( ၂၀ )
တပေါင်း ၊ တန်ခူး ။ လေရူး နှောက် ချိန် ။
ကျောင်းဝင်း တစ်ဝင်း လုံး သစ်ရွက်ခြောက် တွေ ပြေးလွှား နေတာ ကို စံလှဘော် ငေး နေ မိတယ် ။ မနက်တိုင်း လှည်းကျင်း နေတဲ့ ကြား က မနိုင် နိုင် အောင် ကြွေ နေ လိုက်ကြတာ ။ တချို့ အပင်တွေ က တော့ ပုရစ်နုတွေ ထိုး ကြပြီ ။ နောက် နှစ်တွေ မှာ တော့ သည် ပုရစ်နုကလေး တွေ ရွက်ဝါ အသွင် ပြောင်း ပြီး ရွက် ခြောက် ကြွေကြ လိမ့် ဦးမယ် ။ သစ်ရွက်တွေ က တော့ ကြွေ ပြီး ရင် ရွက်နု ပြန် ထိုး ကြတယ် ။ လူ တွေ မှာ တော့ ရွက်နု ထိုး စရာ ငယ် ဘဝ အသစ် မရှိတော့ပါလား လို့ တွေး မိတယ် ။ သူ့ ပဲ ကြည့် လေ ။ မြချစ် မရှိတော့ဘူး ။ မြို့ ရောက် သွားပြီ ။ မြချစ် ကို တောင်းရမ်း တဲ့ နေ့ က ထင်းခွဲ ရေခပ် တောင် သွား လုပ်ပေး ခဲ့ ရသေးတယ် ။ ချစ်ရသူ မျက်နှာ တောင် ငေးစရာ မရှိတော့ တဲ့ ဘဝ ။ ကောက်ဆွ ပြန် သွားတာ လည်း နှစ်လ ရှိပြီ ။ မအေ နဲ့ နေပျော် သွားပြီ ထင်ပါရဲ့ ။
“ သူတို့ ဘဝတွေ နဲ့ သူတို့ ပါလား ။ ငါ သာ ဘဝတွေ အငှား ချ နေ ချင်သာ ။ ပိုင် နေ ချင်သာ ။ တကယ်တော့ ငါ သာ တစ်ယောက် တည်း နဲ့ ကျဉ်းကျပ် နေရ သာ ပါလား ”
စံလှဘော် တံမြက်စည်း ဆွဲ ပြီး တစ်ကျော့ လှည်း ပြန်တယ် ။ ဆရာတော်ကြီး စင်္ကြံ လျှောက် ရာ က ပြန် တက်မယ် အလုပ် ရပ်တော်မူ လို့ ဆရာတော့် အနား သွား ပြီး ဝတ်ဖြည့် လိုက်တယ် ။ ဆရာတော် ဘာများ ခိုင်းချင် လို့ ပါလိမ့် ။
“ ငဘော် … မင်း ပဉ္ဇင်း ဝတ် တော့ ၊ သင်္ကြန် ရက် ထဲ ရွာ က လူတွေ ဒုလ္လဘ ဝတ် ကြတော့ မှာ ၊ မင်း ပါ ရောပြီး ဝတ် ၊ ကြားလား ”
စံလှဘော် က လက်အုပ် ချီ တယ် ။ ရဟန်းဘောင် တက်ဖို့ သူ့ စိတ် နဲ့ အကြိမ်ကြိမ် ကြိုးစားဖူး ပါရဲ့ ။ ဆရာတော်ကြီး ဆန္ဒ လည်း ပြည့်စေ ၊ သူ လည်း ဘဝ အနည် ထိုင်စေ ဆိုတဲ့ စိတ် နဲ့ ပါ ။ ဒါပေမယ့် သည် ရက်တွေ ထဲ မှာ သည် စိတ်တွေ ချေဖျက် ပြီးသား ဖြစ်ရ ပြန်ရော ။
“ တပည့်တော် သင်္ကန်း မဝတ်သေးပါ ဘုရား ။ ကပ္ပိယ ဘဝ နဲ့ ပဲ နေပါရ စေဦး ဘုရား ။ တပည့်တော် လူ့ ဘဝ နဲ့ လွမ်းစရာ ရှိသာ လွမ်းချင် သေး လို့ပါ ဘုရား ”
ဆရာတော်ကြီး က ဘာမှ ဆက် မမိန့်တော့ ဘဲ ကျောင်း ပေါ် ကို တစ်လှမ်း ချင်း တက် သွားတယ် ။ စံလှဘော် က သူ့ မျက်လုံး ကို သူ့ လက်ဖမိုး နဲ့ သုတ်တယ် ။ မျက်ရည်စတွေ နဲ့ကိုး ။
◾ခင်ခင်ထူး
📖 ကပ္ပိယ
ကပ္ပိယ ဝတ္ထု ကို pdf , text လိုချင်သူများ ဒီစာ ကို နှိပ်ပြီး အောက်က လင့်ခ် မှာ ယူနိုင်ပါတယ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment