❝ အနုဝင်္ကဘာ ❞
( ၁ )
စင်စစ် အထက်ပါ ခေါင်းစဉ် သည် အတိုကောက် ဖြစ်လျက် အနုပညာ နှင့် ပတ်သက်သမျှသော ရှုပ်ထွေးလှသည့် ( ဝါ ) လမ်းမှား တတ်သည့် ဝင်္ကပါ ၊ မျက်စိ လည်တတ်သည့် ဝင်္ကပါ ။
အနုပညာရှင်တို့ မည်သည် သီဆိုခွင့် ၊ ကပြခွင့် ၊ ရုပ်ရှင် ထဲ တွင် သရုပ်ဆောင်ခွင့် ရနေသည့် အခါ ကာလ ထက် ထိုထို အခွင့်အရေး ရရန် ပညာ ဆည်းပူး ကြိုးပမ်းနေရစဉ် အခိုက်အတန့် သည် အလွန့်အလွန် အရေး ကြီးလှသည် ။
အနုပညာ ။
အမည်ကလေး နု သလောက် ခရီး ကား ကြမ်းတမ်းလှသည် ။ ရှုပ်ထွေး ကွေ့ကောက် လမ်းစ ပါ ပျောက် သွား တတ်သည် ။
သတိကြီးကြီး ထားရမည့် စပ်ကူး မတ်ကူး အချိန် ကာလ ။
ယခုအခါ အဆိုသင်တန်း ၊ အက သင်တန်း ၊ ရုပ်ရှင်သရုပ်ဆောင် သင်တန်း စသည့် သင်တန်း များ တွင် တက်ရောက်လေ့လာ ဆည်းပူး နေကြသည် မှာ အတော်ကလေး အားရစရာ ကောင်းနေ သည် ။ အချို့သင်တန်းများ ကို ဆိုင်ရာ အနုပညာ အဖွဲ့အစည်းများ က ဖွင့် လှစ်သင်ကြားလျက် ၊ အချို့ အရပ်သား ဝါသနာရှင် ချင်း စုဝေးကာ သင်တန်းအမည် အမျိုးမျိုး တပ်၍ ဖွင့်ကြသည် ။ အနုပညာ သည် အဖွဲ့အစည်းချင်း ၊ ဝင်ပြိုင်တူ သည် ဟု ကန့်ကွက်ကြသည် လည်း ရှိသည် ။ ဆက်လက် လှုပ်ရှား နေကြ သည် လည်း ရှိသည် ။ ပြဿနာကား ရှုပ်ထွေးလှသည် ။
ထားတော့ ။
အရေးကြီးသည် မှာ ဝါသနာအိုး များ သာ ဖြစ်ချေသည် ။
တစ်ခါက စာပေဟောပြောပွဲ တွင် ဟောဖူး သလော သို့မဟုတ် ဆောင်းပါး အဖြစ် ရေးမိဖူး သလော မမှတ်မိ ယခု ထပ်၍ ဖော်ပြလိုသေး သည် မှာ ...
ရုပ်ရှင် ၊ သဘင် ၊ ဂီတ မည်သည့် ဘက် တွင် ဝါသနာ ထုံသည် ဖြစ်စေ ၊ မိမိ ကိုယ် ကို အထပ်ထပ် ဆန်းစစ်ရန် လိုသည် ။ ဥပမာ - အကဝါသနာ ပါ ခြင်း ၌ အမှန်တကယ် ဝါသနာ ပါခြင်း လော သို့မဟုတ် အခြားသော ဇာတ် ၊ အငြိမ့်မင်းသမီး ၊ မင်းသား က သည် ကို အားကျခြင်းလော ဆိုသည် ကို တိတိ ကျကျ ဆန်းစစ်ရန် လိုသည် ။
သူ တစ်ထူး ကျော်ကြား နေ သဖြင့် လိုက် ၍ ကျော်ကြား လိုခြင်းသည် စစ် မှန်သော ဝါသနာ မဟုတ် ။ ဆိုကြပါစို့ ရုပ်ရှင်မင်းသား ၊ မင်းသမီး ရွေးရာတွင် ဝါသနာပါ ခြင်း ၌ နာမည်ကြီးများ ကဲ့သို့ ကျော်ကြားလိုခြင်း ၊ မင်းသမီး ၊ မင်းသား သာ ဖြစ်လိုခြင်း ဟူသည့် ဝါသနာ လော ။ ကျရာအခန်း မှ သရုပ်ဆောင် လိုသည့် ဝါသနာ လော ဆိုသည် ကို ပထမ ဆန်းစစ် ရပေချိမ့် မည် ။
လူ့သဘာဝ ကို သာဓု မလွန်ဆန် ချင်ပါ ။ ကလောင် ကိုင်ခါစ စာရေးဆရာ တိုင်း လိုလို နိုင်ငံကျော် စာရေးဆရာကြီး ဖြစ်ချင် သကဲ့သို့ ရုပ်ရှင်ဝါသနာအိုး တိုင်း လည်း မင်းသား ၊ မင်းသမီး သာ ဖြစ်လိုကြ ပေမည် ။
သို့တိုင်အောင် မိမိတို့ ကိုယ်တိုင် ( မင်းသား ၊ မင်းသမီး ) ဖြစ်နိုင် ၊ မဖြစ် နိုင် မိမိတို့ ၏ ပင်ကို အရည်အသွေး ကို မထောက်မညှာ မျက်နှာ မလိုက် ဘဲ ဆန်းစစ် ရပေလိမ့်မည် ။
မိမိ ရုပ်ရည် က အံ့ကျော် နှင့် တူ နေပါလျက် ညွန့်ဝင်း ဖြစ်ချင်၍ မရနိုင် သကဲ့သို့ နဖူး မောက်မောက်နှင့် ပုကွကွ မိန်းကလေး က လည်း သီတာဝင်း တို့ ခိုင်ခင်ဦး တို့ ဖြစ် မလာနိုင် ။ သူတို့ လို လှ မလာနိုင် ။
လွန်ခဲ့သော ဆယ်နှစ် ကျော်ကျော် က မိတ္ထီလာ မှ မိတ်ဆွေ တစ်ယောက် သူ့ သမီးကလေး နှင့် အတူ သာဓု ထံ ရောက်လာသည် ။ အကြောင်းကား ကောင်မလေး က အဆိုတော် ဖြစ်ချင်သည် ဆို၍ ။
“ ကဲ ၊ ပြောစမ်းပါဦး ၊ ငါ့ တူမ က ဘယ်လို အဆိုတော်မျိုး ဖြစ်ချင်တာလဲ ”
“ အဆိုတော် အမျိုးသမီး တစ်ဦး တို့ ၊ မမတင်တင်မြ တို့ လို ”
“ ဪ ၊ ဪ ”
သာဓု စဉ်းစားနေစဉ် သူ့ ဖခင် က ...
“ ဆရာရယ် ၊ အဲဒါလေးတော့ ဆောင်ရွက်ပေးပါနော် ၊ ခုဆို သမီးက စာမေးပွဲ လဲ တဖုတ်ဖုတ် ကျ ၊ အားအားရှိ သီချင်း ပဲ ဆို နေတော့တာပဲ ။ ဒီပြင် ကိစ္စ ဆို ဘာမှ ခိုင်းလို့ မရဘူး ”
“ ဟုတ်ပါပြီလေ ၊ ကဲ ... တူမ ၊ အဆိုတော် အမျိုးသမီး တစ်ဦး ဆိုတဲ့ သီချင်း တစ်ပုဒ်လောက် ဆိုပြစမ်းပါ ”
အာသွက်လျှာသွက် နှင့် မရှက်မကြောက် ကောက်ကာငင်ကာ တစ်ချိန်က အလွန် ကျော်ကြား ခဲ့သော ' နက်ဖြန် မှ ဆက်ငိုမယ် ' ဟူသည့် အဆိုတော် အမျိုးသမီး တစ်ဦး သီချင်း ကို ထို အဆိုတော် ၏ လေယူလေသိမ်း အတိုင်း အသံ ကို ပါ တူအောင် တု ၍ ဆိုပြ ရှာသည် ။ အပြတ်အသတ် ကွာသည် ။ သူ့ ခမျာ အဆိုတော် အမျိုးသမီး တစ်ဦး နှင့် မတူ တူအောင် တု ၍ ဆို နေရ သောကြောင့် အတော်ကြီး ပင်ပန်း နေ ရှာသည် ။ တူ သလော ၊ လုံးဝ မတူ ။ ကောင်း သလော ၊ အတော်ကလေး ညံ့ နေသည် ။
သူ ပင်ကို ရှိရင်း မိမွေးတိုင်း ဖမွေးတိုင်း အသံ နှင့် သီ ဆို လျှင် သင့်လေ ဦးမည် ။
သင့်လေ ဦးမည် ဆိုသည့် တိုင်အောင် အဆိုကျော် တစ်ယောက် ဖြစ် လာရန် အလားအလာ မရှိ ။ “ကျော် ” မဆိုထားဘိ ။ ' တော် ' ပင် မ ဖြစ်နိုင် ။ အဘယ်ကြောင့် ဆိုသော် ထို ကလေးမ အသံနေ အသံထား မမှန် ( ကြောင် နေသည် ) သို့နှင့် အမျှ စည်း ဝါး လည်း ချက် ညီ ကျအောင် မဆို နိုင် ။
“ အဲဒါ ဆရာတို့ ကတော့ ဒီဘက် က အသိမိတ်ဆွေ ပေါ ပါတယ် နော် ။ သမီးလေး ဝါသနာ ကို အောင်မြင် အောင် တစ်ယောက် ယောက် ဆီ မှာ ”
“ မလုပ်နဲ့ ၊ မလုပ်နဲ့ ၊ ခင်ဗျား သမီး ကို ပြန် ခေါ်သွား ၊ ဖြစ်မှာ မဟုတ်ဘူး ”
သာဓုက အသံ နှင့် စည်းဝါး သဘောတရား ကို ရှင်းပြ လိုက်ပြီး ...
“ ကဲ ၊ သမီး ကလဲ စိတ်ကူး မလွဲနဲ့ ၊ ကျောင်းပညာ ဖြစ်ဖြစ် ၊ စက်ချုပ် ပညာ ၊ လက်နှိပ်စက် စသည် ဖြင့် ပေါ့ကွာ ၊ ဘယ်ဟာ ဝါသနာ ပါသလဲ ၊ အဲ ဒါပဲ လေ့လာပေါ့ ၊ ဟုတ်လား ”
ကောင်မလေး မကျေမနပ် စူအောင့်အောင့် ဖြစ် နေသည် ။
“ ဥပမာ ဆိုပါတော့ ကွယ် ၊ ကျောင်းသား တစ်ယောက် က ကျောင်း ပြေးပွဲ မှာ သူများ တွေ နိုင် တာ တံဆိပ် ရတာ ကို အား ကျပြီး ဝင် ပြေး ချင်တယ် ဆိုပါတော့ ၊ အဲဒါ သူ က ခြေတစ်ဖက် က ထော့နဲ့ ထော့နဲ့ ဖြစ် နေတယ် ၊ ကဲ သူ ဝင်ပြေး လို့ ဖြစ်ပါ့မလား ”
ကောင်မလေး တွေ သွားသည် ။
“ ဒါဖြင့် သမီး အသံ လဲ ထော့နဲ့ ထော့နဲ့ ဖြစ် နေတယ် ပေါ့ ၊ ဟုတ်လား ဘဘ ”
သာဓု ရယ် လိုက် မိသည် ။
“ အေး ၊ သဘောက ဒီ အတိုင်း ဖြစ် နေတယ် ကွ ၊ သမီး ဟာ အသံ လဲ သိပ် မရဘူး ၊ အဆို လဲ ဋ္ဌာန်ကရိုဏ်း မကျဘူး ၊ စည်းဝါး လဲ မိတဲ့ အခါ မိ ၊ မမိ တဲ့ အခါ မမိ ဖြစ်နေတော့ ”
“ အဲဒါ ဘဘ ရယ် ၊ လေ့ကျင့် သင်ယူ ရင်ကော မရဘူးလား ”
“ မလွယ်ဘူး သမီး ၊ အနုပညာ ဆို တာ သင်ယူ တိုင်း ရတာ မဟုတ်ဘူး ၊ ပါရမီ က လို သေးတယ် ၊ ပါရမီ မရှိရင် ဘယ်လို ကြိုးစားပေမဲ့ ၊ အလကားပဲ ။ မအောင်မြင် နိုင်ဘူး ၊ ခုပဲ ကြည့်လေ ၊ သမီး ထင်ထင် ရှားရှား အဆိုကျော် ဆို လို့ သမီး သိသလောက် ဘယ်နှယောက် ရှိသလဲ ၊ ဝါသနာရှင်တွေ ကတော့ ထောင်သောင်း မကဘူး ၊ သမီး အပါအဝင် ပေါ့ ”
ကောင်မလေး စဉ်းစားစ ပြုလာ သည် ။ သာဓု စကား ကို လက်ခံ လိုသ ည့် အသွင် ဆောင်လာ သော်လည်း အတိအလင်း လက်ခံချင်ပုံ မပေါ် သေး ။
“ ကောင်းပြီ ၊ ဘဘ တစ်ခု မေးမယ် ။ သမီးတို့ မြို့ မှာ ကော အဆိုတော် တို့ တီးဝိုင်း တို့ ရှိတယ် မဟုတ်လား ၊ အဲ တစ်ခါ ဆို ရင် အဆိုတော် အတွက် ဘယ်လောက် ရသလဲ ”
“ အာ ဘဘ ကလဲ ၊ အပျော်တမ်း ပေါ့ ၊ ပိုက်ဆံ ဘယ် ရမှာ တုံး ”
သာဓု စကား ကို သူ့ ဖခင် အတော် စိတ်ဝင်စား သွားပုံ ရ၏ ။ သူ့ သမီး အဖြေ ကို လည်း ကျေနပ် နေ၏ ။
“ ခု သမီး ဖေဖေ က ဘာ အလုပ် လုပ် သလဲ ။ ဝင်ငွေ တစ်လ ဘယ်လောက် ရှိသလဲ ”
“ သမဝါယမ မှာ လုပ်ပါတယ် ။ တစ် လ ခုနှစ်ရာ ရှစ်ရာ ကျပ် လောက် ဝင် မယ် ထင်ပါရဲ့ “
“ အဲ ၊ အဲဒီ ဝင်ငွေ နဲ့ သမီး တို့ မိသားစု ရှစ်ယောက် စားရ သောက်ရ တာရယ် ၊ ကျောင်းစရိတ် ရယ် ။ စသည် ဖြင့်ပေါ့ ၊ ခြစ်ခြစ်ဖြုတ်ဖြုတ် သုံး နေရတယ် ဆိုတာ သမီး သိမှာ ပေါ့ ”
“ ဟုတ်ကဲ့ သိပါတယ် ”
“ ဘဘ လဲ သိတယ် ။ သမီး ဖေဖေ သိပ် မချောင်လည်ဘူး ။ ဒါ ထားပါလေ ၊ ကဲ သမီး က အဆိုတော် ဖြစ်ချင် တယ် ။ အဆိုကျော် မဖြစ်ခင် စပ်ကြား မှာ ဟို အလှူ လိုက် ဆိုရ အလကား ၊ ဒီ မင်္ဂလာ ဆောင် သွား ဆိုပေးရ အလကား ၊ ပွဲလမ်းသဘင် က နေ စင် ပေါ် တက် ဆိုရ အလကား ၊ တစ်ပြား မှ မရ ”
သူ ခေါင်း ငုံ့ ပြုံး ၏ ။
“ အေး ၊ အဲသလို အလကား ဆို ပေး ရတာ ၊ စေတနာ့ဝန်ထမ်း မို့ ကုသိုလ် ရ တယ်ပဲ ထား ၊ အဝတ်အစားဖိုး က ကုသိုလ် မရဘူး ”
သူ ဆတ်ခနဲ မော် ကြည့်သည် ။
“ ဒီ ရှင်ပြုပွဲ မှာ ဝတ် တဲ့ အဝတ်အစား ကို တောင်သူလယ်သမားနေ့ သီချင်း ဆို ရင်ကော ဒါပဲ ပြန် ဝတ်မလား ”
သူ တွေ နေ သည် ။ မဖြေ ။
“ ဘဘ သိတယ် ၊ သာမန်ရိုးရိုး အရပ်သူ ၊ ကျောင်းသူ အနေနဲ့ တောင် ဒီ ဘုရားပွဲ ဒီ အဝတ်အစား ဝတ် ပြီး ရင် နောက် မွေးနေ့ပွဲ ကျတော့ အသစ် ချုပ်ချင်တာပဲ မဟုတ်လား ၊ အေး ၊ အဆိုတော်တို့ ဘာတို့ ဖြစ်လာ ရင် ပို ဆိုးမယ် ၊ အပြိုင်အဆိုင်ကလေး တွေလဲ ရှိ လာမယ် ”
ကောင်မလေး စဉ်းစားစ ပြုလာ သည် ။
“ ဒါပဲကွ ၊ ပိုက်ဆံ မရတဲ့ အပြင် အိမ် က မိဘ က အဝတ်အစားဖိုး ကုန် ရဦး မယ် ၊ တွက် ကြည့်စမ်း ၊ မိတ်ကပ် နဲ့ ဆံပင် ပြင်တာ အနည်းဆုံး ၂၅ ကျပ် ထား ၊ အဝတ်အစား က တစ်စုံ ဆိုရင် ခပ်ညံ့ညံ့ တောင် နှစ်ရာ အောက် မှာ မ ရှိဘူး မဟုတ်လား ”
ယခုမှ သူ့ အဖေ သာဓု မိတ်ဆွေ ပါ မျက်လုံး ဝိုင်း သွားသည် ။
“ ဟုတ်ပါတယ် သမီး ရယ် ၊ ဒီ လောက်ငွေ ဖေဖေ တို့ လဲ အမြဲ မတတ်နိုင်ဘူး ၊ ဒီ ဝါသနာ ကို သမီး ... ”
ဤတွင် သာဓု က ကြား ဝင်၍
“ အေးလေ ၊ ကောင်းသော ဝါသနာ ဆိုတာ ကို မတားမြစ်သင့်ဘူး လို့ ဘဘ နားလည်တယ် ၊ ဒါပေမဲ့ သမီး စဉ်းစား ၊ သမီး ဟာ အဆိုအတီး ဝါသနာ ပါ တာ လား ၊ အဆိုကျော် ဖြစ် ချင် တာလား ၊ နာမည် ကြီး ချင် တာ လား ဆိုတာတွေ ရယ် ၊ ခုန ဘဘ ပြော တဲ့ ကုန်ကျမယ့် စရိတ်တွေ ရယ် သေသေချာချာ စဉ်းစား ၊ သမီး က ခေတ်ကျောင်းသူ ပဲ လေ ၊ အဓိပ္ပာယ် မရှိတဲ့ အလုပ်မျိုး လုပ်မှာ မဟုတ်ပါဘူး နော် ”
သူတို့ သမီး အဖ နောက် နေ့ မှာ ပင် ပြန် သွားကြသည် ။ နောက် ကောင်မလေး တက္ကသိုလ် မှ ဘွဲ့ ရ သည် ။ ယခု သူ့ ဖခင် နှင့် ဆက်နွယ် နေသော သမဝါယမ တွင် ပင် အလုပ် လုပ် နေချေပြီ ။
••• ••• ••• •••
တစ်ကြိမ် ကလည်း ( မကြာလှ သေး ) သာဓု တို့ ရပ်ကွက် မှ ကောင်စီ လူကြီး တစ်ဦး ရောက်လာ ကာ မော်လမြိုင်မြို့ နေ သူ ၏ မြေး ထံ မှ စာ တစ် စောင် ထုတ် ပြသည် ။ အတိုချုပ် မှာ ထို လူငယ် စာရေး ဆက်သွယ် ထားသော ရန်ကုန် ရှိ ရုပ်ရှင် ဝါသနာအိုး အဖွဲ့အစည်း မှ သူ့ အား သရုပ်ဆောင်နိုင်ခွင့် ( အဆင့် ) သို့ ရွေးချယ် လိုက်ပြီ ဖြစ်၍ စီစဉ် ဆောင်ရွက်ရေး ကုန်ကျစရိတ် ဇာတ်ကား ( ၅ ) ထုပ် အတွက် ငွေတစ်ထောင် ပေးပို့ရန် မှာ ကြား သော စာ ဖြစ်၏ ။
“ ငွေ ပို့ပြီးပြီလား ”
သာဓု စိုးရိမ်တကြီး မေး လိုက် ရ၏ ။
“ ဟင့်အင်း ၊ ဘိုးဘိုး က စိုက် ပို့ပေး ပါ ဆိုပြီး စာ ထဲပါတဲ့ အတိုင်းပေါ့ ၊ ဒါ မှ မဟုတ် သူ လိုက်လာမယ်တဲ့ ။ တယ်လီဖုန်း လဲ ဆက် တယ်ဗျာ ”
“ မပို့နဲ့ ၊ တစ်ပြား မှ မပို့နဲ့ ၊ ခင်ဗျား မြေး ကို လဲ အကြောင်း ပြန်လိုက် ၊ ဒီ ကောင်တွေ ငွေ လိမ်စားမယ့် အကောင်တွေ လို့ ”
သာဓု က တိုတိုနှင့် ပင် တိခနဲ ဖျက် လိုက်ရ၏ ။ ထိုထိုသော ( ရုပ်ရှင်လောက ထဲ မှ မဟုတ်သေး ) ရုပ်ရှင်သရုပ်ဆောင် အသိုင်းအဝန်း ၊ အဖွဲ့အစည်း ၊ အင်အားစု စသည် ဖြင့် လိမ်စား နေသူ အတော်များ များ ရှိ နေသည် ။
ယင်း မထင်မရှား အဖွဲ့အစည်း မဆို ထားဘိ ၊ ထင်ထင်ရှားရှား ရုပ်ရှင် ဒါရိုက်တာ တို့ ပင် လျှင် ။
“ မင်းသား တင် ရိုက်ပေးမယ် ။ မင်းသမီး ဒုတိယခေါင်းဆောင် ဖြစ် စေရမယ် ၊ ငွေ ဘယ်လောက် ထည့် ပါ ”
စသည် ဖြင့် ငွေတစ်သောင်း မှ ငါးသောင်း အထိ လိမ် စား ထား သောကြောင့် ရုပ်ရှင်ကောင်စီ မှ ကြားဝင် ဖြေရှင်း ပေး နေရသည့် ပြဿနာများ လည်း ရှိနေသည် ။ မင်းသမီးသစ် တစ်ယောက် ငွေ သုံးသောင်း ပေးရ ပြီး ဖလင် တစ်ပေ မျှ မရိုက် လိုက်ရဘဲ ဇာတ်ကား ပြီးစီး သွားသည့် အဖြစ် လည်း ရှိနေ သည် ။
အချို့လည်း ရှိသေးသည် ။ အနုပညာစာစောင် ထုတ်ရန် ဟု အကြောင်း ပြလျက် ဝါသနာရှင် တို့ ထံ မှ တစ်ဦး လျှင် ၅၀ ကျပ် ၊ ၁၀၀ ကျပ် စသည် ဖြင့် ငွေများ ကောက်ခံ သည် ။ ငွေ လေးငါးထောင် ရသည် ။ တစ်နှစ် လည်း စာစောင် ပေါ် မလာ ၊ နောက် တစ်နှစ် လည်း ပေါ်မလာ သုံးလေးငါးနှစ် သာ ကြာ ညောင်း သွားသည် ။ စာစောင် လည်း ပျောက် ၊ ငွေလည်း ပျောက်သွား ချေ လေ တော့သည် ။
အနုပညာဝင်္ကပါ ထဲ ဝင် မိ လျက် ထိုနည်း နှင်နှင် လမ်းစ ပျောက် တတ်သည် ။ ငွေ ပျောက်သည် မှာ အကြောင်း မဟုတ် ။
အနုပညာ အဖွဲ့အစည်း အမည် ခံလျက် ယုတ်မာ နေသူ အတော်များများ ရှိ နေသည် ။ အနုပညာသင်တန်းသား များ ထံ မှ ငွေ ယူသည် ။ အဝတ်အစား ဝယ် ခိုင်းသည် ။ ဟိုတယ် တွင် စားပွဲသောက်ပွဲ လုပ် ခိုင်းသည် ။ ကျွေးမွေး ခိုင်းသည် ။ တစ်နေ့ တွင် ထိပ်တန်းသို့ ရောက်စေရမည် ဟု မျှော်လင့်ချက် တစ်ထမ်းကြီး ပေး ထားသည် ။
ပို၍ ကဲ၍ ယုတ်မာသည် ကား ။
သင်တန်းသူ ဝါသနာရှင် အမျိုးသမီးကလေးများ အား ခြေတော် တင် သည့် ကိစ္စ ဖြစ်သည် ။
နေ့ချင်း ညချင်း ထိပ်သီး အဆိုကျော် ၊ အကထိပ်ခေါင်ထင် ၊ ပွဲဦးထွက် ခေါင်းဆောင် မင်းသမီး ဖြစ်တော့ မလောက် အပင့်အမြှောက် အာမခံချက်များ ၊ ဗန်း ပြကာ နှမချင်း မစာနာသည့် အပြုအမူများ ဖြင့် ယုတ်မာ နေကြသည် လည်း ရှိသည် ။ သင်တန်းသူ သင်တန်းသားများ ချင်း တွင် သတင်း မွှေး နေ ခဲ့ပြီး ဖြစ်၍ အထူး ပြောစရာ မလို ။ ဆိုင်ရာ အဖွဲ့အစည်း တို့ ပါးစပ် တွင် ပျံ့နှံ့နေပြီး ဖြစ်၍ တထူးတထွေ သက်သေ ထူရန် မလို ။
အထက်တွင် သာဓု ရေးခဲ့သော မိတ္ထီလာ မှ ကောင်မလေး သည် သာ အတွေးအခေါ် အမြော် အမြင် သဘော မပေါက်ခဲ့သော် ... ယခုလောက် ရှိလျှင် အဆိုကျော် လည်း မ ဖြစ် ။ တက္ကသိုလ် ပညာ လည်း မတတ် ။ လမ်းခုလတ် တွင် အဘယ် ထိ ဒုက္ခ ရောက် နေမည်ကို တွေးချင့်ကြ စေချင်၏ ။
အနုပညာ နှင့် ပတ်သက်၍ ဝါသနာ ပါခြင်းကို သာဓု အား ပေး သည် ။ တတ်နိုင်သမျှ မြေတောင်မြှောက် ပေးသည် ။ သို့သော် ... ပါရမီ ရှိ မရှိ ၊ ဗီဇ ပါ မပါ ၊ သာဓု ပထမ လေ့လာသည် ။ ဖြစ်နိုင် ရန် လုံးဝ အကြောင်း မရှိလျှင်ကား ... ။
“ အေး ၊ ဒီ တစ်သက် မင်းသား မင်းသမီး ဝေး လို့ ဇာတ်ရံကောင်း တောင် မဖြစ်နိုင်ဘူး ၊ ပြန်တော့ ”
သို့လျှင် ဘွင်းဘွင်း ရှင်းရှင်း ပြောချ တတ်သည် ၊ အားနာ ပါးနာ ရေလိုက် ငါးလိုက် ပြောလျှင် မျှော်လ င့်ချက် ပေးထားရာ ရောက်မည် ။ ဤ လို ကိစ္စ ၌ ဤလို မပြတ်သားသော အလုပ် သာဓု မလုပ် တတ် ။ အချို့ ငွေထုပ် ပိုက်လျက် ရောက် လာတတ်ကြ သေးသည် ။
“ ငွေ လေး ငါးသောင်း ရှုံး ချင် ရှုံးပါ စေတော့ ဆရာ ၊ ပိတ်ကား ပေါ် ပါ ရ ရင် တော်ပါပြီ ”
“ အေး ၊ မင်းတို့ လေး ငါးသောင်း အရှုံး ခံနိုင်ပေမဲ့ ဆရာ့ နာမည် တော့ အဆုံး မခံနိုင်ဘူးကွ ၊ ဒီ ပိုက်ဆံ နဲ့ အလုပ် တစ်ခု ခုလုပ် ၊ ဆယ်နှစ် စားမ ကုန်ဘူး ၊ မဖြစ်နိုင်တာ ကို မလုပ် ချင် ကြနဲ့ ကွာ ၊ အဲ သူများ ဆီ လဲ မသွားနဲ့ ၊ မင်းတို့ လို လူစားတွေ ကို ရုပ်ရှင် သမားတွေ မျှော် နေကြတယ် နော ၊ အပိုင် စီးကြ မလို့ ၊ ဒါပဲ ၊ သွားကြတော့ ”
ထိုထိုဤဤ အနှီနှီ သော အနုပညာ ဝါသနာအိုး တို့ သည် ငွေ နှင့် ပေးအပ် လျှင် ( ဝါ ) ဖန်တီး ယူတတ် လျှင် သူတို့ လိုချင် သော ၊ တတ်ချင် သော ၊ တောင့်တ သော အနုပညာရှင် တစ်ယောက် ဖြစ် လာလိမ့်မည်ဟု ထင် နေကြသည် ။ သို့သော် အနုပညာသည် တစ်ဦး ဖြစ် လာရန် မှာ မူ သေမတတ် ကြိုးစားသည် ပင် ဖြစ်စေ ၊ ထွန်းပေါက် လာရန် မလွယ်ကူ ... ။
ရုပ်ရှင်လောက တွင် ရှုပါ ။
ခေါင်းဆောင် အဖြစ် ရုပ်ရှင် တစ်ကား ရိုက် ပြီးနောက် ကြက်ပျောက် ငှက်ပျောက် ပျောက် သွားသူ အမြောက်အမြား ရှိနေသည် ကို သတိ ထားမိလျှင် သိကြ ချိမ့်မည် ။
အဘယ်ကြောင့် မအောင်မြင် သနည်း ။ သရုပ်ဆောင် ပီပြင်ခြင်း ၊ သဘာဝကျခြင်း မရှိသော ကြောင့် ။ အဘယ်ကြောင့် သဘာဝ မကျ မပီပြင် ပါသနည်း ။ ပါရမီ မရှိသောကြောင့် ။
ဤတွင် အနုပညာ သည် ငွေ နှင့် စက် ၍ မရနိုင်သည် ထက် ပါရမီ ကို မည်သို့မျှ ဖန်တီး၍ မရနိုင် ။ ပို၍ ခက်ခဲလှသည် ။
ဤကိစ္စ ရှင်း ပြလျှင် တော်ရုံ နှင့် ပြီးမည် မဟုတ် ။ စာမျက်နှာ အများ အပြား လို လိမ့်မည် ။ နောင် အလျဉ်း သင့် က ရေး ပါဦးအံ့ ။
လောလော၌ စောစော က စကား စ ပြတ်သွားသည် ကို ဆက်ရသော် ... ။
( ၁ ) အနုပညာ သင်တန်းဆရာ ဆို သူ တို့ က တစ်ယောက် ချင်း ၊ နှစ်ယောက် ချင်း ဟို ခေါ် သည် ခေါ် ချိန်းဆို ကောင်း ၊ ချိန်းဆို လာလိမ့် မည် ။ သတိ ကြီးကြီး ထား ။
( ၂ ) အမျိုးသား ဆိုလျှင် ငွေ အန္တရာယ် ရှိပြီး အမျိုးသမီး ဆို က လူ ပါ အန္တရာယ် ရှိသည် ။
( ၃ ) ထိုအကြောင်း ၊ ဤ အကြောင်း ပြ၍ ဥပမာ ၊ စာစောင် ထုတ်ရန် ဟူ၍ လည်းကောင်း ၊ စုပေါင်း အလုပ် လုပ်ရန် ဟူ၍ လည်းကောင်း ငွေများ အပုံ ကျ ထည့် ပါ ဟု ဆွယ်ကောင်း ဆွယ်ကြ လိမ့် မည် ။ သတိ ကြီးကြီး ထား ။
ဤလို လူစားများ သည် လိမ်ညာ စားတတ် သည် က လွဲ၍ ပြောင်မြောက် သော အနုပညာရှင် များ ဖြစ်အောင် ဆောင်ရွက်ပေးနိုင် သူများ မဟုတ် ။
စေတနာရိုး ဖြင့် သင်ကြား ပေးသူ တို့ သည် လည်း ဤ လို လိမ်ညာ မစား တတ် ၊ မညစ်ပတ် ၊ မယုတ်မာ ။
( ၃ - ၈ - ၈၄ )
◾သာဓု
📖 ချယ်ရီ မဂ္ဂဇင်း
စက်တင်ဘာ ၊ ၁၉၈၄
📖 အနုဝင်္ကဘာ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment