Monday, March 6, 2023

အပူနာ


 ❝ အပူနာ ❞


( ၁ )


“ ကိုဘမောင် ... ရှင့် မလည်း တစ်နေကုန် တစ်နေခန်း အိပ်ရာ ပေါ် က ကို မဆင်းတော့ဘူး ။ အတော် အပျင်း ထူ တဲ့ ယောက်ျား ၊ မိန်းမ ယူ ထားပြီး သား ကျွေးမှု ၊ မယား ကျွေးမှု လင့်ဝတ္တရား ပျက်ကွက်လှတဲ့ ယောက်ျား ။ ကျုပ် မှာ တော့ နိစ္စဓူဝ နေပူ မရှောင် မိုးရွာ မရှောင် ဈေးထွက် ရောင်း နေရတယ် ၊ ဈေးဗန်း ခေါင်းပေါ် တင်ရလွန်း လို့ ငယ်ထိပ် ဆံပင်မွှေးတောင် ပြောင် နေပြီ ။ တော် ကတော့ အမိန့်သား အိပ်ရာ ပေါ် က မထဘူး ၊ တစ်ခါ လာ နေ မကောင်း လို့ ၊ တစ်ခါ လာ နေ မကောင်းလို့ နဲ့ ခေါင်း မှာ အဖုကလေး ပေါက်တာ အကြောင်း ပြပြီး အလုပ် ကို ထွက် မလုပ်ချင်ဘူး ။ ဘာ မဟုတ်တဲ့ ချဲ တွက်ဖို့ တော့ အာရုံ စိုက် တတ်တယ် ။ ဒီမှာ ရှင့် ကျေးဇူးရှင်ကြီး ရဲ့ .. ကျုပ် မှာ လေ ဒီ တစ်မိသားစု ပါးစပ်ပေါက် တွေ ဖြည့်တင်း ဖို့ အပင်ပန်း အဆင်းရဲ ခံ ဈေး ထွက် ရောင်း နေရတာ နည်းနည်း မှ မငဲ့ညှာ မသနားတတ်တဲ့ လူ ၊ ရှင် နဲ့ ရ ပြီး မွေး ထားတဲ့ ကလေး နှစ်ယောက် ရဲ့ ပညာရေး အတွက် ကျုပ်  မှာ ပူ လိုက်ရတာ ဖတ်ဖတ်  ကို မော ... လို့ ။ လေးတန်း တက် နေတဲ့ သမီး အကြီးမ က ပူဆာ ပြန် ပြီ ။ ကျောင်းစိမ်းလုံချည် ဝယ်ပေးပါဦး တဲ့ ။ နှစ်တန်း ကျောင်းသား အငယ်ကောင် က ကျောင်းလွယ်အိတ် တဲ့ ။ သူ ဝတ် တဲ့ ဘောင်းဘီတို အစိမ်း က လည်း ခွပြဲ လို့ ချုပ်ပေးပါဦး တဲ့ ။ ကျုပ် မှာ သူတို့ လိုအပ်တာတွေ လုပ်ပေးရ ဦးမယ့် အပြင် ကျောင်း ဝင်ကြေး ၊ စာအုပ်ဖိုး ၊ အိုး ... အများကြီး မှ အများကြီး ။ လုပ် ပေးစရာတွေ တစ်ပုံ တစ်ပင် ။ တော် ကတော့ တုတ်တုတ်မျှ မလှုပ် ၊ တော် ဘာ တစ်ခု ကူညီနိုင်သလဲ ၊ တော် ဖြစ်နေတဲ့ ခေါင်း က အကျိတ်ဖု ကို မြန်မြန် ပျောက်အောင် ရပ်ကွက် ထဲ က ဒေသန္တရ ဆေးခန်း သွား ပြပါ ဆိုလည်း အင်း မလုပ် ၊ အဲ မလုပ် ၊ ဒီမှာ ရှင့် အတွက် ဝယ် လာတဲ့ ကျားဘမ်းပရုပ်ဆီ ။ ထ များ လည်း ယူပါဦး တော် ။ နေပူ ထဲ က ပြန်လာ လို့ ပူရ မောရ တဲ့ အထဲ ဟဲ့ ... ဟို နှစ်ကောင် ကျောင်း က ပြန်လာကြပလား ၊ သမီးကြီး ရေ ... အမေ့ ကို သောက်ရေ တစ်ခွက် ခပ် ပေးစမ်း ။ အမလေး ... ရင် က လည်း ပူ .. နေ က လည်း ပူသနဲ့ ။ ဟဲ့ ... ဖြည်းဖြည်း လျှောက်စမ်း ၊ ခနော်နီ ခနော်နဲ့ ငါ့ ဝါးအိမ် ဒီ မိုးတွင်း ပြန်မှ ဆောက်နိုင်ပါ့ဦးမလား  ၊ ပူရချက် က ကမ်း မကုန်နိုင်ဘူး ၊ အမလေး နော် .. မြခက် တစ်ယောက် တည်း ကို များ ဒီ အပူတွေ စု နေရော့ သလား ။ သွားလေသူ အမေရေ အပူတွေ ဖုံးနေတဲ့ မြခက် ဘဝ ကို ပြန် လှည့် ပြီး တစေ့တစောင်း ကြည့်ပါဦး ... အမေ ရေ့ .. ”


( ၂ )


ဒီ မိန်းမ ... မြခက် ကွာ ၊ နား ကို ပူ ရော ။ ဗျစ်တောက် ဗျစ်တောက် နဲ့ တစ်လောက လုံး ပူ နေတာ ကို သူ တစ်ယောက် တည်း ရွေး ပူ နေတာ ကျနေတာ ပဲ ။ တို့တစ်တွေ အားလုံး စားဖို့ ပူရ ၊ ဝတ်ဖို့ ပူရ ၊ နေဖို့ ပူရ ကျန်းမာရေး အတွက် ပူရ ၊ ဒုစရိုက်မှုတွေ တင်းကြမ်း ထပ် နေတဲ့ မလုံခြုံမှု ကို ပူ ရ ... ပူ ရ ... အဲ ... အဲ ... ငါ့ ကျန်းမာရေး လည်း ပူရပါသကော ကွာ ။ ဒေသန္တရ ဆရာဝန် က ပြော တယ် ။ ခင်ဗျား ခေါင်း က ပေါက်နေတဲ့ အကျိတ်ဖု ဟာ ကင်ဆာဖု မဟုတ်ပါ ဘူး တဲ့ ။ ကြောက်စရာ မလိုပါဘူး တဲ့ ။ ခွဲစိတ် ကုသ လိုက်ရင် ချက်ချင်း ပျောက် သွားမှာပါ တဲ့ ။ ဒီ ရာသီ ဒီ ကာလ မှာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ “ အပူနာ ” မျှသာ ဖြစ်ပါ သတဲ့ ။ ဟေ့ ... မြခက် ... မင်း တစ်ယောက် တည်း ပူ နေတာ မဟုတ်ဘူး ။ ငါ့ မှာ လည်း အပူနာ နဲ့ ပါ ကွ ။


◾စော်ဘွားလေး မြင့်ဆွေ


📖 မဟေသီမဂ္ဂဇင်း 

      ဩဂုတ် ၊ ၁၉၈၈ ခု


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment