Saturday, June 17, 2023

ငပိန့် တရားတော်ကြီ


 ❝ ငပိန့် တရားတော်ကြီး ❞ 


ကျွန်တော် သည် အိပ်ရာ က နိုးသည် ဆိုလျှင် ပင် အမြင့် ကို သွား သတိ ရသည် ။ ထို့ကြောင့် ခေါင်းအုံးရှည်ကြီး ကို တအား ဖက် လိုက် ကာ အာပုပ် ရည် တို့ ကို ဝမ်းတွင်း သို့ မျိုချ ရင်း ... 


“ အမြင့် ရယ် ... မင်း ဟာ ဒရဝမ်တွေ ဝန်းရံပြီး သံဆန်ခါ ကြား မှာ အကျယ်ချုပ် နေရတဲ့ ရတနာသူကလေး ဖြစ် နေလို့များ ကိုကိုပိန် ကို မင်း စားတဲ့ လက်သုပ်စုံ လောက် တောင် မချစ်နိုင်တော့ဘူးလား ကွယ် ၊ ဪ ဒေါက်ဖိနပ် မြင့် သူရယ် အဟီး ...” ဟု ရေရွတ် ကာ အရှက် မရှိသော မျက်ရည်တွေ ကို ဒလဟော သွန်ချ လိုက် ပါသည် ။ ထို့နောက် ခေါင်းအုံး ကို ပိုမို တင်းကျပ် အောင် ဖက် ရင်း အမြင့် အကြောင်း ကို ထပ်လောင်း စဉ်းစား နေ မိ ပြန်သည် ။


အမြင့် မှာ ကျွန်တော်တို့ မြို့ မှ ရန်ကုန်တက္ကသိုလ် တွင် သွားရောက် ပြီး အငမ်း ခံ နေသည့် ရတနာသူကလေး ပင် ဖြစ်လေသည် ။ ကျွန်တော် မှာ လည်း အမေ ပေး လိုက်သော ငန်းဆေး ကို ကွမ်းရွက်ရည် မရောဘဲ သောက်ရင်း အငမ်း ဝါသနာ ပါလာသူ ဖြစ် ရာ တက္ကသိုလ် တွင် တက်ကြွသော အစိတ် အပိုင်း မှ ငမ်း နေသူ လည်း ဖြစ်သည် ။ ထို့ကြောင့် အမြင့် နှင့် အငမ်းခံ အငမ်း စပယ်ရှယ်လစ် ကျွန်တော် မှာ တစ်ခု တည်း သော တက္ကသိုလ် တွင် တွေ့ဆုံ မိ ကြပေပြီကော ။ ( ဟဲ ... ဟဲ ... ကဗျာ မဆန်လားဗျာ ) သို့သော် အပွဲပွဲ နွဲ ခဲ့ သမျှ ခု တစ်ခါ မှ ကင်မရာကြီး ကွဲသွား ရ ရှာသည့် ဟို သတင်းထောက် လို ကျွန်တော် မှာ လည်း အမြင့် နဲ့ ကျ မှ သူ့ ကို တမ်းတမ်းစွဲ ဖြစ်ရ တော့သည် ။ အရင် ကျွန်တော် ငမ်းခဲ့စဉ် တုန်း က ဆို လျှင် ကျွန်တော် သည် မည်သည့် အမျိုးသမီး ကို မှ အတည်တကျ မပိုးခဲ့ ၊ ( ပိုး လည်း ရ မှာ မှ မဟုတ်ဘဲ ) ဒီ တစ်ယောက် က သူ့ ကို ငမ်းရ မလား ဆို၍ ဒေါက်ဖိနပ် ကို သံခွာ ကပ်ပြီး ပြလျှင် ကျွန်တော် သည် အမြီးကုပ် ၊ သွားရည်သိမ်း ပြီး ဘေးကင်း ရန်ကင်း အရပ် ရှောင် ကာ တခြား အမျိုးသမီး တစ်ယောက် ၏ မျက်စောင်း နှင့် ပါးစပ် က ပွစိ ၊ ပွစိ ဩဘာ ပေး သွားခြင်း တို့ ကို ခံယူ ခဲ့ရသည် သာ ဖြစ်၏ ။ အမြင့် ကို ဂေါ်မိ ခါ မှ ပဲ အမြင့် က လွဲ လျှင် ကျန်တဲ့ အမျိုးသမီးတွေ ကို ယောက်ျားတွေ ဟု သာ ထင် မိ ပြီး အမြင့် မှ အမြင့် ဖြစ်နေရ ပေပြီ ။ အမြင့် ကို မရ ရင် ထောက်ပံ့ရေး က နို့ချဉ်တွေ သောက်ပြီး တော့ သာ တစ်ခါ တည်း တတိယကမ္ဘာစစ်ကြီး ကို မစောင့်ဘဲ ဝမ်းလျှော သေမိမှာတော့ အမှန်ပါ ။


သို့သော် အမြင့် က တော့ သူ့ ထဘီ ကွင်းလုံး ပစ်ပြီး ထား တတ် သလို ကျွန်တော့် ကို လည်း ပစ်ပယ် လို့ ထားသည် ။ ကျွန်တော့် ကို တွေ့ ရင် ပြုံးစနဲ့နဲ့ လုပ်ပြီး ကျွန်တော် က မျက်စ ပစ်ရင် ကောက်စား သွားတာပါပဲ ။ ( အဲ ... မဟုတ်ပါဘူး ) မချိုမချဉ်လေး သာ လုပ် , လုပ် ပြီး သွားသော်လည်း ကျွန်တော့် ကို ကြိုက်ဖို့ ဆန္ဒမဲလေး ပေးပါ ဆိုတော့ “  ဟင့် ... အင်း ” ဟူ ၍သာ အမြဲ ဘူးခံ၏ ။


ခက်ပြီ ၊ ခက်ပြီ ကျွန်တော့် မှာ ၃ ခါ ကျ ကို ရင်ဆိုင် ရ မှာ ထက် ခက် သည် ။ အမြင့် ကို ရ အောင် အသံတိတ် ဆန္ဒ ပဲ ပြရတော့ မလား ။ အစာငတ်ခံ ဆန္ဒ ပဲ ပြရတော့ မလား ... ၊ နောက်ဆုံးတွင် ကား နောင်တော့် နောင်တော် ဂေါ်မစွံ တို့ ၏ လမ်းစဉ် အတိုင်း ချစ်အယူခံလွှာ တွေ သာ တစ်စောင် ပြီး တစ်စောင် တင်ရ တော့သည် ။


သို့သော် ကျွန်တော်တို့ ကျောင်းဆောင် က ဒရဝမ် ကို ရတနာဆောင် သို့ သွား ၍ အမြင့် ထံ စာပို့ခ တစ်ခေါက် လျှင် ပြည်တော်သာ ၂၅ ပြား ကျ နှင့် ကန်ထရိုက် ပေးကာ ပို့ ရသည် မှာ ငွေ ၅၀ကျော်ကျော် အသားတင် ခိုက် နေ သည့် အပြင် ပိုက်ဆံ မပေးလိုက် နိုင်သည့် ၂၉ ခေါက် အတွက် ပင် ဒရဝမ် က ကျွန်တော့် အပေါ် တွင် ကြွေး ၇ ကျပ် ၊ ၂၅ ပြား တင်သည့် တိုင်အောင် အမြင့် ထံ က တော့ ဘာ စာ မှ ပြန် မလာ ။


“ အမြင့် .. အမြင့် ၊ မင်း ကိုကိုပိန် ကို ရုရှား မျက်နှာ  အမေရိကန် မကြည့် နိုင် သလို များ မုန်းနေပြီလား ဟင် .. ၊ ကိုကိုပိန် က တော့ အမြင့် ရင်သားမို့မို့ လေး ဘရာစီယာ ချွတ် လိုက် လို့ ချပါတီလေး လို ပြားကပ် သွားပါ စေဦးတော့ မမုန်းနိုင်ခဲ့ပါဘူး ကွယ် ။ မင်း က သာ ကိုကိုပိန် ကို ချစ်တုံ့ပြန် ရင် မင်း နား နောက် က အထပ်ထပ် တက် နေတဲ့ ကြေး မည်းမည်းလေးတွေ ကို လေ အရင်ဆုံး မုတ်ဆိတ်မွေး ရိတ် တဲ့ ဓားပါးပါးလေး နဲ့ ခြစ်ခြစ် ချ ပြီး မှ ဆပ်ပြာမွှေးလေး နဲ့ တစ်ခါ တိုက် တိုက်ပြီး တော့ ကာ ညာလက်ကလေး နဲ့ အသာ တွန်း ပေး ပါ့မယ် ကွယ် ။ ညာလက် ညောင်း ရင် ဘယ် လက် ပြောင်း လို့ ကြေး စင် တဲ့ အထိ တွန်း လို့ ပေးပါ့မယ် ကွယ် ။ ကိုပိန် ကို မသနားတော့ဘူးလား ဟင် .. ၊ ကိုပိန့် အသည်း နှလုံးတွေ ဟာ ဆဋ္ဌသံဂါယနာ လိုဏ်ဂူ နား က ဆွမ်းစားကျောင်းကြီး လို ပဲ အက်ကွဲပြီး မိုးတွေ ယို ( ဘွာ .. ဘွာ ) ချစ်သွေးတွေ ယိုစီး ခဲ့ရပါပြီ ကွယ် ” 


ကျွန်တော့် မှာ အမြင့် ကို တွေ့တိုင်း ဤသို့ လည်း မျက်ရည်လေး စမ်းစမ်း ၊ နှပ်ချေးလေး ညှစ်ညှစ်ပြီး ကျော်ဆွေ အက်တင် နဲ့ တစ်မျိုး ၊ မြင့်အောင် အက်တင် နဲ့ တစ်ဖုံ ၊ ဇေယျကြီး လို တစ်ဝ ၊ မျိုး ချစ် လို နှစ်ဝ ဖြင့် အသနား ခံ ခဲ့သော်လည်း “ ရှင့် လို လူရွှင်တော် ရုပ် မျိုးတော့ တစ်သက်လုံး မစဉ်းစားချင်ပါဘူး .. ” ဟူသော အဖြေ သာ ကျွန်တော့် ခမျာ ရ ခဲ့ရ ရှာပါ သည် ။ ဪ တယ်ပြီး သနားစရာ ကောင်းတဲ့ ကျွန်တော် ပါ ဗျာ ၊ ( တစ်ပြား တစ်ချပ် လောက် သနားခဲ့ပါ .. ၊ ဒရဝမ် ကြွေး ဆပ်ချင်လို့ပါနော် ... )


ခုတော့ အမြင့် နှင့် ကျွန်တော် မှာ ကျော နှင့် ရင်ဘတ် လို နီးရက် နဲ့ အဝေးကြီး ဝေး ရပြီ ။ နွေကျောင်းပိတ် ၍ ကျွန်တော်တို့ မြို့ ကို ပြန် ရောက် သော်လည်း ဒရဝမ် စေ ၍ လည်း စာ မပို့နိုင်ပြီ ၊ လူချင်း လည်း တစ်ခါမျှ မဆုံ သဖြင့် သူမ တို့ ၏ အိမ် ရှေ့ ကို ၁ဝ ရက် နှင့် ဖိနပ် တစ်ရန် ကုန်သည့် တိုင်အောင် ဖြတ် ဖြတ် လျှောက်ပြီး ဂေါ်ရေး ပြ နေရ သော်လည်း သူတို့ အိမ် က ခွေးသားအုပ်မ ထွက် ထွက်ပြီး ဟောင်တတ်သည် က လွဲ ၍ တော့ ဘာမျှ အကြောင်း မထူး ။


အခြေအနေ မှာ အမြင့် က ဥတ္တရယာဉ်စွန်းတန်း တွင် လမ်းလျှောက် ပြီး ကိုယ်ဟန် ပြ နေသော် ကျွန်တော် က အီကွေတာ မျဉ်းကြောင်း တစ်လျှောက် မျောက်ခုန် ခုန် ကာ ပြေး ရင်း ငမ်းရတာမျိုး လို သူမ နှင့် ကျွန်တော် မှာ တွေ့ဆုံဖို့ အလွန့် အလွန် ကို ခဲယဉ်း နေပေပြီ ။ ( အမြင့် နဲ့ ကျွန်တော် မနီးနိုင်တဲ့ အကြောင်း နက်နက်နဲနဲကြီး ကဗျာ ဆန်ဆန် ရေး လိုက်တာနော် ) 


“ အမြင့် ရေ ... အမြင့် ရေ ... ဝေးကြပြီပေါ့ ကွဲ့  ၊ အဟဲ့ ... ဟဲဟဲ ... အဟီး ... ဟီး .. ဟီး ... ရွှတ် .. ဖတ် ” 


ကျွန်တော့် မှာ ကွေးရင်း တစ်ခါ ထပ်ပြီး တော့ ငိုမိ ပြန်သည် ။ 


“ ဟဲ့ ... မောင်ပိန် ဘာဖြစ်လို့ ငို နေရတာလဲ ” 


မေမေ သည် ကျွန်တော့် အခန်း တွင်း သို့ ပျာပျာသလဲ ဝင် လာရင်း မေး တော့သည် ။


ကျွန်တော့် မှာ လူကြား ထဲ တွင် အီး အမှတ်တမဲ့ ထွက်သွား သူ လို တုန်ခနဲ ဖြစ် သွားပြီး ပါးပြင် တစ်ခုလုံး မျက်ရည် အရွှဲသား နှင့် မေမေ့ ကို ပြူးကြောင် ကြောင်ကြီး ကြည့် နေ မိသည် ။ ထိုနောက်မှ အကြံရ ၍ .. 


“  ဟာ ... ဟာ ... မေမေ ... လူ အစစ်နော် ” 


“ ဟဲ့ ... ငါ လူ အစစ်မို့ နင် လူ ဖြစ်လာရတာပေါ့ ” 


“ အမလေး တော်သေးတာပေါ့ ၊ ကျွန်တော့် အိပ်မက် ထဲ မှာ မေမေ့ ကို ကျားကြီး ဆွဲသွား လို့ ဖေဖေ က ခါးတောင်း မြှောင်အောင် ကျိုက်ပြီး “ ငါ ဟဲ့ ပျူစောထီး ” ဆိုပြီး တော့ လောက်လေးခွ နဲ့ ကျား ကို လိုက် ပစ်ရင်း လမ်းဖြတ် အကူး မှာ မြူနီစီပယ် က အမှိုက်ကား ကြိတ်မိလို့ တဲ့ ။ အဲဒါကြောင့် ကျွန်တော် ရင်ဘတ် ထု ထုပြီး “ အမလေး ... ဖေဖေ ရဲ့ ၊ မြူနီစီပယ် က ကား ကြိတ်ပြီးများ သေရပုံ ဆိုးလှချည် ရဲ့ ” လို့ ဟစ် ငို နေတာ ” 


ကျွန်တော့် မှာ ပါးစပ် ထဲ တွေ့ရာတွေ စွတ် မှုတ်ပြီး ကိုယ့် ဇာတ် ကိုယ် ဖန်တီး ရင်း မျက်ရည်ကျလာသည့် အကြောင်း ကို ကာကွယ် ရ ပါတော့သည် ။ 


“ ကဲ .. ကဲ .. အိပ်ရာ က ထ ပါတော့ ၊ အမယ် ... နင့် ခေါင်းအုံး လည်း ရွှဲ လို့ပါလား ။ နင့် နှယ်ဟယ် ခု အသက်အရွယ် ကျ မှ အိပ်ရာ ထဲ သေး ပါရသေး တယ် လို့ ” 


မေမေ က ကျွန်တော် ဖက် ထားသည့် ခေါင်းအုံးကြီး ကြည့် ပြီး ပြောပြန် သည် ။ ကျုပ် အသည်းနှလုံး က စီးကျ ရတဲ့ ချစ်မျက်ရည်တွေ ကို သေး နဲ့ နှိုင်း ပြီး များ ပြောရက် သဖြင့် ကျွန်တော့် မှာ ဘေးပိတ် အကန် ခံရ သလို အောင့် သွားသည် ။


“ ဘယ်ကလာ သေး ဟုတ်ရမလဲ ၊ ဖေဖေ ကားကြိတ် ခံရလို့ ငိုတဲ့ မျက်ရည် ဗျ ” 


“ ကဲ ... ကဲ .. ထ ပါတော့ ။ ဆွမ်းခံတောင် ကြွ သွားပြီ ... ”  


“ ဖေဖေ ကားကြိတ် မခံရဘူးနော် .. ” 


ကျွန်တော် က ပျင်းတွဲ စွာ ထ ရင်း အခန်း ထဲ မှ ထွက် သွားသော မေမေ့ ကို လှမ်းပြီး ဖြီး လိုက်ပြန်သည် ။


“ ဟယ် ... မဦးမချွတ်တွေ လျှောက် ပြော ပြန်ပြီ ။ နင့် အဖေ အိမ်ရှေ့ မှာ ဦးကြံ နဲ့ တရားဆွေးနွေး နေတယ် ” 


ဦးကြံ ဆို သဖြင့် ကျွန်တော့် မှာ သူ့ မယားပါ သမီး အမြင့် ကို သွား သတိရ ပြန် သဖြင့် မတ်တတ် က ပြန်ပြီး အိပ်ရာပေါ် သို့ လဲ ကျ သွား ပြန်သည် ။ မျက်ချေး ခြောက်တွေ ကို လက် တစ်ဖက် မှ ခွာရင်း အမြင့် အကြောင်း ကို ပြန်လည် စဉ်းစား နေရာမှ ဗြုန်းခနဲ အကြံ တစ်ခု ခေါင်း ထဲ သို့ ခြေစုံပစ်ဝ င်လာသည် ။ အမြင့် ကို စွံ နိုင်ရေး တွင် ဦးကြံ မှ တစ်ပါး ကိုးကွယ်ရာ မရှိချေပြီ တကား ။ ဦးကြံ သည် အမြင့် ၏ ပထွေး ခေါ် အမြင့် အမေ ၏ နှစ်ကြိမ် မြောက် ယောက်ျား ဖြစ်၏ ။ အမြင့် ၏ အမေ အစားပုပ်ကြီး စားပိုး နင့် ၍ သေပြီး သည့် နောက်ပိုင်း ၌ ခိုကိုးရာမဲ့ အမြင့် ကို ဦးကြံ က ဆက်လက် ကျွေးမွေး စောင့်ရှောက် ထားရာ ဦးကြံ ပြော သမျှ အမြင့် လိုက်နာရမည် ဖြစ်၏ ။ ဦးကြံ ကို အကြောင်းသင့် အောင် ပေါင်း ထားပြီး အောင်သွယ် ခိုင်း က သူ့ မယားပါ သမီး အမြင့် သည် ကျွန်တော့် ရင်ခွင်တွင်း သို့  ‘ အဟင့် ၊ အဟင့် ’ ဆိုပြီး ဝင်လာရမည် မှာ မလွဲ ။ ဦးကြံ ၏ သဘောတူညီမှု ကို အရ ယူပြီး အမြင့် ကို ကိုယ်ပိုင် အဖြစ် လျော်ကြေး မပေးဘဲ တောင် အလကား သိမ်းယူ နိုင်မည် မှာ သေချာသည် ။ သိပ် ကောင်း တဲ့ အကြံ ၊ တယ် ကောင်းတဲ့ အကြံ ၊ ယခု ကျောင်းပိတ်ရက် မကုန်ခင် တစ်လခွဲ စီမံကိန်း နှင့် ဦးကြံ ကို ဒိုးတူပေါင်ဖက် ပေါင်း နိုင်အောင် ကြိုး စားပြီး အမြင့် ကို အရ တောင်း ရမည် ။


ကျွန်တော် သည် ကိုယ့် စီမံကိန်းကြီး အမြန် အကောင်အထည် ဖော်နိုင်ရေး အတွက် မကြာခင် ဦးကြံ နှင့် ဖေဖေ တရား ဆွေးနွေးရာ အနီး တွင် မယောင် မလည် လုပ် နေပါသည် ။ ဖေဖေ က သူ ကျက် လို့ ရ ထားသော တရားစာ ပိုဒ် တစ်ခု ကို ရွတ် ပြ လျှင် ဦးကြံ က တခြား တရားစာ တစ်မျိုး ကို အားကျ မခံ ရွတ်ပြ သည် ။ ကလေးတွေ အပြိုင် စာ ရွတ် သလို အော်ဟစ် နေသော သူတို့ နှစ်ယောက် ကြား တွင် နေရသည် မှာ နား သိပ် ပြီး မခံသာ သော်လည်း ကိုယ့် အကြံ နှင့် ကိုယ် ဖြစ်၍ ကြိတ်မှိတ် ပြီး နားထောင် ရ တော့၏ ။ ဖေဖေ ရုံး သွားရန် ပြင်ဆင်တော့ မှ ကျွန်တော် ၏ အခွင့်အရေး လည်း ပေါ်လာ တော့ ရာ ကျွန်တော် က ဦးကြံ အနီး သို့ ကျုံ့ကျုံ့ကလေး ဝင် ထိုင် လိုက်ပြီး သွား ဖြဲ လိုက် ရသည် ။ သို့သော် အဘိုးကြီး က သူ့ ရှေ့ တွင် တည်ခင်း ထားသော ပဲပြုတ် ဆီဆမ်း နှင့် ရေနွေးကြမ်း ကို သောက်ချင် ၍ ကျွန်တော် သူ့ အနီး ကပ် လာသည် ထင် သဖြင့် မသိမသာ မျက်စောင်းကြီး ထိုး လိုက်သည် ။ ထို့ကြောင့် သူ သံသယ ရှင်းသွား စေရန် လက်ဖက်ရည်ပွဲ နှင့် ခပ်ဝေးဝေး ကို အနည်းငယ် ရွှေ့ ထိုင် လိုက်ပြီး အဘိုးကြီး ၏ ရွှေမျက်နှာတော် ရှုံ့တွတွ ကြီး ကို သာ ပါးစပ်ကြီး ဖြဲကာ ကြည့်နေ မိ၏ ။ ဘာ က စပြီး ပြော ရမှန်း မသိ ဖြစ် နေစဉ် ... 


“ ကဲ .. ကိုကြံ ၊ ကျွန်တော် ရုံး သွား လိုက်ဦးမယ် နော် ၊ ကျွန်တော့် သား ကို တော့ တရားလေးဘာလေး ပြ လိုက်ပါဦးဗျာ ...” 


ဟူသော ဖေဖေ့ စကား ကြောင့် အတော်ကလေး အဆင် ပြေသွားပါတော့သည် ။ ထိုအချိန် မှ စပြီး ဦးကြံ သည် ငရဲပြည် တွင် ပါမင့်နစ် ရာထူး ယူ မည့် ကျွန်တော့် အား ကွက်စိပ်ဆရာ လေသံမျိုး နှင့် အော်ဟစ် ပြီး တရားရေအေး တိုက်ကျွေး ပါ တော့ သည် ။


“ အင်း ... ခု ဦး ဟော လိုက်တဲ့ တရားတွေ က မောင်တို့ လို  လူငယ်တွေ အဖို့ အဆင့်အတန်း သိပ် မြင့် နေ မှာပါပဲ လေ ။ ဒါပေမဲ့ အဲဒီ တရားတွေ ကို မလေ့လာ မီ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဆိုတဲ့ တရားတွေ လောက်တော့ အာရုံ ပြု ကြ ပေါ့ကွယ် ဟုတ်လား ” 


ကျွန်တော့် မှာ တစ်ချိန်လုံး အဘိုးကြီး ပြော သမျှ သာ ကြိတ်မှိတ် ပြီး နားသောတ ဆင် လျက် နှုတ်ဆွံ့ သော ကျောင်းသားကြီး လို တစ်ခွန်း တစ်ပါဒ မျှ ပြန် မပြောတတ် ဘဲ ‘ အင်း ’ သာ လိုက် နေရာ မှ ပြန်လည် ဆွေးနွေးဖို့ ရန် အခွင့် အရေး ပေါ်လာ တော့၏ ။


“ မှန်တာပေါ့ ဦးရယ် ၊ ကျွန်တော် လည်း ကျောင်းသား ဆိုပေမယ့် ကျောင်းစာ တွင် မကပါဘူး ၊ ဦး ပြောတဲ့ လက္ခဏာရေး ၃ ပါး လောက်တော့ အမြဲ ဆင် ခြင် နေမိပါတယ် ” 


“ အင်း .. ကောင်းပါတယ်ကွယ် ဒီလို မှ ပေါ့ ” 


အဘိုးကြီး ၏ စကား ကြောင့် ကျွန်တော့် မှာ သွေးနားထင် ရောက် ပြီး ကျွန်တော် ရှာ ရ သော တရား အဆီအနှစ်ကလေးတွေ ကို ပြန်လည် ဖောက်သည် ချ မိ တော့၏ ။


“ ကျွန်တော် ဒီ တရားတွေ ကို ဘယ်လို ဆင်ခြင်သလဲ ဆိုတာ ကို တော့ ဦး ကို ပြောပြ ဦးမယ် ။ ကျွန်တော် တို့ တက္ကသိုလ် က ခင်နန်းတင့်မူယဉ် ဆိုတဲ့ အမျိုးသမီး ဟာ ချော လိုက်တာ ဦး ရယ် ၊ အသားလေးတွေ များ မွတ်ပြီး ချောအိ နေ တာပဲ ၊ နှုတ်ခမ်းကလေးတွေ က နှင်းဆီငုံလေး လို အတင်း စုပ်ချင်စရာ လေး ၊ ဖောင်ကြီး တွေ ဆိုတာ တောင့် လိုက်တာ တစ်ပွေ့တစ်ပိုက် ကြီး ၊ လမ်း လျှောက် သွားရင် ပေါင်ကြီးတွေ များ အိပက် အိပက် နဲ့ တင်ပါးဆုံကြီးတွေ က တတုန်တုန် ၊ နောက် အဲဒီ အမျိုးသမီး ကို ကိုကိုက်ညွန့်ဖူး ဆိုတဲ့ လူ က အတင်း ကားတင် ပြီး ခိုးပြေးပါ ရော ဦး ရယ် ။ အဲဒီမှာ ကျွန်တော် က စစ်စစ်ပေါက်ပေါက်ကလေး တရား ရှာ လိုက်တာ က တော့ ဪ .. လူ ဆိုတာ ကိုယ့် ကိုယ် ကိုယ် မပိုင်ပါလား ၊ အစိုး မရပါလား ၊ သူများ ခိုးပြေး လည်း ခံ ရပါလား ၊ အနတ္တ အနတ္တ ၊ ဒီ အမျိုးသမီး ကို ကို ငမ်းခွင့် ကုန်ပါပေါ့ လား ၊ ဪ .. အနတ္တ ဆိုပြီး တရား ကျမိတယ် ။ ဒီလိုနဲ့ တစ်နှစ် လောက် ကြာလို့ ခင်နန်းတင့်မူယဉ် ကို ပြန်ပြီး ဆုံ မိတော့ တစ်ခါတုန်းက တောင့် ခဲ့ တဲ့ ပေါင် တင်း ခဲ့ တဲ့ အသားအရေ နဲ့ ကား ခဲ့တဲ့ တင်ပါးဆုံကြီး တွေ အစား ခြောက်ကပ်ကပ် အသား ၊ ပြားချပ် တဲ့ ဟိုဟာ ဒီဟာတွေ သာ တွေ့ရ ပြန် တော့ တောက် ... အနိစ္စတရား ဆိုတဲ့ မမြဲခြင်း ဟာ မှန်လှချည်လား လို့ သတိ သံဝေဂ ရ မိတယ် ။ ဒါကြောင့် ကျွန်တော် တော့ လေ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ တရားတွေ ကို တက္ကသိုလ် က အမျိုးသမီးတွေ ဆီ မှာ ပဲ အမြဲ ရှာ ပြီးတော့ ဆင်ခြင် နေ မိတာပဲ ဦး ” 


ကျွန်တော် ၏ ဒေသနာ တော် အဆုံး တွင် ကား အဘိုးကြီး က သာဓု ၃ ကြိမ် မခေါ် သော်လည်း မျက်နှာကြီး မှာ စပ်ဖြဲဖြဲကြီး နှင့် ရွှင်လန်း ပီတိတွေ ဖြစ်ပြီး နှုတ်ခမ်းမွေး ကြင်စွယ်တွေ ပင် ထိုးထိုးထောင်ထောင် ဖြစ် လာ၏ ။ ကျွန်တော် ဟောကြား လိုက်သည့် တရားမျိုး မှာ အဆီအနှစ် တွေစုပုံပြီး ကလေးကြိုက် ၊ လူရွယ်ကြိုက် ၊ အထူးသဖြင့် သက်ကြားအို တို့ အကြိုက် တရားထူးကြီး ဖြစ်ရာ အဘိုးကြီး ခမျာ လှုပ်လှုပ်ရွရွတွေ ဖြစ် လာရင်း ဆက်လက် ဟောကြား ရန် တောင်းပန်တော့သည့် အတွက် ကောင်းတာ ကလေးတွေ ရွေး ပြီး တရားရေစင် ကို ပက်ဖျန်း ရ ပြန် တော့သည် ။


အဘိုးကြီး ကွက်ကွက်ကွင်းကွင်း နှင့် တရားတွေ မြင်ပါစေတော့ ဟု ဂါလာ ( Gala ) ဖရောလစ် ( Frolic ) စသည့် မလုံ့တလုံပုံ တွေ ဖော်ပြသည့် မဂ္ဂဇင်းတွေ ကို ရှေ့ ချ ကာ နှစ်ကိုယ်ကြား တရား ပြ ရာ အဘိုးကြီး နှင့် ကျွန်တော့် မှာ နံနက် ထမင်း ငတ် ပါတော့သည် ။ အဘိုးကြီး မေးသမျှ ကျွန်တော် က ဖြေ ရ၏ ။ ဘယ်သူ့ သမီး ပေါင် ကြည့် ပြီး ဘယ်လို တရား ယူ ရသည် စသည့် နည်းနာနိဿယတွေ ကို လည်း ပြောပြ ရ ၏ ။ ထိုသို့ နှင့် ညနေ ထမင်းစား ချိန် ရောက်သော အခါတွင် ကား ကျွန်တော့် မှာ အဆာ မခံနိုင်တော့ ၍ တရား ကို တစ်ပိုင်း တစ်စ နှင့် ဖြတ်ရန် အတွက် ဦးကြံ အား ထမင်းစားချိန် ကို သတိ ပေး ရ တော့သည် ။ သို့သော် အဘိုးကြီး က ဥပုသ် စောင့် ထားသည် ဆို၍ အတင်း ပေကပ် ပြီး တရား တောင်း နေ သေးရာ နောက် တစ်နေ့ မှ ဆွေးနွေးလက်စ တရား ကို ဆက်ကြရန် အတွက် ချော့မော့ ပြီး သူ့ အိမ် သို့ ပြန် လွှတ် လိုက်ရ ပေသည် ။


နောက် တစ်နေ့ တွင် လည်း ဦးကြံ သည် ထီးကလေး တစ်ချောင်း ချိုင်းကြား ညှပ်ပြီး ကုပ်ကုပ်ကလေး ရောက် လာရာ မနေ့ က တရားထူး တွေ ကို ပင် တိုးတိုးကြိတ်ကြိတ် နှင့် ဆက်ကြ ရ ပြန်သည် ။ ကျွန်တော် က လည်း ကျွန်တော့် အကြံ နှင့် ဖြစ်၍ အဘိုးကြီး ထိုင် ရာ က မထ , နိုင်အောင် တွယ်ရ ပါ တော့သည် ။ မာရီလင်မွန်ရိုး ၏ တရကြမ်း ယမ်းသည့် တင် ၊ အက်စသာဝီလျံ ၏ ပေါင်တံ ရှည်ကြီးများ ၊ မယ်ဗမာ , မယ်တက္ကသိုလ် တို့ ၏ ရင် ၊ ခါး စသည် တို့ မှာ ကျွန်တော် ၏ တရား ရှာကွက်များ ပင် ဖြစ်ပါတော့သည် ။ နောက်ဆုံး တွင် မစွံနိုင်သော အပျိုကြီးတို့ ၏ မွေးညင်း တို့ ကို ပင် ဓာတ်ခွဲကာ တရား နှင့် ယှဉ် ကာ ပြသ လိုက်သည် ဖြစ် လေရာ အဘိုးကြီး မှာ အံ တကြိတ်ကြိတ် ရင် တခုန်ခုန် နှင့် ကျွန်တော် ၏ တရားတော်မြတ် ကို ညနေ မိုးချုပ်သည် အထိ ပင် ရိုသေကျိုး နွံစွာ နာကြား သွား ပေသည် ။


ထိုသို့နှင့် ကျွန်တော်တို့ ၏ တရား ဆွေးနွေးပွဲကြီး မှာ ၁၅ ရက် တိတိ ပင် ပြည့် တော့မည် ။ ကျွန်တော့် အကြံ မှာ လည်း မှန်းခြေ ထက် ပင် ထိရောက် နေ၏ ။ အဘိုးကြီး မှာ ကျွန်တော့် အား ဘုရား တစ်ဆူ ဂူ တစ်လုံး လို ပင် ကြည်ညို လာပြီ ဖြစ်၏ ။ ကျွန်တော့် တရားတွေ မှာ အဘိုးကြီး ၏ အကြောပေါင်း တစ်ထောင် ကို တသိမ့်သိမ့် တုန် စေခဲ့သည် သာ မက ငယ်မူငယ်သွေး တွေ ပြန်ပြီး လူပျိုလေး တစ်ယောက် လို ပင် ရှက်သွေး တွေ တောင် တဖြန်းဖြန်း ထ တတ် နေပြီ မဟုတ်ပါလား ။ ( အဲဒါ တရား အကျိုး တဲ့ နော် ... )


ဒီနေ့ တွင် လည်း ကျွန်တော် သည် အဘိုးကြီး ၏ အလာ ကို မျှော် နေ မိ သည် ။ ခု တစ်ခါ တရား ဆွေးနွေး ရင်း သူ့ မယား ပါ သမီး ကို မသိမသာ တောင်း ကြည့်မည် ။ ကျိန်းသေ ဖို့ က တော့ တယ် မလွဲ နိုင် ။ ‘  ဟင်း .. ဘယ်လောက် အကြံ ပိုင် သလဲ ။ ကျားခင်စိန် တဲ့ , အဲလေ ငပိန် တဲ့ ... ’ 


ခါတိုင်း ဝီရိယ ကောင်း လှသော ဦးကြံ မှာ ဒီနေ့မှ လာနိုင်ခဲ သဖြင့် ခြံ ဝ ကိုသာ ခဏခဏ မျှော်နေမိ၏ ။ ထိုအခိုက် ကလေး တစ်ယောက် ဝင် လာ ကာ ဦးကြံ ထံ မှ စာ တစ်စောင် လာ ပေးပါသည် ။ ‘  အဘိုးကြီး နေ မကောင်း လို့ ဒီနေ့ တရား မဆွေးနွေးနိုင်တဲ့ အကြောင်း ခွင့် တိုင်စာများ လား ... ’  ဟု တွေးရင်း စာအိတ် ကို ဖောက် ဖတ် လိုက် မိ ပါသည် ။


       မောင်မောင်ပိန်

       ဦး ... လေးစားစွာ စာ ရေး လိုက်ပါတယ် ၊ ဦး အတွက် ဒီနေ့ သိပ် အရေး ကြီး နေလို့ မလာနိုင် တာ ခွင့်လွှတ်ပါ ကွယ် ။ အကြောင်း က တော့ ဦး မယား က ပါ လာတဲ့ သမီး အမြင့် ကို သိတယ် မဟုတ်လား ။ အမြင့် က ဘော့ မောင်မောင်ပိန် ရဲ့ အကြောင်း ကို ဦး ပြော ထား လို့ သိ နေပါတယ် ။ ဦး လည်း မောင်ရင့် တရားတွေ ကို နာကြား ပြီး ခဲ့ ရတဲ့ နောက် မှာ အကြံ တစ်ခု ပေါ် လာ တယ် ။ အဲဒါ အမြင့် ကို ပြော ကြည့်တော့ ဦးလေးကြံ သဘောအတိုင်း ပါပဲ တဲ့ ကွယ် ၊ ဦးလေးကြံ က သေဆို သေ ၊ ရှင် ဆို ရှ င်ပါ့မယ် တဲ့ ။


ကျွန်တော် မှာ စာ ကို တစ်ပိုင်း တစ်စ နှင့် ဖြတ် ထား ရ ကာ ကိုယ့် ကိုယ် ကိုယ် တောင် မယုံနိုင် ဖြစ်သွား၏ ။ “ အမလေး ... အို ရတော့မယ် .. အို ရတော့ မယ် ၊ မောင်မောင်ပိန် တစ်ယောက် အမြင့်ကလေး ကို ရ လို့ အိုရတော့ မယ် ၊ အလိုက် သိ တဲ့ ယောက္ခမ တစ်ဝမ်းကွဲလောင်းကြီး က သူ့ သမီး အမြင့် ကို မတောင်းရဘဲ နဲ့ အလိုက် သိစွာ အပ် နေပြီ ။ ကျွန်တော့် အကြောင်းတွေ လည်း အမြင့် ကို ပြောထား ဆိုပဲ ။ နောက်ပြီး အမြင့် က လည်း အဘိုးကြီး စီမံရာ ကို နာခံပါ့မယ် တဲ့ ။ ကျွန်တော် မိန်းမ ရ တော့မယ်ဗျ သိလား ။ ကျွန်တော့် မှာ ဝမ်းသာ လွန်း ၍ ထိုင်နေရာ က ထ ပြီး ခုန် လိုက်ရာ ကြမ်းပြင် ပေါ် သို့ အသား လွတ် ဖင်ထိုင် လျက် ပြန်ကျ သဖြင့် မြီးညောင်ရိုး ကွဲ မတတ် နာ သွားသည် ကို အသာ ပွတ်ရင်း မင်္ဂလာ ရက်ချိန်းများ ပါ မလား ဟု ရှေ့ ဆက် ဖတ် သည် တွင် ... 


          ဦး အကြံ က တော့ မွန်မြတ်လှတဲ့ မောင်မောင်ပိန် တရားတွေ ကို မသေ ခင်ကလေး မှာ လက်တွေ့ ရှာ သွား ဖို့ပဲ ကွဲ့  ။ ဒါကြောင့် အမြင့် ရဲ့ သဘောတူ ချက် အရ ဒီနေ့ မှာ အမြင့်ကလေး ရဲ့ ဆန္ဒ အတိုင်း ပထမဦးဆုံး ရုံး တက် လက်ထပ် လိုက် ပြီးတဲ့ နောက် ဇနီးသစ်ကလေး အမြင့် ဆီ က တရားအဆီ အနှစ်တွေ ကို ဦး ကတော့ စတင် ပြီး ရှာ နေပါပြီကွယ် ... တဲ့ ။


“ သေပါတော့ ငပိန် ရယ် .. ၊ အမြင့် ကို မရ တဲ့ အပြင် နင် အာပေါက် အောင် ဟော လိုက်တဲ့ တရားတွေ ကြောင့် ဟို သက်ကြားအိုကြီး နဲ့ စွံ သွားရပါပကော ။ ကိုယ့် ရင်ဝ ကို ကိုယ့် ဖနောင့် နဲ့ ပေါက်ပြီး ပဲ သေ လိုက်ပါတော့ အောင်သွယ်ကြီး ငပိန် ရဲ့ ” 


ကျွန်တော် သည် ရင်ဝ ကို စုံ ထု ပြီး တအား ဟစ် လို့ ငို မိပါ သတည်း ။


◾လုံးမောင် ( ပုသိမ် )


📖 မြဝတီမဂ္ဂဇင်း

      ၁၉၅၈  ၊ ဇန်နဝါရီလ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment