ကျွန် တော် တို့ အဲဒီ ရွာ စ ပြောင်း စ က ဆို အရမ်း အံ့ဩရတယ် ။
သွား ရတာ က ကား နဲ့ ။ ရွာ ရောက်တော့ လာ ကြိုကြတယ် ။
လာကြိုတဲ့ သူ က အဖေ့ ကို လည်း မြင် ရော ...
“ ဟေ့ ... ဆရာကြီးဦးထွန်းနိုင် ဆိုတာ မင်း လား ”
ဆိုပြီး အော် မေးတယ် ။ လူ ကတော့ လူရည်သန့် လိုပဲ ။ မလေးရှားအင်္ကျီ လို ဟာကြီး ဝတ်ပြီး မျက်နှာချေတွေ ပွတ် ထားတယ် ။
အဖေ လည်း သူ့ ကို ကြည့်ပြီး ကြောင်တောင်တောင် နဲ့ ...
“ ဟုတ်ပါတယ် ... ကျွန်တော် ဦးထွန်းနိုင်ပါ ခင်ဗျာ ”
ဟို လူကြီး က ရင် ကော့ ပြီး ...
“ အေး ... ငါ မင်း ကို လာ ကြိုတာကွ ။ ငါ လည်း မြို့ပေါ် က ဆရာကြီး တစ်ကောင် တို့ ဆီ ပြောင်း လာမယ် ဆိုလို့ လာ စောင့် နေတာ ။ ဪ ဪ ... ဆရာကြီး ဆိုတာ လည်း လူ ပဲ ကိုး ။ တို့ ရွာ က လူတွေ နဲ့ စကား ပြော ရင် ရိုင်းတယ် ဆိုပြီး စိတ် မဆိုးနဲ့ နော် ”
ဆိုပြီး တစ်ဆက်တည်း မှာ ပဲ ...
“ အေး ... မင်း မှတ်ထားရမှာ က ဒီ ရွာ မှာ ကျွန်တော် ကျွန်တော် နဲ့ ပြော တတ်တာ ငါ တစ်ယောက် တည်း ရှိတယ် ဆိုတာပဲ ”
“ ဟင် ”
သူ ဆိုလိုချင်တာ က တစ်ရွာလုံး မှာ သူ အယဉ်ကျေးဆုံး ပေါ့ ။ ပြီး အင်္ကျီချွတ် နဲ့ ငုတ်တုတ် ထိုင် နေတဲ့ လူကြီး တစ်ယောက် ရဲ့ အောက် တင်ပါး ကို ခြေမ နဲ့ ကလော် ပြီး ...
“ ဟေ့ကောင် ... သူကြီး ... ဆရာကြီး ကို နှုတ်ဆက်လိုက်ဦးလေ ကွာ ”
အဲဒီ အထဲ က အခြေအနေ မကောင်းတော့ဘူး ဆိုတာ သိ သာတယ် ။ တကယ့် တကယ် တော့ သူတို့ စိတ်ရင်း ကို သိပြီး ပျော်သွားတော့ တာ ပဲ ။
တစ်ယောက် နဲ့ တစ်ယောက် ဘာ အပြိုင်အဆိုင် မှ မရှိဘူး ။ ဘာ အငြှိုး ဘာ အာဃာတ မှ မရှိဘူး ။ ချမ်းသာ ဆင်းရဲ လည်း မရှိဘူး ။ အားလုံးက ရှိ ရင် စား မရှိ ရင် မစားနဲ့ ။ အပူအပင် မရှိဘူး ။ ဒီလိုပဲ နေကြတာ ကိုး ။
တစ်လော က ရွာ ပြန် ရောက်ပါ့ ။
လမ်းပန်းဆက်သွယ်ရေးတွေ ကောင်း ၊ အိမ်ကြီးယာကြီး တွေ ဖြစ် နေပြီ ။ ဒါပေမယ့် ရွာ က လူတွေ ရဲ့ စရိုက် က မပြောင်းဘူး ။
ကျွန်တော်တို့ အဲဒီ ရွာကလေး က ထွက်သွားတာ နှစ်ပေါင်း နှစ်ဆယ် ကျော် ပြီလေ ။
ဒါပေမယ့် ကျွန်တော့် ကို တွေ့တာ နဲ့ ...
“ ဟေ့ ... စောကြည်ဖြူ ပြန်လာပြီလား ”
နှုတ်ဆက်သံ ကြားတော့ အံ့အား သင့် သွားတယ် ။ ဆယ်နှစ်သား လောက် တည်း က ရွာ က ထွက် သွားတဲ့ လူ တစ်ယောက် ကို အသက် သုံးဆယ် အရွယ် မှာ ပြန် မှတ်မိ သတဲ့လား ။ ကျွန်တော့် စိတ် ထဲ မှာ နှစ် နှစ်ဆယ် ဆိုတဲ့ ကာလ မှာ ကျွန်တော့် ကို ဘယ်လို မှတ်မိနိုင်တော့မှာလဲ နော့ ။ ကျွန်တော့် ကို နှုတ်ဆက်နေသူ ကို တောင် ကျွန်တော် မသိဘူး ။ ဒါနဲ့ပဲ သိချင်စိတ် နဲ့ ...
“ ကျွန်တော့် ကို မှတ်မိနေသေးတယ် ဟုတ်လား ”
ဆိုပြီး မေးကြည့်တော့ ... အဲဒီ လူ က ...
“ မှတ်မိတာပေါ့ ကွာ ... ဒီ ရွာ က ထွက်သွားတာ မင်းတို့ မိသားစု နဲ့ ၊ သေသွားတဲ့ ဦးကာတင် ၊ ဒေါ်လှမြိုင် ၊ ဒေါ်ကြာစိန် နဲ့ သံလုံး တို့ ရှိ သေး တာ ”
ရွာလေး က အဲဒီလောက် ထိ အဝင်အထွက် ကင်း တုန်းပဲ ။
••••• ••••• ••••• •••••
အဲ ဒီမှာတင် သူငယ်ချင်းတွေ နဲ့ ဆုံပြီး ထန်းရည် သောက် ဖြစ်ကြတယ် ။ ထန်းရည်ကျည်တောက် တစ်ဝက် ကျိုး လောက် မှာ သူငယ်ချင်း တစ်ယောက် က စ ပြောတယ် ။
“ ဟိုဘက်ရွာ မှာ အလှူ ရှိတယ်ကွ ။ အိုက်စခင် တိုက် တာ မောင် ”
သူငယ်ချင်း စကား ကျွန်တော် ရုတ်တရတ် နားမလည်ဘူး ။ အိုက်စခင် ၊ ဘာလဲ အိုက်စခင် ။ ကျွန်တော် မကြားဖူးဘူး ဖြစ်နေတယ် ။ ဒါနဲ့ပဲ ...
“ ဘာလဲကွ ... အိုက်စခင် ဆိုတာ ၊ အဲဒီ အစားအသောက်မျိုး ငါ မကြားဖူးပါဘူး ”
ဆိုတော့ ဘေးနား က သူငယ်ချင်း က ...
“ အာ ... ဒီကောင် ဘိုလို ပြောချင်နေတာ ၊ မပြောတတ်လို့ ။ အိုက်စခင် ဆိုတာ ဘာမှ မဟုတ်ဘူး ၊ ဖာလူဒါ ပြောတာ ”
သူ ပြော မှ ပို ရှုပ် သွားတယ် ။ အိုက်စခင် နဲ့ ဖာလူဒါ ဘယ်လို ဆက်စပ် နေတယ် ဆိုတာ စဉ်းစားလို့ ကို မရဘူး ။ ဒါနဲ့ ဟိုဘက် ရွာ အလှူ ကို သိချင် စိတ် နဲ့ စုံစမ်း ကြည့်တော့ ဟို က တိုက် လွှတ် လိုက်တာ ဘာမှ မဟုတ်ဘူး ...
“ စပါကလင်ကြီး ”
••••• ••••• •••••
ငယ်စဉ် က အဲဒီလို ရွာကလေး တွေ မှာ နေခဲ့ ရတော့ မြို့စာ တွေ ကို မသိဘူး ။ ဘာတွေ စား ရမလဲ မသိဘူး ။ ကျွန်တော်တို့ က လည်း အဖေ နဲ့ လိုက် နေတော့ အဖေ က အမဲသားချည်း ပြုတ် ကျွေးတာ ။ မှတ်မှတ်ရရ အမဲသား ချည်း ပဲ ခြောက်နှစ် ၊ တစ်ရက် မှ မပျက်မကွက် စားခဲ့ ဖူးတယ် ။
မုန့်ဖိုး လည်း တစ်ခါ မှ မရ ဖူး ဘူး ။
အမဲသား ကို လည်း အဖေ က မချက်တတ်တော့ နေ့တိုင်း ပြုတ် ကျွေးတယ် ။ အဲဒါကြောင့် ထင်တယ် ။ ကျွန်တော့် အဖေ က လူကောင် တန်တန် ။ အမေ က လူကောင် သေးသေး ။ မွေးထား တဲ့ သားသမီး အားလုံး ခြောက်ပေတန်း တွေ ချည်းပဲ ။ အစ်မ မချော တောင် ငါးပေ ငါးလက်မ ။ ကဲ ... အကောင် မကြီး လား ။
အမဲသားပြုတ် တန်ခိုးတွေ လေ ... ။
အဲဒါကြောင့် ကျွန်တော် တို့ အတော် အသက်ကြီး တဲ့ အထိ ဘာ သွားရည်စာ မှ မစား ဖူး ဘူး ။ ဘယ်လောက် ထိ လဲဆို တစ်ခါက အဖေ ကျွန်တော် တို့ ကို မြို့ ခေါ် သွားတယ် ။ အဲဒီတုန်းက ကျွန်တော် က ခြောက်နှစ် သား ။ ကျွန်တော့် ညီ က လေးနှစ် ။
••••• ••••• ••••• •••••
မြို့ အဝင် လက်ဖက်ရည်ဆိုင်လေး မှာ ကား ခဏ ရပ်တော့ ကျွန်တော် နဲ့ အဖေ က အပေါ့ အရင် သွားတယ် ။ ကျွန်တော့် ညီ မောင်မောင် ( ဓီရာမိုရ် ) က ဗိုက် ဆာ နေပြီ ဆိုပြီး လက်ဖက်ရည်ဆိုင် မှာ ထိုင် ကျန်ခဲ့တယ် ။
ဒါကို အဖေ က ...
“ မောင်မောင် ၊ ဗိုက် ဆာ နေရင် လာ ချတာ အကုန်သာ စား ထား နှင့် ၊ ဖေ တို့ ပြန် ထွက်လာမယ် ... ”
ဆိုပြီး မှာ သွားတယ် ။ ဟိုကောင် က လည်း လာ သမျှ အကုန် ဝါးမယ် ဆိုတဲ့ ရုပ် နဲ့ ထိုင် ကျန်ခဲ့တယ် ။ သိပ် မကြာဘူး ။ ကျွန်တော် တို့ အပေါ့အပါး သွားပြီး ပြန် ထွက် လာတော့ ငတိ တစ်ခု ခု ကို စ ဝါး နေပြီ ။ စားပွဲ ပေါ် မှာ လည်း ချ ထားတဲ့ မုန့် ဘာမှ မတွေ့ရဘူး ။ ပါးစပ် ထဲ ကြည့်တော့ ဖြူဖြူ ဖြူဖြူ နဲ့ ညက်အောင် အားတင်း ဝါး နေရပုံ ရတယ် ။ မျက်လုံး မှိတ်သည် အထိ အံကြီး ကြိတ်လို့ ။ ဒါနဲ့ ကျွန်တော် မေး ကြည့် တာ ပေါ့ ။
“ မောင်မောင် ... ဘာတွေ ဝါး နေတာလဲ ”
ဆိုတော့ ကျွန်တော့် ညီ မောင်မောင် က ...
“ မသိဘူး ... စားပွဲ ပေါ် လာ ချ တာ ဝါး နေတာပဲ ”
“ ဘာ အရသာ ရှိလဲ ”
ကျွန်တော့် အမေး ။ ငတိ က မျက်မှောင် ကြုတ်ပြီး ...
“ မသိဘူး ၊ ဘာ အရသာ မှတော့ မရှိဘူး ။ ဒါပေမယ့် အေးတေးတေး နဲ့ မွှေးတေးတေးကြီး ”
သူ စကား ကို ဘေးနား ရှိ တဲ့ အဖေ က ...
“ ပြ ကြည့်စမ်း ၊ ပါးစပ် ဟ ကြည့်စမ်း ၊ ဘာလဲလို့ အဖေ ကြည့်မယ် ”
ဆိုတော့ ငတိ က ပါးစပ် ဟ ပြတယ် ။ အဲဒီတော့ မှ အဖေ က ...
“ အေးတေးတေး နဲ့ မွှေးတေးတေးကြီး ဖြစ်မှာပေါ့ ၊ မင်း က စနိုးတာဝါကြီး ကောက် ဝါး နေတာကိုး ၊ အဲဒါ မျက်နှာ သုတ်ဖို့ ချပေး ထားတာ ”
ဆို မှ မောင်မောင် က သွားဖြဲကြီး နဲ့ ဖင်ကုတ် ခေါင်းကုတ် လုပ်ပြီး ...
“ မသိဘူးလေ ၊ ချပေးတာ အရင် ဝါးထား ဆိုတာနဲ့ ကောက် ဝါးနေတာ ”
ဆိုပြီး ပါးစပ် ထဲ က စနိုးတာဝါ ထုတ်ပြီး မျက်နှာ အရှက်ပြေ ပြန် သုတ် နေသေးတယ် ။ ဒီတော့မှ အဖေ က ဆိုင်ဘက် လှည့် ပြီး ...
“ ဟေ့ ... ဒီမှာ ၊ ငါ့ သားတွေ စားဖို့ မုန့်အစုံ ချ ၊ ကော်ဖီ ပါ ချပေးစမ်း ”
ဆိုတော့ မှ ဆိုင် က လည်း မုန့် အစုံ ချတော့ တာ ။ မုန့်ဖက်ထုပ် လည်း ပါတယ် ။ ပေါက်စီ လည်း ပါတယ် ။ ကော်ပြန့် လည်း ပါတယ် ။ ဘိန်းမုန့် လည်း ပါတယ် ။ ကိတ်မုန့် လည်း ပါတယ် ။ မုန့်ဆီကြော် လည်း ပါတယ် ။ လာ ချ သမျှ မုန့် အားလုံး ကို ခုန အေးတေးတေး နဲ့ မွှေးတေးတေးကြီး ဝါး နေတဲ့ ကျွန်တော့် ညီ က မျက်လုံးပြူးကြီး နဲ့ လိုက် ကြည့် နေတယ် ။ အတော်ကြာ မှ အသံကျယ်ကျယ် နဲ့ မေး တယ် ။
“ ဖေ့ ... ဒီ ထဲ မှာ ကော်ဖီ ဆိုတာ ဘယ် မုန့် လဲ ... ”
သူ့ အသံ လည်း ကြားရော တစ်ဆိုင်လုံး ဝါးကနဲ ဝိုင်း ရယ် ကြတယ် ။ အဲသည်လောက် ထိ တုံး တာ ။ ကော်ဖီ ဆိုတာ တောင် ဘယ်မုန့်လဲ မေးရ လောက်အောင် ကို မသိကြတာ ။ အေးလေ ... ကိုယ် မှ မစားဖူး မသောက်ဖူးဘဲ ကိုး ။
အဲ ... ဒါပေမယ့် ထန်းရည် ကျ တော့ သိ သဗျ ။
◾အကြည်တော်
📖 တောသားကြီး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment