ကျွန် တော် တို့ ရွာ မှာ ဘုရားပွဲ ရှိတယ် ။ ရွာဘုရားပွဲ ဆိုတာ ကလည်း တစ်နှစ် မှ တစ်ခါ လုပ်ရတာ မဟုတ်လား ။ ခါတိုင်း နှစ်တွေ လည်း လုပ်ပေရဲ့ ။ ဒါပေမယ့် တစ်နိုင် တစ်ပိုင် လောက်ပဲပေါ့ ။ မြို့ဇာတ် ငှားတော့ လည်း ဇာတ်ပွဲဈေး က အရမ်းကြီး ။ ( အမှန်တော့ ဇာတ်ပွဲ က ဈေးသိပ် ကြီးတာ မဟုတ်ပါဘူး ။ ရွာ က အိမ်ခြေ က လည်းနည်း ၊ လက်လုပ် လက်စား ချည်း ပဲ ဆိုတော့ မငှားနိုင်တာ လည်း ပါတာပေါ့ ... အင်း ဦးကျဲ တို့ ၊ ဦးတင်အောင် တို့ လို အဆင် ပြေကြတဲ့ လူတွေ ကတော့ ကမကထ လုပ်ပြီး ငွေအား လူအား စိုက်ပေးကြပါတယ် ၊ ဒါပေမယ့် အားလုံးကြီး လည်း ဘယ် တတ်နိုင်ပါ့မလဲ ။ )
အဲ ... ပြီးခဲ့တဲ့ နှစ် ကတော့ ရွာ က အီးတီ ဆိုတဲ့ လူ က ပွဲခ သက်သာအောင် ဆိုပြီး မြို့ တက် ဇာတ်ပွဲ ငှားပေး သဗျ ။
ရွာ အကြောင်း ပြောရင်း နေခဲ့ဖူးတဲ့ ရွာ က လူ တစ်ယောက် အကြောင်း ပြောချင် သဗျာ ။ သူ့ အကြောင်း ကို ကျွန်တော် လူလည်ကြီးများရွာ ဆိုတဲ့ ဝတ္ထု တစ်အုပ် ရေးဖူးတယ် ။
သူ့ နာမည် က အီးတီ တဲ့ ။
ရုပ် က စတီဗင်စပီးဘတ် ( ခ် ) ရိုက်တဲ့ အီးတီဇာတ်ကား က အီးတီ ရုပ် ၊ အလုပ် က ဆေးဆရာ ၊ ကင်မရာ အစုတ်ကလေး ကိုင်ပြီး ပတ် ( စ် ) ပို့ လောက် ရိုက်တဲ့ ဓာတ်ပုံဆရာ ။
ဆေးဆရာ ဆို လို့ အထင် မသေးနဲ့ဗျ ။
သူ က ဓာတ်ဗိန္ဓော တို့ မြန်မာဆေး တို့ ရောင်းတဲ့ ဆေးဆရာ မဟုတ်ဘူး ။ ပီဘိ အင်္ဂလိပ်ဆေးဆိုင် ရောင်းတဲ့ ဘို ဆေးဆရာ ။ ဆရာဝန် လည်း ဟုတ်ဘူးနော် ။ မြို့ က ဆေးခန်း တစ်ခု မှာ ကွန်ပေါင်တာ ဆိုလား လုပ်ခဲ့ဖူး ဆိုပဲ ။ ရိုးရိုး ပြောရရင် ဆေးစပ်ပေးတဲ့ သူ ပေါ့ ။ တစ်ရွာလုံး မှာ လည်း အင်္ဂလိပ်ဆေး အကြောင်း သိသူ ဆိုလို့ သူ့ တစ်ယောက် လောက် ရှိတာ ဆိုတော့ သူ့ ကို ပဲ အားကိုး နေရတော့တာ ကိုး ။
နေ မကောင်း လည်း အီးတီ ၊ ခေါင်း ကိုက် လည်း အီးတီ ၊ ဗိုက် နာ လည်း အီးတီ ၊ ပတ် ( စ် ) ပို့ ဓာတ်ပုံ ရိုက်မယ် ဆိုလည်း အီးတီ ၊ အီးတီ မှ အီးတီ ပဲ ။ ရွာ မှာ မရှိမဖြစ် အီးတီ ပေါ့ ။ ဒါတင်လား ... ဟုတ်သေးဘူးဗျ ။
တစ်ခါသား ရွာ မှာ ချောတိုင် တက်ပွဲ ရှိတော့ ရွာသား အားလုံး ချောတိုင် တက်ကြတာ ကိုး ဗျ ။ ချောတိုင် က မြင့်တော့ တစ်ယောက် ချင်း တက်လို့ မရဘူး ။ လေးယောက် တစ်တွဲ တက်ကြရတာ ။ တစ်ယောက် အပေါ် တစ်ယောက် ဆင့် ၊ အမြင့်ဆုံး လူ က တိုင် ဆက် တက်တာပေါ့ ။ ချောတိုင် ဆိုတာက ဝါးပိုးတိုင် အမြင့်ကြီး ကို ကွင်းလယ် မှာ စိုက် ထားပြီး ... တိုင် ရဲ့ထိပ်မှာ ရေနံချေး အရည်တွေ ထည့် ထားတယ် ။ ချောတိုင် ကို လူတွေ က တက်လေ ချောတိုင် က လှုပ်လေ တိုင်ထိပ် မှာ ထည့် ထားတဲ့ ရေနံချေး က ကျလေ တိုင် က ချောလေ ပဲ ။ တော်တော့ ဇွဲ နဲ့ အထက် မရောက်နိုင်ဘူး ။ အတင်း အားတင်းပြီး တက်ကြရတယ် ။ ဒါပေမယ့် နောက်ဆုံး မှာ အားလုံး လုံးထွေး ပြီး ကျလာတာ ချည်း ပဲ ။ တစ်ဖွဲ့ မှ မအောင်မြင်ဘူး ။ လူတွေ တက်လို့ မရလေ ဆုကြေး က များလေ ပေါ့ ။
ညနေ စောင်းတဲ့ အထိ အဖွဲ့တွေ က ကြိုးစားပမ်းစား တက်ကြတုန်းပဲ ။ ဘယ်သူမှ ပန်းတိုင် ကို မဆွတ် ခူးနိုင် ကြသေးဘူး ။ ဒါနဲ့ပဲ ချောတိုင် ပေါ် က ဆုငွေ ကို အားလုံး က လက်လျှော့ ရတော့ မလို ဖြစ် နေပြီ ။ ရွာသား အားလုံး လည်း ခြေကုန်လက်ပန်း ကျ လို့ မထနိုင်ကြတော့ဘူး ။ အဲဒီ အချိန် ကျ မှ ချောတိုင် ပေါ် ဖတ်ဖတ် ဖတ်ဖတ် နဲ့ ခြေကန် တက် လာ သူ တစ်ယောက် ကို တွေ့ရတယ် ။ ကြည့် လိုက်တော့ “ အီးတီ ” ။
လွယ်လွယ်လေး ပါ ဗျာ ။ တိုင်ထိပ် ပေါ် က ပန်းတိုင် ဖျတ်ကနဲ လှမ်း ယူပြီး ပြန် လျှော ဆင်း လာတယ် ။ အင်္ကျီ တောင် ဆီချေး မပေဘူး ။ အားလုံး အံ့အားသင့် ကုန်တယ် ။ လေးယောက် ဆင့် တက်လို့ မရတဲ့ ဟာ ကို တစ်ယောက် တည်း တက် သွားတာကိုး ။
သူ့ ကို မေး ကြည့်တော့ ...
“ ဘာမှ မဟုတ်ပါဘူး ကွာ ၊ ငါ က ဆီ ကုန်တဲ့ အချိန် ကျ မှ တက် တာပါ ” တဲ့ ။ ဉာဏ် ကောင်းပုံများ ပြောပါတယ် ၊ ရွာ မှာ ပွဲ ဖြစ်တုန်း က ကြည့်ပါလား ။
ရွာဘုရားပွဲ ကို အဲဒီ နှစ် မှာ စည်စည်ကားကား လုပ်ချင် လို့ မြို့ဇာတ် ငှား တာဗျ ။ ခါတိုင်း နှစ် ဆိုရင်တော့ ဆိုင်းဝိုင်းလေး ငှား ၊ မိုးလင်းပေါက် ပိတ်ကား ထောင်ပြ ၊ ဒီလောက်ပါပဲ ။ ဒီနှစ် ကျ မှ ဆရာတော် ကိုယ်တိုင် သူ့ မွေးနေ့ နဲ့ တိုက် နေ လို့ ကြီးကြီးကျယ်ကျယ် လုပ်တာ ။ ဖြစ်ချင်တော့ ဘုရားပွဲ ရာသီ က မြို့ဇာတ်တွေ ခေါင်းကွဲ တဲ့ ရာသီ ၊ ပွဲ က ဘယ်လို မှ ငှားလို့ မရဘူး ။
ဒါနဲ့ပဲ နည်းနည်း လည်လည်ပတ်ပတ် ရှိတဲ့ အီးတီ ကို မြို့ဇာတ် ငှားဖို့ လွှတ် လိုက်တယ် ။
ဘာကြာလို့လဲ ။
သုံးရက် ပဲ ။
အီးတီ ဇာတ်အဖွဲ့ ကားကြီး နဲ့ ခန့်ခန့်ကြီး ပြန် ရောက် လာတယ် ။ စုံစမ်းကြည့် လိုက် တော့ ဘယ် ဟုတ်မလဲ ။ အီးတီ က ဇာတ်ခေါင်းကွဲ နေတဲ့ ဇာတ်သားတွေ ကို တွေ့ကရာ စုစပ်ပြီး ခေါ်လာတာ ကိုး ။ ဘာပဲဖြစ်ဖြစ် ရွာ က လူတွေ က ဇာတ်အဖွဲ့ ရောက်လာပြီ ဆိုတော့ ပျော်တာပေါ့ နော့ ။ ပွဲ မကြည့်ရတာ ကြာပြီ ကိုး ။ ပွဲရက် တစ်ပတ် လောက် လို သေးတော့ ဇာတ်အဖွဲ့ က လူတွေ ဒီလိုပဲ ရွာ ထဲ နေ ၊ ရွာ ထဲ ချက် ကျွေးတာ စား နဲ့ အဆင် ကို ပြေ နေတာ ။
ရွာ က ခွက်ပုန်းဆိုင် မှာ ဆို မင်းသားကြီး က အစ လူကြမ်း ၊ လူရွှင်တော် ၊ ဆိုင်းသမား အားလုံး တစ်သီ မှ တစ်သီ ကြီး ။ မင်းသမီးတွေ က လည်း ရွာသားတွေ နဲ့ ညား မလို ၊ ခိုး မလို တွေ ဖြစ်နေပြီ ။ ရွာသား တချို့လည်း ဘလတ်တွေ နဲ့ ပေါင်းပြီး ဘလတ် အထာတွေ စွတ်စက် စိမ့်ဝင် နေပြီ ။ ဒါနဲ့ ဆရာတော်ဘုရား က ပဲ မဖြစ်ချေဘူး ဆိုပြီး သူ့ အသက် ကို နှစ်ရက် တိတိ အကြီး ခံပြီး မွေးနေ့ ကို နှစ်ရက် စောပြီး ကျင်းပ လိုက်ရတယ် ။
••••• ••••• ••••• •••••
အဲဒီတော့မှ ရောက် နေတဲ့ ဇာတ်အဖွဲ့ က ဖုတ်ပူမီးတိုက် ဇာတ် တိုက်တော့ တာ ကိုး ။ ဇာတ်ဆရာ က တော့ သိတယ် မဟုတ်လား ။ လူငယ်ဒါရိုက်တာ ဓာတ်ပုံ အီးတီ ( တံခွန်တိုင် ) လေ ။ ဇာတ်တိုက်တယ် ဆိုတာ ကလည်း ဟိုက ရွာရိုးကိုးပေါက် စုံအောင် က နေတဲ့ ဇာတ်သမားတွေ လေ ။ မင်း က ဒါပြော ၊ မင်း က ဒါပြော ဆို ပြီးပြီ ။ အမူအရာ ကို သင်စရာ မလိုဘူး ။ နောက် ဇာတ်လမ်း ကို အပြည့် တိုက်တာ မဟုတ်ဘူး ။ တစ်ဝက် ပဲ ။
အီးတီ ကို မေးကြည့်တော့ ...
“ လာမယ်လေ ... ဒါ လျှို့ဝှက်ချက် ။ အခု တိုက် ထားတာ မြင် သွားရင် ဇာတ်လမ်း ပေါ့ သွား မှာ စိုးလို့ ” တဲ့ ။ သူ့ ဇာတ် ဘာ ဆက် ဖြစ်မယ် မှန်း က ရမယ့် ဇာတ်သူ ဇာတ်သားတွေ တောင် မသိဘူး ။
ဒီလိုနဲ့ ဇာတ် က ရမယ့် နေ့ ရောက်လာတယ် ဆိုပါတော့ ။
ပထမပိုင်း သမားစဉ် အရ ဘုရား ရှိခိုးတာ ၊ အပျိုတော်တွေ ထွက်တာ ၊ စတိတ်ရှိုး ဆိုတာ စသည်ဖြင့် ရိုးရိုးလေး ပါ ပဲ ။
••••• ••••• ••••• •••••
နောက် ည ကျတော့ အိမ် က ပေး မသွားလို့ ကျုပ် တို့ ပွဲ မသွားလိုက်ရဘူး ။ ဒါနဲ့ ပွဲ သွား ကြည့်တဲ့ လူတွေ ကို အဲဒီ ည ပြဇာတ် ဘယ်လို နေသလဲ ဆိုတော့ ... “ မနေ့ည က ထက်တောင် နှစ်ချက် ပို ပစ်သေးတယ် ” တဲ့ ။
တောက် ... မကြည့်ရတာ လွှတ် နာတယ် ။
ထားပါဦး ... ပြဇာတ် ။
ပြီးတော့ နှစ်ပါး ။ အများရွှင် တဲ့ နှစ်ပါးခွင် ပေါ့ ဗျာ ။ မင်းသား က တော့ ။ အင်း ... မင်းသား က တော့ ။ မင်းသား ဆိုတာ အဲ ... နာမည် တော့ မပြောတော့ပါဘူး ။ နှစ်ပါးခွင် စ ထွက် ကတည်း က ထိုး လိုက်တဲ့ ကျွမ်း ၊ မျောက် ရှုံး တယ်ဗျာ ၊ သေတ္တာ ပေါ် ထိုးပြီး တိုင်ကီ ထဲ ထိုး ၊ ကလပ် ပေါ် တက် ထိုး နဲ့ မျက်စိ ကို နောက်ရော ။ ဆိုတဲ့ သီချင်း က လည်း တစ်ပိုဒ် တည်း ။ နွေမိန်တပေါင်း လေ ... ။
သီချင်း စ တာ နဲ့ ...
“ နွေမိန်တပေါင်း ဟောင်း ဟောင်း ... နေရှိန်ပြောင်း ဟောင်း ဟောင်း ... ရွက်ဟောင်းကြွေကျ မြေခ ရပြီလေ ... ” ဆို ပြီးတာ နဲ့ ခါးတောင်း ကျိုက်ပြီး ကျွမ်းထိုး တော့ တာပဲ ။
တစ်ခါ ပြီးတာ နဲ့ မင်းသား က ...
“ ဒါလေးက တစ်မျိုး ... ကဲ ... နောက် တစ်မျိုး ထပ် ကြည့်မယ် ရွာစား ရေ ”
“ နွေမိန်တပေါင်း ဟောင်း ဟောင်း ... ”
ဆိုတာနဲ့ မင်းသား နောက် တစ်မျိုး ကျွမ်းထိုး ပြတော့တာပဲ ။ ဘာပဲ က , က သူ့ ပါးစပ်ပုပ်ကြီး က “ နွေမိန်တပေါင်း ဟောင်း ဟောင်း ... ” ပဲ ... မပိုဘူး ။ ကြာတော့ ... ကြည့်တဲ့ လူတွေတောင် မျက်စိတွေ နောက် ကုန်တယ် ။ ပရိသတ် အားလုံး ပွစိပွစိ ဖြစ်ကုန် ကြတယ် ။ ဟုတ်တယ်လေ ၊ ပွဲ ကြည့်ပါတယ် ဆိုမှ မျောက်ပွဲ ကြည့်ရ သလိုလို ဖြစ်နေတာ ။ အောင်မာ ... သကြားလုံးတွေ ပစ် တင်ရင် ပို ထိုးသေး သဗျ ။ သူ့ ကိုယ် သူ များ တကယ့် တရားဝင် မျောက် ထင် နေလား မသိဘူး ။
ဒါနဲ့ပဲ ကြည့်နေတဲ့ လူတွေ က ...
“ ဘာတွေ လုပ်ပြနေလဲ မသိဘူး ၊ မျက်စိ ကို နောက် နေတာ ”
“ အေးလေ ... အင်မတန် နန့်တဲ့ မျောက် တောင် ဒီလောက် မကမြင်းဘူး ထင်တယ် ... မျောက်မိန်းမရွှင် ကျနေတာပဲ ... ကမြင်းချက် ကတော့ ”
စသည်ဖြင့် အသံတွေ ထွက် လာတယ် ။ ဒါကို ရွာလယ် က ဒေါ်မြတင်ကြီး က ...
“ အိုအေ ... နင်တို့ က အဲဒီလို မပြောပါနဲ့ ... ခြုံ ကြည့်ရင် ကောင်းပါတယ် ” ဆိုပြီး ထ ပြောတယ် ။
သူ့ ကို ကြည့်တော့ မုဒုံစောင်ကြီး ခြုံ လို့ ။ ဘာမှလည်း မကြည့်ဘူး ၊ ပွဲခင်း ထဲ လာ အိပ် နေတာ ။ လူ စည်လို့တဲ့ လေ ။ အားလုံး ဝါးကနဲ ပွဲကျ သွား တော့တယ် ။
ထားပါတော့ ၊ နောက်ပိုင်း ဇာတ်တော်ကြီး အကြောင်း ဆက် မပြောတော့ပါဘူး ။ အော်ပရာ နဲ့ ပြဇာတ် မှာ တောင် ဒီလောက် ဆိုး နေရင် နောက်ပိုင်း အကြောင်း ဆက် ပြောရင် မျက်ရည်ပါ ကျ သွားမယ် ။ လူငယ် ဒါရိုက်တာ ဓါတ်ပုံအီးတီ ( တံခွန်တိုင် ) ဦးစီးတာ ကိုး ။
ထားပါတော့ ... အဲလိုနဲ့ ခနော်နီ ခနော်နဲ့ နဲ့ ပဲ ပြီးသွားရော ဆိုပါတော့ ။ လူငယ်ဒါရိုက်တာ ဓါတ်ပုံအီးတီ ( တံခွန်တိုင် ) လည်း ဘယ်လောက် တောင် နာမည် ကြီးသွားသလဲ ဆိုရင် အင်မတန်မှ ဒေါသ ကင်းတယ် ဆိုတဲ့ ရွာကျောင်း က ဆရာတော် တောင် သူ့ ကို နှစ်ပတ် လောက် စကား မပြောတော့ဘူး လေ ... ဘုန်းကြီး ကို အချဉ် ဖမ်းလို့ ဆိုပဲ ။
အီးတီ ဆေး အကြောင်း ပဲ ဆက် ပြောရအောင် ။ အီးတီ က ဆေး စီးတယ် ပြောကြ သဗျ ။ နောက် ... သူ က တိကျ သဗျ ။ နေ မကောင်းလို့ သူ့ ဆီ သွားရင် ...
“ ဘာဖြစ်လဲ ပြော ”
“ နေမကောင်းတာပါ ”
“ ခေါင်းရော ကိုက်သေးလား ”
“ အင်း ... နည်းနည်းတော့ ကိုက်သလိုပဲ ”
“ ဗိုက်ရော အောင့် သေးလား ”
မကြည့်ဘူး နော် ။ လူ ကို လုံးဝ မကြည့်တာ ။ လူ မကြည့်လို့ ဆေးဘူးတွေ ကြည့် နေလား ဆိုတော့ မဟုတ်ပြန်ဘူး ။ ဆေးဘူးတွေ လည်း သူ လက်လှမ်း မီရာ ပေး တာပဲ ။
ဆေး တစ်ဆယ်ဖိုး လောက် ဝယ်ရင် ဆယ့်ငါးလုံး လောက် ရတယ် ။ အရောင်စုံ ၊ အရသာစုံ ၊ ကြယ်ပုံ လည်း ပါသေးတယ် ။ တြိဂံ လည်း ပါတယ် ။ လေးထောင့် လည်း ပါတယ် ။ အဝိုင်း လည်း ပါတယ် ။ ပန်းရောင် ၊ အပြာနုရောင် ၊ ခရမ်းရောင် စသည်ဖြင့် အရောင်စုံ ပဲ ။
သောက် ထည့် လိုက် ပျောက် ပြီ ။
ဘယ်လောက်ထိ ပျောက်သလဲ ဆိုရင် ...
“ ကိုကြီးတင်အောင် လေ ၊ မနက် က အကောင်းကြီး ဗျ ။ နေ့ခင်း ကျ တော့ ခေါင်း နည်းနည်း ကိုက်လို့ အီးတီ ဆေးဆိုင် မှာ ဆေး တောင် ဝယ် သောက်သေး ။ ည လည်း ကျရော ကောက်ကာငင်ကာ ဆုံး ရော ”
အဲလို ကို ပျောက်တာ ။ ဘာနဲ့ ဆုံးလို့ ဆုံးမှန်း ကို မသာ ကိုယ်တိုင် မသိအောင် ပျောက် တာ ။
“ ဟယ် ... မယ်မြ တစ်ယောက် တော် ... ထမင်း စားရင်း ဗိုက်ကလေး နည်းနည်း အောင့် လာ လို့တဲ့ ၊ အဲဒါ အီးတီ ဆီ သွားတာ ။ အီးတီ က တစ်ခါတည်း ပြီးအောင် ဆေးစပ်ပေး ရှာသား ၊ အီးတီ ကယ် တာတောင် မရဘူး ။ ဆေး သောက်ပြီး ခဏ နေတော့ ... ဒီ ကောင်မ ဘာမပြော ညာမပြော နဲ့ ကောက် မျက်ဖြူ လန်ပြီး ဆုံး တာပဲ ”
အတော်များများ က တော့ ရောဂါ တကယ် ကောင်းသွား ကြသဗျ ။ ဘာလို့လဲဆို ကျုပ် တို့ ကြည့်ပါလား ။ အဲဒီတုန်းက တစ်ခါတစ်လေ မုန့်ဖိုး တစ်ဆယ် လောက် ရရင် မုန့်ဝယ် မစားဘူး ။ အီးတီ ဆေး ဝယ် စားတာ ။ သူ က ဆေးပေး တာ များ လို့ ။ သူ မေးရင် ကိုယ် ဖြေ လိုက်ရုံပဲ ။
“ ခေါင်း ကိုက်လား ”
“ အင်း ... ကိုက်သလိုလို ပဲ ”
“ ဗိုက် ရော ”
“ အင်း ... အောင့်သလိုလို ပဲ ၊ ဟို ... ခြေဆစ်ပါ နာ နေတယ် ”
ရောဂါ သုံးမျိုး လောက် ပြောလိုက် ၊ ဆေးရောင်စုံ ဆယ့်ငါးလုံး လောက် ရတယ် ။ ဒါ ... ည မနက် နှစ်ရက် စာနော် ။ အလုံး သုံးဆယ် မလျော့ဘူး ။ စားပေလေ့ တစ်နေ ကုန် ။ ခါး တာလည်း ပါတယ် ။ ချဉ် တာလည်း ပါတယ် ။ ချို တာလည်း ပါတယ် ။ အရသာ ကို စုံရော ။ တစ်ခါတလေ လျက်ဆား ပါ ရော ပေး သေးတာ ။ ဒါကြောင့် ကျုပ် တို့ ခုချိန်ထိ ကျန်းမာနေတာ ကြည့် ။ ကျုပ်တို့ သူ့ ဆေး ကို မစားဘူး ဆိုရင် တောင် နှစ်ပြည် လောက် စားဖူးတယ် ။ အီးတီ ဆရာ တန်ခိုး နဲ့ ရတနာ ဆေးမိုး ရွာသွန်းဖြိုး ထားတာ ။
နောက်ပြီး အီးတီ က ကျူရှင် လည်း ပြ သဗျ ။ သူ က ကျန်တဲ့ အချိန်တွေ ဆို ဆေးဆရာ ပဲ ။ အဲ မှတ်ပုံတင် လုပ်ချိန် တို့ လိုင်စင် လျှောက်ချိန် တို့ ဆိုရင် ဓါတ်ပုံဆရာ ။ ဓါတ်ပုံ ကလည်း ထူးချွန်တယ် ပြောရမယ် ။ ပတ် ( စ် ) ပို့ ရိုက်တာ ကို ခေါင်း မပါတာ နဲ့ ဘာနဲ့ ။ စာမေးပွဲ နီးရင် ဆေးဆရာ ဓါတ်ပုံဆရာ တစ်ဖြစ်လဲ ကျူရှင်ဆရာ ဖြစ် သွား ရော ။
ထား ဦးတော့ ။
◾အကြည်တော်
📖 တောသားကြီး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment