Wednesday, June 14, 2023

ယုန် ၊ မြေခွေး ၊ လိပ်


 

❝ ယုန် ၊ မြေခွေး ၊ လိပ် ❞

ရှေးသရော အခါ တော တစ်တော ၌ ယုန် နှင့် မြေခွေး တို့ အသိ မိတ်ဆွေ ဖြစ်ကြလေ၏ ။ မြေခွေး သည် ကောက်ကျစ် စဉ်းလဲသော စိတ် ဖြင့် ယုန် ကို မကောင်း ကြံစည် နေလေ၏ ။ ယုန် လည်း မြေခွေး ၏ ကြံစည်ခြင်း ကို သိ လေ၏ ။ သိသော်လည်း မိမိ ကို မြေခွေး က ဘယ်အခါမျှ ကြံစည် ၍ ရလိမ့်မည် မဟုတ် ဟု မှတ်ထင်ပြီး အမှတ်မဲ့ ပင် နေထိုင် လျက် ရှိ လေ၏ ။

တစ်နေ့သ၌ မြေခွေး သည် ကောက်ရိုးများ ကို စုစည်း ပြီး လျှင် လူရုပ်ကလေး တစ်ရုပ် ပြုလုပ် ကာ ကတ္တရာစေးများ ဖြင့် သုတ်လိမ်း ၍ ယုန် လာမည့် လမ်း ရှိ သစ်ပင် ခြေရင်း တွင် ချ ထားကာ ချုံကွယ် မှ စောင့်ကြည့် နေလေ၏ ။ ယုန် သည် နေ့တိုင်း ကဲ့သို့ တော ထဲ မှ ပြေး ထွက် လာပြီး လျှင် လာနေ ကျ လမ်း အတိုင်း လျှောက်လာ ခဲ့ လေ၏ ။ သူ သည် လမ်းဘေး ရှိ သစ်ပင် တွင် မှီကာ ရပ် နေသည့် ကတ္တရာရုပ်မဲမဲကလေး ကို လှမ်း မြင် သဖြင့် သစ်ပင် အနီး သို့ သွား ကာ သေချာစွာ ကြည့် နေ လေ၏ ။ ကတ္တရာရုပ်ကလေး မတုန်မလှုပ် ရပ် နေသည် ကို မြင်သော အခါ ယုန် က အံ့ဩစွာ ဖြင့် “ ဟေ့ ... မင်း ဘယ်သူလဲ ” ဟု မေးလိုက် လေ၏ ။

အရုပ်ကလေး ကား ရပ်မြဲ ရပ် နေကာ ဘာမျှ ပြန် မပြော သဖြင့် ယုန် က ထပ်မံ၍ “ ငါ မေး နေတာ မကြားဘူးလား ။ မင်း ဘာကောင်လဲကွ ” ဟု စိတ်ဆိုးကာ အော်၍ မေး ပြန်၏ ။ မည်သို့ပင် အော် မေး စေကာမူ အရုပ်ကလေး မှာ တုတ်တုတ်မျှ ပင် မလှုပ်ပေ ။ ကြာသော် ယုန် သည် စိတ်ဆိုး လာ ကာ အရုပ်ကလေး အား လက်သီး နှင့် ထိုးလေရာ သူ ၏ လက် နှစ်ဖက်လုံး သည် ကတ္တရာစေးများ ဖြင့် ကပ် နေကာ ခွာ၍ မရ ဖြစ်နေ လေ၏ ။ လက် နှစ်ဖက် ကပ် နေသော အခါ သူ သည် ပို၍ စိတ် ဆိုး လာ သဖြင့် ခြေ နှစ်ဖက် နှင့် တစ်ချက် ပြီး တစ်ချက် ကန်လိုက် ပြန်လေသည် ။ ယုန် သည် လက်ခြေ များ ခွာ မရသော အခါ စိတ်ဆိုး သည် ထက် ဆိုး လာပြီး လျှင်  “ ဟေ့ ... ငါ့ လက်တွေ ခြေတွေ ကို လွှတ် ပါကွ ။ မင်း က ဘာကောင်လဲ ။ လွတ် ဆို လွတ် ကွာ ” ဟု ဆိုကာ ခေါင်း နှင့် ဆောင့် ပြန်ရာ ခေါင်း ပါ ကပ် ကာ ယုန် နှင့် ကတ္တရာရုပ်ကလေး မှာ သစ်ပင် အောက် တွင် ထွေးကာ လုံးကာ ဖြစ် နေကြလေ၏ ။

မြေခွေး သည် ယုန် ၏ အဖြစ်တွေ ကို ကြည့်ပြီး လျှင်  “ ဟား ... ဟား ... ဟား ... ” ဟု ကျယ်လောင်စွာ ရယ်လိုက် လေ၏ ။

ရယ်ပြီး မှ “ ဘယ့်နှယ်လဲ ... မောင်ရွှေယုန် ။ ငါ့ အကြံ ကို မင်း သိပြီ မဟုတ်လား ။ ဒီမှာ လေ ငါ့ ကို ကြည်စမ်းပါဦး ။ မင်း ကို ငါ မကြံနိုင်ဘူး လို့ မင်း ထင်ခဲ့တာ ။ အခု ငါ့ အကြံ ဘယ်လို ဆိုတာ မင်း သိရစေမပေါ့ကွယ် ။ မင်း ဟာ ငါ့ လက် ထဲ က မလွတ်တော့ဘူး ။ သေဖို့ သာ ပြင်ထား ” ဟု မြေခွေး က ကြိမ်းလေ၏ ။

ယုန် သည် မြေခွေး ၏ အကြံ မှန်း သိသော အခါ သေရမည် ကို ကြောက် နေလေ၏ ။ သို့သော်လည်း ယုန် က ကြောက်ဟန် မပေါ်စေ ဘဲ စိတ်တွင်း က တစ်မျိုး ကြံစည် ပြီးလျှင် “ အေးကွယ် .. ငါ လည်း အစ က မင်း အကြံ ကို မသိပါဘူး ။ ငါ သေရတော့ မှာ ပါပဲ ။ ငါ အခု မင်း လက် ထဲ ရောက် နေပါပြီ ။ မင်း ပြုချင် သလို ပြုပါ ။ ငါ့ ကို မီးရှို့ ချင် လည်း ရှို့ ၊  ရိုက်သ,တ် ချင်လည်း သ,တ်၊ ခြေလက်တွေ ဖြတ် လိုတာ ဖြင့် လည်း ဖြတ် ပေါ့ ။ ဒါပေမယ့်ကွယ် ။ ငါ့ ကို ဆူးချုံ ထဲ များ တော့ မပစ်လိုက်ပါ နဲ့ သူငယ်ချင်း ရယ် ” ဟု မျက်နှာကလေးငယ်ငယ် နှင့် ပြန် ပြောလေ၏ ။

မြေခွေး လည်း ယုန် က ဆူးချုံ ထဲ ပစ်ချမည် ကို ကြောက်မှန်း သိ ရှိ လေရာ ယုန် ကြောက်သည် ကို မှ ပြုလုပ်မည် ဟု အကြံ ရ လာ ပြီးလျှင် ယုန် နှင့် ကတ္တရာရုပ် ကို ယူ ကာ ဆူးချုံ ထဲ သို့ လွှတ် ပစ် လိုက်လေ၏ ။ ဆူးချုံ ထဲ တွင် ယုန် သည် ကတ္တရာ ရုပ် မှ လွတ် စေရန် ဆူးများ နှင့် လူးလိမ့် ပါ များသော အခါ ယုန် နှင့် ကတ္တရာရုပ် သည် တစ်ကွဲစီ ဖြစ်ကာ ယုန် လွတ်ထွက် သွား လေ၏ ။ ထိုအခါ ယုန် က ဆူးချုံ ပေါ် မှ နေပြီး လျှင်  “ ဟေ့ ... ဒီမှာ ကြည့်ပါဦးကွ ။ သူငယ်ချင်း ငါတို့ ယုန် ဆိုတာ ဆူးချုံ ထဲ မှာ မွေးပြီး ကြီး ခဲ့တာ ကွ ။ ဆူးချုံ လောက် တော့ အပျော့ ပေါ့ ဟား  ... ဟား  ... ဟား ” ဟု ရယ်ကာ မြေခွေး အား အော်ပြော လိုက်လေ၏ ။ မြေခွေး က လည်း ယုန် ကို တစ်နေ့ နေ့ တွင် ကလဲ့စား ချေဦးမည် ဟု အကြံပြု ထား လိုက် ပြန်၏ ။

ယုန် သည် နောက် တစ်နေ့ ၌ တောင်ခြေရင်း တွင် နေသော မိတ်ဆွေ လိပ် ထံ သို့ ရောက် သွား လေ၏ ။ ယုန် က လိပ် ကို စတင် ၍  “ မိတ်ဆွေ လိပ် မင်း နှင့် ငါ အပြေး ပြိုင်ကြမယ် ။ ဘယ့်နှယ်လဲ ” ဟု မေး လေ၏ ။ လိပ် က  “ အပြေး ပြိုင်တာ တော့ ဟုတ်ပါပြီ ။ ဘယ်လောက် ဝေး သလဲ ” ဟု မေး လေရာ ယုန် က “ ဟာ ... မဝေးပါဘူးကွာ ။ ခုနှစ်မိုင် ထဲ ပါ ။ နိုင်တဲ့ သူ က ထမင်းထုပ် ပေးတမ်း ။ ဒါပေမယ့် မင်း တို့ လိပ် ဆိုတာ အသွားအလာ နှေး လှ သကွာ ။ စဉ်း လည်း စဉ်းစားဦး ။ နောက် သုံးရက် ကြာတော့ ငါ လာခဲ့မယ် ဟုတ်လား ” ဟု ပြောဆို ကာ ယုန် ပြန်လာ ခဲ့လေ၏ ။

လိပ် သည် အပြေး မြန် လှသော ယုန် နှင့် ပြိုင်မည် ဟု သူ့ သားသမီးများ နှင့် တိုင်ပင် နေလေ၏ ။ လိပ် ၏ သားသမီးများ က “ ယုန် ကို မနိုင်မှာတော့ မပူပါနှင့် အဖေ ။ ယုန် ဟာ အင်မတန် အ ပါတယ် ။ ပြိုင် သာ ပြိုင်ပါ ။ယုန် ကို နိုင်အောင် ဘယ်လို လုပ်မလဲ ဆိုရင် ကျွန်တော်တို့ သားသမီး ခြောက်ယောက် မှတ်တိုင် တစ်ခု စီ ရဲ့ နောက် မှာ ပုန်း နေကြမယ် ။ ယုန် ပြေး လာတာ မြင်တာ နဲ့ တစ်ပြိုင်နက် ကျွန်တော်တို့ က ပုန်းနေရာ က ထွက် ပြီး သူ့ ရှေ့ က ပြေး ပြ ကြရမယ် ။ ယုန် ဟာ ကျွန်တော်တို့ ကို မှတ်မိ မှာ မဟုတ်ပါဘူး ။ အဖေ နဲ့ ကျွန်တော် တို့ ဟာ ရုပ်ချင်း တစ်ပုံ ထဲ ဖြစ် နေ တော့ ကျွန်တော် တို့ ကို မြင် ရင် အဖေ က သူ့ ရှေ့ မှာ ပြေး သွားတာ လို့ ပဲ ထင်ပါ လိမ့်မယ် အဖေ ” ဟု အကြံ ပေး ကြလေ၏ ။

သုံးရက် မြောက် သော နေ့ ၌ ယုန် သည် ထမင်းထုပ် ကို ယူကာ လိပ် ဆီ သို့ ရောက် လာလေ၏ ။  “ ဘယ့်နှယ်လဲ အဆွေ လိပ် ။ အပြေး ပြိုင်မယ် မှတ်လား ” ဟု မေးလေရာ အကြံ ရှိထားသော လိပ် လည်း “ ပြိုင်မယ် လေ ... ခုပဲ စ ပြေးကြတာပေါ့ ။ ဟောဒီမှာ ကျုပ် ကလည်း ထမင်း တစ်ထုပ် ယူ ခဲ့မယ် ။ နိုင်သူ က ယူ စတမ်းနော် ” ဟု ဆိုလိုက်လေ၏ ။ ယုန် ၏ စိတ် ထဲ ၌ အသွားအလာ နှေး လှသော လိပ် အား ငါ ဒီနေ့ အောင်နိုင်ရလေတော့မည် ဟု တွေးကာ စ ၍ ပြေး လေ တော့၏ ။

လိပ် သည် ယုန် ၏ နောက် မှ မှန်မှန်ပင် လိုက်လာခဲ့လေ၏ ။ မှတ်တိုင် ( ၂ ) အနီး သို့ ရောက်သော အခါ ပုန်းကွယ် နေနှင့်သော လိပ် တစ်ကောင် ထွက် လာ ကာ ယုန် ရှေ့မှ နေ၍ သွား နှင့် လေ၏ ။ လိပ် သွား နှင့် သည် ကို မြင်သော ယုန် သည် အံ့အားသင့် နေ လေ၏ ။

“ ဘယ့်နှယ့်လဲ ။ ဒီလို ဆိုတော့ လိပ် က ငါ့ ထက် ပဲ မြန် နေ ပါ သေး ကလား ။ ဒါပေမယ့် ပန်းတိုင် ကို တော့ ငါ ပဲ အရင် ရောက် မှာ ပါလေ ” ဟု တွေးကာ ယုန် သည် ခပ်သုတ်သုတ် ပြေးခဲ့ ပြန် လေ၏ ။

မှတ်တိုင် ( ၃ ) သို့ ယုန် ရောက်သော အခါ၌ လည်း ပုန်းအောင်း နေသော လိပ် တစ်ကောင် သည် ထွက် လာ ကာ ယုန် ရှေ့ က နေ ပြေး နှင့် ပြန် လေ၏ ။ ယုန် သည် လိပ် ကို မမှတ်မိသည့် အတိုင်း အံ့အားသင့် ကာ ငေး ၍ ပင် ကြည့် နေ မိလေသည် ။

“ ဘယ့်နှယ်လဲ ။ ဒီလောက် နှေး လှတဲ့ လိပ် ဟာ ဘာကြောင့် ငါ့ရှေ့ က ရောက်နေပါလိမ့် ။ ငါ့ ခြေများ က ပဲ နှေးလေရော့ သလား ” ဟု တွေးကာ ကြိုးစား ၍ ပြေးပြန် လေ၏ ။ ဤသို့ မှတ်တိုင် ( ၅ ) သို့ ရောက်သော အခါ ယုန် သည် သူ့ ရှေ့ က သွား နေ နှင့်သော လိပ် တစ်ကောင် ကို ကြည့် ကာ အံ့သြ၍ နေ လေ၏ ။ ဤမှာလည်း မောလှပြီ ဖြစ်သော ယုန် သည် လိပ် ကို နိုင်လိုလှ ရကား နား မနေသေးဘဲ တအား သွန် ၍ ပြေး ပြန်လေ၏ ။

နောက်ဆုံးတွင် မှတ်တိုင် ( ၇ ) တိုင် အနီး သို့ ရောက်သော အခါ ယုန် သည် မောပန်းစွာ ပြေး နေရာမှ သူ့ ရှေ့ ၌ တလှုပ်လှုပ် သွား နေသည့် လိပ် ကို မြင်ရ လေ၏ ။ ထိုအခါ ယုန် လည်း လိပ် ကို မီ ရန် တအား သွန် ၍ ပြေး ရာ အမော ဆို့ ကာ မှတ်တိုင် မရောက်မီ လဲကျ သွား လေ တော့သည် ။

ယုန် သည် သတိ ရ ၍ မျက်လုံး ကို ဖွင့် ကြည့် လိုက်သော အခါ ထမင်းထုပ် ကို ရွက်ကာ ထွက်သွားပြီ ဖြစ်သော လိပ် ကို လှမ်း မြင် လိုက်ရ လေ၏ ။ ယုန် သည် လိပ် နှင့် အပြေး ပြိုင်ရာ ၌ ရှုံး ရသည့် အတွက် သူ စားရန် ရှာ ထားသည့် ထမင်းထုပ် ပါ ဆုံးရှုံး ရ လေသည် ။

ယုန် သည် ထိုနေ့ အဖို့ စားစရာ အစာ မရှိသည့် အတိုင်း တော ထဲ တွင် လှည့်လည် ၍ ရှာဖွေ နေစဉ် မိတ်ဆွေ မြေခွေး နှင့် သွား တွေ့ ပြန်၏ ။ ယုန် ကို မြင်သော အခါ မြေခွေး က ပြုံးရွှင်စွာ ဖြင့် “ ဘယ်က လာပါသလဲ မောင်ရွှေယုန် ” ဟု နှုတ်ဆက် ရင်း မေးလေ၏ ။ ယုန် က လည်း လိပ် နှင့် ရှုံးခဲ့ရသည် ကို မပြောလို ဘဲ “ ကျုပ် ဘယ်က မှ လာတာ မဟုတ်ပါဘူး ။ အစာရှာဖွေ နေတာပါ ။ တော ထဲ မှာ သစ်သီးများ ရ မလားလို့ ” ဟု ပြန် ပြော လိုက်၏ ။ မြေခွေး က “ သစ်သီး က ဘာ ကောင်းလို့လဲ မိတ်ဆွေ ။ တစ်ခါတစ်ရံ ငါးကလေး ပုဇွန်ကလေး တစ်လှည့် ရှာပါဦးလား ။ ဟောဟို မြစ်ကမ်းနဖူး မှာ ငါးတွေ အလွန် ပေါ တယ် ” ဟု ပြောလေ၏ ။ ထိုအခါ ယုန် သည် ငါး စားချင်လာသည် နှင့်  “ ငါး ရအောင် ကျုပ် က ရှာ တတ်တာ မဟုတ်ဘူး ။ မိတ်ဆွေ ကျုပ် စား ဖို့ မိတ်ဆွေ ရှာ ပေး ရင်တော့ ကျေးဇူး ကို မမေ့ပါဘူး ” ဟု ပြောသော အခါ မြေခွေး က  “ ငါး ကို နေ့ မှာ ရှာလို့ မရဘူး မိတ်ဆွေ ။ ည ည မှာ မှ ရှာလို့ ရတာ ။ ငါး ရှာဖို့ရာ မခက်ပါဘူး ။ ည ကျရင် မြစ်ကမ်းနဖူး မှာ နောက်ပြန် ထိုင်ပြီး အမြီး ကို ဟောဒီလို ဟောဒီလို ရေ ထဲ မှာချပြီး ခဏ စောင့် နေ ရုံပါပဲ ။ ခဏ ကြာ ရင် ငါးတွေ အမြီး ကို လာပြီး တွယ်ကြ လိမ့်မယ် ။ အဲဒီအခါ မှာ မိတ်ဆွေ ရဲ့ အမြီး ကို ဟောဒီလို ကုန်း ပေါ် ကို မပြီး တင် လိုက် ၊ ငါးတွေ ကုန်းပေါ်  မှာ တင်ကျန်ရစ် လိမ့်မယ် ။ ကဲ ... ကျုပ် သွားလိုက်ဦးမယ် နော် ” ဟု ဆိုကာ မြေခွေး ထွက်သွား လေ၏ ။ ယုန် သည် တစ်နေ့ပတ်လုံး အစာ ရှာ မရသဖြင့် ည ရောက်သော အခါ ငါး ရှာရန် ကြံစည် နေ၏ ။ ပထမ ၌ ယုန် သည် ရေ ထဲ သို့ သူ့ အမြီး ကို ချရန် ကြောက် နေ လေ သဖြင့် ကမ်းနဖူး မှာ ထိုင် နေလေ၏ ။ ယုန် ၏ အမြီး မှာ မြေခွေး ၊ ကြောင် ၊ ကျား စသော သတ္တဝါတို့ ၏ အမြီး ကဲ့သို့ပင် ရှည်သည် ဖြစ်ရကား သူ သည် တွေး နေရာမှ သူ့ အမြီး ကို အသုံးပြု လို စိတ် ဖြစ်ပေါ်လာသည် နှင့် ရေ ကို မကြောက်တော့ ဘဲ မြစ်ကမ်းနဖူး တွင် နောက်ပြန် ထိုင်ကာ အမြီး ကို ရေ ထဲ သို့ ချထားလိုက်လေ၏ ။ ယုန် သည် “ ငါ့ အမြီး ကို ငါး လာ တွယ် လေ မလား ” ဟု တွေးရင်း ထိုင် နေ လေရာ ညသန်းခေါင် အချိန် သို့ ရောက်ရှိ သွား လေ၏ ။ ည မှောင်မိုက် ထဲ တွင် လေ လည်း အလွန် တိုက် သဖြင့် ယုန် သည် ငါး စောင့်ရင်း ချမ်း လာ လေတော့သည် ။ မြေခွေး ပြော သကဲ့သို့ စောင့် နေပါ သော် လည်း ငါး ဆို၍ တစ်ကောင် တလေ မျှ လာ မတွယ်သည့် အပြင် လေအေး မိ ပြီးလျှင် ယုန် မှာ အဖျား တက်လာ လေတော့သည် ။ ထို့ကြောင့် ယုန် သည် ပြန်တော့မည် ဟု ထိုင် နေရာမှ ထ လိုက်လေ၏ ။

ယုန် သည် ထ ၍ မရပေ ။ သူ့ အမြီး ကို ရေ ထဲ မှ ဆွဲယူ ၍ မရသဖြင့် ပထမ ၌ ယုန် ၏ စိတ် မှ “ ငါ့ အမြီး ကို ငါး တွေ လာတွယ် နေကြပြီ ” ဟု ထင် ကာ နောက် တစ်ဖန် ထ ကြည့် လိုက်ပြန်၏ ။ ယုန် ၏ အမြီး ကား ရေ ထဲ မှ ဆွဲယူ၍ မရနိုင်ပေ ။ ယုန် သည် သူ့ အမြီး ကို အင်အား ရှိသမျှ နှင့် ရုန်း၍ ဆွဲ၏ ။ နောက် တစ်ကြိမ် ရုန်းလိုက် သော အခါ ယုန် ၏ အမြီး မှာ ရေ ထဲ တွင် ပြတ် ၍ ကျန်ရစ် ခဲ့ လေတော့သည် ။ မြစ် ထဲ တွင် ည အချိန် ၌ ငါးမန်းများ ရှိလေရာ၊ ထို ငါးမန်းများ ရှိရာ သို့ မြေခွေး က ညွှန် လိုက်သောကြောင့် ယုန် ၏ အမြီး မှာ ငါးမန်း ကိုက်ခြင်း ကို ခံ ရကာ အမြီး ပြတ်ကလေး ဖြစ်သွားရ လေသည် ။ ထို့ကြောင့် ယုန်များ သည် မြေခွေး ၊ ကြောင် ၊ ကျား တို့ ကဲ့သို့ အမြီးရှည်များ မဟုတ်တော့ဘဲ ယနေ့ ထက်တိုင် အမြီးတိုကလေးများ သာ ရှိနေကြခြင်း ဖြစ် လေသည် ။

◾နုယဉ်

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၆၊ ဇူလိုင်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment