❝ ရှင်ဘုရင် မောင်အ ❞
ရှေးသရော အခါ တောရွာကလေး တစ်ရွာ ၌ “ မောင်အ ” ဆိုသော လူဆင်းရဲ တစ် ယောက် ရှိ လေ၏ ။ သူ သည် ငယ်စဉ် က အတတ်ပညာ မသင်ခဲ့ရ လေ သဖြင့် ကြီးပြင်း လာသော အခါ၌ ကူလီ အလုပ် ဖြင့် အသက်မွေး နေထိုင်ရ လေသည် ။ မောင်အ မှာ နာမည် နှင့် လိုက်အောင် အလွန် န လွန်းသော သူ တစ်ယောက် ဖြစ်ရကား ကူလီ အလုပ်ကလေး ကို ပင် ကြာရှည် မလုပ် နိုင်တော့ဘဲ သူ တစ်ပါး ထံ တွင် တောင်းရမ်း စားသောက် ရ လေတော့သည် ။
ပညာ မတတ်သော မောင်အ သည် လူကောင်း ပကတိ မှ တောင်း စား ရသော သူတောင်း စား ဘဝ သို့ ရောက်ရှိ သွားလေရာ အရပ်ရပ် သို့ လှည့်လည် တောင်းခံ ရင်း တစ်နေ့သ၌ တစ်တိုင်း တစ်ပြည် သို့ ရောက်ရှိ သွား လေသည် ။ သူ သည် ထို တိုင်းပြည် ရှိ မြို့ကလေး တစ်မြို့ ဝယ် လှည့် လည် တောင်းခံ နေစဉ် တစ်နေ့ သော မနက် ၌ မြို့ကလေး ၏ ဈေး ထဲ တွင် မြင်း အရောင်းအဝယ် စကား ပြောဆို နေကြသော လူ တစ်စု ကို တွေ့ရှိ လေ၏ ။
မောင်အ သည် မြင်း အရောင်းအဝယ် စကား ပြောဆို နေကြသော လူ တစ်စု အနီး သို့ သွား၍ စားစရာ တောင်းခံ ရာ မြင်း အကြောင်း ကို ကြားသိ ခဲ့ ရ လေ၏ ။ သူ သည် မြင်း ကို တစ်ခါမျှ မြင်ဖူးသူ မဟုတ်ရ ကား မြင်း ကို တွေ့မြင် လို စိတ် ဖြစ်ပေါ် လာ လေ၏ ။ မြင်း ဆို သည် မှာ စီး ၍ ရသော သတ္တဝါ တစ်မျိုး ဖြစ်ပေသည် ဟု တွေး နေသော မောင်အ သည် မြင်းကုန်သည် ၏ တပည့် တစ်ယောက် နှင့် သွား တွေ့ လေ၏ ။
မောင်အ က ထို သူ အား “ ဗျို့ ... ဆရာကြီး ။ ဒီမှာ ကျုပ် မသိတာကလေး တစ်ခု မေးစမ်း ပါရစေ ဗျာ ။ မြင်း ဆိုတာ ဘယ်လို နေပါသလဲ ။ မတွေ့နိုင်ဘူးလား ခင်ဗျာ ” ဟု စ၍ မေးလိုက်လေ သည် ။ မြင်းကုန်သည် ၏ တပည့် က လည်း မောင်အ အား ကြည့်ကာ ပြုံးပြီးလျှင် “ ဟာ ... မြင်း ဆို တာ သိပ် လှတဲ့ အကောင်မျိုး ပဲ ။ သူ့ မှာ ခြေထောက် လေးချောင်း ပါတယ် ။ အမြီး နဲ့ ဘာနဲ့ ပေါ့ ။ ပြီးတော့ နားရွက် က လည်း ထောင်လို့ပဲ ။ ဪ ... ခင်ဗျား မြင်း မမြင်ဖူးပဲ ကိုး ။ စီး လို့ သိပ် ကောင်း တဲ့ အကောင်မျိုး ဗျ ” ဟု အားရပါးရ ပြန် ပြော လေ၏ ။
ထိုအခါ မောင်အ က “ ဒါဖြင့်ဗျာ ... ကျွန်တော် လည်း တစ်ကောင် လောက် လိုချင် လိုက် တာ ။ ဘယ်လောက် ပေးရပါသလဲ ။ ကျွန်တော့် ကို တစ်ကောင် လောက် ဝယ်ပေးစမ်းပါ ဗျာ ” ဟု ပြောလေရာ မြင်းကုန်သည် ၏ တပည့် က လည်း မောင်အ ကို သူတောင်းစား ဟု မထင်ဘဲ အရူး တစ်ယောက် ဟု မှတ်ထင် ပြီး လျှင် “ ဟာ ... ကျုပ်တို့ မှာ မြင်း ရောင်းစရာ မရှိတော့ဘူး ဗျ ။ ပြီးတော့ မြင်း ဆိုတာမျိုး ဟာ မြင်း အကောင် အတိုင်း ဝယ်လို့ လည်း မရဘူး ။ မြင်း ဟာ ဥ က ပေါက် လာတဲ့ အကောင် ပဲ ။ အဲဒီတော့ ခင်ဗျား မြင်း လိုချင်ရင် တော့ ဟောဟို ဆိုင် မှာ ရောင်းတဲ့ ဥဖြူဖြူကြီး ကို ဝယ် သွား ။ နောက် ခင်ဗျား အဲဒီ ဥ ကို တစ်ခု ခု နဲ့ ဖုံး ထား လိုက်ရင် မြင်း ဖြစ်လာ လိမ့်မယ် ။ တစ်ဥ ကို တစ်ပြား ပဲ ပေးရပါတယ် ဗျာ ” ဟု ပြောကာ ဘဲဥ ရောင်းသော ဆိုင် သို့ ညွှန်ပြ လိုက်လေ၏ ။
မောင်အ လည်း ထို သူ ညွန်ပြ လိုက်သော ဆိုင် သို့ သွားပြီး လျှင် ဘဲဥ လေးလုံး ကို ဝယ်ယူ ကာ အခါတိုင်း ကဲ့သို့ ထမင်း ချက် စားရန် ဆန်များ တောင်းခံ ပြီး လျှင် မြို့ပြင် သို့ ထွက်သွား လေ ၏ ။ မြို့ပြင် တောစပ် တစ်နေရာ ၌ မောင်အ သည် ဘဲဥ လေးလုံး ကို ဝါးရုံ တစ်ရုံ ၏ ခြေရင်း ၌ ချ ကာ သစ်ရွက်ခြောက်များ ဖြင့် ဖုံးပြီး လျှင် “ ကဲ ... ငါ့ မြင်း လေးကောင် နေခဲ့ပေဦးတော့ ... ငါ မီးမွှေး လိုက်ဦးမယ် ” ဟု ပြောပြီး လျှင် ထင်းစများ ကို ကောက်ကာ မီးမွှေး နေ လေ၏ ။ ထို့နောက် သူ သည် ဘဲဥများ အနီး တွင် ချထားခဲ့သော လွယ်အိတ် တွင်း မှ ထမင်း ချက်ရန် အိုး ယူမည် ဟု သွားစဉ် ဘဲဥ တစ်လုံး ပျောက် နေသည် ကို တွေ့ရ လေ၏ ။
မောင်အ လည်း ကျန် ဘဲဥ သုံးလုံး ကို ကြည့်ကာ အံ့ဩစွာဖြင့် “ ဟာ ... ငါ ထားခဲ့တဲ့ ဥ တစ်လုံး တော့ ဧကန် မြင်း ဖြစ် သွားပြီး ထွက်သွားပြီ ထင်တယ် ။ ဖြစ်မှ ဖြစ်ရပလေ ငါ့ မြင်း ရယ် ”
ဟု ညည်းညူကာ အိုး ကို ယူ ပြီးလျှင် ဆန် ဆေး နေလေ၏ ။ ဆန် ဆေးပြီးသော အခါ သူ သည် အိုး ကို မီးဖို ပေါ် သို့ တင် ပြီးလျှင် စလောင်း ယူရန် လွယ်အိတ် ရှိရာ သို့ ထ သွား လေ၏ ။
ထိုအခါ ဘဲဥ သုံးလုံး အနက် တစ်လုံး ပျောက် ကာ နှစ်လုံး သာ ကျန်ရှိသည် ကို တွေ့ရ လေ၏ ။ မောင်အ သည် ဘဲဥ နှစ်လုံး သာ ရှိသည် ကို မြင်ရလေ၏ ။ မောင်အ သည် ဘဲဥ နှစ်လုံး သာ ရှိသည် ကို မြင်ရသော အခါအံ့ဩစွာ ဖြင့် “ ဟိုက် ... မြင်း တစ်ကောင် ဖြစ်ပြီး ထွက်ပြေး သွားပြန်ပြီ ။ အခုလောက် ရှိရင် ငါ့ မြင်း နှစ်ကောင် ဘယ်ဆီ မှာ များ ရှိနေပါလိမ့်မလဲကွယ် ” ဟု ညည်းညူ ကာ ထမင်း ချက်မြဲ ချက် နေ လေ၏ ။
ထမင်း ကျက် ၍ ထမင်း ခူးမည် ဟု ပန်းကန်ပြား သွား ယူသောအခါ မောင်အ သည် သူ ထားခဲ့သော ဥ နှစ်လုံး အနက် မှ တစ်လုံး တည်း သာ ကျန်ရှိတော့သည် ကို တွေ့ရလေ၏ ။ ထိုအခါ မောင်အ အဖို့ အထူးအဆန်း မဟုတ်တော့ပေ ။ မြင်း တစ်ကောင် နောက်ထပ် ထွက် သွားပြန်ပြီ ဟု သာ တွေးထင် ပြီး ထမင်း ကို အေးဆေးစွာ စားနေ လေ၏ ။
ထမင်း စား ပြီးသော အခါ အိုးခွက်များ ဆေးကြော ပြီး လျှင် လွယ်အိတ် တွင် ထည့်မည် ဟု သွား လေရာ ကျန်ရှိသော ဥ တစ်လုံး မှာ လည်း ပျောက်ခြင်း မလှ ပျောက်သွားပြီ ဖြစ်သည် ကို မောင်အ တွေ့ရှိ ရ လေသည် ။ သူ သည် မသွားသေးဘဲ ထိုင်၍ စဉ်းစား နေ လေ၏ ။ ပျောက်သွားသော သူ ၏ မြင်း လေးကောင် မှာ အဘယ်သို့ ရောက်လိမ့်မည် ဟု မတွေးတတ် သဖြင့် မှိုင်နေ လေ၏ ။ ထိုအခိုက် ဥများ ချ ထားသော ဝါးရုံ နောက် တွင် နက်မှောင် နေ သော တွင်းကြီး တစ်တွင်း ကို တွေ့မြင်ရ လေ၏ ။ သူ သည် ထို တွင်းကြီး ကို ကြည့် ပြီးလျှင် ဝမ်းသာ အားရ ဖြစ်သွား လေ၏ ။
“ အမယ်လေး ... ခုမှပဲ စဉ်းစားမိတော့တယ် ။ ငါ့ မြင်း လေးကောင် ဟာ ဒီ တွင်းကြီး ထဲ ဝင်ကြမှာပဲကို ” ဟု ဆိုပြီးလျှင် မောင်အ သည် တွင်းကြီး အဝ နား သို့ တိုး သွား ပြီးလျှင် “ ဟေ့ ... တွင်း ထဲ က မြင်းတွေ ထွက်ခဲ့ကြတော့ လေ ။ ဒီမှာ မင်းတို့ ကို စောင့် နေရတယ် ” ဟု အော် ခေါ် လေ၏ ။ တွင်းနက်ကြီး ထဲ မှ ဘာသံမျှ မကြားရပေ ။ မောင်အ လည်း ထိုသို့ မကြားရသောအခါ ထပ်ကာ ထပ်ကာ အော်ခေါ် ပြီးလျှင် ဝါး တစ်ချောင်း ကို ယူ၍ တွင်းကြီး ထဲသို့ ချကာ မွှေ လိုက်လေ၏ ။
ထိုအခါ တွင်းနက်ကြီး ထဲ မှ ကျားကြီး တစ်ကောင် ကုန်း ပေါ် သို့ ခုန် တက် လာလေ၏ ။
မောင်အ သည် ကျားကြီး ကို မြင်ရသော အခါ မြင်း ဟု ထင်မှတ် ပြီး လျှင် ကျားကြီး ၏ ကျော ပေါ် သို့ လှမ်း တက် ကာ ခွစီး ထားလေ၏ ။ “ အမယ်လေး ... ခုမှပဲ စိတ်အေး ရတော့တယ် ငါ့ မြင်း ရယ် ။ ဟေ့ ... ကျန်တဲ့ မြင်း သုံးကောင် လည်း လိုက်ခဲ့ဟေ့ ” အော်ပြော နေစဉ် ကျားကြီး သည် မောင်အ ကို တင်ကာ တော ထဲ သို့ ပြေးဝင် သွား လေ၏ ။
ကျား ဟူသည် မှာ လူ ကို သာ စားရိုး ရှိသည် ။ လူ ကို ကျော ပေါ် သို့ တင်ရိုး မရှိရကား ယခု ကျားကြီး မှာ လည်း မောင်အ ကို ကျော ပေါ် မှာ မတင်လို ၍ လိမ့် ကျ စေရန် ပြေးရင်း မှ ခါ ၍ ချ နေလေ ၏ ။ မောင်အ ကား ကျား ၏ ကျော ပေါ် မှ လိမ့် မကျ စေရန် ဖက်၍ နေချေ သေးသည် ။
ထိုသို့ဖြင့် ကျားကြီး နှင့် မောင်အ တို့ ဆက်လက်၍ သွားကြလေရာ သစ်ပင် တစ်ပင် ပေါ် မှ ဝက်ဝံ တစ်ကောင် နှင့် တွေ့ လေ၏ ။ ဝက်ဝံ က ကျားကြီး အား “ အလို ... မိတ်ဆွေ ကျား ။ ကျော ပေါ် မှာ ဘာများ တင် လာ သလဲ ။ ခင်ဗျား ဟာ ကျား မှ ဟုတ်ပါလေစ ။ မြင်း များ ဖြစ်နေ မလားဗျာ ” ဟု ရယ် ၍ မေး လိုက်လေ၏ ။ ထိုအခါ ကျားကြီး က လည်း အနည်းငယ် ရှက် လာ ပြီးလျှင် မည်သို့မျှ မဖြေတတ် သဖြင့် ပြောမိ ပြောရာ ပြောဆို လိုက်လေ၏ ။ “ အမယ် မိတ်ဆွေ ဝက်ဝံ ကျုပ် ကို မေးလို့ ရှိမှ ကျုပ် က လည်း ဖြေရတာပေါ့ ။ ကျုပ် ဟာ ဘယ်ကလာ မြင်း ဟုတ်ရမှာ လဲ ဗျာ ။ ကျုပ် ဟာ ကျား ပဲ ပေါ့ ... ။ ကျုပ် ကျော ပေါ် မှာ စီး လာတာ က တော့ ကျုပ်တို့ ရဲ့ ရှင်ဘုရင် လေ ။ ခင်ဗျား မသိဘူးလား ။ ဒါကြောင့် ကျုပ် ကျော ပေါ် မှာ တင်ပြီး ခေါ်လာခဲ့ရတာပေါ့ ”
ကျားကြီး က ဤသို့ ခပ်တည်တည် ပြန် ပြော လိုက်သော အခါ ဝက်ဝံ လည်း တကယ် ပင် သူ ၏ မိတ်ဆွေ တိရစ္ဆာန်များ ကို သွား ခေါ် ပြီးလျှင် မောင်အ ကို သူတို့ အားလုံး ၏ ရှင်ဘုရင် အဖြစ် တင်မြှောက်ကြလေ၏ ။
မောင်အ သည် ထိုနေ့မှ စ၍ တောတွင်း နေ တိရစ္ဆာန် အပေါင်း ကို အုပ်ချုပ် ရ သော ရှင်ဘုရင် ဖြစ်သွား လေတော့ သတည်း ။
◾နုယဉ်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၆ ၊ စက်တင်ဘာ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment