❝ သင်္ချိုင်းရောက်မှ သေလေခြင်း ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
နေ ကို မော့ ကြည့်လိုက်သော အခါ၌ မွန်းတည့်လုနီး နေပေပြီ ။ ကိုဆေးရိုး သည် မော့သော ခေါင်း ကို အောက်သို့ ငုံ့ စိုက်လိုက်ပြန်သည့် အခါ အရိပ် သည် မိမိ ၏ ကိုယ်အောက်သို့ ဝင်ရောက် ပျောက်ကွယ်ခါ နီး နေသည် ကို တွေ့ရ၏ ။ မည်းညစ် နောက်ကျိသော ရေပြင်ထက်၌ ကိုဆေးရိုး ၏ အရိပ်သည် မထင်မရှား ပေါ်ပေါက်နေ၏ ။ ငုံ့သော ခေါင်း ကို ထောင်မတ်ကာ လက်ဝဲဘက်သို့ ကြည့်မိ ပြန်သည် ။ မိမိ ရောက်နေ သောနေရာ နှင့် ကန်သင်း သည် ဆယ်ကိုက်လောက် ကွာဝေးနေပါကလား ။
ဆယ်ကိုက်မျှသော အကွာအဝေးသည် ၁၂ စပ်မျှ ထွန်ရေးငင်ပါ မှ စပ်မည့် ငန်းတာ ဖြစ်သည် ။ သည် ၁၂ စပ်မျှ ကိုသာ စပ်အောင် ထွန်နေချေလျှင် မွန်းတိမ်း ရော့မည် ။ ကိုဆေးရိုး သည် ယခင် နေ့များကလို ထမင်းပို့သူ လာမည့်လမ်းကို လည်ပင်းတရှည်ရှည် ဖြင့် လှမ်းမျှော် မကြည့်တော့ဘဲ ထွန်ဦးကို ကန်သင်း ထိပ်သို့ ရောက်အောင်သာ တွန်းမောင်း လိုက်ပြီး ကန်သင်းဘေးသို့ ရောက်လျှင် နွားနှစ်ကောင် ကို စုတ် သပ်၍ ရပ်တန့်လိုက်၏ ။ နေ ကလည်း ပူလာပြီမို့ နွားနှစ်ကောင် မှာ ရှေ့တိုးနောက်ငင် လှုပ်ရှားလျက် မောဟိုက် နေသည် ။
“ ကဲ မောမနေကြနဲ့ ၊ အိမ်ပြန်ရမှာ ”
နွားနှစ်ကောင်သည် လူစကားကို နားလည် လေ သည့်အလား ကိုဆေးရိုး ကို လှည့်ကြည့်ကြသည် ။ ကိုဆေးရိုး က ပြောပြောဆိုဆို နှင့် “ ကန်ကြိုး ” နှစ်စကို ထွန်ဦး သို့ စုပစ်လိုက်ပြီးနောက် ထွန်သစ်နှစ်ခု ပူးဆုံရာ ကြားသို့ ထမ်းပိုး ၏ အလယ်မှ သွင်းချကန့်လန့် ထားသော ‘ ထွန်ညှင်းကွင်း ’ နှင့် ‘ ကန့်လန့် ’ ကို ဆွဲဖြုတ် ပစ်လိုက်သည် ။ စိတ်မြန်လက်မြန် လုပ်လိုက် မိသောကြောင့် ထွန်ဦး သည် ရေပြင်ပေါ်သို့ ပြင်းထန် စွာ ကျသွားရာ မည်းနောက်သော ရွှံ့ရေများ က ကိုဆေးရိုး ၏ ရင်ဘတ် နှင့် မျက်နှာ ကို တက်ဟပ် ပေစင်ကုန် လေသည် ။
ရေသည် အောက်သို့ စီးကျသွားကာ ရွှံ့နှစ်များ သည် အသားပြင် ပေါ်မှာ ကပ်ကျန်ခဲ့လေရာ ကျောက် အနားဖေး မကျက်မီ လေစိမ်းခံမိသူ ၏ မျက်နှာလို မည်း မည်းအပြောက်များ ကိုဆေးရိုး ၏ မျက်နှာပြင် အနှံ့ ထင် နေလေသည် ။ ကိုဆေးရိုး မှာ ဒါကိုလည်း မပွတ်ဖျက်အားဘဲ နွားနှစ်ကောင်ကို ‘ ထမ်းပိုးကျစ် ’ မှ မ ဖြုတ် လိုက်ပြီး ထမ်းပိုးတုံး ကို ရေထဲမှာ ထောင်စိုက်ထား လိုက်ကာ နွားနှစ်ကောင် ကို ရေမြောင်း ထဲသို့ အော်ဟစ်တွန်းထိုးလျက် မောင်းချလိုက်၏ ။
“ ဆေးရိုးရေ ... ဟေ ဆေးရိုး .. ”
အောက်ဘက် နှစ်ပွဲကျော်မှ ကိုထွန်းရ ၏ အသံ ဖြစ်သည် ။ ကိုဆေးရိုး သည် နွားနှစ်ကောင် ကို အပြေး အလွှား ရေချိုး ပေးရင်း ပွတ်သပ် တိုက်ချွတ် နေရာက အသံ လာရာဘက် သို့ လှည့် ကြည့်မိသည် ။ ကိုထွန်းရ သည်လည်း အချိန်မတန် ဘဲနှင့် နွားနှစ်ကောင် ကို ရှေ့ တစ်ကောင် နောက် တစ်ကောင် ထားလျက် လျှောက် လာနေ၏ ။
“ ထွန်းရ ... ဘာလဲဟေ့ ... ငါ ဒီမှာကွ ” ကိုဆေးရိုး က အသံပေးပြီး ရေထဲသို့ ထိုင်ချလိုက် ချက်ချင်းပင် ပြန်ထ၍ မျက်နှာ နှင့် တစ်ကိုယ်လုံး ကို လက်နှစ်ဖက် ဖြင့် သာမန်ကာ လျှံကာ လျှောက်ပွတ် လျက် တစ်ချက်မျှ ရေထဲသို့ ထပ်မံ ထိုင်ချလိုက်ခြင်း ဖြင့် သူ၏ ရေချိုးခြင်း က ပြီးစီးသွားလေသည် ။
“ ဟေ့ကောင် ဘာလုပ်နေလဲ ”
ကိုထွန်းရ က လှမ်း ကြည့်ပြီး မေးသဖြင့်
“ ရေချိုး နေတာ မြင်ရက်သားနဲ့ ဘာလုပ်နေလဲ မေးတော့ ၊ က နေတယ်လို့ ဖြေမှာပေါ့ ကွာ ”
ကိုဆေးရိုး က အဝတ် လဲရင်း ခပ်နောက်နောက် ပြန်ပြောလိုက်ရာ ကိုထွန်းရ က “ အေး ... ဟုတ်တယ် ” ဟု ဆိုပြီး ရယ်မော နေလေ၏ ။ ကိုထွန်းရ ရယ်၍ မဆုံးမီ ကိုဆေးရိုး က သူ ၏ ခမောက် ၊ ဓားမ နှင့် တူးရွင်းပြား များကို အပြေးအလွှား သိမ်းဆည်း၍ ပြီးစီး သွားသည် ။
“ ဪ ... မင်း လည်း မသာပို့ သွားမလို့ကိုး ”
“ အေးလေ ... မပို့ချင် ပေမယ့် အောင့်အည်းပြီး ပို့ရမှာပေါ့ကွာ ၊ တစ်နေ့တလေ ပျက်လည်း မတတ် နိုင်ဘူး ဟေ့ ”
ကိုထွန်း ရကို မကြည့်ဘဲ ပြန်ပြောရင်း ကိုဆေးရိုး က နွားနှစ်ကောင် ၏ ချိုဖျား တွင် ကန်ကြိုးများ ကို ရစ်ပေးပြီး လက်ဝါးဖြင့် ရိုက်လျက် “ အိမ်ကို ပြန်ကြ ” ဟု အော်လိုက်ပြီး မှ ကိုထွန်းရ ကို လှည့် ကြည့်၏ ။
“ မင်းပဲ စဉ်းစားကြည့်ပါ ထွန်းရ ရဲ့ ဒီ ဖိုးထွန်းခိုင် ရဲ့ မသာကို ဘယ်အကောင် ကများ စိတ်ပါလက်ပါနဲ့ လိုက်ပို့ပါ့မလဲကွ ”
“ ငါတော့ စိတ်ပါလက်ပါ ပို့တာပါ မောင်ရာ ”
ကိုထွန်းရ က ရယ်ဖြဲဖြဲ ဖြင့် ပြော၏ ။
“ ဒီနေရာမှာ တို့နှစ်ယောက် တည်း ရှိတာပါ ထွန်းရ ရာ ဖိုးထွန်းခိုင် ရဲ့သား မောင်လှမောင် မကြားပါဘူးကွ ”
“ အမယ် ... လှမော င်ကို ကြောက်လို့ ပြောတာ မဟုတ်ဘူး ဆေးရိုး ၊ လဒ လောက်တော့ ငှက်တိုင်း ပျံနိုင်တာပဲဟ ။ သူ မိုက်သလောက်တော့ လူတိုင်း မိုက် နိုင်တာပဲ ။ အေး - ဒါပေမဲ့ သူ က လည်တယ် မဟုတ်လား ”
“ ဒါကြောင့် စိတ်ပါလက်ပါ လိုက်ပို့တယ်ပေါ့ လေ ၊ ဟုတ်လား ၊ ဟား ... ဟား ... ”
ကိုဆေးရိုး က အော်၍ ရယ်လေသည် ။ ကိုထွန်းရ ကလည်း ရော၍ ပြုံးလိုက်သည် ။
“ အေး .... ဟုတ်တယ် ၊ စိတ်ပါလက်ပါ ဝမ်းသာ အားရ နဲ့ လိုက်ပို့တာ ... ကဲ ”
“ အေးလေ ... ဒီမသာကို လိုက်ပို့ကြမယ့် လူတိုင်း ဟာ မင်းလို လူချည်းပဲ နေမှာ ပေါ့ကွာ ။ ဘာပြုလို့လဲ ဆိုတော့ တယ် ဒီ နွားနှစ်ကောင်ဟာ ... ဟဲ့ ... သေချင် ပြီ ထင်တယ် ”
ကိုထွန်းရ ပြောနေရာ ရှေ့မှ သွားနှင့်သော နွားနှစ်ကောင် စိုက်ခင်း တစ်ခုကို ဆင်းဟပ် နေသဖြင့် ကိုဆေးရိုး မှာ စကား ကို ဖြတ်ပြီး ရှေ့သို့ အော်ဟစ်ပြေးသွား ရလေသည် ။
“ ဟို နွားပြာကြီး ... သေချင်ပြီ ထင်တယ် ၊ ဟို နွားနက်ကလေး လည်း နာမယ်နော် ”
နွားနှစ်ကောင် မှာ ကိုဆေးရိုး ၏ အသံ ကို ကြား သည်နှင့် လယ်ကွက် ထဲမှ တက်ပြေး ကြသောကြောင့် ကိုဆေးရိုး မှာ ကျစ်စာခဲ ဖြင့် လှမ်းပစ်ရင်း မာန်မဲလိုက် လေသည် ။ နွားများ ကို ခဲနှင့် လှမ်းပစ်လိုက်စဉ် ခါးမှ ပုဆိုး မှာ ကွင်းချောင်ပြီး လျှောကျသွားတော့မှ မိမိ ဗိုက် မည်မျှ ဟာ နေကြောင်း သတိထား မိကာ “ ထွန်းရ ရေ .. ငါတော့ ထမင်း ဆာလှပြီဟေ့ ၊ သွားနှင့်မယ် ” ဟု ညှစ်ပြောရင်း နွားနှစ်ကောင် နောက်သို့ ခပ်သုတ်သုတ် ပြေးလိုက် သွားလေ၏ ။
••••• ••••• •••••
ချောစိန် က ငရုတ်သီးထောင်း ပန်းကန် ကို ကိုဆေးရိုး ရှေ့မှာ ချပေးလိုက်ရင်း ကိုဆေးရိုး ၏ ထမင်းပန်ကန် ကို ငုံ့ကြည့် လိုက်မိသည် ။
“ ဟင် ... အဖေ့ ဟာကလည်း ခုလေးတင် ထိုင် ကာ ရှိသေး ထမင်း ကုန်နေပြီ ”
ပြောရင်းက ထမင်းတောင်း ထဲမှ ထမင်းများ ကို နှိုက်ထည့် ပေးလိုက်၏ ။ ကိုဆေးရိုး က ထမင်း တစ်လုတ်ကို တစ်လသားကလေးငယ် ၏ ဦးခေါင်း လောက် နီးနီး ဆုပ်လွေး ရင်း မော့ကြည့်သည် ။
“ ဆာလှပြီ သမီးရဲ့ ”
“ ဆာပဲ ဆာနိုင်လွန်း သတော် ၊ တော့်ဟာ က နောက်က လူ လိုက်လာတဲ့ အတိုင်းပဲ ”
မကျီးဒန် က ဟင်းရွက်ဟင်းကျန်များ ကပ်နေ သော အိုးထဲတွင် ထမင်းများ ထည့်လူး နယ်ဖတ် နေရာက လှမ်း ပြောပြန်သည် ။ ကိုဆေးရိုး သည် ချဉ်ပေါင် ရွက်ဟင်း ကို ရှူးခနဲ သောက်ချလိုက်ကာ လှည့်ကြည့်၏ ။
“ ဟ ဘယ်လိုပဲ စားစား ဝမ်းထဲ ရောက်သွားတာ လိုရင်းပဲဟေ့ ”
“ ဒါတော့ ဟုတ်တာပေါ့ အဖေရ ဟုတ်ပေမဲ့ အဖေ့ ဟာက ချဉ်လို့ ချဉ်မှန်း မသိ ၊ ငန်လို့ ငန်မှန်း မသိနဲ့ မကောင်းပါဘူး ”
ချောစိန် က ထမင်းပွဲ ကို ကျောပေးလျက် မီးဖိုနား သို့ လျှောက်လာပြန်သည် ။ မကျီးဒန် ချထားခဲ့သော အိုး ကို ကောက်ဆေး ကာ ထမင်းတောင်း ကို ထ ယူပြီး ထမင်း ထည့် ပေး၏ ။
ကိုဆေးရိုး သည် အခြား အချိန်များ၌ ယင်းသို့ ထမင်းစားချိန်တွင် မစားဘဲ ချောစိန် တစ်ခုခု လုပ်နေ ပါက မာန်မဲ ခေါ်ငင်လေ့ ရှိသော်လည်း ယခုမူ လှည့်၍ မျှ မကြည့် ။ တစ်လုတ်ပြီး တစ်လုတ် အပြေးအလွှား ခွံ့နေသည် ။
“ တော့်ဥစ္စာက မိန်းကလေး ပြောလည်း ပြောစရာ ပဲ ။ ဖြည်းဖြည်းများ စားစမ်းပါ ”
“ နင် ဘာသိလဲ ၊ ဟိုမှာ မသာချတော့မယ် ”
“ စည်တောင် မရိုက်သေးပါဘူး အဖေရာ ”
ချောစိန် က ထမင်းပွဲနား သို့ ရောက်လာပြန်ကာ မအေ နှင့် ဖအေ ကြားမှာ ဝင် ပြောလေသည် ။ သို့စဉ်မှာ ပင် သရက်ချင် မြောက်ကျောင်း ဘုရားဝင်း ထဲမှ တဘုန်းဘုန်းဖြင့် ပန်းကုံးလျော့ နေသော စည်ထုသံ က နား မချမ်းသာစဖွယ် ထွက်ပေါ်လာလေ၏ ။
“ ကဲ ... စည်တောင် ရိုက်နေပြီ ”
ကိုဆေးရိုး က ပါးစပ်မှ ရေရွတ်လျက် ထရပ် လိုက်သည် ။ တစ်ဆက်တည်း လက် ဆေးကာ ရေ ကို အပြေးအလွှား သောက်၍ အင်္ကျီ ကို ကမန်းကတန်း ကောက်ဝတ်လိုက်သည် ။
“ တော့်အစား မောလိုက်တာ ကိုဆေးရိုး ရယ် ၊ မသာက ဒီလမ်း က ချသွားမယ့်ဟာကို ။ ဒီတော့မှ ရော ပြီး လိုက်ပို့ရင် ပြီးတဲ့ဥစ္စာ ”
“ တော်တော် လျှာရှည်စမ်းဟာ ”
ကိုဆေးရိုး စိတ်မရှည်သံကြီး ဖြင့် လှမ်း ငေါက်ကာ ဆေးပေါ့လိပ် ကို အင်္ကျီအိတ် ထဲ ထည့်လျက် တဲရှေ့သို့ လှမ်း ထွက်ခဲ့သည် ။
“ ဆေးရိုးရေ လာဟေ့ ၊ ထွန်းရ တော့ မင့် ကို မစောင့်နိုင်လို့ သွားနှင့်ပြီ ။ မင်းနဲ့ ငါပဲ ကျန်တော့တယ် ”
တောင်တံခါးနား အရောက် တွင် မန်ကျည်းပင်ရိပ် မှ ရပ်စောင့်နေသော ကိုပိတ်စ က ဆီး၍ အသံပြုလိုက် ခြင်း ဖြစ်သည် ။
“ အေးကွ ... စည်တောင် ရိုက်နေပေါ့ဟာပဲ ”
ကိုဆေးရိုး က ပြန်ပြောရင်း ကိုပိတ်စ နှင့် ဘေးချင်း ယှဉ်လျက် ပုရပိုက်တန်းရွာ ဘက်သို့ ခပ်သုတ်သုတ် လှမ်းလျှောက်လာလေသည် ။
ရမ်းဘိုကုန်းရွာ နှင့် ပတ်ဝန်းကျင် ၏ ဓလေ့မှာ အလှူတရားနာ နှင့် အသုဘများ တွင် စည် ရိုက်လေ့ ရှိပေ၏ ။ ရှင်ပြု တရားနာများ၌ စည် တစ်ကြိမ် တီးလျှင် တရားနာမည့် နေရာသို့ အရောက် သွားရန် ပြင်ဆင် ကြပြီး ၊ ဒုတိယအကြိမ် စည် တီးပါက နေရာသို့ အရောက် သွားကြရသည် ။ တတိယအကြိမ် စည်တီး ပြီးလျှင်ကား အခမ်းအနား စတင်လေတော့၏ ။
ထို့အတူပင် အသုဘ ၌ လည်း ပထမအကြိမ် စည် တီးပါက ကမ္မဋ္ဌာန်း အပင့်ခံရသော သံဃာ နှင့် အသုဘ ပို့ဆောင်ကြမည့် လူများသည် ပြုဖွယ်များကို ကြို တင် ပြင်ဆင်ကြလေသည် ။ ဒုတိယအကြိမ်၌ ကား သံဃာတော်များသည် သင်္ကန်းရုံ ပြီးလေပြီ ။ လူများ သည် အသုဘအိမ် ၌ စုံညီလေပြီ ။ တတိယစည်သံ အဆုံး၌ ရဟန်းတော်များ သည် သုသာန် သို့ ရှေးရှုကြွ သွားတော်မူကြကာ ၊ အသုဘ အလောင်းကောင်သည် လည်း အိမ် မှ ထွက်ခွာလာလေသည် ။
သို့ပါလျက်နှင့် ကိုဆေးရိုး တို့ တစ်တွေသည် စည်တစ်ကြိမ် တီးကာ မျှဖြင့် မည်သို့သော အကြောင်း ကြောင့် ဒရောသောပါး ဖြစ်နေကြရသနည်း ။ အသုဘ အိမ် နှင့် နီးလာ လေလေ ၊ ဆိုင်းသံ ၊ ဗုံသံများသည် ကိုဆေးရိုး နှင့် ကိုပိတ်စတို့ ၏ နားတွင်းသို့ ဆူညံစွာ ဝင်ရောက်လာလေလေ ။
“ ဆေးရိုးတို့ ပိတ်စတို့ ဒီဘက်ကို ဟေ့ ”
မသာအိမ် ရှေ့ ရောက်လျှင် နောက်ဘက်မှ ခေါ်သံ များ ထွက်ပေါ်လာသောကြောင့် ကိုဆေးရိုး က လှည့် ကြည့်လိုက်၏ ။ မသာအိမ် နှင့် မျက်နှာချင်းဆိုင်အိမ် အောက်နှင့် အိမ်ရှေ့ သစ်ပင် အောက်တွင် ရမ်းဘိုကုန်း ၊ သီးကုန်းနှ င့် အခြား ရွာမှ လူများ ပြည့်နေသည်ကို တွေ့ ရ၏ ။
“ ဟေ့ကောင်တွေ ဘာငေး နေကြတာလဲ ”
ကိုဆေးရိုး တို့သည် မသာ၏ သား ကိုလှမောင် ကို မြင်ရလိုမြင်ရငြား လိုက်လံကြည့်နေစဉ် ၊ ကိုအောင်မြတ် ၏ အသံ ထပ်မံ ထွက်ပေါ်လာသဖြင့် လူအုပ်ထဲ သို့ ဝင် ထိုင်လိုက်ရလေသည် ။ မသာအိမ် ၏ အပေါ် ထပ် အောက်ထပ်နှင့် အိမ်ရှေ့မှာ သာ မက ၊ အနီးအနား ရှိ အိမ်များ၌ လည်း မသာပို့ ပရိသတ်ဖြင့် လျှံနေ၏ ။
လူ စည်သလို ဆိုင်းသံ ၊ ဗုံသံများ ကလည်း နားကွဲ မတတ် စီ၍ညံ၍ လာလေသည် ။ အနီးအနား ရှိ ရွာ များ၌ မိမိတို့ ၏ သာရေးနာရေး အတွက် လည်းကောင်း အခြား ရွာများသို့ အငှား လိုက်ရန် အတွက် လည်းကောင်း ၊ တည်ထောင်ထားသော ဘုံပိုင် အတီးဝိုင်းများ ရှိသည် ။ ဒိုးပတ် ၊ အိုးစည် ၊ ဗုံရှည် စသည်ဖြင့် သုံးမျိုးလုံး ထား နိုင်သော ရွာက ထား ကာ ၊ မထားနိုင်သော ရွာက တစ်မျိုး ကိုတော့ မရှိ ရှိအောင် ထားကြ၏ ။
ဗုံရှည်ကို ဘုရားပွဲ ၊ အလှူပွဲများ ၌ ပိတ်ဖြူပတ်ပြီး ဗုံကြီးသံ ဖြင့် တီးမှုတ်ကြသည် ။ အသုဘ ၌ မျောက်မင်းအူသံ နှင့် ခပ်ဆင်ဆင် အသွားမျိုးကို တီးမှုတ်ကြ၏ ။
ယခု ဖိုးထွန်းခိုင် ၏ မသာ၌ လည်း ၊ ဆယ်ဝိုင်း ထက် မနည်းသော ဗုံရှည်ဝိုင်းများ သည် တစ်ဝိုင်း ပြီး တစ်ဝိုင်း ရောက်လာကြကာ ၊ တစ်ဝိုင်း ပြီး တစ်ဝိုင်း အဆက်မပြတ် တီးမှုတ်ကြ ၊ အပြိုင်အဆိုင် လက်စွမ်းပြ ကြဖြင့် နားကွဲမတတ် ဆူ နေလေတော့သည် ။
ကိုဆေးရိုး သည် မသာအိမ် သို့ မျှော်ကြည့်နေရာ က ကိုအောင်မြတ် ကို လက် တို့လိုက်၏ ။
“ ဘာလဲကွ ၊ မင်းဟာ က ပေါင်လောင်ခွေး ကျနေ ဘာပဲ ၊ လက်တို့တို့ ခြေတို့တို့နဲ့ ”
“ နောက်ထပ် စည်ရိုက်သံ မကြားသေးဘဲနဲ့ ၊ ချ တော့ မလို့လားဟ ”
ကိုအောင်မြတ် က မသာအိ မ်သို့ လှမ်း ကြည့်လိုက်ပြီးမှ “ ဧယင်ကျူး မလို့လား မသိပါဘူး ” ဟု ပြန် ဖြေလိုက်စဉ် ဗုံရှည်သံများ တိတ်ဆိတ် သွားပြီး ၊ ဆိုင်းနှင့် တွဲလျက် မိန်းမအဆိုတော် တစ်ယောက်၏ အသံ ထွက်ပေါ်လာလေ၏ ။
“ ရှင်သေမင်းငယ် တို့ ကိုယ်ချင်းမှ မစာနာ ”
ပုရပိုက်တန်းရွာငယ် မှာ ငိုချင်းသည် နှင့် ဆိုင်းသံ၏ အောက်ဝယ် ငြိမ်ဝပ် နေလေသည် ။ ဝိုင်းတီးဆရာ သည် လူး၍လိမ့်၍ အစွမ်းပြ နေသလောက် ငိုချင်းသည် ကလည်း ကြိုးဖြင့် ဆိုင်းထားသော အလောင်း သေတ္တာကြီး ကို လက် တစ်ဖက်ဖြင့် လွှဲရင်း ရှိုက်သံ အပြည့် ၊ ငိုသံ အတိဖြင့် မသာပို့ ပရိသတ် ကို ဖမ်းစား ထားလေသည် ။
“ အမယ်မင်းရယ်တဲ့မှ ၊ ကြမ္မာလေယိုယွင်း ... ရှင် သေမင်းရဲ့ ၊ ထန်ပြင်းအာဏာ ၊ ဖပီတာကို ၊ မညှာ ရက်စက် ၊ ခွဲရက်လေတယ်မှ ခွဲရက်တယ်လေး ... ”
ငိုချင်းသည် သည် ဆိုင်းအကျော့တွင် မျက်နှာ ကို တဘက်ကလေးဖြင့် အုပ်ထားပြီး ဆိုင်းသံ ဆုံးလျှင် စကားဖန် ကို ရွတ်လေ၏ ။
“ အမယ်လေး ကိုကြီးနတ် ရဲ့ ကျွန်မရဲ့ မွေးသဖခင် ကို ရှင်သေမင်းနဲ့ စစ်ခင်းပြီး ပြန်ယူပါရစေ ကိုကြီးနတ် ရဲ့ ”
“ အေး .... အေး ၊ ငါ့ နှမ တရားနဲ့ဖြေပါကွယ် ၊ သေခြင်းဆိုတဲ့ တရားကို ငါ့နှမတို့ ကိုကြီးနတ် မဆို ထားဘိ ”
နတ်ပျက်သဏ္ဌာန် ဆင်ယင်ထားသော ဆိုင်း နောက်ထ နှင့် အလွမ်းဘက် သယ် သလိုလို ၊ တရား ဘက် ဆွယ်သလိုလို အချီအချ ပြောပြီးနောက် ငိုချင်း တစ်ပုဒ် ကို ကောက်၍ ဆိုပြန်လေသည် ။
ဆိုင်းသံနှင့် ငိုချင်းသံ အောက်ဝယ် မိန်းမများ ၏ မျက်နှာမှာ နီရဲမို့ ရမ်းနေ၏ ။ ယောက်ျား အချို့မှာ လည်း ခေါင်းငိုက်စိုက် ချလျက် ဝမ်းနည်း ညိုးငယ်နေ ကြသည် ။ သို့ရာတွင် မသာအိမ် ရှေ့ရှိ အိမ်ရိပ် မှ လယ်သမားကြီးများ ကား ငိုချင်းသည် ၏ တိုက်လာ သော အပူမီး နှင့် ငြိတွယ်ပုံ မပေါ် ၊ ညှိုးနွမ်းခြင်း မရှိကြ ၊ အိုင်းမဆည်ကြီး ပျက်၍ ကသီကုန်ကြရကြောင်း ၊ မုန်း ဆည်ကြီး မတော်တဆ ပျက်မှဖြင့် စသည်ဖြင့် ဝမ်းရေးတိုက်ပွဲ အတွက်သာ ကွမ်းစားကာ ဆေးသောက်ကာ ဖြင့် ဆွေးနွေးတိုင်ပင်နေကြ၏ ။
ထို လူအုပ် ထဲမှ ကိုဆေးရိုး ကား အများတကာ ထက် ဆိုးသည် ။ သူက အများတကာ လို မျက်နှာ မပျက်ဘဲ နေနိုင်ရုံသာ မဟုတ်ဘဲ တလှုပ်လှုပ် လွှဲယမ်း နေသော အလောင်းကြီး ကို ကြည့်ကာ ပြုံးစိစိ ဖြစ်နေ ၏ ။ ကိုဆေးရိုး သည် ပြုံးနေရာ မှ ရုတ်ခြည်း ဣန္ဒြေ ဆည်ပြီး ဟိုဟိုဒီဒီ မလုံလဲသောအကြည့်ဖြင့် ကြည့် လိုက် ပြုံးစိစိ ဖြစ်သွားလိုက်ဖြင့် ကိုပိတ်စ သာ မြင်လျှင် ဆဲနေတော့မည် ။ သို့ရာတွင် ကိုထွန်းရ က မြင်သွား ၏ ။
“ ဟေ့ကောင် ဘာဖြစ်နေတာလဲကွ ”
ကိုဆေးရိုး က မျက်နှာပိုးသတ် လိုက်ကာ ကိုထွန်းရ ကို လှည့်ကြည့်ပြီး “ ဘာဖြစ် နေလို့လဲကွ ” ဟု ပြန်မေး လိုက်သည် ။ မေးပြီး လျှင် မေးပြီးချင်း ကိုဆေးရိုး ၏ ပါးစပ် မှာ စပ်ဖြဲဖြဲ ပြန် ဖြစ်သွားပြန်လေ၏ ။
“ မင်း ရူးနေသလား ”
“ ငါ တော့ မရူးပါဘူး ”
“ နို့ ဘယ်သူ က ရူးနေလို့လဲကွ ၊ မင့် ဥစ္စာက ”
ကိုဆေးရိုး သည် ကိုထွန်းရ ကို ပြန်ဖြေရန် ပါးစပ် ပြင်လိုက်ပြီးမှ ဘေးဘီနှင့် နောက်ဘက်သို့ မျက်လုံး ကစားလိုက်သည် ။
“ အေးပါကွာ ၊ ရူးတယ်ပဲ ထားလိုက်ပါ ” ဟူ၍ လျှော့ချလိုက်ကာ မအီမသာ မျက်နှာ မတင်မကျ ဖြင့် ငေးမော နေလေသည် ။
ကိုထွန်းရ ဆိုသည်မှာ ငယ်ငယ်ကလေး တည်း က လည်ပင်းဖက် ကြီးလာသူ ဖြစ်၏ ။ တစ်ဦး သဘော ကို လည်း တစ်ဦး နောကျေအောင် သိထားကြ၏ ။ ကိုထွန်းရ သည် ကိုဆေးရိုး အတွက် မယုံကြည်စရာ လူ မဟုတ်ပေ ။ မိမိ စိတ်ထဲမှ ခံစားချက်ကို ဘာမျှ သိုသိပ် လျှို့ဝှက်ထားစရာ မလိုပေ ။ သို့သော် ကိုဆေးရိုး အပါး ဝယ် ကိုထွန်းရ မဟုတ်သော လူတွေက အများကြီး ရှိ၏ ။ ကိုထွန်းရ လို မဟုတ်သူများ ကလည်း ရှိနေကြသည် ။
ထို့ကြောင့်လည်း ကိုဆေးရိုး မှာ မအီမလည်ကြီး ဖြင့် စကား ကို ဖြတ်ပစ်လိုက်ရခြင်း ဖြစ်၏ ။ အကယ်၍ သာ ကိုထွန်းရ ၊ ကိုပိတ်စ ၊ ကိုအောင်မြတ် တို့နှင့် သူတို့ လို လူတွေချည်းသာ မိမိ အနား၌ ရှိနေကြပါမူ ကိုဆေးရိုး က ဟားတိုက် ရယ်မိကောင်း ရယ်မိပေမည် ။ ပြီးတော့ ...
“ ဒါက ဘာလုပ်တာတဲ့လဲ ၊ မသာကောင်ပုပ် ကို ဧယင်ကျူး တော့ ဘာဖြစ်မှာလဲ ၊ အေးလေ ... ထားပါတော့ ၊ နုနုဖပ်ဖပ် အရွယ်ကောင်းလေးမို့ ပုထုဇဉ်တို့ သဘာဝ အမွှမ်း တင်ချင် တင် ပါတော့ ။ အခု ဖိုးထွန်းခိုင် ဆိုတဲ့ လူဟာ အသက် ကလည်း ခြောက်ဆယ် ကျော် ၊ စာရိတ္တ က လည်း ဓားပြ သူခိုး ၊ ဖွီ ... ဒါကြီးကို အမွှမ်း တင် နေတော့ လွမ်းချင် ဆွေးချင်တာ ထက် ရယ်ချင်တာ က ပိုနေတော့တာပေါ့ကွာ ”
ဟူ၍ မဲ့လိုက်ရွဲ့လိုက် တံတွေး ထွေးလိုက်ဖြင့် သေ လေသူ ဖိုးထွန်းခိုင် ၏ ဂုဏ်ပုဒ်များ ကို ရစရာ မရှိအောင် ဖော်ထုတ်ပေလိမ့်မည် ။ ယခုသော်ကား မိမိ မသိသော လူတွေက အနားမှာ ရှိနေသည် ။ ထိုသူများ ထဲ၌ ကိုလှမောင် ၏ သစ္စာတော်ခံ လယ်သမား သစ္စာဖောက်များ ပါဝင်နိုင်သည် ။ မိမိ ၏ ခံစားရချက်ကို ထုတ်ဖော်ရှင်း ပြလိုက်၍ ထိုသူများ မှ တစ်ဆင့် ကိုလှမောင် ကြား သွားခဲ့သော် ။
၃
သေသူ ဖိုးထွန်းခိုင် သည် ဓားပြ တစ်ယောက် ဖြစ်သလို ဖိုးထွန်းခိုင် ၏ သား သား လှမောင် သည် လည်း ဓားပြ တစ်ယောက် ဖြစ်၏ ။ ဖိုးထွန်းခိုင် သည် ၁၉၄၈ မြေယာ ပြဿနာ မပေါ်မီ ကတည်းက မိမိပိုင် လယ်ဧက တစ်ရာ ကို သူရင်းငှားများ ဖြင့် လုပ်ကိုင်ခဲ့၏ ။
ထို သူရင်းငှားများ သည် ဖိုးထွန်းခိုင် ၏ အဖွဲ့ဝင် ဓားပြများ လည်း ဖြစ်ပေသည် ။ ယင်း အချက် ကို ပုရပိုက်တန်း ရွာနီးချုပ်စပ် မှ သိရှိကြသော်လည်း ဖိုးထွန်း ခိုင် မှာ မင်းပြစ်မင်းဒဏ် တစ်ကြိမ် မျှ မသင့်ခဲ့ပေ ။ လူဆိုးသူခိုး ဖြစ်ပါလျက် နှင့် မင်းပြစ်မင်းဒဏ် မခံရသူ ကို လူကောင်းသူကောင်းများ က မုန်းတီး ကြောက်ရွံ့ကြ၏ ။
ဖိုးထွန်းခိုင် ၏ သြဇာ သည် ဒီလိုနှင့် သရက်ချင်ဒိုင်နယ် တွင် ကျယ်ပြန့်ခဲ့၏ ။ ဓားပြတိုက်၍ ချမ်းသာ လာပြန်သောအခါ၌ ဖိုးထွန်းခိုင် ၏ တန်ခိုး သတ္တိ မှာ ပို၍ ထက်မြက်လာခဲ့၏ ။
ဖိုးထွန်းခိုင် သည် မိမိ က လယ်ထဲ ဆင်း သော်လည်း ကိုလှမောင် ကို လယ်ထဲ သို့ ဆွဲ မခေါ်ပေ ။ မြို့ပေါ်ရှိ နေရှယ်နယ်ကျောင်း သို့ ပို့လွှတ်ထားခဲ့သည် ။ ဖိုးထွန်းခိုင် ရည်မှန်းသည် မှာ အဖေ ဓားပြ ၊ သားက မြို့ပိုင် နယ်ပိုင် ၊ သို့ရာတွင် ဖိုးထွန်းခိုင် ရည်ရွယ်သလို ဖြစ်မလာခဲ့ ။ ခေတ်ပြောင်း ကမ္ဘာစစ် သည် ဖိုးထွန်းခိုင် မှန်းထားချက် ကို တွန်းဖြို ပစ်လိုက်ရုံ သာမက မြေယာပြဿနာ ပေါ်ပေါက်လာချိန်၌ ကိုလှမောင် သည် လယ်ထဲ သို့ ပြေးဆင်းလာခဲ့၏ ။ ကိုလှမောင် ဖိုးထွန်းခိုင် ၏ တာဝန် များကို ပခုံးပြောင်း ယူငင်လိုက်သည် ။
မူလကပင် ဖိုးထွန်းခိုင် ၏ ဩဇာ ပျံ့နှံ့နေသော နယ် တွင် တစ်ယောက်တည်း သာ ရှိသော ပညာတတ် ကိုလှမောင် ကိုလည်း မည်သူမျှ မတွန်းလှန် နိုင်ကြပေ ။
ဖိုးထွန်းခိုင် ၏ သီးစားသမားများ သည် ဖိုးထွန်းခိုင် ၏ သူရင်းငှား ဘဝ သို့ ရောက်လာကြကာ ၊ မရှိသေး သော တောင်သူလယ်သမားများအဖွဲ့ ကို ကိုလှမောင် ဦးဆောင် ဖွဲ့စည်းပြီး ဖိုးထွန်းခိုင် ဥက္ကဋ္ဌ ၊ ကိုလှမောင် အတွင်းရေးမှူး ဖြစ်လာကြ၏ ။
မြို့ပေါ်မှ နိုင်ငံရေးသမား စည်းရုံးရေးမှူး ဆိုသည် မှာလည်း ပင်ကိုက လူတန်းစား မှန်ကန်သူများ မဟုတ်ကြရကား ၊ စကား ကို ရည်ရည်မွန်မွန် မပြော တတ်သော လယ်သမားများ ၏ ကြားမှာ ပဲလှော်နှင့် ရေနွေးကြမ်း မျိုပြီး ချဉ်းကပ် စည်းရုံးရခြင်း ထက် ၊ မိမိ တို့နှင့် နီးစပ်သော ကိုလှမောင် မှ တစ်ဆင့် လက်ဖက် ရည်ကာဖီ တစ်သွယ် အရက်တစ်ဝ ၊ စားကောင်း သောက်ကောင်း တစ်လီ ဖြင့် နေထိုင်စားသောက် လျက် စည်းရုံးရခြင်း ၊ ဖွဲ့စည်းရခြင်း ကို ပိုမို လိုလားကြသော ကြောင့် ကိုဆေးရိုး တို့သည် မှန်ကန်သော ခေါင်းဆောင် ကို မရရှိခဲ့ကြပေ ။
ကိုလှမောင် သည် တောင်သူလယ်သမားအဖွဲ့ ကို အပိုင် စီးပြီးသည့် နောက်၌ မြေယာချထားရေး ကော်မတီ ကို အလွယ်တကူပင် အင်္ကျီအိတ် ထဲသို့ ထည့်ထား နိုင်တော့သည် ။ ပြည်တွင်းစစ် ကာလ၌ သရက်ချင်ဒိုင် နယ် ပေါ်သို့ အလံအမျိုးမျိုး လာရောက် စိုက်ထူကြ၏ ။ သို့သော်လည်း ကိုဆေးရိုး တို့ တောင်သူလယ်သမား အဖွဲ့ မှာ အမည်သာ ပြောင်း၍ ခေါင်းဆောင် မပြောင်း ပေ ။ အဖွဲ့၏ အမည် အမျိုးမျိုး ပြောင်းလွဲ၍ ကိုလှမောင် မှာ နေရာ မပြောင်းသလို အမူအကျင့် က လည်း ပြောင်းပေ ။ ဓားပြတိုက်မြဲ တိုက်ကာ ၊ မလိုသူ ကို သ,တ်မြဲ သ,တ်သည် ။
အုပ်စိုးသူ အမျိုးမျိုး ပြောင်းပါလျက်နှင့် နေရာ မရွေ့အောင် ကြိုးစား နေနိုင်သော ကိုလှမောင် ကို သရက်ချင်နယ် အတွင်းရှိ လူများ က ဖိမ့်ဖိမ့်တုန် အောင် ကြောက်ရွံ့ လာကြသည် ။ ကိုလှမောင် သဘောမကျခဲ့ သော် တရားသောနည်း ဖြင့် လည်း တိုက်ခိုက်နိုင်၏ ။ သူ က ပညာတတ် မဟုတ်လား ။ ကိုလှမောင် သည် မိမိ ၏ ဆန္ဒနှင့် ဆန့်ကျင်သူ တစ်ယောက် ကို ညအချိန် ၌ ဓားပြယောင် ဆောင်ကာ လာရောက် တိုက်ခိုက်ပြီး သ,တ်သွားနိုင်၏ ။ သူ က လူအင်အား နှင့် လက်နက်ပုန်းများ ကို ပိုင်ဆိုင်သူ မဟုတ်လား ။
ဒီအကြောင်းတွေ ကြောင့် ကိုဆေးရိုး သည် ငရဲမီး အလိုက်ခံရသူ လို လယ်ပြင် မှ ပြေးလာခဲ့ခြင်း ဖြစ်၏ ။ ဒီ အချက်ကြောင့် သာ နောက်က လူ လိုက်သလို ထမင်း စားခဲ့ရပြီး ရယ်ချင်လျက် နှင့် မရယ်ဝံ့ခြင်း ဖြစ်ပေ၏ ။
ဧယင်ကျူး ၍ ပြီးခါနီး လျှင် ဒုတိယအကြိမ် စည် တီးသံသည် ရွာ ၏ တောင်ဘက် မှ ထွက်ပေါ် လာလေသည် ။ ကိုဆေးရိုး တို့ လယ်သမားတစ်စု သည် လှုပ်လှုပ်ရွရွ ဖြစ်လာကာ နေရာ မှ ထွက်ခွာရန် ပြင်ဆင်နေ ကြလေ၏ ။
“ ကောင်းပါပြီ ကိုကြီးနတ် ရယ် ၊ တရား နဲ့ ဖြေလို့ အပူ ကို သိမ်းပါတော့မယ် ။ ဖခင်ကြီး ရဲ့ ရုပ်ကလာပ် ကိုသာ သင်္ဂြိုဟ်ကြပါတော့ ”
ငိုချင်းသည် သည် စကားပြော အပြီး၌ ငိုချင်းတစ်ပိုဒ် ကို သီဆို လိုက်သည် ။ ဆိုင်း တစ်ကျော့ ဆုံးသွား လျှင် မသာအိမ် မှာ လုံးဝ တိတ်ဆိတ် သွား၏ ။ ချက်
ချင်းပင် ဟစ်ငိုလိုက်သော မိန်းမအသံများ ထွက်ပေါ် လာကာ အလောင်း ကို “ ယာယီခုံ ” ပေါ်သို့ တင် ကြသည် ။ တတိယစည်သံ ထွက်ပေါ်လာချိန်၌ အိမ်ပေါ်မှ မြေအိုး တစ်လုံး ကို ပစ်ချလိုက်သံ ထွက်ပေါ်လာပြီး ဆိုင်းသံ ၊ ဗုံသံများသည် ရွာပျက်ခမန်း ထွက်ပေါ်လာလေ၏ ။
ဗုံရှည်ဝိုင်းများ သည် ပရိသတ် ကို ကန့်၍ ကြားဝင် လိုက်ပါ လာကြကာ အလောင်းတင် သော “ ခုံ ” က အလယ် မှ လိုက်ပါလာသည် ။ ကိုဆေးရိုး မှာ လူ က သာ တအိအိ လျှောက်ကာ တစ်နဲ့နဲ့ လှမ်း၍ မသာပို့ နေရ သော်လည်း စိတ်က လယ်ပြင် သို့ ရောက်နေ၏ ။
“ ငါ ကတွတ်ပေါက် မပိတ်ခဲ့မိပါလား ”
ကမန်းကတန်း ပြေးလာရသည် မို့ ပျိုးခင်း ကတွက်ပေါက် ကို မပိတ်ခဲ့မိသည့် အတွက် ပျိုးခင်း အချေး ဆွဲမှာ ကို ကိုဆေးရိုး က တွေးတော ပူပန်နေ၏ ။
“ ဟ ... သင်္ချိုင်းတစ်ခုလုံး ချုံချည်းပါတကား ”
ကိုအောင်မြတ် ၏ ရေရွတ်သံ ကို ကြားမှ ကိုဆေးရိုး က ခေါင်းထောင် ကြည့်မိလေသည် ။ သုသာန် မှာ တော အတိ ဖုံးနေ ၊ ဇရပ် မှာ လည်း တိုင်မျှသာ ကျန် တော့သည် ။ ကိုဆေးရိုး သည် ဘုန်းတော်ကြီးများ ဘက်သို့ လှည့်ထိုင်ကာ ဝတ်ဖြည့်လိုက်သည် ။
တစ်နေရာ တွင် ရွာသား အချို့ တွင်း တူးနေကြ၏ ။ မကြာမီ အလောင်းတင် သော ခုံ ရောက် လာလေသည် ။ ဗုံရှည်ဝိုင်း မှ အချို့သည် သုသာန် ရောက်သည်နှင့် ပတ်စာ ခွာပြီး အေးအေးလူလူ ထိုင်နေကြသော်လည်း ၊ နောက်ဆုံးမှ ရောက်လာသော ရွာသာကုန်း ဗုံရှည်ဝိုင်း နှင့် ရှားတော ဗုံရှည်ဝိုင်း တို့သည် သရဏဂုံ တင်မည့် ရဟန်းတော်များ ကို မှ လေးစားရမှန်း မသိ ၊ ချုံတစ်ခု ဘေးတွင် ပြိုင်ဆိုင် တီး နေကြ၏ ။ ရှားတောဝိုင်း က သီချင်း တီးလျှင် ရွာသာကုန်းဝိုင်း က သံချပ်ရှည် ထိုး၍ ၊ ရွာသာကုန်းဝိုင်း က သီချင်း တီးလျှင် ရှားတောဝိုင်း က သံချပ်ရှည် ကို တိုင်၏ ။ သံချပ် မှာ ဝါးလတ်ဖြင့် တိုင်ရ သော သံချပ် ဖြစ်သည် ။ တဖြည်းဖြည်း နှစ်ဝိုင်းလုံး မှ လူများ၏ မျက်နှာမှာ တင်းမာ လာကြ၏ ။ မည်သူက မျှ လျှော့ပေးမည့် ဟန် လည်း မပေါ် ။ ကိုလှမောင် ဝင် တောင်းပန် ၍ မရ ။ အရက် မူး၍ လည်းနေကြ၏ ။
“ စိန် ... စိန် ... စိန်လား မောင်တို့ ”
“ မြ ... မြ .. မြလား မောင်တို့ ”
“ စိန်နဲ့ ၊ မြနဲ့ နှစ်ပါးပြိုင် ၊ သိကြားကိုယ်တိုင် မမယ့် ဝိုင်းသား ”
ရွာသာကုန်းဝိုင်း မှ ဆွဲဆွဲငင်ငင် ဆို၍ သံချပ် တိုင်နေစဉ် ရှားတောဝိုင်း ကလည်း လိုက်၍ သံချပ် တိုင် ပြန် လေသည် ။
“ စိန်နဲ့ မြနဲ့ နှစ်ပါးပြိုင်ဗျ ”
“ ငနွား ကိုယ်တိုင် မ မယ့် ဘိန်းစား ”
“ ဟေ့ မအေတွေ ... မင်းတို့ က ဘယ်လောက်မိုက် လို့လဲ ဟေ ”
ရွာသာကုန်းဝိုင်း မှ လည်း လင်းကွင်းသံ နှင့် စည်သံ ရပ် သွားကာ ဆဲဆိုသံ တစ်ခု ပေါ်လာလျှင် “ ဒါလောက် မိုက်တယ်ဟေ့ ” ဟူသော အသံ နှင့် အတူ ရှားတောဝိုင်းသားများ၏ လက် ထဲမှ ဓားများ နေရောင်ဖြင့် လက်ခနဲ ပေါ်လာကာ ဗုံရှည်ဝိုင်း နှစ်ဝိုင်း မှာ ပူးကပ် ထိုးခုတ် ကြလေ၏ ။
“ ဟေ့ကောင်တွေ လွန်မယ် ၊ တော်တော့ ”
ကိုလှမောင် သည် လူအုပ် ထဲ သို့ ပြေးဝင် ၍ ဖျန် သည် ။ နှစ်ဖက်သော လူများ သည် လင်းကွင်း ဖြင့် ခုတ်သူ က ခုတ် ၊ ဓားဖြင့် ထိုးသူ က ထိုး ၊ သံတုတ်ဖြင့် တွယ်သူ က တွယ် ၊ ဗုံ ဖြင့် ပေါက်သူ က ပေါက် ၊ နီးရာ ဝါးတိုဝါးစများ ဖြင့် ဆွဲရိုက်သူ က ရိုက်ဖြင့် တရကြမ်း သ,တ်ပုတ် နေကြစဉ် ကိုဆေးရိုး မှာ ကြောင်ငေး၍ ကြည့်နေမိကာ
“ ဟေ့ကောင်တွေ ... ငါ ပြောတာ မရဘူး .... အား ”
ဟူသော ကိုလှမောင် ၏ အသံကို ကြားရတော့မှ အိပ်မက် မှ လန့်နိုးလာသူ ပမာ ရန်ဝိုင်းဘက်သို့ ပြေးလာ သော ကာလ ကိုလှမောင် မှာ ရင်ဝ၌ ဓားတန်းလန်းဖြင့် လဲကျ သွားလေ၏ ။
မျက်ခုံးစုတ်သူ ၊ ခေါင်းကွဲသူ ၊ ဓားထိုးခံရသူ တို့ဖြင့် သုသာန် တစ်ခုလုံး ဝယ် သွေးညှီနံ့ ဖုံးကာ မြင်မကောင်းအောင် ဖြစ်နေစဉ် ၊ သံဃာတော်မြတ်များ သည် ခတ်မဆိတ် ပင် ပြန်ကြွ သွားတော် မူကြလေ၏ ။
“ အို အဖေရဲ့ ၊ အစ်ကို့ ဖြစ်ပုံ ထလို့ ကြည့်ပါဦး ”
ဖိုးထွန်းခိုင် ၏ သမီးကြီး သည် တစ်ချက်မျှ အော်ပြီး လဲကျ သွားလေလျှင် ကိုလှမောင် ၏ ဇနီး မှာ “ အမလေး ကိုလှမောင် ရဲ့ ၊ ကျုပ် ဘယ်လို ဖြေရပါ့မလဲ တော် ” ဟု အော်ကာ အလောင်း ပေါ်သို့ မှောက်ချ လိုက်သည် ။
ကိုဆေးရိုး မှာ ရက်ရက်စက်စက် သတ္တိကောင်းရာ က သတ္တိ အကောင်းလွန် သွား ကြသော ဗုံရှည်ဝိုင်းတော် သား မသာပူပူနွေးနွေးများ ကို လေးစားရ မလို ၊ ကြည်ညိုရ မလို ၊ တံတွေး ဖြင့် ထွေးရ မလိုလိုဖြင့် ငေးမော ကြည့်နေ မိလေသတည်း ။
▣ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်