❝ ဘဝပန်းဥယျာဉ်ကလေး ❞
ကိုဖိုးလှ က မမြမေ ကို ကြောက်ရသည် ဟု အချို့ အိမ်နီးချင်းများ က ပြောကြ သော် လည်း အချို့က မူ “ မမြမေ က အသံ သာ ကျယ် ပါသည် ။ ကိုဖိုးလှ က သူ ထင်ရာ သူ လုပ်တာချည့် ပဲ ... ” ဟု ပြောကြ၏ ။ သူတို့ လင်မယား မှာ အမြဲတစေ ခိုက်ရန် ဖြစ်၍ ချည့် နေကြသည် မဟုတ် သော် လည်း ကိုဖိုးလှ က မမြမေ အား မခံချိ မခံသာ အောင် စ , တတ် သဖြင့် မမြမေ ၏ ဒေါသတကြီး အော် ဟစ်သံများ ကို မူ မကြာ မကြာ ကြားရတတ်ပေသည် ။
သူတို့ အကြောင်း ပါခဲ့ကြသည် မှာ အနှစ် ၂၀ ပင် ပြည့်ခဲ့ပြီ ဖြစ်သော်လည်း သားသမီး ဆို၍ တစ်ကောင် တမြေး မျှ မထွန်းကားခဲ့ချေ ။ ကိုဖိုးလှ က ဧည့်သည် များ လာ လျှင် သူ့ မိန်းမ ဝ သ လောက် ညံ့ဖျင်း နေ၍ အိမ် မှာ အလွန် ခြောက် သွေ့ နေကြောင်း ၊ မသကာ ကလေး တစ်ယောက် လောက် သာ မွေးတတ်ပါဘိ မူ မည်မျှ စိုစိုပြည်ပြည် ရှိမည့် အကြောင်းတို့ ကို ပြော တတ်သည် ။ ဤသို့ ပြောသည် ကို မမြမေ က မကြိုက် ။ ရှက်ဖွယ်စကား ကို လူများ ရှေ့ ၌ ပြောရပါမည် လား ဟု အော်ကြီး ဟစ်ကျယ် ရန် တွေ့ လေ့ ရှိ၏ ။ မမြမေ က ဤသို့ ရန်တွေ့ ဆူပူ နေသော အခါ ကိုဖိုးလှ သည် ခေါင်းရင်း တိုင် ရှိ သမင်ချို မှ ဦးထုပ် ကို ဖြုတ် ဆောင်း ကာ အသာအယာ လစ်တတ် လေသည် ။ အိမ် မှာ ဆူဆူပူပူ ရှိတိုင်း ဤသို့ လစ်၍ လစ်၍ သွားတတ် ရာ မှ ပိုကာ ကစား တတ်သော အလေ့ တစ်ခု ဖြစ် လာခဲ့၏ ။ တစ်ခါ တစ်ခါ အိတ် ထဲ တွင် ပိုက်ဆံ ကုန် နေသော အခါ နှင့် ကြုံ ၍ ဖဲ ရိုက် မထွက်နိုင် လျှင် မမြမေ ဆူပူသံများ ကို ကြားလျက် နှင့် ပင် ခေါင်းရင်းခန်း တွင် တခေါခေါ ဟောက် ၍ အိပ် ဟန် ဆောင် နေ တတ်လေသည် ။
အိမ် တွင် တောက်တိုမယ်ရ ပြင်စရာ ဆင်စရာကလေးများ ရှိလျှင် ကိုဖိုးလှ မှာ မပြီးမချင်း အပြင် သို့ မထွက်ရချေ ။ အိမ် အမိုး ယိုခြင်း ၊ ပြတင်းပေါက် မင်းတုံး ကျပ် နေခြင်း ၊ ရေပိုက်ခေါင်း ပျက်ခြင်း ၊ နံရံ တွင် စင် ရိုက်ခြင်း ၊ ကြောင်အိမ် သံဆန်ခါ လဲလှယ်ခြင်း ၊ ရေနံဆီမီးဖို လေပိုက်ပျက်ခြင်း စသည် တို့ ကို ကိုဖိုးလှ က ပြင် ပေး ရသည် ။ ကိုဖိုးလှ က ဟာသ ရှိသူ ဖြစ်သည် ။ မမြမေ က စိတ် တိုသူ ဖြစ်သည် ။ တစ်ခါ က ရေပိုက်ခေါင်း ကို ပြောင်းပြန် တပ် ထားခဲ့ပြီး အလစ် တွင် ဖဲရိုက် ထွက်သွား သဖြင့် မမြမေ တစ်ယောက် တည်း အိမ် တွင် ဒေါသူပုန် ထ၍ နေရစ် လေကာ အိမ်နီးချင်းများ အလန့်တကြား ပြေး လာ ကြ၏ ။ အကြောင်းရင်း ကို သိရသော အခါ အတောမသတ် နိုင်အောင် ရယ်ကြရသော ဟူ ၏ ။ ကိုဖိုးလှ က ညည ဆာ တတ်သည် ။ ဆာ လျှင် မီးဖို ထဲ ဝင်ကာ နံနက် စားဖို့ ထား သော သား ငါးဟင်းလျာများ ကို စား ပစ် တတ်သဖြင့် မမြမေ က ကြောင်အိမ် ကို သော့ခတ် ထားလေ့ ရှိသည် ။ သော့ ခတ်ပါ လျက် လည်း ဟင်းများ မကြာ မကြာ ပျောက်မြဲ ပျောက်နေ သဖြင့် မမြမေ က ကိုဖိုးလှ တွင် သော့တူ ရှိသည် ဟု စွပ်စွဲသည် ၊ ကိုဖိုးလှ က သူ့ မှာ သော့တူ မရှိရကြောင်း ရဲဝံ့စွာ ကျိန်တွယ် ၍ ပြောသည် ။ သော့တူ သူ့ ထံ မှာ တွေ့ပါ က လည်ပင်း ကို ပင် အဖြတ်ခံမည် ဟု ဆိုလေသည် ။ တကယ်လည်း မရှိပေ ။ အထက် က အံဆွဲ ကို နုတ်ယူ လိုက်ရုံ ဖြင့် အထဲ က ဟင်းခွက်များ ကို နှိက်၍ ရကြောင်း ကိုဖိုးလှ ကောင်း ကောင်း သိထား မှ တော့ သော့တူ လည်း မလိုချေ ။
' ဦးဖိုးလှ ၊ ဒေါ်မြမေ ' ဟု လိပ် တပ် ၍ ရောက်လာ တတ်သော အလှူမင်္ဂလာ ဖိတ်စာများ တွင် ကိုဖိုးလှ က ဒေါ်မြမေ ဟူသော အမည် ကို ခဲနီ ဖြင့် ကြောင်း ပစ်ကာ အသာ စားပွဲ ပေါ် ချ ထား တတ်၏ ။ မမြမေ တွေ့ သွား လျှင် ဖိတ်စာ ပါ ဆုတ်ဖြဲ ပစ်လိုက်တတ်လေသည် ။
“ ကိုဖိုးလှ ... ဒါ ဘယ်လဲ ”
“ ငါ လား .. ငါ ဖဲရိုက် ... အဲလေ ဟုတ်ပေါင် ”
“ အမယ် ... စောစောစီးစီး ”
“ ဘယ်ကလာ စောရမလဲ ကွ ။ ဒီ အချိန် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး တောင် ဆွမ်းခံ ပြန် ပြီ ”
“ ကြီးကြီးကျယ်ကျယ် မြတ်စွာဘုရားတွေ ဘာတွေ နဲ့ ”
“ မစောတဲ့ အကြောင်း ပြောရတာကိုး ကွ ”
“ စောစော မစောစော မနေ့ က ရှင် ကျီး ချောက်ရင်း လောက်လေး နဲ့ ပစ်လို့ ကွဲ သွားတဲ့ အထပ်ခိုး ပြတင်းမှန် ပေါက် က ( အသံ ကို မြှင့် လျက် ) အယ် ... ကိုဖိုးလှ ကြည့်စမ်း ဘာရမလဲ ။ လာခဲ့ ၊ အခု ပြန် တက်ခဲ့ ”
ကိုဖိုးလှ လှေကားရင်း ရောက် မှ မယောင်မလည် နှင့် ရပ် နေပြီး “ ငါ ဘယ်မှ မသွားသေးပါ ဘူးကွ ။ သွားကြားထိုးတံကလေး ကျ သွားလို့ ပါ ” ဟု ခပ်တည်တည် ဖြီး လိုက်သည် ။
“ အောင်မယ် ... အောက်ကျ သွားတဲ့ သွားကြားထိုးတံ ကို ကောက်ပြီး ပြန် ထိုးဦး မလို့ လား ။ မရွံမရှာ တော် ... ထွီ ”
“ ပြန် ထိုးဦးမယ် လို့ မင်း ကို ဘယ်သူ ပြောလို့ လဲ ”
“ ရှင်ပဲ ... ”
“ အလို ဘုရား ။ ငါ မပြောမိပါကလား ။ ကျားသားမိုးကြိုး ”
“ မပြောပေမဲ့ သွားကြားထိုးတံ အောက်ကျ သွားလို့ ပါ ဆိုတော့ ရှင် ကောက်မလို့ ဆင်းတာ မဟုတ်လား ။ ကောက်ပြီး တော့ ဘာ လုပ်ဦးမှာ လဲ ။ ပြန် ထိုးမှာ ပဲ မဟုတ်လား ။ ပြီးတော့ ဒါကလေး ဆင်း ကောက် တာများ ဦးထုပ်ကြီး ဆောင်းလို့ ပါ လား ။ ရှင် ညာနေတာ မသိဘူး မှတ်လို့ လား ၊ လာ အခု ပြန် တက်ခဲ့ပါ ”
“ မင်း မခေါ်လည်း ငါ့ ဟာ ငါ ပြန် တက်တော့ မလို့ ပါပဲ ကွ ”
ကိုဖိုးလှ လည်း လှေကား မှ ခပ်တည်တည် တက် လာရင်း မမြမေ ကို ပြုံးစိစိ တစ်ချက် ကြည့်၍ မျက်စိ တစ်ဖက် မှိတ် ပြ လိုက်သည် ။ မမြမေ လည်း မျက်စောင်း ထိုး လိုက်ပြီး ကိရိယာ တန်ဆာပလာများ ထည့် သော ပုံး တစ်ခု နှင့် မှန် တစ်ချပ် ကို ယူ လာကာ ကိုဖိုးလှ လက် ထဲ သို့ အတင်း ထည့်ပေးလိုက်၏ ။
ကိုဖိုးလှ လည်း မမြမေ လက် က ပစ္စည်းများ ကို ဆွဲယူကာ အထပ်ခိုး လှေကားကလေး ပေါ် သို့ တက်ခဲ့လေသည် ။ အထပ်ခိုး ပေါ် သို့ ရောက်လျှ င် ကွဲကျ နေသော မှန်ပေါက် ကို မျက်နှာ မူ လျက် တင်ပလ္လင်ခွေ ကာ ကျကျနန ထိုင် လိုက်သည် ။ ပြီးလျှင် အိတ် ထဲ မှ ဆေးပေါ့လိပ် နှင့် မီးခြစ် ကို ထုတ်ကာ စိမ်ပြေနပြေ မီးငြှိ ၍ ဖွာ ကာ ဘာမှ လုပ်စရာ မရှိသလို အေးအေးဆေးဆေး နေ လေ ၏ ။ တစ်ချက် တွင် ကွဲ နေသော မှန်ပေါက် မှ လေ ဝှေ့ ဝင် လိုက်သော ကြောင့် ဆေးလိပ်မီးပွား များ အနှံ့အပြား လွင့် လေသည် ။ ကိုဖိုးလှ မှာ ပျာရိပျာယာ လိုက်၍ ငြိမ်းသတ် ရ၏ ။ မနိုင်မနင်း ဝရုန်းသုန်းကား ဖြစ်ရသော ကြောင့် အနီး ရှိ စာအုပ် သေတ္တာ တစ်ခု ပြိုကျ ပြီး လျှင် အထဲ မှ စာအုပ်များ နှင့် အခြား ပစ္စည်း များ ထွက် ကျ လာ၏ ။ ကိုဖိုးလှ သည် ကျလာသော စာအုပ် နှင့် ပစ္စည်းများ ကို ပြန် စီရင်း ဟောင်းနွမ်းသော အထုပ်ကလေး တစ်ခု ကို အမှတ်မဲ့ တွေ့လေသည် ။
ကိုဖိုးလှ လည်း ထို အထုပ်ကလေး ကို ဖြန့် ၍ ကြည့် ၏ ။ အထုပ်ကလေး မှာ အပြာနုရောင် စာ ရွက်ခေါက်ကလေးများ ကို တရိုတသေ သိမ်းဆည်း ထားသော အထုပ်ကလေး ဖြစ်၏ ။ ကိုဖိုးလှ သည် ထို အပြာနုရောင် စာရွက်ကလေးများ ကို တစ်ရွက် ချင်း ဖြန့်၍ ကြည့်၏ ။ ဤ စာရွက်ကလေးများ သည် မည်မျှ ထူးဆန်းသည် တော့ မသိ ။ ကိုဖိုးလှ မှာ ဖတ်ရင်း ဖတ်ရင်း ပြုံးကာ ရယ်ကာ နှင့် လုပ်ရမည့် အလုပ် ကို ပင် မေ့လျော့ ကာ စာများ ကို တစ်စောင် ချင်း ဖြန့် ၍ ဖတ်နေသည် ကို သာ တွေ့ရလေသည် ။ တစ်ချက် တစ်ချက် တွင် လည်း တဟားဟား နှင့် ရွှင်မြူးစွာ ရယ် လေသည် ။
မြ ရေ .. မြ နဲ့ မောင် အတူတူ နေကြရတဲ့ အ ခါ ကျတော့ မြ နဲ့ မောင် တို့ ရဲ့ သာယာတဲ့ ဘဝ ပန်းဥယျာဉ်ကလေး ကို အတူတကွ ဘယ်လို ဖန်တီးကြမယ် ဆိုတာ ကိုပဲ စိတ်စောပြီး ပျော် နေမိ တယ် အချစ် ရယ် .. မောင့် အဖို့ တော့ လေ ... မြ ရှိ ရင် လောကကြီး ဟာ သာယာတာပဲ မြ နဲ့ နေရ ရင် လောက နိဗ္ဗာန် ပဲ ။
“ ဟား - ဟား - ဟား - ဟား ၊ အမယ်လေး ဟဲ့ လောက နိဗ္ဗာန် ။ ဟား ဟား ဟား ... ဟား .... ”
ကိုဖိုးလှ မှာ စာအုပ်များ ကို ပြန် ထည့်ရန် ကျန်သေးသည် ကို လည်းကောင်း ၊ မှန် ပြန် တပ်ရန် ရှိသေးသည် ကို လည်းကောင်း မေ့လျော့ ကာ ယခင် က သူ ရေးခဲ့သော စာများ ၌ စိတ်ဝင်စား လျက် စာများ ကို ဖတ် လိုက် ၊ ဟက်ဟက်ပက်ပက် ရယ်လိုက် နှင့် တစ်ယောက် တည်း ပွဲကျ လျက် ရှိလေရ ကား ၊ လှေကား ကို တစ်ထစ် ချင်း စမ်း ၍ တက် လာကာ နောက်နား မှ သူ့ အား ဒေါသ နှင့် ခါး ထောက် ၍ ကြည့်နေ သော သူ့ ဇနီး မွတ်တားကြီး မမြမေ ကို ပင် မမြင်ချေ ။
◾ထင်လင်း
📖 မြဝတီမဂ္ဂဇင်း
၁၉၅၅ ခုနှစ် ၊ စက်တင်ဘာလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment