ကျွန်တော်တို့ ရွာကလေး မှာ လူတိုင်း မသိ မရှိ တဲ့ နေရာ တစ်ခု ရှိတယ် ။
ဦးကျဲတဲ ဟိုတယ် ။
ဦးကျဲတဲ ဟိုတယ် ဆို လူတိုင်း သိတယ် ။ သူ က ရွာ နဲ့ ခပ်လှမ်းလှမ်း တောစပ် မှာ ရှိတယ် ။ ခြံပိုင်ရှင် က ဦးကျဲ ။ နာမည် နဲ့ လိုက်အောင် ဆံပင် လည်း ကျဲ ၊ သွား လည်း ကျဲတယ် ။ လူပုံ က ဖြူဖြူသေးသေး ။ သူ့ တဲကလေး က လည်း ယိုင်နဲ့နဲ့ သေးသေးလေး ။ ချမ်းသာတာ ကတော့ အံ့ဩ ကို ယူ ရတယ် ။ ဆင် ချည်း မွေး ထားတာ ခြောက်ကောင် ။ နောက် နွား ၊ ဆိတ် ၊ ဝက် ၊ ကြက် ကတော့ ပြော မနေနဲ့ တော့ ။ သူ့ ခြံ ထဲ ဘေးမဲ့တော လို လွှတ် ထားတာ ။
အမှန်တော့ ဦးကျဲ က ယာသမား ။ အဲ ... မုဆိုး လည်း လုပ်တယ် ။ ယာလုပ်ငန်း နဲ့ မုဆိုးပညာ မှာ တော့ သူ မတူအောင် ကျွမ်းကျင်တယ် ။
သစ်ပင် စိုက်တဲ့ နေရာ မှာ တော့ ဦးကျဲ လောက် တော်သူ ကို တစ်ခါမှ မတွေ့ဖူးဘူး ။ ငရုတ်ပင် ကို တောင် လူကြီး တစ်ရပ် ကျော်တဲ့ အထိ ကြီး နေတာ တွေ့ခဲ့ဖူးတယ် ။ ကျန်တဲ့ ကြံ ၊ သခွား ၊ ဥသျှစ် ၊ ကြက်မောက် ၊ ဒူးရင်း ၊ ပိန္နဲ အစုံ စိုက် ၊ သူ့ ခြံ ထဲ မှာ အကုန် ပေါက်တယ် ။ သူ့ ခြံကြီး က လည်း ခြံစပ် ကနေ ဟိုး တော ဆုံး ထိ ကို ရှိတာ ။
ဒါကြောင့် သူ့ ခြံ ထဲ မှာ မရှိတဲ့ အပင် ကို မရှိဘူး ။
တံငါမုဆိုး အလုပ် မှာ လည်း သူ့ လောက် ကျွမ်းကျင်တဲ့ သူ တစ်ခါမှ မမြင်ခဲ့ဖူးဘူး ။ သူ့ ခြံ ထဲ သွားပြီ ဆို ... “ ဦးဆရာကြီး ... ( ကျွန်တော့် အဖေ ကို ဦးဆရာကြီး လို့ ခေါ်ကြတယ် ) ဒီနေ့ ဘာကောင် စားမလဲ ”
ကျွန်တော့် အဖေ က ...
“ ငါးဟင်း ရရင် ဖြစ်ပါပြီ ”
“ ငါး ကို ဘာငါး စား မလဲ ”
“ ငါးရံ့ ပဲ လုပ်ပါ ” ဆိုရင် ဦးကျဲ က ...
“ အေး ... ငါ သွား ကြည့်လိုက်ဦးမယ် ”
ဆိုပြီး ဆင်းသွားတော့တာပဲ ။ သိပ် မကြာဘူး ။ သူ နဲ့ အတူ ငါးရံ့တွေ တစ်သီကြီး ပါ လာတယ် ။ သူ့ ခြံ ထဲ မှာ သူ့ ကိုယ်ပိုင် အင်းကြီး ရှိတယ်လေ ။
တကယ်လို့ ကိုယ် က ဖား စားချင်တယ် ဆိုရင်လည်း နွေခေါင်ခေါင် ဖြစ်ပါစေ ၊ မပူနဲ့ ရတယ် ။ သူ က ဖားစကား တတ် သလိုပဲ ၊ သူ ကွိကွိကွကွ နဲ့ အော် လိုက်ရင် နှစ်ချို့ တွင်းအောင်း ဖားကြီးတွေ က မနေနိုင်ဘူး ။ သူ့ ကို တစ်ခွန်းစ နှစ်ခွန်းစ တော့ ပြန် ပြောတာပဲ ။ ပြန်ပြောပြီ ဆို အသံ လာတဲ့ ဆီ တိတ်တိတ်လေး သွား ... ကွိ ဆို မိ တာပဲ ။ ငါးရှဉ့် စားချင်ရင် လည်း ရအောင် ရှာပေး တတ်တယ် ။ တစ်ခါ ကလည်း ငှက်ကြီးဝန်ပိုကြီး တစ်ကောင် သူ ဖမ်းလာ ဖူးတယ် ။ ငှက်ကြီးဝန်ပို က သုံးနှစ်ကလေး အရွယ် လောက် ရှိတယ် ။ သူ ဖမ်းတာ က တစ်ကောင်တည်း ပါ ။ ဒါပေမယ့် နောက် တစ်ကောင် က သူ့ ဘာသာ သူ ဇောက်ထိုး ဆင်း ရင်း သ,တ်သေ သွားတယ် ။
ဦးကျဲ ကို မေး ကြည့် တော့ ...
“ ငါ ဖမ်းခဲ့တာ အထီးကြီး ကွ ။ အထီး သေရင် အမ က သူ့ ဘာသာ သူ ရင်ကွဲနာ ကျ သေ ရင် သေ ၊ မသေရင် သူ့ ကိုယ် သူ သ,တ်သေတော့တာပဲ ” တဲ့ ။
ကျန် တဲ့ ကြက် ၊ ဝက် ၊ ငါး ၊ ပုစွန် ၊ ဂဏန်း ၊ မျောက် ၊ ချေ ၊ ဒရယ် ၊ သိုး ၊ ဆိတ် ကတော့ ပြောမနေ နဲ့ ကိုယ် စားချင်တဲ့ အကောင် သာ လက်ညှိုး ထိုးလိုက် ၊ ဦးကျဲ ဆီ မှာ ရှိပြီးသား ။
ဒါကြောင့် ရွာ က လူတွေ က ဦးကျဲတဲ ဟိုတယ် လို့ ခေါ်တာ ။ နေတာက တဲ ၊ ဒါပေမယ့် လိုချင်တာ ၊ စားချင်တာ အားလုံး ဟိုတယ် လို မျိုး ကို ရ နေလို့ ဦးကျဲတဲဟိုတယ် ... တဲ့ ။
ဦးကျဲ အဲလောက် အထိ ချမ်းသာတာ နော် ။ တစ်ခါမှ လည်း အင်္ကျီ ဝတ်တာ မတွေ့ဖူးဘူး ။ သူ တင်လား ဆိုတော့ သူ့ သားတွေ ၊ ကလေးတွေ လည်း အင်္ကျီ မဝတ်ဘူး ။ ဒါကို ကျွန်တော့် အမေ က သနား ပြီး ဦးကျဲ ကလေးတွေ အတွက် အင်္ကျီ တွေ သွား ပေး သေးတယ် ။ နောက်နေ့ မှာ ပဲ ဦးကျဲ က အဲဒီ အင်္ကျီ တွေ ၊ ဘောင်းဘီ တွေ လာ ပြန်ပေး သွားတယ် ။ မေး ကြည့် တော့ ...
“ အဲဒါတွေ ဝတ် လိုက်ရင် ငါ့ ကလေးတွေ ကျောပူ ၊ ခေါင်းပူ ဖြစ်လို့ မယူပါရစေနဲ့ ” တဲ့ ။
ဦးကျဲ က သစ်ပင်တွေ တိရစ္ဆာန် တွေ တင် ချမ်းသာတာ မဟုတ်ဘူး ။ လူတွေ လည်း အင်မတန် ချမ်းသာတယ် ။ သူ မွေးထားတဲ့ကလေး ဘယ်နှစ်ယောက် ရှိမှန်း တောင် သူ ကိုယ်တိုင် မသိဘူး ။ သူ့ ကို မေးဖူးတယ် ။
“ အေး ငါ လည်း ဒီ ဆရာမ နဲ့ ( သူ့ မိန်းမ က မူလတန်းပြ ဆရာမ ) ဘယ်လို ဘယ်လို ညားမှန်း ကို မသိ ပါဘူး ဝေး ... သူတို့ လည်း ပြောင်းလာစ ငါ့ ခြံ ကို လာ လည်တာ ။ ငါ က လည်း သူငယ်ချင်းတွေ နဲ့ အဲဒီ ည မှာ သောက်တာ များပြီး ဘယ်က ဘယ်လို ဖြစ်မှန်း မသိပါဘူး ကွယ် ။ မနက် ငါ အိပ်ရာက ထ တော့ ဒီ ဆရာမ က ထမင်းအိုး တည် နေတာ တွေ့တယ် ။ ငါ့ စိတ် ထဲ မှာ ... အေး ... ဒီ ဆရာမ ဘာလို့ မပြန်လဲ မသိပေါ့ နော် ။ အဲဒါနဲ့ တစ်ရက် နှစ်ရက် နေ လည်း ဒင်း မပြန်ဘူး ။ ဒါနဲ့ ... ငါ လည်း စိတ် မရှည်တော့ဘဲ သူ့ ကို မေးကြည့်တော့ မှ ... လားလား ... နင် နဲ့ ငါ ညားပြီး ပြီ ဟာ ။ ဘယ်ကို ပြန်ရမလဲ တဲ့ ။ ပထမဆုံး ကလေး မွေးချ လိုက်တော့ ... အား ... ငါ့ ဆံပင်မွေးတွေ ပါ ထောင်တက် သွားတယ် ။ ဪ ... လူအကြီးကြီး ဗိုက် ထဲ မှာ လူအသေးလေး ရှိနေပါလား လို့ အဲဒီတော့မှ ငါ သိတာ ။ အဲဒါ ပြီးတော့ ဟေ့ ... လူ အကြီးကြီး ကနေ လူသေးသေး ဘယ် နှစ်ယောက် ဘယ် နှစ်ကောင် မှန်း မသိတော့ဘူး ။ ဒင်း ကလေး မွေးတာများ ဆိတ်ချေး ယို နေသလား တောင် အောက်မေ့ ရတယ် ။ တပြွတ်ပြွတ် နဲ့ ။ ငါ မှတ်မိတာတော့ အကြီးကောင် တစ်ကောင် ပဲ ”
သူ ပြောတဲ့ သား အကြီးကောင် က ကျွန်တော်တို့ ထက် အများကြီး ကြီး ပါတယ် ။ ကျွန်တော်တို့ တွေ့တုန်း က တောင် ဆင်ဦးစီး လုပ် နေပြီ ။ ဒါနဲ့ ဆင်တွေ ဘာလို့ မွေးတာလဲ မေးမိတော့ ...
“ ငါ့ ခြံထဲ က ထွက်သမျှ အသီးအပင်တွေ များများ စား နိုင်အောင် အကောင်ကြီးကြီး ဝယ် မွေးတာပဲ ။ ဒါပေမယ့် ငါ့ ဆီ ရောက်လာမှ ဒီကောင်တွေ မျိုး တအား ပွားပြီး ကြီးလာ ကြတာ ။ သူများတွေ လာ ဝယ် မှ ဆင် ဈေး ကောင်း ရမှန်း သိတယ် ”
ကျွန်တော် စဉ်းစားမိတယ် ။ လောဘ နဲ့ ငွေ ကို နင်းကန် ရှာနေကြတဲ့ သူတွေ ကျတော့ စီးပွား မဖြစ်ဘဲ လောဘ ၊ ဒေါသ ကင်းကင်း နဲ့ သူ့ ဘာသာ သူ ကျွမ်းကျင်ရာလေး နဲ့ နေထိုင်သူ ကျတော့လည်း စီးပွား ဖြစ်တာ ပြော မနေပါနဲ့တော့ ။
အခုပဲ ကြည့်လေ ... ဦးကျဲ ရဲ့ တဲဟိုတယ် ။
မြို့ကြီးပြကြီးတွေ မှာ တောင် တစ်စုတစ်ဝေး တည်း မရနိုင်တာတွေ အားလုံး ဦးကျဲ ရဲ့ တဲဟိုတယ် မှာ ရတယ် ။ စား ချင်တဲ့ အသီး ကို ခူးစား ။ ဦးကျဲ ရဲ့ တဲဟိုတယ် မှာ ရတယ် ။
ကြံရည် သောက်ချင် လား ။ ကြံရည် ကို လက် နဲ့ ကြိတ်တာတောင် မဟုတ်ဘူး ။ ဆုံ ထဲ ထည့် ပြီး နွား နဲ့ ကို ကြိတ် ယူ ရတယ် ။ သောက်ချင် သလောက် သောက် ... ပိုတာတွေ ကြံသကာ တင်လဲ ချက် ... မြို့တက် ရောင်း ... ပိုက်ဆံတွေ ရပြန်တော့ အကောင် ကြီးပေ့ ဆိုတာတွေ မွေး ... အဲဒါ လာ ဝယ်ရင် ပြန် ရောင်း ။
ဟူး ... စီးပွား တက်ပုံ များ ကရိန်း နဲ့ ဆွဲ တင် နေသလား မှတ်ရတယ် ၊ လက်တောင် မလည်ဘူး ဆို ။ အဲ ... သူ ချစ် တဲ့ သူတွေ လာပြီ ဆို ဦးကျဲ မှာ ဝယ်စု ထားတဲ့ သကြားလုံးထုပ် တွေ ရှိတယ် ။ ရေနွေး ကို ကျက်ကျက် ဆူအောင် တည် ထားတယ် ။ ရေနွေး ကျက်ကျက် ဆူပြီး မှ အဲဒီ သကြားလုံးတွေ ရေနွေး ထဲ ပစ် ထည့်ပြီး ကျို တိုက်တယ် ။ နိုင်ငံခြား က ဖျော်ရည်တွေ အရသာ အတိုင်း ရတယ် ။
ဦးကျဲ ရဲ့ တဲဟိုတယ် မှာ ... ကျွန်တော်တို့ ငယ်စဉ်ကဆို ပျင်း ရင် ဦးကျဲ ရဲ့ တဲဟိုတယ် ကို သွား ၊ စား ချင် တာ စား ၊ သောက် ချင် တာ သောက် ပြီး အိမ် အပြန်မှာ ခါး မှာ ပြောင်းဖူးတွဲ ၊ လက် ထဲ မှာ ကြံသကာ တစ်ထုပ် နဲ့ ၊ ကြံချောင်း ကို တရွတ် ပါ အောင် တိုက် ဆွဲကိုက် စားပြီး အိမ်ပြန် ရတဲ့ အရသာ ကို အခု အချိန် ထိ မမေ့ နိုင်သေးပါဘူး ။
◾အကြည်တော်
📖 တောသားကြီး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment