❝ ကိုငှက်ရိုး နှင့် ကျူရှင် ❞
“ ဘိုးရာဇာ ဟာ လေ .. တကယ်တော့ လယ်သမားလေး ပါ ဗျ ... သူ တကယ် လိုက်စားခဲ့တာက လုံ့လ နဲ့ ပညာ ကို သာ ပူးနိမ့်နိမ့် .. ပူနိမ်တိန်ဗျောင် ”
ခုတလော ကိုငှက်ရိုး ဒီသီချင်း ကို အလွန် ခံတွင်း တွေ့ နေသည် ။ ထို့ သီချင်းများ ဆိုရလျှင် ကောက်ညှင်းပေါင်း ငါးမူးဖိုး ကို ဖျစ်ညှစ် ဆုပ်နယ်၍ ပလုတ်ပလောင်း စား ရ သလို ပါးစပ် ထဲ မှာ စေးစေးပိုင်ပိုင် ရှိ လှသည် ။
ထမင်း ချက်ရာ လည်း ဒီ သီချင်း ၊ အဝတ် ဖွပ်ရာ လည်း ဒီ သီချင်း ၊ တံမြက်စည်း လှည်း ရင်လည်း ဒီ သီချင်း ၊ သောက်ရေအိုး ဖြည့် ရင်း လည်း ဒီ သီချင်း ၊ ဂီတလောက တစ်ခုလုံး ဒီ သီချင်း မှ လွဲ၍ အခြား သီချင်း မရှိတော့ သလို တစ်ဆို တည်း ဆို နေသည် ။
“ ရွှီး ရွှီ ရွှီ ဟာလေ .. တကယ်တော့ လယ်သမားလေး ပါ ဗျ .. သူ တကယ် လိုက်စားဘာက လုံ့လ နဲ့ ရွှီရွှီ ကို သာ ”
“ ရွှီး ရွှီ ” သည် သီချင်း ကို မြိုင်ဆိုင် စိုပြည် လာ စေရန် ဆိုရင်း မတ်တတ် မှ ပါးစပ် အနား မပေးဘဲ လေ ချွန်ခြင်း ဖြစ်သည် ။ လေချွန်သံ နှင့် သီချင်းစာသား ထွေးလား လုံးလား ဖြစ်သော အခါ ဘိုးရာဇာ သည် နေရင်း ထိုင်ရင်း ရွှီးရွှီရွှီ ဖြစ်ရ၏ ။ ပညာ လည်း အချောင် သက်သက် ရွှီရွှီ ဖြစ်ရ လေသည် ။
“ တရွှီရွှီ နဲ့ မြွေပွေး မြွေဟောက် တွေ ခေါ် နေ မှတ်တယ် ”
ဟာကြူလီ ငပျော့ ။ ဒီ သတ္တဝါ ဘယ် အချိန် က နောက်နား ရောက်ပြီး နားထောင် နေသည် မသိ ။ ထုံးစံအတိုင်း ကိုငှက်ရိုး ကို မခံချင်အောင် ရိ လိုက် ရာ ကိုငှက်ရိုး က လည်း ထုံးစံ အတိုင်း ..
“ မင်း ဘကြီး မြွေပွေး မြွေဟောက် ခေါ် ရ မှာလား .. ခွေးမသား .. ”
ငပျော့ မခံချင်အောင် ပြန် ရိ ပြီး ၊
“ ငါ ဒီသီချင်း ကို အခေါက်ပေါင်း တစ်သိန်း လောက် ရှိအောင် ထပ်ချည်း တလဲလဲ ဆိုနေတာ အဓိပ္ပာယ် ရှိတယ်ကွ ။ လောက မှာ ပညာ လို အိုသည် မရှိ တဲ့ ငပျော့ ရဲ့ ။ ဦးကျည်ပွေ့ မင်း သိတယ် မဟုတ်လား ”
“ သွားစမ်းပါ .. ဦးကျည်ပွေ့ လည်း မသိဘူး ။ ဦးကျောက်ဆုံ လည်း မသိဘူး ”
“ မင်း လို အန္ဓပုထုဇဉ် က ဘယ် သိ မလဲ မှတ်ထား ။ ဦးကျည်ပွေ့ ဆို တာ အသက် ကြီး မှ စာ သင်ပြီး စာတတ် ပုဂ္ဂိုလ် အကျော်အမော် ဖြစ်သွားတဲ့ ရဟန်းကြီး ၊ ငါ လည်း ဦးကျည်ပွေ့ထုံး နှလုံး မူပြီး ကျူရှင် တက်မယ် ၊ ငါ တတ် ထားတဲ့ မဖြစ်ညစ်ကျယ် အင်္ဂလိပ်စာကလေး ကို ထပ်မံ အမွှန်းတင် အားဖြည့် ပေး လိုက်ရင် ဟေ့ ငပျော့ .. ”
“ ရက်ဆား - မစ္စတာငှက် ၊ လျှာပွတ်ဆေး မပါဘူး ”
“ ဝှပ် - အစ် - ယူဝါနိမ့် ။ မိုင်နိမ်းအစ် ငှက်ရိုး ၊ ဝဲယား ဒူးယူ - လစ် ပိုက်ဆံ ငါးပြား ။ အိုင်လစ် အင် အံဆွဲ ။ ချဲလော် - ဒဲပြူး ။ ဟန်းဘက်ကို - လူးပစ် ကက် - ဟိုဘက်ကမ်း - လက်ပစ်ကူး ။ ဒါမျိုးတွေ ကောင်းကောင်း တတ် ရမယ် ။ မစ္စတာငှက် ကို ဘာ ထင်သလဲ ၊ မစ္စတာငှက် ကို ဘာ ထင်သလဲ မသိဘူး ”
“ သောက်ပေါကြီး ထင် တာပေါ့ ”
ငပျော့ ဘယ်လောက် ဟားဟား ၊ ကိုငှက်ရိုး အရေး မထား ။ မြို့ ထဲ သို့ သွားတိုင်း ကျူရှင်ဆိုင်းဘုတ် တွေ ကို ဂရုတစိုက် လေ့လာသည် ။ ဟို ကျူရှင် ကောင်းနိုးနိုး ၊ ဒီ ကျူရှင် ကောင်းနိုးနိုး လိုက် ရွေးနေတာက သုံးလေးရက် ကြာ သွားသည် ။ ကျူရှင် မှန်သမျှ က လည်း မကောင်းတာ တစ်ခု မှ မရှိ ။ အကုန် အညွန့်အဖူး ၊ အထူးအချွန် ၊ အမွန်အကောင်း တွေ ချည်း ဖြစ် နေသည် ။
“ ဘယ်လိုလဲ မစ္စတာငှက် ၊ အင်္ဂလိပ်စာ တော်တော် တတ်ပလား ”
ဟာကြူလီငပျော့ က မေး သဖြင့် ( အရင် ထက် စာရင် အတော် တတ် လာပြီ ။ တစ် ကနေ တစ်ဆယ် အထိ အင်္ဂလိပ် လို ရေတတ်ပြီ ) ကျူရှင် မတက်ရသေးသည် ကို မပြောဘဲ ဝမ်း မှ တင်း အထိ ကိုငှက်ရိုး ဆို ပြလိုက် သည် ။ ငပျော့ စပ်ဖြဲဖြဲ လုပ်လျက် ...
“ လင်းတ လောက်တော့ ငှက်တိုင်း လှ ပါတယ် ။ ဝမ်း တူး - သရီး ကို တစ်ဆယ် အထိ ကျွန်တော် လည်း ဆိုတတ် သားပဲ ။ ကဲ - ဆယ့်တစ် ဗျား ဆယ့်နှစ် ၊ ဆယ့်သုံး ဗျာ ။ ဘယ်လို ဆိုမလဲ ”
“ ဟား ... ဟား ၊ ဒါလေးများ လာ မေး နေရသေး ။ ဝမ်းတင်း - တူးတင်း - သရီးတင်း ပေါ့ကွ ”
“ ဂွမ်း ... ဟမ်း .. ဟမ်း ”
ငပျော့ အသံ ကုန် အော်ပြီး လက်နှစ်ဖက် ကို ဘေးသို့ ကား ထုတ်လိုက် သည် ။ ကိုငှက်ရိုး ကြောင် သွား၏ ။
“ ဘာဖြစ်တာလဲကွ ငပျော့ ”
“ ပိဋကတ် အိုးကြီး ကွဲ သွား တာလေ ”
တောက် ... အတော် စော်ကားတဲ့ ငပျော့ ။ သူ လည်း မတတ် ငါ လည်း မတတ် ။ မတတ်သူ ချင်း အတူတူ မှာ သူ က လူလည် လုပ်ပြီး လှောင်သည် ။ ကျူရှင် မြန်မြန် တက် မှ ဖြစ် တော့မည် ။ ကိုငှက်ရိုး သည် ကျူရှင် တစ်ခု ကို ဝင် စုံစမ်း ကြည့်ရာ အင်္ဂလိပ်စာ တစ်ဘာသာ တည်း သက်သက် ကို ဆယ့်ငါးကျပ် ယူသည် ဟု သိ ရသည် ။
ကိုငှက်ရိုး မှာ အင်္ကျီ ချုပ်မည် ရည်ရွယ် စုထားသော ငွေ ငါးဆယ် ရှိ သည် ။ ကုန် ချင် ကုန် ၊ ခန်း ချင် ခန်း ၊ အင်္ဂလိပ်စာ တတ် ရင် ပြီး စတမ်း ။ ထို ကျူရှင် ကို စာရင်း ပေး လိုက်သည် ။ ကျူရှင်ဆရာ က ကိုငှက်ရိုး ထက် အသက် အများ ကြီး ငယ်သည် ။ သူ သာ အိမ်ထောင် စောစော ပြု ဖြစ် ခဲ့မည် ဆိုလျှင် သူ့ သား လောက် ပင် ရှိမည် ။ ဆရာ သည် စာ သင်ရာတွင် ခေတ် မီအောင် ထွင် တက်သည် ။ သဒ္ဒါ သင် ရာတွင် ရိုးရိုး မသင်ဘဲ စတီရီယိုသီချင်းများ ကို အလိုက်တူ ယူ ၍ ဆိုပြရင်း သင်သည် ။
ကျုရှင်ဆရာ ၏ ထွင်ဉာဏ် ကို အင်္ဂလန် က ဘင်သံကလေး ထည့် ပြီး နားထောင် ကြည့်ကြ ပါစို့ ။
“ ( ကတ္တား ) သိအောင်ခွဲ သေချာမှတ်စမ်း ငါ့ တပည့်တွေ နှလုံးအသည်း မှာ စွဲ ၊ ဘာကို လုပ်သလဲ ၊ လုပ်သူတိုင်း ဟာ ကတ္တား ချည်း သာ မှတ်ပါ အမြဲ ပြုလုပ်ခြင်း ကိစ္စများ ကို ပြုတ်လုခြင်း က စိတ်များ ကို ပါစက လို့ သာစွဲ ၊ တော်တီး တော့် တော်ဒိန်း ။ ပြခြင်းခံ ( ကံ ) ဆိုတာ မင်း သိရဲ့လား ။ ဝါကျ တစ်ခု ဆောက်တည်ရာ မှာ တို့ နားလည်ထား ”
သင်ခန်းစာ နာမည် က ( သဒ္ဒါ ဆိုသော အကြောင်းလေး ) လောက မှာ ဘယ်သူမှ အတူ မရှိသည့် ငါးခူးငါးပိ ကျူရှင် ဆိုတာ သိကြပြီ မဟုတ်လား ။ ကျူရင်ဆရာ စာ သင်သည်မှာ အသံချဲ့စက် ဖြင့် ဖြစ်သည် ။ စည်းမကျ ဝါးမမှန် ။ ဒန်အိုး ဖင် ဇွန်း ခြစ်သော အသံမျိုး ဖြင့် ဆိုပြ ရင်း သင်သော အခါ တပည့် ငလောင် အချို့ သည် ခုံ ကို လက်ဖနောင့် ဖြင့် ထု ၍ လည်းကောင်း လက်ချောင်း များ ဖြင့် ခေါက် ၍ လည်းကောင်း ၊ ဂျပ်စ်ဘင် လိုက် ကြလေ သတည်း ။
“ ဧကဝိဒ နာမ် ဆိုတာများ သိကြရဲ့လား ၊ ဟား ဟား .. ”
“ မသိလို့ပါ ဆရာရယ် ၊ ပြောပြစမ်းပါကွယ် .. ငဲငဲငယ် ...”
ဘုန်းကြီးရူး နှင့်မော်တော်စုတ် ၊ ဟုတ်လည်း ဟုတ်ကြ ပါပေသည် ။ အင်္ဂလိပ်သဒ္ဒါ ကို မြန်မာသဒ္ဒါ နှင့် တွဲ သင်ရာ တွင် ဆရာ က သီချင်း လို ဆို မေး၍ တပည့်များ က သီချင်း လို ဆို ဖြေကြသည် ။ ကိုငှက်ရိုး စိတ်ညစ် သွားပါပြီ ၊ အမြန် တတ်ချင်၍ ငွေ ဆယ့်ငါးကျပ် အကုန် ခံ ပါတယ် ။ ဗုံ မဟုတ် ပတ် မဟုတ် ။ ဘာလည်း မဟုတ် ၊ ညာလည်း မဟုတ် ။ သင် မယ့်ဟာ ကောင်း ကောင်း မသင်ဘဲ ဗရုတ်သုတ်ခတွေ လုပ်နေပါလား ။
“ ကေဝိဒနာမ် ကျုပ် သိတယ် ။ အားလုံး နားထောင်ကြပါ ။ အဟမ်း - ဧက ဆိုတာ တစ် ။ ဝိဒ ဆိုတာ ဝဒိ ။ နာမ် ဆိုတာ က မမွှေးလို့ ပေါ့ ဗျာ ”
ကျူရှင်ဆရာ စိတ် ဆိုး သွားသည် ။ ကိုငှက်ရိုး ကို ( ခင်ဗျား ထွက် သွား ရင် ကောင်းမယ် ) ဟု မောင်းချ သည် ။ တကယ်တော့ ကိုငှက်ရိုး တစ်ယောက် စိတ်ချဉ် ပေါက်ပေါက် နှင့် ထ ကြောင်ခြင်း ဖြစ်ပါသည် ။ ဤသို့ဖြင့် ဇမ္ဗူအသိ အတူ မရှိသော ငါးခူငါးပိ ကျူရှင် နှင့် ကိုငှက်ရိုး အိုးစားကွဲ ခဲ့သည် ။ ဟယ် ... သို့သော်လည်း ငှက်ရိုး ပဲ ။ အင်္ကျီ ချုပ် ဖို့ ပိုက်ဆံ ထဲ က သုံးဆယ် ကျော် ကျန် သေးတာပဲ ၊ တစ်ကျူရှင် မကောင်း ရင် တစ်ကျူရှင် ပြောင်း ရုံပေါ့ ။
“ ဝှပ်တစ်စ် ယူဝါနိမ်း ”
“ မိုင်နှိမ်းအစ် ငှက်ရိုး ”
“ ဝှပ်တစ်စ်ယူဝါ ဖားသားနိမ်း ”
“ မိုင်ဖားသားနိမ်း အစ် အဖေ ”
“ အစ် မဟုတ်ဘူး ။ အစ်စ် ဗျ ။ ( စ ) သံ ထည့် ဆိုရတယ် ။ ပရိုနောင်ဇေးရှင်း က တယ် ညံ့တာပဲ ”
“ ညံ့ ( စ် ) လို့ ခင်ဗျား ကို ဆယ့်ငါးကျပ် ( စ် ) လာ ပေး နေတာပေါ့ ( စ် ) ။ တော်ရင် ဘယ် လာမလဲ ( စ် ) ”
ထို ကျူရှင်ဆရာ လည်း ကိုငှက်ရိုး ကို စိတ် ခု သွား ပြန်သည် ။ ဒီ ဆရာ သည် ယခင် ဆရာ နှင့် တစ်ဘာသာ ကွဲပြား၏ ။ ယခင် ဆရာ က သီချင်း ဆို၍ ဒီ ဆရာ က ဗရွတ်ရွှတ်တ ဟာသတွေ ပြောသည် ။ စာ သင်တာ က နည်းနည်း ပြက်လုံး ထုတ် နေတာ က များများ ။ ပြက်လုံးတွေ က လည်း ညစ်တီး ညစ်စုတ် တွေ သာ များ သည် ။
“ ဆရာ ကျူရှင် မထောင်ဘဲ အငြိမ့် ထောင်ရင် ကောင်းမယ် ။ ခေါင်းဆောင်လူပြက် ဖြစ်တာပေါ့ ။ ဆရာ့ အာဝဇ္ဇန်းမျိုး နဲ့ သာ ပြက် လိုက်ရရင် ပရိသတ်တော့ ဗြန်းဗြန်းကွဲ ရယ်မှာပဲ ။ လူရွှင်တော် ဓာတ်ဆီ ထက် သာတဲ့ ဒီဇယ်ဆီ ဆိုပြီး အပြတ် နာမည် ကြီး သွားမယ် ”
ကိုငှက်ရိုး သည် မြှောက် သလိုလို ချီး သလိုလို နှင့် အချွန် နှင့် ပင့်ပေး လိုက်ရာ ကျူရှင်ဆရာ က လည်း အပါးသား ပဲ ။ ဆိုလိုရင်း ကို ထင်းခနဲ သဘော ပေါက် သွားသည် ။ ထို့ကြောင့် အများကြီး ၊ အားကြီး ၊ ဘဲရီး - ဘဲရီး စိတ်ဆိုး ပြီး ကိုငှက်ရိုး ကို ( ဂဲဒေါက် ) ဟု မောင်း ထုတ်သည် ။ ကိုငှက်ရိုး ခဲ မကောက် ဘဲ ဗလာစာအုပ် ကောက် ၍ ထို ကျူရှင် မှ ထွက်ခဲ့ ရ ပြန်လေသည် ။
“ အင်း ဘာလိုလို နဲ့ ဟို ကျူရှင် ပူဇော် ရ ၊ ဒီ ကျူရှင် ပ,သ ရ နဲ့ ၊ ငါ့ လက် ထဲ မှာ အင်္ကျီ ချုပ်မယ့် ပိုက်ဆံ နှစ်ဆယ် ပျော့ပျော့ သာ ကျန် တော့တယ် ။ အလို - ဟို ရှေ့ က ဆိုင်းဘုတ် ဟာ တယ် ထူး ပါလား ။ ဝင် စုံစမ်းကြည့်ဦးမှ ပဲ ”
( အင်္ဂလိပ်စာ တစ်လ နှင့် အပြတ် အနီးကပ် ပစ်ကွင်း ) ဟန်မယ်လေး တစ်လ နှင့် အပြတ် ဆိုပဲ ။ ဒီလိုမှ ပေါ့ ၊ တစ်လ နှင့် အပြတ် မဟုတ်ဘဲ တစ်ရက် နှင့် အပြတ် ဆိုလျှင် ငှက်ရိုး ပို သဘော ကျသည် ။ မြန်မြန် တတ် ဖို့ လိုရင်း မဟုတ်လော ။ သို့သော် အနီးကပ် ပစ်ကွင်း ဆိုတာ ကို တော့ သဘော မပေါက် ဘာကို အနီးကပ် ပစ် မှာလဲ ။ ကျား လား ၊ ဆင် လား ၊ သမင် လား ၊ ဒရယ် လား ၊ မစ္စတာငှက် နားမလည် ။
“ ဒီ သင်တန်း ကို စိတ်ဝင်စား လို့ ဝင် မေးတာပါ ။ အနီးကပ် ပစ်ကွင်း ဆိုတာ ဘာလဲ ”
ကျုရှင်ဆရာ မှာ နှာခေါင်း ကောက်ကောက် နှင့် အင်္ဂလိုအင်ဒီးယန်း ကပြားကြီး ဖြစ်သည် ။ ဘောင်းဘီကြီး ကို ဝတ် ထားသည် ။ လည်ပင်း မှာ မလ္လိကာ တန်ဆာ ဆိုလား ၊ ဘာဆိုလား မသိသော ဟာကြီး ကို အစ နှစ်ဖက် ချ၍ စည်း ထားသည် ။ ကပြားကြီး က ကိုငှက်ရိုး အမေး ကို အေးဆေးစွာ ဖြေသည် ။
“ အိုး ... ကျွန်ုပ် ၏ ချစ်လှစွာသော လူကလေး ၊ အနီးကပ် ပစ်ကွင်း ဆို တာ အင်္ဂလိပ် ရှ် လန်းဂွေ့ချ် ပစ်မှတ် ကို အနီး ကပ်ပြီး ထိအောင် ပစ် မှာ ကို ဆိုလို တယ် ။ ဝမ်းမန့်စ် အတွင်း မှာ လူကလေး ဒိုင်းခနဲ ပစ်နိုင်ရမယ် ။ အင်္ဂလိပ် လန်းဂွေ့ ချ် ကို တုတ်ခနဲ ထိ စေရမယ် ။ ကျွန်ုပ် အား ကျူရှင်ဖီးစ် တွမ်တီးကျပ်စ် ပေးပါ ”
“ အို ... မိုင်ဝိုက်ဖ် ၊ ကျွန်တော့် ၌ ကွမ်တီး အပြည့် မရှိ ၊ လမ်းစရိတ် နုတ် ရ သဖြင့် အနုတ် ဆယ့်ခြောက်ကျပ် သာ ရှိ၏ ။ တစ်လ အပြတ် အနီးကပ် ပစ်ကွင်း ကို ဆီးဒေါ - ဆောရီး ပါပဲ သခင် ”
ထို ည တွင် မောင်ငှက်ရိုး အိပ်မက်ဆန်း တစ်ခု မက်သည် ။ သူ မသေဘဲ နှင့် ငရဲပြည် ရောက် သွားရာ ကပြားကြီး သည် ယမမင်းကြီး ဖြစ် နေ၍
“ မောင်ငှက်ရိုး ၊ ချနုတ် ကို ပြောင်းဒယ် ၊ ချနုတ် မောင်ငှက်ရိုး ကို တစ်ချက် နဲ့ အပြတ် အနီးကပ် ပစ်မယ် ၊ ဟလိုး ... ချနုတ် တပည့် ငရဲသားများ ၊ အလောင်းဘုရား လက်ထက် က ထန်းလုံး အမြောက်ကြီး ကို ယူးခဲ့ပါ ..”
အလိုလေး ... ဘုရား .. ဘုရား ။ ငရဲသားများ သည် ထန်းလုံး အမြောက် ကြီး ကို တွန်း ယူ လာကြသည် ။ အမြောက်ကြီး ၏ အဝ သည် ထန်းလုံး ပမာဏ ရှိ၏ ။ အမြောက်ဝ သည် တဖြည်းဖြည်း တဖြည်းဖြည်း ကိုငှက်ရိုး နှင့် နီး လာသည် ။ ကွင်းပြောင်ပြောင် အလယ် အခိုင်အမာ စိုက် ထားသော ကျွန်းလုံး တိုင်ကြီး တွင် ကိုငှက်ရိုး ကို သံကြိုး ဖြင့် တုပ် ထားသည် ။ ပြေး လို့ က မလွယ် ၊ အမြောက်ဝ က လည်း တစ်စ ထက် တစ်စ နီး လာပြီ ။
“ ငရဲသားများ မြန်မြန် တွန်း ကြပါ ။ ဂျာလတီး တွန်းကြပါ ”
ဂျလိန်း ၊ ဂျလောင်း မြည်ကာ ဖုန် တထောင်းထောင်း ထ လျက် အမြောက်ကြီး နီးသည် ထက် နီး လာပါပြီ ။ ယမမင်းကြီး သည် အမြောက်ကြီး နှင့် အတူ ပါ လာပြီး ကိုငှက်ရိုး ရှေ့ တွင် ခန့်ခန့်ကြီး ရပ်၍
“ ချနုတ် က ဖိုက်ယား လို့ အော် လိုက်တာ နဲ့ အမြောက်ကြီး မီး ပွင့်ပြီး ဒိန်းခနဲ မြည်မယ် မောင်ငှက်ရိုး လည်ပင်း က ပြတ်ချင် သလား ၊ ခါး က ပြတ် ချင် သလား ကြိုက်သာ ပြောပါ ။ တစ်ချက် နဲ့ အပြတ် အနီးကပ် ပစ်ကွင်း ဆိုတဲ့ အတိုင်း တစ်ချက် ပစ်တာ နဲ့ တစ်ခါတည်း ပြတ် ရမယ် ”
ငရဲသားများ ကျည်ဆန် ထည့် ကြပြီ ။ အမြောက်ပြောင်းဝ ကို ကိုငှက်ရိုး ၏ လည်ပင်း မှ ခါး ၊ ခါး မှ လည်ပင်း မြောက်ချည် နှိမ့်ချည် ချိန် နေကြပြီ ၊ ဘုရား - ဘုရား ၊ သေရတော့မှာပါလား ။ ရခဲသော လူ့ဘဝကြီး မှ အပြီးတိုင် စွန့်ခွာရတော့မည် ။ ယမမင်းကြီး က ရယ်ရီ ဟု အသင့် ပြင်ဆင် ခိုင်းလိုက်လေ ပြီ ။
“ မပစ်ပါနဲ့ သခင် ၊ မပစ်ပါနဲ့ ၊ အမြောက်ပြောင်းဝ ကို ဘေး ဖယ် ခိုင်း ပေးပါ ။ ရှိတဲ့ ပိုက်ဆံ ဆယ့်ခြောက်ကျပ် ကို သက်သက် ပေးပါ့မယ် ၊ အိတ် ထဲ မှာ လာ နှိုက်ယူပါ ။ အနီးကပ် ပစ်ကွင်း ကို ကျွန်တော်မျိုး တကယ် ဖျား သွားပါ ပြီ ။ မပြတ်ပါရစေနဲ့ ၊ မပြတ်ပါရစေနဲ့ ”
ကိုငှက်ရိုး သည် ရုန်းရင်းကန်ရင်း မှ ငယ်သံ ပါအောင် အော်သည် ။ ယမမင်းကြီး သည် ကိုငှက်ရိုး ၏ အိတ်ကပ် တွင်း မှ ငွေ ဆယ့်ခြောက်ကျပ် ကို နှိုက် ယူပြီး ( ခေါင်းပြီ ၊ မောင်ငှက်ရိုး ၊ မပြတ်ရင် လည်း ရပါတယ် ) ဟု ပြော သည် ။ ထို့နောက် ငရဲသားများ အား ( နိမ်းမန် ကတား ၊ နိုး ဖိုင်းယား ) ဟု အော်ဟစ် အမိန့် ပေး လိုက်ရာ ထန်းလုံး အမြောက် ပြောင်းဝကြီး သည် ကိုငှက်ရိုး ကို ချိန်ထား ရာ မှ ဘေး သို့ ဖယ်ရှား သွားသည် ။
ထိုစဉ် ကိုငှက်ရိုး ဇောချွေး အရွှဲသား ဖြင့် နိုး လာလေ သတည်း ။
◾အီကြာကွေး
📖 မြဝတီမဂ္ဂဇင်း
၁၉၇၈ ၊ ဇူလိုင်လ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment