❝ တကယ့် မမ ❞
ဒုက္ခ ရောက်သူ နောက် ထား၍ သုခ ရောက်သူ ကို မြှောက်စားလေ့ ရှိသော ဤ မတရားသော မဟာ ပထဝီမြေကြီး ပေါ် ၌ လောကီစည်းစိမ် ကို အပြစ် ယူပြီး မချစ်မူဘဲ လျစ်လျူရှုခဲ့ သဖြင့် သုံးဆယ် မှ ငါးနှစ် စွန်းသော သက်တမ်း ၏ တစ်ဖက်ကမ်း သို့ တက်လှမ်း နေသော မမ သည် ကြီးသော အပျို ဖြစ် လေ၏ ။ ဤကဲ့သို့ သက်ကြီးသူ အား ရတက်မီး ဆူရန် အများသဘော နဲ့ တအား ပြောရ လျှင် မချစ်ရှာတဲ့ အစ်ကိုများ က ခေတ်ကာလ အလို အားဖြင့် ဟိုင်းပြီ ဟူ၍ နှလုံး အထပ် ကြား မှာ ဆုံးဖြတ်ကာ ထားကြလေပြီ ...
စင်စစ်အားဖြင့် ရတာ မလို လိုတာ မရ ဟူသော မြှောက်ပင့်သည့် မာန က အသာ ချ နေရ ကား အေးချမ်းသော ဆောင်းရာသီ သည် မမ အား ကောင်းစွာ ရယ်လျက် ရှိလေ၏ ။ သို့ရာတွင် ဤည ၊ ဤအချိန် ၊ ဤအခါ ၌ မူ ကာယိန္ဒြေ ကို စောင့်စည်းပြီး အောင့်အည်းခဲ့ သလိုလို ဖြစ်သော စိတ်ဟောင်း ကို သိပ်ပြောင်း စေ လေရာ ခုတင် ပေါ် မွေ့ ရာ အထက် ခေါင်းအုံးကြီး ကို ပွေ့ကာ ဖက်ပြီးလျှင် ရွေ့ရှာ လျက် တစ်မျိုး တစ်မည် အားဖြင့် အဆိုး တစ်လီ ပြု ချင်သော အကြံ သည် သားသားနားနား ၊ များများပြားပြား ၊ ကားကားစွင့်စွင့် ၊ ငွားငွားကြီး ပွင့် လေ၏ ။
မိမိ ပြုရမည့် အကြံ သည် ရိုးရိုးကျင့် မြင့်မြင့်ကြံ ဟူသော စကားပုံ နှင့် ဝိရောဓိ ဆန့်ကျင်ဘက် ဖြစ်ကြောင်း ကို သိ ပေ၏ ။ ဖြစ်နိုင်ပါ့မလား နော် ၊ အထင် နဲ့ ကပြင် အိပ် ရင် နှာစေးမယ်ဟေ့ ဟူသော စကားများ တို့ သည် လည်း အသိဉာဏ် တည်း ဟူသော အတွင်းသဏ္ဌာန် သို့ မငြင်းဆန်နိုင်အောင် နင်းကန်ပြီး ဝင် လာ လေ၏ ။ မည်ကဲ့သို့ပင် ဝင်လာ စေကာမူ တိတ်ဆိတ် သော ည သည် မီးလောင် ရာ လေပင့် ဆိုသလို အနား မပေးဘဲ အားဆေး တိုက် ပြန်သော် သတိရသည် ဟူသော စိတ်ကလေးများ သည် သိပ် ပြေးပြီးလျှင် အရိပ်ကောင်း ကို နားဝင် လာသော ခရီးသွား သဖွယ် ဖြစ်လေ၏ ။ နောက်ဆုံး၌ ကား အချိန် ရှိ ခိုက် လုံ့လ စိုက် ၊ မိုးရွာ တုန်း ကို ရေခံ ၊ လသာ တုန်း ကိုဗိုင်းငင် ဟူသော စကားပုံ အဟောင်း များ က တကတဲ မပြတ် ၊ အမြဲ ထပ်ပြီး တစ်မျိုး မျှော်ရန် နှိုးဆော် ပြန် ရ ကား ၊ ကြက်မ တည်း ဟူသော စိတ် ၏ သွေးဆောင်ရာ သို့ ကြက်ဖ တည်း ဟူသော ကိုယ်ကာယသ ည် အမိုက် တစ်ခါ လိုက်ပါ သွားတော့ သဖြင့် အနီးအနား ရှိ တစ်စုံ တစ်ခုသော အခန်း ကို ဗြုန်းဗြုန်းဒိုင်းဒိုင်း ၊ ဂျုံးဂျုံးဂျိုင်းဂျိုင်း နှင့် ထုရိုက် မိလေတော့သတည်း ။
ည ဆယ့်တစ်နာရီ နီး သော်လည်း ဆွေမျိုး ၊ မိဘ ၊ ညီအစ်ကို ၊ မောင်နှမ များ ကို လွမ်းဆွတ်တသ သတိရ သဖြင့် စိတ်မခိုင် မအိပ်နိုင်သော မမ ထက် အသက် ၁၅ နှစ် ခန့် ငယ်သည့် မောင်မောင် သည် ကသုတ်ကရက် ရုတ်တရက် ထ ကာ အခန်း တံခါး ကို ဖွင့် ပြီး လျှင် ...
“ အို .... ဘာဖြစ်တာတုံး ... မမ ”
မမ သည် မျက်လုံးပြူး ၊ နှာခေါင်းပွ ၊ နှုတ်ခမ်းချွန် ၊ ဒူးရိုက်လျက် ငေး နေသည် ။
“ မမ ” ( ကျယ်လောင်ပြတ်သားသော အသံဖြစ်၏ )
“ ဟေ ... ” ( ထွက်သက် ကို ရှူ ထုတ်သည် )
“ ဘာဖြစ်သလဲ ”
“ ဟင် ... ကြောက်လိုက်တာ မောင်မောင် ရေ .. မမလေ အိပ်မလို့ မှေးခနဲ ကျသွားတာ နဲ့ ပြူးတူးပြဲတဲ အရူးသရဲကြီး လာ ပြီးတော့ ... ဟင်း ... ”
“ ဟာ .. တကယ်လား မမ ”
“ တကယ်ပေါ့ မောင်မောင် ” ( မျက်နှာ ၌သွေး မရှိချေ )
“ နို့ ဘယ့်နှယ် ခြောက် .. ”
“ နင်တို့ အပျိုကြီးတွေ ဟာ လောကတံတွာ ၊ ဓမ္မတာ ကို ဖျက်ဆီးတယ် ဆိုပြီး ဟောသည် လို သူ့ လက်ကြီးနဲ့ ” ( မမ သည် မောင်မောင် ၏ လည်ပင်း ကိုင်၏ )
“ အို ... ဒါနဲ့များ ကြောက်ရသေးသလား ” ( မမ ၏ လက် ကို ဖယ်ချ ပြီး လျှင် အခန်း ထဲ ဝင်၍ မှိတ်လျက် နေသော မှန်အိမ် ကို လင်းပြီး ကေသရာဇာ ကဲ့သို့ ရဲရင့်သော မျက်နှာ ထား ကို ပြလေ၏ )
အကြံ အောင်ရန် ဟန်ဆောင် သော မမ သည် အားကိုးသော မျက်နှာ နှင့် အပါး တိုးပြီး မသက်သာ သလို ကုလားထိုင် ပေါ် ၌ ထိုင် လေ၏ ။ မောင်မောင် သည် အကာလ ညအခါ အချိန်မဲ့ တစ်ခါဖူး မျှ အခန်း ထဲ အရောက် အရမ်း လည်း မလျှောက်ခဲ့ဖူးသော မမ ကို စိုက်ကာ ယေဘုယျအားဖြင့် အထဲ သဘော ၌ သရဲဘော နည်းသော မိန်းမ များ ဖြစ်သည့် အတိုင်း အမှန် ကြောက် လို့ ပဲ သူ့ ခမျာ ၊ သနားစရာကြီး ဟူ၍ တွေးမိ လေ၏ ။ မမ သည် ကား ငြိပွေစရာ ထောင် မိသော ကိလေသာ မှော င်မိ သဖြင့် စဉ်မသွေ ဆလံ သ ထိုက်သည့် မိန်းမ တို့ ပရိယာယ် အသင်္ချေ အနန္တတွေ ကို သုံးရန် တစ်လုံး မကျန် စဉ်းစား လေ၏ ။ သို့သော် မည်သည့် စကား နှင့် သိပ်နူးမည် ဟု စိတ်ကူး၍ လည်း မရ သဖြင့် မောင်မောင် ၏ အခန်း သည် ဆယ်မိနစ် ခန့် သောင်သဲညံစီခြင်း အဖြစ်မှ ရပ်တန့်လျက် ရှိလေ၏ ။ အခန်း နံရံပေါ် မှ ... အွတ် .. အွတ် ... အွတ် ... အွတ် အော် ဟူသော တောက်တဲ့ကြား ၏ အသံ သည် မမ ၏ အတွင်းစိတ် ကို ယွင်း ဖိတ် စေပြန်ရ ကား မောင်မောင် ၏ ကိုယ်ကာယ တည်း ဟူသော အေးကွက် ကို အဆွေး အတွက် ပြေး ဖက် မိ ပြန်လေ သတည်း ။
“ အို ... ခက်လိုက်တဲ့ မမ ရယ် ၊ ကြောက်စရာ မဟုတ်တဲ့ ဟာတွေ ၊ တောက်တဲ့ အော်တာပဲ .. ” ( မမ ၏ လက် ကို မိမိ ကိုယ် နှင့် အလွဲ တစ်ခါ ကွဲကွာ စေ၏ )
“ ဪ .... မသိနိုင်ဘူး မောင်မောင် ရယ် ၊ မမ လေ အသံ ကြား ရင် ကြောက်နေတော့တာပဲ ”
“ မမ ”
“ ဘာတုံး ”
“ အိပ်ငိုက်ပြီ ” ( မျက်လုံး ကို ပွတ်လေသည် )
“ အေး ... အိပ်ကြစို့ ... ”
( မက်လုံး နဲ့ မျက်လုံး ကို ပဲ ပွတ်သည် )
“ ကဲ ဒါဖြင့် သွားပေါ့ ”
“ ဘယ်ကိုလဲ ”
“ မမ အခန်း ထဲ ကို လေ ”
“ ဟင့်အင်း .. ဟင့်အင်း ... မမ ကြောက် ... ”
( ကလေး လို ညု သည် )
“ လာပါဗျာ ... မမ အခန်း မှာ ဘာမှ မရှိဘူး သွား ကြည့်မယ် ”
မောင်မောင် သည် ဝေးဝေး လှမ်း၏ ။ မမ သည် ဖြည်းဖြည်း လှမ်း၏ ။
“ ဟဲ့ ... ဟိုမှာ ဘာလဲ ... ” ( နောက် မှ နေ၍ မောင်မောင် ၏ လက် ကို ပြေး၍ ဆွဲ ပြန်ပြီ ) မောင်မောင် သည် နောက်သို့ လှည့်ပြီး မမ လက်ညှိုး ညွှန်ရာ သို့ ကြည့်၍ “ ခက် ၊ ခက်ပါဘိ မမရယ် ... သေသေချာချာ ကြည့်စမ်းပါဦး ၊ ဖျာလိပ်ကြီး ထောင်ပြီး စောင်ဖြူ တစ်ထည် တင် ထားကယ် မဟုတ်ဘူးလား ”
မမ သည် ရှက်ပြုံး ပြုံး ပြီးနောက် မောင်မောင် ၏ လက် ကို လွှတ်ပြီး လျှင် အနောက် မှ မိမိ အခန်း ထဲ ကို ဝင်လေ၏ ။ မောင်မောင် သည် အခန်း ၏ ဆယ်မျက်နှာ ကို မှန်အိမ် ဖြင့် မြှင့်ချည် တစ်ခါ ၊ နှိမ့်ချည် တစ်လှည့် ကြည့်လေ၏ ။
“ ကြည့်ပါလား ... အခန်း ကို က ” ( ကဲ့ရဲ့ သလို မေးငေါ့ ပြ၏ )
“ ဘာဖြစ်လို့ ”
“ ကြောက်စရာကြီး ” ( အာလုတ်သံ ဖြစ်သည် )
“ အောင် ... မယ် .. လေး ... ဗျာ ၊ ကဲ ... ကဲလွန်းတဲ့ မမ ပဲ ၊ ဒါဖြင့်သွား ကျွန်တော့် အခန်း မှာ အိပ် ၊ ကျွန်တော် ဒီမှာ အိပ်မယ် ”
“ အို .. ကြောက်တယ် ဆို မှ ”
“ နို့ ... ဘယ်မှာ အိပ်မလဲ ” ( နဖူးရေ တွန့်၏ )
“ အခန်း ထဲ မှာ ပေါ့ ”
“ ဘယ် အခန်း .. ”
“ မောင်မောင် အိပ်တဲ့ အခန်း ”
“ ဟာ ... မမ ကလည်း ဗျာ ... ကျွန်တော် အိပ်တဲ့ အခန်း ခုတင် တစ်လုံး ထဲ ရယ် ... ”
“ အေးလေ ... အဲဒီ ခုတင် ပေါ် မှာ ... ”
“ အို မဖြစ်နိုင်ပါဘူး ၊ နေပါလေ ကျွန်တော် အိပ်တော့မယ် ”
မောင်မောင် သည် စိတ်ညစ် လျက် အခန်း ထဲ ဝင်လာ လေ၏ ။ ဆွဲ လာ သော မှန်အိမ် ကို မှုတ်ပြီးလျှင် စောင်ခြုံ ၍ ခြင်ထောင် ကို ချလေ၏ ။ နေ့ခင်း အခါ က နေပူ ထဲ၌ လယ် တစ်ကွက် ကို တိုင်းခဲ့ရ သဖြင့် ပင်ပန်းသော ကြောင့် ခဏ ၌ ပင်လျှင် အသေကလေး သေလေ၏ ။ အတန်ငယ် ကြာလျှင် မမ သည် ကြောင် ၏ ခြေမျိုးဖြင့် မောင်မောင် ၏ အခန်း ထဲ သို့ ဝင်လာ ပြန် လေ၏ ။ အသာ အယာ ခုတင် ခြေရင်း လွတ်လပ်သော နေရာ တစ်ကွက် ၌ ဖင် တစ်ပိုင်း ထိုင် လေ၏ ။ ခေါင်းမြီးခြုံ လျက် အိပ်ပြီး မှောင်အတွင်း ၌ အနည်းငယ် ထင်ရှား သော မောင်မောင် ၏ ကိုယ်သဏ္ဌာန် ကို အမျိုးမျိုး တွေးလေ၏ ။ တွေးလေ တွေးလေ ဆွေးမပြေဘဲ ၎င်း ၏ စိတ်ထဲ ၌ ဂျပန် လုပ်သော ကော်ရုပ်ငယ်ငယ် ကလေး သာ ဖြစ် လျှင် ကိုက်စား ဝါးမျို လိုက် ချင်တော့ သဖြင့် မနည်း အံကြိတ် ပြီး ပြန်နှိပ် ထား ရလေ၏ ။ ရိုးတိုးရွတ ထိုး ၍ ထ ပြီးလျှင် အရှင် မရှိသော နွား လို လွတ်လပ် နေသော စိတ် ကြောင့် မောင်မောင် နိုးသည့် တိုင် အောင် ခြုံလွှမ်း ထားသော စောင် ကို ဆွဲယမ်း မိလေ၏ ။
“ ဘယ့်နှယ်လဲ မမ ရယ် လာပြန်ပြီလား ”
“ အေးကွယ် မမ တော့ ဒုက္ခပဲ မောင် ရေ ၊ အင်မတန် ကြောက်တယ် ၊ အိပ် လို့ လည်း မရဘူး ၊ လန့်လန့် ပြီး နိုး တာပဲ ၊ မမ စိတ် က စောစောက ခြောက်တဲ့ သရဲကြီး လာဦးမယ် ထင်ပါရဲ့ ၊ မင်း ဘယ်လိုပဲ ပြောပြော မမ တော့ ဒီမှာပဲ အိပ် တော့မယ် ... ” ဟု ပြောပြောဆိုဆို အိပ်ချ လေ၏ ။
“ တယ်လည်း ကျပ်ပါကလား မမ ရယ် ၊ ဖယ်စမ်းပါဦး ” ဟု လက် ကလေး နှင့် အနည်းငယ် တွန်း လိုက်ရာ တစ်ယောက်အိပ် ခုတင်ကလေး သည် မသနား ၊ မညှာတာ ရက်စက်ညှဉ်းဆဲနှိပ်စက်သောသဘောဖြင့် မမကို အောက် သို့ ပစ်ချ လိုက်လေ၏ ။
အောက်သို့ ကျသော အသံသည် လည်းကောင်း ၊ မောင်မောင် ထ ၍ ထိုင်ခြင်းသည် လည်းကောင်း တစ်ပြိုင်နက် ဖြစ်လေ၏ ။ ခုတင် ဘေး ၌ ကျလျက် အရုပ်ကြိုးပြတ် သလို ခွေ နေသော မမ ကို ထူ လေ၏ ။ သနားစရာ ကယ်ဆယ် စရာ ကောင်း သော မမ သည် တင် နာ သလိုလို ၊ ရင် ဟာသလိုလို ဖြစ် လေ၏ ။
“ မမ ဘာဖြစ်သွားသလဲ ”
“ တင် မှာ နည်းနည်း နာ သွားတယ် ... ” ( မာယာသံ ဖြစ်သည် ( ဝါ ) မယားငယ်သံ )
မောင်မောင် သည် စိုးရိမ်သော လက် ဖြင့် မမ ၏ တင် ကို ကိုင်ကာ ဟိုစမ်း ဒီစမ်း ၊ ဟိုကိုင် ဒီကိုင် ၊ ဟိုနှိပ် ဒီနှိပ် ဖြစ် နေ လေ၏ ။ ဇွဲသန် အမြဲကြံ သော မမ သည် ထ ပြန်လေ၏ ။ ၎င်းနောက် ခုတင် ပေါ်မှာ ထိုင် လေ၏ ။ မောင်မောင် သည် တစ်ဖက် မှ ခုတင် သို့ တက်၍ အိပ်ပြီး လျှင် တွေးချင်ရာ တွေး ငေးချင်ရာ ငေး လေ၏ ။ ကျဉ်းမြောင်းသော နေရာ ၌ မမ သည် ကိုယ် ကို လှဲလေ ၏ ။ မောင်မောင် သည် တစ်ဖက် သို့ လှည့် ၍ အိပ်ပြီး လျှင် မတတ်နိုင်တော့ သဖြင့် ပါးစပ် ကို ချုပ် ၍ ထားရလေ၏ ။ မိမိ ၏ ကျောပိုင်း သည် ကူဆေးအား ဖြင့် ပူနွေး လျက် ရှိလေ၏ ။ အနည်းငယ် လှုပ် မိ က ကျသွားဦးမည် ကို စိုးရိမ် သဖြင့် မတုန်မလှုပ် ကျောက်ရုပ် လို နေရလေ၏ ။ မမ သည် မောင်မောင် ဘက် သို့ လှည့် ထားလေ၏ ။ မိမိ ရင်ခွင် သည် တစ်စုံတစ်ခု သော အငွေ့ အား ဖြင့် ပူနွေးလျက် ရှိသည် ကို သဘောကျ လေ၏ ။ မအိပ်ချင်သော မျက်စိ များ သည် တဖြည်းဖြည်း ပြူးကျယ် ၍ လာလေ၏ ။ ကြီးကျယ်သော ကြံစည် ချက် သည် ယခုလို သာ နေလျှင် ယခုလို သာ ဖြစ်တော့မည် ဟု ထင်မြင် မိ၏ ။ မောင်မောင် အိပ်ပျော်သွားပြီလား ဟူ၍ လည်း ပူပန်မိသည့် အတိုင်း မိမိ ကိုယ် ကို အနည်းငယ် သတိထား ၍ လှုပ်ပေး လေ၏ ။ ၁၅၀ဝ မေတ္တာ သည် မကြာ လိုလို ခဏ လိုလို မမ ၏ တစ်ကိုယ်လုံး ကို မျို လေ၏ ။ ကြိုက်မရှက် ဟူသော စကား ကို လက်ကိုင်ထားသည်လည်း တစ်ကြောင်း ၊ ဆိတ်ကွယ်ရာ ဖြစ်သည်လည်း တစ်ကြောင်း ၊ ဤအကြောင်း များကြောင့် အပြစ် ကို မမြင်နိုင်တော့ဘဲ မိမိ ၏ လက်တစ်ဖက် သည် မောင်မောင် ၏ ကိုယ်ကာယ ကို လွှမ်းမိုး လိုက် လေတော့ သတည်း ။
တစ်ကောင်လုံး ကို ဖမ်းပြ ၍ အရိပ် ထင် သော မောင်မောင် မှာ ဤအချိန် ကျ မှ သာ လျှင် ဪ ... သည်လိုကိုး ဟု တွေးမိ လေ၏ ။ ကံဆိုးမိုးမှောင် တရား တွေ ဖုံးလွှမ်းတဲ့ မမ ပါ ကလား ဟု ပိုင်းဖြတ်မိလေ၏ ။ မိန်းမ တို့ မည်သည် ယောက်ျား ထက် ကာမဂုဏ် ရှစ်ဆ သာသည် ဟူသော စကား ကို ယုံကြည် လေ၏ ။ အဲဒါတွေ ကြောင့် အချို့ အချို့သော သူဌေးသမီးတွေ ဒရဝမ်ကု,လား နှင့်
ရကြတာပဲ ဟု ထင်မိပြန်၏ ။ အခါတစ်ပါး ၌ မိမိ အရပ် ထဲ တွင် ယောက်ျား ငအ တစ်ယောက် ကို မိန်းမကောင်း တစ်ယောက် က မုဒိန်းပြုကျင့်သော အကြောင်း ကို ကိုယ်သိ ဖြစ်၍ ယခုအခါ ပြုံးမိ လေ၏ ။
အတင့်ရဲသော မမ ၏ လက်တစ်ဖက် သည် အတွင်းစိတ် ၌ သဲ၍ သဲ၍ နာ သဖြင့် တဖြည်းဖြည်း ကဲ၍ ကဲ၍ လာပြန် သည် တွင် ...
ဪ .... ငါသည် ဤဒေသ ၊ ဤဌာန တည်း ဟူသော မမတို့ အိမ်ဂေဟာ သို့ ရောက်ရသည် မှာ မြေတိုင်းစာရေးကလေး ဘဝ ဖြင့် ရောက်ခြင်း ဖြစ်၏ ။ ဤ အိမ် ၌ ထမင်းငှား စားခြင်း ဖြင့် နေခဲ့သည်မှာ တစ်နှစ် လွန်မြောက် နှစ်နှစ် နီးပါး သို့ ရောက်ခဲ့ လေပြီ ။ မမ တို့ မိဘများ သည် သဘောရိုး ဖြင့် ဥပုသ် စောင့် ရန် ယမန် နေ့ တည်း က ကျောင်း သို့ ထွက်ခွာ သွားကြလေ၏ ။ ငါ့ ကို လည်း ယုံကြည်ကြ လေသည် ။ ငါ သည် မမ ၏ အလိုသို့ လိုက်စားပြီး မိုက်မှား မိ က ညောင်ပင် မှာ အိပ် ၊ ညောင်သီး ကို စား တဲ့ ငှက်ပင် မဟုတ်ပါလော ၊ ကြုံ ကြိုက်ခဲ လှတဲ့ လူ့ အဖြစ် ကို ရ လာသော ငါ သည် ငါ့ မယား ၊ ငါ့ ရည်းစား ရယ် လို့ အမြဲတမ်း ချစ်ခင် စွဲလမ်း ပါ သော်လည်း အနိစ္စတည်း ဟူသော တရားတော် အတိုင်း အော်ကာ ခေါ်ကာ တစာစာ နှင့် ၊ သေမင်း က ခြေဆင်း လာ လျှင် ကွေကွင်း မကွာ လိုက်ရတော့မည် မဟုတ်ပါလား ၊ သို့ဖြစ်၍ အသက် ရှင် စဉ် အတောအတွင်း မှားယွင်း ခင်တွယ် သံယောဇဉ် နယ် ချဲ့ လျှင် မူကား ၊ အတူတကွ ချစ်ခင် စုံမက် ပေါင်းဖက်စဉ် အခါ ရွှင်လန်းစရာကြီး ပင် ဖြစ် သော်လည်း သေကွဲ ၊ ရှင်ကွဲ ထို နှစ်ကွဲ ကွဲသည့် အခါတွင် ယခင်က ရွှင်လန်း ခဲ့ သလောက် သောက မီးတောက် အပူတွေ ရောက်ရတော့မည် မဟုတ်ပါလော ဟူ၍ တလော လော နဲ့ စောကြော ပြီးလျှင် မောင်မောင် သည် မိမိ စိတ် ကို မိမိ တင်းပြီး တင်း ပြန်လေတော့သတည်း ။
မမ သည် မောင်မောင် အိပ်ပျော်သွားပြီလား ဟူ၍ စုံစမ်း ရန် အနည်း ငယ် အိပ်မိလေ၏ ။ ( အဟမ်း ) ဟူသော ချောင်းဟန့်သံ ကြောင့် အင်း မအိပ် သေးပါကလား ဟူ၍ မိမိ စိတ်ကို ဆုံးဖြတ်ချက်ချလေ၏ ။
“ မောင်မောင် ”
“ မမ ”
“ မအိပ်သေးဘူးနော် ”
“ ဟုတ်တယ် ၊ မမ မအိပ်သေးဘူး ”
“ ဟင်း ... ” ( ရှည်လျားစွာ သက်ပြင်း ချလေသည် )
“ ဘာဖြစ်လဲ မမ ”
“ ဟင်း .. မောင်မောင် ”
“ ရှိပါတယ် ”
“ မင့် ကို လေ စကား တစ်ခွန်းလောက် .. ”
“ ပြောပါလား ”
“ မမလေ ... ” ( မမ သည် ပြော၍ မထွက်ချေ )
“ ဘာစကားလဲ .. မမ ပြောပါဦး ”
“ ဪ .... မောင်မောင် တယ်လည်း ခက်ပါ့ကလား ကွယ် ၊ မမ ဟာ မင့် အပေါ် မှာ ဘယ်လိုသဘောထား တဲ့ အတွက် ဘယ်လို ကြံစည်သလဲ ဆိုတာ မင်း သိဖို့ ကောင်းပါပြီ ” ( မမ သည် ကြေကွဲ ဝမ်းနည်း မချိ ၍ လာ လေ၏ )
မောင်မောင် သည် အမျိုးမျိုး စဉ်းစား ပြန် လေ၏ ။ သို့သော် တစ်ချက် တစ်ချက် အမှား ဖက် လေ၏ ။ အဖိုဓာတ် သည် အမဓာတ် ၏ သွေးဆောင်ရာ သို့ လိုက်ပါ စမြဲ ၊ ဘုရားလောင်း ဥဒေါင်းမင်း သည် ညွှတ်ကွင်း သို့ ဇွတ် အတင်း ဝင် ရ ပုံ ၁၅ဝဝ ခြံရံတဲ့ ပုထုဇဉ်လူသား ၊ ရဟန္တာ ဈာန်ပျံ မို့ ခံနိုင်ပါ့မလား ဟူသော စကား တို့ သည် မိမိ ကို လာ၍ ထောက်ခံကြ လေ၏ ။ နောက်ဆုံး တွင် မမ ၏ သနားစရာ စုံမက်စရာ နှစ်သက်စရာ ၊ မြတ်နိုးစရာ ၊ သဒ္ဓါစရာ ၊ ကြည်ဖြူစရာ ကောင်းသော မျက်နှာကလေး ကို တစ်ချက် တစ်ချက် ကွက်၍ ကွက်၍ တွေးမိသည့် အခါ၌ မူကား ။
“ မမ ”
“ ဘာတုန်း မောင် ”
“ မောင် ဘာမှ မသိဘူး ... ဘာကို ဆိုလိုတာလဲ ” ( လူအ လို နေ၏ )
“ အချစ် ဆိုတာလေ ”
“ ဟင့်အင်း ... မသိဘူး ”
“ ဟောဒီလို မောင်ရဲ့ ၊ ဟောဒီလို ” ဟု အားမရ ၊ တင်းမတိမ် ၊ မရောင့်ရဲ သော အမူအရာဖြင့် ပြောလေလျှင်
“ ဪ ... သည်လိုလား မမ ” ဟု မောင်မောင် ၏ နှုတ်ခွန်းတော် ဟပြီး သည် ၏ အဆုံးတွင် မမ နှင့် မောင်မောင် တို့သည် နှစ်ပြည်ထောင် တစ်ပြား တည်း ကဲ့သို့ စွဲမြဲသော ဂဟေဖြင့် ၁၅၀၀ မေတ္တာဓာတ် နှင့် ရစ်ကာ ပတ်ကြလေ တော့ သတည်း ။
ဤကဲ့သို့ မမ နှင့် မောင်မောင် တို့ ၏ ထူးခြားသော အခါသမယကြီး ကို ထူးခြားစွာ ထောက်ခံရန် အိမ်နောက်ဖေး မှ ညောင်ကန်ကြက်ဖကြီး သည် ဆောင်ယံ ထက် တွင် ၊ တောင်ပံ နှက် ပြီး ၊ ဆိုင်းချက် အလိုက် ၊ အောက် ... အီး ... အီး ... အွတ် ... ဟူ၍ တွန် လိုက် လေ သတည်း ။
◾အောင် ( ကျိုက္ခမီ )
📖 ဗန္ဓုလဂျာနယ် ဝတ္ထုများ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment