Tuesday, June 6, 2023

ငယ်ရာကကြီး


 

❝ ငယ်ရာကကြီး ❞

လွန်ခဲ့‌သော ၂၅ နှစ် ၊ ၁၉၇၈ ခုနှစ် က တ‌ပေါင်းလပြည့်‌ နေ့ တွင် ကျွန်‌တော် နှင့် ကျွန်‌တော့်‌ ယောက်ဖကြီး ဦးကြန်ထွန်း တို့ သည် နွား တစ်‌ယောက် တစ်‌ကောင် စီ ဆွဲ လျက် အောင်လံမြို့ မှ အ‌ရှေ့ဘက် ၁၅ မိုင် ခန့် အကွာ ‌ရေပြည့်ရွာ သို့ ‌ခြေကျင် ပြန် လာ ကြ‌လေ၏ ။ ည‌နေ ၃း၃ဝ  နာရီ နည်းနည်း‌ နေညို ကတည်း က ဆွဲပြီး ခြေကျင်‌ လျှောက် ခဲ့ကြရာ ည ၁၂ နာရီ ထိုး မှ ရေပြည့် သို့ ပြန်‌ ရောက် လာကြ၏ ။ လသာ ညကြီး ဗျာ နွား ဝယ် သွားတဲ့ လူ‌တွေ ပြန် လာပြီ ၊ နွား‌တွေ ပါ လာပြီ ဆို‌တော့ အိမ်နားနီးချင်း‌တွေ အိပ်ရာ မှ ထ ၊ တချို့လည်း မအိပ်ကြ‌သေး ၊ လာ‌ရောက် ဝိုင်းအုံ ကြည့် ။ ဝေဖန် သုံးသပ် ၊ ကျွန်‌တော့် ယောက်က္ခထီးကြီး ဦးဖိုးချီ သည် လည်း အိမ်‌ ပေါ် မှ ဆင်းလာ ၊ နွားများ ကို ကြည့် ။

“ ဘယ်‌လောက်‌ ပေးရလဲ ”

“ နှစ်‌ထောင့်တစ်ရာ ငါးဆယ် ကျ တယ် အစ်ကို ”

‌ယောက်ဖကြီး က အ‌ဖေ ကို အစ်ကို ဟု‌ ခေါ်သည် ။ ရွာ ဓ‌လေ့ နှင့် တူပါသည် ။

“ ခိုင်းဖြစ်‌ စေဖြစ်ဆို ‌တော်ပြန်ရာ‌ပေါ့ကွယ် ”

နွား ကြည့် အိမ်‌ ပေါ် တက် ပြန်အိပ် သွား‌လေ၏ ။

၁၉၇၇ ခုနှစ် ယောက်က္ခမကြီး ‌ဒေါ်မြရင် ရန်ကုန်‌ ဆေးရုံကြီး မှာ ကွယ်လွန်‌ သော အခါ ကျန်ရစ်သူ ယောက်က္ခထီးကြီး ဦးဖိုးချီ အား ပြုစု လုပ်‌ကျွေးရန် ကျွန်‌တော်တို့ မိသားစု ရန်ကုန် မှ တောရွာ သို့
ပြန်‌ ပြောင်း  ခဲ့ကြ၏ ။ ကြည့်မြင့်တိုင် မှ အိမ် နှင့် ဆိုင်ခန်း ကို ‌ရောင်းပစ် ခဲ့ကြ၏ ။ မိုးဦး ကျ လျှင် ယာ လုပ်မည် ၊ လယ်ထွန်မည် ။ အလုပ် ဇယားဆွဲလိုက်၏ ။ တစ်‌ကောင် လျှင် ၅၀၀ဝ တန်‌ သော နွား တစ်ရှဉ်းဝယ်မည် ၊ ဘယ်အကွက်‌ တွေလုပ်မည် ၊ ဘယ်သူ့ ကို အကူ‌ ခေါ်မည် စသည် ဖြင့် ။

“ ‌ဟေ့‌ကောင် ပါးစပ် နဲ့  တန်ရုံပဲ  ဟပ် ပါကွာ ၊ အဟပ် မကြီးချင်စမ်းပါနဲ့ ။ ငယ်ရာ က ကြီးရတယ် ကွ ၊ မင်း က လခစား လူထွက် ၊ လယ်ယာ နဲ့ သိပ် နီးစပ်‌ သေးတာ မဟုတ်ဘူး ၊ ဒီ‌တော့ အစ ပထမ မှာ အဖိုးနည်း ဝန်ပါ နဲ့ နိုင်ရုံက‌လေးပဲ လုပ် ကြည့်ပါဦးကွာ ၊ ကျွမ်းကျင်လာပြီ ဆို‌တော့ နွားတစ်ရှဉ်း မက နှစ်ရှဉ်း လုပ်‌ပေါ့ကွ ၊ ၅၀၀ဝ တန် နွား မက လို့ ၁၀၀၀ဝ တန် နွား နဲ့ ပဲ လုပ်လုပ်ကွာ ”

အထက်ပါ စကား‌ကြောင့် ကျွန်‌တော်တို့ သမီး‌ယောက်ဖ နှစ်‌ယောက် လည်း ခပ်သင့်သင့် နွားတစ်ရှဉ်း ကို  ဝယ်ခဲ့ကြခြင်း ဖြစ်ပါ၏ ။ နွား နှစ်‌ကောင်  အိမ်‌ ရောက် ၊ နှမ်းဖက် နဲ့ ဖိ ၊ နံစား နဲ့ ဖိ လိုက်‌တော့ တ‌ပေါင်းလပြည့်‌ နေ့ က ဝယ် တဲ့ နွား တန်ခူးလပြည့် မှာ ဝဝဖြိုးဖြိုး စိုစိုပြည်ပြည်ကြီး‌ တွေ ဖြစ်‌နေကြပါပြီ ဗျာ ။ မိုး ရွာ ယာထွန်‌ တော့ ကျွန်‌တော့် နွား တစ်ရှဉ်းဟာ ခိုင်း လို့ ရ‌ နေပါပြီ ။ ၅၀၀ဝ တန် ဆိုတာကြီး‌ တွေ နဲ့ နင်လား ငါလား ပါ ပဲ ဗျာ ။ ရုန်းအား ဆွဲအား‌ ကောင်းချက်က‌တော့ ။ ထိုအခါ ကျ မှ ကျွန်‌တော့်‌ ယောက်က္ခထီးကြီး ကို ကျိတ်ပြီး ကျေးဇူး တင်‌ နေပြန်ပါ၏ ။ “ ခိုင်းဖြစ်‌စေဖြစ် ဆို ‌တော်ပြန်‌ရော‌ပေါ့ကွယ် ” သူ‌ ပြော တဲ့စကား ။ ကျွန်‌တော် သည် ထို နွားတစ်ရှဉ်း လူငှား တစ်‌ယောက် နဲ့ နှစ်နှစ် ယာ လုပ် လိုက်၏ ။ သုံးနှစ်‌ ရောက်‌သော အခါ နောက်ထပ် နွားတစ်ရှဉ်းထပ် ဝယ် ၊ လူငှား တစ်‌ယောက် ထပ် ငှား၍ နှစ်ရှဉ်း ကိုင် လုပ်‌လေ၏ ။ ယာခင်းကွက် နည်း‌ နေ သဖြင့် သူများ ထံ မှ ယာခင်းကွက် ဝယ် ၍ လုပ်ငန်း ကို တိုးချဲ့ ရ၏ ။

ကျွန်‌တော့်‌ ယောက္ခထီးကြီး အသက် ၉ဝ အရွယ် ၊ ၁၉၉၃ ခုနှစ် က ကွယ်လွန် သွား‌ လေ၏ ။  သူ ကွယ်လွန် သွား‌ သော်လည်း သူ့ စကားများ ကို ယ‌နေ့တိုင် ကျွန်‌တော့် နားထဲ စွဲ ကျန်ရစ်‌ နေပါ၏ ။ ငယ်ရာ က ကြီးရမယ်တဲ့ ဗျာ ။ ပါးစပ် ဆံ့ ရုံပဲ ဟပ်ပါတဲ့ ဗျာ ။ ကျွန်‌တော် သည် ထို အဆိုအမိန့် ကို နှလုံး သွင်းပြီး သကာလ ဘာ လုပ်လုပ် ငယ်ရာ က စ ခဲ့၏ ။ ‌ခြေနိုင်လက်နိုင် က စ ခဲ့‌လေ၏ ။ ‌မြေပဲဆား‌လှော် ကို တစ်‌နေ နို့ဆီ နှစ်ဘူးစာ ‌မြေပဲဆန် ဖြင် စ‌ လှော် ခဲ့‌လေ၏ ။ ‌မြေပဲယို ထိုး‌ သော အခါ ကြံသကာ တစ်ပိဿာ ၊ ကပ်‌စေးနဲ ၅၀ ကျပ်သား ၊ လှော်ပြီး သား‌ မြေပဲဆန် နို့ဆီ‌လေးလုံး မှ စတင် ခဲ့‌လေ၏ ။ ၁၉၈၃ ခုနှစ် က အိမ် တစ်လုံး (‌ မြေကွက်ပါ ) ကို ၂၄၀၀ဝ ဖြင့် ဝယ်ယူ ခဲ့‌ လေ၏ ။ မီတာ‌ဘောက် မပါ ၊ ‌ရေတွင်း မတူးရ‌သေး ။ အိမ်သာ က တွင်း အိမ်သာ ။ မြေပဲဆား‌လှော်လုပ်ငန်း‌လေး အ‌ခြေ တည် မိ၍ ငွေ ပိုက‌လေး ရလာ‌သော အခါ အ‌ခေါက်‌ရွှေ တစ်မက်သား (‌ လေးပဲသား ) ‌ပြေး ဝယ်၍ လက်စွပ်က‌လေးကွင်း လိုက်၏ ။ ကိုးကွင်း ဆယ်ကွင်း စုမိ‌သော အခါ မီတာ‌ဘောက် ကို ဝယ် လိုက်၏ ။ ‌ငွေ ပိုက‌လေး ဖြင့် ရေတွင်း တူး ရ၏ ။ ရေ‌လောင်းအိမ်သာ
‌ဆောက် ရ၏ ။ အိမ်ကွက် တိုးချဲ့ ဝယ်ရ၏ ။ အိမ်က‌လေး ကို ဖျက်၍ အလုပ်ရုံ အခိုင်အခံ့
‌ဆောက် ရ၏ ။

“ ‌တော်‌တော် ကြဲခဲ့ရတာပဲ‌ နော် ”

“ ဒါ‌ပေါ့ ဦးနား‌ဝေ ရာ ၊ ဗြုန်း ဆို အလုံးလိုက် အခဲလိုက်ကြီး မထုတ်နိုင်‌တော့ ကိုယ့်‌ ငွေ အားက‌လေး ကြည့်ပြီး နိုင်တန်ရာက‌လေး စ ခဲ့ရတာ‌ပေါ့ ”

“ ခု‌တော့လည်း အကျယ်ကြီး ၊ အကြီးကြီးပဲ‌ နော် ”

“ အဲဒါ ကောင်းတာ‌ပေါ့ဗျာ ၊ ငယ် ရာ က ကြီး ရတာ အရသာ ရှိတယ်ဗျာ ၊ ကျုပ် က ကြီး ရာ က ငယ် သွား မှာ ကို‌ ကြောက်တာ ”

ကျွန်‌တော့် သူငယ်ချင်း ဒေါက်တို သည် လက်ဖက်သုပ် စား ၊ အဖန် တစ်ကျိုတ် သောက် ရင်း  ဝင်‌ ထောက်‌ လေ၏ ။ ‌ဒေါက်တို‌ ပြော လိုက်‌သော စကား‌ ကြောင့် မီးဖုတ် ထား‌သော တရွှင်းပူ ဖြင့် တင်ပါး အထိုး ခံ ရ‌သော နွား ကဲသို့ လန့်ဖျပ် သွားမိ‌ လေ၏ ။ (‌ တောရွာ မှာ နွား‌ ရောဂါ ကင်း‌အောင် သံပူ ကပ်ကြ၏ ။ ) မှန်ပါသည် ။ သူငယ်ချင်း ‌ဒေါက်တို စကား မှန်ပါသည် ။ ငယ် ရာ က ကြီး ရတာ အရသာ ရှိ သ‌လောက် ကြီး ပြီး မှ ငယ် သွားမည် ဆိုပါ လျှင် ။ ကျွန်‌တော် မ‌တွေးရဲ ၊ ကြက်သီး‌မွေးညင်းများ‌ ထောင် ထ လာပါ၏ ။

◾မောင်ချမ်းသာ

📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment