❝ အလွန် အလုပ်များသူ ❞
ကိုမောင်ချို သည် နေ ထန်း တစ်ဖျား ခန့် မြင့် နေပြီ ဖြစ်သော်လည်း အချိန် ဘယ်လောက် ရှိပြီလဲ ဟု မော် မကြည့်အား သေး ပေ ။ အပေါက် တစ်ရာ ၊ အဖာ က ဗရပျစ် နှင့် မည်းညစ် ၍ နေသော သူ့ စက်ဘီး တာယာ လေလုံး ဖြင့် အလုပ်များ လျက် ရှိသည် ။
ဒေါက်ခွ မရှိသော စက်ဘီး ကို နွား သောက် သော ထန်းပင်မြစ်ဆုံ ရေစည် တွင် မှီ လျက် နောက်ဘီး တာယာ လေလုံး ကို ထုတ် ကာ ရေအင်တုံ ပဲ့ တစ်ခု ၊ ကတ်ကြေး တစ်လက် ၊ တံစဉ် တစ်ချောင်း ၊ ကော်ရည် တစ်ခွက် ၊ လေထိုးပိုက် တစ်လုံး နှင့် နံနက် မိုး မလင်းမီ က ပင် သူ ထ ၍ ဖာ ခဲ့သည် ။ မီးခွက် သည် မီးငြိမ်း ၍ ပြီးသော်လည်း သူ့ အနီး မှာ ရှိ နေ သေးသည် ။
သူ့ စက်ဘီး လေလုံး မှာ ပေါက်ရာ ဖာရာ က များ လှသည့် အထဲ ကော်ရည် က နိုင်ငံခြား မှ လာသည့် မူလပစ္စည်း မဟုတ်ဘဲ တမာစေး ကို ကျို ထား ရခြင်း ဖြစ် လေရာ တယ်ပြီး ရေရာသည် မဟုတ်၍ ယခု လောက် ခဲယဉ်း နေခြင်း ဖြစ် ပေသည် ။ သို့သော် ကိုမောင်ချို သည် ဇွဲ က တော့ လျှော့ တတ်သူ မဟုတ် ။ ဒီ ပစ္စည်း နဲ့ ဒီ ပစ္စည်း ဟာ ပဲ အရင် က လည်း ရ ဖူးတာ ၊ ခုလည်း ရတယ် ဟူသော ယုံကြည်ချက် ဖြင့် သဲသဲမဲမဲ ကြိုးစား နေခြင်း ဖြစ်သည် ။ သည် အထဲ လေထိုးပိုက်ကျွတ် က လည်း ခဏခဏ လေ ချော် တတ် သေးသည် ။
ယင်းအခိုက် အိမ်ရှေ့ လမ်းမ မှ နွားလှည်း တစ်စီး ရပ်သံ နှင့် အတူ
“ ကိုမောင်ချို ရ ၊ ခင်ဗျား စက်ဘီး က ခုထိ ဖာမရသေးဘူးလား ”
ဟူသော နှုတ်ဆက်သံ ကို ကြား ရ မှ မော် ကြည့် လိုက် မိ ကာ ...
“ ဟာ မောင်ခွေး ၊ နောက်ချေး ချ တစ်ခေါက် က ပြန်လာခဲ့မှ ကိုး ကွ ... ”
“ အေးဗျာ ၊ ခင်ဗျား ကော မြို့ သွားဖြစ်ဦးမှာ လား ...”
“ သွားဖြစ်အောင် ဒီ စက်ဘီး ဖာ နေတာပဲ ကွာ ..”
သူ သည် စက်ဘီး ကို ဆက် ပြီး ဖာမြဲ ဖာ နေ၏ ။ သည်နောက် ဘီး က ခဏခဏ ဒုက္ခ ပေး နေ၏ ။ ရှေ့ဘီး က တော့ ဒုက္ခ ငြိမ်း သွားပါပြီ ။ တာယာ ရော ကျွတ် ရော ချွတ်ပြီး မြင်းလှည်းဘီး က ရော်ဘာတာယာ အဟောင်း တစ်ခု ကို ပြုပြင် တပ်ဆင် လိုက်သောကြောင့် ဖြစ်၏ ။ သို့ဖြင့် ရှေ့ဘီး က ကျွတ် ကို ကောင်းသော အပိုင်း ဖြတ် ယူ ကာ နောက်ဘီးကျွတ် နှင့် ပေါင်း သုံး ခဲ့၍ အတော်ကလေး ဟန် နေ ခဲ့သည် ။ ယခုမှ ခဏခဏ ချူချာ လာ ပြန် တော့ ပြည်သူ့ပစ္စည်းဆိုင် မှာ လျှောက် ထားတာ ရ လျှင် ရ ၊ မရလျှင်တော့ “ ရှေ့ဘီး လို ပဲ ဆောလစ် ပဲ စွပ်ရတော့မှာပဲ ” ဟု မောင်ချို အောက်မေ့ မိ၏ ။ ဂျပန်ခေတ် တုန်း က လို ပေါ့ လေ ။
ကိုမောင်ချို သည် ရွာ တွင် လယ်ယာခြံမြေလုပ်ငန်း ပါးလျား သော အခါ လည်းကောင်း ၊ အားသော အခါ လည်းကောင်း မြို့သို့ သွား၍ ဆေးလိပ် ရုံ တစ်ခုမှာ ဆေးရိုး လှော်ခြင်း ၊ ဆေးစပ်ခြင်း အလုပ် ကို နေ့စား လုပ် ရ သည် ။ သူ့ တွင် လယ်မြေဝေခြမ်းရေး မှ ငါးဧက ရ ထား သော်လည်း ဒီ ငါး ဧက စပါး စိုက်ရုံ ဖြင့် သူ့ အိမ်ထောင် ဝမ်းစာရေး ကို မလောက်ပေ ။ ထို့ကြောင့် သစ်ပင် လှဲခြင်း ၊ ထင်းခွဲခြင်း က အစ ရရာ အလုပ် ကို လုပ်ရ သေးသည် ။ သူ့ ဇနီး နှင့် သူ့ သမီး က လည်း ရက်ကန်းစင် ကို ကိုင်ရ သေးသည် ။
ဆွမ်းတော် ဗျို့ ။
မောင်ခွေး ထွက်ခွာ သွားပြီး မှ ဒုတိယ အကြိမ် ကိုမောင်ချို ကို လှုံ့ ဆော် လိုက်သော အသံကား အိမ်ရှေ့ ဆွမ်းခံ ရောက် လာခြင်း ဖြစ်ပေ သည် ။ ဒီအခါ တော့ ကိုမောင်ချို မနေသာ တော့ပါ ။ ဆွမ်းခံကျောင်းသား ကလေး တွေ လှမ်း ကြည့်လိုက်ပြီး “ ဟာ .. ဆွမ်းခံ တောင် ရောက်ပြီ ၊ စက်ဘီး က လည်း ဖာ မပြီးသေး ၊ ဒီနေ့ မြို့ သွား လို့တော့ ဖြင့် မဖြစ်တော့ ဘူး ” ဟု အားလျှော့ လိုက် ကာ ထိုင်ရာ မှ ထ လိုက် တော့သည် ။ ကိုယ် ကို ဘယ်ညာ ယိမ်း ၍ အညောင်း ဆန့် လိုက် ပြီး နွားရေစည် ထဲ မှ ရေဖြင့် မျက်နှာ ကို ပွတ်သပ် ၍ ခေါင်း တွင် ပေါင်း ထားသော ပုဆိုးဟောင်း ချွတ် လျက် အိမ်ရှေ့ နေရောင်ကာ ကပြင် တွင် ရက်ကန်းစင် ၌ ရှိ နေသော သမီးထွေး အား ...
“ လုံမ ရေ .... ငါ့ ကွမ်းထုပ်ကလေး ပေးစမ်း ဟေ့ ”
ကိုမောင်ချို သည် ကွမ်း မပြတ် ငုံလေ့ ရှိသူ ဖြစ်၍ သူ့ မှာ ကွမ်းထုပ် မည်းညစ်ညစ်ကလေး အမြဲ ရှိသည် ။ အထဲ တွင် ကွမ်း ရယ် ၊ ထုံး ရယ် ၊ ကွမ်းသီး ရယ် ၊ ဆေးရွက် ရယ် ။
ကိုမောင်ချို သည် သမီးလေး လှမ်း ပေး လိုက်သော ကွမ်းထုပ် ကို ထန်းမြစ်ဆုံစည် နှုတ်ခမ်း ပေါ်တွင် တင် ဖြေ ၍ ကွမ်း ယာ ရင်း စဉ်းစား၏ ။
ဒီနေ့ မြို့ တော့ မသွားနိုင်တော့ဘူး ။ အိမ် လုပ်စရာတွေ ထဲ က တစ်ခု ခု လုပ်ရတော့ မှာ ပဲ ။ သက်ကယ် ပစ် ဖို့ လည်း ရှိ၏ ။ မိုးဦးကျ ဂုန်လျှော် စိုက်ရန် နောက်ဖေးခြံ အမှိုက် ချ ဖို့ လည်း ရှိ၏ ။ ဟို ပေါက်ပြားရိုး ကျိုး နေတာ လည်း ပြန် တပ် ရ ဦးမည် ။ မနေ့ ည က ပေါက်လက်စ ထင်းတုံး ကော ရှိ နေသေး ။
သူ့ အတွေး မဆုံးမီ ကွမ်း ယာ ပြီး ၍ ပါးစပ် ထဲ ငုံကာ နောက်ဖေး ဘက် ထွက် လာ မိလျက် ထန်းလက်ခြောက် လေခတ်သံ ကြား ရ ၍ ခြံစပ် မှ ထန်းပင် ပေါ် မော့ ကြည့် လိုက်မိတော့မှ အခု ဘာ လုပ်ရတော့မည် ကို ဆုံးဖြတ်ချက် ချ မိတော့လေ၏ ။
“ ဟာ .. မမြင့် ရေ ... ထန်းခိုင်ကလေးတွေ သီးလုံး တောင် ပေါ် နေ မှ ဒီ ထန်းပင် တက် မှ ဖြစ်တော့မယ် ဟေ့ ”
မီးဖိုချောင် ထဲ ရှိနေသော သူ့ မိန်းမ ကို လှမ်း ပြောလို က်လေသည် ။ မမြင့် ကား သူ့ လင် ပြော တာ ကို ကြားသည် ဖြစ်စေ ၊ မကြားသည် ဖြစ်စေ ဘာမျှ ပြန် ပြောလေ့ မရှိပေ ။ ကိုမောင်ချို က သာ ထန်းပင် ကို လှည့်ပတ် မော့ ကြည့် ကာ ဆက် ၍ ပြော၏ ။
“ ဒီနှစ် ထန်း တော်တော် ထွက် မှာပဲ ကွ ၊ အဆင်သင့်ပဲ ဟေ့ ၊ ကျေးတောင်စိုက် ရော ၊ တောက်တဲ့ခေါင်း ရော ”
ထန်းလက် ၊ ထန်းခွာ ကြား မှ ထွက်ပြူစ ထန်းစကလေး သည် ကြက်တူရွေးတောင် ကဲ့သို့ စိမ်းမြနေ၍ ‘ ကျေးတောင်စိုက် ’ တဲ့ ။ ထို ကျေးတောင်စ အောက် မှ သီးတံအစွန်ကလေး ပေါ် လာတော့ တောက်တဲ့ ခေါင်းပြူ လာသည် နှင့် တူ၍ ‘ တောက်တဲ့ခေါင်း ’ တဲ့ ။ ဤမှ တစ်ဆင့် ခိုင်တံ ထွက် ပြီး သီးလုံးကလေးတွေ ပီသ လာတော့ ‘ သီးလုံးပေါ် ’ ။
ထန်းမ ကို ထန်းရည် ချ ရာ တွင် ဤ သီးလုံးပေါ် က စ ၍ ကိုင် ရ လေ သည် ။ ထို့ကြောင့် ကိုမောင်ချို က အဆင်သင့်ပဲဟေ့ ပြော ခြင်း ဖြစ်သည် ။ ယခု နှစ်စ မျှ သီးလုံး ပေါ်က စ ၍ ထု ၊ ဤ အခိုင်ကလေးများ လှီး ဖြတ် ရ တော့ တောက်တဲ့ခေါင်း က သီးလုံး ပေါ် ဖြစ်လာမည် ။ ကျေးတောင်စိုက် က တောက်တဲ့ခေါင်း ထွက် လာမည် ။ ထန်း ၄ - ၅ - ၈ စသည် ဤနှုန်း ဖြင့် အလျဉ်းသင့် ဖြစ်လာ ပေသည် ။ တစ်ပတ် အတွင်း မှာ ထန်းရည် ကျ တော့မည် ။
ကိုမောင်ချို သည် ကာလသား ထန်းတက်သမား တစ်ယောက် ဖြစ်ခဲ့သည် ။ ရှေးယခင် က ထန်းပင်ပေါင်း အစိတ် ၊ ၃၀ တက် ၍ အသက် မွေး ခဲ့ ဖူးသည် ။ ထန်းသမား အလုပ် သည် ဘာ ပြောပြော ကျေးရွာ တွင် ငွေကြေး ချောင်လည် ၍ မျက်နှာ ပွင့်လင်း သူ ဖြစ်သည် ။
“ ထန်းရည် သောက်တတ်တဲ့ လူတွေ ဆိုရင် ကိုယ့် အောက် က ချည်း ပေါ့ကွ ၊ ငါ ထန်းပင် ပေါ်နေတုန်း သူတို့ က အောက်က လာလာပြီး ရဦးမလား ၊ တစ်ပုလင်း ပေးပါ ၊ နှစ်ပုလင်း ပေးပါ နဲ့ တောင်းရသကိုးကွ ၊ ဟဲ ... ဟဲ”
ကိုမောင်ချို ၏ ပြက်လုံးရွှင်လုံးကလေး ဖြစ်သည် ။ ကျေးရွာ တွင် ထန်းတက်ခြင်း အလုပ် ကို ‘ အထက်တန်းစားအလုပ် ’ ဟူ၍ လည်း ပြော တတ် ကြသည် ။
ယင်း အလုပ် ကို ကိုမောင်ချို မက်မော ခဲ့ပါ၏ ။ သို့သော် ယခု အသက် ၅ဝ ကျော် လာ တော့ ဇရာချဉ်း လာသော သူ ၏ ခြေလက် အင်္ဂါ တို့ က ထန်းပင်ပေါင်း များစွာ တို့ အား ပင်တိုင်းစေ့ နံနက် တစ်ကြိမ် ၊ ညနေ တစ်ကြိမ် ဆင်း တက် ရန် တို့ ကို ငြင်းဆို လာ လေသည် ။ ထို့ကြောင့် သူ သည် ထန်းတက် အသက်မွေးခြင်း အလုပ် ကို စွန့်လွှတ် လိုက် ရကား တစ်နှစ် မှာ တစ်ပင် နှစ်ပင် လောက် သာ ကိုယ် သောက်ဖို့လေး လည်း ရ ၊ ဟင်းလျာဖိုး လည်း ရအောင် ကြိုးပမ်းခြင်း ဖြစ်လေသည် ။
ကိုမောင်ချို သည် ထန်းပင် ကို လှည့်ပတ် ကြည့်ရှု ပြီး နောက် သူ့ ဇနီး ရှိ ရာ မီးဖိုချောင် ဆီ သို့ ပြန်လာ ခဲ့ပြီး ...
“ ပေးစမ်းဟေ့ ... ငါ့ ဓားမ ၊ သွေးရဦးမယ် ၊ သွေးပြီး မောင်းတက်ဝါး သွား ခုတ် ရမယ် ”
ရေကပြင် မှ သူ့ ဇနီး လှမ်း ပေးသော သူ ၏ လက်သုံးတော် ဓားမကြီး ကို ယူ ခဲ့ကာ ဓားသွေးကျောက် ထား ရာ အိမ်ရှေ့ မှ ထန်းမြစ်ဆုံစည် အနီး မှာ ပဲ လာ ၍ သွေး လေသည် ။ ထိုအချိန် ၌ ဝက်ခြံ ထဲ မှ လွှတ်လိုက်ပြီ ဖြစ် သော ဝက်ကလေး လည်း ဤ ရေစည် အနီး မှ ကျင်း မှာ လာ ၍ လူး နေသည် ။ သူတို့ အိမ် မှာ ဝက် တစ်ကောင် ရှိသည် ။
“ ဟား ... ဗိုလ်ချို ၊ သွေးလှချေလား ဓား ၊ အနား က စုဘူး ဖောက် တော့ မလို့လား ”
ဝက် ကို ကျေးရွာသား တို့ ၏ စုဘူး ဟု လည်းခေါ်သည် ။ ကိုမောင်ချို သည် လမ်း မှ လူ ကို လှမ်း ကြည့်၍ ...
“ ဟုတ်ပါဘူး ကွာ ၊ ခုနှယ် ဒီ စုဘူး ဖောက်လို့ ဘယ်လောက် ရမှာလဲ ၊ အလွန်ဆုံး ၂ဝ ထွက် တော့မပေါ့ ”
“ တောက် ... ကောင်းတော့ ဒီ အရွယ် မှ ကောင်းတာဗျ ”
“ ဟာ .. ဘယ် ပြောကောင်းမလဲ ၊ ရေဆူ ခပ်စားရုံပေါ့ ”
ဆိုပြီး မှ သူ သတိရ ၍
“ ဪ .. အဆင်သင့်ပဲ ဟေ့ မောင်တင်လေး ၊ ငါ မောင်းတက်ဝါး လိုချင်လို့ ကွ ၊ မင့် အိမ် နောက်ဖေး က ဝါးနက်ရုံ မှာ အတက် ကောင်းကောင်း နဲ့ ရှိမယ်လား ”
“ ရှိပါ့ဗျား ... ဘာလုပ်ဖို့လဲ ”
“ နောက်ဖေး ထန်းပင် ကိုင်တော့ မလို့ကွ ”
“ ဟာ .. ထန်းရည် တက်ဖို့ ဆို ခုတ် ၊ ကြိုက်သလောက် သာ ခုတ် ”
“ အေး ... ဒါနဲ့ မင်း ဘယ်သွား မလို့လဲ ”
“ တောင်ပိုင်း ကို ”
“ ဒါဖြင့် သာကျော်ကြီး ရှာပြီး လွှတ်လိုက်စမ်းကွာ ၊ ထန်းပင် မောင်းတက် ဆွဲတော့ သူ့ ကူခိုင်း ရဦးမယ် ”
ကိုမောင်ချို သည် ဓား ကို အားရပါးရ သွေးသည် ။ ထန်း ကိုင် ရမည် ဆို တော့ ဓား ပြတ် ဖို့ အလွန် လိုသည် ။ ဤ ဓားမ သွေးပြီး နောက် ထန်းလှီး ဓား ကို ခြေသလုံးမွေး ကျအောင် သွေးရ ဦးမည် ။ အင်း ... ဒီနေ့ တော့ မလိုသေးပါဘူး ။ ပထမ အရေးကြီးတာ က မောင်းတက် ဝါး ခုတ်ပြီး ထန်းပင်ချိတ် ဆွဲဖို့ ၊ နောက် ထန်းပင် ပေါ် တွင် ခုတ်ထွင် ရှင်းလင်း၍ ထန်းခွာ များ နင်း ဖို့ ။
ထန်းရည်နင်း
ပေါက်ကင်းတဲ့လဲငုံ
ထန်းဖိုငုံကင်း ၊ ထန်းရည်နင်းသည်နှင့်လေး ။
စသည်ဖြင့် ....
ထန်းရည် ခံရန် ၊ ထန်းခွာ တို့ ကို နင်းဖြဲ ၍ ထန်းစ ကို ထုတ် ကာ ပြုပြင် ကိုင်တွယ်သည် ကို ရှေးပညာရှင်များ က “ ထန်းရည်နင်း ” သည် ဟု ဆိုကြသည် ။ ဤ ထန်းရည်နင်းသည် ကို တပို့တွဲလဘွဲ့ ဖွဲ့ဆို ကြသည် ။ မှန်ပါသည် ။ တပို့တွဲလ မှာ ထန်းဖို က အရင် စ ကိုင် ရသည် ။ ထန်းမ က ယေဘုယျ အားဖြင့် ထန်းဖို ထက် နောက်ကျ ၍ တပေါင်းလ လောက် မှ ကိုင် ရ တတ် ပါသည် ။ တပေါင်းလ တွင် ကား ထန်းဖို ရော ထန်းမရည် ရော နှစ်မျိုး စလုံး ရ လေသည် ။
“ ဟေ့ ... တပေါင်းလ လို့ ဘာကြောင့် ခေါ်သလဲ သိလား ”
ထန်းသမားကြီး ဦးမောင်ချို က ပြောလေ့ ရှိပါသည် ။
“ ထန်းဖိုရည် ၊ ထန်းမရည် နှစ်ခု ပေါင်း လို့ ထန်းပေါင်းလ ၊ တပေါင်းလ လို့ ခေါ်ကြတာကွ ... မှတ်
ထား ”
ကဲ ... ဘယ်သူ ငြင်းချင်သနည်း ။
ထန်းသမားကြီး ဦးမောင်ချို သည် သူ့ ဓား ကို တစ်နာရီ လောက် ကြာကြာ စိတ်တိုင်းကျ သွေး ပြီးမှ ထိုင်ရာ က ထ လိုက်ကာ ...
“ မမြင့်ရေ ... ငါ မောင်းတက် ခုတ် သွား မဟေ့ ”
ဟု နှုတ်ဆက် လိုက်၏ ။ သည်အခါ တော့ သူ့ မယားချော က စကား ပြော လာ၏ ။
“ တော်နှယ် ဘယ် အချိန် ရှိပလဲ ၊ ထမင်း စား သွားပါတော့ လား ”
ဒီတော့မှ ကိုမောင်ချို က ထမင်း စား ဖို့ သတိ ရ ကာ ...
“ အေး ... ဟုတ်သားပဲ ၊ ဘာဟင်း ချက်လဲ ဟ ”
“ ဘာ ဟင်း ချက်နေရမလဲ ၊ မြေပုံသီး ငါးပိချက် ပေါ့ ”
သူ့ ချစ်ဇနီး က ပြေပြစ်စွာ ပြန် ပြော၏ ။
“ ကိုယ့် ဒီရာသီ မှာ ဒါပဲ စား စရာ ရှိတာ ၊ မေး နေရသေး ”
ကိုမောင်ချို က အလျှော့ပေး သံဖြင့် ...
“ အေးဟာ ... နို့ ဘာ တို့စရာ လဲ ”
တို့စရာ က တော့ ပြောင်းတန်ကောင်းရဲ့ ပေါ့ ။ ဤတွင် သူ့ဇနီး က ခရာ လိုက် ပါ၏ ။
“ ထမင်းပွဲ ရောက် တော့ ကြည့် တော် ”
တောင်ဆုပ်မျှ မြင့်သော မည်းညစ်ညစ် ထမင်းစားပွဲဝိုင်း ပေါ် တွင် ငါးပိရည် ပန်းကန်လုံး နှင့် ယှဉ်၍ သံပန်းကန်ပြား ထဲ မှာ ခရမ်းသီးပြုတ် ကလေးများ စုပြုံ နေကြသည် ။ ခြံ ထဲ မှ နွေခရမ်း ဖြစ်၍ ပိုးပေါက် နှင့် ကောက်ချိတ်ချိတ်ကလေးများ ဖြစ် သော် လည်း မာပြီး ချို၍ ငါးပိရည် တို့ ၍ တော့ ကောင်း၏ ။ သူ အမှတ် ထားမည် ဆိုလျှင် ဒီ ငါးပိချက်မျိုး နှင့် ခရမ်း သီးပြုတ်မျိုး တို့ ခဲ့ ရသည် မှာ ထမင်း အနပ်ပေါင်း မရေတွက် နိုင်တော့ပြီ ။ သို့သော် “ တွေ့ သမျှ စား ဟ ၊ ရသမျှ ကြိတ် ” ဟူသော ဆင်းရဲသားဝါဒ ဖြင့် ကိုမောင်ချို သည် ဆောင့်ကြောင့် ထိုင်၍ ဟဲ လိုက်ရာ ပါးစပ် ထဲ စားလိုက် ဝါးလိုက်ရသည် ဟု တယ် မထင်လှပါဘဲ နှင့် ထမင်း နှစ်ပန်းကန် လောက် ပျောက်သွား လေသည် ။
ဗိုက် ပြည့်သော အခါ ၌ ကိုမောင်ချို သည် ကြမ်းပြင် ထ သွား ၍ ရေမှုတ် နှင့် ရေ သောက် ၊ နောက် ပန်းကန် ဆေးပြီး သူ့ ပခုံး ပေါ် ရှိ ပုဆိုး နှင့် လက် သုတ် ကာ ထို ပုဆိုး ကို ပင် ခေါင်း မှာ ရစ်လိုက်သည် ။ ပြီးလျှင် အိမ် ထဲ ပြန် ဝင်ကာ ကွမ်း တစ်ယာ ယာ ၍ ပါးစပ် ထဲ ငုံ ၊ ကွမ်း ထုပ် ကို ခါးပိုက် ထဲ ထည့်ပြီး သကာလ ဓားမ ကို ဆွဲလျက် အိမ် ပေါ် မှ ဆင်းခဲ့ တော့၏ ။
“ မမြင့် ရေ ... ငါ သွားပဟေ့ ၊ သာကျော်ကြီး မှာ ထားတယ် ၊ သူ လာ ရင် ငါ မောင်တင်လေး ခြံ ထဲ ဝါး ခုတ် သွားတယ် ပြောလိုက် ”
အိမ်ရှေ့ ရောက်တော့ ဇနီး အား မှာကြား ခဲ့ သေးသည် ။ ဇနီးသည် က တော့ ထုံးစံ အတိုင်း ဘာမျှ ပြန် မပြောချေ ။ သို့သော် ကိုမောင်ချို မောင်တင်လေး ခြံ သို့ မရောက်မီ နောက် မှ ခြေသံဖုတ်ဖုတ် ကြား ရ၍ အသက် ၂ဝ ခန့် လူငယ် တစ်ယောက်
“ ကိုလေးချို ... ကိုလေးချို ”
ကိုမောင်ချို ရပ် ကာ ပြန် လှည့်၍
“ ဟ ... ဘာလဲကွ မောင်ချော ”
“ အရှေ့ဘက် တန်း က ဒေါ်ကျော့ခင် အိမ် မှာ ရောင်းဖို့ နွား ရောက် နေတယ် ပြောတယ် ၊ အဲဒါ အမေ က နင့် ကိုလေးချို ခေါ်ပြီး သွား ကြည့် စမ်း ပြောလို့ ၊ လာပါ ခု သွား ကြည့်ရအောင် ... ကိုလေးချို မောင်းတက်ဝါး နောက်ပြီး ကျွန်တော် ပါ လိုက် ကူ ခုတ်ပေးမှာပေါ့ ”
ကိုယ့် ကို အားကိုး တကြီး ဆရာ လာ ၍ မှီး ပြန်တော့ လည်း မနေသာ ၊ နို့ပြီး ဒီ ကောင်လေးတွေ က နွားအကြောင်း ကို ဘာမျှ နား မလည်သေး ။ သူတို့ ဒီနှစ် နွား တစ်ကောင် ဝယ်ဖို့ လို နေတာ ကိုယ် ကြည့် လုပ်ပေး မှ သာ ဖြစ်တော့မည် ။ ကိုယ့် ပေါက်ဖော်သားချင်းကလေးတွေ ။
ကိုမောင်ချို နောက်ကြောင်း လှည့်ကာ အရှေ့ဘက်ရွာ သို့ ပါသွားရသည် ။
“ ဘယ်က နွားတဲ့လဲ ကွ ”
“ ထိန်ကုန်းရွာ က သူတို့ ဆွေမျိုး နွား တဲ့ ၊ နက်ဖြန် နွားပွဲ ချ သွား မလို့တဲ့ ”
“ မင့် အစ်ကို မင်းကျော် ကော ”
“ ပျဉ်ပုံကြီး သွားတယ် ၊ သူ လည်း နွား ကောင်းကောင်း နား မလည် သေး ပါဘူး ၊ ကိုလေးချို ပြီး ပြီး ပါတယ် ”
“ အေး ... မလည့်တလည် နဲ့ ငါ ဝယ် ပေးတဲ့ နွား ၊ ဘာလေး ညာလေး နတ်သူငယ်သံလေး နဲ့ စာစာ စာစာ လျှောက် ပြော ရင်တော့ ငယ်ထိပ် ဓားနှောင့် နဲ့ အထု ပဲ ကွာ ”
“ အဟီးဟီးဟီး သူ ပြောဝံ့ပါဖူး ကိုလေးချို ရဲ့ ”
သို့ဖြင့် တယ်ပြီး မဝေးလှသော ဒေါ်ကျော့ခင် အိမ် ရောက်၍ အဘွား ကြီး က မျက်ခုံး ပေါ် လက်ဝါး ကာ ကြည့် ၍
“ ဟဲ့ ... မောင်ချို ပါ လား ၊ ဘာ ကိစ္စ လာကြသလဲ ”
“ ခင်ဗျားတို့ အိမ် ရောင်းဖို့ နွား ရောက်တယ် ကြားလို့ ဟောဒီ မောင်ချော တို့ ဖို့ လာ ကြည့်တာ ”
“ ဟယ် ... ကူကြီးခြံ ထဲ ထင်းတိုက်တဲ့ ဟယ် ၊ ခုပဲ သူငယ်လေး နဲ့ လှည်းတပ် ထွက်သွား ကြ လေရဲ့ ၊ လိုက်သွားကြ ပါလား ၊ သူတို့ တာခွ က အကြော်တဲ မှာ ရှိနေဦးမယ် ထင်တယ် ”
“ လာဗျာ ... ကိုလေးချို ၊ လှည်းတပ် ထားတုန်း ကြည့်ရတာ ကောင်းတာပေါ့ ”
ဆို၍ မောင်ချော က တွဲ ခေါ်သည် ကို မောင်ချို တာလမ်း ဘက် သို့ ပါသွားရ ပြန် လေသည် ။
သို့သော် အကြော်တဲ တွင် ဒေါ်ကျော့ခင် ၏ သူငယ်လေး ငရွေးတို့ လှည်း မရှိတော့ချေ ။ ခပ်လှမ်းလှမ်း မှာ ဖုန်တထောင်းထောင်း သာ မြင်ရ တော့၏ ။
“ ခုပဲ ဒုန်းရိုက် ထွက်သွားကြလေရဲ့ ကွ ”
မောင်ချော က မေး ၍ အကြော်သည် ကိုဘအေး က ပြော၏ ။
“ ဒါဖြင့် ကိုလေးချို ဒီ အကြော်တဲ က စောင့် နေဗျာ ၊ ကျွန်တော် ဟို မြင်းလှည်း နဲ့ လိုက်သွားပြီး သူ တို့ ထင်းလှည်း အပြန် မောင်းကြည့်ခဲ့ မယ် ”
ဆိုပြီး မောင်ချော သည် ထွက်စ ပြု နေသော မြင်းလှည်း ပေါ် သို့ တက်၍ လိုက်ပါ သွားလေသည် ။
ကိုမောင်ချို သည် ဘာမျှ မပြောနိုင်ဘဲ ငေး၍ ကျန်ခဲ့၏ ။ အကြော်တဲ အတွင်းမှ ....
“ ဟေ့ ... လာကွာ ဗိုလ်ချို ၊ အကြမ်း သောက်ရအောင် ” ဟူသော အသံ ကြား ၍ ခေါင်းငုံ့ ဝင် ရသော တံစက်မြိတ် အောက် ငုံ့ ကြည့် လိုက်တော့ ...
“ ဟေ ... ကျော်ဆင့် တို့ ပါလား ၊ မင်းတို့ ဘယ် က လှည့်လာကြလဲ ”
ပြောပြီး အထဲ ဝင်သွား၏ ။ နောက် တစ်ယောက် က ဖင်ထိုင်ခုံကလေး တစ်ခု ထိုးပေး၍ ...
“ လာဗျ ... ထိုင် ၊ အကြော် နောက်ထပ် တစ်မတ်ဖိုး ထည့်ပါဦးဗျို့ ”
“ ဟာ မောင်မြင့်ကြီး လည်း ပါလား ၊ မင်း အရင် အပတ် က ဝယ် သွားတဲ့ နွား .. ဘယ့်နှယ်လဲ ”
“ သင့်ပါတယ် ၊ သူ့ အဖိုးနဲ့ သူ တော်တယ် ပြောရမယ်ပေါ့ ဗျာ ”
“ ကျော်ဆင့် ကော ၊ မင်း ဟို အရင် တစ်နှ စ်က ဝက် တစ်ကောင် နဲ့ သက်ငယ် တစ်ရာ အလိုက်ပေးပြီး လဲ သွားတဲ့ ဖိုးထိန် ဆီ က နွားကလေး ကော ”
“ ထမ်းပိုး ကျင့်ပြီ ကွ ၊ ခု မိုးတော့ နောက်လိုက်ကလေး ထွန်ရ လိမ့် မယ် ၊ အောင်မယ် ... နွားကောင်းကလေး ဆရာ ရဲ့ ၊ မင်းတို့ အဲဒါလေး ထု စားကြတော့မယ် လုပ်နေတုန်း ဆို ”
“ အေးပေါ့ကွ မင်း မလာခင် တစ်ည က သူ့ ကံ လက်မတင် ကလေး လိုတော့ တာ ၊ သတ္တဝါ တစ်ခု ကံ တစ်ခု ဟေ့ ၊ သူ့ ကံ ပဲ ဆိုရမယ် ကွ .. ၊ တို့ လူ လေးယောက် အနက် တစ်ယောက် စ ပြီး သနားစိတ်ပေါ် သတဲ့ ကွ ၊ ထူးထူးဆန်းဆန်း အဲဒီ ကောင် ဟာ ဟင်းကောင်း ဆိုရင် နွား အရှင် တောင် လျှာဖြတ် စားချင်တဲ့ အကောင် ၊ အဲဒီနေ့ ည မှ ပဲ ဒီ နွားလေး သနား စိတ် ပေါ်သတဲ့ ကွာ ”
“ ဒီ နွားလေး ဆီ မှာ ငါ့ မြေ ရှိနေသေးလို့ပေါ့ ကွာ .. ၊ နို့ အဲဒီ လူ က ရန်ကုန် မှာ နေတဲ့ စာရေးဆရာ ဆို ”
“ အေးလေကွာ ... မူလ က တို့ ရွာသား ပေါ့ ”
“ ဒါနဲ့ ဗိုလ်ချို ၊ မိုးဦးကျ မှ တို့ ရွာ က ငါ ဝယ်ထား ပေး လိုက်တဲ့ ဝက်နက်ကလေး ကော ဟန်ရဲ့ လား ”
“ ဟန်ပါတယ် .. အခု ၂ဝ ထွက်လောက် ရှိပြီကွ ”
“ ဘယ်တော့ စိတ်ကူးလဲ ၊ တို့ လည်း အကြောင်းကြား ကွာ ”
“ ဟာ ... ဒါလေးတော့ ငါ တော်တော်နဲ့ မလုပ်နိုင်ဘူးကွာ ၊ နွား ဖြစ်အောင် လုပ်ရမယ် ၊ အခု ငါ့ မှာ နွား တစ်ကောင် တည်း ရှိတယ်ကွ ”
“ ဒါဆို .. မင်း ရှေ့နှစ် စပါး ပေါ် လောက်ပေါ့ ”
“ အေး .. ဒီလောက် ဆို ၆ဝ ထွက် လောက် မှန်း တာပဲ ”
“ ဟင် ... ဒီ ဝက်မျိုး မျိုးကောင်း တွေ ၊ ၆ဝ မအောက်ဘူး ၊ ကျော် ကျော်ရမယ် သာ ၊ ငါ မင့် မို့ တမင် ရွေး ဝယ်ပေးတာပဲ ၊ အစားအသောက် ကောင်းတယ် မဟုတ်လား ”
“ ဟာ .. သိပ်ကောင်းတာပဲ ၊ ဒါနဲ့ မင့်တူ မြကြီး ကိစ္စ က ရှောင်ရ တုန်းပဲလား ၊ အချင်းချင်း တွေ ဘယ်လို က ဘယ်လို ဖြစ်ကြတာလဲ ကွာ ”
“ ဗိုလ်ချို ရာ ... ဒါကတော့ မင့် တူ ကို မင်း လည်း တတ်နိုင်တဲ့ ဘက် က ကူဖို့ ကိုယ့် အချင်းချင်း မို့ ပြောရမယ် ဆိုရင် ”
အစ ချီပြီး သူတို့ ချင်း နှစ်ကိုယ်ကြား တီးတိုး ပြော ကြသည် ။ ဤနေရာ သည် မြင်းလှည်းဂိတ် ကလေး လည်း ဖြစ်၍ ဆိုင် ထဲ ဟိုလူ သည်လူ ဝင်ထွက် စားသောက် ကြ လျက် သူတို့ သာ စကား ကောင်း ကျန်ခဲ့ပြီး အချိန် သည် ကုန်မှန်း မသိ ကုန်သွား လေရာ နောက်ဆုံး မှ ဗိုလ်ချို က သတိရ ၍ ...
“ ဟ ဘယ်နှနာရီ တောင် ရှိသွားပလဲ ၊ ငရွေး တို့ လည်း ကူကြီး ခြံ ထဲ တင် ဆိုရင် ပြန် ရောက်ဖို့ ကောင်းတာ ကြာလှပြီ ” ဟု ပြောလိုက် သည် ၌ ဆိုင်ရှင် ကိုဘအေး က
“ ဟာ .. ဗိုလ်ချို ရ ၊ ကူကြီးခြံ က အပြန် မှ ဝင်မှာ တဲ့ ၊ သူတို့ သဖန်းကုန်း ရောက်အောင် သွားကြဦးမှာ တဲ့ ၊ မင်း ဘာကိစ္စ ရှိလို့လဲ ”
“ အဲဒီ လှည်း တပ် သွားတဲ့ နွား က ရောင်းဖို့တဲ့ ဗျာ ၊ ဒါကို မောင်ချော တို့ က ဝယ်ဖို့ ကြည့်ပေးပါ ဆို လို့ ”
“ ဒါဖြင့် ည မှ ပဲ သွား ကြည့်ပေတော့ ၊ ဒီကောင်တွေ တော်တော် နဲ့ ပြန် ရောက်မှာ မဟုတ်ဘူး ၊ ငရွေး ရယ် ၊ မောင်ချော ရယ် ၊ နွား နဲ့ လှည်း နဲ့ တွေ့သွား ကြ ရင် ဖြင့် အဲဒီ နွားရှင် ဟာ နွား မရောင်းရ ဘဲ အမဲသား ရောင်း မပြန်ရ ကံကောင်း ပဲ ”
ထိုစဉ် ၌ သူတို့ တဲ ထဲ မှ ထွက် ကြ၍ ကိုကျော်ဆင့် က
“ ဟာ ... နေ တော်တော် ကျသွားပဟေ့ ၊ သွားမယ် ဗိုလ်ချို ။ တို့ မနက်ဖြန် နွားပွဲ မှာ ဆုံကြဦးစို့ ၊ မောင်တင့် နွားလေး ဖြစ်မယ် ဆိုရင် တို့ အစိတ်ဖိုး တော့ ပျော်ရမယ် ကွာ ”
“ အေး ... ငါ လာခဲ့မယ် ၊ သွားမယ် ၊ ငါ လည်း မောင်းတက်ဝါး ခုတ်မလို့ ”
တာလမ်းမရွာ ဘက် အကူး တွင် ဆောက်ချုံကလေးများ နှင့် ရိုးနိမ့် အိုင်ကြီး တစ်ခု ရှိလေရာ မိုးနှောင်း က သည် နေရာ မှာ ကိုမောင်ချို တို့ သားအဖတွေ ငါး ပက် ခဲ့သည် ။ ငါးခူ ၊ ငါးကျည်း ၊ ငါးအိုက် လေးပိဿာ အပြင် အထူးသဖြင့် လိပ် သုံးကောင် ။
“ ဟိတ်လုံးရယ်ညံ ၊ လိပ်သုံးကောင်ဆီပြန်ကြော်လို့ ” ဟု သူ့ သားငယ် က အော် ဆိုခဲ့သည် ကို သတိရ မိသည် ။ ဒီ လိပ်သုံးကောင် ကို လှောင် ၍ ရက်ခြား စား ခဲ့ကြသည် ။ ကိုမောင်ချို တို့ သည် ရေသတ္တဝါ တွင် ငါး ၊ ဖား ထက် လိပ်သား က ပို၍ ကောင်းကြောင်း သိကြသည် ။ ပြန် သတိ ရ၍ တံတွေး မျို မိ သေးသည် ။ ထိုမှ စ၍ ဟင်းကောင်း မြိုးမြိုးမြက်မြက် ၊ ပေါပေါ လှိုင်လှိုင် မစားရ သည်မှာ ကြာပါ ပကော ။ ကိုမောင်ချို တို့ အရပ် သည် နွေအခါ အင်းအိုင် ချောင်းမြောင်းများ ရေဗလာ ဖြစ်၍ အသားငါး ရှားပါး လှသည် ။
ယင်းသို့ မိုးနှောင်း ကို ပြန်ပြောင်း တွေးရင်း ကိုမောင်ချို လက် က ဓားမကြီး တကားကား နှင့် လျှောက် လာစဉ် “ ဗျို့ .. ဗိုလ်ပုချို ... ဗိုလ်ပုချို ” ဟု သူ့ ဆီ ပြေး လာ ကြသူ နှစ်ယောက် က တော့ အသက် ၁၅ နှစ် အရွယ် မူလတန်းကျောင်းထွက်ကလေးများ ဖြစ်၍ ကာတွန်းအောင်ရှိန် ၏ မော်ဒန် ကာတွန်း ခေတ် ကို မီ လိုက်ကြသူများ ဖြစ်သည် ။
ယခု မှ ဖော်ပြ ရ ဦးမည် ။ ကျုပ် တို့ ဇာတ်လိုက် ဗိုလ်ချို သည် တောသား လူထွား လူခန့် ကြီး မဟုတ် ပေ ။ ပုကွကွ ၊ ခြေခွင်ခွင် နှင့် လက်ပြင် ကုန်းကုန်း ၊ ခါးဆစ် တိုတို လူ ဖြစ်သည် ။ ထို့ကြောင့် မော်ဒန် ပရိသတ် က သူ့ အား ဗိုလ်ပုချို နာမည် ပေး ကြခြင်း ဖြစ်သည် ။ ပြောရဦးမည် ၊ အခုန အကြော်ဆိုင် ထဲ မှ ထွက် လာတော့ ကိုမောင်ချို သည် ညနေ စောင်း ပြီ မို့ ပုဆိုး ကို ခေါင်း မှာ မပေါင်းတော့ ဘဲ လည်ပင်း သိုင်း၍ ကျော မှာ ခြုံ လာ ခဲ့သည် ။ ဗိုလ်ပုချို ၏ ခြုံအင်္ကျီ နှယ် မို့ သူ့ ကို လူငယ်ကလေးများ က ပို၍ သဘောကျ ကာ အနီးသို့ ရောက်လာသည် ၌
“ ဒီမှာ ဗိုလ်ပုချို ၊ ခင်ဗျား ကျုပ်တို့ အတွက် နှိမ်နင်းပေးဖို့ ကိစ္စ တစ်ခု ရှိနေတယ် ”
“ ဘာကိစ္စများလဲကွ ”
“ ခင်ဗျား လက် က ဓားမ နဲ့ တော့ အဲဒီ ကောင် ခေါင်း ကို ခုတ်နိုင်မယ် မဟုတ်ဘူး ၊ ကိုယ် ကို ခုတ် လည်း သူ က မှုမယ် မဟုတ်ဘူး ”
ကိုမောင်ချို က မခံချင်သံ ဖြင့်
“ ဘာမို့လဲကွ မင်းတို့ ကောင် က ”
“ လိပ် ဗျ ... လိပ် ... လိပ် ”
ဗိုလ်ချို မျက်လုံး ကျယ် ကာ
“ ဟေ့ ဘယ်မှာလဲ ကွ ၊ ဘယ်မှာလဲ ၊ ခု ရှိပါဦးမလား ”
“ ရှိပါတယ် ၊ ကျုပ်တို့ ဖမ်းထားပါပြီ ”
“ ဘယ်လောက် ကြီး လဲ ”
“ ဟောသလောက်ကြီး ဗျ ၊ သုံးပိဿာ လောက် ရှိမယ် ”
လက် နှစ်ဖက် ကို ဝိုင်းပြသည် ၌ ...
“ ဟာ ... အကြီးကြီး ပဲ ၊ မင်းတို့ ဘယ်က ရ သလဲ ”
“ ခြံ မီး ရှို့ တော့ ထွက် လာတာ ”
.
“ ဒါဖြင့် ဇင်းရှော ဟေ့ .. ကျင်းအောင်း လိပ် ပဲ ၊ ဒီရာသီ သိပ် ဆူ ပေါ့ကွာ ...တောက် ”
ကိုမောင်ချို သည် စားချင်စိတ် ဖြင့် တံတွေး မျိုပြီး တက် ခေါက်လိုက်ရာ
“ ခင်ဗျား သိပ် ဒေါသ ထွက် မနေနဲ့ ၊ အခု ကျုပ်တို့ နဲ့ လိုက်ခဲ့ ၊ ခင်ဗျား တွေ့ရမှာပဲ ”
“ မင်း တို့ ငါ့ ပေးမယ် လား ”
“ ဟာ အတူတူ ချက် စားကြတာပေါ့ ဗျာ ၊ ကျုပ်တို့ လိပ် မသတ်တတ် လို့ ခင်ဗျာ့ လိုက် ရှာ ရတာ ”
“ နို့ မင်းတို့ ဘကြီး သာဒင် ရှိသားပဲ ဟာ ”
“ ဘကြီး က သူ အသက် ကြီးပြီ ၊ မလုပ်ချင်တော့ဘူး တဲ့ ၊ မောင်ချိုသာ သွား ခေါ်ကွာ တဲ့ ”
“ အင်း .. ချက် ပြီး ရင်တော့ သူ စားမယ်ပေါ့လေ ”
“ ဒါတော့ လူကြီးပဲ ဗျ ”
ဤမှာ ဘက် ၌ မကျွမ်းကျင်သူ တို့ သည် လိပ် ဆိုတာ အခွံ ပစ်ရ တာ နှင့် သုံးပိဿာ လောက်အကောင် သည် အတွင်းသား ၅ဝ သား မျှ ရပါမည်လား ဟု အောက်မေ့ဖွယ် ရှိသည် ။ စင်စစ် ဒီလိုဇင်းရှောလိပ် ကို ( လိပ် မှာ အမျိုးမျိုး ရှိသည် ) မီး ဖုတ်လိုက်သော အခါ ၌ အခွံရယ် ဟူ ၍ မရှိ တော့ပေ ။ ကျောကုန်း နှင့် ရင်ဘတ် က ခုံညင်းပြား သာသာ မျှ အရိုးပြား ပါးပါးကလေး နှစ်ချပ် မှ တစ်ပါး အားလုံး ပျော့ပျောင်း ကာ စား ရသော အရာ များ သာ ဖြစ်ကြ ကုန်၍ သုံးပိဿာ လောက် ရှိသော ဇင်းရှော ( ကုန်း - ရေ နှစ်ဌာန နေသည့် ) လိပ် မှာ ညှီလုံး လေးခု နှင့် စုစုပေါင်း အစိတ်သား မျှ သာ စွန့်ပစ် ရ လေသည် ။
လိပ် တစ်ကောင်လုံး ကို ပျော့အိ သွားအောင် မီး ဖုတ်ပြီး ဓား နှင့် ခွဲစိတ် ကိုင်တွယ် သော အခါ ၌ ကိုမောင်ချို သည် ကောင်ကလေးများ အား လိပ် ၏ ပေါင်ခြံ နှစ်ခု နှင့် ချိုင်း နှစ်ဖက် အတွင်း မှ ညှီလုံး လေးခု ထုတ်ပုံ ကို ပြ ၏ ။ အမဲ အဆီတုံး ကဲ့ သို့ ဝင်းရွှေ နေသည် ။ ဒါတွေ မထုတ် လျှင် လိပ်သား ကို မစားနိုင် လောက် အောင် ညှီ ၏ ။
“ ဟောဒါက အသည်း ကွ ၊ ဘယ်တော့မှ မှား ပြီး မပစ်လေ နဲ့ ၊ လောက မှာ အဆိမ့်ဆုံး ၊ ‘ ဖွတ်ဥ ၊ လိပ်သည်း ၊ ကျွဲနို့ခဲ ’ တဲ့ ။ ပညာရှိကြီး များ က ဆိုခဲ့တယ် ”
ထိုစဉ် ကိုသာကျော်ကြီး ရောက် လာ ကာ ...
“ ဟာ .. ဗိုလ်ချို ဒီမှာ ကိုး ၊ ငါ မင်း မှာတယ် ဆိုလို့ လာ ပြီး မင့် လိုက် ရှာ နေရတာ ”
“ အေးကွ ... ထန်းပင်မောင်းတက် ဆွဲ မလို့ပဲ ၊ ဒီနေ့တော့ မဖြစ် တော့ပါဘူး ကွာ .. ၊ နေ ကတော့ ဝင် သွားပြီ ၊ ဒီမှာ ဟင်း ရတာနဲ့ ကွ ”
ကိုသာကျော်ကြီး လည်း ကြမ်းပြင် ပေါ်ရောက် လာ ကာ ...
“ ဟော ... အကြီးကြီး ပဲ ကွ ၊ ဆူလိုက်တာဟာ ”
“ အေး ... မင်း လည်း ဒီမှာ စားပေါ့ ကွ ”
“ ဟာ ... ငါ့ ဦးကြီးသာဒင် အိမ် ငါ မစားလို့ ဖြစ်မလားကွ ၊ ဦးကြီး သာဒင် က တော့ အသက် ကြီး လို့ ဒါမျိုး စားတော့မယ် မထင်ဘူး ”
ယင်း ၌ အိမ်ရှေ့ ခန်း မှ ..
“ ဟေ့ သာကျော် ၊ ခွေးစကား မပြောနဲ့ကွ ”
“ ဟဲဟဲ ... ဦးကြီး က လည်း ”
ဟု ရယ်သွမ်းသွေး လိုက်ပြီး မှ
“ ဟေ့ ... ဒါနဲ့ ဗိုလ်ချို ရ ၊ ဒီလို ဟင်းကောင်း ရှိပြန် တော့ လည်း သူ နဲ့ တွဲ ဖို့ တစ်ခု လို မနေ ဘူးလား ”
ဤတွင် ဟင်းကိုင် နေသော ဗိုလ်ချို က ...
“ အေး ... ငါ လည်း ဒါ စဉ်းစား နေတာပဲ ၊ ဘိုင်စကယ် ဘီး ပေါက် လို့ မြို့ မသွားနိုင် ကတည်း က ပိုက်ဆံ တော့ မရှိတော့ဘူး ကွာ ”
ဟု ညည်း ပြီး မှ
“ ရော့ ဟာ ... ဒါ ယူ သွားပြီး ငပွကြီး ဆီ မှာ ကြည့် သာ လုပ်ခဲ့ပေ တော့ ”
ဟု ဆို၍ သူ့ အိမ် မှ မြ နေအောင် သွေး လာ ခဲ့သည့် ဓားမကြီး ကို ပစ် ပေး လိုက် လေ၏ ။
ခြေမြန်တော် သာကျော်ကြီး သည် ဟင်းအိုး ရနံ့ လှိုင် ၍ အပေါ့ အငန် မြည်း ရသော အချိန် ၌ အရက် တစ်ပုလင်း နှင့် ပြန် ရောက် လာ လေသည် ။
ထို ည သူတို့ မည်မျှ ထမင်း မြိန် ကြမည် ကို ဖော်ပြ စရာ မလိုတော့ပေ ။ အလုပ် အလွန် များ လှသော ကိုမောင်ချို သည် ယင်း ည အိမ် ပြန် ရောက် သည် ၌ နက်ဖြန် ဘာ က စပြီး လုပ်ရမည် ကို မစဉ်းစား နိုင်တော့ ဘဲ အိပ် ပျော်ခြင်း သို့ ရောက် သွား လေ၏ ။
◾ သော်တာဆွေ
📖 ငွေတာရီမဂ္ဂဇင်း
အမှတ် ( ၇၁ )
မေ ၊ ၁၉၆၆
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment