဘာသာ သူ ထမင်း ခူး စား ၊ ပန်းကန်ဆေး ၊ နောက်ဖေး နောက်ဖီသွား ၊ ရေမိုးချိုး ၊ ဆေးအမယ် ဆယ်မျိုး လောက် ခွဲခြားပြီး သောက်တာ ၊ တစ်ခု မှ သူ့ အတွက် ပြုစု ပေးရတယ် ဆိုတာ မရှိ သလောက်ပဲ ။ တစ်လ တစ်ခါ လောက် ဆေးခန်း လိုက် ပို့ပေးရ တာပဲ ရှိ ပါတယ် ။

ထူးခြားတာ က သူ့ သားသမီးတွေ အိမ်ထော င် ကျ တော့ တခြား သားသမီးတွေ ကို ပြဿနာ သိပ် မလုပ်ဘဲ အေးဘုံ ကျ မှ ကျွန်တော် နဲ့ သဘော မတူနိုင်ဘူး ဖြစ် တာပါ ။ စေ့စပ်ပွဲ တောင် မလာခဲ့ပါဘူး ။ ခုတော့ အလှည့် ကျ နေ နေရာ မှာ ကျွန်တော့် အိမ် မှာ အကြာဆုံး ပဲ ။ ကျွန်တော့် အပေါ် လည်း သံယောဇဉ် ကြီး ရှာတယ် ။ ကြားဖြတ် ပြော ရရင် မူလ က သဘော မတူတာ က “ ရုပ်ရှင်မင်းသား ” “ အဆိုကျော် ” မို့ တဲ့  ။ ခု ကျွန်တော့် အပေါ် သံယောဇဉ် ပို နေတာ က “ စာရေးဆရာ ” မို့ တဲ့  ။ ( ပင်လယ်ပျော်ဂျာနယ် စ ထုတ်တော့ ဆရာပါရဂူ ရဲ့ ဝန်ခံစကားလေး မှတ်မိ နေသေးတ ယ် ။ “ ဆရာဝန် ခေတ် ကောင်း တော့ မိဘတွေ က သမက် ဖမ်း တယ် ၊ အင်ဂျင်နီယာ ခေတ် ထ တော့ မိဘတွေ က သမက် ဖမ်းတယ် ၊ သင်္ဘောသား တွေ ခေတ် ကောင်းတော့ မိဘတွေ က သမက် ဖမ်းတယ် ၊ ခုခေတ် ကန်ထရိုက်တွေ ခေတ် ထ တော့ လည်း သမက် ဖမ်း ကြတယ် ။ ကျုပ်တို့ စာရေးဆရာတွေ သမက် ဖမ်းမယ့် သူ မရှိဘူး ” တဲ့  ။ ဒီ နေရာ မှာ တော့ ကျွန်တော့် ကိုယ်တွေ့ နဲ့ ဆို ဆရာပါ လွဲပြီ ဆိုရ မှာ ပဲ ။ ကျွန်တော့် ယောက္ခမကြီး ကျွန်တော့် အပေါ် သံယောဇဉ် ကြီးတာ စာရေးဆရာ မို့ တဲ့ ဗျ ။

ကိုင်း ... ရယ်ချင်စရာလေး နဲ့ ပဲ အဆုံးသတ် ပါ့မယ် ။

တစ်ခါသား ကျွန်တော် အရက်တွေ မူးပြီး အိပ်ရာ ထဲ လဲ နေတော့ ...

ယောက္ခမကြီး က ကျွန်တော့် ရင်ဘတ်ကလေး ဖိပြီး ...

“ ဗလ ရယ် ငါ့ သမက်တွေ အားလုံး ထဲ မှာ မင်း ကို အချစ်ဆုံး ပါ ”

ဆိုပြီး ပြော ရှာတယ် ။ အရက် မသောက်ပါနဲ့ တော့ ပေါ့ ။

ကျွန်တော် က လည်း မူးမူး နဲ့ ပြန် ပြော မိပါတယ် ။

“ ဟုတ်ပါတယ် အမေရယ် ယောက္ခမတွေ အားလုံး ထဲ မှာ လည်း ကျွန်တော် က အမေ့ ကို အချစ်ဆုံး ပါ ” လို့  ။

အင်း ... ကိုးဆယ့်ခြောက်နှစ် ဆို တော့ နီး တော့ နီး နေပါပြီ ။ ဘယ် သား သမီး အိမ် မှာ ခေါင်း ချ မှာ ပါလိမ့် ။ ကျွန်တော့် အိမ် မှာ ခေါင်းချ ရင် တော့ ကုသိုလ် ရဦးတော့ မှာ ပါပဲ ။

ကျန်းမာကြပါစေ ။

◾သုမောင်
     ဖခင် (သာဓု)

📖 စာပေမျိုးဆက်များ စာပေစုစည်းမှု

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment