Tuesday, February 14, 2023

ငရဲသို့ ( ၁ )


 ❝ ငရဲသို့ ❞


ကျွန်တော် သူ ကို လိုချင်သည် အမှန်ပင် ။


ကျွန်တော်တို့ ရွာ ထဲ မှာ သူ့ ထက် ချော သူ အများပင် ရှိပါ၏ ။ စင်စစ် ကျွန်တော်တို့ ရွာ သည် မိန်းမချော ထွက်သော လှိုင်မြစ် ရှိ ဘောလယ်ရွာ ကဲ့သို့ နာမည် ကျော် ပါသည် ။ စင်စစ် လှိုင်ဘောလယ် သို့ ကျွန်တော် ရောက်ဖူးပါ၏ ။ အလကား ပါ ။ နာမည် ကျော် သော်လည်း အပျိုတွေ မချောလှပါ ။ တုတ်တုတ်ခိုင်ခိုင် နှင့် ခြေသလုံး ကြီးလှပါသည် ။ စင်စစ် သူ့ ခြေသလုံး ကဲ့သို့ ဝါဝါဝင်းဝင်း ပြေပြေပြစ်ပြစ် မရှိပါ ။ လှိုင်ဘောလယ် မှ အပျိုချောတို့ ၏ ပေါင်တံ မှာ ကျွန်တော့် မျက်စိထဲ တွင် သူ့ ပေါင်တံ ထက် တစ်မိုက် လောက် ပို ရှည်သည်ဟု ထင်ပါသည် ။ စင်စစ် သူ့ ပေါင်တံ မှာ ဆင်နှာမောင်း ကဲ့သို့ လျှော၍ ဆင်း လာ သော ပေါင်တံ ဖြစ်သည် ။


စင်စစ် ကျွန်တော် မှာ သူ့ ကို မြင်တိုင်း အရူး ပမာ တမျှ စိတ် ဗရောက် ဗရက် ဖြစ် မိသည် ။ ထို့ကြောင့် သူ့ ကို တွေးမိ လိုက်တိုင်း စင်စစ် စင်စစ် နှင့် တစစ်စစ် မြည်တမ်း မိပါ၏ ။ ထို့ကြောင့် ကျွန်တော် ပြောသည့် စကား ထဲ တွင် စင်စစ် စင်စစ် ဟူသော စကားများ ဝဂ်နင်း လို ထပ်၍ နေခဲ့ပါလျှင် ခွင့်လွှတ် ကြပါ ။


စင်စစ် ကျွန်တော် သူ့ ကို မလိုချင်ပါ ။ အမှန်ပင် မလိုချင် ။


ရော သည်တစ်ခါ ကျွန်တော့် ရှေ့ စကား နှင့် နောက် စကား မညီ ဟု ထင်ပါသည် ။


ရှေ့စကား နောက်စကား ညီနိုင်ပါ့ မလား ။ သူ ကို မြင်ရခိုက် ၌ သည်းအူပြတ်မျှ ရာဂပုတ္တများ တဖွားဖွား ဖြစ်၍ လိုချင်လာသည် မှန်၏ ။ သို့သော် သူ့ စရိုက် ကို ဆန်းစစ် ကြည့် ပြန်လျှင် မလိုချင်ပါ ။


သူ့ မျက်စိ က ကျွန်တော့် အပေါ် စပါးကြည့် ကြည့် လိုက်သည့် အခါ ကျွန်တော့် ရင်ထဲ ဖိုလှိုက် ဖိုလှိုက် ဖြစ် သွားပါသည် ။ သို့သော် သူ သည် လူတကာ ၏ ရင် ကို ဖိုလှိုက် ဖိုလိုက် ဖြစ်အောင် လုပ်တတ် သူ ဖြစ်သောကြောင့် သူ့ ကို ကြောက်လှပါသဗျာ့ ။


သူ့ အကြောင်း ပြောပြသည့် အခါ နာမည် ကို မျှပင် ဖွင့် မပြောရက်ပါ ။ သို့သော် ရပ်ထဲ ရွာထဲ ၌ ကျေးအုံ ဟု ပြောလျှင် အများ က ပင် နှာခေါင်း ရှုံ့ပြီးသား ဖြစ်၍ ကျွန်တော် ဖွင့် မပြောလို စေကာ မူ အများ သိပြီးသော ဇာတ်လမ်း ကို မကြားချင့် အဆုံး ဖြစ်ရပါသည် ။


ကျေးအုံ မှာ ကျေးမှုံ ၏ ညီမ ဖြစ်သည် ။ ကျေးမှုံ ဆိုသူ ကို ကျွန်တော် ဝိုးတိုးဝါးတား နှင့် မမှတ်မိတော့ပါ ။ သို့သော် ကျွန်တော့် သူငယ်ချင်း အောင်ကျော် ကမူ ကျွန်တော် တို့ ဦးသုန္ဒရ ဘုန်းတော်ကြီး ၏ ပဇ္ဇောတာရုံ ကျောင်း တွင် “ ဘော ဒေဝပုတ္တာ အို နတ်သား ” ဟူ၍ သံကုန် ပြိုင်၍ အော်ခဲ့ကြ စဉ် က ကျောင်း ၏ နောက်ဖေး ဖင်လှန်ချောင်း စပ် ရှိ တဲကုပ်ကလေး တွင် ကျွန်တော် နှင့် ကျေးမှုံ တို့ ခုံညင်း လှိမ့် ကစားရင်း ရန်ဖြစ်ဖူးသည် ဟု ဆိုပါသည် ။


ကျွန်တော် မှတ်မိသရွေ့ မှာ ကျွန်တော် ၏ ရောင်ပေစူး ကို ဆယ်နှစ် ရွယ် မျှ မရှိသေးသော ကောင်မကလေး က ဆွဲ ၊ ၎င်း‌ ကောင်မကလေး ၏ ကြက်တောင်စည်း ကို ကျွန်တော် က ဆွဲ ၊ နှစ်ဦးသား သဲသဲမဲမဲ နပမ်းလုံး နေစဉ် အောင်ကျော် က ဝင် ဖျဉ် သည် ကို မှတ်မိ ပါသည် ။


“ ဟေ့ သာဝေ ၊ မလုပ်နဲ့ ကွ ၊ မလုပ်နဲ့ ။ ဒါ ငါ့ နှမကလေး ကွ ” ဟု ဆိုပါသည် ။


အောင်ကျော် သည် လံတာ လေးဆယ် မျှ သော ကိုင်းမြေ ကို ပိုင်သူ ဦးဖျော် ဒေါ်ခါဥ တို့ ၏ တစ်ဦးတည်း သော သား ဖြစ်သည် ။ သို့နှင့်ပင် သူ က ကောင်မကလေး ကို သူ့ နှမ ပါ ဟု ဆိုလိုက် သော အခါ ကျွန်တော် ပို၍ စိတ် ဆိုး မိ ပါသည် ။


“ ဟေ့ မင်းနှမတွေ ရှိသမျှ ကြီးကြီး ရော ၊ ငယ်ငယ် ရော ငါ အကုန် သိတယ် ။ ဒီ ကောင်မ ဗျစ်ထူကြီး ကို မင်း အမေ့လင် ခေါ် လာ သလား ” ဟု ကျွန်တော်သည် ကျေးတောသား တို့ စရိုက် အတိုင်း ဆဲရေးတိုင်းထွာ ၍ မေး ပါသည် ။


အောင်ကျော် သည် စိတ် မဆိုးတတ်ပါ ။ သူ့ အမေ နှင့် အဖေ တို့ က သနား သဖြင့် မွေးစားရန် ကြံရွယ် ထားသော ညီအစ်မ နှစ်ယောက် မှာ ထို သူငယ်မ နှင့် သူ့ ထက် အငယ် ကျေးအုံ ဖြစ်သည် ဟု ဆိုပါသည် ။ 


ကျေးအုံ မှာ နှပ်ချေး တွဲလောင်း နှင့် ရွံစရာ ကောင်းသော ကောင်မကလေး ဖြစ်သည် ကို ကျွန်တော် မှတ်မိပါ၏ ။ ၎င်း နောက် ၌ ကား ကျွန်တော် သည် အောင်ကျော် တို့ မိသားတစ်စု နှင့် ခေတ္တ ခွဲခွာ ခဲ့ရပါသည် ။ ကျွန်တော့် အဖေ မှာ အညာ မှ လှေသူကြီးမျိုးရိုး ဖြစ် သဖြင့် ပခုက္ကူ သို့ ဆန် တက်ရင်း ကျွန်တော့် ကို ခေါ်သွား သဖြင့် လှေသူကြီးသား ဘဝ နှင့် ဧရာဝတီမြစ်ရိုး တစ်လျှောက် တွင် လှေ ကိုပင် အိမ် ပမာ လုပ် ၍ နေထိုင်ခဲ့ရာ လေးငါးနှစ် လောက် ကြာ မှ ပင် မူရင်း ရွာ သို့ ပြန် ရောက် ပါသည် ။


ထိုအချိန်တွင် ကျေးမှုံ မရှိတော့ပြီ ။ ကျောက်ပေါက် ၍ ဆုံးသည် ဟု သိရသည် ။ ကျေးအုံ မှာ ကား ကပ်ကြီး မှ ကျော်နိုင်လွှား နိုင်ခဲ့သည် ။ သို့သော် ကျွန်တော် နှင့် အောင်ကျော် တို့ လူပျို လှည့် နေသော အရွယ် ၌ ကျေးအုံ သည် နှပ်ချေးတွဲလောင်း နှင့် ပင် ရှိ သေးသည် ။ အလွန်ဆုံး ဆယ်နှစ် လောက်ပင် ရှိ လိမ့်မည် ။ ထို့ကြောင့် ကျွန်တော်တို့ ၏ ကာလသား ဘဝ ထဲ တွင် ကျေးအုံ ဆိုသော ကလေးမ မှာ အရူးအနှမ်း သာသာ မျှ ရှိရာ ကျွန်တော်တို့ နှစ်ဦး စလုံး သူ့ ကို ဂရုမစိုက်နိုင်ခဲ့ကြပေ ။


ယခု ကျွန်တော်တို့ အသက် အစိတ် ရှိလာပြီ ။ ကျွန်တော်တို့ ငယ် သူငယ်ချင်း နှစ်ယောက် သည် ရပ်ရွာ ၌ မိန်းမချော ဟူသမျှ ကို ပြိုင်တူ ပိုးခဲ့ ကြသည် ။ ကြိုက်စရာ ရှိလျှင် ပြိုင်တူ ကြိုက်ခဲ့ ကြ၏ ။ သို့သော် ကျွန်တော်တို့ သူငယ်ချင်း နှစ်ဦး ၏ စပ်ကြား ၌ မနာလိုသော သဘောထား မရှိ ။ ထို့ကြောင့် ကျွန်တော့် ကို ကြိုက်သော အပျို က အောင်ကျော် ကို မြှူ နေလျှင် ကျွန်တော် စိတ် မဆိုး ၊ အောင်ကျော် ကို မျက်စိ ကျသော အပျို က ကျွန်တော့် ကို ရိသဲ့သဲ့ လုပ်လျှင် အောင်ကျော် က ပြုံး ၍ နေ တတ်သည် ။ 


ဤ အကြောင်းကြောင့် ကျွန်တော်တို့ နှစ်ဦး စလုံး ပြိုင်တူ ဆန်ပြုတ် ဖြစ်ခဲ့ကြရလေသည် ။


ကောင်မကလေးများ က ကျွန်တော်တို့ နှစ်ဦး စလုံး ၌ သူတို့ ကို နှစ်နှစ်ကာကာ ကြိုက်သော စိတ် မရှိ ဟု ဆိုသည် ။ ကျွန်တော် တကယ် ကြိုက်သော ကောင်မကလေး က သူ့ ကို ကျွန်တော် တကယ် ကြိုက်ခဲ့ပါ လျှင် သူ ကြိုက် နေသော အောင်ကျော် ကို သူ က ကြိုက် ၍ ပြ လိုက်သော အခါ ကျွန်တော့် အသား ဆတ်ဆတ် တုန်ရမည် ဟု ဆိုပါသည် ။ အောင်ကျော် နှင့် ပတ်သက် လျှင်လည်း ဤကဲ့သို့ပင် အပြန်အလှန် ယူဆရမည် ဟု ဆိုပါသည် ။ ကျွန်တော် မှာ ယခု မိန်းမ နှင့် ရခါ မှ မိန်းမ အကြောင်း ရိုးတိုး ရိပ်တိတ်  ရိပ်မိ သဖြင့် မိန်းမများ သည် သူတို့ အတွက် ကြောင့် မနာလိုမှုကလေး ရှိ မှ သူတို့ ကို မြတ်နိုးသည် ဟု ထင်ကြောင်း အနည်းငယ် သိရှိ ရပါသည် ။ သို့သော် ထို မနာလို စိတ် ကို ကျွန်တော်တို့ ငယ်သူငယ်ချင်းများ အချင်းချင်း ၌ မွေးမြူ၍ မရပါ ။


ထို့ကြောင့် ကျွန်တော့် မိန်းမ က စိတ်ဆိုး လာ တိုင်း လင်နောက် လိုက်မည် ဟု ပြောသော အခါ ကျွန်တော် က “ မလိုက်ပါနှင့် ။ ငါ တင့်တင့် တယ်တယ် ပေးစားပါမည် ။ လင်ငယ် ကို ခေါ်ခဲ့ပါ ” ဟု အပြော ကောင်းသော ကြောင့် ကျွန်တော့် နဖူး ၌ ငရုတ်ကျည်ပွေ့ ဒဏ်ရာ အမာရွတ် မှာ ယခု တိုင် မပျောက်နိုင်တော့ပါ ။


သူငယ်ချင်း နှစ်ယောက် ဤမျှလောက် ချစ်ခင်ကြင်နာ ကြပါ၏ ။ သို့သော် ယခု အချိန်၌ ကျေးအုံ သည် အပျို ဖြစ်လာပြီ ။


ဆယ့်ခြောက်နှစ်ရွယ် ဆံရစ်ကလေး နှင့် ဝဝတစ်တစ် မို့ ချစ်စရာ ကောင်း ပေသည် ။ သူ ၏ စပါးကြည့် မှာ ညှို့ဓာတ် ပါလှပေသည် ။ 


ထို့ကြောင့် အောင်ကျော် ဆိုသော ဘသားချော မှာ ယခင် က လို မဟုတ် ။ အိမ်ပြင် သို့ များစွာ မထွက်တော့ချေ ။


ကျွန်တော်တို့ မှာ လူပျိုဖားဖားကြီး ဖြစ် နေပါပြီ ။ အသက် အစိတ် ကျော် ၍ သုံးဆယ်နား နီး နေသည့် အခါ ကျွန်တော်တို့ နှစ်ဦး ကို အပျိုပေါက်စ တို့ က ဦးလေး ဟု ခေါ် ခေါ် နေ သဖြင့် ကျွန်တော်တို့ ၏ နဖူးစာ မှာ မင်ရည် ကျဲ သည် ထက် ကျဲ လာပြီ ။ သို့သော် ကျွန်တော် တို့ နှစ်ဦးသား သည် ရွာပြင် ရှိ ထန်းတော တွင် ပျော်ရွှင်စွာ ကျက်စား လျက် ရှိကြပါသည် ။ ကျွန်တော် ၏ အဖေ ၊ အမေ ဖြစ်သည့် ဦးဖိုးသာ နှင့် ဒေါ်နှင်းဝေ တို့ မှာ အောင်ကျော် ၏ အဖေ ၊ အမေ တို့ ကဲ့သို့ ပင် လယ်ဧက ငါးဆယ် ကျော် မျှ ကို ပိုင်ဆိုင်ကာ လူရတတ် ဖြစ်လာကြ လေရာ ဆွေမျိုးရင်းချာ ပမာ ချစ်ခင် ကြ ပေသည် ။ ထို့ကြောင့် အောင်ကျော် ၏ နှမ ကျေးအုံ သည် လည်း ကျွန်တော် ၏ နှမ ပမာ ဖြစ်သည် ။ ကျေးအုံ ကို အောင်ကျော် က ၅၂၈ နှင့် ချစ် လျှင် ကျွန်တော် က လည်း တစ်ပြား မျှ မျောက် မပွန်း ၊ ၅၂၈ တိတိ နှင့် ပင် ချစ် ပါ၏ ။ သို့သော် အောင်ကျော် ဆိုတဲ့ ငနဲ ဟာ ယခုတလော အိမ်တွင်း ပုန်း လှသည် ။


“ ဟေ့ ကောင် လာလကွာ ၊ ထန်းတော ကို ”


“ အိုကွာ ၊ တစ်ခါ လာ လည်း ခါ ၊ တစ်ခါ လာ လည်း ခါ ။ တောကြက် လည်း မရဘဲ နဲ့ ငါ မလိုက်ချင်ပေါင် ”


ရော သည်တစ်ခါ ခွေးမသား က ကိန်းကြီးခန်းကြီး လုပ်နေ ပြန်ပြီ ။ ခါသား မစားရသည့် အလှည့် တွင် စာကလေးကင် နှင့် ပင် ကျေနပ်သော သူ က တောကြက် ကို မှ ထောင် ချင်သည် ဟု ပြော လာသည် ။ မရိုးဘူး ထင့် ။


ကျွန်တော်တို့ အချင်းချင်း အစ် ၍ မေး နေစရာ မလို ။ ထို့ကြောင့် တစ်ချက် လောက် ငေါက် ၍ မေးလျှင် ပင် အားလုံး ပေါ် ပါသည် ။


ကျေးအုံ သည် နှပ်ချေးတွဲလောင်း နှင့် မဟုတ်တော့ပြီ ။ ငယ်ငယ် က ရွံစရာ ကောင်း သလောက် ယခု မျှစ်စို့ကြီး ကဲ့သို့ ။


အောင်ကျော် က သူ့ အကြောင်း ကို ကျွန်တော့် အား တိုးတိုး ပြောရင်း မှ နေ၍ ကျွန်တော် သည် မီးဖိုချောင် ထဲ ရှိ ကျေးအုံ ကို အဝေး က လှမ်း ကြည့် မိ သည် ။


သူ့ မျက်စိ မှာ ဗာဒံစေ့ကလေး လို ဝိုင်းသည် လည်း မဟုတ် ၊ ချွန်သည် လည်း မဟုတ် ။ သို့သော် သူ က မျက်စိ ကို မျက်လုံးထောင့် ကပ်၍ ကြည့်လိုက် သည့် အခါ လူ တစ်ဖက်သား မှာ ရင်ဖို လာ တတ်သည် ။


မျက်နှာ မှာ သွယ်သွယ် ၊ သို့သော် ပါးအို့ က ဖောင်း နေ သောကြောင့် သွယ် မှန်း မသိရ ။ ပါးပြင် ပေါ် တွင် မှုန်တေ့ ထားသည် မှာ ပျော့ပျောင်း အိစက် ညက်ညော လှသည် ။


အောင်ကျော် က ကျွန်တော့် နား ထဲ စကား တွတ်တွတ် ထိုး နေစဉ် ကျွန်တော် တွေး မိသည် ။


ဒီ ပါး ပေါ် မှာ နှာခေါင်း သရမ်း ကြသော လူပျိုပေါက်စ တို့ ၏ အရေ အတွက် သည် မည်မျှလောက် ရှိပါ သနည်း ။


အောင်ကျော် အပြော နှင့် ပင် ဒါဇင်ဝက် လောက် ရှိ နေပေပြီ ။ သူ မသိသော ကောင်ကလေးများ မှာ တစ်ဒါဇင် ကျော် ချင် ကျော် ဦးမည် ။ 


ကျေးအုံ သည် သရက်ထည် ပိတ်အင်္ကျီလက်ပွ ကို ဝတ် ထားသည် ။ ကျွန်တော်တို့ ဘက် သို့ ဘေးစောင်း လှည့် လိုက်သော အခါ သူ ၏ နိမ့်တုံ မြင့်တုံ ရွှေရင်အုံ မှာ ထူထဲသော ပိတ်အင်္ကျီ ထဲ မှ ကျန်းမာပြည့်ဖြိုးသော အသွင် ကို ထင်လင်းစွာ ပြလျက် ရှိသည် ။


တင်ပါးဆုံ မှာ လည်း နိမ့်တုံ မြင့်တုံ နှင့် ။ တစ်ချက် တစ်ချက် ထင်းစည်း များ ကို ပွေ့ပိုက် ၍ မီးဖိုချောင် အထက် က ကျပ်ခိုးစင် ပေါ် လှမ်း၍ တင် လိုက် သောအခါ နိမ့်တုံ မြင့်တုံ တင်ပါးဆုံ မှာ ရွာဦးဈေး တွင် ဒေါ်ဒွေးလေး ရောင်း နေသော မုန့်ကျွဲသည်းတုံးကြီး ကဲ့သို့ ဆတ်ဆတ် တုန် လျက် ။ 


စင်စစ် ကျွန်တော် ရင်တုန် နေ ပါသည် ။ 


အောင်ကျော် လည်း အသံ တုန် နေသည် ။ သူ လည်း ရင်တုန် နေမှာ ပါပဲ ။


“  ငါ ကတော့ နှမအရင်း လို သဘောထား သကွယ့် ။ ဒါကြောင့် ညီမကလေး ၊ ညီမကလေး နဲ့ ချော့ နေရတာပဲ ။ သူ က တော့ မျက်နှာ များ သဟေ့ ။ ငါ ကတော့ တစ်ခါမှ မမိသေးပါဘူး ။ ဒါပေမယ့် အမေ က ပြောတယ် ၊ မီးဖိုချောင် တံခါး မင်းတုပ် ထိုးတာ ၊ ညည လူသံ ကြား တာ ၊ မန်ကျည်းပင် အောက် မှာ နှစ်ယောက်ချင်း တွေ့ တာ များလှပြီ တဲ့ ကွ ။ ငါ ဘယ့်နှယ် လုပ် ရမလဲ ”


အောင်ကျော် သည် ချူသံ ပါအောင် ညည်း ပါသည် ။


“ လင် ပေးစားလိုက်ရင် အေးတာပါပဲကွယ် ”


စစ်စစ် အောင်ကျော် သည် သူ ၏ မွေးစားနှမ အတွက် စေတနာ ထက်သန်လှစွာ ဖြင့် လင် ရှာ ခဲ့ပါ၏ ။


သို့သော် ရပ်ရွာ ရှိ ကောင်ကလေးများ က ကျေးအုံ ဟူသော အသံ ကို ကြား လျှင် လန့်သွား တတ် ကြသည် ။ ရွာထိပ် က သူကြီးသား နှင့် လည်း ကျေးအုံ ၊ ရွာပြင် က ဆယ်အိမ်ခေါင်းသား နှင့် လည်း ကျေးအုံ ၊ လှည်းသမားသား နှင့် လည်း မကင်း ဟု အဆို ရှိသည် ။ မုန့်သည်မသား နှင့် လည်း ဘာဂလို တိုတို ပြောသံ ကြားသည် ။ ကျွန်တော် ၏ လယ် ထဲ မှ သူရင်းငှား နှင့် လည်း ရိုးတိုးရိပ်တိပ် ပင် ။ အောင်ကျော် တို့ ၏ ကိုင်းထဲ က ပေါင်းသင်သော လုပ်သား များနှင့် လည်း မသင်္ကာစရာ ဟု ဆိုသည် ။


အောင်ကျော် ၏ အဖေ နှင့် အမေ တို့ မှာ သူ့ ကြောင့် စိတ်ညစ်စ ပြု လာ သော်လည်း နှပ်ချေးတွဲလောင်း အရွယ် က သားရင်း သမီးရင်း ပမာ ပြုစုမွေးမြူ လာ သဖြင့် သံယောဇဉ် ကြီး သည် ။ အပျိုရည် မပျက်ရင် တော်သေးတာပ ဟူသော သဘော နှင့် ကိုယ့် သမီး ကို ကိုယ် ကျိတ်၍ ကျိတ်၍ ဆုံးမရင်း မနိုင်မနင်း ဖြစ် လာသည် ။


ကျွန်တော် က “ မင်းနှယ် ကွယ် ၊ နှမ အရင်း မှ မဟုတ်ဘဲ ဒီလောက် တောင် ရှိလှတယ် မင်း ပဲ ယူ လိုက်ပါလား ” ဟု အောင်ကျော် အား ပြောပြ သည် ။ ကျွန်တော် က သူ စိတ်ဆိုးလေမည်လား ဟု တွေး မိသည် ။


သို့သော် အောင်ကျော် က “ ငါ လည်း မင်း ပြောသလို တွေး မိတယ် ။ ငါ လည်း သူ့ ကို ချစ်တာပဲ ။ တို့ ပိုးခဲ့ ပန်းခဲ့ တဲ့ ကောင်မတွေ အပေါ် ချစ်တာ ထက် ပို ချစ်တယ် ။ ဒါပေမယ့် ငါ့ အချစ် က တစ်မျိုး ပဲ ။ သူ့ ကို ငါ ချစ်တယ် ၊ ဒါကြောင့် သူ ကို ငါ မယူရက်ဖူး ။ သူ ကြည်ဖြူတာ ကို မှ သူ ယူပေ့စေ ။ သူ့ ကို မွေးစားနှမ ဆိုပေမယ့် နှမ အရင်း လို ခင်မင် လာတော့ သူ နဲ့ ငါ နဲ့ သွေးမစပ် သားမစပ် ဆိုတာ သိပါလျက် နဲ့ ဒီလို မကြံရက်ဖူး ။ ငါ ကတော့ ဒီ ကောင်မကလေး ကို မင်း ပဲ စောင့်ရှောက်စေ ချင် တယ် ” ဟူ၍ ပြော လေသည် ။ 


အောင်ကျော် ပြောသော စကား ကို ကြားသော် ကျွန်တော် များစွာ တုန် လှုပ်သွားသည် မှန်ပါသည် ။ သို့သော် ထို စကား မှာ ကျွန်တော် မနှစ်သက်သော စကား မဟုတ်ချေ ။


“ ဒါပေမယ့် ခက်သကွာ ၊ မင်း နှမ ဆိုရင် ငါ့ နှမ လိုပါပဲ ။ အရင်းအချာ လို နေလာ ရာ က ဒီ ဘဝ ရောက်ဖို့ ကို ငါ မတွေးတတ်ဘူး ။ ပြီးတော့လည်း အသက် က အတော်ပဲ ကွာ နေသကွာ ”


“ ဟေ့ ယောက်ျား မောင်ပဉ္စင်း ၊ မိန်းမ ပုခက်တွင်း ပါ ကွာ ”


“ ဟုတ်တော့ ဟုတ်တာပေါ့ ၊ နို့ပေမယ့် သူ က ငါ့ ကို ကြိုက်ဦးမှ ကွယ့် ” 


“ အောင်မယ်လေး ယောက်ဖ ရာ ၊ ဒါကိုတော့ ငါ ကြံ ပေးပါ့မယ် ။ မင်း ပူစရာ အလုပ် မဟုတ်ပါဘူး ”


“ နို့ မင်း ကြိုက်နေတဲ့ ဥစ္စာ ၊ ငါ ဝင် ကြိုက်လို့ တော်ပါ့မလား ”

 

“ ဟေ့ ခုမှ အထူးအဆန်း ပြော မနေနဲ့ ။ မင်း နဲ့ ငါ နဲ့ ကြိုက်ကြပြီ ဆိုမှ ဖြင့် တစ်ယောက် တည်း ကို အတူတူ ကြိုက်ခဲ့ကြတာ ချည်းပဲ မဟုတ်လား ”


“ အင်း ဒါလည်း ဟုတ်တာပဲ ”


ကျွန်တော်တို့ နှစ်ယောက် ယင်းသို့ အချေအတင် စကား ပြောရင်း ညနေစောင်း ရောက် လာ၍ ရွာထိပ် ရှိ ကန်ပေါင်ရိုးသို့ လျှောက်လာ ခဲ့ကြသည် ။ ကန်ဘေး တွင် ပျိုအိုကျားမ ငယ်ရွယ် တို့ စုဝေး၍ နေကြသည် ။ အဝတ်ဖွပ် သူ က ဖွပ် ၊ ရေချိုး သူ က ချိုး နေကြသည် ။ ကျွန်တော်တို့ ကန်ပေါင်ရိုး ကို တစ်ပတ် လှည့် နေစဉ် ရွာဆော် ၏ သား ယောင်ပေ ယောင်ပေ လုပ် နေသည် ကို တွေ့ ရသည် ။ ရွာဆော် ၏ သား အမည် မှာ မောင်ကွန်း ဖြစ်သည် ဟု ကျွန်တော် ဝိုးတိုးဝါးတား မှတ်မိပါ၏ ။ မောင်ကွန်း သည် ကျွန်တော်တို့ နှစ်ယောက် လျှောက်လာသည် ကို ခပ်လှမ်းလှမ်း မှ ရှောင် ပေး၍ ရွာ ထဲ သို့ ပြန် ဝင် သွား သည် ။ မောင်ကွန်း မှာ ရေချိုး ဆင်းလာသည် ဖြစ်၏ ။ သို့သော် သူ ရေမချိုးဘဲ ပြန် သွားသည် ကို ကျွန်တော် သတိထား မိသည် ။ ကျွန်တော် နှင့် အောင်ကျော် တို့ကား ကန်ဘေး လေညင်း ခံရင်း ကျွန်တော်တို့ ငယ်စဉ် က ပိုးပန်းခဲ့သော သူငယ်ချင်းမများ သူတို့ ၏ ယောက်ျားများ နှင့် တပျော်တပါး ကျီစယ် နေ ကြသည် ကို ဝိုင်း၍ ကြည့်ရင်း တစ်ကိုယ်တော် ဘဝ ၏ လွမ်းစရာ အခြေ ကို နှစ်ဦးသား ကိုယ့် အတွေး နှင့် ကိုယ် တွေး၍ နေကြလေသည် ။


နေမင်း က မဝင့် တဝင် ။ လွင်ခေါင်ခေါင် ညောင်ပင် အောက် တွင် ငမောက်ကြီး မြက် စားရင်း တဗျစ်ဗျစ် နှင့် နောက်ချေးပါ ချ နေသည် ။ ငမောက် မှာ ရွာဆော်ကြီး ၏ နွား ဖြစ်သည် ။ ရွာဆော့်သား သည် သူ့ အဖေ့ နွား ကို မျှ ပင် နွားတင်းကုပ် သို့ မသွင်းနိုင် ဘဲ ရွာ ထဲ ပြန် ဝင်သွားသည် ။


ကျွန်တော် ကား ရွာဆော့် သား မောင်ကွန်း ကို ပင် မသင်္ကာ ဖြစ် လာ သည် ။ ထိုကြောင့် အောင်ကျော် ကို စကားရိပ် ပေး ၍ ရွာ ထဲ ပြန် ဝင် လာကြ ပြီး နောက် အောင်ကျော် အိမ် ကို နောက်ဖေးဘက် ငှက်ပျောတန်း မှ လှည့် ၍ ဝင် သည် ။


နေ ဝင် သဖြင့် ညဉ့်ဦး ၏ လွှာရုံသည် ရွာကလေး ပေါ် သို့ လွှမ်းခြုံ လိုက် ပေပြီ ။ ငှက်ပျောအုပ်ကလေး မှာ လည်း နှင်း စို၍ လာလေပြီ ။ ငှက်ပျောတန်း ထဲ ၌ မှောင်နှင့်မည်းမည်း ဖြစ်၍ လာ ချေပြီ ။ ငှက်ပျောတန်း နှင့် ခပ်လှမ်းလှမ်း ၌ ကား သရက်ပင် ငုတ်တို ပေါ် တွင် သဏ္ဌာန် အား ဖြင့် ဝိုးတိုးဝါးတား ရှိသော လူ နှစ်ယောက် ။


“ ဟေ့ မပြေးနဲ့ ”


ကျွန်တော် တို့ နှစ်ဦးသား သည် ကျေးအုံ နှင့် မောင်ကွန်း ကို နှစ်ယောက် ညှပ်၍ ဖမ်း ရာ မိပြီ ။


အောင်ကျော် သည် သူ့ နှမ ကို လူ နှင့် တကွ မိပြီ ဖြစ်၍ ဒေါသအမျက် ခြောင်းခြောင်း ထွက် ကာ တုတ်တပြက် ဓားတပြက် နေလိမ့်မည် ဟု ကျွန်တော် ထင် မိသည် ။ သို့သော် အောင်ကျော် ဒေါသ ထွက်သည် ကို ကျွန်တော် တွေ့လှ ခဲသည် ။ သို့ဖြစ်၍ ယခု လည်း ကျွန်တော် ထင်ကြေး နှင့် မကိုက်ပေ ။ သူ ၏ ညီမလေး အပေါ် သူ ချစ်သည် မဟုတ်လော ။ ချစ်သောကြောင့် စေတနာ ပိုသည် မဟုတ်လော ။ စေတနာ ပို သောကြောင့် သူ ကိုယ်တိုင် လင် ရှာပေး ရသည် မဟုတ်လော ။ 


“ ညီမလေး ၊ ငါ့ စေတနာ ကို မင်း သိသင့်တယ် ။ ဒါကြောင့် မောင်ကြီး ဘာမျှ မပြောလိုဘူး ။ ဒီလိုတော့ မလုပ်ပါနဲ့ ၊ လူသိ နတ်ကြား တင့်တောင့် တင့်တယ် ဖြစ်အောင် အမေ နဲ့ အဖေ ပြောပြီး ပေးစားမယ် ” 


အောင်ကျော် က အေးအေး ပြောသည် ။ မောင်ကွန်း ကား မူလ က ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်ရသော်လည်း အောင်ကျော် ၏ သဘော ကောင်းပုံ ၊ စေတနာ ကောင်းပုံ ကို သိပြီး ဖြစ်၍ စပ်ဖြဲဖြဲ လုပ် နေသည် ။


“ ကျွန်တော် က ငယ်သေးတယ်ဗျာ ” ဟု မောင်ကွန်း က ပြောသည် ။


သည်အခါတွင် မှ အောင်ကျော် စိတ် ထ လာသည် ။ 


“ ခွေးသားလေး ၊ ငယ်သေး ရင် ဘာဖြစ်လို့ ဒီလို ကြံ သလဲ ။ သောက် စကား မများ နဲ့ ၊ လာ လိုက်ခဲ့ ” 


အောင်ကျော် သည် မောင်ကွန်း ကို သူ့ အိမ် ပေါ် သို့ ခေါ် တင် သွား သည် ။ ကျေးအုံ မှာ မျက်ရည် တရှုပ်ရှုပ် နှင့် ကျန်ရစ်သည် ။ သူ မျက်ရည် ကျတာ မြင်သော အခါ ကျွန်တော် ငိုချင် လာသည် ။ ထို့ကြောင့် သူ့ ကို လက် ဆွဲ၍ “ လာပါကွယ် ညီမလေး ရယ် ၊ မင်း ကြိုက်တာ ကြိုက်တဲ့ အတိုင်း ဖြစ်စေရမပေါ့ကွယ့် ” ဟု ပြောကာ အိမ် ပေါ် သို့ ကျွန်တော် ခေါ်တင်လာခဲ့ သည် ။ ကျေးအုံ ၏ လက် ကို ဆွဲ ရသည့် အရသာ မှာ ဘယ် အရသာ နှင့် မျှ မတူသည် ကို ကျွန်တော် သတိ ထား မိသည် ။


◾မောင်ထင်


📖 ရှုမဝ 

      နိုဝင်ဘာ ၊ ၁၉၅၃ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment