❝ ဖြတ်မထား နဲဲ့ ရပ်သွားမယ် ❞
“ ဟေ .... ဒီ ကား စိမ်းနေ သလိုလိုပဲကွ ၊ တို့ အောင်လံ လိုင်း ထဲ မမြင်မိ ပါဘူး ၊ ဘယ်သူ့ ကား လဲ ”
“ အဲဒါ ကိုလှကြီး ကား လေ ၊ ဦးလေး ”
“ ဟင် ... လှကြီး က တို့ လိုင်း ထဲ ပြန် ဝင် လာပြန် ပြီလား ”
“ ဟုတ်တယ် ဦးလေး ”
ဇူလိုင်လ ၁ဝ ရက် နေ့ အောင်လံ မှ ပြည် သို့ အလာ ဘွတ်ကြီးတံတား
အလွန်ကလေး တွင် ကျွန်တော် စီး လာသော ကား ပျက် လေ၏ ။ စ တက် ကတည်း က စိတ် ထဲ တွင် တထင့်ထင့် ခင်ဗျာ့ ။ သည် ကား ပြည် ကို မှ ရောက်ပါ့ မလား ။ လမ်း မှာ ပျက် နေ မလား ။ ကား က တော်တော် ရွဲ နေပြီ ဗျာ ။ ထင်တဲ့ အတိုင်းပါပဲ ခင်ဗျာ ၊ ဂရီး ဂရပ် ထိုး ရပ်သွား ၊ ပျက်ပြီ ကား ။ နောက် က လိုက်လာ သော ကား ကို တား ၊ ဖတ်ခနဲ တက် ၊ ကံ ကောင်း ချင်တော့ ခေါင်းခန်း ထဲ က နေရာ ရ ။ ခု တက် တဲ့ ကား ကတော့ ဘာ ကောင်းသလဲ မမေး နဲ့ ။ အင်ဂျင်ပိုင်း ဘော်ဒီပိုင်း ပြော စရာ မရှိ ၊ လှချော ၊ တောင့်ဖြောင့် သန့် ဗျာ ။ သည်လို နဲ့ အုံနာ ဒရိုင်ဘာ နဲ့ စကား ပြော ဖြစ် ( ကား ပိုင်ရှင် တက် မောင်းတာ ဆိုတော အုံနာဒရိုင်ဘာ ပေါ့ ) ။
ကိုလှကြီး ဆိုတာ က ၁၉၈၀ - ၈၅ ခုနှစ် ကာလ တစ်လျှောက် ပြည် -
အောင်လံ လိုင်း မှာ မသိသူ မရှိ ၊ ကား နှစ်စီး တောင် ပိုင် တာ ဗျာ ။ နောက် အောင်လံ - မကွေး ပြေး ၊ နောက်တော့ ပျောက်သွား ၊ အခု ပြန် တွေ့ ရတော့ အောင်လံ လိုင်း မှာ ၊
ကား က ခပ်ရွဲရွဲ လူ က လည်း သိပ် မတောက် ပြောင် ။
“ ဘယ်လို ဖြစ်တာလဲ ကွာ ၊ ဒီ လူ ဒီ ရုပ် မျိုး မဟုတ်ပါဘူး ၊ သူ့ ကားတွေ ဆို
ဒေါင်ဒေါင် မြည် ”
“ မပြောတတ်တော့ပါဘူး ဦးလေး ရာ ၊ ဘယ်ရောက် ဘယ်ပျောက် ပြီး အခုမှ ဘယ်က ပြန် ပေါ် လာတယ် မသိ ”
အလုပ် ဖြစ် နေရာ က ပျောက်သွား ၊ ပျောက်သွား ပြီးမှ ပြန် ပေါ်လာ ။
ပြန် ပေါ်လာ တော့ ခပ်မှိန်မှိန် ။ ကိုလှကြီး အကြောင်း စဉ်းစား ရင်း ပြည်မြို့ဈေးကြီး ထဲ က ရုံ ( ၂ )
နှင့် ရုံ ( ၃ ) ကြား က အရိုးဂျောင်း ကို သွား သတိ ရ မိတယ် ။ အရိုးဂျောင်း ၊ တရုတ်ပိန်ကလေး ခင်ဗျာ့ ၊ သူ့ နာမည် ရင်း က ဖောင်စိန် ပါ ။ အသားခြစ် ယူ ထား ခံရသော ငါးဖယ်ရိုး ကဲ့သို့ ပိန်ပါးလှပ် အရိုးပဒေသာကလေး ဖြစ် နေ၍ သူ့ အား အရိုးဂျောင်း ဟု
ခေါ်ကြ ကုန်၏ ။
၁၉၈၃ - ၈၉ ကျွန်တော် ဥစားကြက်မတွေ မွေးတော့ ( ကျွန်တော် က
မွေး တာ မဟုတ်ဘူး ၊ လူ က ကြက် မွေးပါ့မလား ၊ သူများ ဆီ က ဥစားကြက်မတွေ ဝယ်ယူ ပြီး
ခြံ ထဲ ထည့် အစာ ကျွေးတာ ) အဲဒီ အရိုးဂျောင်းကလေး စ တွေ့ တာပဲ ခင်ဗျာ ။ သူ က ကြက်ဆေး လည်း ရောင်းတယ် ၊ လူဆေး လည်း ရောင်းတယ် ၊ ထိုးဆေးတွေ ဘာတွေ ဆို ဒိုင်လျှို ရောင်း ရတာ ၊ မှောင်ခို ခေတ် ။ သူ့ ဆိုင် တော်တော် အလုပ် ဖြစ်တယ် ခင်ဗျာ့ ၊ ကြက်သမား ( ကြက်မွေးမြူသူများ ) မှန်သမျှ သူ့ ဆိုင် မှာ ချည်းပဲ ။ ဈေး က လည်း ချို ၊ ပစ္စည်း က လဲ လတ် တော့ ဝိုင်း အားပေး ကြတယ် ။ ကြက်သမားတွေ လုပ်ကျွေး လို့ သူ တော်တော်လေး စီးပွား တက် သွားတယ် ။ အရိုးဂျောင်း အရိုးဂျောင်း နဲ့ နာမည် တော်တော် ထွက် သွားတယ် ။
မကြာဘူး ၊ အရိုးဂျောင်း ဆေးလောက ထဲ က ပျောက် သွားတယ် ။ သူ့ ဆိုင် မှာ အသားမည်းမည်း ဝဝကြီး တက် လာတယ် ။ အပြတ် ရောင်း လိုက် တာ အရိုးဂျောင်း သူ့ မိတ်ဆွေ တစ်ယောက် နဲ့ ပေါင်း ပြီး ကား ထောင် သလိုလို ကြား လိုက်တယ် ။ ပြည် - ကြို့ပင်ကောက် လိုင်း ။ တစ်ခါ တွေ့ သေးတယ် ။ ပြုံးပြုံးရွှင်ရွှင် ပြောင်ပြောင်ရောင်ရောင် ။ အရိုးဂျောင်း ဟုတ် နေပြီ ။ ငြိမ့် နေပြီ ပေါ့ ။ ကျွန်တော် ဝမ်းသာ ။ ၂၀၀၂ ခုနှစ် ကျွန်တော်
ပြည် မှာ လာပြီး အအေးဆိုင် ဖွင့် ၊ ပြည်ဈေးကြီး သို့ နေစဉ် နှယ်နှယ် ရောက် ၊
ဆိုင် အတွက် လိုအပ်သော ပစ္စည်းများ ဝယ် ။
တစ်နေ့ မုန့်ဟင်းခါး စား နေတုန်း အရိုးဂျောင်း ဝင် လာ ထိုင် ။ ကျွန်တော် မျက်စိ သေချာ ပွတ် ကြည့် ၊ အသက် ကြီး လာ တော့ မျက်စိ က မှုန်ချင် နေပြီ ။ လူ မှား ပြီး နှုတ်ဆက် မိပေါင်းများ လှပြီ ။ လူ တွေ့ တိုင်း နှုတ် မဆက်ရဲ ။ ယောက်ျားချင်း မှား တာ ကိစ္စ မရှိ ။ မိန်းမ ကို သွား နှုတ်ဆက် လို့ မှားရင် ဒုက္ခ ဗျာ့ ။ (မျက်စိ မှုန်သူများ သတိထား ) ။
သေချာပါတယ် ။ အရိုးဂျောင်း မှ အရိုးဂျောင်း အစစ် ။ ကျွန်တော အရဲစွန့် ၍ -
“ ဟယ် ... အရိုးဂျောင်း ”
“ ဟာ ... အစ်ကို ”
တော်ပါသေး၏ ။ လူ မမှားသေးဘူး ။
“ အရိုးဂျောင်း နင် ဘာတွေ လုပ် နေတုန်း ဟယ် နင့် မတွေ့မိတာ ကြာပေါ့ ”
“ ကျွန်တော် ------- ရောင်း နေတယ် ”
“ အယ် ”
ကျွန်တော် စကား မဆက်နိုင် တော့ပါ ။ သူ့ မုန့်ဖိုး ကျွန်တော် ဒကာ ခံ လိုက်ပါ၏ ။ ဘာမျှ မဆိုင် ။ အရင် အရိုးဂျောင်း နဲ့ အခု အရိုးဂျောင်း နဲ့ ဘာမျှ မဆိုင် ။ အင်္ကျီ အနွမ်း ၊ ပုဆိုး ဖင်ပေါက် နဲ့ အရိုးဂျောင်း ။ ဟိုအရင် က စိန်လက်စွပ် နဲ့ အရိုးဂျောင်း ၊ ဟန်းချိန်းကြီး နဲ့ အရိုးဂျောင်း ၊ စီးကရက် ပါးစပ် က မချွတ်သော အရိုးဂျောင်း ၊ ဘီယာ ကို ဖာလိုက် တင်၍ ကားတစ်စီး အပြတ် ငှား ကာ သူငယ်ချင်းများ နှင့် ပျော်ပွဲစား ထွက် ခဲ့သော အရိုးဂျောင်း ။ ကျွန်တော် တွေးမိပြီ ၊ သတိ ရ ပြီ ။ ယခု ကိုလှကြီး တို့ ၊ အရိုးဂျောင်း တို့ ဘဝ ပြောင်း သွားခြင်း မှာ အရှိန် ရ နေသော ၊ အောင်မြင် နေသော အလုပ် ကို ဆက် မလုပ်တော့ပဲ ရပ်ပစ်
လိုက်ကြသော ကြောင့် ဖြစ်ပါ၏ ။ ဆက် မလုပ်သော အခါ အဆက် ပြတ် သွားပါ၏ ။ မိတ်များ နှင့်
ပြတ် သွား ပါ၏ ။ အောင်မြင်မှု ရပ် သွား ပါ၏ ။ ထိုအခါ နောက်ပေါက် များ က အရှိန် ရ နေ လေပြီ ။
ကိုယ့် ကို ကျော်တက် သွားကြ လေပြီ ။ ပြန်စ ၊ ပြန်လုပ် ၊ ပြန်ဝင် သော် လည်း အရှိန် က သေ နေ လေပြီ ။
ကျွန်တော် သင်ခန်းစာ ရ လိုက်ပြီ ။ အဆင်ပြေ နေသော အလုပ် ၊ အရှိန် ရ နေသော အလုပ် ၊ အောင်မြင် နေသော အလုပ် ။ ဆက် လုပ်ပါ ၊ စဉ်ဆက်မပြတ် လုပ်ပါ ၊ အရူးအမူး သဲကြီးမဲကြီး လုပ်ပါ ။ ဖြတ် မထားပါနဲ့ ၊ ရပ် မထားပါနဲ့ ၊ သံချေး တက် သွားပါလိမ့်မည် ။ ( လုပ်ငန်း အားလုံး ကို ဆိုလိုပါ၏ ) ။ မယုံ မရှိပါနဲ့ ခင်ဗျာ ။
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment